Sakura Restaurant
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sakura Restaurant, Restaurant, 46 Street, middle block, Botahtaung Township, Yangon.
10/06/2024
Sakura Restaurant တွင် တာဝန်ထမ်းဆောင်ရန် Waiter / Waitress (၂) ဦး အလိုရှိပါတယ်ရှင်…
အင်တာဗျူးအဆင်ပြေလျှင် အလုပ်တန်းဆင်းရပါမည်။
နားရက် - တစ်ပတ် လျှင် တစ်ရက်
လစာ - 200000 + service money (နေစားငြိမ်း)
စိတ်ဝင်စားပါက Viber - 09784693504 သို့ CV form ပေးပို့ဆက်သွယ် မေးမြန်းလျှောက်ထားနိုင်ပါတယ်ရှင်…
02/03/2024
Sakura ရဲ့ ကာကာ တို့ရေ..
Beer လေးနဲ့ chill ဖို့က ဆိုင်မှာ အမြည်းကောင်းကောင်းလေးလည်း ရှိအုံးမှနော့!! 🤔
မင်တို့ဆိုင်မှာလည်း ကာကာတို့ beer လေးနဲ့ စိတ်ကြိုက်မြည်းဖို့ရာ သင့်တင့်တဲ့ စျေးနှုန်းလေးနဲ့ BBQ လေးတွေစီစဉ်ပေးထားပြီနော် 🤤🤤
🍢 ကြက်ဆာတေး
🍢 ဝက်ဆာတေး
🍢 အမဲဆာတေး
🍢 အပ်မှိုဘေကွန်ကင်
🍢 အကင်စုံဗန်း
🍢 ကြက်သွန်ဖြူကင်
🍢 ရုံးပတီသီးကင်
🍢 ငုံးဥကင်
🍢 နှစ်တစ်ရာသီးကင် လေးတွေနဲ့ မြည်းလို့ရပါပြီ!!
ကဲ.. BBQ လေးတွေနဲ့ မိတ်ဆက်ရင်းနဲ့ တလက်စတည်း March born လေးတွေကိုပါ surprise တိုက်လိုက်တော့မယ်ကွယ် 🤩
မွေးနေ့ရှင်အပါ ၄ ဦး အနည်းဆုံး မင်တို့ဆိုင်ကို လာမယ်ဆိုရင် ၁၀၀၀၀ တန် အကင်စုံဗန်းလေး တစ်ပွဲ လက်ဆောင် ပေးမယ်ရှင် 😉 Happy Birthday March Born 📣
⚠️စည်းကမ်းချက်လေးအနေနဲ့ မွေးနေ့ရှင်လေးက မှတ်ပုံတင်လေး ယူလာခဲ့ပေးရပါမယ်နော် 🥰
March born လေးမပါလာဘူး ဆိုတဲ့အဖွဲ့တွေအတွက်ကတော့ ဒီ post လေးကို Like & share လုပ်ထားတာလေး ပြပေးမယ်ဆိုရင် BBQ order fee အပေါ်မှာ 5% off လေး လုပ်ပေးမယ်နော် 😉
အခုပဲ Beer - BBQ & Chill လုပ်ဖို့
SAKURA ကို ဖိတ်ခေါ်ပါတယ်ရှင့် ♥️
Hello Hello 🌸
Sakura ရဲ့ ချစ်ကာကာလေးတို့ထဲမှာ Cocktails ကြိုက်တဲ့ သူလေးတွေရော ရှိလားရှင့် ~
မင်တို့ဆိုင်ရဲ့ signature cocktail ဖြစ်တဲ့ *Sakura_Bloom* Making video လေးပြပေးလိုက်ပါတယ် 😍
မနက်ဖြန်မှာလည်း Valentines Day ဆိုတော့ မင်တို့ဆိုင်ကိုလာတဲ့ couples လေးတွေတွက် Midnight Kiss ဆိုတဲ့ Cocktail လေး တစ်ယောက်တခွက်စီ လက်ဆောင်ယူပါ..လို့နော် 🤩
ချစ်ကာကာ Single လေးတွေလည်း အားမငယ်နဲ့နော် 🤭 Cocktail လေး မရခဲ့ရင်တောင် Chocolate လေးတွေ လက်ဆောင်ပေးဖို့ ပြင်ထားတာမို့ Valentines Day အမှတ်တရ အေးဆေးလေး Date ဖို့ နဲ့ Chill ဖို့ Sakura က ဖိတ်ခေါ်လိုက်ပါတယ်ရှင့်🌸
Contact for more info @ page cb or
☎️ 09757778419 ~ 09797778419
08/02/2024
🌸 Sakura ရဲ့ ချစ်ကာကာလေးတို့ရေ..
ဂျပန်နိုင်ငံရဲ့အစားစာတစ်မျိုးကိုပြောပြပါဆိုရင် အားလုံးက 🍣ဆူရှီ လို့ပဲ စဖြေကြမယ်ထင်တယ်နော် 😉
ဒီနေ့မှာတော့ မင်မင်က မင်တို့ Sakura ဆိုင်မှာ ရနိုင်တဲ့ ဆူရှီ လေး (10) မျိုး နဲ့ မိတ်ဆက်ပေးပါရစေ..
SAKURA ရဲ့ Signature ဖြစ်တဲ့
🍣 Sakura roll
ဒီ roll လေးကတော့အသားကိုကြော်ထားပြီး ထောပတ်သီးရဲ့ စိမ့်တဲ့အရသာလေးရယ် garlic chilli sauce လေးရယ်ပေါင်းစပ်ထားလို့ စမ်းကြည့်သင့်တဲ့ထဲမှာပါတဲ့ MENU လေးပါပဲ
Sushi ကိုမှ ကိုရီးယားဆန်ဆန်အရသာလေးပေးပါဆိုတဲ့ ကာကာတို့အတွက်
🍣 Kimchi pork roll
Sushi ထဲကမှ ကြွပ်ကြွပ်ရွရွ ဆိမ့်ဆိမ့်လေးရော ရှိလား မင်မင် ဆိုတဲ့ ကာကာတို့အတွက်
🍣 Fried lotus roll
🍣 Cheese Fried Sushi
Vegan ကာကာလေးတို့အတွက်
🍣 Vege roll
🍣 Vege tempura roll
အသား၊ငါး၊ပုစွန် ပါမှ ကြိုက်တဲ့ ကာကာတို့အတွက်
🍣 Tuna cheese roll
🍣 Shrimp tempura roll
🍣 Teriyaki beef roll
🍣 California roll
မင်တို့လက်ရာ ဆူရှီ update menu ပုံလေးတွေကို price လေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော် 😍
ကာကာလေးတို့ရော update menu လေးထဲက ဘယ်နှစ်မျိုးလောက် စားဖူးကြပြီလဲရှင့် အရသာအကြိုက်တွေ့ခဲ့တဲ့ item လေးရှိရင်လည်း မင်တို့ပျော်ရအောင်လို့ ပြောပြခဲ့ပါအုံးနော်..
ထမင်းချိုင့် မပါလာလို့ နေ့လည်စာကို sushi လေးပဲ စားလိုက်တော့မယ် လို့ တွေးမိရင်တော့ မင်တို့ဆိုင်ကို lunch time အမီ Order လေးတွေ ပို့ပေးဖို့ စောင့်မျှော်နေပါမယ်နော်… 🤗
Sakura ရဲ့ တခြား Menu လေးတွေပါ သိချင်ရင်တော့ ဒီ post လေးမှာ ကြည့်လို့ရပါတယ်ရှင့် 🤗
https://www.facebook.com/100089808009665/posts/242939038709695/?mibextid=WC7FNe
Delightful Wedding Dinner memory at our SAKURA Restaurant 🌸🥳
ယခုလို ပျော်ရွှင်ကြည်နူးစရာ အမှတ်တရညလေးတစ်ည အဖြစ် one stop service ဆောင်ရွက်ပေးခွင့်ရတဲ့အတွက် Sakura Restaurant မှ အထူးပင် ဝမ်းမြောက်မိပါတယ်ရှင် 🤩
လူကြီးမင်းတို့ရဲ့ အမှတ်တရနေ့လေးတွေကို စိတ်ကျေနပ်ရပြီး အဆင်ပြေဆုံးဖြစ်အောင် ဝန်ဆောင်မှုတွေပေးဖို့ Sakura Team က အဆင်သင့်ရှိနေပါတယ်နော် 🤗
🌸 Birthday Party
🌸 Wedding Dinner Party
🌸 Staff party
🌸 Anniversary
🌸 Gathering party တို့အတွက်
▪️Buffets▪️Drinks▪️Basic Sound System▪️Lighting System▪️Karaoke set-up အားလုံး တို့ကို one stop service လက်ခံဆောင်ရွက်ပေးနိုင်တဲ့အပြင်
🌸 lunch or dinner သုံးဆောင်ရင်း Business Meeting တွေ လုပ်ဖို့အတွက်လည်း ▪️private room လေး ရှိသေးတာမို့ Event အတွက်ဆို Sakura ကို သတိရလိုက်ပါနော်…
🕰️ Opening hours : 11:00 am to 10:00 pm
📍Location : Suite No. C, 46th street (Middle block) Botahtaung Tsp, Yangon
Contact for more info @ page cb or
☎️ 09757778419 ~ 09797778419
02/02/2024
Snack အနေနဲ့ပဲစားမလား ???
Beer လေးနဲ့ပဲမြည်းမလား ???
လုံးဝ Perfect ပဲနော် 🍗🍗🍗
ရနံ့မွှေးမွှေးလေးနဲ့အရသာထိမိပြီး ဘယ်ချိန်စားစားရိုးမသွားတဲ့ SPICY CHICKEN WINGS လေးကို best selling item လေးဖြစ်လို့
မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့နော် 🥰
18/01/2024
အေးဆေးလေး သောက်မယ် 🍺🥂🍷
အမြည်းကောင်းကောင်းလေး စားမယ်ဆို
SAKURA ရဲ့ ငါးခဲပတ်ကင်အရသာလေးကို
လာရောက်စားသူံးကြည့်ဖို့ဖိတ်ခေါ်ပါတယ်
bro တို့ sis တို့ရေ 😍
ခဲပတ်လေးနဲ့ဆိုတော့ အရသာလေးက
တမူထူးခြားပြီး နူးအိနေမှာအသေချာပဲနော် 🥰
14/01/2024
မနက်ဖြန် Monday တရက်ထဲသာ ရမယ့်
အခွင့်ရေးလေး မို့ လက်လွတ်ခံလို့ မဖြစ်ဘူးနော်🥰
ကျား ဆိုမှ ကျားပဲ ဆိုတဲ့ ဘော်ဒါတို့
SAKURA မှာ လာ join လိုက်တော့နော် 🍺🍺🍺
Sushi တစ်ကိုက်ကိုက်လိုက်တိုင်း ပျော်ရွှင်မှုကိုခံစားရမယ်ဆိုရင် စိတ်ဝင်စားသွားမလား ? 😱
ကြွပ်ရွတဲ့အတွေ့အကြုံနဲ့ ထူးခြားတဲ့အရသာကို ခံစားချင်ပါတယ်ဆိုသူတွေအတွက် Fried Lotus Roll Sushi လေးကို Try ကြည့်သင့်တယ်။
ဘာကြောင့်လည်းဆိုတာကို သူ့ရဲ့အပြင်ပိုင်းမြင်ရတဲ့ပုံစံကနေ စပြီးပြောပြမယ် ...
ရေညှိထမင်းလိပ်ကို မုန့်နှစ်နဲ့ကြော်ထားတဲ့ ရေညှိထမင်းလိပ်ကလေး နဲ့ သူ့အပေါ်မှာတင်ထားတဲ့ ရွှေအိုရောင်ကြာစွယ်ကြော်လေးရယ်ကို မြင်လိုက်ကတည်းက ဝါးလိုက်ရင်ကြွပ်ရွနေမှာပဲဆိုတာကို ခံစားမိစေလိမ့်မယ်။ ဒီ Menu တစ်ခုလုံးရဲ့ ထူးခြားချက်ကလည်း သူ့ရဲ့အပေါ်မှာတင်ထားတဲ့ ကြာစွယ်ကြွပ်ကြွပ်ရွရွလေးကြောင့်ပါ။
အတွင်းဘက်ထဲမှာတော့ ပုဇွန်ကြော် နဲ့ ငရုပ်ပွအစိမ်း ပါဝင်တာကြောင့် ပုဇွန်ကြော်ရဲ့အချိုအရသာ၊ ငရုပ်ပွရဲ့မွှေးပြီး စပ်တဲ့အရသာကို ခံစားရစေမှာပါ။ ထမင်းလိပ်တစ်ခုလုံးကို တန်ပူရာမှုန့်လေးနဲ့ ကပ်ကြော်ထားတဲ့အပြင် တန်ပူရာမှုန့်၊နှမ်း၊ကြက်သွန်မိတ်ကို ရောကြော်ပြီးအပေါ်မှာတင်ပေးထားတယ်။
စစဝါးလိုက်ချင်းမှာ Crispy ဖြစ်တဲ့ " ဂျွတ် " ဆိုတဲ့ အသံလေးရယ် ပုဇွန်ရဲ့သဘာဝအချိုဓာတ်ရဲ့နောက်မှာ မွှေးပြီးစပ်တဲ့အရသာကိုခံစားရစေမယ့် ငရုပ်ပွရဲ့အရသာရယ်ကြောင့် တစ်လုပ်စားလိုက်တိုင်းမှာ ထူးထူးခြားခြားပျော်ရွှင်စေတဲ့အရသာကို ခံစားရစေမှာ သေချာပါတယ်။
နောက်ပြီးတော့ Fried Lotus Roll Sushi က တစ်ပွဲစားလိုက်တာနဲ့ အီသွားတာမျိုးမဟုတ်တာကြောင့် တခြား Sushi တွေ အများကြီးစားချင်ပါတယ်ဆိုတဲ့သူတွေအတွက် လုံးဝကွက်တိပဲ ...
Sakura Restaurant မှာ အသုံးပြုထားတဲ့ အသီးအရွက်တွေနဲ့အသားတွေအကုန်လုံးက သန့်ရှင်းလတ်ပြီးကျန်းမာရေးနဲ့ညီညွတ်တာတွေကိုပဲ အသုံးပြုပေးထားတာကြောင့် အခုပဲ အပြေးလေး လာခဲ့လိုက်တော့နော် ...
OPENING TIME : 11 AM To 10 PM
ADDRESS : SUITE NO C 01-03A
BUILDING C 46 STREET
MIDDLE BLOCK
BOTATHAUNG Tsp
YANGON , MYANMAR
PHONE : 09757778419, 09797778419
05/01/2024
PROMOTION !! PROMOTION !!
Happy Hour 4 To 8
Wed , Thur , Fri
TIGER စည်လေး ရပါပြီ 🍺🍺🍺
BEER 1 TOWER ဝယ်လိုက်ရုံနဲ့ အမြည်း FREE ရမယ့် PACKAGE လေးလည်းရှိတယ် နော်
TOWER PRICE 26000 ကို
Set A
ကြက်ခြေထောက် ဟင်းချို (or) ဝက်နံရိုး ကြံမဆိုင် ဟင်းချို
Set B
ငုံးခြောက်စပ် (or) ငါးရှဥ့်ခြောက်စပ်
ထဲက ဘော်ဒါတို့ ကြိုက်နှစ်သက်ရာ တစ်မျိုးကို
Present ပေးသွားမှာ ဖြစ်ပါတယ်
အဲ့ဒါအပြင် Tiger Beer တစ်ခွက်ကို 2400 နဲ့ ရောင်းချပေးမယ့်အပြင် BUY 3 GET 1 FREE
PROMOTION လေးလည်းရှိတော့ သောက်ဖော်သောက်ဖက်ဘော်ဒါတွေကို Mention ပြီး လက်တို့ ခေါ်လိုက်တော့နော်🥰
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
46 Street, Middle Block, Botahtaung Township
Yangon
11161/11162