Hello Lady Branded Export Collection
Branded export collection
မင်မင် နံပါတ်စဉ်တပ်တာ ၅၄ ကနေ ၆၇ ထိကျန်နေခဲ့လို့ အဲ့သူလေးတွေကို သက်သက် ထပ်နှိုက်ပေးလိုက်ပါတယ်။
၅၈ ဆိုတဲ့ တစ်ဦး ထပ်ပေါက်ပါတယ်။ နဂိုက ပေါင်း (၅)ဦးပဲ ပေးမှာကို အခု (၆)ဦး ပေးလိုက်ပါတယ်နော်။
05/02/2024
ကံထူးသွားတဲ့သူတွေကတော့ 21,22,49,13,33 (၅)ဦးပဲဖြစ်ပါတယ်။
အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ပေးဖို့ Page messenger ကိုလာခဲ့ပါဦးနော်။ ပို့ပေးရမဲ့လိပ်စာ အတိအကျ ပြောပေးပါ။
ကံစမ်းမဲနှိုက်ထားတဲ့ Video File လေးလည်း တင်ပေးပါမယ်။
05/02/2024
ဂျလေးပန်းထိုး XL size (လုံးဝဆိုဒ်ပြည့်) စတိုင်ပင် ဘောင်းဘီ နဲ့နော်
ပေါင် ၁၀၀ - ၁၆၀ ထိ ဝတ်လို့ရတယ်။
ရင် - ၄၆ ကနေ တင် ၄၂ လောက်ထိ တော်နိုင်ပါတယ်။
(၃)ထည်ပဲကျန်တော့လို့
ယခင်စျေး - ၂၅၀၀၀ ကျပ်ကို Discount ၂၃၀၀၀ ကျပ်နဲ့ပဲ ရောင်းပေးမယ်နော် ။
အခုယူ -၂၃၀၀၀ ( Special Discount)
ခဲ ၊ အပြာနု ၊ အုတ်ကျိုး (၃)ရောင် ရပါမယ်။
ရခဲတာလေးမို့ လက်သွက်ဦးနော်
Share ပေးထားကြတဲ့ သူတွေ (၅၃) ဦးရှိပါတယ်။ နံပါတ်အစဉ်လိုက်တပ်ပေးထားပါတယ်။
ဒီနေ့ည ကျရင် မဲလိပ် ပြီး မဲဖောက်ပေးပါမယ် ။
(၅)ဦး မဲဖောက်ပေးပါမယ်။ Deli ခတော့ အကုန်ခံပြီး ယူပေးပါနော် ။
အကြောင်းအမျိုးမျိုးကြောင့် မဲဖောက်ဖို့ ကြန့်ကြာသွားတာကို နားလည်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင်။
01/02/2024
ဝါးချည် ဝမ်းဆက်က ရှေ့ စတိုင်ပင် ခါးပြား ။ နောက်က ခါးမျှော့ကြိုးနဲ့နော် ။
01/02/2024
ဒီပို့စ်လေးကို အနည်းဆုံး Group (5)ခု နဲ့ public acc မှာ Share ပေးပါဦး။ share ထားပေးတဲ့သူတွေထဲက (၂) ဦးကို စနေနေ့ညနေ မှာ ဆိုင်က တခြားအကျီ (သို့)ဘောင်းဘီ လက်ဆောင်လေး ဖောက်ပေးပါ့မယ်ရှင်။
ရန်ကုန်၊ ပဲခူး အိမ်ရောက်ငွေချေပါ။
ကျန်မြို့များ ငွေကြိုလွှဲရပါမယ်ရှင်။
ကျေးဇူးတင်ပါတယ်ရှင်။
01/02/2024
အမြဲတမ်းလုဝယ်ရသော ဂျလေး ပန်းထိုး ဝါးချည် XL ဝမ်းဆက်လေး ရောင်းချင်ပါတယ် အမ တို့ရေ
၁၀ ထည်ပဲ ပါတာမို့ အမြန်လေး အကြိုက်ဆုံး အရောင် ပြေးယူလိုက်ပါ။ ( ၁ ထည် ၁ ရောင်ပဲ ပါတယ်နော် )
ကိုယ်ကပေါ့ပေါ့ပါးပါး ကြိုက်တတ်တော့ အရင်က
အိမ်နေရင်းဝတ်ဖို့ / အပြင်သွားရင် ဝတ်ဖို့ကို စပန့်တွေ ဝတ်တာများတယ်။
အဲ့ကျ ဘာဖြစ်လဲဆိုတော့ စပန့်က ရေလျော် မခံတဲ့အပြင် ဘယ်လောက် ချုပ်ရိုးချုပ်သားကောင်းတဲ့ Quality အမြင့် စပန့်ဆိုဆို ရေရှည်ကျ ရွှဲလာတယ်/ အရောင်မထွက်တော့ဘူး
အဲ့ကျ လိုက်ရှာဝယ်ရင်း ဒီ ဝါးချည် လေးတွေ သွားတွေ့တာပါ။ ထူအိအေးစက် တဲ့အပြင် အပြင်လဲ ဒါဝတ်သွားရင် အေးဆေးပဲ ။
အပြင်သွားရင်ဝတ်ဖို့ ခေါင်းစားစရာမလိုတော့တာ အကြိုက်ဆုံးပဲ။
ကျွန်မ လေ့လာမိသလောက်က ဝါးချည် မှာ
ကွာလတီ အမျိုးမျိုးလာတယ် ။ ဝါးချည်ခြစ် ဆိုတဲ့ အသားခပ်ဆင်ဆင် နောက်တစ်မျိုးလဲရှိသေးတယ်။
ကျွန်မ ဝါးချည်ခြစ်ကို သိပ်မကြိုက်ပါ။ ရေလျှော်လိုက်ရင် သူလဲ တိုသွားတာတို့ နည်းနည်းရွဲသွားတာတို့ ဖြစ်ပါတယ်။
အခု ကျွန်မ ရောင်းပေးမဲ့ဟာက စပယ်ရှယ် အကောင်းဆုံးအသား ထူအိအေးနေတဲ့
7 C ဝါးချည် (ဝါးချည်ခြစ်မဟုတ်) ပန်းထိုး အပေါ်ရော အောက်ရော ပါ။
( သူက ပန်းထိုး အပေါ်ပိုင်းပဲ ပါတဲ့ဟာနဲ့ စျေးကွာပါ တယ်။ အခုရောင်းပေးမှာက အကျီရော ဘောင်းဘီရော ပန်းထိုး ကျစ်နေအောင် ပါပါတယ်)
ချုပ်ထားတဲ့အပိုင်းကို ပြောမယ်။ ခု အထည် ချုပ်တဲ့ ဒိုင်က Cutting အရမ်းကောင်းတယ်။ ကျွန်မ အွန်လိုင်းကရော အပြင်ကရော ဝါးချည် မျိုးစုံ ဝယ်ဝတ်ဖူးပါတယ်။ စျေးကွာရင် အသားအပြင် ချုပ်ထားတဲ့ အသားယူထားတဲ့ အသားခိုထားတာတွေ တွေ့ရပါတယ်)
အပြင်ပန်းပဲ လှပြီး ဝတ်တော့ကျ အဆင်မပြေတာမျိုးပါ။ ပုံစံကျမနေတာမျိုးပေါ့ ။
ခုဟာက အသားကို ချုပ်သားများများ ယူထားတဲ့အပြင် cutting လုံးဝ ဒီဇိုင်နာ ချုပ်တွေဖြစ်တဲ့အတွက် အရမ်းမိုက်ပါတယ်။
ဘောင်းဘီက ရိုးရိုးပုံစံ ဘောင်းဘီတွေချုပ်ထားသလို မျှော့ကြိူးမဟုတ်ပါ။
ရှေ့ ခါးပြား ခပ်ကြီးကြီးကိုမှ ခါးနောက်က သားရေကြိုး ထည့်ထားတာ ဖြစ်လို့ အရမ်းဝ လို့ ဗိုက်ပူနေတဲ့သူတောင် Cutting ကျပြီး ဗိုက်က မရှိတော့သလို
စတိုင်ပင် ဝတ်ထားရသလိုဖြစ်နေလို့ အရမ်းကြိုက်သောပါ ။ ( ခွက အသက်ပါ) ကွကွ ကုန်းကုန်း ဘယ်လိုထိုင်ထိုင် သူ့ ဘောင်းဘီ ဒီဇိုင်းက ခွကို
ကောင်းကောင်း ချုပ်ပေးထားတဲ့အတွက်
ရှယ်မိုက်သော ။ သူ့ ဒီဇိုင်းက တင်ကြီးတဲ့အတွက် ရှယ် အဆင်ပြေသော
ကျွန်မလို အကောင်းကြိုက်တတ်တဲ့ အမတွေ ညီမလေးတွေ အိမ်နေရင်းပဲ လှလှလေး နေမလား / အပြင်လဲ
ကောက်ခနဲ ထသွားလို့အဆင်ပြေမလား/ ခရီးတွေ ဘာတွေ သွားရင်လဲ အထာ ကျကျ/ သက်တောင့်သက်သာ Luxury စတိုင်နဲ့ ဝတ်မလား
ကျွန်မကို ယုံတယ်ဆိုရင်
၁ ထည်လောက်တော့ စမ်းဝတ်ကြည့်လိုက်ပါ။
ဖွင့်ကြည့်လိုက်လို့ အသားအနား မကြိုက်ဘူးဆိုရင် ပြန်ပေးလိုက်လို့ရတယ်နော် ။ တစ်ခုက ဒီတစ်ထည် ဝယ်ပြီး နောက်တစ်ထည် ဝယ် ချင်သွားမယ် အာမခံတယ်။
၁ ခါဝယ်ပြီး တစ်သက်လုံး ဝတ်လို့ရတယ်နော် ။
၂၅၀၀၀
18/01/2024
Up to 50% Discount ပထမဆုံးရက်မှာ တခဲနက်အားပေးခဲ့ကြတဲ့ ကာကာတွေကို အထူးပင်ကျေးဇူးတင်ပါတယ်နော်။ နောက်ထပ်နှစ်ရက်ပဲကျန်ပါတော့တယ်နော်။ ဒီအချိန်မှာ ဒီ Quality ကို ဒီစျေးနဲ့ အမြန်ရယူနိုင်ဖို့ အမြန်လှမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်။
15/01/2024
15/01/2024
မျော်နေမယ်
14/01/2024
Hello Lady ရဲ့ မိတ်ဟောင်းဆွေဟောင်းများ မင်္ဂလာပါရှင်။
အက်မင်တို့ အကြောင်းအမျိုးမျိုးကြောင့် အရောင်းလေးတွေ ရပ်နားခဲ့ပါတယ်။
ပဲခူးမြို့မှာ ဆိုင်လေးဖွင့်ခဲ့တာ (၂) နှစ်ပြည့် အနေနဲ့
ခု လာမဲ့ ၁၇-၁-၂၀၂၄ ( ဗုဒ္ဓဟူးနေ့) မှာ တအားကို
တန်လွန်းတဲ့ စျေးတွေနဲ့ up to 50% Discount ထိ လျော့စျေးနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
Live Sale ရော ဆိုင်မှာရော (၃)ရက် အထူးစျေးရောင်းပွဲတော် ကို စပယ်ရှယ် တန်တဲ့ စျေးနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
Live အတွင်း Export Brand အသစ်ထည်များကို အထူးစပယ်ရှယ် စျေးနှုန်းနဲ့ရောင်းပေးမှာဖြစ်သလို
အခုပို့စ်မှာ လို့ ရေးပေးသွားတဲ့ သူထဲက (၅)ဦးကိုလဲ မဲတွေဖောက်ပေးပြီး မေတ္တာ လက်ဆောင်တွေ ပေးသွားမှာဖြစ်လို့
ကွန့်မန့်နဲ့ ဒီ ပို့စ်လေးကိုShare ပေးသွားပါဦးနော်
မဲစည်းကမ်းချက်တွေကတော့
(၁) Hello Lady Page ကို Like လုပ်ထားရပါမယ်
(၂) ဒီပို့စ်ကို Like & Share လုပ်ထားပေးရပါမယ်။
(၃) Comments မှာ လို့ မန့်ပြီး Post share ထားတာကို မန့်ထားပေးရပါမယ်။
စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့သူတွေကိုပဲ မဲစာရင်းမှာ အကျုံးဝင်မှာဖြစ်ပါတယ်။
အထူးလျော့စျေး စျေးရောင်းပွဲမှာ တွေ့ကြမယ်နော် ။
ပဲခူးက မိတ်ဆွေတွေကိုလဲ (၃) ရက် ကျင်းပမဲ့ အထူးစျေးရောင်းပွဲကို အထက(၁) ကျောင်းအနီး တပင်ရွှေထီးလမ်းထိပ်က ဆိုင်ကိုလာဖို့ ဖိတ်ခေါ်ပါတယ်။
17,18,19 (၃) ရက်ပဲ ကျင်းပမှာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
222334