Indierium
Music is the weapon of the future.
17/05/2026
ဆယ်လီတွေနဲ့ကပ်ပြီး ဓါတ်ပုံလိုက်ရိုက်လေ့ရှိတဲ့ တက်သစ်စ Heavy Metal အဆိုတော်လေးတစ်ယောက်
01/05/2026
"ငါ့ကိုမွေးတုန်းက ဒီဘယ်ဘက်မျက်လုံးက လုံးဝပိတ်နေခဲ့တာ။ အဲ့ဒါကြောင့် ခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ရတယ်။ အခုတော့ နည်းနည်းပွင့်လာတယ်။ ဒါပေမယ့် ဒီလိုမျိုးမျက်လုံးကိုဖွင့်ရင် ဖွင့်လို့မရဘူး။ ဒီဘက်မျက်လုံးလိုမျိုး ကောင်းကောင်းအလုပ်မလုပ်ဘူး။ မင်းအရွယ်တုန်းကလည်း ကောင်မလေးတွေက ဒီမျက်လုံးကိုမကြိုက်လောက်ဘူးလို့ ထင်ခဲ့တာပဲ။ နောက်တော့ အရက်ဆိုင်တစ်ဆိုင်မှာ ငါအလုပ်ဝင်လုပ်ခဲ့တယ်။ အဲ့မှာ ပျော်တတ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။ သူက ဆိုင်ကို အမြဲလာတယ်။ သူက ‘ဒီမျက်လုံးက မင်းရဲ့အကောင်းဆုံးအရာပဲ’ ဆိုပြီး ငါ့ကို ပထမဆုံးပြောခဲ့တဲ့သူပဲ။ ဘယ်သူမှ မပြည့်စုံဘူး။ ဘယ်သူ့မှာမှ အချိုးအစားကျတဲ့မျက်နှာမရှိဘူး။ ဘယ်သူ့ခန္ဓာကိုယ်ကမှ ခြောက်ပစ်ကင်းသဲလဲစင်မနေဘူး။ စိတ်မပူပါနဲ့"
~ Thom Yorke ~
30/04/2026
Happy Birthday Mac DeMarco!
ဒီနေ့ကတော့ လက်ရှိ indie လောကရဲ့မင်းသားတပါးအဖြစ် လူသိများလှတဲ့ ကနေဒါဖွားအင်ဒီးရောခ့်ဂီတသမား Mac DeMarco ရဲ့ (၃၆)နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ Makeout Videotape ဆိုတဲ့အမည်ဝှက်နဲ့ bandcamp မှာ သီချင်းတွေစလုပ်ခဲ့တဲ့ Mac DeMarco ဟာ ၂၀၁၂ခုနှစ်မှာ indie label တစ်ခုဖြစ်တဲ့ Captured Tracks နဲ့စာချုပ်ချုပ်ပြီးနောက် သူ့ရဲ့ပထမဆုံး mini album ဖြစ်တဲ့ Rock and Roll Night Club ကိုထုတ်ဝေခဲ့ပြီးတော့ ဝေဖန်ရေးအများစုရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ အဲ့ဒီနောက် 2 နဲ့ Salad Days အယ်လ်ဘမ်တွေကိုထပ်မံထုတ်ခဲ့ပြီး Another Day အယ်လ်ဘမ်ထွက်ရှိချိန်မှာတော့ ငွေကြေးအရရော ဝေဖန်ရေးအရပါ အောင်မြင်လာခဲ့ပါတယ်။
Mac DeMarco ရဲ့သီချင်းတွေမှာ ၇၀ခုနှစ်ရဲ့ soft rock, psychedelic pop အငွေ့အသက်တွေကိုခံစားရလေ့ရှိပြီး အဓိကအားဖြင့် သူဟာ ပြီးပြည့်စုံဖို့ထက် စစ်မှန်မှုကိုအသားပေးတဲ့ lo-fi production နဲ့ချည်းကပ်ဖန်တီးလေ့ရှိတာကိုတွေ့ရမှာပါ။ ဒါကြောင့် သူ့ရဲ့သီချင်းတွေမှာ ခေတ်ဟောင်းအငွေ့အသက်တွေကိုခံစားရပေမယ့် တစ်ချိန်တည်းမှာပဲ ပြန်လည်ဆန်းသစ်လာတဲ့အသံတွေကိုလည်း ကြားရမှာပါ။ Steely Dan, John Lennon, Jonathan Richman, Haruomi Hosono တို့လို ဂန္ထဝင်ဂီတသမားကြီးတွေရဲ့လွမ်းမိုးမှုကိုလည်း သူ့သီချင်းတွေမှာ ခံစားရမှာပါ။ စိတ်ထဲရှိသလိုအေးအေးဆေးဆေးပေါ့ပေါ့ပါးပါးနေတတ်တဲ့ဟန်ပန်ကလည်း သူ့ကိုလူချစ်လူခင်များရတဲ့အကြောင်းရင်းတွေထဲက တခုပါပဲ။
Mac DeMarco ဟာ ဒီနေ့အသက်(၃၆)နှစ်ပြည့်ပြီးချိန်ထိတစ်ကိုယ်တော်အယ်လ်ဘမ် (၆)ချပ်နဲ့ mini LP (၂) ချပ်ထိထွက်ရှိထားပြီးပါပြီ။ မွေးနေ့အမှတ်တရအနေနဲ့ ခင်ဗျားတို့အကြိုက်ဆုံး Mac DeMarco သီချင်းတွေရှိရင်လည်း ပြောပေးသွားကြပါဦး။
28/04/2026
Beef စီးရီးရဲ့အသက်ဟာ credit scene မတိုင်ခင်လာတဲ့ သီချင်းတွေပါပဲ။ ဒီသီချင်းတွေကပဲ စီးရီးရဲ့အရှိန်ကိုတင်ပေးပြီး တပိုင်းပြီးတပိုင်းဆက်တိုက်ကြည့်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်ထားတာပါ။ Season 1 မှာတုန်းက ၁၉၉၀/၂၀၀၀ ခုနှစ်ဝန်းကျင်က alternative rock သီချင်းကောင်းတွေနဲ့ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ Beef ဟာ Season 2 မှာတော့ မတူညီတဲ့အရသာသစ်တခုနဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်က electronic အသားပေး indie သီချင်းကောင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်သုံးသွားပါတယ်။
Episode တစ်ခုချင်းစီရဲ့အဆုံးသတ်သီချင်းတွေက Season 1 တုန်းကလိုပဲ ပရိသတ်ကိုဆွဲဆောင်ထားနိုင်တုန်းပါပဲ။ အထူးသဖြင့် ၂၀၁၀ ဝန်းကျင်က dance သီချင်းတွေကို သေချာရွေးသုံးသွားတာက ကြည့်ရှုသူပရိသတ်ကို ဒီဇာတ်လမ်းတွဲရဲ့အငွေ့အသက်တခုကို ကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်အတွက်တော့ Yeah Yeah Yeahs ရဲ့ Heads Will Roll, Low Roar ရဲ့ Nobody Loves Me Like You, Father John Misty ရဲ့ Real Love Baby နဲ့ Phoenix ရဲ့ Love Like A Sunset သီချင်းတွေကတော့ ဒီစီးရီးရဲ့ခံစားချက်ကို ပိုပြီးအသက်ဝင်သွားစေတယ်လို့ ခံစားရတယ်။ နောက်ဆုံးခန်းမှာ Phoenix ရဲ့ Love Like A Sunset သီချင်းကို Part I ရော Part II ပါတဆက်ထဲသုံးသွားတာက ဇာတ်သိမ်းကို ဒီသီချင်းအတွက် သီးသန့်ဖန်တီးပေးထားသလိုတောင် ထင်ရတယ်။ အကောင်းဆုံးဇာတ်သိမ်းမဟုတ်ရင်တောင် သီချင်းက အကောင်းဆုံးဇာတ်သိမ်းတစ်ခုလို့ခံစားရအောင် ပံ့ပိုးပေးသွားခဲ့တယ်။
အောက်မှာတော့ Beef Season 2 မှာပါခဲ့တဲ့ indie သီချင်းတွေကို မကြည့်ခင်နားထောင်လို့ရအောင် ဖော်ပြပေးထားပါတယ်။
- Beef season 2 soundtrack
1. Heads Will Roll – Yeah Yeah Yeahs
2. Midnight City – M83
3. Boy From School – Hot Chip
4. New Person, Same Old Mistakes (cover) -Tame Impala
5. Ready for the Floor – Hot Chip
6. Over and Over – Hot Chip
7. Real Love Baby – Father John Misty
8. It Takes Time to Be a Man – The Rapture
9. Nobody Loves Me Like You - Low Roar
10. Love Like A Sunset, Pt. II - Phoenix
မန့်မှာ ဒီသီချင်းတွေကို Playlist လုပ်ပေးထားပါတယ်။
20/04/2026
တကယ်လို့
သီချင်းတစ်ပုဒ်က အသစ်လည်းမဟုတ်ဘူး
နားထောင်လိုက်တိုင်းလည်း
ဘယ်တော့မှရိုးမသွားဘူးဆိုရင်
အဲ့ဒါဖောခ့်ဂီတပဲ
■ Inside Llewyn Davis
18/04/2026
Folk ဂီတရုပ်ရှင်အညွှန်း
နောက်ပိုင်းပြည်တွင်းဝိုင်းများအခြေအနေ
15/04/2026
Coachella ပွဲမှာ Jack White ကိုလာအားပေးတဲ့ Bob Dylan
Photo from Jack White's fb
13/04/2026
အသက်(၇၈)နှစ်ဆိုပေမယ့် Coachella ပွဲမှာ အင်္ကျီချွတ်ပြီး ခင်ဗျားတို့ရဲ့ခွေးကြီးဖြစ်ချင်နေဆဲ Iggy Pop
Iggy Pop at Coachella - 2003 (55) vs 2026 (78)
မနေ့က Coachella ပွဲမှာ Justin Bieber ရဲ့ Baby သီချင်းကို ကာဗာပြန်ဆိုသွားတဲ့ Indie rock ဝိုင်း Geese
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Nanai Road
Yangon
83150