Future Life
Remember Me Not Always But sometime
13/04/2026
ချင်းမိုင် သင်္ကြန် နဲ့ ရန်ကုန်သင်္ကြန် အကြိုနေ့
ဘာတွေ ဘယ်လို ကွာခြားသွားလဲ
သင်္ကြန်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အမွေနှစ် ဆိုပေမယ့် အခုနောက်ပိုင်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပိုပြီးစည်ကားလာတာ ဘာကြောင့်လို့ ထင်လဲ ...
မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်က သင်္ကြန်မြင်ကွင်းပုံလေးတွေနဲ့အတူ ထင်မြင်ချက်လေးကို ပြောပြခဲ့နော် ၂၀၂၆ သင်္ကြန် အမှတ်တရပေါ့ဗျာ
11/04/2026
၄ လပိုင်း ၁ ရက်နေ့ကလပေါ်ကို ထွက်ခွာသွားတဲ့ Artemis II အာကာသယာဉ်တောင် ကမ္ဘာကို ပြန်ရောက်လာခဲ့ပြီ ...... ၃ လပိုင်း ၂၅ ရက်နေ့က မှာထားတဲ့ပစ္စည်းခုထိမရောက်သေးဘူး....
မင်းတို့က ဘယ်ကမ္ဘာပတ်လမ်းကြောင်းတွေကများ ပတ်သွားနေကြလို့လဲဟ 😵💫😵💫
10/04/2026
အရင်တုန်းကဆို အကြိုနေ့မရောက်ခင် နှစ်ရက်လောက်ထဲက သူငယ်ချင်းတွေ အလျှိုလျှို စက်ဘီးတွေနဲ့ ရောက်လာကြပြီ
ဘာအစီအစဉ်ရှိလဲ ဘာလုပ်ဖို့ရှိလဲလာမေးကြပြီ ။
သင်္ကြန်မှာဆို ကိုယ်က မအေအေးဝင်း ဖြစ်တာများတယ် ။
ကားဌားထားတယ် Light truck ဆို တစ်ရက် 150000(လွန်ခဲ့တဲ့ 15နှစ် အနှစ် 20 ေလာက်က ဈေး)လောက်ပေးရတယ် ။ သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ စကီဘာညာစမာကလာစုလိုက်ရင်ကို အယောက် 20ကျော် လောက်ရှိသွားရောပဲ ။
အစားအသောက်အပြီးအစီးကို တစ်ယောက် တစ်ရက် 12000 လောက်နဲ့ တစ်ချို့ကကြိုပေးတစ်ချို့က အကြွေး တစ်ချို့ကနောက်မှပေး တစ်ချို့က ဘယ်တော့မှမပေး ။
ကားဖိုးရှင်းလို့ စားရင်းချုပ်လိုက်ရင် မအေးအေးဝင်းက နှစ်သောင်းသုံးသောင်း စိုက်ရတယ် ။
အယွခေါင်ချုပ်ဆိုတော့လည်း ပိုပေးရတာပေါ့ ။
အကျနေ့ အကြတ်နေ့ ဒါမှမဟုတ် အကြတ်နေ့ အတတ်နေ့ နှစ်ရက်လည်ကြဖို့ပလန်ကြပြီးရင် အရင်ဆုံး လုပ်ကြတာက အဝတ်အစားပဲ ။
တချို့က သင်္ကြန်မတိုင်ခင်ထဲက ယုဇနပလာဇာပြေးတယ် ။ အဝတ်အစားသစ်တွေ နှမျှောတတ်တဲ့ ကိုယ်ကတော့ အင်္ကျီ နဲ့ အပေါ်က ဂျက်ကက်လောက်ပဲ ခပ်ကောင်းကောင်းဝတ်ပြီး ဘောင်းဘီအတွက်ဆို ဆူးလေ ပန်းဆိုးတန်း တစ်ကျောက ဘေထုပ်တန်းကနေ ခပ်လတ်လတ် တစ်ထည့်ဆွဲပြီး ပြန်လျှော် ဝတ်တာပဲ ။
သင်္ကြန်မှာ အပျက်စီးဆုံးက ဘောင်းဘီ ပဲ ။ ပြီးရင် နေကာမျက်မှန် ခေါင်းစီးပဝါ စတာတွေက အပျောက်ဆုံး ။အကောင်းစားဝယ်ရင် ခံပေတော့ပဲ ။
လည်မဲ့နေ့ရောက်ရင် စီစဉ်သူက မနက်အစောကြီး ထရတယ် ။
ကားသမားဖုန်းဆက် ။ ကားသမားရောက်ရင် ကားပေါ် ဝါးလုံးတန်းရပြီ၊
အဲ့ဝါးလုံးက အရေးကြီးတယ် ။ မဟုတ်ရင် ကားပေါ်ကနေ သုံးလေးယောက်ပြုတ်ကျပြီပဲ ။
တစ်ချို့ကတော့ကြိုးတန်းတယ် ။ ကိုယ်တွေကတော့ ကြိုးထက်ပိုမာတဲ့ ဝါးလုံး နှစ်လုံးကို ထောက်ဆူးပုံစံ တန်းလိုက်ရင် လည်ပါလေ့ တစ်နေကုန် ။
ပြီးတာနဲ့ ကားသမားကို လူခေါ်မဲ့ လမ်းကြောင်းပြောပြီး လူပတ်ခေါ်ပြီ ။
တစ်ချို့က လမ်းထိပ်မှာစောင့် တစ်ချို့က အိမ်ရှေ့မှာ စောင့် စတိုင်နဲ့ မလိုင်နဲ့ ။
ရပ်ကွက်ထဲထွက်ရင် ကလေးတစ်အုပ်က သင်္ကြန်ကားကြီးဆိုပြီး ကားတားပြီး အရင်ရေပက်ပြီ ။
စော်ပါတဲ့ကောင်က တပါတ်ကောင်းကောင်း ဆောင်ထားတယ် ၊ မီးသတ်ပိုက်နဲ့ ကွန်ပရက်ဆာ ဒါဏ်ကာကွယ်ဖို့ ။
လူစုံရင် အရင်ရပ်တာ Liquor ဆိုင် ပဲ ။ ပိုက်ဆံကတော့ ပုလင်းနဲ့အမြည်းဆို ဘုံရှင်း၊ ဘီယာဆို အမေရိကန်စတိုင် ၊ ရေခဲဝယ် ။
ပြီးတာနဲ့ မောင်းထားဆရာရေ တာမွေ အရှေ့မြင်းပြိုင်ကွင်းကနေ မြို့ထဲ လသာ တစ်ဝိုက် ပြီးရင် မြို့တော်ခမ်းမရှေ့ အဲ့ကမှ တစ်ချို့က ပြည်လမ်းတိုးဖို့စီတယ် ၊ တစ်ချို့က အင်းယားလမ်းတိုးဖို့စီတယ် ၊နောက်ပိုင်းနှစ်ေတွကကန်တော်ကြီးပတ်လမ်းပေါ့ ။
အဲ့လမ်းတွေဝင်မစီဘူးဆို နေ့ခင်း ကန်တော်မင် ၊ ကန်တော်ကြီး ၊ မဟာဗန္ဓုလ၊ တိရိစ္ဆာန်ရုံ တစ်ခုခုမှာနားကြတယ် ။ နားဖို့အသွားလမ်းမှာ ဒံပေါက်၊ ကြာဇံကြော် ၊ ခေါက်ဆွဲကြော် တစ်ခုခု ဝင်ဝယ်ရတယ် တစ်ကားလုံးစာ ၊ ပြီးရင် နေကောင်းကောင်းရိပ်တဲ့ နေရာမှာ ကားရပ် စားကြ သောက်ကြ တရေးတမော အိပ်ကြ ။ စော်နဲ့ ကွိုင်တဲ့ကောင်က စော်ကိုချော့ရ နဲ့ ၊
ညနေ သုံးခွဲလောက်ရောက်ပြီဆို မြို့ထဲပြန်သွား လမ်းမတော်ကနေ လသာ တစ်ဝိုက်ပတ်ပြီးရင် ရေကျော်ကိုဝင် အဲ့ကမှ ဒေါပုံသာကေတ ရန်ပြေမာန်ပြေ ရပ်ကွက်သင်္ကြန်ထဲဝင်လိုက်ရင်များ ည 7 8မှ အိမ်ရောက်မယ် ။
အဲ့လမ်းကြောင်းမဟုတ်ရင် မြို့ထဲပတ်ပြီး စမ်းချောင်းဗဟိုလမ်းအစအဆုံး ဝင်ကြည့်လိုက် ကားရေဆေးတဲ့ ကွန်ပရက်ဆာ အများဆုံး လမ်းပဲ ။ ပြီးမှ အဲ့ကဖောက်ထွက် ပြည်လမ်းပတ် မြို့ထဲကနေ ပတ်ပြန်ကြ ။
အင်ယားမှာ မဏ္ဍပ်တွေ တန်းစီတုန်းကဆိုရင်တော့ မနက် မြို့ထဲပတ်ပြီးတာနဲ့ အစားအေသာက်ဝယ်ပြီး 12 လောက်ထဲက အင်းယားလမ်းကို ဝင်ဖို့ တန်းစီရတာ နေပူပူ ထဲ ကားတစ်စီးနဲ့ တစ်စီး ရေလှမ်းပတ်ကြ နောက်ကြ စကြ စကီတွေ ရေလိုက်လောင်းကြ နဲ့ ညနေ 5နာရီလောက်မှ မဏ္ဍပ်ရှေ့ရောက်တယ် ။
အင်ယားကတော့ တစ်နေကုန်နေပူခံတန်းစီရတာ တန်ချက်ပဲ ။ ညနေငါးနာရီကများ မဏ္ဍပ်တစ်ခုရှေ့စရောက်ရင် ည 6နာရီကျော်လောက်မှ မဏ္ဍပ်တန်းအဆုံးရောက်တယ် ။
အင်းယားတစ်လမ်းလုံးက ချောင်းရေစီးသလိုပဲ တစ်ချို့နေရာ ဒူးလောက်ထိရေရောက်တယ် ။ အင်းယားကထွက်ရင် ပြည်လမ်းဆက်ဝင် ညတော်တော် နောက်ကျမှ အိမ်ပြန်ရောက်တယ် ။
ခုတော့လည်း ဒါတွေက ဝတ္တုထဲကလိုလို အိမ်မက်ထဲကလိုလိုပဲ မှတ်ဉာဏ်ထဲကျန်တော့တယ်။
အသက်ကလည်း လူငယ်ဘ၀ကလို လတ်လတ်ဆက်ဆက် ပျော်ခွင့်မပေးတော့ဘူး ။ ခေတ်ကလည်း ခွင့်မပြုတော့ဘူး ။
အမှတ်တရပေါ့ ၊ သတိရလို့ ပြန်ရေးတာ ၊ နောက်ပြန်ရဖို့လည်း မသေချာတော့ပါဘူး ။
09/04/2026
မျက်ရည်ပျိုတဲ့နေ့ အပိုင်း ၂
မောင်ဘာတွေစဉ်းစားနေတာလဲ ခင်ဗိုက်ဆာလို့တစ်ခုခုသွားစားကြရအောင်နော် .. ဘာမှ မစဉ်းစားပါဘူး သွားစားကြတာပေ့ါခင်ရယ်..
အိမ်ပြန်ရောက်တော့ မိခင်ဖြစ်သူက အိပ်ရာပေါ်မှာ ဘေးတစောင်းလေး အိပ်ပျော်နေပြီ ပိုက်ဆံမလောက်တော့၍ မိခင်ဖြစ်သူမှာလိုက်သော ဘုရားစာအုပ်နဲ့ပုတီးကို မဝယ်နိုင်ခဲ့ပဲ မိခင်ကြီးစိတ်ကျေနပ်အောင်လမ်းထိပ်က မုန့်လင်မယား နှစ်ရာဖိုးကိုတော့ဝယ်လာခဲ့တယ်
အမေ အမေ မိခင်ဖြစ်သူအား လှုပ်နှိုးပြီးငုံ့ကြည့်လိုက်တော့ သူငယ်ငယ်က ပုံလေးကို ရင်ဝယ်ပိုက်ပြီး အိပ်ပျော်နေပြီး ပါးပြင်မှာလည်း မျက်ရည် စီးချောင်းလေးတွေခြောက်လို့နေပြီး အသက်မဲ့နေသော မိခင်ကြီးကိုနောင်တများစွာနဲ့ ငိုကြွေးနေရုံမှတစ်ပါး အခြားမရှိတော့ပြီ 😔😔
08/04/2026
မျက်ရည်ပျိုတဲ့နေ့ ( အပိုင်း ၁ )
တနင်္ဂနွေ အလုပ်ပိတ်ရက်
အပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့
သားဖြစ်သူကို မိခင်က
ခဏတာစိုက်ကြည့်နေရင်းပြောလိုက်တယ်
အမေ့သားက ရှိုးစမိုးတွေထုတ်ပြီး
ဘယ်သွားမလို့လဲ သားရဲ့ ..
ဘုရား သွားမလို့ပါအမေ ..
ဒါဆိုအမေလည်း လိုက်ချင်လိုက်တာ သားရယ် ဘုရားမှာ ပန်းရေချမ်းလေးကပ်ချင်လို့ ...
ဟာ အမေကလည်းမလိုက်ပါနဲ့
သားက သူငယ်ချင်းနဲ့သွားမလို့
အမေက အိမ်က ဘုရားမှာ
ကပ်လိုက်လည်း ရနေတာပဲ ..
သားဖြစ်သူရဲ့စကားကြောင့်
စိတ်မကောင်းဖြစ်သွားသော်လည်း
မျက်နှာက အပြုံးမပျက်ပဲ ဟုတ်ပါပြီ
သားရယ်အမေသိပါတယ်
သားသူငယ်ချင်းက မိန်းကလေးမဟုတ်လား ..
အမေမလိုက်တော့ပါဘူး ..
အမေ့အတွက် ပုတီးလေးနဲ့
ဘုရားစာအုပ်လေးပဲ ဝယ်လာပေးနော် ..
ဟုတ်အမေ သားပိုက်ဆံလောက်ရင်ဝယ်ခဲ့မယ်နော် ... အေးပါသားရယ် ပိုက်ဆံလောက်မှဝယ်ခဲ့နော် ..
သားဖြစ်သူ စိတ်ကျေနပ်အောင်
ပြောလိုက်သော်လည်း
မနေ့ကမှ လစာထုတ်ထားတာကို သိနေတော့
ရင်ထဲမကောင်းပဲ ကျန်နေခဲ့တယ် ....
ရွှေဆိုင်တစ်ဆိုင်တွင် ..
မောင် ဒီဆွဲကြိုးလေး ခင်နဲ့လိုက်လား ..
လိုက်တော့လိုက်ပါတယ် ခင်ရဲ့
နဲနဲများ သေးနေလားလို့ ...
မောင်ရယ် မောင် ပိုက်ဆံမလောက်မှာစိုးလို့ပါ ...
အမလေးခင်ရယ် ခင်ကြိုက်တာသာယူပါ
ခင့်မွေးနေ့အတွက် လက်ဆောင်ပေးတာပဲ
မောင့်မှာပိုက်ဆံပါပါတယ် ..
ဒါဆိုလည်း ဟိုလော့ကပ်သီးနဲ့ ဆွဲကြိုးလေးပဲ
ယူလိုက်တော့မယ်နော် ..
ခင့်သဘောပါဗျာ ...
ရွှေဆိုင်ကနှစ်ယောက်သား ပြန်ထွက်လာတော့ ကောင်လေးက တစ်စုံတစ်ခုကို
သတိရသွားတယ် ..
အမေ ငါ့ကို ဘုရားစာအုပ်နဲ့ပုတီးမှာလိုက်တာပဲ ..
ငါ့ဆီမှာပိုက်ဆံတစ်သောင်းကျော်ပဲကျန်တော့တယ် စားမှာသောက်မှာနဲ့ ပြန်ဖို့ Taxi ခ နဲ့ဆိုရင်ဝယ်ဖို့လောက်တော့မယ်မထင်ဘူး ..
အပိုင်း ၂ >>> ဆက်ရန်
07/04/2026
ပြန်မရနိုင်တဲ့ဆုံးရှုံးမှု ( အပိုင်း ၂ )
ကောင်မလေးကတော့ အရမ်းပူလောင်နေပြီး အတွေးတွေများနေခဲ့တယ် ဆက်သွယ်လို့ရသမျှနေရာတွေကနေ ဖုန်းတွေခေါ်ပြီး ဆက်သွယ်ခဲ့တယ် ကောင်လေးက မကိုင်ခဲ့တော့ဘူး
၄ ရက် ၅ ရက်လောက်ထိ ကြာလာတော့ ကောင်မလေးက သူ့ကိုယ်သူ အပြစ်တင်ပြီး ထပ်မဆက်သွယ်တော့ပဲ ကောင်လေးနားက ထွက်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ် .. တစ်ပတ်လောက်ကြာတော့ ကောင်လေးဆီက စာတစ်စောင်ဝင်လာခဲ့တယ် ချစ်ရေ အိပ်နေတုန်းလား morning နော် မောင်စိတ်တွေရှုပ်နေလို့ ချစ်ကို အော်လိုက်မိတာ ချစ်ပဲမောင့်အနား အမြဲရှိနေပေးခဲ့တာ ချစ်ကို ပစ်ထားသလို ဖြစ်သွားခဲ့တယ် မောင်တောင်းပန်ပါတယ် ..
အင်းရတယ် ... စိတ်မဆေိုးနဲ့တော့နော်ချစ် ... အင်း .... အခုဘာလုပ်နေလဲ ဘာမှမလုပ်ဘူး
အရင် စကားများတဲ့ကောင်မလေးက စကားကို ခပ်ပြတ်ပြတ်ပဲပြောပြီး တိတ်ဆိတ်သွားခဲ့ပြီ
ချစ် ဘာဖြစ်နေတာလဲ စိတ်ကောက်နေတာလား တစ်မျိုးပဲနော် .. မကောက်ဘူး ကောင်မလေးကစကားစကိုဖြတ်လိုက်ပြီး ဖုန်းကိုပိတ်လိုက်တော့တယ် နောက်နေ့ရောက်တော့ ကောင်မလေးက နေရာပေါင်းစုံကနေ ကောင်လေးကို block လုပ်လိုက်တော့တယ် ကောင်မလေးရဲ့သူငယ်ချင်းတွေဆီဆက်သွယ်တော့လည်း သူဘယ်မှာရှိတယ်ဆိုတာကို ဘယ်သူမှမသိကြတော့ဘူးကောင်လေးလည်း အရမ်းနောင်တရပြီး ကောင်မလေးကို နေရာအနှံ့လိုက်ရှာနေခဲ့တယ်
နောက်ဆုံးစာတစ်စောင်ဝင်လာခဲ့တယ် အမြဲတမ်းအနားမှာ တွယ်ကပ်နေမိခဲ့တာကို အလေးမထားခဲ့ဘူးမှတ်လား အရမ်းချစ်လို့ တွယ်ကပ်ခဲ့တာကို မတရားပြောပြီး မအော်သင့်ခဲ့ဘူးလေ ကျွန်မလည်း လူပါပဲ ချစ်လွန်းလို့ အရာရာ သည်းခံနားလည်ပေးခဲ့တာကို စိတ်ရှုပ်စရာတစ်ခုလို ဖြစ်နေတာ သိရတော့ အရမ်းဝမ်းနည်းမိတယ် အချိန်တွေကို မဖြုန်းချင်တော့ဘူး အမြဲတမ်းဂရုစိုက်ပေးမယ့် နောက်မျိုးသမီးတစ်ယောက်အတွက် နေရာပေးလိုက်ပါတော့ ဘယ်တော့မှမတွေ့ပဲ နေကြရအောင် မောင့်ကို အရမ်းချစ်ခဲ့တဲ့ ကျွန်မ
စာလေးဆုံးသွားတဲ့အချိန်မှာ ကောင်လေးက အသေလဲငိုကြွေးပြီး သူရဲ့ ဒေါသစိတ်ကြောင့် ကောင်မလေးကို သူဆုံးရှုံးလိုက်ရပြီ ဒေါသစိတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ မထားသင့်ပါဘူး ငါဘယ်လို ပြောပြော သူငါ့အနားဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူးဆိုပြီး ပစ်ထားခဲ့တာ ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်နေပါစေ စိတ်ဒဏ်ရာရသွားတဲ့အခါ ကိုယ်ချစ်တဲ့သူအနားက ထွက်သွားဖို့ ဖြစ်လာတတ်ပါတယ် ကိုယ်ကို ချစ်တဲ့သူကို ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ဆုံရှုံးမှုနဲ့ အတူ နေသွားဖို့ပဲ ထိုက်တန်ပါတော့တယ်
😔😔
06/04/2026
ပြန်မရနိုင်တဲ့ဆုံးရှုံးမှု ( အပိုင်း ၁ )
မောင်ရေ .. မောင်
ချစ်စာပို့နေတာကိုဘာဖြစ်လို့ အကြာကြီး စာမပြန်တာလဲ စိတ်ညစ်နေလို့ပါ
စိတ်ညစ်နေတာလား ဘာဖြစ်လို့လဲ ဒီလိုပါပဲ ချစ်ရယ် မောင်ကလာ်း ချစ်ကို ပြောပြရမှာပေါ့
ဒီလိုပါပဲ မရပါဘူး ပြောပြကွာ
ပြောပြမှ ချစ်က မောင့်ကို စိတ်မညစ်အောင် လုပ်ပေးလို့ရမှာပေါ့ မရစ်ပါနဲ့တော့ စိတ်တွေလာ်းရှုပ်နေပြီ အေးဆေးနေပါရစေ စိတ်ရှုပ်လာပြီ
မောင်က ချစ်ကိုစိတ်ရှုပ်စရာလို့ ထင်နေပြီလား
ချစ်က စိတ်မညစ်အောင်လုပ်ပေးဖို့ပြောတာပါ မရစ်နဲ့တော့လို့ပြောနေတယ် ဘာဖြစ်နေတာလဲ .. မောင် ချစ်ကို မအော်နဲ့နော် ချစ်အရမ်းစိတ်ဆိုးတယ် အဲ့ဒါဆိုလဲ ပြတ်လိုက်ပေါ့ကွာ ဘာဖြစ်လို့လာပြောနေတာလဲ စိတ်ညစ်နေတဲ့အချိန်ဆို အမြဲလာရစ်နေတယ် အေးဆေးနေစမ်းပါကွာ မောင်ဘယ်လိုပြောလိုက်တာ မောင်ချစ်ကို မလိုအပ်တော့ဘူးလား မချစ်တော့ဘူးလား ဟုတ်ပါတယ် ချစ်က အရေးမပါတဲ့လူတစ်ယောက်ပါ ဖုန်းချပြီး အတွေးပေါင်းများစွာနဲ့ မျက်ရည်တွေနဲ့ရောပြီး ကောင်မလေး အိပ်ပျော်သွားခဲ့တယ် နောက်နေ့မနက်ရောက်တော့ ကောင်မလေးက ဖုန်းဆက်ခဲ့တယ် Hello မောင် .. အေးပြော
စိတ်ဆိုးနေတုန်းပဲလား စိတ်မဆိုးပါနဲ့တော့မောင်ရယ် ရစ်သလိုဖြစ်သွားလို့တောင်းပန်ပါတယ် တော်စမ်းပါကွာမင်းက ငါ့ကို စိတ်တိုအောင်ရစ်ရမှ ကျေနပ်တာ အဲ့လိုမဟုတ်ပါဘူး ချစ်က စိတ်ပူလွန်းလို့မေးရင်း ရစ်သလိုဖြစ်သွားတာပါ အေး အဲ့ဒါဆိုလဲ ဒါပဲကွာ
ကောင်မလေးက ခဏကြာတော့ စာပို့လိုက်တယ် မောင် ဘာလုပ်နေလဲ စားပြီးပြီလား ချစ်ကိုရော သတိရရဲ့လား စိတ်မဆိုးနဲ့တော့နော် နောက်ဆို ချစ် မရစ်တော့ပါဘူး အရမ်းချစ်တယ်
မင်းဘယ်လိုဖြစ်နေလဲ တစ်ယောက်ထဲအေးဆေးပေးနေပါလား တစ်နေရာမဟုတ် တစ်နေရာကနေ ရစ်နေမှ မေးခွန်းပေါင်းများစွာနဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ ငါ့ကိုစိတ်မပူနဲ့မင်းနဲ့မဆိုင်ဘူး
ငါ့ကိုစာထပ်မပို့နဲ့တော့ ငါတို့ပြတ်ကြရအောင် မင်းကြောင့်ငါအရမ်းပင်ပန်းနေပြီ ငါ့ကို ထပ်မပတ်သက်နဲ့တော့ ... မောင်ကလည်း စိတ်ပူလို့မေးနေတာကိုရစ်တယ်ဆိုပြီးပြတ်ဖို့လိုလို့လား ကောင်မလေးစကားမဆုံးခင် ပဲ ကောင်လေးက block လိုက်တယ်
05/04/2026
နောက်ဆုံးဆန္ဒ ( ဇာတ်သိမ်းပိုင်း )
လွန်ခဲ့သော ၁၀ နှစ်ကျော်က
ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသော ကားပုံစံအတိုင်းပဲ
ကျွန်တော်ကားတစ်စီးဝယ်လိုက်တယ် ..
သူငယ်ချင်းတွေက ခေတ်မမီဘူး ပြောသော်လည်း ဟိုး အချိန်ကအတိုင်း အနီရောင်နဲ့မော်ဒယ်တူ မျိုးကိုသာ ရှာဝယ်ခဲ့ခြင်းဖြစ်တယ် ..
မေ့ဆီက ကားကတော့ မရှိတော့ဘူးလို့
ကျွန်တော်သိခဲ့ရတယ် ..
အန်ကယ် စကားခဏပြောလို့ရမလား ..
အိမ်မှာ အမေ့ကို စောင့်ရှောက်နေသော
သူနာပြုမလေးကတောင်းဆိုခြင်းဖြစ်တယ်
ပြောလေ ဆရာမ ရပါတယ် ..
ဒေါ်မေမီကျော်နဲ့ ပတ်သက်ပြီးပြောချင်လို့ပါ ..
ကျွန်တော် ဘာမှ မတုံ့ပြန်ခဲ့ဘူး ..
ဒေါ်မေမီကျော် အခြေနေမကောင်းဘူး
နေ့လားညလားပဲ ဆရာမက ဘယ်လို သိတာလဲ ..
ကျွန်မ အဲ့ဒီ့အိမ်မှာ အချိန်ပိုင်းဝင်ပေးနေရလို့ ပါ ... ကျွန်တော်နဲ့သူနဲ့ ပက်သက်မှုကို
ဆရာမက ဘယ်လိုသိတာလဲ ..
အန်ကယ့်အမေပြောလို့ပါ ..
နောက်တနေ့မှာ ကျွန်တော်မေ့ရဲ့အိမ်ကို သွားခဲ့တယ် ခြေလှမ်းတွေတုံ့ဆိုင်းနေသော်လည်း
အားတင်းပြီး အိမ်ထဲဝင်လိုက်တယ်
ဆရာမလေးက အန်ကယ်ဝင်လာခဲ့ပါ
ကျွန်တော် အိပ်ခန်းထဲဝင်သွားတော့
မေက အိပ်ရာထဲမှာ မှိန်းနေတယ်
ဆရာမလေးက သူ့အနားကို ကပ်ပြီးပြောလိုက်တယ် .. မေမျက်လုံးလေးဖွင့်ကြည့်ပြီး မောင် လို့
တစ်ခွန်းထဲခေါ်လိုက်တယ် ..
မေ အတော်ပိန်သွားတာပဲ
ကျွန်တော် သူ့အနားသွားထိုင်ပြီး
စကားတိုးတိုးလေး ပြောဖြစ်ကြတယ်
ကားစီးချင်လို့ ကားနဲ့သူ့ကိုခေါ်သွားပေးပါတဲ့
ကားစီးလို့ဖြစ်ပါ့မလား
ဆရာမလေးကကျွန်တော့်နားကပ်လာပြီး
သူ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါပြောလို့ မေ့ကို ပွေ့ပြီး ကားပေါ် ခေါ်လာခဲ့တယ်
နောက်ခန်းထဲမှာမေနဲ့အတူ
ဆရာမလေး လည်း လိုက်လာခဲ့တယ်
တက္ကသိုလ်ဝင်းထဲမောင်းပေးပါ လို့ မေက
ကျွန်တော့်ကိုပြောတယ်
တက္ကသိုလ်ဝင်းထဲရောက်တော့
စာကြည့်တိုက်ရှေ့က ရေတမာပင်လေးနားမှာ
ကားကို ရပ်ခိုင်းခဲ့တယ် ...
သူပြောတဲ့နေရာလေးမှာ ကျွန်တော်ကားကို ရပ်လိုက်ပြီး နောက်ကိုလှည့်ပြောတော့
ဆရာမလေး ပုခုံးပေါ်မှာ
မေ အသက်မရှိတော့ပါဘူး ...
ဒီနေရာလေးက မေ ကျွန်တော့်ကို လက်ထပ်ပါမယ်လို့ ပြောခဲ့တဲ့နေရာလေးပဲလေ
😔😔😔😔😔
04/04/2026
နောက်ဆုံးဆန္ဒ အပိုင်း ၂
ကျွန်တော့အိမ်ရှေ့က သူ့ကား ( ယခင်က ကျွန်တော့်ကား ) ဖြတ်သွားတိုင်းပြတင်းပေါက်က ထွက်ပြီးချောင်းကြည့်နေမိတယ် ...
မေက ကားဖြင့်အပြင်ကို မကြာခဏ
ထွက်သွားတတ်တယ် ..
အခုတော့သူလွတ်လပ်သွားပြီထင်ပါတယ် ... တကယ်တမ်းတော့ တစ်ယောက်ထဲနေတဲ့အခါ
ပိုပြီး ခံစားလာရတယ် ကျွန်တော်
စားလည်း သူ့ကို အိပ်လည်းသူ့ကို
သတိရနေမိတယ် ..
ကျွန်တော့်နားထဲမှာ သူ့ရဲ့အော်သံ
ရန်တွေ့နေတဲ့အသံတွေသာပြန်ပြီး
ကြားယောင်နေမိတယ် ..
မိီးဖိုချောင်ထဲမှာ အသံတစ်ခုကြားတိုင်း
သူများပြန်လာလေသလားဆိုပြီး
ထထကြည့်နေမိတယ်
တစ်အိမ်လုံးတိတ်ဆိတ်နေပြီး
အထီးကျန်တဲ့ဝေဒနာတွေကို မခံစားနိုင်သည့်အဆုံး ကျွန်တော် နိုင်ငံခြားသွားပြီး
အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ် ...
ကျွန်တော် ဂျပန်မှာ ၁၂ နှစ်လောက်ကြာအောင်
သွားနေလိုက်တယ် ...
အမေ့ကိုလည်းညီမလေးနဲ့ထားထဲ့လိုက်တယ် ..
နောက်တော့ အမေကျန်းမာရေးမကောင်းတာနဲ့
ကျွန်တော် ဂျပန်ကနေ အပြီး ပြန်လာလိုက်တယ် ... ကျွန်တော့်အမေအိပ်ရာထဲလဲနေပြီး
ကျွန်တော်အမေ့ကို ပြုစုပေးရင်း
ကျန်ရှိနေတဲ့ ဘဝကို အေးချမ်းစွာ
နေတော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်
အမေ့နားမှာ ထိုင်ပြီး သားအမိနှစ်ယောက်
စကားပြောကြတယ် .. သား ..
ပြောလေ အမေ ...
မေမီလည်း အသည်းအသန်ဖြစ်နေတယ်
ဘာဖြစ်လို့လဲ အမေ ..
ကင်ဆာလို့ပြောတာပဲ ..
သားနဲ့ဘာမှမဆိုင်တော့ပါဘူးအမေရယ်
အမေကဆိုင်တယ်လို့လည်း မပြောပါဘူး
အိပ်ရာထဲလဲနေတဲ့လူတစ်ယောက်ဟာ
အားငယ်နေမှာပဲလို့တွေးမိလို့ပါ
အမေ့နားမှာ သားရှိနေတော့ အမေက ဘာမှမဖြစ်ဘူး မေမီကအခုဆိုတစ်ယောက်ထဲ
သူ့အဖေဆုံးသွားတာ ၃ နှစ်လောက်ရှိပြီ
သူ့ညီမလေးကလည်း အိမ်ထောင်ပြုသွားပြီး အဆင်မပြေကြဘူး ပြောတယ်
အမေ ဘာဖြစ်လို့ ဒါတွေ လာပြောနေတာလဲ
သားစိတ်ထဲမှာ သူမရှိတော့ဘူး
မညာပါနဲ့သားရယ်
ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့
သားစိတ်ထဲမှာ မေမီရှိနေသေးတာ အမေသိပါတယ် အမေက သားကိုအတင်းကျပ်တိုက်တွန်းနေတာမဟုတ်ပါဘူး
ဖြစ်နိုင်ရင် သွားကြည့်ဖို့ပြောတာပါ ..
ကျွန်တော်အမေ့ကို ဘာကတိမှ မပေးခဲ့မိ
အမေ့အတွက်ကျွန်တော် လိုလေသေးမရှိအောင် ပြုစုနိုင်ခဲ့တယ် .. နေ့ရောညရော အမေ့ကို စောင့်ရှောက်ဖို့ သူနာပြုလည်း ငှားပေးထားတယ်
ဂျပန်မှာစုဆောင်းလာခဲ့တဲ့အရာလေးတွေ
အိုမင်းလာတဲ့အခါ အနေထားမပျက်စေဖို့ ကျွန်တော်လည်း လုပ်ငန်းတစ်ခုလုပ်ဖို့ စီစဉ်နေတာပေါ့.
ဇာတ်သိမ်းပိုင်း >>>> ဆက်ရန်
03/04/2026
နောက်ဆုံးဆန္ဒ ( အပိုင်း ၁ )
ကျွန်တော်တို့နှစ်ဦးသဘောတူ
ကွာရှင်းလိုက်ကြသည် ...
ကားကိုသူမအားပေးလိုက်ပြီး
ကျွန်တော်တို့ ပိုင်ဆိုင်သည့်
ငွေပမာဏကိုလည်း ခွဲဝေယူလိုက်ကြတယ် ...
တရားရုံးအပြင်ကိုကျွန်တော်ထွက်လာသည်
ကားဆီကိုသွားပြီးတံခါးဖွင့်ရန်ပြင်လိုက်တော့
အမေက သား ဒီကားကို မင်းမပိုင်တော့ဘူးလေ
အမေက ကျွန်တော့်ပုခုံးကို
အနောက်မှ လာပုတ်ပြီးပြောလိုက်သည်
ဪ ဟုတ်သားပဲ သားယောင်သွားလို့ပါအမေ ...
ကျွန်တော်နဲ့အမေ တရားရုံးအပြင်ကို ထွက်လာပြီး ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတယ်
တရားရုံးထဲက ကျွန်တော်စီးနေကြကားလေး ထွက်လာပြီး ရှေ့ကနေ ဖြတ်သွားသည် ...
ကားကို ကျွန်တော့်ဇနီးဖြစ်ခဲ့သူက မောင်းသွားသည် ကျွန်တော်တို့ကို လှည့်၍ပင်မကြည့်...
မေနှင့်ကျွန်တော် တစ်လမ်းထဲသား
သူငယ်ချင်းများဖြစ်ကြသည် ..
ကျောင်းတတ်တော့လည်းအတူတူ ..
၁၀ တန်း အောင်တာလည်းအတူတူ
တက္ကသိုလ်တက်တော့မေဂျာမတူခဲ့ဘူး
ဒါပေမယ့် ကျောင်းပြီးတော့
ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ် ...
လက်ထပ်ပြီးတစ်နှစ်အကြာမှာပဲ သူနဲ့ကျွန်တော် သဘောထား မတိုက်ဆိုင်တာ တွေများလာတယ် .. ငြင်းကြခုန်ကြအော်ဟစ်ကြနဲ့မသာယာသော
အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်မိပြီးသား ဖြစ်နေကြပြီးနောက်ဆုံး နှစ်ဦးသဘောတူ
လမ်းခွဲခဲ့ကြသည် .. အခုတော့ သူလည်း သူ့အိမ်သူပြန်နေ ကျွန်တော်လည်း ကျွန်တော့အိမ်ပြန်နေ
အမေက ကျွန်တော့်ကို သားတစ်ယောက်ထဲ
နေလို့ဖြစ်ပါ့မလား
ဖြစ်ပါတယ်အမေ ဘာဖြစ်လို့လဲ ..
အမေတစ်ပတ်လောက် တရားစခန်းသွားချင်လို့ .. သွားလေ အမေ ရပါတယ်
သားနေလို့ဖြစ်ပါတယ်
အမေလည်းနားမငြီးရတော့ဘူးပေါ့ ..
မဟုတ်ပါဘူးသားရယ် အမေလည်း တရားစခန်းဝင်ဖို့ ဆုံးဖြတ်ထားလို့ပါ ..
အမေတရားစခန်းဝင်သွားသည် ..
အမေလည်းမရှိ မေလည်း မရှိသော ကျွန်တော့်ဘဝမှာ ခြောက်သွေ့နေသလိုပင်ဖြစ်သည် .....
အပိုင်း ၂ >>>> ဆက်ရန်
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Yangon