Digital Base
We Design, Develop, Deliver delightful digital products & experiences
လုပ်ငန်းများ နည်းပညာကိုအသုံးပြုပြီး ပိုမိုလွယ်ကူချောမွေ့စေရန် နဲ့ ပိုမိုတိုးတက်စေရန်မှာ Digital Base ရဲ့ Mission ဖြစ်ပါတယ်။
01/05/2026
လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ နောက်ကွယ်ကနေ မပင်မပန်းဘဲ ကြိုးစားအားထုတ်ပေးနေကြတဲ့ ဝန်ထမ်းတွေရဲ့ လုပ်အား၊ စိတ်အားတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” မှာ Digital Base Team Member တွေနဲ့တကွ မြန်မာနိုင်ငံတစ်ဝန်းရှိ အလုပ်သမားထုကြီး တစ်ရပ်လုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။
နှစ်သစ်မှာ အားအင်သစ်တွေနဲ့အတူ မိမိတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို အောင်မြင်စွာ တက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ 🙏
30/04/2026
ဗျာဒိတ်၊ ဖွား၊ ပွင့်၊ စံဝင်... လေးတန်တိုက်ဆိုင်တဲ့ ဒီကဆုန်လပြည့်နေ့မှာ မြတ်ဗုဒ္ဓရဲ့ မေတ္တာရိပ်အောက်မှာ အားလုံးပဲ အေးချမ်းကြပါစေ။ 🌿
💧 ညောင်ရေသွန်းလောင်းရင်း ကုသိုလ်ယူကြသလို၊ မိမိတို့ရဲ့ စိတ်နှလုံးသားထဲမှာလည်း ငြိမ်းချမ်းတဲ့ တရားရေအေးတွေ လွှမ်းခြုံနိုင်ကြပါစေလို့ Digital Base မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
27/04/2026
"ပန်းသီးကြွေကျတာကို လူသန်းပေါင်းများစွာ မြင်တွေ့ခဲ့ကြဖူးပါတယ်၊ ဒါပေမဲ့ နယူတန် တစ်ယောက်ကသာ 'ဘာကြောင့်လဲ' ဆိုတဲ့မေးခွန်းကို ထုတ်ခဲ့တာပါ။"
~ Bernard Baruch
24/04/2026
🛒 E-commerce Website တစ်ခုမှာ မဖြစ်မနေ ပါဝင်ရမယ့် Features များ
အွန်လိုင်းကနေ ပစ္စည်းရောင်းချရုံတင်မဟုတ်ဘဲ Customer တွေရဲ့ ယုံကြည်မှုကိုရရှိပြီး Sales တွေ တက်လာစေဖို့ဆိုရင် သင့် Website မှာ အောက်ပါ Features တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။
၁။ Mobile Responsive Design (ဖုန်းနဲ့ကြည့်ရင်လည်း လှပနေခြင်း) 📱
ယနေ့ခေတ် Customer အများစုဟာ ဖုန်းနဲ့ပဲ ဈေးဝယ်ကြတာပါ။ ဒါကြောင့် သင့် Website ဟာ ကွန်ပျူတာမှာတင်မကဘဲ ဖုန်း Screen ပေါ်မှာလည်း ကြည့်ရတာ ရှင်းလင်းပြီး ဝယ်ယူရလွယ်ကူနေဖို့ ပထမဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
၂။ Advanced Search & Filtering (ရှာဖွေရတာ လွယ်ကူခြင်း) 🔍
ပစ္စည်းအမျိုးအမည်တွေ များလာတဲ့အခါ Customer က သူလိုချင်တာကို အမြန်ဆုံး ရှာတွေ့ဖို့ လိုပါတယ်။ အမျိုးအစား (Category) အလိုက်၊ ဈေးနှုန်းအလိုက် ဒါမှမဟုတ် အရောင်/ဆိုဒ် အလိုက် Filter ပေးနိုင်တဲ့ စနစ်က အရမ်းအရေးကြီးပါတယ်။
၃။ Secure & Diverse Payment Gateways (လုံခြုံစိတ်ချရသော ငွေပေးချေမှု) 💳
KPay, Wave Money, Mobile Banking စတဲ့ ပြည်တွင်းသုံး ငွေပေးချေမှုတွေနဲ့ ချိတ်ဆက်ထားရပါမယ်။ လုံခြုံစိတ်ချရမှုရှိမှသာ Customer က သူ့ရဲ့ ငွေကြေးအချက်အလက်တွေကို ယုံကြည်စိတ်ချစွာ ထည့်သွင်းမှာ ဖြစ်ပါတယ်။
၄။ High-Quality Images & Detailed Descriptions (ပုံနှင့် အချက်အလက် ပြည့်စုံမှု) 📸
အွန်လိုင်းမှာ ပစ္စည်းကို ကိုင်ကြည့်လို့မရတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ပုံတွေနဲ့ တိကျတဲ့ အချက်အလက် (ဥပမာ - ဆိုဒ်၊ အရွယ်အစား၊ အသုံးပြုထားတဲ့ ပစ္စည်း) တွေကသာ Customer ကို ဆုံးဖြတ်ချက်မြန်မြန် ချနိုင်စေမှာပါ။
၅။ Ratings & Reviews (သုံးစွဲသူများ၏ ထင်မြင်ချက်) ⭐
တခြားသူတွေရဲ့ Review တွေက အသစ်လာဝယ်တဲ့ Customer အတွက် အကြီးမားဆုံးသော ယုံကြည်မှု (Social Proof) ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် Review ပေးနိုင်တဲ့ Feature ကို မေ့ထားလို့ မရပါဘူး။
၆။ Inventory Management System (ပစ္စည်းလက်ကျန် စီမံခန့်ခွဲမှု) 📦
ရောင်းသူအတွက် အရေးကြီးဆုံးကတော့ Stock လက်ကျန်ကို Website ပေါ်မှာ တိုက်ရိုက်ကြည့်နိုင်တာပါ။ ပစ္စည်းပြတ်သွားရင် "Out of Stock" လို့ အလိုအလျောက် ပြပေးနိုင်ခြင်းက Customer နဲ့ အထင်အမြင်လွဲမှားမှုကို ရှောင်ရှားနိုင်ပါတယ်။
Website ကောင်းတစ်ခုက သင့်ရဲ့ ၂၄ နာရီပတ်လုံး အလုပ်လုပ်ပေးနေတဲ့ အကောင်းဆုံးအရောင်းဝန်ထမ်းတစ်ယောက်နဲ့ အလားတူပါတယ်။
လူကြီးမင်းရဲ့ လုပ်ငန်းအတွက် ဒီလို Features တွေ အပြည့်အစုံပါဝင်တဲ့ Professional E-commerce Website တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Digital Base မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လုပ်ငန်းလိုအပ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် System ကို ကျွန်တော်တို့က ကျွမ်းကျင်စွာ ဖန်တီးပေးသွားမှာပါဖြစ်ပါတယ်။
📈 သင့်လုပ်ငန်းကို Digital လောကထဲမှာ အောင်မြင်စွာ တိုးချဲ့ဖို့ ဒီနေ့ပဲ စတင်လိုက်ပါ။
23/04/2026
🚀 WE ARE HIRING: Sales Executive (1 Post)
💼 Digital Base မှာ တာဝန်ထမ်းဆောင်ဖို့အတွက် Sales Executive တစ်ဦးကို အတွေ့အကြံအပေါ်မူတည်ပြီး လစာညှိနှိုင်းဖြင့် ထပ်မံ ခေါ်ယူလိုက်ပါတယ်ဗျာ။
📊 B2B Sales အတွေ့အကြုံရှိပြီး နည်းပညာပိုင်းကို စိတ်ဝင်စားသူဆိုရင် အခုပဲ လာရောက်လျှောက်ထားလိုက်ပါ။
🎯 Responsibilities
* Software ဝန်ဆောင်မှုများကို Client များထံ မိတ်ဆက်ရောင်းချခြင်း။
* Presentation ပြုလုပ်ခြင်း၊ Quotation နှင့် စာချုပ်စာတမ်းများ ပြင်ဆင်ခြင်း။
* Client များနှင့် ရေရှည်ဆက်ဆံရေးကို တည်ဆောက်ခြင်း။
* အရောင်းမှတ်တမ်းများ ပြုစုခြင်းနှင့် လစဉ်ကြေးများ ကောက်ခံခြင်း။
📋 Qualifications
* ဘွဲ့ရရှိထားသူဖြစ်ပြီး B2B Sales အတွေ့အကြုံ (၁-၃) နှစ်ရှိသူ။ (Tech/Software အပိုင်းအတွေ့ကြုံရှိသူ ဦးစားပေးမည်။)
* Software Development အခြေခံကို နားလည်ပြီး Negotiation Skills ကောင်းမွန်သူ။
* MS Office / Google Workspace ကျွမ်းကျင် ပိုင်နိုင်သူ။
Salary: Negotiable based on experience
🕒 Working Days: Monday to Friday - 9 AM to 5 PM (Sat, Sun & Public Holidays OFF)
📍 Location: MICT Park၊ လှိုင်မြို့နယ်၊ ရန်ကုန်။
📩 Apply Now: သင့်ရဲ့ Updated CV ကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
20/04/2026
အလုပ်တစ်ခုကို ဒီထက်ပိုပြီး ကောင်းမွန်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းဆိုတာ အမြဲရှိပါတယ်။ အဲဒီနည်းလမ်းကို ရှာဖွေလိုက်ပါ။
~ Thomas Edison
19/04/2026
🏛️ အိမ်ဖြူတော် (The White House) တောင် App တစ်ခုထုတ်ထားတယ်ဆိုတာ သင်သိပါသလား? 📱
ကမ္ဘာ့အင်အားကြီးနိုင်ငံရဲ့ သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်ကတောင် နည်းပညာကို အသုံးချပြီး ခေတ်စနစ်နဲ့အညီ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်ဖို့ ကိုယ်ပိုင် Mobile Application ထုတ်လိုက်ပါပြီ။
"The White House" Application ဟာ သမ္မတရဲ့ မိန့်ခွန်းတွေ၊ အရေးကြီးတဲ့ မူဝါဒကြေညာချက်တွေနဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာတစ်ဝန်းက လူတွေဆီ အချိန်နဲ့တစ်ပြေးညီ ရောက်ရှိစေဖို့ ဖန်တီးထားတာဖြစ်ပါတယ်။
ဒါဟာ နည်းပညာက ဘယ်လောက်အထိ အရေးပါလဲဆိုတဲ့ သက်သေတစ်ခုပါပဲ။
💡”The White House” က Application ထုတ်လိုက်ခြင်းအားဖြင့်
👉 Transparency (ပွင့်လင်းမြင်သာမှု): အဖွဲ့အစည်းတစ်ခုဟာ သူ့ရဲ့ အချက်အလက်တွေကို App ကတစ်ဆင့် တိုက်ရိုက်ချပြခြင်းအားဖြင့် ပိုမိုခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။
👉 Accessibility (လက်လှမ်းမီမှု): ဘယ်လောက်ကြီးမားတဲ့ အဖွဲ့အစည်းဖြစ်ပါစေ၊ လူတွေရဲ့ လက်ဖဝါးပေါ်က ဖုန်းထဲအထိ ရောက်အောင်သွားနိုင်မှသာ ထိရောက်တဲ့ ဆက်သွယ်မှု (Effective Communication) ဖြစ်မှာပါ။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရယန္တရားကြီးတွေ၊ အိမ်ဖြူတော် (The White House) လို အဖွဲ့အစည်းကြီးတွေဟာ Digital စနစ်ကို အလုံးအရင်းနဲ့ ကူးပြောင်းနေကြပါပြီ။
ဒါဟာ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပေးနေတဲ့ Message တစ်ခုပါပဲ။ အဲဒါကတော့ "Digital Transformation" ကို မလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေဟာ ခေတ်နောက်ကျ ကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။
နည်းပညာဆိုတာ အကန့်အသတ်မရှိပါဘူး။ အိမ်ဖြူတော်ကနေ သင့်ရဲ့ လုပ်ငန်းငယ်လေးအထိ Application တစ်ခုဟာ အင်အားအရှိဆုံး ဆက်သွယ်ရေး လက်နက်တစ်ခု ဖြစ်နိုင်ပါတယ်။
🤔 မိတ်ဆွေတို့ကော... အိမ်ဖြူတော်က ထုတ်တဲ့ App ကို ဝင်ရောက်လေ့လာကြည့်ဖူးလား?
🤔 ဒါမှမဟုတ် ကိုယ့်လုပ်ငန်းအတွက်ရော ဒီလို App မျိုး ရှိသင့်တယ်လို့ ထင်ပါသလား?
Comment မှာ ဆွေးနွေးခဲ့ကြပါဦးနော်! 👇
17/04/2026
ဧပြီလ၊ (၁၇) ရက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့မှာ ဘေးဘယာဝေး အပူကင်းပြီး အေးချမ်းကြပါစေလို့ Digital Base မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏
15/04/2026
🚀 App Development ကို မြန်ဆန်စေတဲ့ Flutter
အရင်တုန်းက Mobile Application တစ်ခုကို iOS ရော Android အတွက်ပါ ရေးသားဖို့ဆိုရင် အချိန်နဲ့ လူအင်အား နှစ်ဆပေးခဲ့ရပါတယ်။
ဒါပေမယ့် Google ရဲ့ Flutter နည်းပညာ ပေါ်လာတဲ့အခါမှာတော့ App Development လောကကြီးဟာ သိသိသာသာနဲ့ မြန်ဆန်ချောမွေ့သွားခဲ့ပါတယ်။
Flutter က ဘာကြောင့် အချိန်ကုန်သက်သာစေတာလဲ?
၁။ Multi-Platform (Code တစ်ခါရေးရုံနဲ့ နှစ်မျိုးလုံးမှာ ရနိုင်ခြင်း) 🛠️
Flutter ရဲ့ အကြီးမားဆုံး အားသာချက်က "Single Codebase" ပါ။ Code တစ်ခါတည်း ရေးရုံနဲ့ Android ရော iOS အတွက်ပါ App ထုတ်နိုင်တဲ့အတွက် Developer တွေအနေနဲ့ Platform တစ်ခုချင်းစီအတွက် သီးသန့်ရေးစရာမလိုတော့ဘဲ အချိန်ကို ထက်ဝက်နီးပါး လျှော့ချနိုင်ပါတယ်။
၂။ Hot Reload (ပြင်လိုက်တာနဲ့ ချက်ချင်းမြင်ရခြင်း) 🔥
သာမန်နည်းပညာတွေမှာ Code တစ်ကြောင်းပြင်ပြီးတိုင်း App ကို ပြန်ပိတ်၊ ပြန်ဖွင့်လုပ်ရလို့ အချိန်အများကြီး ပေးရပါတယ်။ Flutter ရဲ့ Hot Reload Feature ကတော့ Code ပြင်လိုက်တာနဲ့ App ထဲမှာ တစ်စက္ကန့်အတွင်း ပြောင်းလဲသွားတာကို ချက်ချင်းမြင်ရပါတယ်။ ဒါကြောင့် Bug ရှာတာနဲ့ Design ပြင်တာတွေမှာ အလွန်မြန်ဆန်တာပါ။
၃။ Ready-to-use Widgets (အသင့်သုံး Design များ) 🎨
Flutter မှာ လှပတဲ့ UI Design တွေ ဖန်တီးဖို့အတွက် အသင့်သုံး Widgets တွေ အများကြီး ပါဝင်ပါတယ်။ iOS ရဲ့ Cupertino Widgets တွေ၊ Android ရဲ့ Material Design တွေပါ အလွယ်တကူ ထည့်သွင်းနိုင်လို့ Designer ရဲ့ စိတ်ကူးကို လွယ်ကူစွာ လက်တွေ့အကောင်အထည်ဖော်နိုင်ပါတယ်။
သင့်လုပ်ငန်းအတွက် Application တစ်ခုကို အချိန်တိုအတွင်းမှာ Quality အကောင်းဆုံးရရှိနိုင်အောင် Flutter ကို ရွေးချယ်ဖို့ အကြံပြုပါရစေ။
ကုန်ကျစရိတ် သက်သာပြီး ဈေးကွက်ထဲကို အမြန်ဆုံး (Time-to-market) ရောက်ရှိနိုင်ဖို့အတွက် Digital Base က အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။
ပိုမြန်တဲ့ နည်းပညာ၊ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို Digital Base မှာ အကောင်အထည်ဖော်လိုက်ပါ။
💦 သင်္ကြန်အကြတ်နေ့လေးမှာလည်း Digital Base ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ။ 🙏
13/04/2026
"တီထွင်ဆန်းသစ်မှု (Innovation) ဆိုတာ ဦးဆောင်သူ (Leader) နဲ့ နောက်လိုက် (Follower) တို့ကြားက ကွာခြားချက်ပဲ ဖြစ်ပါတယ်။" Steve Jobs
💦 သင်္ကြန်အကြိုနေ့လေးမှာ နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့အတူ ဆေးကြောသန့်စင်သွားပြီး ဘေးကင်းလုံခြုံ၍ ပျော်ရွှင်စရာကောင်းသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 🙏
10/04/2026
✨ Digital Base ရဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက် အသိပေးကြေညာခြင်း ✨
မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် အချိန်အခါသမယသို့ ရောက်ရှိတော့မည် ဖြစ်ပါသဖြင့် Digital Base မှ အောက်ပါအတိုင်း ရုံးပိတ်မည်ဖြစ်ကြောင်းကို အသိပေးအပ်ပါတယ်။
📅 ရုံးပိတ်ရက်ကာလ: ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ
📅 ရုံးပြန်ဖွင့်မည့်ရက်: ဧပြီလ (၂၀) ရက်နေ့ (တနင်္လာနေ့)
ရုံးပိတ်ရက်ကာလအတွင်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အရေးကြီးကိစ္စရပ်များရှိပါက [Message Box] သို့ ချန်ထားခဲ့နိုင်ပါတယ်။
မိတ်ဟောင်း၊ မိတ်သစ်များအားလုံး အေးချမ်းပျော်ရွှင်စရာ ကောင်းသော သင်္ကြန်ရက်သတ္တပတ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Digital Base မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏💦
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
MICT Park, Building 15, 3rd Floor
Yangon
11211
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |