Life Insurance by Wint Thu

Life Insurance by Wint Thu

Share

Life Insurance Advisor

01/04/2024

ကိုယ်တိုင်လည်း Manulife ရဲ့ product တွေကိုဝယ်ထားသလို ကိုယ့်ကိုယုံကြည်မှုနဲ့ ဝယ်ယူထားကြသော ချစ် customers များအတွက် ပြုံးပျော်သုံး program လေးပြန်လည်စတင်နေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။ အသေးစိတ်ကို link ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပြီး ဒီ service program ကိုအသုံးပြုမယ်ဆိုရင် လူကြီးမင်းရဲ့ မှတ်ပုံတင်နံပါတ်ကို သက်ဆိုင်ရာ ကျန်းမာရေးစင်တာ ဆေးရုံဆေးခန်းမှာရှိတဲ့ QR code ကို scan ဖတ်ပီးရိုက်ထည့်လိုက်ရုံပါပဲ။ ကျွန်မ၏ customers အပေါင်းကျန်းမာချမ်းသာ ကောင်းကျိုးလိုရာ ပြည့်ဝကြပါစေ 🙏🙏🙏

Manulife Myanmar ရဲ့ တန်ဖိုးထားရတဲ့ အသက်အာမခံဝယ်ယူထားသူတွေအတွက် ပိုမိုပျော်ရွှင်ကောင်းမွန်တဲ့ နေ့စဥ်လူမှုဘဝတွေဖန်တီးပေးနိုင်ဖို့ Manulife ရဲ့ “ပြုံးပျော်သုံး” အစီအစဉ်ကို မတ်လ၂၉ ရက်နေ့က ပြန်လည် မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီ ပြုံးပျော်သုံး အစီအစဉ်လေးမှာတော့ ​

ကျန်းမာရေးဝန်ဆောင်မှု၊
အားကစားစင်တာ၊
ခရီးသွားဝန်ဆောင်မှု တို့အပြင်
နေ့စဉ်ဘဝမှာအသုံးဝင်မယ့် မိတ်ဖက်ဝန်ဆောင်မှု လုပ်ငန်းကြီးတွေကလည်း Manulife Myanmar အသက်အာမခံရယူထားသူတိုင်းအတွက် အထူးခံစားခွင့်တွေ ပေးနေပါပြီ။ ပြုံးပျော်သုံး အစီအစဉ်နဲ့ ပိုကောင်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ​

အသေးစိတ်ကို (https://bit.ly/3VwOjEu) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

We're thrilled to announce the re-launch of Manulife's Loyalty program on March 29th, aimed at enriching the lives of our valued policyholders with increased joy and improved social interactions.

Through this Loyalty program, our esteemed policyholders gain access to an array of offerings including health services, access to sports centers, and travel services. Additionally, major partner service providers have joined hands to extend special benefits exclusively to Manulife Myanmar's valued policyholders, enhancing their everyday experiences.

Here's to brighter days ahead with our Loyalty program! For more information, visit (https://bit.ly/3VwOjEu).

06/03/2024

🍀 How about you at the age of 65 ??

ကျွန်မကတော့ 4% အတွက် ပြင်ဆင်ပြီးပြီ 🥰
Retirement Plan အတွက် အသက်မကြီးခင် ကျန်းမာနေသေးချိန်ပြင်ဆင်ဖို့အကောင်းဆုံးပါ 👱‍♀️
အသက်ကြီးလာချိန် ငွေမရှာနိုင်တော့တဲ့အချိန်မှာ ငွေကြေးနဲ့ပတ်သက်ပြီး independent ဖြစ်နေဖို့လိုပါတယ် 💵💶
သားလေးတစ်ယောက်ရှိတယ် ကိုယ်တတ်နိုင်သလောက်ပြုစုပျိုးထောင်ပေးတယ် သူကြီးလာရင်ပြန်ကြည့်မှာပဲဆိုတာမျိုးမဟုတ်ပဲ ခုထဲက ကိုယ့်အတွက်ကိုပြင်ဆင်ထားတယ်။
သူ့အတွက်လည်း ဝန်တစ်ခုမပေးချင်ဘူး 🥰
မိတ်ဆွေတို့လည်းစဥ်းစားကြည့်ကြပါနော် ခုချိန်ကာလမှာ အရာရာခက်ခဲကြပ်တည်းနေကြတယ်ဆိုပေမယ့် ကိုယ်ချစ်ရတဲ့မိသားစုအတွက်တော့ ဆက်ရှင်သန်ကြရဦးမယ်မဟုတ်လား ???
ကိုယ့်ကိုယ်ကိုယ်လည်းချစ်နိုင်ကြပါစေရှင် 🫶🫶

With Love ❤️ 😍

Life Insurance နဲ့ပတ်သက်ပြီးသိချင်တာ စပ်စုချင်တာမျိုးရှိရင် အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်။

🤙09450039039/09443164956
📧 [email protected]

19/02/2024

💰🪙 Savings 🪙💰 ငွေစုစောင်းခြင်းအကြောင်းတရားများ

လူတွေ ငွေစုစောင်းရခြင်းမှာ အကြောင်းမျိုးစုံရှိနိုင်ပါတယ်။ ထိုအထဲမှာတော့ Peace of Mind ရချင်လို့ အသက်အာမခံ ထားရခြင်းလည်း ပါဝင်ပါတယ်။

🌷There have many reasons to make Savings.
🌷If you have Saving habbit in your life, you are starting your better Future.

လူ့ဘဝရဲ့ လိုအပ်ချက်များကို အကောင်းဆုံး ပုံစံဖြည့်စည်းဖို့အတွက် ဝင်ငွေ/ထွက်ငွေ တွေကိုစီမံခန့်ခွဲရဖို့လိုအပ်ပါမယ်၊ ပုံမှန်
ငွေစုစောင်းခြင်းမရှိတဲ့ လူဟာ ကံတရားသာ မကယ်ရင် ဒုက္ခတွေ့နိုင်တာမို့ ကြိုတင်စဥ်းစားပြီး Amount တစ်ခုအတွက် ပထမဆုံး
ငွေစု​စောင်း​ခြင်းကိုစတင်သင့်ပါတယ်။ Good Luck 🌿

Call : 09450039039/ 09443164956
Email : [email protected]

17/02/2024

အသက်အာမခံထားရှိတယ် ဆိုတာ ချစ်ခြင်းမေတ္တာ လက်ဆောင်တစ်ခုပါ။ အနာဂတ်မှာ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေကို ငွေကြေးအတွက် အကာအကွယ်ပေးနိုင်ဖို့ အကျိုးခံစားခွင့် ရနိုင်သူအဖြစ် အသက်အာမခံထားရှိတယ်ဆိုတာ ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေကို အကျိုးခံစားခွင့် ရနိုင်သူတွေအဖြစ် ထားပြီး ချစ်ခြင်းကို ဖော်ပြလိုက်ပါ။

Having insurance is a gesture of love. How heartwarming it is to shield your family from financial burdens by naming them as insurance beneficiaries. Let's demonstrate our love by ensuring their security as beneficiaries.

Pls mail or ph call to 09443164956 or [email protected]

Photos from Life Insurance by Wint Thu's post 31/01/2024

လူကြီးမင်းတို့ကို ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ Manulife product တွေထဲက တစ်ခုဖြစ်တဲ့
👨‍🎓Education life Insurance 👩‍🎓ပါ

ကိုယ့်ရဲ့ ရတနာလေးတွေကို အကောင်းဆုံးတွေပဲပေးချင်တာ မိဘတိုင်းပါ။
မိဘတိုင်းခေါင်းခဲရတာလည်း ပညာရေးစားရိတ်ပါပဲ။
ဒီတော့ saving တွေကြိုလုပ်ကြတယ်။
Bank saving နဲ့တင်မလုံလောက်ဘူးလား ??
ရပါတယ် ဒါပေမယ့် unexpected မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ protection ကို Bank saving ကမလုပ်ဆောင်ပေးနိုင်ပါဘူး။

Insurance means saving and protection 💵

Education life Insurance ဘယ်ချိန်ကစဝယ်လို့ရလဲ။
အသက်၁၈နှစ်ပြည့်ပီး မိဘမှ ကလေးမွေးကင်းစအရွယ်အတွက်စတင်ဝယ်လို့ရပါတယ်။

Plan ဘယ်နှစ်မျိုးရှိလဲ ??
Manulife မှာ Education plan 2 မျိုးရှိပါတယ်။
1) Basic plan
2) Double benefit plan

အာမခံသက်တမ်းဘယ်လောက်ရှိလဲ ??
၃ မျိုးရှိပါတယ်။

1) 9 years
2) 11 years
3) 14 years

Premium ဘယ်လောက်ကစဝယ်လို့ရလဲ ? ဘယ်လိုသွင်းရလဲ ??
အနည်းဆုံး သိန်း ၅၀ ကနေစဝယ်လို့ရပါတယ်။
For 9 years plan - Premium 5 years ပေးသွင်းပီးနောက်ကျန်သက်တမ်းအားတစ်နှစ်လျှင်၂၀% နှင့်ပြန်လည်ထုတ်ပေးခြင်း။
For 11 years - Premium 7 years
For 14 years - Premium 10 years

Benefit တွေဘယ်လိုရှိလဲ ??
Plan ၂ မျိုးလုံး သက်တမ်းပြည့်ခံစားခွင့် (Maturity) 100% ရမှာပါ။

Basic plan - Premium သွင်းနေဆဲကာလမှာ အသက်သေဆုံးခြင်း (Death) ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း (TPD) စတဲ့ Unexpected တွေဖြစ်လာတဲ့အခါ Premium ကင်းလွတ်ခွင့် (Waiver Of Premium/W*P) ကိုရရှိခံစားရမှာဖြစ်ပြီး သက်တမ်းပြည့်တဲ့အခါ 100% ရရှိမှာဖြစ်ပါတယ်။

Double benefit plan - Premium သွင်းနေဆဲကာလမှာ 🪦Death/ TPD ♿️ ဖြစ်ခဲ့ရင် 100% + W*P + 100% (Maturity) ရရှိမှာဖြစ်ပါတယ်။

နောက်ထပ် benefit ကတော့ 💵Premium ပေးသွင်းနေချိန်မှာ ပမာဏအလိုက်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပဲဖြစ်ပါတယ် 💵

For details pls call to 09443164956 📞 or mail to [email protected]

02/01/2024

Customer Campaign gift card for Manulife Myanmar 🥰

10/12/2023

✅️ အသက်အာမခံထားရင် ငွေဖြူရပါတယ် ✅️
White MONEY ✅️ Life INSURANCE

💰အချို့သောချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမားတွေကတော့ Protection ဆိုတဲ့ ဘဝ ငွေကြေးအကာအကွယ်ကို မလိုအပ်တဲ့သူတွေလည်းရှိပါတယ်။ 📢
💰 Rich people တွေ အသက်အာမခံ ကိုထားတာ Protection တစ်ခုတည်းအတွက်မဟုတ်ဘဲ Transfer Wealth အတွက်ပါ၊ မြန်မာနိုင်ငံမှာတော့ ငွေဖြူဖြစ်စေတယ် ဆိုသောအချက်က အဓိက အသုံးတည့်သော အချက်ပါဘဲ။ 📢
💰 အိမ်ခြံမြေ ဥပဒေအရ ၂၀၂၃ updated information မှာအိမ်ခြံမြေဝယ်တဲ့သူဟာ ငွေဖြူရှိရင် မြေဝယ်ခွန်တွေသက်သာစေတဲ့အချက်ပါ။ ငွေဖြူရဖို့ အတွက် နည်းလမ်းတွေထဲက တစ်ချက်က အသက်အာမခံထားခြင်းလည်း ပါဝင်ပါတယ်။ 📢
💰 အသက်အာမခံတွေကို သိန်းထောင်ချီထားနေကြတာ တကယ် ချမ်းသာတဲ့သူ ကျမ်းမာကြတဲ့သူတွေပါ။ အကာအကွယ်လည်းယူရင်း ငွေဖြူလည်းယူရင်း မိမိအနာဂတ်အတွက် ငွေကြေးအကာအကွယ်ပါယူပြီး စီမံကြတယ်။ 📢
💰 ဒီနေ့တော့ White Money အကြောင်းလေး သတိရသွားလို့ Remind လုပ်ရင်းအသိပေးချင်တာပါ။ အခွင့်အရေးဆိုတာ ရှိနေတုန်း ချက်ချင်းယူကာမှ အခွင့်ထူးခံစားရမှာပါ။ 📢

Not everyone get Life Insurance, But who get Life Insurance will also get multiple Benefits. Focus on your requirements and get it right now. ✅️ 📢✅️📢✅️

24/11/2023

🍂 Life Insurance 🍂
သတင်းအစုံကြားပြီး စိတ်ဓါတ်ကျနေပြီလား?
မီးမလာလို့ ပူအိုက်နေပြီမလား?
ဝင်ငွေအကြောင်း အလုပ်ကြောင်းတွေးရင်း ပင်ပန်းနေပြီလား?

✨️🌿ပူပင်သောကတွေနဲ့ မဝေးချင်ဘူးလား? 🌿✨️

လွယ်လွယ်လေးပါ 🍂 တစ်ခုချင်းပြန်းစဥ်းစားပြီး စာရွက်ပေါ်ချရေးချင်ရေး တယောက်ယောက်ကို ရင်ဖွင့်ချင်ဖွင့် အရင်ဆုံးပေါ့သွားအောင်လုပ်မယ်၊ ပြီးရင် တခုချင်းစီအတွက် အဖြေရှာမယ် ရှာမရရင်ကျမကိုခေါ် ၊ တခုချင်းစီ ဖြေရှင်းကြမယ်။

⚘️ကျမတို့ ရောဂါဆန်း Covid ကြီးကိုနှစ်နဲ့ချည် ကျော်ဖြတ်ပြီးပြီ။ ကျမတို့ ငယ်ငယ်ထဲက ခုချိန်ထိ ကိုယ့်ဘဝကို မကျေမနပ် ဖြတ်သန်းခဲ့ပြီးပြီ၊ ကျမတို့ အနာဂတ်အတွက် အကာကွယ်ရမယ့် အချက်အလက်တွေ စုစောင်းမယ် အသုံးချကြည့်မယ်၊ ကျမတို့ သေမျိုးတွေ မသေခင် ပျော်ပျော်နေမယ်၊ တန်ဖိုးရှိတဲ့လူသားတွေ ကျင့်ကြံနေထိုင် ပုံနဲ့ ပတ်ဝန်းကျင် မိသားစုကို ဆက်ဆံမယ်၊ ကျမတို့ အနာဂတ်အတွက် Plan တွေချမယ် ကိုယ်တိုင်စည်းကမ်းသတ်မှတ်မယ် Plan တွေ Implement လုပ်ဖို့အတွက်။ ကျမတို့ မပျင်းမရိ နေ့စဉ် ခရီးဆက်နိုင်ဖို့ ခွန်အားတွေမွေးမယ် ကျမ်းမာအောင်နေမယ်၊ ကျမတို့ အကြောင်းပြချက်ပေးတာတွေကို မလုပ်ဘဲနေရအောင်၊ အများကြီး လုပ်စရာတွေနဲ့ ပြဿနာတွေ စိုးရိမ်မှုတွေ မကျေနပ်ချက်တွေကို အရင်ရှင်းထုတ်ကြရအောင်။⚘️🌼🌱

🌷 ကျမတို့ ရလာတဲ့ ဒုက္ခဆင်းရဲတွေကို မမြင်ခင် ကျမတို့ ကံကောင်းခဲ့တာလေးတွေကို အရင်မြင်ပြီး ရေတွက်ကြည့်ပါဦး🌷

🍂ကျမတို့ အသက်ရှိနေသရွေ့ ဘဝရဲ့အနိမ့်အမြင့်တွေကို ကြုံရမှာပါ။ ကျမတို့ အနာဂတ်အတွက် ပြသနာတွေကို ကြိုတွေးကြိုမြင်ရင် ကြိုရှင်းထားဖို့မလိုဘူးလား?
🍂ဘဝရဲ့ အကြီးဆုံး လက်နက်က ငွေကြေးပါ၊ အသက်ရှိနေသရွေ့ ငွေကြေးရှိနေသလို ငွေကြေးစီမံ ခန့်ခွဲတတ်ဖို့ အင်မတန်အရေးကြီးတယ်၊ တော်ရုံ စည်းကမ်းရှိရုံနဲ့ မရပါဘူး။
🍂အသက်ကတော့ ဘဝရဲ့ မရှိမဖြစ်တန်ဖိုးအမြင့်ဆုံးပါ၊ အသက်ရှိနေမှ အခြားအရာတွေဖြစ်လာမှာပါ။ ဒါကြောင့် ကျမတို့ တန်ဖိုးဖြတ်မရတဲ့ အသက်ရှိသူတိုင်းအတွက် အသက်အာမခံ လုပ်ငန်းကြီးရှိနေပါပြီ။
🍂 အနာဂတ်အတွက် သင့်အသက်ကို အာမခံထားရင်း ဘဝရဲ့ရည်မှန်းချက်တွေ အန္တရာယ်တွေ မရေရာမှုတွေ ဆုံးရှုံးမှုတွေ အတွက်ကို အကာအကွယ်အမြန်ယူပါ။

🪻ဒီလ Manulife (၄) နှစ်ပြည့်အတွက် Prizes တွေ Gift Card တွေထိုက်ထိုက်တန်တန် ပေးနေပါတယ် လမကုန်ခင်တော့ Policy Issued ဖြစ်ဖို့လိုပါတယ်၊ အချိန်မှီသေးတယ်နော်။ 🪻

💙🩵Save your money and Save your life.💙🩵
Allocate your monthly Income effectively💱 💰 according to your Future Plan✔️. We are ready to find solutions 💡for all your problems ♾️and advice properly for your Financial Security. 💯👍🏼📶✅️💰⭐️

Call me: 09443164956 📞
Email me: [email protected] 💌

30/10/2023

ဒိနေ့မဝယ်ရင်မဖြစ်ဘူးနော်
အာမခံဆိုတာ …..

တကယ်တော့ Life Insurance ဆိုတာ
အိမ်ထောင်မရှိသူ လူပျိုကြီး/အပျိုကြီးတွေလည်း ဝယ်ယူထားသင့်တဲ့အရာတစ်ခုပါ
တူတွေ/တူမတွေနဲ့ပဲနေနေ သူငယ်ချင်းတွေတွေနဲ့ပဲနေနေ
တယောက်ထဲပဲနေနေ ဘယ်သူနဲ့ပဲနေနေ
မိမိတကိုယ်ရည်စာအတွက် coverယူထားတဲ့သဘောပါပဲ

ခုချိန်မှာ အလုပ်လုပ်နိုင်လို့ ဝင်ငွေရှာနေနိုင်လို့
လူလတ်ပိုင်းမို့သန်မာဖြတ်လတ်နေတုန်းမို့
" ရပါတယ်မလိုပါဘူး" ထင်ကောင်းထင်ကြမှာပါ

ဒါပေမယ့် နောက်၃နှစ်မှာ နောက်၅နှစ်မှာ
ကိုယ့်ကျန်းမာရေးဘာဖြစ်လာမယ်ဆိုတာ
ဘယ်သူမှကြိုတင်မမြင်နိုင်တဲ့အရာပါ

ဒါ့ကြောင့် Critical illness လို့သက်မှတ်တဲ့
ကင်ဆာ နှလုံး အသည်း
organ Transplant လို့ခေါ်တဲ့ကိုယ်ခန္ဓာအစားထိုးကုသမှု
ဦးနှောက်ပိုင်းဆိုင်ရာရောဂါများ အဆုတ် ကျောက်ကပ်စတဲ့
ပြင်းထန်ရောဂါတွေအတွက် ဖြစ်လာခဲ့ရင်
ဆေးကုသဖို့ cover ယူထားတဲ့အနေနဲ့
Life Insurance အနည်းဆုံးတစောင် မဖြစ်မနေဝယ်ယူထားသင့်ပါတယ်

"ငါ သေသွားရင် ပေးစရာဘယ်သူမှမရှိဘူး"ဆိုတဲ့
အရိုးစွဲနေတဲ့အတွေးအခေါ်ဟောင်းကြီးကို ထားခဲ့ပါ

"ရှင်နေတုန်းမှာ ငါ့စားရိတ်နဲ့ငါဆေးကုနိုင်တယ်"ဆိုတဲ့
စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရနိုင်ဖို့
ကျွန်မဆီ ယနေ့ပဲ ဆက်သွယ်လိုက်ပါနော် ....

Wint Thu Han
Manulife Myanmar
09443164956

21/10/2023

🧡💙 Life Insurance 💙🧡
အသက်အာမခံ Vs မတော်တဆမှုအတွက် အာမခံ

🧡 အသက်အာမခံ ကတော့ (Cover) အကာအကွယ်ယူချင်တဲ့နှစ်အလိုက် Long Term Plan လေးကို တနှစ်တစ်ခါ Premium ကြေးခွဲသွင်းရင်း ငွေစုစောင်းတဲ့ပုံစံပါ။ နှစ်မပြည့်ခင် တစ်ခုခုများ (Death or TPD > total permanent disable) ဖြစ်သွားရင် သွင်းထားငွေပေါ်မှာ မဟုတ်ဘဲ အာမခံထားငွေ ပေါ်မှာ ချက်ချင်း လျှော်ကြေးရယူနိုင်တာပါ။ လျှော်ကြေးနှုံးထားတွေကတော့အမြင့်ဆုံးတွေပေးထားတယ်။ ဘာမှမဖြစ်ခဲ့ သော် နှစ်ပြည့်ရင် သွင်းငွေ ၁၀၀% အကုန်ပြန်ရပါတယ်။ တချို့က Retirement Plan ပေါ့။
Life Insurance assure you to get Peace of Mind, Better Benefits and Strong Financial Security for your Emergency Difficulties.

💙 မတော်တဆမှု အသက်အာမခံ ကတော့ ကျမတို့ဆီမှာ အသက် ၆၂နှစ်ထိ Cover ပေးထားပါတယ်။ Short Term Plan လေးကို Premium ကြေးလည်း တစ်ခါဘဲ သွင်းရတာပါ။ ဥပမာ သိန်း၁၀၀ လျှော်ကြေးလိုချင်လို့ အာမခံကြေးထားရင် Premium ကြေးကို ဆယ်ဂဏန်းလောက်ဘဲ တစ်ကြိမ်သာသွင်းရပါတယ်။ အရမ်းကို သက်သာတဲ့နှုံးထားနဲ့ တွက်ပေးထားပါတယ်။ သူက Health Insurance ပုံစံမျိုးမို့ Saving မပါဘူး နှစ်ပြည့်အကျိုးခံစားခွင့်မရှိပါဘူး၊ ဆိုလိုတာက အသက်သေဆုံးDeath or TPD ဆိုရင် ရာနှုန်းပြည့် လျှော်ကြေးရမယ်၊ ကျိုးပြတ်ကန်း တခုခု ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားဆိုရင် သတ်မှတ်ထားတဲ့ လျှော်ကြေးပြန်ရမယ်၊ ဘာမှမဖြစ်ရင် ဘာမှပြန်မရဘူး။ General Insurance နဲ့ဆင်တူပါတယ်။
Accidental Insurance assure you to get Enough Coverage for your Risky Environment and Accident. Take it away all your Worries and Anxieties with the help of Accidental Insurance.

🧡💙 Which is better ဆို မိမိလိုအပ်ချက်ပေါ်မူတည်တယ်၊ မိမိကျမ်းမာရေး နဲ့ အသက်၊ မိမိရဲ့ လက်ရှိ Income ပေါ်မူတည်ပြီး အာမခံ ထားရတာမို့ It's depends on. Both are for your Basic Need, not Want. 🧡💙

Free to call 09443164956 📞
Email : [email protected] 💌

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


16th Floor, Kan Thar Yar Office Tower, Corner Of Kanyeikthar Road And U Aung Myat Road, Mingalar Taung Nyunt Township
Yangon
11222