Forget Me Not
we always still here to cure yours scares& huge yours heart🍀🍀
22/04/2026
လူတွေကပြောကြတယ်
မင်းလိုလူမျိုးမင်းပြန်ရမယ်
ဆိုရင် လိုချင်လားတဲ့
ဟုတ်ကဲ့ကျနော်လိုချင်ပါတယ်
ဒီလိုဆိုကျနော်ဟာဘယ်တော့မှ
မျက်ရည်ကျမှာလည်းမဟုတ်သလို
ဘယ်တော့မှသစ္စာဖောက်ခံရမှာလည်းမဟုတ်ဘူး
ကျနော်မကြိုက်တဲ့အပြုအမူတွေလုပ်မှာကိုလည်း
စိုးရိမ်စရာမလိုတော့ဘူး
ပေးထားတဲ့ကတိတွေပျက်စီးမှာကိုလည်း
ကျနော်ကြောက်စရာမလိုတော့ဘူး
နောက်ဆုံးဘာအကြောင်းနဲ့မှကျနော်အထီးကျန်မှာမဟုတ်တော့ဘူး
ဒါကြောင့် တစ်နေ့နေ့တော့ကျနော့်လိုလူမျိုးကျနော်ပြန်ရရင်လိုချင်ပါတယ်
ဟန်..........
22/04/2026
ဘုရားသခင်က
မင်းကိုချစ်ပေးဖို့ပဲ
ငါ့ကိုဖန်ဆင်းခဲ့တာ
မုန်းတတ်ဖို့ဆိုတာကိုတော့
ငါဖြည်းဖြည်းချင်း သင်ယူပါ့မယ်
အချစ်ရယ်......
#ဟန်
22/04/2026
ကိုယ်မပိုင်ဆိုင်ခဲ့ဖူးတဲ့
အရာတွေအကြောင်းပြောရမယ်ဆိုရင်
မင်းကဦးဆုံးနော်အချစ်
ရယ်သံကအစ မဲ့ပြုံးလေးအဆုံး
နောက်ပြီးတော့ ငါ့ကိုမချစ်တာအဆုံး.........
#ဟန်
ကိုယ့်ဘဝနဲ့ကိုယ်တဲ့
မှန်တာပေါ့အချစ်ရယ်
လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန်နေကြတာပါပဲ
ငါ့မှာတော့ မင်းဘဝထဲကိုပဲ ဝင်ချင်နေမိတာခက်သားမလား
ငါတို့လွဲသမျှအလွဲထဲ ဒီတစ်ကြိမ်တော့ ဘယ်တော့မှမဆုံနိုင်တော့တာကို
တစ်ခါတစ်လေ တစ်ချို့အကြောင်းအရာတွေဟာ ငါတို့လက်မခံချင်လည်း လက်ခံရတာပါပဲအချစ်ရယ်
မင်းရဲ့ လက်ထပ်ဖိတ်စာလေး ငါ့ဆီရောက်လာတဲ့နေ့ကလိုပေါ့
#ဟန်
ကမ္ဘာကြီးရဲ့
မငြိမ်းချမ်းမူ့တွေဟာ
ချစ်ခြင်မေတ္တာဆုတ်ယုတ်လို့တဲ့
အ့တာမို့အချစ်ရယ်
ကိုယ်တို့ကပဲ ဖြစ်ဖြစ်
ပိုချစ်ပေးနွေးထွေးကြဖို့လိုတယ်မလားကွယ်
အ့တာကြောင့် ချစ်ရင်ချစ်တဲ့အကြောင်း
လွမ်းရင်လွမ်းတဲ့အကြောင်းတွေပြောဖို့
က်ုယ်စောင့်နေပါတယ်
#ဟန်
12/12/2025
11/12/2025
လူချင်းနီးပြီး
စိတ်ချင်းဝေးကြရတာတွေ
တစ်ယောက်နဲ့တစ်ယောက်
မစောင့်ဖြစ်ကြတော့တာ
သေချာရင် လွမ်းလည်းမလွမ်းနဲ့
သတင်းလည်းမမေးနဲ့အချစ်ရဲ့
ငါတို့နှစ်ယောက်က
ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတယ်လို့အထင်မှားနေမှ
#ဟန်
11/10/2025
ခဏလေး ချစ်ခဲ့တော့ ခဏလေးနဲ့ ဝေးခဲ့တာ မဆန်းဘူး…
ကျောခိုင်းဖို့ လွယ်ကူနေခဲ့တာ
မချစ်တော့တာလား မချစ်ခဲ့တာလား…မောင်ရယ်…
#သျှန်
08/10/2025
စိတ်ကိုလည်း
အနိုင်မရသလို
ခင်ဗျားရဲ့မေတ္တာကိုလည်း
အပိုင်မရခဲ့ပါဘူး
ဒီကမ္ဘာမှာ မေတ္တာစစ်ရင်
နိုင်တယ်လို့သာပြောကြတာ
တကယ်တမ်းမှာတော့
ကိုယ့်မေတ္တာကိုယ်ပိုက်လို့
လာရာလမ်းအတိုင်းပြန်လှည့်ကြရတာချည်းပါပဲ
မတန်ပါဘူးအချစ်ရယ် မတန်ပါဘူးကွယ်...
#ဟန်(blind)
photo
02/10/2025
ချစ်သေးလားဆိုရင်
ကျွန်တော်ချစ်ပါတယ်
ပြန်လိုချင်လားဆိုရင်တော့
ကျွန်တော်မလိုချင်တော့ပါဘူး
စာသူငယ်ဟာ ခဲကိုကြောက်သလိုမျိုး
ကျနော့်ကိုအကြိမ်ကြိမ်နာကျင်စေခဲ့တဲ့
ခင်ဗျားကို ဘယ်နှခါမေးမေး
ကျနော်ငြင်းပါ့မယ်
စိတ်ဒဏ်ရာဟာ တစ်ဖက်လူအပေါ်
မျှော်မှန်းထားမိသလောက်
အတိမ်အနက် ကြီးတာမို့
အခါခါနာကျင်စေတဲ့ခင်ဗျားကို
ကျနော်ပြန်မလိုချင်တော့ပါဘူး
#ဟန့်(blind)
09/09/2025
အမေကပြောတယ်
ငါကတစ်ခုခုဆို
သိပ်မေ့တတ်တာပဲတဲ့
ဒီစကားကိုကြားတော့
ငါဖြင့် ပြုံးမိတယ် အချစ်ရယ်
အမေ မသိပါဘူးအမေရယ်
နှစ်တွေအကြာကြီး
ကျနော်ကလေ အ့မျက်လုံးတွေ
အ့အပြုံးတွေ ရယ်သံတွေကအစ
တစ်ခုမကျန် မမေ့ခဲ့ဘူးဆိုတာ
ကျနော်ဟာ ကျနော့်ကိုမချစ်တော့တဲ့
လူတစ်ယောက်ကိုလေ
အခုချိန်အထိ
မေ့ပစ်နိုင်ဖို့ကိုပါ မေ့နေခဲ့တယ်ဆိုတာ
အမေ မသိခဲ့ပါဘူးလေ.......
#ဟန်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon