Blue Topaz Knowledge Sharing

Blue Topaz Knowledge Sharing

Share

Management System Training & Consultancy Services

Photos from Blue Topaz Knowledge Sharing's post 19/08/2023

ISO 9001 (Quality Management System)
ကိုလေ့လာခြင်း။

အပိုင်း (၂)

Update လုပ်ထားသော ISO 9001 ရဲ့
Requirements တွင် ထပ်တိုးထားသော
အချက်များပါဝင်လာပါတယ်။

✔️ Needs and Expectations of Interested Parties
(ဆက်စပ်ပတ်သက်သူများ၏လိုအပ်ချက်နှင့်
မျှော်လင့်ချက်များ)

✔️ Risk-based thinking
(အခြေခံဆိုးကျိုးများကိုလေ့လာခြင်း)
တို့ဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်းများကိုကျင့်သုံး
အကောင်အထည်ဖော်ရာတွင်
သိရှိထားသင့်သော
Plan-Do- Check-Act (PDCA cycle)
အတိုင်း လိုက်နာကျင့်သုံးအကောင်အထည်
ဖော်ခြင်းမှာပိုအရေးကြီးပါတယ်။

Plan

✔️ လုပ်ငန်းစဉ်များအတွက်ရည်မှန်းချက်
(Objectives) များ ချမှတ်ခြင်း နှင့်
လိုအပ်သောအရင်းအမြစ်များကို
သတ်မှတ်ထားရှိခြင်း။
✔️ သုံးစွဲသူများ၏လိုအပ်ချက်များပြည့်မီစေရန်
အဖွဲ့အစည်းမှမူဝါဒများချမှတ်ထားရှိခြင်း။
✔️ အဖွဲ့အစည်းအတွင်းဖြစ်ပေါ်နိုင်သော
ဆိုးကျိုးနှင့်အခွင့်အလမ်းများကို
သတ်မှတ်ထားရှိခြင်း။

Do

✔️ သတ်မှတ်ထားသောအစီအစဉ်များကို
အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

Check

✔️ လုပ်ငန်းစဉ်၊ ထုတ်ကုန် နှင့် ဝန်ဆောင်မှုတို့၏
ရလဒ်များကို စောင့်ကြည့်စစ်ဆေးခြင်း။
မူဝါဒ၊ ရည်မှန်းချက်၊ လိုအပ်ချက် နှင့်
ချမှတ်ထားသော အစီအစဉ်များ
အကောင်အထည်ဖော်ခြင်းအတွက်
သွေဖည်မှုရလဒ်ကိုစောင့်ကြည့်စစ်ဈေးခြင်း။

Act

✔️ အရေးယူဆောင်ရွက်မှုများကိုလိုအပ်သလို
စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ဆောင်ခြင်း။

အပိုင်း (၃) ဆက်လက်ဖော်ပြပါမယ်။

Loyalty, Righteousness, Trust, Transparency

#

13/08/2023

ISO 9001 (Quality Management System)
ကိုလေ့လာခြင်း။

အပိုင်း (၁)

အဖွဲ့အစည်းတခုအနေဖြင့် မိမိတို့
ထုတ်လုပ်သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု
(Manufacturing Products & Services)
အပေါ် နိုင်ငံတကာ စံနှုန်းများနှင့်
ကိုက်ညီအောင်လုပ်ဆောင်ရပါမယ်။

သို့မှသာ ပြိုင်ဆိုင်မှုအားကောင်းလာသော
ယနေ့ခေတ်စီးပွားရေးလုပ်ငန်းများတွင်
မိမိတို့၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုသည်
ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် စနစ်တကျရှိစေရန်
အတွက်နိုင်ငံတကာစနစ်များဖြစ်သော
ISO စံနှုန်းများ အတိုင်း လုပ်ကိုင်ကြရန်
လိုအပ်ပါတယ်။

ISO စံနှုန်းဟု ဆိုရာတွင် အခြေခံကျသော
လူအများသိရှိထားကြသော ISO 9001
(QMS) ကို လိုက်နာဆောင်ရွက်ကြရန်
လိုအပ်ပါတယ်။

ISO 9001 ကို လိုက်နာနိုင်ရန်အတွက်
အခြေခံမူများကိုသိရှိထားရန်လိုအပ်ပါတယ်။

QMS (7) Principles ကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Customer Focus
(သုံးစွဲသူများအပေါ်အလေးဂရုပြုခြင်း)

2. Leadership
(ခေါင်းဆောင်မှုအရည်အသွေး)

3. Engagement of People
(လူများနှင့်ထိတွေ့ဆက်ဆံခြင်း)

4. Process Approach
(လုပ်ငန်းစဉ်အပေါ်လေ့လာခြင်း)

5. Improvement
(တိုးတက်အောင်မြင်ခြင်း)

6. Evidence-based Decision Making
(အထောက်အထား အခြေပြုဆုံးဖြတ်ခြင်း)

7. Relationship Management
(ဆက်ဆံရေးစီမံခန့်ခွဲခြင်း)
တို့ဖြစ်ပါတယ်။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမယ်။

#

29/07/2023

ISO စနစ်များကိုကျင့်သုံးအကောင်အထည်ဖော်ခြင်း (သို့) လက်မှတ်ရယူခြင်း အတွက် လုပ်ဆောင်ရမည့်အချက်များ။

၁။ ISO စနစ်၏လိုအပ်ချက်များနှင့်ဆိုင်သော
သိရှိရမည့် အချက်များကို လိုက်နာ
ဆောင်ရွက်ရန် အတွက်သင်တန်း လိုအပ်ခြင်း။
၂။ ISO စနစ်ကို သိရှိနားလည်ထားသော
technical ပိုင်း ဆိုင်ရာကိုပါ နားလည်
တတ်ကျွမ်းသော၊ လက်မှတ်ထုတ်ပေးမည့်အဖွဲ့
(certification body) နှင့် ကင်းလွှတ်သော
ပညာရှင် Consultant များကိုခေါ်ယူလုပ်ကိုင်စေခြင်း။
၃။ Certification body များကို ရွေးချယ်ရာတွင်လည်း
မိမိတို့ organization ၏ products နှင့် services
များ အပေါ် technical ပိုင်းဆိုင်ရာ များကို
အထူး ကျွမ်းကျင်သော အဖွဲ့များနှင့်သာ
ဆက်သွယ်ဆောင်ရွက်ခြင်း။
၄။ မိမိတို့ organization အတွင်းမှ ISO စနစ်
အပေါ် စိတ်ပါဝင်စားသော ဝန်ထမ်းများကိုသာ
တာဝန် ပေးအပ် ဆောင်ရွက်ခြင်း။
၅။ Organization အတွင်း အကောင်အထည်ဖော်
ထားသော ISO စနစ်လုပ်ဆောင်မှု အစီရင်စာ
အပေါ် Top Management မှ ပြန်လည်သုံးသပ်ခြင်း။
၆။ ကျင့်သုံးအကောင်အထည်ဖော်ပြီးသော ISO စနစ်ကို
ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်
ခြင်း။

# # # # #

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 00:01 - 23:45
Tuesday 00:00 - 23:45
Wednesday 00:00 - 23:45
Thursday 00:00 - 23:30
Friday 00:00 - 23:45
Saturday 00:00 - 23:45
Sunday 00:00 - 23:45