SPZ Engineering Group

SPZ Engineering Group

Share

Engineering

Photos from SPZ Engineering Group's post 09/03/2024

Fiber Network Installation

Photos from SPZ Engineering Group's post 09/02/2024

Home WiFi Extention !
ISP လာတဲ့ FTTX WIFI (ONU) ရဲ့ WIFI Signal လိုင်းမှာ ၄ထပ်တိုက် အတွက် လိုချင်တဲ့ Singnal မှာ လိုင်းမမီ ပဲအားနဲနေတက်ပါသည် ထို ပြသာနာကို ကျွန်တော် တို့ SPZ မှ ဖြေရှင်းပေးခဲ့ပါသည်။

Photos from SPZ Engineering Group's post 08/02/2024

💥 CCTV Installation
👌 Dhua 2MP 1080p Full HD
🕵‍♂ Looking for a Legit and Trusted
CCTV and Security System Installation Team..?
🔴 Message or Contact us Now !!!
🔴 09421000235
🔴 or email at [email protected]

06/02/2024

PA System(Public Address) ဆိုသည်မှာ
PA System ဆိုတာတော့ Public Address ဆိုတဲ့ အများပြည်သူကို ကြော်ငြာမှု၊ အသိပေးမှု၊ လံှုဆော်မှု အစရှိသဖြင့် တို့ကို နေရာတစ်ခုကနေ တစ်ထိုင်တည်း လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခုကို အတိုကောက် အနေနဲ့ ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။
PA System ကိုနည်းနည်း အသေးစိတ်ထပ်ခွဲမယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အုပ်စုအလိုက် ကွဲပြားသွားလိမ့်မယ် ထင်တယ်။
(၁) Shopping Mall,
Hospital,
Hotel,
Air Port,
Office & Condominium
ဒီလိုနေရာတွေမှာ များသောအားဖြင့် PA System ကို နောက်ခံ တီးလုံး (သို့) သီးချင်းငြိမ့်ငြိမ့်လေး တွေ ဖွင့်ဖို့ နဲ့ အရေးကြီး အကြောင်းအရာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင် ကြော်ငြာနိုင်ရန်အတွက် သုံးပါတယ်။ ဆိုတော့ ဒီလိုနေရာတွေမှာ Audio/CD Player တွေက မပါမဖြစ် ပါဝင်ရမှာပေါ့။
City Mart မှာ ဈေးဝယ်ရင်း နောက်ခံ တီးလုံးလေးတွေ ဖွင့်ထားတာကို နားထောင်ဖူးကြမှာပါ … အဲဒါ PA System ထဲက function တစ်ခုပါပဲ။ အဲဒီ တီးလုံး ထွက်တဲ့ Speakers တွေ ကနေပဲ ဈေး ဖွင့်ချိန် ပိတ်ချိန်တွေကို ကြော်ငြာတာ နားထောင်ဖူးကြမှာပါ။
(၂) Public Bus, Public Train, Ship & Air Plane
အများသုံး ဘတ်စ်ကား တို့ ရထားတို့မှာ နောက် ရောက်မဲ့ မှတ်တိုင် သို့ ဘူတာကို ကြိုပြီး ကြော်ငြာပေးတာ၊ ပြည်တွင်း သို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ သင်္ဘော တွေပေါ်မှာ ထွက်ခွာခါနီး အချိန်၊ ဆိုက်ရောက်ခါနီး အချိန်နဲ့ အရေးပေါ် တစ်စုံတစ်ခု ဖြစ်ပေါ်ခါနီး (သို့) ဖြစ်ပေါ်နေချိန်တွေမှာ အများပြည်သူကို အသိပေး လှုပ်ဆော် တဲ့ အခါမှာ သုံးတာလည်း PA System တစ်ခုပါပဲ။
ဒီနေရာမှာ ပြောချင်တာက YBS တွေမပေါ်ခင် တချို့ မထသ ဘတ်စ်ကားတွေပေါ်မှာ သီချင်းတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ခဲ့ကြတာ PA System မဟုတ်ပါဘူး၊ PA စနစ် ကို ကိုယ့်ဟာကို Modified ပြန်လုပ်ထားတဲ့ Sound System တစ်ခုသာ ဖြစ်ပါတယ်။
(၃) Stadium, Church & School
အားကစားရုံတွေ၊ ဘောလုံးကွင်းတွေ၊ အားကစားအကြောင်းတွေ ကြော်ငြာတာ၊ ဘောလုံးသမားတွေ လူစားလဲမှုကို ကြော်ငြာတာ၊ စာသင်ကျောင်းတွေမှာ ကျောင်းတက် ကျောင်းဆင်းချိန် ကြော်ငြာတာ၊ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ တရားဟောရာတွင် အသုံးပြုတဲ့ စနစ်တွေဟာ PA System ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။
တော၊ရွာ အလုူ၊ ဘုန်းကြီးကျောင်းအလှူ တွေမှာ လော်စပီကာ သုံးပြီး ကြော်ငြာ ကြတာတွေ ဟာလဲ PA System တစ်ခုပါပဲ။
(၄) Restaurant & Bar
စားသောက်ဆိုင်တွေ ဘားတွေမှာလဲ PA System ကိုအသုံးပြုကြပါတယ်။ ဒီနေရာတွေမှာတော့ တချို့ဆိုင်တွေက PA System စစ်စစ်ကို အသုံးပြုကြသလို တချို့ဆိုင်တွေက Semi-PA စနစ် (သို့) Sound System ကို အသုံးပြုကြပါတယ်။
PA System မှာ ပါဝင်နိုင်တဲ့ မရှိမဖြစ် အလိုအပ်ဆုံး ပစ္စည်း တွေကို စာရင်းလုပ်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း ရပါလိမ့်မယ်။
၁။ Microphone
မိုက်ကရိုဖုန်း ကတော့ PA system လို့ဆိုလိုက်တာနဲ့ မပါမဖြစ်တဲ့ အဓိက ကိရိယာ တစ်ခုပေါ့။ ကြော်ငြာချက်တွေလုပ်ဆောင်ဖို့ ဒီ ကိရိယာလေး ရှိမှ လုပ်ဆောင်နိုင်ပါမယ်။
၂၊ Speakers (မပါမဖြစ် တဲ့ ကိရိယာ တစ်ခုပါပဲ)
မိုက်ကရိုဖုန်းကနေ ပြောတဲ့စကားသံတွေ (သို့) CD/DVD/Audio Player တွေကနေ ဖွင့်တဲ့ သီချင်းသံတွေကို ထုတ်ပေးနိုင်ဖို့ စပီကာလေးတွေ တပ်ဆင်ထားမှ ကြားနိုင်မှာပေါ့။ စပီကာတွေက အမျိုးအစား အမျိုးမျိုးရှိနိုင်ပါတယ်။ မျက်နှာကျက်တွေမှာ တပ်ဆင်နိုင်တဲ့ Ceiling Speaker ၊ နံရံတွေမှာ ကပ်ပြီးတပ်နိုင်တဲ့ Wall Mounted Speakers or Box Speakers ၊ ကော်လန်တိုင်တွေမှာ တပ်ဆင်နိုင်တဲ့ Column Speaker ၊ အဆောက်အဦး အပြင်ဘက်တွေမှာ တပ်ဆင်နိုင်တဲ့ Horn Speaker/ Outdoor Speakers ၊ ပန်းခြံမြက်ခင်းတွေမှာ ချထားပြီး သုံးနိုင်တဲ့ Garden Speaker အစရှိသဖြင့် ကွဲပြားစွာ ရှိနိုင်ပါတယ်။ စပီကာ တစ်ခုမှာ သုံးတဲ့ Watt ပေါ်မူတည်ပြီးလဲ စပီကာ အမျိုးအစား အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
၃။ Amplifiers
အသံတွေ စပီကာဆီ မရောက်မှီ အသံလှိုင်း ကို မြင့်တင်ပေးသော ပစ္စည်း။ အတိုကောက် အနေနဲ့ Amps လို့လဲ ခေါ်ကြပါတယ်။
၄။ Mixers
မတူညီတဲ့ အသံ ၂ မျိုး (သို့) ၂ မျိုးထပ်ပိုတဲ့ အသံတွေကို ပေါင်းစပ်ပေးတဲ့ ပစ္စည်းပါ။ Mixer နဲ့ Amplifier တစ်လုံးတည်း တွဲလျက်လဲ ရှိပါသည်။
၅။ Audio/CD/MP3/DVD Player
နောက်ခံ သီချင်း သို့ တီးလုံးတွေ ဖွင့်ချင်လျှင် အသုံးပြုရန်။ မှတ်ချက်- တချို့ နေရာနှင့် အခြေအနေများတွင် မပါမဖြစ် မဟုတ်ပါ။
၆။ Monitoring System
စနစ်တစ်ခုလုံး သို့ ပါဝင်တဲ့ စက်ပစ္စည်း တချို့ကို စောင့်ကြည့်ပေးမဲ့ စက် (သို့) စနစ် တစ်ခုပါ။
အထက်ပါ စာရင်း မှာ မရှိမဖြစ် ပါဝင်ရမဲ့ အခြေခံပစ္စည်း များကိုသာဖော်ပြထားခြင်း ဖြစ်ပြီး PA System စစ်စစ် တစ်ခုတွင် ပါဝင်နိုင်တဲ့ တခြား ပစ္စည်း များစွာ ကျန်ရှိပါသေးတယ်။
Professional Sound System နဲ့ PA System အဓိက ခြားနားချက်ကတော့ အသုံးပြုတဲ့ စပီကာ ကွာခြားသွားတာပါ။ Sound System အတွက်သုံးတဲ့ စပီကာတွေဟာ PA System မှာသုံးတဲ့ စပီကာတွေ ထပ် Watt သိသိသာသာ ပိုများလေ့ရှိပါတယ်။ Watt ပိုများတဲ့ အတွက် အသံပိုင်းမှာ သိသိသာသာ ပိုကောင်းပါတယ်။ (ဒီနေရာမှာ ဆိုလိုချင်တဲ့ PA System ဆိုတာ အရေးပေါ်အခြေအနေမှာ (သို့) အများပြည်သူကို ကြော်ငြာမှု၊ အသိပေးမှု၊ လံှုဆော်မှုတွေမှာ အသုံးပြုတဲ့ PA System ကိုရည်ညွန်းဖော်ပြထားတာပါ။ Music Concert တွေ ဟောပြောပွဲတွေမှာ အသုံးပြုတဲ့ System ကိုလည်း PA System လို့ အကြမ်းအားဖြင့် ခေါ်ဆိုလေ့ ရှိပါတယ်။) နောက်ထပ်မတူညီ ကွဲပြားမှုကတော့ Professional Sound System တွေမှာ Microphone (သို့) Paging Mic တွေ ပါဝင်လေ့ မရှိပါဘူး။
အဆုံးသတ်အနေနဲ့ အနှစ်ချုပ် ဆိုရရင် PA System တွေကို အခြေအနေတစ်ခုခု ကြော်ငြာရာတွင် ဖြစ်စေ၊ ထူးခြားဖြစ်စဉ် နဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်ခါနီး အချိန် နဲ့ ဖြစ်ပေါ်နေချိန်တွေမှာ အဓိက အသုံးပြုလေ့ ရှိပါတယ် ။
Public Address System
PA System ဆိုတာ
microphone
, speaker,
amplifier နဲ့ Controller တွေပါဝင်တဲ့ အသံဖြန့်ဖြူ းပေးတဲ့ စနစ်ပဲဖြစ်ပါတယ်။
မိမိဖွင့်လိုတဲ့ သီချင်းသံ ကြေငြာသံ Alarm မြည်သံ စတာတွေကို မိမိ မြည်လိုတဲ့ Speaker နဲ့ မြည်စေချင်တဲ့ နေရာတွေမှာအသံ မြည်စေတဲ့ စနစ်တစ်ခုပါ။
စက်ရုံကြီးများ၊ Hotel ၊ Shopping Centre ၊ Bus Station ၊ Train Station ၊ Museum ၊ ပန်းခြံ စတဲ့ နေရာမျိုးစုံမှာ သုံးပါတယ်။
သီချင်းဖွင့်ရုံ ကြေငြာပေးရုံတင်မကပဲ Fire Alarm System များနဲ့ ပါတွဲဖက်ပြီး Auto Announcement အလိုအလျောက် Alarm မြည်စေတဲ့ စနစ် အတွက်ပါ သုံးကြပါတယ်။
ပိုင်းမှာတော့ အောက်ပါအချက်အလက်ကိုမူတည်ပြီး Design လုပ်ပါတယ်။
1./ Input Sources Selection
PA System တစ်ခုလုံးအတွက်သုံးမဲ့ Input အမျိုးအစားများကိုရွေးချယ်ခြင်း
ဥပမာ၊
အရေးပေါ်ကြေငြာခြင်း , ပုံမှန်ကြေငြာခြင်း ,
Record လုပ်ထားသော Message များကို Automatic ကြေငြာခြင်း, BGM ( Baground Music ) နောက်ခံ သီချင်းအတွက် Player များ Tuner များရွေးချယ်ခြင်း တို့ပါဝင်ပါတယ်။
2/. PA Zone Allocation
ဒီ အဆောက်အအုံတစ်ခုမှာ Speaker နဲ့ Zone ဘယ်နှစ်ခုထားမှာလဲ Speaker ဘယ်နှစ်ခုသုံးမလဲ ဘာ Speaker Type တွေကိုသုံးမလဲဆိုတာ တွေကို တွက်ချက်ခြင်းပဲဖြစ်ပါတယ်။
3/. Power Amplifier Calculation
Speaker အရေအတွက် ကိုမူတည်ပြီး Amplifier ဘယ်လောက် Watt ကို သုံးမလဲဆိုတာ တွက်ချက်ပါတယ်။
#နောက်သိရမှာတွေကတော့
1/. Classification of Sound ( အသံအမျိုးအစားများခွဲခြားခြင်း )
CLASS A ( +12dB, 20 kHz )
CLASS B ( +12dB, 75 kHz - 18 kHz )
CLASS C ( +9dB , 85 kHz - 16 kHz )
CLASS D ( +9dB, 600 Hz - 10 kHz )
2/. Acoustical Design Requirements
Loudness ( ဆူညံသံ )
ဥပမာ စက်ရုံ ဆိုရင် 70dB ကနေ85 dB ထိရှိပါမယ်။ location ကိုမူတည်ပြီး dB ( Decibel ) ဆူညံ သံကို တွက်ချက်ရပါမယ်။
3/. Sound Pressure Level ( SPL ) Calculation
A/ SPL losses over distance
Speaker ကနေ ဝေးသွားတာနဲ့ အသံတိုးသွားမယ့်နှူ န်းကို တွက်ချက်ခြင်းပါ။ ပုံသေနည်းကတော့
dB drop over Distance , D = 20 log D
B/ SPL Increase with Power
Power ( Watt ) ကိုမြှင့်ပြီး အသံကို မြှင့်ပေးခြင်း ရဲ့ ပုံးသေနည်းကတော့
dB increase over Power,P = 10 log P
ဒါတွေကတော့ အခြေခံများဖြစ်ပြီး မိမိသုံးမဲ့ Product Specification နဲ့ လုပ်ငန်းကိုမူတည်ပြီး လေ့လာရမှာတွေကတော့ပိုများလာပါလိမ့်မယ်။ နှစ်ထပ်သုံးထပ်အဆောက်အအုံ အတွက်မသိသာပေမယ့် နိုင်ငံတကာလို အထပ်များပြားလာပြီး ရှုပ်ထွေးများပြားလှတဲ့ Infrastructureတွေအတွက်ပြင်ဆင်တော့မယ်ဆိုရင်တော့လိုအပ်ပါတယ် ။

Crd

03/02/2024

Glink Brand PDU for CCTV & IT Network

Photos from SPZ Engineering Group's post 03/02/2024

မဂ်လာပါ ရှင့်
ကျွန်မတို့ SPZ ENGINEERING GROUP အကြောင်း မိတ်ဆကိပေးပါရစေ

SPZ Engineering Group မှာ company အနေဖြင့် Fiber လုပ်ငန်း ကို အဓိကလုပ်ဆောင်သော EMS Fiber Co.,ltd ရဲ လုပ်ငန်းခွဲ တခု ဖြစ်ပီး အဓိက အားဖြင့် CCTV,MATV,PABX,Electrical, IT Network and Fiber လုပ်ငန်း များကို ဟိုတယ် ၊မိုတယ်၊စက်ရုံ၊ ရုံးများ ISPများ ၊ ကျောင်းများအတွက် ၀န်ဆောင်မူ များပေး ပီး လုပ်ကိုငိဆောင်ရွက်နေပါသည် ။

ရုံးတည်နေရာက ယခင်က ရုံး အနေဖြင့်သာ ထားရှိပီး ယခုအခါ Project လုပ်ငန်းများတွင် သုံးရင်း အရောင်းထားရှိ ဖို့ brand တခုကို မိတ်ဆက်ဖို့ ထားရှိထားပါသည် ။ သို့ပါသောကြောင့် လူကြီးမင်းအနေဖြင်ု ကျွန်မတို့ ၀န်ဆောင်မူ ပေးနေသော serivice များ ကို လိုအပ်ပါက ဖုန်း ဖြစ်စေ Cb ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပီး sales အဖြစ် ထားရှိသော device စိတ်၀င်စားမူရှိပါက လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ ရှင့်

နေရာလေးကတော့ -

၃၃၇ သုဓမ္ဗာလမ်းမကြီး ( ကန်သာယာပန်းခြံ public toilets ရှေ့) ဇ-ရပ်ကွက် ၊မြောက်ဥက္ကလာမြို့နယ်၊ရန်ကုန် မြို့။
ဖုန်း 09421000235

ကျေးဇူးတင်ပါသည်

Photos from SPZ Engineering Group's post 31/01/2024

Fiber Laying Note

29/01/2024

OUR Main Services

29/01/2024

Services Open Now!
💥 FIBER
-Cable Laying UG/OH
-Splicing and Termination
💥 Pole Er****on & Foundation

🕵‍♂ Looking for a Legit and Trusted
Installation Team..?
🔴 Message or Contact us Now !!!
🔴 09421000235
🔴 or email at [email protected]

Photos from SPZ Engineering Group's post 27/01/2024

💥 CCTV Installation
👌 Dhua 4MP 1080p Full HD
🕵‍♂ Looking for a Legit and Trusted
CCTV and Security System Installation Team..?
🔴 Message or Contact us Now !!!
🔴 09421000235
🔴 or email at [email protected]

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11051