Zapp Zapp

Zapp Zapp

Share

ထိုင်းအစားအစာအစုံအလင်ရမယ့် Zapp Zapp

03/06/2023

ချစ်သောလေးတို့ရေ
Zapp Zapp Thai Food လေးကို Ocean Centre (Shwe Gone Dine) ကနေ နေရာသစ်တခုဆီ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စီစဉ်နေရလို့ ခေတ္တခဏတော့ ချစ်သောကာကာတို့နဲ့ ခွဲနေရဦးမယ်နော်

ပြန်လည်တွေ့ဆုံဖို့ အသင့်ဖြစ်ပြီဆိုတာနဲ့ ကြိုတင်အသိပေးပါမယ်လို့…

မကြာဘူးနော်…ခဏပဲ

19/05/2023

ဖက်ထိုင်းကြော်ကောင်းကောင်းလေး စားကြမယ် 😍

ထိုင်းအရသာစစ်စစ်ပေးမယ့် Zapp Zapp ရဲ့ ဖက်ထိုင်းကြော်(Pad Thai) လေးပါ 💁🏼‍♀️

🇹🇭 ထိုင်းနိုင်ငံမှာ နာမည်ကျော်ပြီး လူကြိုက်များကြသလို…ဒီမှာလည်း ဖက်ထိုင်းကြော်လေးကို Foodies လေးတွေက ကြိုက်နှစ်သက်ကြပါတယ် 🤤

ဆန်ပြားခေါက်ဆွဲအိအိ‌လေးတွေကို ကြက်ဥ၊ တိုဖူးစတဲ့ အမယ်အစုံနဲ့ ထိုင်းစတိုင်အပြည့် စားလို့ကောင်းအောင် ကြော်ထားပေးပါတယ်…😋

Pad Thai ကြော်လေးထဲကို 🍗ကြက်၊ 🍖ဝက်နဲ့ 🍤ပင်လယ်စာ ကြိုက်ရာအသား ရွေးပြီး ထည့်နိုင်ပါတယ်…စျေးနှုန်းလေးက ၅၀၀၀ ကျပ်ပါ..

💚 Zapp Zapp ရောက်တဲ့အခါ ဖက်ထိုင်းကြော်လေးက်ု မှာယူသုံးဆောင်ကြည့်ပါဦးနော်…

📱𝗣𝗵𝗼𝗻𝗲
𝟬𝟵 𝟳𝟳𝟳 𝟲𝟲𝟳 𝟬𝟬𝟲

🏬 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻
𝗡𝗼.𝟭𝟭𝟬, 𝗚𝗿𝗼𝘂𝗻𝗱 𝗙𝗹𝗼𝗼𝗿, 𝗧𝗮𝗺𝘄𝗲 𝗢𝗰𝗲𝗮𝗻 𝗦𝘂𝗽𝗲𝗿 𝗖𝗲𝗻𝘁𝗲𝗿, 𝗧𝗮𝗺𝘄𝗲 𝗧𝘀𝗽

16/05/2023

Shopping ထွက်ရင်းဗိုက်ဆာရင်ဝင်စားပါ..🛒🤩

တာမွေ Oceanရောက်လို့ ဗိုက်ဆာလို့ပဲဖြစ်ဖြစ်…ထိုင်းစာကောင်းကောင်းလေးတွေ စားချင်တဲ့ မိတ်ဆွေများအတွက် Zapp Zapp ကအသင့်ရှိနေပါတယ်နော်…🙄💚

BKK သွားစရာမလိုပဲ BKKရောက်နေသလိုအငွေ့အသက်လေးကိုခံစားရမယ့် ထိုင်းစတိုလ်စစ်စစ် အစားအသောက်လေးတွေကို သန့်ရှင်းသပ်ရပ်စွာသုံးဆောင်ရမှာဖြစ်ပါတယ်…✨✨

Appetizer လေးတွေစား…အထောင်းချဉ်ချဉ်စပ်စပ်လေးတွေစားပြီး ရှူးရှူးရှဲရှဲဖြစ်နေချိန် ရာသီပေါ် အသီးဖျော်ရည် ချိုချိုအေးအေးလေးသောက်လိုက် အိုခေမှစိုပြေပဲနော်..👌😇

🏠လိပ်စာလေးကတော့ -
တာမွေမြို့နယ်၊အဝိုင်းမှတ်တိုင်နားက Ocean Super Center, Ground Floor

☎️ - 09 777 666 006

Photos from Zapp Zapp's post 04/05/2023

မတူထူးခြားတဲ့ပုံစံလေးနဲ့ ထိုင်းစတိုလ် ခေါက်ဆင့်ပါတူးလေးကို စားဖူးကြပြီလား..🤩

🐟ပလာတူးငါးလေးနဲ့အတူ ကိုယ်တိုင်လုပ်ငရုတ်သီးဆော့စ်လေး(ဆော့စ်လေးကအသက်ပါပဲနော်..🤪)
တွဲဖက်စားစရာမုန့်ဖတ်လေးပါပါတဲ့အပြင် 🥚အစပ်ပြေ ကြက်ဥပြုတ်​လေးရော 🥬အတို့အမြှုပ်အသီးအရွက်လေးတွေ အမျိုးစုံ ဗန်းထဲစုံလင်စွာ ပါဝင်တာကြောင့် စားရတာအဆန်းလေးနော်…😍😍

ဆလပ်ရွက်လေးထဲ မုန့်ဖတ်လေးရယ်..ငါးအသားလေးရယ်ကို ဆော့စ်လေးနဲ့နှစ် စားလိုက်ရင်တော့ တစ်လုပ်ဆိုတစ်လုပ်ဆိုသလောက် ရှလွတ်😘😋

🇹🇭ထိုင်းစာဆို 🥗သင်္ဘောသီးထောင်းကြီးပဲစားနေရတာရိုးနေရောပေါ့…တခါတလေတော့ ခေါက်ဆင့်ပါတူးလို ✨ဆန်းဆန်းပြားပြားနဲ့အစုံစားရတဲ့ မီနူးလေးတွေလည်းTryကြည့်ကြပါလို့…😏

🏠ဆိုင်လိပ်စာလေးကတော့ တာမွေမြို့နယ်၊အဝိုင်းမှတ်တိုင်နားက Ocean Super Center, Ground Floorမှာပါ။

☎️Ph - 09 777 666 006



#ခေါက်ဆင့်ပါတူး

03/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမတွင် ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

01/05/2023

နွေရာသီအတွက် အံကိုက်ဖြစ်စေမယ့် စပယ်ရှယ် အသီးဖျော်ရည် မီနူးအသစ်လေး Zapp Zappမှာရနေပြီမို့ ခုပဲလာရောက်မြည်းစမ်းကြည့်လိုက်ကြပါ…🤪🍹

29/04/2023

Zapp Zappမှာ လူကြိုက်များတဲ့ Appetizer Menuလေးတွေကဘာဖြစ်မလဲ?🤔💭

သင်ဟာ Main dishထက် 🫕Appetizerစားရတာကိုပိုအာသီသဖြစ်တဲ့သူဆိုရင်တော့ 🍽️Zapp Zappရဲ့ Appetizer မီနူးလေးတွေက သင့်အတွက်ပါပဲ..🤩💁‍♀️

ဝက်သည်းကြက်သွန်ဖြူမွှေး - ဝက်အသည်းလေးတွေကိုနုပ်”စင်းထားပြီး 🫀အသည်းအရသာဆိမ့်ဆိမ့်လေးနဲ့ ကြက်သွန်ဖြူနံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းမှကောင်း..🧄🤤

ကြက်တောင်ပံကြွပ်ပင်စိမ်း - 🍅ခရမ်းချဉ်သီးလေးနဲ့ နှင်းဆီပွင့်ပုံစံ 🌹decorationလှလှလေးလုပ်ထားတဲ့အတွက် ဟင်းပွဲလေးစစမြင်ကတည်းက လုံးဝအမြင်ဆန်းဆန်းလေးနဲ့ စားချင်စဖွယ်ပုံဖော်ထားတဲ့အပြင် 🥗ပင်စိမ်းအနံံ့လေးကမွှေးနေရော ဘေးနားမှာ ကြက်တောင်ပံကို အရေခွံကပါကြွပ်ကြွပ်လေး ဆော့စ်လေးနဲ့တို့စားလိုက်ရင် ရှယ်ပဲ...😋🥫

နံရိုးကြက်သွန်ဖြူမွှေး(ရှယ်နံရိုး) - နံရိုးကိုပါ တကြွပ်”ဝါးလို့ရတဲ့ထိ ကြွပ်ကြွပ်ရွရွစားလို့ကောင်းတဲ့မီနူးလေးမို့ တခါစားကြည့်ထပ်ခါ”စားချင်သွားစေမှာပါနော်…😏🔥

💭တခြားစားကောင်းတဲ့ Appetizer မီနူးလေးတွေလည်းရှိသေးတာမို့ တာမွေOceanနား ရောက်ရင် လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…🤗

🏠ဆိုင်လိပ်စာလေးကတော့ တာမွေမြို့နယ်၊အဝိုင်းမှတ်တိုင်နားက Ocean Super Center, Ground Floorမှာပါ။

☎️Ph - 09 777 666 006

Photos from Zapp Zapp's post 26/04/2023

ရွှေဂုံတိုင် 🌊Ocean Supencenter ထဲက ထိုင်းအစားအစာကောင်းတွေကို တစ်နေရာတည်းမှာ အစုံစားလို့ရတဲ့ ဆိုင်လေး 🤩

ဆိုင်လေးက 🏬 Shopping Center ထဲမှာဆိုတော့ 🛍️Shopping ထွက်ရင်း ဗိုက်ဆာရင် ဝင်ဆွဲလို့ရတာ သူ့ရဲ့ အားသာချက်တစ်ခုပါပဲ…🤘🏻

နောက်တစ်ချက်က 🇹🇭ထိုင်းအစားအစာမျိုးစုံကို ရတာဆိုတော့ ထိုင်းအစာအစာကြိုက်နှစ်သက်သူတွေ လုံးဝလက်လွှတ်မခံသင့်ပါဘူး…

ထိုင်းအစားအစာဆိုရင် ရှေ့ဆုံးက ပြေးမြင်မိတဲ့ ချဉ်ချဉ်စပ်စပ် သင်္ဘောသီးထောင်းအပြင် ငါးကြွပ်သင်္ဘောသီးထောင်းလို စတိုင်တစ်မျိုးနဲ့ အရသာရှိတဲ့ မီနူးအသစ်လေးတွေလဲရှိပါတယ်…

ကွေ့တီယိုလို အားလုံးကြိုက်တဲ့ စားစရာမျိုး...
ထိမိဂွိစေမယ့် မားမားထောင်း၊ပဲကြာဇံထောင်း၊ မုန့်ဖတ်ထောင်း၊ပင်လယ်စာအထောင်းစုံ တို့လို့ အထောင်းမျိုးစုံ
သောက်လို့စားလို့ ကောင်းတဲ့ တုန်ယမ်းဟင်းချို၊ Soup တွေ
ကြွပ်ကြွပ်ရွရွ Appetizers တွေလဲရတဲ့ အပြင်…
ရာသီပေါ်သီးနှံတွေကို Juice အဖြစ် သောက်ဖို့အတွက် ဖျော်စပ်ပေးဦးမှာနော်…

မီနူးမျိုးစုံကို ထိုင်းစတိုင်အတိုင်း အရသာရှိထိထိမိမိ သုံးဆောင်လို့ရမှာဆိုတော့ ဘာထပ်လိုဦးမလဲ

မရောက်ဖူးသေးရင် ဆိုင်ကိုအရောက်လာစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်

ဆိုင်နာမည်လေးက 💚 Zapp Zapp Thai Food ပါ
လိပ်စာလေးကတော့ တာမွေမြို့နယ်၊အဝိုင်းမှတ်တိုင်နားက Ocean Super Center, Ground Floor

ဆက်သွယ်ရန်ဖုန်း ☎️ - 09 777 666 006

24/04/2023

ရာသီဥတုပူတယ်နော်…အေးမြသွားအောင်အသီးဖျော်ရည်လေးသောက်ပါလား…🌝🍹

Zapp Zapp Thai foodမှာဆိုရင်ဖြင့် ✨🇹🇭ထိုင်းအစားအစာအစုံအလင်ရနိုင်တဲ့အပြင် 🍋🍍လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်လေးတွေလည်း ရပါသေးတယ်နော်…🥰

(Passion Juice) 🍹ပင်မှည့်ဖျော်ရည်လေးကတော့ တငုံလောက်သောက်ပြီးရင်ကို ခေါင်းကြည်ပြီးလန်းဆန်းတဲ့ခံစားမှုအပြည့်ကို ရစေမှာဖြစ်ပါတယ်..🫧

(Carrot Juice) 🥕ဒါလေးကတော့ မုန်လာဥနီဖျော်ရည်ဆိုပေမယ့် 🍎ပန်းသီးလေးပါအနည်းငယ်ပါဝင်ဖျော်စပ်ထားတာကြောင့် တစ်ခွက်ထဲကို အသီးအရသာနှစ်မျိုး ခံစားရမှာဖြစ်ပါတယ်...😏
🏝️မုန်လာဥနီနဲ့ ပန်းသီးဆိုတာကလည်း ဘယ်လောက်ထိ ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါအကျိုးပြုလဲဆိုတာသိကြတယ်ဟုတ်..🙄📈

🍋Passion နဲ့ 🥕Carrot Juiceလေးတွေအပြင် အအီပြေ 🍹fruit juiceလေးတွေရော တခြားအရသာရှိလှတဲ့မီနူးလေးများစွာရှိပါသေးတယ်…💭

နွေပူပူလောင်လောင်မှာ ရင်ထဲကိုအေးမြ​စေမယ့် Zapp Zappရဲ့fruit juiceလေးတွေသောက်ပြီး အမောဖြေကြစို့…🌞🍃💨

🏠ဆိုင်လိပ်စာလေးကတော့ တာမွေမြို့နယ်၊အဝိုင်းမှတ်တိုင်နားက Ocean Super Center, Ground Floorမှာပါ။

☎️Ph - 09 777 666 006



juice

22/04/2023

BKK taste အစုံကိုမြည်းစမ်းလိုသူတို့အတွက်..💁

BKK အစားအစာတွေကို ကြိုက်နှစ်သက်သူတို့အတွက် BKK ထိသွားစရာမလိုပဲ BKK အရသာစစ်စစ်တွေကို Try နိုင်တဲ့ တာမွေ Ocean စင်တာက Zapp Zapp Thai Food ဆိုင်လေးရှိတာ သိပြီးရဲ့လား......💁

Zapp Zapp Thai Food လေးမှာ အားလုံးအကြိုက်တွေ့မယ် ချဉ်ချဉ်စပ်စပ် အထောင်းစုံ၊ အရသာအရမ်းရှိတဲ့ ကွေ့သယို၊ အကြော်၊ အချက် ထိုင်းစတိုင် ဟင်းပွဲမီနူးတွေအစုံရှိလို့ ကြိုက်ရာရွေးစားရုံပါပဲ…

ထိုင်းစတိုင်အပြည့်နဲ့ မြင်တာနဲ့စားချင်စဖွယ် သရေယိုမယ့်အပြင် လေးပင်ကောင်းမွန်တဲ့အရသာနဲ့မို့ စားလိုက်တိုင်းလည်း စိတ်ကိုကျေနပ်စေမှာပါ…

ဒါ့ကြောင့် BKK အရသာစစ်စစ်လေးတွေကို အစုံမြည်းစမ်ူကြည့်ချင်တယ်ဆိုရင် တာမွေ Ocean Super Center က Zapp Zapp Thai Food လေးကို အရောက်လာခဲ့တာ မမှားပါဘူး…

လာဖြစ်အောင် လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်.....💚

☎️ 𝗣𝗵𝗼𝗻𝗲 - 𝟬𝟵 𝟳𝟳𝟳 𝟲𝟲𝟳 𝟬𝟬𝟲

🏬 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 - 𝗡𝗼.𝟭𝟭𝟬, 𝗚𝗿𝗼𝘂𝗻𝗱 𝗙𝗹𝗼𝗼𝗿, 𝗧𝗮𝗺𝘄𝗲 𝗢𝗰𝗲𝗮𝗻 𝗦𝘂𝗽𝗲𝗿 𝗖𝗲𝗻𝘁𝗲𝗿, 𝗧𝗮𝗺𝘄𝗲 𝗧𝘀𝗽

20/04/2023

သောက်ရင်းစားရင်း ခံတွင်းလည်းရှင်းစေမယ့် ဟင်းရည်🍲

ချဉ်ချဉ်စပ်စပ် ထိမိတဲ့ အရသာလေးနဲ့ အာပူလျှာပူ ခံတွင်းရှင်းစေမယ့် ဟင်းရည်လေးတစ်ခုကို ပြောပြရမလား…🍲🤫💚

ဟင်းရည်ပူပူလေးတစ်ကြိုက်သောက်လိုက်…🥄🍵🐔ကြက်ခြေထောက်အရိုးနုနုလေးတွေကို တကျွတ်ကျွတ်ဝါးလိုက်နဲ့…မုန်လာဖြူလေးတွေရဲ့ အရသာချိုချိုလေးနဲ့အတူ အနံံ့မွှေးမွှေးလေးဖြစ်နေစေရန်အတွက် 🍍နာနတ်ပွင့်၊🫒တရုတ်ဇီးသီးလေးတွေပါ ပါဝင်တာကြောင့် အနံံ့ရော အရသာပါ လုံးဝ perfect ဖြစ်နေမယ့် ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်လေးပါပဲ…🍲💛

Zapp Zappရောက်တဲ့အခါကျ တစ်ခေါက်လောက်တော့ ခံတွင်းရှင်းစေမယ့် ဒီဟင်းရည်လေးကို မှာစားကြည့်ကြဖို့ အကြံပြုလိုပါတယ်နော်…🥰✨

🏠ဆိုင်လိပ်စာလေးကတော့ တာမွေမြို့နယ်၊အဝိုင်းမှတ်တိုင်နားက Ocean Super Center, Ground Floorမှာပါ။

ဆက်သွယ်ရန်ဖုန်း ☎️ - 09 777 666 006



&sourchickensoup

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 110 , Ground Floor, Ocean Super Center ( Shwe Gone Daing )
Yangon