Future - FDA service
FDA နှင့် အခြားသော license များနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှု ရယူနိုင်ပါပြီ
18/04/2026
"နှစ်သစ်ကူးဆုတောင်းလွှာ"
အတာတန်ခူးနှစ်သစ်ဦးမှစ၍ မိတ်ဟောင်း မိတ်သစ်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
နှစ်သစ်မှာ ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ အောင်မြင်ခြင်းတွေ ရရှိပါစေ 💙
Future FDA Service မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
#နှစ်သစ်ဆုတောင်း
17/04/2026
" မြန်မာရိုးရာ နှစ်သစ်ကူးဆုတောင်းလွှာ "
အတာတန်ခူးနှစ်သစ်ဦး မှစ၍ မိတ်ဟောင်း၊မိတ်သစ်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း Future - FDA Service မှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင်...။
04/04/2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ဌာနဆိုင်ရာ logo ကို အမှတ်တံဆိပ်တွင် ဖော်ပြခြင်းမပြုရ
16/03/2026
Food Supplement Approval များ အရင်လို 5-6 months မကြာတော့ပါ
လက်ရှိ အခြေအနေအရ 2-3 months အတွင်း ရရှိနိုင်ပါပြီ
January 2026 တွင် လျှောက်ထားသော Supplement များ 16 March 2026 မတိုင်မီ Approved ကျခဲ့သော Item များ ဖြစ်ပါတယ်
Contact No - 09969164308 ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
12/03/2026
တင်သွင်းစားသောက်ကုန်များ
👇👇👇
အမှတ်တံဆိပ်တွင် ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာတွင် စတစ်ကာကပ်၍ ဖော်ပြခြင်း မပြုရ
ရုံးခန်း ရှိလား?
ရုံးခန်း ရှိလား?
စတဲ့မေးခွန်းကို တော်တော်များများမေးကြလို့ ဒီနေရာကနေ ဖြေပေးချင်ပါတယ်
Future - FDA service သည် အခုအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲလေးတွေ ရှိပါသဖြင့် ရုံးခန်းဖွင့်လှစ်ထားခြင်း မရှိသေးပါ။
Online စနစ်ဖြင့်သာ ဝန်ဆောင်မှုအားလုံးကို လက်ခံပေးလျက်ရှိပါတယ်
အကယ်၍ လူကြီးမင်းတို့ ကိုယ်တိုင် အပြင်မှာ လူချင်းတွေ့ဆုံချင်ပါကလည်း တွေ့ဆုံဆွေးနွေးနိုင်ပါတယ်ရှင့်
တာဝန်ယူမှု / တာဝန်ခံမှု အပြည့်ဖြင့် Page စတင် တည်ထောင်ခြင်း မပြုမီကစလို့ Company များစွာကို လိုအပ်သည့် Service များကို company ၏ အကျိုးစီးပွားကို လိုလားလျက် စေတနာအပြည့်ဖြင့် အခုချိန်ထိ လုပ်ကိုင်ပေးလျက်ရှိပါသည်။
လုပ်ငန်းအဆင်ပြေဖို့ ပထမ
လုပ်ငန်းအဆင်ပြေဖို့ ဒုတိယ ဖြစ်ပါသောကြောင့် Future-FDA Service နှင့် လက်တွဲ လုပ်ကိုင်လျက်ရှိသော Company / လုပ်ငန်းရှင်များအနေဖြင့် အခုအချိန်ထိ အဆင်မပြေတာ/လုပ်ငန်းနှောင့်နှေးတာမျိုး မရှိခဲ့ဖူးသေးပါ။ အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်နှင့် အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ဖြစ်ပါသောကြောင့်
ရုံးခန်းဖွင့်လှစ်ထားခြင်း မရှိသေးသည်ကို နားလည်ပေးစေလိုပါသည်။နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်သောကြောင့်
လူကြီးမင်းတို့အနေဖြင့် 100 % ယုံကြည်စိတ်ချစွာ လုပ်ငန်းအပ်နိုင်ပါကြောင်း အပြည့်အဝ တာဝန်ယူပါတယ်ရှင့်။
လေးစားစွာဖြင့်
Ma Su Su Wai
Founder of Future - FDA Service
Contact no: 09969164308/09777499835
Email: [email protected]
Address: No (15), Lat Kauk Pin Street, 1 Ward, Kamayut, Yangon.
09/03/2026
အသင့်ထုပ်ပိုးထားသော စားသောက်ကုန်များအားလုံး Food Product Code လျှောက်ထားရမည်
Food Product Code ဖော်ပြထားခြင်းမရှိပါက သတ်မှတ်ကာလကျော်လွန်ပါက အရေးယူဆောင်ရွက်မည် ဖြစ်ပါသည်။
20/02/2026
Company License & FDA - Service အပ်မည်ဆိုပါက လုပ်ငန်းရှင်များ သိထားသင့်သော အချက်များ
လက်ရှိအချိန်တွင် အစိုးရဌာနများအများစုသည်
License / Recommendation များကို Online Website များမှသာ လျှောက်ထားနိုင်သော စနစ် ကို အသုံးပြုလာကြပါသည်။
Company တစ်ခု တည်ထောင်သည်နှင့်
👉 DICA (MyCO) Website
https://www.myco.dica.gov.mm/
တွင် အရင်ဆုံး Register ပြုလုပ်ရပါသည်။
Company တစ်ခုစီအတွက်
• Username & Password တစ်ခုစီရှိရပါမည်
• သက်တမ်းတိုးခြင်း၊ အချက်အလက် ပြောင်းလဲခြင်းများကို
👉 ၎င်း Username & Password ဖြင့်သာ Website ထဲသို့ ဝင်ရောက်လုပ်ဆောင်နိုင်ပါသည်။
အရေးကြီးသတိပြုရန်
Service အပ်နှံရာတွင်
• မိမိ Company ၏ Username & Password များကို Service ပေးသူထံမှ ပြန်လည်တောင်းယူပြီး
• မပျောက်မပျက် သိမ်းဆည်းထားရန် အထူးလိုအပ်ပါသည်
အလားတူပင်
• Export & Import Registration
• UMFCCI Membership
• MSME
• Online Sale Registration
• FDA
စသည့် လိုင်စင်များ လျှောက်ထားရာတွင်လည်း
သက်ဆိုင်ရာ Website Username & Password များကို မဖြစ်မနေ သိမ်းဆည်းထားသင့်ပါသည်။
ထိုသို့ သိမ်းဆည်းထားပါက
• မိမိ Registration / Certificate များ၏ မှန်ကန်မှုကို ကိုယ်တိုင် Website တွင် ဝင်ရောက်စစ်ဆေးနိုင်ခြင်း
• မသမာမှုများ၊ လိမ်လည်မှုများ၊ Certificate အတုများမှ ကင်းဝေးနိုင်ခြင်း
________________________________________
3. Future – FDA Service မှ ပေးအပ်သော ဝန်ဆောင်မှုများ
✅ Company တစ်ခုချင်းစီအတွက်
- Username & Password များကို စနစ်တကျ သိမ်းဆည်းပေးခြင်း
- သက်ဆိုင်ရာ Company များသို့ အပြည့်အစုံ ပြန်လည်ပေးအပ်ခြင်း
✅ License / FDA များ၏
- Due Date များကို မှတ်သားထားပြီး
- သက်တမ်းတိုးရန် အချိန်မီ သတိပေးခြင်း
✅ သက်တမ်းကျော်လွန်မှုကြောင့်
- ဒဏ်ကြေးပေးဆောင်ရခြင်း
- အဆင်မပြေမှုများ ဖြစ်ပေါ်ခြင်း
တို့မှ ကင်းဝေးစေရန် အချိန်နှင့်တပြေးညီ ဝန်ဆောင်မှုပေးခြင်း
________________________________________
Company License & FDA Service များအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုကို ရယူလိုပါက
👉 Future – FDA Service ကို သတိရလိုက်ပါရှင်
📩 Email – [email protected]
📞 Phone – 09 969 164 308
08/02/2026
အသေးစား စက်မှု လက်မှု လုပ်ငန်း မှတ်ပုံတင်လျှောက်ထားရန် အခြေခံလိုအပ်ချက်များ
မိသားစုဝင်များဖြင့် သော်လည်းကောင်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍ သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် မြင်းကောင်ရေ ၀.၂၅ နှင့်အထက်၊ ၅ ကောင်အားနှင့်အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦး ထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမား ၃ ဦးနှင့် အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားနိုင်ပါသည်။
📌 လျှောက်လွှာတင်ရာတွင် လိုအပ်သည့်စာရွက် စာတမ်းများ
(၁) လျှောက်လွှာ ပုံစံ (၁) သုံးစုံ၊
(၂) လိုင်စင်ဓာတ်ပုံ ငါးပုံ၊
(၃) နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ ၊
(၄) လူသုံးကုန်၊အလှကုန်နှင့်စားသောက်ကုန်လုပ်ငန်းအတွက် လျှောက်ထားခြင်း ဖြစ်လျှင် ဓာတ်ခွဲစမ်းသပ်မှုရလဒ်များ၊
(၅) တိုင်းရင်းဆေးဝါးဖြစ်ပါက သက်ဆိုင်ရာတိုင်းရင်းဆေးပညာဦးစီး ဌာနက ထုတ်ပေးသော လိုင်စင်နှင့်မှတ်ပုံတင် လက်မှတ်၊
(၆) သစ်အခြေပြု အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွင် အသုံးပြုသည့် ပြန်စိတ်စက်ငယ်လုပ်ငန်းနှင့် ပရိဘောဂ လုပ်ငန်းများဖြစ်ပါက သစ်စက်နှင့် သစ်ဆိုင်များမှ ဝယ်ယူသော တရားဝင် သစ်ပြေစာများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်သစ်တောဦးစီးဌာန၏ထောက်ခံစာ။
(၇) အခြားထုတ်ကုန်ပစ္စည်းများအတွက် သက်ဆိုင်ရာ အထောက် အထား စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။
(၈) သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာ။
ဘယ်လိုလုပ်ငန်းမျိုးတွေ လျှောက်ထားသင့်သလဲ
FDA လျှောက်ထားရန် GMP, GHP Guideline များနှင့် ကိုက်ညီမှု မရှိသော အသေးစား အိမ်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိ၏ထုတ်ကုန်ပစ္စည်းများကို Customer ယုံကြည်မှုရရှိစေရန် အသိအမှတ်ပြုလက်မှတ် တစ်ခု ရယူထားချင်သော လုပ်ငန်းရှင်များ လျှောက်ထားသင့်ပါတယ်။
Future FDA Service ကနေဘာဝန်ဆောင်မှုတွေရနိုင်လဲ???
✅ ကိုယ်တိုင်လျှောက်ထားရန် အချိန်မပေးနိုင်ခြင်း ၊
✅ စာရွက်စာတမ်းများပြင်ဆင်ရာတွင် အခက်အခဲရှိသော လုပ်ငန်းရှင်များ
Future -FDA Service တွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားသည်မှ စ၍ လက်မှတ်ရရှိသည်အထိ အစအဆုံး တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်ဖြင့် ဝန်ဆောင်မှု ပေးနေပါပြီ။
ဆက်သွယ်ရန်လိပ်စာ
✉️ [email protected]
📞 09969164308
Fb Page Messenger သို့ Phone ဖြင့် အခမဲ့ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
03/02/2026
၂၀၂၆ တွင် Future FDA Service မှ ဝန်ဆောင်မှုပေးလျက်ရှိသောလုပ်ငန်းများ📢📣🔔
1. Company Registration ( Company အသစ်တည်ထောင်ပေးခြင်း )
🖍 Annual Return ( နှစ်စဉ် အစီရင်ခံစာ တင်ပေးခြင်း🖍 Director Change (ဒါရိုက်တာအပြောင်းအလဲများ )
Address Change ( လိပ်စာ ပြောင်းလဲခြင်း)
🖍Company Suspend ( ကုမ္ပဏီ သက်တမ်းကျော်လွန်၍ ယာယီ ရပ်ဆိုင်းခံရခြင်း)
🖍Company ID & Password အပျောက်လျှောက်ထားခြင်း
🖍Share Capital ပြောင်းလဲခြင်းများ
🖍Company Name Change
2. Export & Import Registration ( EIR Card or Pathaka Card )
🖍Export & Import Registration အသစ်လျှောက်ထားပေးခြင်း
🖍သက်တမ်းတိုးပေးခြင်း
🖍Address ပြောင်းလဲခြင်း
🖍Owner Name & Owner NRC ပြောင်းလဲခြင်း
🖍Director ပြောင်းလဲခြင်း
🖍5 Years Business Plan ပြင်ဆင်ပေးခြင်း
3.Food & Drug Administration ( FDA )
🖍FDA – Import Recommendation ( IR ) လျှောက်ထားပေးခြင်း
( Food , Cosmetics , Medical Device )
🖍Local Manufacturing လျှောက်ထားပေးခြင်း
( Food & Cosmetic )
🖍Renew ( သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း)
4.Online Sale Registration
🖍Online Sale Registration လျှောက်ထားပေးခြင်း
🖍သက်တမ်းတိုးခြင်း
🖍အချက်အလက်များ ပြောင်းလဲခြင်း
5.TAX
🖍Tin Certificate လျှောက်ထားပေးခြင်း
🖍E- Filling account ဖွင့်ပေးခြင်း
🖍Annual Return တင်ပေးခြင်း
🖍နှစ်စဉ် အခွန်ရှင်းလင်းပေးခြင်း
6.UMFCCI
🖍UMFCCI Member အသစ်ဝင်ပေးခြင်း
🖍သက်တမ်းတိုး ဆောင်ရွက်ပေးခြင်း
🖍Member ပြောင်းလဲခြင်း
🖍လိပ်စာ ပြောင်းလဲခြင်း
7.အသေးစား စက်မှု၊လက်မှု လုပ်ငန်းမှတ်ပုံတင်လက်မှတ်
🖍အသေးစား စက်မှု၊လက်မှု လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားပေးခြင်း
🖍သက်တမ်းတိုးဆောင်ရွက်ပေးခြင်း
8.SME Card
🖍SME Card လျှောက်ထားပေးခြင်း
🖍သက်တမ်းတိုး ဆောင်ရွက်ပေးခြင်း
📌📌📌စတဲ့ လုပ်ငန်းများ အားလုံးကို တစ်နေရာထဲမှာ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ဖို့ Future FDA Service ကို သတိရလိုက်ပါနော်
✅ Company Registration မှစ၍
FDA, Export & Import, Tax, UMFCCI, Online Sale, SME Registrationနှင့် Business Support ဝန်ဆောင်မှုများအထိ
✅လုပ်ငန်းအားလုံးကို တစ်နေရာထဲမှာ ပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်
🤝 Future FDA Service မှ အကောင်းဆုံံးသောဝန်ဆောင်မှုများဖြင့်ဆောင်ရွက်ပေးလျက်ရှိတာကြောင့် စိတ်ချယုံကြည်စွာဖြင့်အပ်နှံနိုင်ပါတယ်ရှင်။
ဆက်သွယ်ရန်လိပ်စာ
📩 [email protected]
📞 09969164308 (Viber)
27/01/2026
08/12/2025
🌟 အစားအသောက်လုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ အတွက် သိထားရမယ့် Label Requirements‼️
အစားအသောက်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေနဲ့ FDA (Labelling Order) စံချိန်စံနှုန်းအရ Food Label တွင် မဖြစ်မနေ ဖော်ပြထားရမယ့် အချက်များကို သိထားရန် လိုအပ်ပါသည်။ ✔️
📌 အသင့်ထုပ်ပိုးထားသည့် အစားအသောက်၏ အမှတ်တံဆိပ်တွင် အောက်ပါအချက်များ မဖြစ်မနေပါဝင်ရပါမည်။
🎈အစားအသောက်အမည် (The name of the food)
🎈ပါဝင်ပစ္စည်းစာရင်း (List of ingredients)
🎈အသားတင်ပမာဏ၊ အရေအတွက် & အရည်စစ်အလေးချိန် (Net Content, Quantity & Drained Weight)
🎈ထုတ်လုပ်သူ/တင်သွင်းသူ အမည်နှင့် လိပ်စာ (Name & Address)
🎈ထုတ်လုပ်သည့်နိုင်ငံ (Country of Origin)
🎈မျိုးတူစုအထောက်အထား (Lot Identification)
🎈ရက်စွဲအမှတ်အသား (Date Marking – MFG/EXP)
🎈သုံးစွဲရန် ညွှန်ကြားချက် (Instructions for Use)
✨ သင့်ထုတ်ကုန် Label ကို FDA စံနှုန်းအတိုင်း မှန်ကန်စွာတင်ပြနိုင်ဖို့
💼 Future FDA Service တွင် Labelling Order နှင့်အညီ လိုအပ်သည်များကို တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။
ဆက်သွယ်ရန်လိပ်စာ
📩 [email protected]
📞 09969164308 (Viber)
Click here to claim your Sponsored Listing.
Category
Website
Address
No 15 Kamayut
Yangon