MettaSearch

MettaSearch

Share

We are Consulting Agency for Executive Search, Staffing and Marketing for Businesses!

Photos from MettaSearch Learning Academy's post 09/09/2023

Dear Network!

For your personal growth!

11/01/2023

Our partner is looking for talented educators!

Please feel free to grab the chance!

08/01/2023

သေးငယ်သော အရာများသည်
ကြီးကျယ်ဖို့ အစပျိုးခြင်းပါ

Crd: Forbes

06/01/2023

ကောင်းတာလုပ်နေရင်
လမ်းမှန်နေရင် devil က နှောင့်ယှက်တယ်တဲ့
ဆိုလိုတာက ပြဿနာရှိတယ်ပေါ့

Denzel Washington က ပြောတာ

အဲဒီလိုဘဲ မိတ်ဆွေဘဝမှာ အခက်အခဲတွေ့ရင်
ပြဿနာတွေ့ရင် အဲဒီလိုစိတ်ထားပြီး
ကြိုစားကျော်လွှားဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

MettaSearch Team

01/01/2023

Dear all!

အောင်မြင်ချမ်းသာသော နှစ်တစ်နှစ် ဖြစ်ပါစေလို့

MettaSearch Team မှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်။

MettaSearch Team

Personal Development Learning Series: Transform your challenges into opportunities 12/11/2022

Personal Development Series: How to transform your challenges into opportunities

✅ ကမ္ဘာ တလွှား ဘာတွေ ဖြစ်နေလဲ

✅ အခက်အခဲဆိုတာ အသွင်ပြောင်း အခွင့်အလမ်းလား

✅ ဆမ်မား ဆက်မွန်ရဲ့ The Verger က ဘာတွေ ထောက်ပြ‌နေလဲ

✅ မဖြစ်နိုင်ဘူးဆိုသည့် တွန်းကန်မှုတွေ ဘယ်လို ကျော်လွှားမလဲ

✅ အခွင့်အလမ်းဆိုတာ မျက်စိရှေ့မှာတင် ရှိ‌‌နေတတ်သည်။

✅ Pressure ဆိုတာ ဘဝအတွက် တွန်းအားတစ်ခု

စတာတွေကို တင်ပြထားပါတယ်။

Learning Series များကို ဆက်လက်တင်ဆက်မှာမို့
MettaSearch YouTube Channel ကို
Subscribe လုပ်ထားနိုင်ပါတယ်။

MettaSearch Team

Personal Development Learning Series: Transform your challenges into opportunities You will see challenges all of you life.What can you do in crisis time?What "The Verger" can give you as the life lessons?How does he transform his challenge...

04/11/2022

E mail ရေးတတ်ပါစေ

အားလုံးသိတဲ့အတိုင်း
နည်းပညာ ခေတ်မို့ လုပ်ငန်းတွေလုပ်ရာမှာ
Emailကို တွင်ကျယ်စွာ အသုံးပြုရပါတယ်။

တော်တော်များများက Email သုံးတတ်တယ်လို့
ယူဆနိုင်ပေမယ့် ပုံစံမကျတာ လွဲနေတာ
Pro မဆန်သေးတာတွေလည်းတွေ့ရနိုင်ပါတယ်။

Email ပို့တဲ့အခါ ကိုယ့်အလုပ်အကြောင်း ကိုယ့် Product အကြောင်း အသိပေးတာ ဒါမှမဟုတ်
Information တောင်းခံတာ မိတ်ဆက်တာ စသည်ဖြင့်
အမျိုးမျိုးရှိနိုင်ပါတယ်။

အဲဒီအခါမှာ ကိုယ် Emailပို့တဲ့အကြောင်းကို Subject line မှာ သေချာတိကျစွာဖော်ပြဖို့လိုပါတယ်။
နောက်ပြီး ရေးတဲ့စာသားကလည်း မနည်းလွန်း မများလွန်းဖြစ်သင့်ပြီး တိကျဖို့လိုပါတယ်။

စာနည်းလွန်းရင် Information မစုံသလိုဖြစ်ပြီး
စာများရင် တဘက်က ကိုယ့် Email ကို ဖတ်မည့်သူအတွက် အချိန်မရှိတာမျိုးဖြစ်နိုင်ပါတယ်။

အဆုံးသတ်မှာလည်း တဘက်က ကိုယ့်ကို ပြန်မေးချင်(သို့)ဆက်သွယ်ချင်ရင် ဘယ်လိုဆက်သွယ်နိုင်တယ်ဆိုတာကိုပါ
ဖော်ပြဖို့လိုပါတယ်။

အဲဒီအချက်တွေမစုံတာ မလုပ်မိတာမျိုးကို
အလုပ်ဝင်ခါစလူငယ်တွေမှာ တွေ့ရတာများပါတယ်။

ကြိုးစားပြင်ဆင်ပါ

MettaSearch

03/11/2022

Change ကိုသွားရာမှာ

မြန်ဖို့ မလိုသလို

နှေးလို့မရ

မှန်မှန် နှင့် စနစ်တကျ သွားတတ်ရန်လို

MettaSearch Team

02/11/2022

Fresh Graduate တွေရဲ့ပြဿနာ

ကျောင်းပြီးခါစ Fresh Graduate တွေ လုပ်ငန်းခွင် ဝင်တဲ့အခါ အဆင်မပြေမူလေးတွေကြုံရတတ်ပါတယ်။
ဘာတွေဖြစ်မလဲ ကြည့်ရအောင်

1 # အလုပ်ရှာရခက်ခြင်း

ခေါ်တဲ့ အလုပ်အများစုဟာ Experience ရှိသူတွေကို
ခေါ်ကြတာဖြစ်လို့ Fresh Graduate တွေအနေနဲ့
အလုပ်လျှောက်ရတာ ပြိုင်ဆိုင်မူ ပြင်းထန်နိုင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အလုပ်သင် (Internship) ခေါ်ယူမူမှာလည်း အရမ်းမများသေးသည့်အတွက်
အလုပ်ရှာသူ Fresh Graduate တွေအနေနဲ့ ရွေးချယ်စရာ အခွင့်အလမ်းနည်းနေပါသေးတယ်။

ဒါပေမယ့် ရှေ့က သွားနှင့်တဲ့ Senior များလည်း
ဒီခရီးကြမ်းကို ဖြတ်သန်းခဲ့ရတာဖြစ်လို့ စိတ်ပျက်လို့မရပါဘူး။

ဇွဲရှိဖို့လိုပါတယ်။

2 # ရတဲ့အလုပ်မှာ အဆင်မပြေခြင်း

အလုပ်တခု ပင်ပင်ပန်းပန်းရှာပြီးမှ တကယ်အလုပ်ဝင်တဲ့အခါ အဆင်မပြေတာ
အလုပ်က ပင်ပန်းတာ ပေါင်းသင်းဆက်ဆံရေး
အခက်အခဲ စတာတွေကြုံရနိုင်ပါတယ်။

ဒါတွေကလည်း လူတိုင်းကြုံရတတ်တဲ့ပြဿနာတွေဖြစ်ပြီး
တချို့ကိစ္စများဟာ
ကိုယ့်ရဲ့ Attitude နဲ့လည်းဆိုင်ပါတယ်။

အလုပ်စလုပ်ပြီဆိုကတည်းက ကိုယ်ဟာ
ကျောင်းသား/သူ မဟုတ်တော့ဘူး အိမ်မှာ
ကျောင်းမှာလို ကလေးလို
နေလို့မရတော့ဘူးဆိုတာမျိုးကို နားလည်ထားပြီး
ရင့်ကျက်အောင် သင်ယူတတ်ဖို့လိုပါတယ်။

3 # အလုပ်ပြောင်းချင်စိတ်များခြင်း

အပေါ်မှာပြောခဲ့သလို အခက်အခဲတွေတွေ့တဲ့အခါ
အလုပ်ပြောင်းလိုခြင်း စိတ်ဓာတ်ကျခြင်း
အခက်အခဲကို အလွယ်တကူ အလျော့ပေးပြီး
သက်သာရာကိုသာ ရွေးလုပ်လိုခြင်းတွေ ဖြစ်တတ်ပါတယ်။

အဲဒီလိုတွေဖြစ်လာတဲ့အခါ
သေချာ စဉ်းစား သုံးသပ်နိုင်ဖို့လိုပါတယ်။
အလုပ်သစ်ကြောင့်တွေ့ရတဲ့ အခက်အခဲအများစုဟာ
Exp မရှိသေးလို့ ကြုံရတတ်တာများပြီး
ဘယ်အလုပ်သွားသွား ကြုံရနိုင်တာတွေများပါတယ်။

အဲဒါတွေကို ကျော်ဖြတ်ဖို့က ဇွဲနဲ့ Challenge တွေကို
ရင်ဆိုင်ဖို့ကလွဲပြီး တခြားဖြတ်လမ်းမရှိပါ။
မသိသေး မတတ်သေးရင် မေးပါ
သင်ယူပါ။ အလုပ်နဲ့ပတ်သက်တဲ့
Knowledge အတွက် အချိန်ပေးပါ။
မာနမထားပါနဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း
သင်ယူပါ။
တဖြည်းဖြည်း အဆင်ပြေလာမှာပါ။

Fresh Graduate တိုင်းဟာ Talent ရှိသူတွေ
ဖြစ်လာနိုင်တာကို မမေ့ပါနဲ့

MettaSearch Team

Marketing Management Learning Series: Personal Selling 31/10/2022

Marketing Management Learning Series:
Personal Selling

✅ Business တွေရဲ့ အသက်က ဘာလဲ

✅ Sales Process တစ်ခုလုံးက
ဘာတွေ အရေးကြီးလဲ

✅ Customer Representative က ဘယ်သူလဲ

✅ အတော်ဆုံး အရောင်းသမားက ဘာတွေသိထားရမလဲ

စတာတွေကို တင်ပြထားပါတယ်

Learning Series များ ဆက်လက် တင်ဆက်မှာမို့
MettaSearch YouTube Channel ကို
Subscribe လုပ်ထားနိုင်ပါတယ်။

MettaSearch Team

Marketing Management Learning Series: Personal Selling What all business do in this world?Why sales function is important for your business?What is interactive sales?How can you train your sales team?Make sure yo...

Marketing Management Learning Series: Raising Prices (‌ဈေးတက်ရ မှာလား) 30/10/2022

Marketing Management Learning Series:
Raising Prices (ဈေးတက်ရမှာလား)

✅ လုပ်ငန်းတွေ ဘယ်အချိန်မှာ ဈေးတက်ရမလဲ

✅ ဈေးတက်ဖို့ စဉ်းစားရင် ဘာတွေ တွေးရမလဲ

✅ Loyal Customer Group အတွက် ဘာတွေ
စဉ်းစားပေးရမလဲ

✅ဈေးကို ပိုတက်လို့ရပေမယ့် ဘာတွေ သတိထားရမလဲ

✅ Sustainable Business Growth အတွက်
ဘာတွေလုပ်ရမလဲ စတာတွေကို တင်ပြထားပါတယ်။

Learning Series များဆက်လက်တင်ဆက်မှာမို့
MettaSearch YouTube Channel ကို
Subscribe လုပ်ထားနိုင်ပါတယ်။

MettaSearch Team

Marketing Management Learning Series: Raising Prices (‌ဈေးတက်ရ မှာလား)

Marketing Management Series: Important Marketing Stakeholders 22/10/2022

Marketing Management Series:
Important Marketing Stakeholders

✅ Marketing က ဘယ်‌လောက် အရေးကြီးသလဲ

✅ Philip Kotler က ဘာပြောခဲ့သလဲ

✅ YWN က ဘာလဲ

✅ Youth တွေက ဘာတွေလုပ်နိုင်သလဲ

✅ အမျိုးသမီးတွေက ဘာတွေ Share လေ့ရှိသလဲ

✅ Netizen ကကော သင့် Product အတွက်
ဘယ်လိုအကျိုးပြုသလဲ

✅ Campaign Run ရင် ဘာတွေကို
Focus လုပ်ရမလဲ

စတာတွေကို တင်ပြထားပါတယ်

Learning Series များ ဆက်တိုက် တင်ဆက်မှာမို့
MettaSearch YouTube Channel ကို
Subscribe လုပ်ထားနိုင်ပါတယ်။

MettaSearch Team

Marketing Management Series: Important Marketing Stakeholders How would you engage your customer groups?What is YWN?What can Netizens do for your business?

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 129, 36th Street ( Middle Block) Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00