Lab:Equilibrium

Lab:Equilibrium

Share

Innovation with Trustworthy

14/05/2026

“ဒီနေ့တော့ မိုးတွေအုံ့နေတာပဲ၊ Sunscreen မလိမ်းလည်း
ရမှာပါ" ဆိုပြီး ပေါ့ပေါ့ဆဆ နေလိုက်မိပြီလား?
ဒါဆိုရင်တော့ သတိထားဖို့ လိုပြီနော်။ 🧐

တကယ်တော့ မိုးအုံ့နေတဲ့အချိန်မှာတောင်
ခရမ်းလွန်ရောင်ခြည် (UV Rays) တွေက တိမ်တွေကို
ဖောက်ထွက်ပြီး အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
နေရောင်ခြည် မမြင်ရပေမဲ့ UV ကတော့ အလုပ်လုပ်နေဆဲမို့
အသားအရေ မည်းညစ်တာ၊ တင်းတိတ်ဖြစ်တာနဲ့
အရွယ်တင်မတိုင်ခင် အရေးအကြောင်းတွေ
ဖြစ်လာနိုင်ပါတယ်။ 🛡️✨

ဒါကြောင့် အပြင်မထွက်ခင် Sunscreen လိမ်းဖို့ မမေ့ပါနဲ့နော်။

ကိုယ့်ရဲ့ အသားအရေလေးကို နေ့တိုင်း ဂရုစိုက်ပေးမှ
စိုပြည်ဝင်းပနေမှာပေါ့။ မိုးအုံ့နေလည်း Sunscreen ကတော့
မဖြစ်မနေ လိမ်းရမယ်နော်! 😍🧴

အိမ်မှာပဲ နေနေ၊ အပြင်ပဲ ထွက်ထွက် နေကာခရင်မ်
လိမ်းဖို့မမေ့နဲ့နော်။ ချစ်ခင်စွာဖြင့်...

#မိုးအုံ့ရင်တောင်Sunscreenလိမ်းပါ

13/05/2026

Customer လေးဆီက ပြန်ကြားရတဲ့ Honest Feedback လေးကြောင့် တကယ်ကို ပီတိဖြစ်ရပါတယ်ရှင့်။ 💙

Resurfacing Body Serum လေးကို
သုံးပြီး ခန္ဓာကိုယ်က အမဲကွက်တွေ တော်တော်လေး
လျော့လာတယ်ဆိုလို့ အရမ်းဝမ်းသာရပါတယ်။

ပစ္စည်းလေးက တကယ်ကောင်းပြီး အဆင်ပြေလွန်းလို့
လက်ထဲမှာ တစ်ဘူးရှိနေသေးတာတောင် နောက်တစ်ဘူး
ကြိုဆောင်ထားပြီး ကုန်ရင် ထပ်မှာဦးမယ်ဆိုတဲ့
အားပေးမှုလေးအတွက်လည်း
ကျေးဇူးအများကြီးတင်ပါတယ်နော်။ 🙏

ခန္ဓာကိုယ်က အမဲကွက်တွေ၊ အသားအရေမညီညာတာတွေအတွက် စိတ်ညစ်နေတဲ့သူတွေ ရှိရင်လည်း
ဒီ Resurfacing Body-Serum လေးကို ယုံယုံကြည်ကြည်နဲ့
စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။

ဒီမှာဝယ်လို့ရပါတယ်။ ⬇️
m.me/LabEquilibrium12

12/05/2026

အမလို ရေသောက်ရမှာ မေ့တတ်တဲ့ အလှလေးတို့အတွက်
အကြံပေးချင်တာလေးရှိတယ်နော် ✨

အလုပ်တွေရှုပ်ပြီး ရေမသောက်ဖြစ်ဘူးဆိုရင်
Detox Water ရေဘူးလှလှလေးတစ်ဘူးလုပ်ပြီး
ကိုယ့်စားပွဲနားမှာ ချထားလိုက်ပါ။ ရေဘူးထဲမှာ
အရောင်အသွေးစုံတဲ့ အသီးအနှံလေးတွေ မြင်နေရတော့
ရေသောက်ချင်စိတ် ပိုပေါက်လာစေတယ်လေ။ 🍎🍋

လုပ်ရတာလည်း အရမ်းလွယ်တယ်နော့် -
✅ ဂျင်းပါးပါးလေး (အနည်းငယ်)
✅ ပူစီနံရွက်လေး (လက်တစ်ဆုပ်စာ)
✅ ကိုယ်ကြိုက်တဲ့ အသီးအနှံလေးတွေ (လိမ္မော်သီး၊ ပန်းသီး၊
ပန်းသစ်တော်သီးတို့လိုမျိုး၊ ပန်းသစ်တော်ထည့်ရင်
အရမ်းသောက်လို့ကောင်း)
✅ ချီယာစေ့ (Chia Seeds) လေးပါ ထည့်လိုက်ရင်တော့ ဝမ်းမှန်စေပြီး အသားအရေအတွက်ပါ ပိုကောင်းစေတယ်နော်။

ဒီလို Detox Water လေးကို ရေဘူးထဲထည့်၊
ရေဖြည့်ပြီး တစ်နေကုန် သောက်ပေးသွားရင်
ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ
အရမ်းကို ကောင်းကျိုးများပါတယ်။ 💧🌿

ကဲ... ဒီနေ့ပဲ ကိုယ်ပိုင် Detox Water လေး
လုပ်သောက်ကြည့်ကြရအောင်နော်။ 🍍

#ရေသောက်နည်းရင်DetoxWaterသောက်

11/05/2026

မှန်အောင်ဖြေပြီး Happy-Moneyမုန့်ဖိုးယူ❗️

Vitamin C အမျိုးအစားတွေထဲမှာ အစွမ်းအထက်ဆုံးဖြစ်ပေမယ့် လေ၊ အလင်းရောင် နဲ့ အပူဒဏ်ကြောင့် အလွယ်တကူ အရောင်ပြောင်း/ပျက်စီးလွယ်တဲ့ (Unstable ဖြစ်တဲ့)
အမျိုးအစားက ဘာလဲ။

• A) L-ascorbic acid
• B) Sodium ascorbyl phosphate
• C) Magnesium ascorbyl phosphate
• D) Ascorbyl glucoside

11/05/2026

ဒီရာသီဥတုကြီးမှာ Lotion ပူပူစပ်စပ်ကြီးတွေ
လိမ်းရတာ စိတ်ညစ်နေပြီလား? 🥵💦

အဲ့ဒါဆိုရင်တော့ "ကျဲကျဲအေးအေး" လေးနဲ့ အရေပြားထဲ
စိမ့်ဝင်တာ မြန်လွန်းတဲ့ Resurfacing Body-Serum လေးကို
စမ်းသုံးကြည့်ပါရှင့်။ ✨

သူ့ရဲ့ Texture က ရေလိုပဲကျဲပြီး လိမ်းလိုက်တာနဲ့
Skin ထဲကို တန်းဝင်သွားတာမို့ စေးကပ်ကပ်ကြီး ဖြစ်မှာကို
လုံးဝ ပူစရာမလိုဘူးနော်။ 🧊

ဘာတွေကောင်းလဲဆိုတော့ -
✅ 3% Glycolic Acid နဲ့ Lactic Acid ပါဝင်တာကြောင့်
အမဲစက်တွေ၊ အမာရွတ်တွေနဲ့ အရေပြား ဂျွတ်တက်တာတွေ
ကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။

✅ ညီမတို့ စိတ်ညစ်ရတဲ့ ဒူးမဲ၊ တံတောင်ဆစ်မဲ၊
ခြေဖမိုးမဲတာတွေအတွက်လည်း အရမ်းကို အားကိုးရပါတယ်။

✅ အထိုင်များလို့ တင်ပါး ဂျွတ်တက်တာတွေအတွက်ဆိုလည်း
ဒီ Serumလေးက ထိမိဂွိပဲပေါ့။ 😍

⚠️ Note လေးတစ်ခုတော့ရှိတယ်နော် -
သူက Acid ပါဝင်တာကြောင့် ညဘက်မှာပဲ
သီးသန့်လိမ်းပေးဖို့ အကြံပေးချင်ပါတယ်ရှင်။

စျေးနှုန်းလေးကတော့ တစ်ဘူးကို 21,000 Ks ပါရှင်။ 💸

ဒီမှာဝယ်လို့ရပါတယ်။ ⬇️
m.me/LabEquilibrium12

အေးအေးလေးနဲ့ အသားအရေ ကြည်လင်ချင်တဲ့ ညီမလေးတို့
အတွက် လက်မလွှတ်သင့်တဲ့ Item လေးမို့ အခုပဲ Chat Box မှာ
လာရောက်မေးမြန်း အော်ဒါတင်လိုက်ရအောင်နော်။ 💌


#ကျဲကျဲအေးအေး

09/05/2026

ဒီရက်ပိုင်း ရာသီဥတုက မထင်ရင်မထင်သလိုပြောင်းလဲနေတာ
ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုလာပြီနော်... 🌤️🌧️

နွေအကုန် မိုးအကူးကာလဆိုတော့ ရာသီတုတ်ကွေး
(Seasonal Flu) တွေ အလွယ်တကူ ဖြစ်တတ်တဲ့အချိန်ပါ။
အလုပ်ရှုပ်တဲ့ကြားထဲ ကျန်းမာရေးချို့တဲ့ရင် ကိုယ့်အတွက်ရော၊ မိသားစုအတွက်ပါ စိတ်ပူစရာတွေဖြစ်လာနိုင်တာမို့
ကြိုတင်ကာကွယ်ထားကြရအောင်ရှင်။

အိမ်ရှင်မတွေ၊ အမျိုးသမီးတွေအတွက်
ဒီအချက်လေးတွေကိုတော့ အထူးသတိပြုပေးစေချင်ပါတယ်ရှင် -

✅ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဂရုစိုက်ပါ
အခုလို မိုးဦးကျကာလမှာ ယင်နားစာတွေ၊ သန့်ရှင်းမှုမရှိတဲ့
အစားအစာတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်စာတွေလျှော့စားပြီး အိမ်မှာချက်ပြုတ်တဲ့
သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကိုသာ
ဦးစားပေးစားသုံးပေးပါ။

✅ ကိုယ်ခံအားမြှင့်တင်ပါ - ဗီတာမင်စီ (Vitamin C) ပါဝင်တဲ့
အသီးအနှံတွေ (လိမ္မော်သီး၊ ရှောက်သီး၊ သင်္ဘောသီး) ကို
ပုံမှန်စားသုံးပေးပါ။ လိုအပ်ရင် Vitamin C ဖြည့်စွက်စာလေးတွေ
သောက်ပေးတာက ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့
ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

✅ သန့်ရှင်းရေးကို အလေးပေးပါ - အပြင်သွားပြီးတိုင်း
လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ မမေ့ပါနဲ့နော်။

ကိုယ့်ကျန်းမာရေးက ကိုယ့်အတွက် အဖိုးတန်ဆုံးပါပဲ။
ဒီ post လေးကို သိမ်းထားပြီး ကိုယ့်ရဲ့ ချစ်ရတဲ့သူတွေကိုလည်း
ပြန်လည်မျှဝေပေးလိုက်ဦးနော်။ ✨

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🌸

#ရာသီဥတုအပြောင်းအလဲ #ကျန်းမာရေးဗဟုသုတ #ကာကွယ်ကြပါစို့ #အမျိုးသမီးတို့အတွက်

08/05/2026

ဒီရက်ပိုင်း ရန်ကုန်မှာ မိုးလေးတစ်ဖွဲနှစ်ဖွဲ
ရွာလိုက်ပေမယ့် အပူရှိန်ကတော့ လျော့မသွားတဲ့အပြင်
ပိုတောင် ပူအိုက်နေသလိုပဲနော်။ 🥵☀️

ရာသီဥတုက ဒီလိုမျိုး မတည်ငြိမ်တဲ့အချိန်မှာ
အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေ
မဖြစ်ရအောင် အထူးဂရုစိုက်ကြရအောင်ရှင်။

အထူးသဖြင့် မိခင်တွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို
နေပူပြင်းတဲ့ နေ့လယ်နေ့ခင်းအချိန်တွေမှာ အပြင်မထွက်ခိုင်းတာ
အကောင်းဆုံးပါပဲ။ အပြင်ထွက်ဖို့ လိုအပ်လာရင်လည်း
ထီး၊ ဦးထုပ်နဲ့ နေကာမျက်မှန်လေးတွေ မမေ့မလျော့
ဆောင်သွားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ☂️👒

ပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးဆုံးကတော့
ကိုယ်ခံအားကောင်းဖို့ပါပဲ။ အိမ်မှာရှိတဲ့ ကလေးတွေရော၊
ကိုယ်တိုင်ရော Vitamin-C နဲ့ Zinc ပါဝင်တဲ့
ဖြည့်စွက်စာလေးတွေ၊ အာဟာရပြည့်ဝတဲ့
အသီးအနှံလေးတွေ ပုံမှန်စားသုံးပေးဖို့ မမေ့ပါနဲ့ဦးနော်။ 🍎

ရေများများသောက်ဖို့လည်း အမြဲသတိပေးပါရစေရှင်။
ကိုယ်တိုင်လည်း ဂရုစိုက်၊ မိသားစုကိုလည်း ဂရုစိုက်ရင်း
ဒီလိုပူပြင်းတဲ့နေ့ရက်တွေကို ကျန်းမာစွာနဲ့ ဖြတ်သန်းကြပါစို့။

27/04/2026

Ka Nyar Pyo ကညာပျိုမှာလည်းရပါပြီရှင့်။ ☎️

Resurfacing Body-Serumက Scrubလိုမျိုး Exfoliating-effect အပြည့်ပါသည့် Body Serum ပါ

▶️ အ​ရေပြားအ​ပေါ်ယံလွှာကို Exfoliateလုပ်​ပေးနိုင်ဖို
ကြံပင်က​​နေရတဲ့ [3% Glycolic-Acid]
နွားနိုက​နေရတဲ့ [Latic-Acid]တို ပါဝင်ပြီး

▶️ အ​​ရေပြားအလွှာ​တွေကို ပြန်ပြီး Repairလုပ်​ပေးဖို
Vitamin B5လို​ခေါ်တဲ့ [Panthenol]
​ဆေးမြင်းခွာရွက် [Centella Asiatica]တိုကလည်း
ပါဝင်အားဖြည့်​ပေးထားပါ​သေးတယ်။

Mildဖြစ်တဲ့ Formula​ကြောင့် ​ညတိုင်းသုံး​ပေးလိုရပြီး
Sensative Skin​​တွေကအစ အသုံးပြုနိုင်ပါတယ်။

တကယ်ကို Advanceဖြစ်တဲ့ Productမလို
မြန်မြန်ဆန်ဆန် အာနိသင်ပြတာကို လိုချင်ရင်
ဒီResurfacing Body-Serumကို ​
သေချာ​ပေါက် သုံးကြည့်ကြည့်နော်။ ☁️

📝 မှာယူရန်
m.me/Ka.Nyar.Pyo.KNP Chat Box
တွင်မှာယူ ရရှိပါပြီ...

အိမ်ကို Pick Up လာယူလို့ရပါတယ်
ကညာကို ၁ရက်ကြိုတင်မှာပေးပြီး ဖုန်းကြိုဆက်ပြီးမှ လာယူပေးပါလို့မေတ္တာရပ်ခံ ချင်ပါတယ်ရှင့်

Mini Store Counter လိပ်စာ - ရွှေတိုက်အပေါင်ဆိုင်
56 မှတ်တိုင် အနီး
လှော်ကားလမ်းမ. တောင်ဒဂုံ

📞 09 750 750 866
ကျေးဇူးတင်ပါတယ်🤗

25/04/2026

Nature Leavesမှာ ဝယ်လို့ရပါပြီ။ ❗️

ခန္ဓာကိုယ်အသားအရေကို ဂရုစိုက်တတ်သူများအတွက် (Soft & Aesthetic)

မျက်နှာကိုပဲ ဂရုစိုက်နေပြီး Body အသားအရေကို မေ့နေပြီလား? ✨

Body Lotion လိမ်းရုံနဲ့ မလုံလောက်တော့တဲ့အခါ Lab:Equilibrium ရဲ့ Resurfacing Body-Serum က သင့်အသားအရေအတွက် အဖြေတစ်ခု ဖြစ်လာမှာပါ။

ဒီ Serum ထဲမှာ ပါဝင်တဲ့:
3% Glycolic Acid & Lactic Acid (AHA): အသားအရေပေါ်က ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးလို့ အသားကြည်လင်ပြီး ချောမွေ့စေတယ်။
Centella-Asiatica (Cica): အသားအရေ နီမြန်းတာနဲ့ ယောင်ယမ်းတာတွေကို သက်သာစေပြီး အသားကို အေးမြစေတယ်။

Panthenol (Vitamin B5): အစိုဓာတ်ကို ကြာရှည်ထိန်းထားပေးလို့ အသားခြောက်တာတွေကို ကာကွယ်ပေးတယ်။
ဘာတွေထူးခြားသွားမလဲ?

✅ တင်ပါး၊ ဒူး၊ တံတောင်ဆစ် ညိုတာတွေ သက်သာမယ်။

✅ ခန္ဓာကိုယ်မှာရှိတဲ့ အဖုအပိမ့်လေးတွေနဲ့ အမည်းစက်တွေကို ပျောက်ကင်းစေမယ်။

✅ နေလောင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးမယ်။
အသားအရေကို အတွင်းပိုင်းထိ Glow ချင်ရင်တော့ ဒီ Body Serum လေးက မရှိမဖြစ်ပဲနော်။ ❤️
ဝယ်ယူနိုင်သည့်လိပ်စာလေးကတော့👇👇👇👇
Nature Leaves 🌿🌿🌿
Local Products Shop
၃၈(A)လမ်း၊ ၇၂လမ်းနှင့် ၇၃ကြား၊ မင်းဝန်းရပ်၊ မန္တလေးတက္ကသိုလ်အနီး၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
09446376388/ 09781220074/ 09790907053
🌿🌿🌿

12/04/2026

ဒီနှစ် သင်္ကြန်မှာ လန်းလန်းဆန်းဆန်းနဲ့
အလှမပျက်ဘဲ ပျော်ပါးဖို့ အဆင်သင့်ဖြစ်ပြီလားရှင့်? 💦

နွေရာသီ အပူရှိန်ကလည်း ပြင်း၊ သင်္ကြန်ပွဲတော်မှာလည်း
ရေတွေပက်၊ နေပူထဲ အချိန်အကြာကြီး လည်ပတ်ရမှာဆိုတော့
ကျွန်မတို့ မိန်းကလေးတွေအတွက် ဂရုစိုက်ရမယ့်အချက်လေးတွေကို
"သင်္ကြန် Checklist" အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 👇

✅ ၁။ ဖုန်းရေစိုခံအိတ် (Waterproof Phone Pouch):
သင်္ကြန်မှာ အမှတ်တရပုံလေးတွေ ရိုက်ဖို့ ဖုန်းက အရေးကြီးဆုံးပဲမို့ အရည်အသွေးကောင်းပြီး ရေမဝင်နိုင်တဲ့ အိတ်လေးကို
ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။

✅ ၂။ နေကာမျက်မှန် (Sunglasses):
ရေပက်ခံထွက်တဲ့အခါ မျက်စိကို ရေစင်ခြင်းနဲ့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့အတွက် စတိုင်ကျတဲ့ နေကာမျက်မှန်လေး ဆောင်ထားဖို့ လိုပါတယ်နော်။

✅ ၃။ အရေးအကြီးဆုံး - Sunscreen (နေလောင်ကာကွယ်ဆေး):
ဒီအချက်ကတော့ အရေးကြီးဆုံးပဲ! သင်္ကြန်ရက်တွေမှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရမှာဆိုတော့ Sunscreen မလိမ်းဘဲ အပြင်မထွက်ပါနဲ့နော်။ အပြင်မထွက်ခင် (၁၅) မိနစ်/ မိနစ် (၃၀) ကြိုတင်လိမ်းပေးဖို့နဲ့ နေ့လယ်ပိုင်းမှာ တစ်ခါပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။
ရေစိုခံနိုင်တဲ့ (Water-resistant) Sunscreen အမျိုးအစားကို
ရွေးချယ်သုံးစွဲရင် ပိုအဆင်ပြေပါတယ်ရှင်။

✅ ၄။ ရေစိုခံ မိတ်ကပ်နဲ့ လိုအပ်တဲ့ ပစ္စည်းလေးများ:
မျက်နှာလေး လန်းဆန်းနေဖို့ ရေစိုခံနိုင်တဲ့ အလှကုန်လေးတွေနဲ့အတူ တစ်ရှူး၊ လက်သုတ်ပဝါလေးတွေပါ ဆောင်ထားရင် ပိုပြီး စိတ်အေးရတာပေါ့။

သင်္ကြန်မှာ အလှတွေမပျက်ဘဲ ပျော်ပျော်ပါးပါး ဆော့ကစားရင်းနဲ့ ကိုယ့်အသားအရေလေးကိုလည်း ဂရုစိုက်ဖို့ မမေ့ကြပါနဲ့ဦးနော်။ 🥰

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်လေးကို ဖြတ်သန်းနိုင်ကြပါစေရှင်။ 💦🎊✨

#သင်္ကြန်အတွက်အဆင်သင့် #အလှမပျက်သင်္ကြန်

01/04/2026

သင်္ကြန်အကြို အထူးPromotion ‼️
Resurfacing 1ဘူးဝယ် 2ဘူး လက်ဆေ…See more

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon