Cafe Corner

Cafe Corner

Share

We provide breakfast, coffee & tea, dim sum for the passengers who traveling domestic at Ground floor, Terminal-3 & Terminal-1, Yangon International Airport.

01/05/2026

“𝐀 𝐰𝐨𝐫𝐤𝐞𝐫 𝐢𝐬 𝐚 𝐜𝐫𝐞𝐚𝐭𝐨𝐫 𝐚𝐧𝐝 𝐚 𝐠𝐫𝐞𝐚𝐭 𝐚𝐬𝐬𝐞𝐭 𝐭𝐨 𝐞𝐯𝐞𝐫𝐲 𝐧𝐚𝐭𝐢𝐨𝐧.”✨
“အလုပ်သမားတိုင်းသည် ဖန်တီးရှင်များဖြစ်ကြပြီး နိုင်ငံတိုင်းအတွက် အလွန်တန်ဖိုးရှိသော လူသားအရင်းအမြစ်များ ဖြစ်ကြပါသည်။”

ဒီနေ့ ဒီအချိန်ထိ Cafe Corner ဆိုင်လေး အောင်မြင်စွာရပ်တည်နေနိုင်အောင် ကြိုးစားပေးနေကြသော ဝန်ထမ်းလေးများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း မေလ ၁ ရက်နေ့မှာ ကျရောက်သော “Labour Day (ကမ္ဘာ့အလုပ်သမားနေ့)” အား Cafe Corner မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင့်။ 💛

30/04/2026

ကဆုန်လပြည့်နေ့ဟာ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး ဘုရားရှင်၏ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်တော်ရခြင်းနှင့် ပရိနိဗ္ဗာန်စံခြင်း ဟူသော အဖြစ်အပျက် သုံးပါးစလုံး ဖြစ်ပွားခဲ့သော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါတယ်။

ဒီလိုနေ့မျိုးမှာ ဘုရားရှင် သဗ္ဗညုတဉာဏ် အလင်းရခဲ့တဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလှူဒါန်းခြင်း ဖြင့် ကုသိုလ်ပြုကြပြီး အေးချမ်းမှု၊ မေတ္တာနှင့် သဒ္ဓါတရားများကို မျှဝေကြတဲ့ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် ကိုလည်း ကျင်းပလေ့ရှိကြပါတယ်။

ကဆုန်လပြည့်နေ့အခါမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး စိတ်နှလုံးအေးချမ်းသာယာကြပါစေကြောင်း Cafe Corner မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🙏🌿

29/04/2026

ကော်ဖီဆိုင်ထိုင်ရင်း Order ရောက်တာနဲ့ မစားခင် ဓာတ်ပုံအရင်ရိုက်တတ်သူလေးတွေ ရှိကြလား?😁
ကိုယ်က စားချင်နေပြီ😋
သူက ဓာတ်ပုံရိုက်လို့မပြီးသေးလို့ စောင့်နေရတဲ့ သူငယ်ချင်းလေးတွေရှိရင် Mention သွားကြဦးနော်😆👇

Photos from Mingalar Sky Lounge's post 28/04/2026

"𝐖𝐞 𝐜𝐚𝐫𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐩𝐞𝐨𝐩𝐥𝐞 𝐰𝐡𝐨 𝐦𝐚𝐤𝐞 𝐮𝐬 𝐬𝐭𝐫𝐨𝐧𝐠"💪

27/04/2026

လေဆိပ်ဆိုတာ ခရီးစဉ်တစ်ခု စတင်ရာနေရာဖြစ်သလို အချိန်ခဏတာအနားယူဖို့ လိုအပ်တဲ့နေရာလည်း ဖြစ်ပါတယ်။

အနားယူမယ့်အချိန်လေးမှာ
စားလို့ကောင်းမယ့် အစားအစာတွေ
လန်းဆန်းစေဖို့ Coffee & Drink Menu တွေ
တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်လေးတစ်ခု စတာတွေက မဖြစ်မနေ လိုအပ်လာပါတယ်။

လေဆိပ်ကိုရောက်တာနဲ့ ဒီလိုနေရာလေးတစ်ခု လိုအပ်လာပြီဆိုရင်တော့ Cafe Corner က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ💛

Cafe Corner ကို ဘာဖြစ်လို့ လာသင့်တာလဲဆိုတော့ –
✔️ အဆာအပြေအတွက်ရော ၊ ဗိုက်အပြည့်ဖြည့်ဖို့အတွက်ပါ Food & Drink Menu အစုံရနိုင်ခြင်း၊
✔️ အချိန်အကြာကြီး မစောင့်ဆိုင်းရဘဲနဲ့ အမြန်ဆုံးဝန်‌ဆောင်မှုပေးနေခြင်း၊
✔️ လေဆိပ်အတွင်းမှာပဲ အလွယ်တကူ ရှာလို့ရနိုင်ခြင်း ၊
✔️ ခရီးသည်တွေအတွက်သာမက လေဆိပ်က ဝန်ထမ်းတွေအတွက်လည်း အဆင်ပြေနိုင်ခြင်း၊
စတာတွေပဲဖြစ်ပါတယ်။

လေဆိပ်ကိုရောက်တာနဲ့ စိတ်အေးချမ်းမှုတွေရစေဖို့ Cafe Corner ကိုသာ လှမ်းလာခဲ့လိုက်ပါရှင်။
Before the flight, take a moment for yourself.

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

26/04/2026

အရမ်းပူနေတဲ့အခါ ချိုတာလေးစားလိုက်ရမှ စိတ်ထဲနေလို့ကောင်းသွားတယ်ဟုတ်?
လေဆိပ်ရောက်တဲ့အခါ ဆူဆူညံညံနဲ့ လူတွေအများကြီးကြားထဲမှာ အရမ်းပူနေတယ်ဆိုရင် Cafe Corner ကို ဝင်ပြီး ချိုတာလေးတွေ ဝင်စားလိုက်နော်🍰😋

Cafe Corner မှာ
✔ Brownie Cheesecake
✔ Lime Cheesecake
✔ American Cheesecake
✔ Coconut & Mango Mousse Cake
✔ Strawberry Mousse Cake
✔ Chocolate Brownie
ဒီလို ဒီလို Menu တွေအများကြီးကို ရွေးလို့ရပါတယ်ရှင်။

လေယာဉ်မထွက်ခင် အရမ်းပူပြီး စိတ်ရှုပ်လာရင် Cafe Corner ကိုသာ ဝင်ခဲ့လိုက်ပါ💛

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

25/04/2026

ကော်ဖီကြိုက်သူလေးတွေက ဘယ်ပဲသွားသွား ကော်ဖီလေးတစ်ခွက် သောက်လိုက်ရမှ ကျေနပ်ကြတာနော်။
လေဆိပ်ရောက်တဲ့အခါလည်း ကော်ဖီလေးတစ်ခွက်သောက်ချင်တယ်ဆိုရင် Cafe Corner ကိုသာ လှမ်းခဲ့ပါရှင်။
❄️Iced Coffee ပဲ သောက်မလား?
🔥Hot Coffee လေးပဲလား?
လူကြီးမင်းတို့စိတ်ကြိုက် Menu တွေအများကြီး ရွေးလို့ရပါတယ်။

လေဆိပ်ရောက်တာနဲ့ Check-in counter မဖွင့်သေးရင် ☕Cafe Corner ကိုသာ ဝင်ခဲ့နော်။

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

23/04/2026

Iced Coffee ရဲ့အစဟာ စစ်မြေပြင်ကဆိုတာ သင်သိပါသလား?

➡ သင်တို့ အခုလက်ရှိသောက်နေတဲ့ Iced Coffee တွေရဲ့ မူလအစဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၈၀) ကျော်က စစ်မြေပြင်တစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

➡ ၁၈၄၀ ပြည့်နှစ်ဝန်းကျင်၊ အယ်လ်ဂျီးရီးယားနိုင်ငံ (Algeria) ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ပြင်သစ်စစ်တပ်ဟာ မာဇာဂရန် (Mazagran) လို့ခေါ်တဲ့ ခံတပ်အတွင်းမှာ အခြေစိုက်ခဲ့ပါတယ်။ ထိုဒေသရဲ့ ရာသီဥတုဟာ အလွန်ပူပြင်းပြီး စစ်သည်တော်တွေဟာ ပင်ပန်းနွမ်းနယ်မှုကို အန်တုဖို့ ကော်ဖီကို အားကိုးခဲ့ကြရပါတယ်။

➡ တစ်ရက်မှာတော့ စစ်သည်တော်တွေဆီမှာ ကော်ဖီထဲထည့်သောက်မယ့် နို့ (Milk) ပြတ်လပ်သွားခဲ့ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ ကော်ဖီပူပူကြီးကို နို့မပါဘဲ သောက်ရတာဟာ သူတို့အတွက် အဆင်မပြေလှပါဘူး။ ဒါကြောင့် သူတို့ဟာ နည်းလမ်းအသစ်တစ်ခုကို ကြံဆလိုက်ကြပါတယ်။

➡ သူတို့မှာရှိတဲ့ ကော်ဖီပြင်းပြင်း (Coffee Syrup) တွေကို ရေအေး (Cold Water) နဲ့ ရောစပ်ပြီး သောက်ခဲ့ကြရာ ကော်ဖီကို အပူမဟုတ်ဘဲ အအေးအဖြစ် ပထမဆုံး သောက်သုံးခဲ့တဲ့ မှတ်တမ်းဖြစ်လာပါတယ်။

➡ စစ်ပွဲအပြီး ပြင်သစ်စစ်သည်တော်တွေ နေရပ်ပြန်ရောက်တဲ့အခါ ဒီလို ကော်ဖီအေး သောက်တဲ့နည်းလမ်းကို သူတို့နဲ့အတူ ယူဆောင်သွားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ကော်ဖီဆိုင် (Cafés) တွေကို ရောက်တဲ့အခါ "မာဇာဂရန် ခံတပ်မှာ သောက်ခဲ့တဲ့ ကော်ဖီမျိုး ပေးပါ" လို့ မှာယူရာကနေ ကမ္ဘာ့ပထမဆုံး Iced Coffee ကို "Mazagran" လို့ အမည်တွင်စေခဲ့တာပါ။

လေဆိပ်ရောက်တဲ့အခါ Cafe Corner မှာ Iced Coffee တစ်ခွက် သောက်တိုင်း ဒီသမိုင်းကြောင်းလေးကို သတိရပြီး အရသာခံကြည့်လိုက်ပါဦးနော်။

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

Coffee

22/04/2026

နွေရာသီမို့ ရင်တွေအရမ်းပူလာတဲ့အခါ ဘာလေး သောက်ချင်ကြလဲ?
Iced Coffee လေးလား?☕❄️
သဘာဝ အသီးဖျော်ရည်လေး တစ်ခွက်လား? 🍉🍊

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

20/04/2026

နွေရာသီရောက်လာပြီဆိုရင်အပူကြောင့် ပင်ပန်းလွယ်တယ်။ ရေငတ်လွယ်တယ်။ စားချင်တာတွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေ ဖြစ်တတ်ပါတယ်။

လေဆိပ်ထဲမှာ ခရီးမစခင်ပဲဖြစ်ဖြစ် ၊ အလုပ်ကြားထဲမှာပဲဖြစ်ဖြစ်
အေးအေးဆေးဆေး နားပြီး စားချင်သောက်ချင်တဲ့အချိန်မှာ Cafe Corner မှာ ရွေးချယ်စရာ Menu မျိုးစုံ ရှိပါတယ် ☕

🥤 Fresh Juice & Summer Drinks 🧊 Iced Coffee & Iced Tea 🍰 Cake & Sweet Dessert 🥗 အဆာပြေစားလို့ကောင်းတဲ့ Snacks Menu 🍛 ဗိုက်ပြည့်စေမယ့် Rice Bowl နဲ့ မြန်မာအစားအစာ Menu တွေ... ဒါတွေအားလုံး ရနိုင်ပါတယ်နော်။

✔ လန်းဆန်းသွားအောင် အအေးလေး သောက်ချင်တာလား?
✔ ပေါ့ပေါ့ပါးပါး စားချင်တာလား?
✔ အဝစားချင်တာလား?
နွေရာသီအတွက် လိုအပ်တာတွေကို တစ်နေရာထဲမှာ ရနိုင်တဲ့နေရာကတော့ Cafe Corner ပါပဲ✨

လေဆိပ်ကိုရောက်တာနဲ့ Check-in Counter မဖွင့်သေးခင် Cafe Corner ကို ဝင်ဖြစ်အောင် ဝင်ခဲ့လိုက်ပါရှင်။

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

19/04/2026

နွေရာသီဆိုတော့ လေဆိပ်ကိုလာတဲ့အခါ လူတွေအများကြီးကြားထဲမှာ ပူအိုက်ပြီး စိတ်တွေအရမ်း ရှုပ်နေပြီလား?
ဒါဆိုရင်တော့ Cafe Corner က Soda Drink လေးတစ်ခွက်က အဖြေပါပဲနော်။

Cafe Corner မှာ ရနိုင်တဲ့ အားပြည့်စေမယ့် Soda Drink လေးတွေကတော့👇
✅Iced Strawberry soda,
✅Iced Blue Strawberry Soda,
✅Iced Passion soda,
✅Iced Blue Passion Soda,
✅Iced Blueberry Soda,
✅Iced Vanilla passion soda,
✅Iced Orange Sparkling,
✅Iced Passion Fruit Green Tea,
✅Iced Honey Lemonade Passion Tea,
✅Iced Honey Lemon Tea,
✅Iced Lime Soda.
စတာတွေကို စိတ်ကြိုက်ရွေးချယ်ပြီး အမောပြေလေး သောက်သုံးလို့ရပါတယ်ရှင်။

✈️လေဆိပ်ကိုရောက်တာနဲ့ Check in counter မဖွင့်သေးဘူးဆိုရင် Cafe Corner ကိုသာ လှမ်းခဲ့လိုက်တော့နော်💛

☎️ 𝐏𝐡𝐨𝐧𝐞 - +959 880 876 324
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 - m.me/109643875045204
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (1), Terminal 1, Ground Floor, Between and End of Row D & E, Yangon International Airport, Yangon
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 - @ Shop (2), Terminal 3, Ground Floor, Near Gate 4, Yangon International Airport, Yangon

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
11041