Cosmo King
Watch Sales & Service Technician
27/12/2025
ဒါလေးကို အသက်သွင်းရအုန်းမယ်✊✌
08/09/2025
ဒါလေးလဲ စိတ်ဝင်စားစရာပဲ
13/02/2025
Replica နဲ့ သူ့ရဲ့ Movement ✍...Next Day
🔅🔅🔅VINTAGE WATCH 🔅🔅🔅
👴တစ်နေ့.... မတွေ့တာ ကြာပြီ ဖြစ်တဲ့ မိုက်ကယ်မိုးအေး တစ်ယောက်.... ဆိုင်ကို....ထုံးစံ အတိုင်း သူ့ရဲ့ခေါင်းပြောင်ပြောင်ကို ကုတ်ပီး.....ဝင်လာတယ်......အကြောင်း အရင်း က. Thai ကို ခလေးအကြောင်းပြပီး..ထွက်သွားတဲ့ဆိုက္ကားသမား ကျော်ကြီး ဂျင်းထည့်သွားတဲ့....ရုရှားထုတ်...Vintage သံပတ်ပေးနာရီ..က....အချိန် မမှန်လို့....ဆိုပီး.....ရောက်ချလာတာ.....
💡အစကတော့ တစ်နေ့ကို...အချိန် ၅ မိနစ်...၁၀မိနစ်လောက် ကွာတာပဲ ရှိတယ်.....အခုတော့... အချိန်က. မြန်လိုက် နှေးလိုက်နဲ့....ဘယ်လိုမှ မှန်းလို့ မရဘူးဖြစ်နေတယ်...ပတ်ရတယ်ကို မရှိဘူး....
လိုင်းပေါ် က တွေ့တဲ့ ကောင်မလေး နဲ့ အပြင်မှာ Coffee Date လို့ ဒီနာရီကိုကြည့်ပီးသွားလိုက်တာ....၁ နာရီ လောက် နောက်ကျသွားလို့....စိတ်ဆိုးပီး Block သွားပြီဗျာ တဲ့......FA. ဘဝ..နဲ့ ရှင်သန်နေရတာ .....မလွယ်ပါဘူး..တို့ ဘာတို့ပေါ့...😁💔
⌚နာရီကို ဖွင့် ကြည့်လိုက်တော့....Balance Bridge (စဂျီ)..ကိုအရင်စစ်ကြည့်တာ.....ပုံမှန်အနေအထားပဲ......လည်နေတဲ့ Coin ကို သေချာကြည့်တော့မှ....Coin. ဟာ...တခြမ်းကပ်ကပ်သွားတယ်..... သံလိုက်ဓာတ် ဝင်နေသလိုမျိုး..ကြီး..ဖြစ် နေတယ် ....အချိန် ညှိဖို့ ..တော်ရုံနဲ့ မရတော့ဘူး....အပူပေးပြီး....သံလိုက်ဓာတ် ဖျောက်မှ.....ရတော့ မယ်....အခန့်မသင့်ရင်... အပူကြောင့် Coin Balance မညီတော့ပဲ .ပူးသွားရင် ပိုဆိုးသွားတတ်တယ်..
⌚မိုက်ကယ်မိုးအေး က...နာရီကို မပတ်ပဲ ထားရင်....ကြုံရာနေရာမှာ...ထားထားတတ်တယ် .ထိမ်းသိမ်းပေးမဲ့ မိန့်မမရှိတာလဲ ပါတာပေါ့...သူထားတဲ့ နေရာတွေက. .TV....Sound Box.....စတဲ့ သံလိုက်ဓာတ် ရှိ တဲ့ နေရာလေးတွေနားမှာ ထားလိုက်မိလို့ ဖြစ်တာ...Vintage လဲ ဖြစ်ပြန...ပစ္စည်းရှားတဲ့ ရုရှားထုတ် နာရီဆိုတော့... ပစ္စည်း လဲရရင်..မရှိလောက်ဘူး.... ဒါကြောင့် လက်ရှိအတိုင်းကို...ပဲ အဆင်ပြေအောင်လုပ်ပေးရတော့မှာပဲ.
မရရင်လဲ....တခြားနာရီ...ထုတ်ရောင်းပေးရမယ်..Hongkong စက်ကို Swissmade ဆိုပီးတော့..😁....(စတာနော်) .....
⌚ရသလောက် ကြိုးစားပီး ပြင်ပေးလိုက်ပေမဲ့....စိတ်တိုင်းမကျဘူး......အချိန်က. မြန်နေတာပဲ......တစ်နေ့ ကို....၁၀မိနစ်..... ၁၅ မိနစ် လောက်.....မြန်မယ်ဆိုတော့ ....မိုက်ကယ်ကြီး က. ရတယ်တဲ့ ၁နာရီလောက် မမြန်ရင်. ..ရပြီဆိုပဲ......TimeGrapher ..နဲ့ ချိန်ကြည့်ပေးပါလား....လုပ်သေးတာ....TimeGrapher..က. Phillip Hein....ဆိုင်မှာ လာထားရင်...ချိန်ပေးမယ် လို့ မနဲချော့မော့ပြောပီး ပြန်လွှတ်လိုက်ရတယ်....မိန့်မ မရတာလဲ မပြောနဲ့. အရမ်းကဂျီဂဂျောင် ကျတာ😏😂...
⌚🖥တကယ်တော့ TimeGrapher က.....Vintage နာရီတွေထက်...... New Model.. နာရီတွေကိုပဲ ချိန်ပေးရတာ အဆင်ပြေမယ်......Vintage မရဘူးလားဆိုတော့...မရတာမဟုတ်ဘူး.....ရတယ်......Vintage watch တွေက....Wheel Panium Smooth ဖြစ်နေသေးရင်....ချိန်ရတာအဆင်ပြေမယ်.......TimeGrapher က. ကြိမ်နှုန်းကို ဖတ်တာဆိုတော့....(စဂျီ) တစ်ခုထဲ... လည်ပတ်အားကြိမ်နှုန်းမဟုတ်ပဲ. ..Wheel panium လည်ပတ်မှုအားနဲ့ ...ဖြစ်တည်လာတဲ့......Balance Bridge Coin ရဲ့.....ဘယ်ညာ လည်ပတ်မှုကြိမ်နှုန်းရဲ့ အချိုးကျမှုကို ဖတ်တာဖြစ်ပါတယ်.......Panium လေးတွေ သံချီးစားတာ...သံပတ်ကို အစားထိုးလဲထားတာ ....အနည်းငယ် ပဲ့နေတာတွေဟာ.....Panium Smooth မဖြစ် တာမို့.....TimeGrapher နဲ့ ချိန်တာထက်....Manural ချိန်ရတာက. ပိုပီး အဆင်ပြေပါတယ်........Vintage ကိုပတ်မယ်ဆိုရင်...အချိန် နှေးတာ မြန်တာတော့...သီးခံ ရမယ်.ဒါမှမဟုတ် ....Condition ကောင်းတဲ့...Vintage တွေလဲ....ရှိပါတယ်.....သေချာရှာမေး..ဝယ်ကြပေါ့ဗျာ.....
⌚နောက်တစ်ခုက.....မိမိလက်ထဲမှာ...Vintage နာရီပိုင်ဆိုင်ထားရင်.....အကြမ်းမသုံးပါနဲ့.....ရေမသုံးပါနဲ့...သံလိုက်စက်ကွင်းရှိတဲ့ နေရာ.....စတာတွေကို သတိထားစေချင်ပါတယ်....အခန့်မသင့်လို့ ရေဝင်သွားရင်.... Dail Print တွေဟာ....နှစ်ကာလကြာပြီမို့. . အပေါ် မှာ ClearCoat.မရှိတော့တာမို့....ပျက်စီးတ်ပါတယ်...ဆေး.ပြန်ရေးရရင် နှမျောစရာကြီးဗျာ....ဂရုစိုက်ကြစေချင်ပါတယ်......အားလုံသော နာရီချစ်သူများ..... မိမိရဲ့.အဖိုးတန်နာရီများ ကို..တန်ဖိုး ထား ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.......✍
Cosmo king
Watch Sale& Service Techination
NaingYuzana watch Showroom
Yangoon
28/11/2024
10:55.PM
✍VINTAGE watch တွေကို...သံလိုက်စက်ကွင်းရှိတဲ့... .TV....SoundBox...Phone စသည်တို့နဲ့ အတူတူ တွဲမထားသင့်တဲ့ အကြောင်းအရာလေးတွေကို.....မနက်ဖြန်..Sunday. မှာ.....ဆွေးနွေးတင်ပြပေးပါမယ်..✍
Cosmo King
NaingYuzana Watch Sale&Service Showroom
09750057200
20/10/2024
HATTORI Family.... ရဲ့ ကြိုးစားခဲ့သလောက် အောင်မြင်မှုရခဲ့တဲ့....SEIKO Series တွေထဲမှာ......Seiko Astron...က 1969 အလွန်မှာ ထုတ်ခဲ့တဲ့ # 35A....35SQ.31..32..33.Series Next Genaration.... ... Series.(1970)...
✍SEIKO ELNIX..0703. ဟာ....CITIZEN Cosmotron 7803. နဲ့....အပြိုင်လို့ ပြောလို့ရတယ်.....Cosmotron က. နဲနဲစောမယ် ထင်တယ်......Solar System နဲ့ Quartz System.. ကို ကျတော့အမြင် ပြောရရင်.....MIYOTA ရဲ့ Product က....Long Time production... ပိုဖြစ်တယ်...... Smooth... ဖြစ်တာ မှာ.....SEIKO က. ဆရာ ပဲ....ဒါကြောင့်.. Automatic Movement တွေက....CITIZEN movement ထက် ..ယှဉ်စရာမလိုအောင် သာတယ်.....
✍ELNIX Series တွေထဲမှာ...0703-5001 series ဟာ...တခြား..series တွေလို....ပုံစံ ခွက်ထဲက. Design မဟုတ်ပဲ.... တမူထူးရှားပီး ကွဲထွက်နေတာကိုက...ကျတော့အတွက် အကြိုက်ဖြစ်စေပါတယ်....Case Design က. လက်မှာပတ်ထားရင် ..လက် ကြီးတာ သေးတာ...ဂရုစိုက် စရာမလိုပဲ .ပတ်ရတာ အရမ်း ...SMART ဖြစ်တယ်......
Second Hand ကို ကြည့်နေရင်း....QUARTZ လို့ မထင်ရလောက်အောင်.....Smooth ဖြစ်တယ်....
🔋Battery ကလဲ....Comostron လို....1130ကို သုံးထားတော့.....ရေရှည်ခံ တယ်.....ဘယ်လောက်ပဲ ကြာရှည်ခံခံ ...ကျတော် ကတော့ Vintage watch ဖြစ်လို့.....Movement ကို တာရှည်သုံးရအောင်... . ပဲ သုံးတယ်......
New Modal ဆိုရင်လဲ Battery ကို ဆို လဲတယ်...Power အားလုံးကုန်အောင် မသုံးခိုင်းဘူး.....ဒါက. Quartz Movement တွေ အတွက်.....သတိထားသင့်ပါတယ်....
Water resistant က.....ဘယ်လောက်ပဲရေးရေး....5001case ဟာ ...Caseback Screw လို့ ထင်ရပေမဲ့.....နာရီသမားအခေါ်...အပေါ်ဖွင့် ပါ....ရေကို အခန့်မသင့်လို့ သုံးမိရင်တောင်ပူစရာမလိုပါဘူး..
ရေမထိအောင်တော့သတိထားတယ်ကျတော်က...တန်ဖိုးရှိရှိ ရေရှည်သုံးရအောင်လို့..VINTAGEက. Vintage လို သုံးကြစေချင်ပါတယ်😍
SEIKO ELNIX 0703-5001ကို သီတင်းကျွတ် လက်ဆောင် ပေးတဲ့....
-Watch By Burmese Enthusiast. ကို အရမ်းကျေးဇူးတင်ပါတယ်.....
Cosmo King
&Techination
2024/10/20
Sunday
ဒီ နာရီအကြောင်းလေး နဲ့...Cosmo King. ပြန်လာပါမယ်😍
အကြောင်းကြောင်း ကြောင့် နာရီအကြောင်းအရာ လေးတွေ မတင်ဖြစ်တဲ့အတွက်....Sorry ပါဗျာ....
😍သီတင်းကျွတ် အခါသမရ မှာ...နာရီချစ်သူ အားလုံး ဘေးဘယာ ကင်းကွာပြီး လိုအင်ဟူသမျှ ပြည့်ဝကြပါစေ 🙏🙏🙏
14/05/2024
⚜ဟောင်းပေမဲ့ ကောင်းနေဆဲပါပဲ💮
⌚နာရီလို့ ပြောတာနဲ့ ROLEX ဆိုတဲ့ အမှတ်တံဆိပ် ကို..လူတိုင်းသိ ..လူတိုင်းကြိုက်... ဆိုတာ ပြောစရာ တောင် လိုမယ်မထင်....
⌚ဒီအထဲမှာ..... ကျတော် ဒီနေ့ အဓိက ထားပီး ပြောချင်တာက..ယနေ့ခေတ်မှာ...Datejust ဆိုပီး ....နာမည်ကြီး လူကြိုက်များ Series ရဲ့ ဖြစ်တည်မှုအစ.... #16014..ROLEX Datejust Vintage watch..မှာ သုံးထားတဲ့ 1570Movement အကြောင်း ကို ဆွေးနွေးပီး ပြောပြသွားချင်ပါတယ်.....
⌚ဒီနေ့ ခေတ်ရဲ့..Datejust တွေမှာ သုံးတဲ့ #3035... #3055.. #3135 စတဲ့ Movement တွေဟာ.......1570ရဲ့ ကျောရိုးကိုယူပီးမှ......ပြန်လည်ထုတ်လုပ်ထားတာဖြစ်ပါတယ်......1️⃣9️⃣7️⃣7️⃣ကနေ1️⃣9️⃣8️⃣8️⃣အထိ ထုတ်လုပ်ခဲ့တဲ့..16014/1570 ဟာ.....ယနေ့ခေတ် လူငယ်တွေလက်ထဲမှာလဲ.....အဖိုးအဖွားအမွေ အဖြစ်လက်ဆင့်ကမ်း...တရိုတသေ....ထိမ်းသိမ်းပြီး...ဝတ်ဆင်လာတာ တွေ့ရတယ်....
⌚ဆိုတော့..... ဒီနေ့မှာ တွေ့ရတဲ့....ROLEX datejust16014/1570. ကို ထပ်ပြီး ကိုယ့်ရဲ့..သားစဉ်မြေးဆက် အထိ...ထပ်ပီး လက်ဆင့်ကမ်းချင်ရင်....ဘာတွေ ရှောင်ရမလဲ ဆောင်ရမလဲ ပြောကြရအောင်ဗျာ.......
⌚ပထမဉီးဆုံး အနေနဲ့ ကျတော့ဆီ Service ရောက်လာတဲ့....16014ကို...ကြည့်ရရင်....
1️⃣Dail..... မူလကာလာ အဖြူမှ....အရောင်နဲနဲလေးဖျော့သွားတာကလွဲပြီး.....ROLEX. logo....စာတမ်းနဲ့ စင်တီမီိတာစိပ် လေးတွေဟာ ဆေးသားမပျက်ပဲ....နဂိုမူလ အတိုင်းရှိနေပါသေးတယ်....
ဒီနေရာမှာ.. ကျတော် တို့ Service သမားတွေ သတိထားရမှာက...Dail ဆေးသားကို လက်နဲ့ မထိမိအောင် ..သတိထားကိုင်တွယ်သင့်ပါတယ်....တတ်နိုင်ရင်..လက်အိတ်သုံးတာကောင်းပါတယ်....ဆေးသားမှာပါတဲ့....ကျန်းမာရေး ကိုထိခိုက်စေတဲ့...ဓတ်သတ္တုတမျိုးအကြောင်းကို.....Watch&Tech မှာ..ဖတ်ဖူးကြမှာပါ.....
2️⃣ကော်မှန်ကို သုံးထားတာဖြစ်တဲ့ အတွက်...ထိခိုက်မိလို့....အက်ရာသေးသေးလေးနဲ့...အစင်းရာ ရှိပါတယ်...အစင်းရာက ဖျောက်လို့ရပါတယ်....အက်ကြောင်းလေးကတော့ မပျောက်ပါဘူး Dail colour ကြောင့် သေချာကြည့်မှမြင်ရပါတယ်....
3️⃣Case နဲ့ Brealet မှာ Caseက ပေါ်လစ် တိုက်ရင် အသစ်အတိုင်း ပြန်ဖြစ်တယ်.. Brealet. ..ကတော့...အဆစ်တွေကြဲသွားတဲ့ အတွက်...အတွင်းLink pin တွေကိုလဲပီး..75%အထိ ..ကျစ်လစ်အောင်ပြန်လုပ်လို့ရပါတယ်.....
4️⃣Crown (သော့သီး) က...အပြင်ပိုင်းကောင်းပြီး အတွင်းအရစ်../အိမ်ပိုက်အရစ်က...နှစ်ကြာလို့...ပြုန်းသွားပါပြီ.....အသစ်လဲလို့ ရသလို အစားထိုးအရစ်ပြန်ဖော်ပြီးသုံးလို့ရပါတယ်....
5️⃣Movement 1570..ကိုကြည့်ရရင်... #သော့တံ.. ဂျီးမှိုတက်... ဆီခမ်း..... ... ရေညှိဂျိူး ရှိ.....
Bridge မူလအတိုင်း.....(စဂျီတိုင် မတိုသေး...Coin လဲ ကောင်း)
တွေ လဲ အကောင်း အတိုင်းရှိနေပါသေးတယ်...... (သံပတ်) က..... အချိန် ကာလအရ. မကျိုးအောင်....သေချာ ဆီစိမ်ပီးမှ....ပြန်ဖျောင့််ပီး ခွေထည့်ရပါတယ်.....Panium တွေပြန်လည်ပတ်စေတဲ့ ကန်အား ကိုပြန်ပေးနိုင်ပါသေးတယ်.....
⌚Cleaning ကို သေချာလုပ်ပြီး.....1570ဟာ....နောက်ကာလ ရှည်အထိ....အသက်ဆက်နေအုန်းမှာပါ.....ဒီပိုင်ရှင် မတိုင်မီ....မူလ ပိုင်ရှင်ဟာလဲ.....သေချာစည်းကမ်းတကျပတ်လာလို့လဲ...... ... တွေဟာ ရေကြောင့် မပျက်စီးပဲ......Original အတိုင်းရှိနေသေးတာကလဲ ဒီVintage ROLEX ဟာ တန်ဖိုးတစ်ခု အထိ ရှိနေပါသေးတယ်......
⌚သို့သော် ....ယခုပိုင်ရှင်ကိုလဲ သေချာမှာရတာက....ရေမဝင်...မပြုတ်ကျ ..အကြမ်းပတမ်း မပတ်ဖို့ မှာပါရစေ...Vintage ဖြစ်တာမို့လို့.....New Modal Series တွေလို....အချိန်တိကျမှုနဲ့ အကြမ်းခံ နိုင်မှုဟာ လိုအပ်ချက် အနည်းငယ်ရှိနေမှာပါ.....
⌚Original ကော်မှန်
Original အိမ်ပိုက်..သော့သီး
Original Oring တွေလဲလို့ ရရင် ....Waterresistant ပိုခံနိုင်မယ်ဆိုပေမဲ့....ကုန်ကျစာရိတ်က မနည်းတာမို့....Local Service က အတတ်နိုင်ဆုံး ပြန်လည်ပြုပြင်ထားတဲ့.Quality ကိုထိမ်းပြီး....ရေရှည်လက်ဆင့်ကမ်း ဝတ်ဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းးးးး
Service Show room
16014/1570
Cosmo King
Watch Service &Sale Techination
14.5.2024
TUE
23:37pm
14/05/2024
Rolex 16014 ..1570 VINTAGE မှာ အချိန်ကြာလာရင် ဖြစ်တတ်တဲ့ အကြောင်းလေး ဒီည..... တင်ပေးပါ မယ်ဗျာ......
😒အရင် နေ့တွေက. ဘာကြောင့်ရယ် မသိ......Postတင်တာ မရ...သတိပေးအကြောင်းစာတွေ ပို့ခံရ..Photo Copy ကြောင့်များလားဆိုပီး..တတ်သိပညာရှင်တွေ မေးစမ်း...စစ်ဆေးပီး မှ...ကျတော့ရဲ့ Cosmo King လေးကို ပြန်လည်...အသက်သွင်းနိုင်ပါပြီဗျာ.....
😍ကျတော် တင်မဲ့ အကြောင်း အရာတွေက. watch Service နဲ့ပတ်သက်တာပဲ တင်မှာဖြစ်တဲ့ အတွက်...မိမိတို့ သိသလိုသမျှ... Service အကြောင်းအရာများကိုလဲ Comment.. message ကတဆင့်...မေးမြန်းဆွေးနွေးလို့ ရပါတယ်ခင်ဗျာ✍
Cosmo King
watch service
09750057200
26/03/2024
⌚QUARTZ နာရီများကို...အချိန်ကြာမြင့်စွာ.. အသုံးပြုနိုင်အောင် ဘယ်လို အသုံးပြု.. ထိမ်းသိမ်းသင့်သလဲ?....🌡
✍ဒီအကြောင်း ကို ရေးချင်နေတာကြာပါပြီ....ခုမှ ပဲ ရေးဖြစ်တော့တယ်....
🔋QUARTZ Wtach....ဆိုတာနဲ့ Battrey ကို အသုံးပြုပြီး..လည်ပတ်စေသော နာရီဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်......ဘယ်လိုအသုံးပြုပီး တာရှည်ခံအောင်ထိမ်းသိမ်းသင့်သလဲ မပြောခင် ပထမဆုံး .....QUARTZ နာရီတွေ ဘယ်လို System တွေနဲ့ တည်ဆောက်ထားသလဲ...အရင်သိဖို့ လိုအပ်ပါတယ်....
🔋Battrey ကိုအသုံးပြု နာရီ (သို့)Quartz watch ဟုဆိုရာဝယ်....... .. ဆိုသော အရာသည်...အရေးပါသော...အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်...
🔋 QUARTZ crystal သည်....Battrey မှ ပို့လွှတ်သော..ဗို့အားကြောင့်..လျှပ်စီးအား 32`768Hz ကြိမ်နှုန်းဖြင့် တုန်ခါမှု ကိုဖြစ်စေပါတယ်.....အဆိုပါ ကြိမ်နှုန်းကို Circuit (IC)က တစ်စက္ကန့်ရဲ့ Signal တစ်ခု ကို ပိုင်းခြားပေးပါတယ်...
Circuit (IC)မှတဆင့်......BATTERY Volt (1.5V....3V)နှင့် ညီမျှသော ရဲ့... လျှပ်စီးဆင်းမှုကြောင့်.....Motor Converter Wheel (သံလိုက်ဘီး)..သည်အချိန်ညှိလည်ပတ်စေပြီး.......Panium System များကို အလုပ် လုပ်စေပါတယ်......ဒါဟာ Quartz နာရီများရဲ့....အခြေခံကျသော သဘောတရားများသာဖြစ်ပါတယ်
💡ဒါဆို ဓာတ်ခဲနာရီ.(Quartz. Watch) များကို ရေရှည်အသုံးနိုင်ဖို့ ဘာတွေကို သတိထားရမလဲ....ဆိုတာနဲ့ ပတ်သက်ပြီး ထပ်ဆွေးနွေးရအောင်..
🔋Battrey ကို... ကိုက်ညီသော Number အတိုင်းထည့်ပါ...(ဉပမာ)SR-936..ထည့်ရမည့် နာရီကို SR-927ထည့်သွင်း အသုံးပြု သလို....SR-927. ကို SR920အသုံးပြု တာမျိုး မလုပ်သင့်ပါ..... စက်က သွားပေမဲ့....Sizeမမှန်တာကြောင့်.....အံဝင်ဂွင်ကျမဖြစ်တဲ့အတွက် Battery power စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်.....
🔋Batteryကို ပုံမှန်...မကုန်ခင် လဲလှယ်ပေးပါ.....မကုန်ခင်ဟုဆိုခြင်းမှာ....Original Batteryများသည် လဲလှယ်သင့်သည့် အချိန်မျိုးတွင်. နာရီလက်တံ များသည် နှစ်စက္ကန့်လျှင် တစိကြိမ်ခုန်တာမျိုး ငါးစက္ကန့်လျှင် တစ်ြကိမ်ခုန်တာမျိုး ဖြစ်တတ်ပါတယ်.... ထိုအခါများတွင် ....Battery ကို ...Service CENTER သို့သွားပြီး လဲသင့်ပါတယ်...
🔋အကယ်ရျ် ကိုယ်ရှိသော အရပ်ဒေသမှာ....မိမိနာရီရဲ့ Battrey Number မရှိပါက......ကုန်နေပြီးသော BATTERY အဟောင်းကို ထုတ်ပြီး....သေချာလုံခြုံအောင် သိမ်းထားပေးပါ...အချိန်အကြာကြီး Batteryမထည့်ပဲလဲ ...မထားပါနဲ့....
🔋Power ပြည့်သော Battery...ကို အသစ်ထည့်ထားပြီး...မပတ်ပဲ သိမ်းထားမည်ဆိုပါက....Powerချွေတာသောအားဖြင့်...သော့တံကို အဆုံးထိ ဆွဲထားပေးပြီး....Power စီးဆင်းမှုကို ဖြတ်တောက်ပေးနိုင်ပါတယ်....(ကျတော်ကတော့ အဲ့တာကို အားမပေးချင်ပါ.....အမြဲသွားနေတာကမှ Quartz crystal အတွက် အဆင်ပြေမယ် ဟု ယူဆမိပါတယ်)Battrey များသည် အသုံးပြုသည်ဖြစ်စေ အသုံးမပြုသည် ဖြစ်စေ ....သတ်မှတ်ကာလတစ်ခု ၃နှစ် မှ ၅ နှစိအထိသာ အသုံးပြုနိုင်ပါတယ်... ဒါကြောင့်.... နှစ်နှစ် တစ်ကြိမ် ပုံမှန်လဲပေးခြင်းသည်..(solar battery)မပါ...QUARTZ နာရီများကို...အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ဖို့ အကျိုးပြုစေပါတယ်......
🔋တချို့က နားလည်မှူ လွဲပြီး....Batteryကို မထည့်ပဲ သိမ်းထားရင်လဲ..ရတယ်ပြောကြတယ်....မလုပ်သင့်ပါဗျာ...ဘာကြောင့် လဲဆိုတော့......QUARTZ crystal (သလင်းကျောက်)ဟာ...တုန်ခါမှု ဖြစ် စေဖို့..အပူဓတ်ပေးတဲ့ စနစ်လိုအပ်တဲ့ အတွက်.....BATTERY powerပုံမှန်လည်ပတ်နေမှ.......ထိုစနစ်ကို အကျိုးပြုစေပါတယ်.......
🔋ရေဝင်ပီး သိမ်းထားတဲ့ နာရီ ကို ပြန်လည်ပြုပြင်ရာမှာ .....Quartz crystal မကောင်းတော့ရင်......Battrey ထည့်ရင် စက်သည် ချက်ချင်းမသွားပဲ Dryer နဲ့ အပူပေးခါမှ ..စက်ပြန်လည်သွားတာဖြစ်ပါက. Circuit (ic)ကို မဖြစ်မနေလဲဖို့ လိုအပ်ပါတယ်... မဟုတ်ပါက. ပူရင်သွားလိုက် အေးရင်ရပ်လိုက်နဲ့ ဆိုင်မဆင်းနာရီ ဖြစ်နေတတ်ပါတယ်.....
📌ဒါကြောင့် QUARTZ နာရီတစ်လုံးပိုင်ဆိုင်ရပါက...ရေကို သတ်မှတ်ထားသော Limit ကျော်အောင် အသုံးမပြုပါနဲ့.....အသုံးပြု မိရင် လဲ ရေကို စင်အောင် ပြန်လည်သုတ်ပေးပါ....Caseback conner နားမှာ ရေဝပ်နေတာမျိုး မဖြစ်အောင် သတိထားပေးပါ....သော့သီးကိုလဲ အမြဲ သန့်ရှင်းရေးလုပ်ပေးပါ...ဆွဲထုတ်.. ပုံမှန်လုပ်ပေးပါ လှည့်လို့ မရအောင် မထားပါနဲ့......ရေမသိမတာ စိပ့်ဝင်ပြီး BATTERY နဲ့ ICကို ရေငွေ့ကြောင့် လျပ်စီးဆင်မှုကို... Error ဖြစ်စေပါတယ် ...အချိန်ကြာဖြစ်သွားလျှင် Battery ကော Circuit ကော အတူတူလဲရတဲ့ အဆင့်အထိ ဖြစ်သွားတတ်တာမို့....အထက်ပါပြောတဲ့... ဆောင်ရန်ရှောင်ရန် များကို သတိထားပြီး QUARTZ Watch များကို အချိန်ကြာမြင်အသုံးပြုနိင်ပါတယ်ဆိုတဲ့ အကြောင်း ပြောရင်း နောက်တစ်ပတ် QUARTZ Digital watch အကြောင်းလေး ဆက်ပြောရအောင်ဗျာ😍
crd
watch
Cosmo King
watch sale&Service Techination
NaingYuzana watch Showroom
26-3-2024
23:59pm
25/03/2024
📌Quartz နာရီတွေကို ...ရေရှည်ခံ အောင် ဘယ်လို ထိမ်းသိမ်းသင့်သလဲ?.....
✂ထပ်ဖြည့်စရာ ရှိနေသေးလို့ မနက်ဖြန်.. ည. မှ... တင်နိုင်တော့မယ်ဗျာ.....😔
02/03/2024
⛔COPY..ဆို...မိုးအေး ကြောက်ကြောက်🤗
📍မိုက်ကယ်မိုးအေး တစ်ယောက်..သူ့ရဲ့ ပြောင်နေတဲ့ ခေါင်းကို...တဗြည်းဗြည်းကုတ်ရင်း....Hello.... Sir Zin...နေကောင်း တယ်နော်......ဆိုပြီး....ဆိုင်ထဲဝင်လာလေသည်....သူနဲ့..အမြဲ တမ်းပါနေကျ..ပါလေရာဉကျော် တစ်ယောက်တော့...မတွေ့မိ....ထုံးစံအတိုင်း....ကားပါကင် မရလို့ ....ပတ်မောင်းနေလို့များလား....
📌ဟာ....ဉဇော်(မိုးအေး)...လာဗျာ....မတွေ့တာကြာလို့လား..မသိဘူး ဆံပင်တွေတောင် မတွေ့တော့ဘူးနော်....😁လုပ်ပြီ...ပြောင်နေရတဲ့ အထဲ လာပြောင်နေတယ်....ဉကျော် တော့မပါဘူး...သူ့ မိန့်မ အမျိုးတွေရောက်နေလို့ ..ထမင်းချက်ကျွေးနေရလို့ မအားလို့ လိုက်မလာ ရဘူး....
📍သြော်..ဒါနဲ့ ဉဇော် က နာရီပြင်မလို့လား.....မဟုတ်ဘူးဗျ....ကျတော့ အကိုတစ်ယောက်...နယ်ကို ရှုတင်သွားရင်း....လက်ဆောင်ရလာတဲ့ နာရီ..ကို... ကျတော့ကို လာပြလို့...အဲ့တာ....အတုလား အစစ်လား ..သိချင်လို့...ကူညီပါအုန်း.... အစစ် ဆိုရင် ဉကျော်က သူဝယ်မယ်....တဲ့ အတု ဆိုရင်....ကိုဒီး ကို ရောင်းပေးမယ်တဲ့😂
🔍နာရီကိုကြည့်လိုက်တော့...အမယ်...ROLEX DATONA.. ဟ....Case...Brealet.. Dail.ရဲ့ Finishing ကိုကြည့်ရတာ...နည်းနည်း သံသရ ဖြစ်စရာကောင်းတယ်ဆိုပေမဲ့...ပိုသေချာအောင်..စက်ကိုဖွင့်ကြည့်မှ... ဖြစ်တော့မယ်....
📍ကဲ ..ဉဇော် သူက ဘယ်လောက်ရရင်ရောင်းမတဲ့လဲ......မသိဘူးဗျ.....ဘယ်လောက်ရနိုင်လဲလို့လဲ မေးပေးပါ တဲ့....အဲ့တာ ....အစစ်ပဲ မလား Sir Zin.....နေအုန်းဗျ ပြောဖို့စောသေးတယ်....အခုက.... နာရီမှာ....သူ့ရဲ့ ဗူးတွေ..ဖော့တွေ..Warranty Card တွေလဲ မပါဘူး.....Dail conner က S.Number ကလဲ တလွဲဖြစ်နေတယ်....ပိုပီး သေချာ အောင်...စက်ဖွင့်ကြည့်မှ အတိအကျပြောလို့ရမယ်....ဖွင့်လို့ရမလား....
🔑လိုအပ်ရင် တော့ဖွင့်ဗျာ.....အိုကေ ဒါဆို ဖွင့်ပြီနော်......Caseback key Lineကလဲ.....အစစ် မှာ ပါတဲ့ Lineလို...မသေမသပ်...ဖွင့်လို့တော့ ရပါရဲ့....စီးစီးပိုင်ပိုင် မဖြစ်......စက်ကို မြင်လိုက်တော့....အတုဆိုတာ ပိုသေချာသွားပြီ....
ROLEX DATONA Movement 4130...ကို Quality ကောင်းအောင် COPY Right လုပ်ထားတယ် WATCH Collector.... ဝယ်ရောင်းသမားတွေတချို့တောင် ရောင်းမှား ဝယ်မှား ဖြစ်နိုင်လောက်တဲ့.. High-End COPY..... သို့သော် သေချာဂဃနဏ လေ့လာထားသူတွေဆို မြင်တာနဲ့ သိတယ်.... #(ပုံမှာ.. သေချာရှင်းပြထားပါတယ်)....
🔓ကဲ...ဉဇော် ရေ...ခင်ဗျားဟာ COPY ကြီးဗျာ....Quality အရမ်းကောင်းတဲ့ H-End copy ဗျာ....တော်သေးတယ်... ခင်ဗျား လာပြတာ....ဒါမျိးquality ကို အစစ်မှတ်ပီး ခံလိုက်ရတဲ့ သူတွေရှိတယ်ဗျ....ဒါကြောင့်... နာရီ ဝယ်ရင်...Offical AD.....ဒါမှမဟုတ် စိတ်ချရတဲ့.. ဝယ်ရောင်း တွေဆီမှာ..ဝယ် မှ စိတ်ချ ရမယ်ပြောတာဗျ...
🔮Watch Only ဆို သတိထားပါ
💡စေျးလျှော့ရောင်းရင် သတိထားပါ
🔮ROLEX အစစ် ပိုင်ဆိုင်ထားသူဟာ ဘယ်တော့မှ ..တော်ရုံ ဝယ်ရောင်းပေချ့်မှာ တင်မရောင်းပါ
🕹ခရီးစာရိတ် ပြတ်လို့ဘာလို့ညာလို့ဘာရှောင် ညာရှောင် ဆိုပီး လာရောင်းရင် သေချာ စစ်ကြည့်ပီမှ ဝယ်ပါ..သူတို့ဆီကပဲ ဒီလို Copy တွေ တွေ့ရတတ်ပါတယ်...
🔮ကဲ ..မိုက်ကယ်မိုးအေး ကြီးရေ...စိတ်မကောင်း ပါဘူးဗျာ ..ဒါမှ မဟုတ် ဟို ပါလေရာဉကျော် ကို အစစ်ဆိုပြီး စျေးလျော့ရောင်းလိုက်...ကိုဒီးက ဝယ်မှာ မဟုတ်ဘူး...မိန့်မ လွမ်းနာကျနေတယ် သူ😁😁
😒ပြန်ပဲ ပေးလိုက်တာ ကောင်းပါတယ်ဗျာ...မဟုတ်ရင် ကျတော် တိုင်ပတ်ပီး..ခေါင်းက ဆံပင် တင်မဟုတ် ရှိသမျှဟာပါ ပြောင်သွားအုန်းမယ်....ကဲ...သွားပြီဗျို့....ကျေးဇူးပါ Sir zin ရေ...နောက်တပတ်ပြန်လာခဲ့မယ်...Seven Friday ပတ်ပြီး တော့😍😍
🔬ပုံလေးတွေကို ထောက်ကြည့်ပါ
copy Right
YuZaNa watch Service &Service Showroom
COSMOKING
2/3/2024
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon