Baby Chef
ပင်လယ်စာ ငါး ပုဇွန် ဂဏန်း နှင့် မြန်မာပြည်အနှံ့ဒေသထွက်ကုန်မျိုးစုံ🐟🐟🦀🦀☘️☘️
13/12/2025
လူတိုင်းကျန်းမာဖို့ Organic အသီးအရွက်တွေစားကြမယ်ရှင့် Organic Farm ကနေ တိုက်ရိုက်မှာထားတာလေးတွေရောက်ပါမယ်🥒🥦🥬🍆🫑🍐🥕🌶️
24/10/2025
ချောင်းပုဇွန်လေးတွေဒီနေ့ကားဝင်ပါမယ်
ရောက်တာနဲ့ စပို့ပါပြီး အသေးက၆၀အကောင်ဆိုဒ်ဆိုပေမယ့်
ဒီနေ့၅၄ ကောင် ၅၅ကောင် စသဖြင့်အကောင်စီးပြီး
အကြီးကလဲ၄၀ ကောင်ဆိုဒ်ရေးထားသော်လဲ
၃၄ ကောင် ၃၅ ပဲ ပါလို့
ဝယ်သူတွေတန်တယ်နော်..အကောင်ပိုကြီးတာရတယ်
22/10/2025
သဘာဝပုဇွန်ရောင်းမယ် အကိုတို့အမတို့ရေ
ညမ စားစေချင်လို့ရောင်းတာမို့ ကရင်ပြည်နယ်က
ပုဇွန်လေးပါ
အားပေးပါနော် ဒီနှစ်က ကားတင်ရမလွယ်လို့
ပုဇွန်လဲစျေးကလဲ မများပါဘူး
စားပျော်ပါတယ်
အကောင် ၄၀ ဝန်းကျင် တပိသာ ၈၀၀၀၀
အကောင် ၆၀ ဝန်းကျင် တပိသာ ၆၅၀၀၀ ပါရှင်
လယ်ပုဇွန် ချောင်းပုဇွန်လေးပါရှင်....
သန်ဘက်ခါရောက်ပါမယ်နော်
09420214846
20/10/2025
Baby chef မှာ အသင့်ရနိုင်တာလေးတွေပါရှင့်
ဗမာကြက်စစ်စစ် တပိသာ 40000
ကြက်မဲစစ်စစ် တပိသာ 85000
Cp ကြက် ရင်အုံအရိုးလွတ် တထုတ်17000
Cp ကြက် ပေါင်ခြမ်း တထုတ် 16000
Cp ကြက် ပေါင်လုံး တထုတ် 16000
ဝက်နံရိုး တထုတ် 17000 တုံးပြီးသား
ငါးဖယ်ကြော်ပြီးသား တထုတ် 7500
ကြက်သားလုံးကြော်ပြီးသား တထုတ် 7500
ကျားပုဇွန်ခေါင်းပြုတ် 10သား 6500
ဂဏန်းအမဥအပြည့် 1kg 20000
ပုဇွန်အကောင်ချဉ် 25သား 11000
ဂဏန်းဥ 10သား 7000
ဂဏန်းလက်မ 10သား 6000
ဂဏန်းအသား 10သား 4000
လပွတ္တာပုဇွန်ဆီ တဗူး 12000
ကြက်သွန်ဖြူရှမ်းဥ 1ပိသာ 4500
တောင်ပေါ်ပျားရည် တပုလင်း 32000
မြေပဲဆီ စစ်စစ် တပိသာ 21000
မျှင်ငါးပိ တဗူး 9500
အသီးအနှံလေးတွေကတော့
ယိုးဒယားမာလကာကင်ကြူသီး တပိသာ 9500
အစေ့လွတ်ဂျပန်လိမ္မော် 1kg 30000
Hass ထောပတ်သီး1kg 6500
ရွှေဝါကန်စွန်းဥ တပိသာ 8500
ထန်းမြစ် တစီး 10ချောင်းပါ 4500
ပန်းကြွပ်သီး တလုံး 3500
ယာကွန်ဥ တပိသာ 11000
လက်ဖက်ခြောက် 10သား 3500
ဗမာကြက်နဲ့ ကြက်မဲ အကောင်လိုက်လိုချင်လည်းရသလို ကာစတန်မာလိုချင်သလောက်လည်းခြမ်းရောင်းပေးပါတယ်ရှင့်
09420214846
15/10/2025
Baby chef မှာ ရနိုင်တာလေးတွေ ပါရှင့်
Premium quality ကြက်မဲ တပိသာ 85000
ဗမာကြက် တပိသာ 40000
ဝက်နံရိုး တထုတ် 17000
ကြက်ရင်အုံအရိုးလွတ် တထုတ် 16000
ကြက်ပေါင်ခြမ်းတထုတ် 16000
ကြက်ပေါင်လုံး တထုတ် 16000
ကျားပုဇွန်ခေါင်းပြုတ် 6500
ဂဏန်းအမ ဥအပြည့် 1kg 20000
ဂဏန်းအသားနွှင် 10သား 4500
ဂဏန်းဥ 10သား 6500
ဂဏန်းလက်မ 10သား 6000
လပွတ္တာပုဇွန်ဆီ 10သားတဗူး 12000
ပုဇွန်အကောင်ချဉ် 25သား တဗူး 11000
ငါးဖယ်ကြော် တထုတ် 7500
ကြက်သားလုံးကြော် တထုတ် 7500
09420214846
ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရပါတယ်ရှင့် မြို့နယ်အလိုက် Deli ခ လေးတွေ ရှိပါတယ်
15/10/2025
#ကြက်မည်း(ဆေးဖက်ဝင်)
ဆေးဆိုးထားတာလုံးဝမဟုတ်ပါ ...
တကောင်လုံး မည်း ၊ အရေခွံမည်း ၊ အထဲကအသားမည်း
ဆေးဖက်အရမ်းဝင်အာဟာရပြည့်ပါတယ်ရှင်
** ဆေးမြစ်စုံနဲ့အတူ ကြက်မည်းကိုပေါင်းလိုက်ပါ
** ဂျင်စင်းလေးကောပါရင် ပိုကောင်းပါတယ်
** ပီးရင် ကိုးချီစေ့လေးထည့်
သူရဲ့ကောင်းကျိုးလေး (စာဖတ်မပျင်းပါနဲ့နော်) 👇👇
''ကြက်မဲ ၏ များစွာသောအဟာရတန်ဖိုး"
Vit A,Vit B,Vit E,Iron,Phosphorus,Calcium, Amino Acid များ ကြွယ်ဝစွာပါဝင်လို့...
မျက်လုံးအားကောင်းစေပြီး အမြင်အာရုံကို ပိုမိုကြည်လင်ကောင်းမွန်စေပါသည်..
နှလုံးကျန်းမာရေးကို အထောက်အကူပြုစေပါသည်..
Antioxidantများစွာ ပါဝင်၍ သက်ကြီးရွယ်အိုများတွင် ဖြစ်တက်သော
အရိုးအားနည်းခြင်း ၊ အာရုံကြောဆိုင်ရာ ဝေဒနာများ အတွက် သင့်လျော်စေပါသည်..
တရုတ်ဆေးပညာကျမ်းများ တွင် ကိုယ်တွင်းဒဏ်များ ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်သက်သာစေနိုင်သည် ဟု ယူဆကြပါသည်...
Proteinဓါတ် ကြွယ်ဝစွာပါဝင်ပြီး Cholesterol မပါဝင် သလောက်နည်း၍
Gym ဆော့နေသူများအတွက် အထူးသင့်လျှော်ပါသည်..
Protein သောက်သုံးနေသူ Body Builder များအနေဖြင့်
ကြက်မဲ စားသုံးခြင်း ဖြင့် Prorein ထက် ပိုမိုသာလွန်ကောင်းမွန်မှုကို ရရှိနိုင်ပါသည်..
ကဲ...
ကြက်မဲ တစ်ခုနဲ့တင် ကျန်တာ ဘာမှ မှီဝဲ စရာ မလိုတော့ဘူးပေါ့....😍
ကြက်မဲကို ပေါင်းပြီးစားလို့ ရသလို ကြော်စား လို့လည်း ကောင်းပါတယ် ဒါ့အပြင် ကင်ပြီးစားလည်း အသားအိအိ လေးနဲ့ သဘာဝ အချိုဓာတ် အရသာလေး ရချင်ရင်တော့ စွတ်ပြုတ် လုပ်စားလိုက်ပါ...ဆွေမျိုးမေ့ပြီး အာဟာရဓာတ်တွေ ရရှိကာ ဖလန်းဖလန်း ဖြစ်နေစေမှာပါနော်....
သွားကြားညှပ်မှာစိုးလို့ ကြက်သားမစားသူများလည်း
ကြက်မဲကို သာစားကြည့်လိုက် တစ်ခါထဲ အိပျော်ဝင်စေလို့ စားပြီးရင်း ထပ်စားချင် ဖြစ်နေတော့မှာပါနော်...
14/10/2025
ကြက်မဲအကြောင်း
အာရမ်ဂျာမာနီ Ayam Cemani လို့ခေါ်တဲ့ ကြက်မဲတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဇာတိဖြစ်ပြီး ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ ဈေးအကြီးဆုံး ကြက်မျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ အသွင်အပြင်ကြောင့် "ကြက်မျိုးနွယ်ထဲက လန်ဘိုဂီနီ Lamborghini" လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
ကြက်မဲတွေရဲ့ ထူးခြားချက်များက တစ်ကိုယ်လုံး မဲနက်နေခြင်းဖြစ်ပါတယ်။ Ayam Cemani ကြက်တွေဟာ အပြင်ပိုင်းရော အတွင်းပိုင်းပါ တစ်ကိုယ်လုံးနီးပါး အနက်ရောင်ဖြစ်နေပါတယ်။ အမွေးအတောင်၊ အသားအရေ၊ အမောက်၊ နှုတ်သီး၊ လျှာ၊ အရေပြား၊ ကြွက်သားတွေ၊ အတွင်းအင်္ဂါတွေနဲ့ အရိုးတွေပါ မဲနက်နေတာ ဖြစ်ပါတယ်။ ဒါဟာ Fibromelanosis လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှုတစ်ခုကြောင့် ခန္ဓာကိုယ်ထဲမှာ Melanin (အမဲရောင်ခြယ်ပစ္စည်း) ပိုမိုထုတ်လုပ်တဲ့အတွက် ဖြစ်ပါတယ်။
သွေးအရောင်ကို အများက ကြက်မဲတွေရဲ့ သွေးဟာလည်း မဲနက်နေတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့ သွေးဟာ သာမန်ကြက်တွေလိုပဲ အနီရောင်ဖြစ်ပါတယ်။
Ayam Cemani ကြက်မဲတွေဟာ တစ်နှစ်ပတ်လုံး ဥ ၈၀ ကနေ ၁၂၀ လောက်သာ ဥလေ့ရှိတာကြောင့် ဥဥနှုန်း နည်းပါတယ်။ ဥအရောင်ကလည်း အမဲရောင်မဟုတ်ဘဲ နို့နှစ်ရောင် ဒါမှမဟုတ် အဖြူရောင် နည်းနည်းသန်းတဲ့အရောင် ဖြစ်ပါတယ်။
သူတို့ရဲ့ အသွင်အပြင်က ကြောက်စရာကောင်းတယ်လို့ ထင်ရနိုင်ပေမယ့် တကယ်တမ်းမှာတော့ ဖော်ရွေပြီး သွက်လက်တက်ကြွတဲ့ ကြက်မျိုးစိတ် ဖြစ်ပါတယ်။ သားရဲတိရစ္ဆာန်ရန်ကနေ ကောင်းကောင်းရှောင်တိမ်းနိုင်သလို၊ ပျံသန်းနိုင်စွမ်းလည်း ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မူလပေါက်ဖွားခဲ့တဲ့ Ayam Cemani ကြက်တွေကို မှော်ဆန်တဲ့ ဂုဏ်သတ္တိတွေရှိတယ်လို့ ယုံကြည်ကြပါတယ်။ အယူသီးတဲ့သူတွေက ဒါဟာ ရောဂါပျောက်ကင်းစေတယ်၊ ကံကောင်းခြင်းတွေ ယူဆောင်လာတယ်၊ ဒါမှမဟုတ် ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့လည်း ရိုးရာဓလေ့ပွဲတွေ၊ ဘာသာရေးပွဲတွေနဲ့ ဆေးဝါးကုသမှုတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ ဒီလိုယုံကြည်မှုတွေကြောင့်လည်း ဈေးနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
Ayam Cemani လိုမျိုး ကြက်မဲတွေဟာ ရိုးရာဆေးပညာအရ အာဟာရဓာတ် ပိုမိုပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ အင်ဒိုနီးရှားနဲ့ အာရှနိုင်ငံအချို့မှာ ယုံကြည်ကြပါတယ်။ ဒီလိုယုံကြည်ချက်တွေကြောင့်ပဲ သူတို့ဟာ ဈေးနှုန်းမြင့်မားရတာ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေအရလည်း တချို့သော အချက်အလက်တွေက ဒီယုံကြည်မှုတွေကို အထောက်အကူပြုနေတာ တွေ့ရပါတယ်။
Ayam Cemani ကြက်သားမှာ သာမန်ကြက်တွေထက် ပရိုတင်းဓာတ်ပိုများပြီး အဆီဓာတ်၊ အထူးသဖြင့် ကိုလက်စထရောဓာတ်က သိသိသာသာ နည်းပါတယ်။ အဆီပါဝင်မှုကလည်း ၀.၇၃% မှ ၁.၀၃% သာရှိပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးကို ဂရုစိုက်သူတွေအတွက် ပိုမိုသင့်တော်ပါတယ်။
ကြက်မဲတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေစေတဲ့ Melanin ဓာတ်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်က ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
အခြားကြက်သားမျိုးစိတ်တွေနဲ့ ယှဉ်ရင် Ayam Cemani ကြက်သားမှာ သံဓာတ်၊ ဗီတာမင် B1, B2, B6, B12 , C, E တို့အပြင် niacin, calcium, phosphorus စတဲ့ အာဟာရဓာတ်တွေ ပိုမိုပါဝင်တာကြောင့် သွေးအားနည်းရောဂါနဲ့ အခြားသော ရောဂါတွေကို သက်သာစေတယ်လို့လည်း ဆိုကြပါတယ်။
Ayam Cemani ဥတွေဟာလည်း ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် အာဟာရဓာတ်ကြွယ်ဝတယ်လို့ ယူဆနိုင်ပါတယ်။
အင်ဒိုနီးရှားလို နေရာမျိုးတွေမှာ Ayam Cemani ကြက်သားကို ဖျားနာတဲ့သူတွေအတွက် ဟင်းချိုဖြစ်ဖြစ်၊ ဟင်းရည်ဖြစ်ဖြစ် ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။ ဒီလိုလုပ်တာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ရိုးရာအစဉ်အလာအရ ယုံကြည်ကြပါတယ်။
ဒါပေမဲ့ ဒီအကျိုးကျေးဇူးတွေက စူးစမ်းလေ့လာမှုတွေ ရှိနေသေးပေမယ့် ကြီးမားကျယ်ပြန့်တဲ့ သိပ္ပံနည်းကျ သက်သေအထောက်အထားတွေ အများကြီး မရှိသေးဘူးဆိုတာကိုတော့ သတိပြုသင့်ပါတယ်။
Ayam Cemani ကြက်တွေဟာ ဘာလီကျွန်းမှာ ကြက်တိုက်ပွဲအတွက် အလွန်ရေပန်းစားတဲ့ ကြက်အမျိုးအစားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပေါင်တွေဟာ တခြားကြက်တွေထက် ကြွက်သားပိုများပြီး ပိုမိုမြန်ဆန်သွက်လက်တာကြောင့်ဖြစ်ပါတယ်။
သူတို့ဟာ တခြားကြက်မျိုးတွေနဲ့နှိုင်းယှဉ်ရင် ဈေးအလွန်ကြီးပြီး အရွယ်ရောက်ပြီးသားတစ်ကောင်ကို ဒေါ်လာ ၉၀၀၀ အထိရှိနိုင်သလို ကြက်ဥတစ်လုံးကို ဒေါ်လာ ၁၆ အထိ ရှိနိုင်ပါတယ်။
ဈေးနှုန်းအလွန်မြင့်မားတဲ့အတွက် စီးပွားရေးအရသာမက ရိုးရာအစဉ်အလာနဲ့ ယဉ်ကျေးမှုအရပါ တန်ဖိုးထားတဲ့ ကြက်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။
Credit
Dr. Myint Thein @ 14 August 2025
13/10/2025
ကြက်မဲ
ပုံမှန်အားဖြင့် ရိုးရိုးကြက်ကိုစားပေးရင်လည်း ခန္ဓာကိ်ုယ်အတွက် အကျိုးရှိတယ်ဆိုတာ သိပြီးခဲ့ကြပြီဖြစ်ပါတယ်။ ဒါဆိုရင် ကြက်မဲကရော ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?
ကြက်မဲမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ Antioxidant များစွာ ပါဝင်ပြီးတော့ အအေးမိခြင်းနှင့် ဖျားနာခြင်းကို ကာကွယ်ပေးနိ်ုင်ပါတယ်။ ကြက်မဲမှာတွေ့ရတဲ့ Antioxidant ဓာတ်တွေကို Carnosine လို့ခေါ်ပြီး သာမန် ကြက်တွေထက်ပိုပြီး အာနိသင်ရှိပါတယ်။
တရုတ်ဆေးပညာအရ အမဲရောင်ကြက်သားက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားမယ့်အမျိုးသမီးတွေကို အများကြီးအထောက်အကူဖြစ်စေတဲ့အပြင် သက်ကြီးရွယ်အိုတွေအတွက်လည်း များစွာ အထောက်အကူဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကြက်မဲကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထူးသင့်လျော် စေပါတယ်။ ထို့အပြင် ကြက်မဲတွင် သံနှင့် သတ္တုဓာတ်ပါဝင်နေမှုကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျှော့ချပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။
LTY
10/10/2025
ခြံထွက် ကြက်မဲ စစ်စစ် နဲ့ ဗမာကြက်စစ်စစ် တွေ လက်လီ လက်ကား ပြန်ရောင်းပေးမယ်ရှင့် 🐓🐓🐓🐓🐓🐓
အိမ်စား လည်း ရသလို ပြန်ရောင်းချင်သူများလည်း လက်ကားဈေးရပါမယ်
09420214846 ကိုဆက်သွယ် လို့ရပါတယ်ရှင့်
10/10/2025
ကျားပုဇွန် နေ့ခင်းမှ ရောက်ပါမယ်နော် အသေး6000အကြီး6500
ရေချိုပုဇွန်ထုပ်ကရောက်ပါပြီ အသေး 5500အကြီး 6000ပါရှင့်
ငါးရံ့ခြောက်ဖုတ် လက်ဖုတ်လေးတွေရောက်ထားပါတယ် တဗူး 11000ပါ 3ဗူးပဲ ကျန်ပါတယ်
ငါးသံချိတ်ခြောက်လည်း ရှိပါတယ်ရှင့် ငါးသံချိတ်က 25သား 18000
25/09/2025
ကျားပုဇွန် လတ်လတ်လေးလိုချင် ရပါပြီနော် 6500ဈေးပါ တပိသာလုံးယူ 60000ပါရှင့်
09420214846
Click here to claim your Sponsored Listing.
Category
Website
Address
9A-3/204 Ayar Chantha Executive Condominium
Yangon