MeDiary

MeDiary

Share

Daily diary for all people.

11/02/2022

စိတ်မာသူ

သူက စိတ်မာတယ်။
ကျွန်မ မရှိ​တော့ရင်​တောင် ဘာမှပြိုလဲမသွား​အောင် စိတ်မာသူတ​ယောက်လို့ ကျွန်မယုံကြည်ခဲ့တယ်။
တကယ်လည်း ကျွန်မထင်သလို စိတ်မာသူက သူပါပဲ။

ကျွန်မလည်း သူ့လို စိတ်မာနိုင်​အောင် ကြိုးစားခဲ့တယ်။
ကျွန်မဘဝမှာ သူမရှိရင် ဘာမှပြိုလဲသွားမှာ မဟုတ်ဖူးလို့ ထင်ခဲ့ဖူးတယ်။

တကယ်က ကျွန်မရဲ့​နေ့ရက်တိုင်းမှာ စိတ်ဓါတ်​တွေအလဲလဲအပြိုပြို ဖြစ်ခဲ့ရပြီ။

သူက​တော့ စိတ်မာဆဲ။
သူက ခုထိ စိတ်မာသူတ​ယောက်ပါပဲ။

မို့ငြိမ်းသူ

11Feb2022

24/01/2021

ဦး​နှောက်က​မေ့ပစ်လိုက်​ပေမဲ့
နှလုံးသားက ဘယ်​တော့မှမ​မေ့ခဲ့ဖူးပဲ
ဘာမှမခံစားရ​တော့ဖူးလို့ ထင်​ပေမဲ့
တိုက်ဆိုင်လိုက်တိုင်းမှာ
နင့်​နေ​အောင် ခံစားရတယ်
ချစ်သူ

မို့ငြိမ်းသူ

24Jan2021

28/12/2020

တခြားသူတ​ယောက်ကို မြှင့်တင်​ပေးချင်ရင် ကိုယ်တိုင်အရင်မြင့်​အောင် ကြိုးစားပါ။
ကိုယ်​တိုင်က ဘာမှမဟုတ်ပဲ သူများကို ဘယ်​လောက်ထိ ကူညီမြှင့်တင်​ပေးနိုင်ပါ့မလဲ။

မို့ငြိမ်းသူ

28Dec2020

19/09/2020

💙 ကျွန်မရဲ့​ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း​တွေကို ချမပြဖြစ်တာ​တောင် အ​တော်ကြာခဲ့ပြီပဲ။
💙 ဘဝအတွက်ရုန်းကန်လှုပ်ရှား​နေရတဲ့သူတ​ယောက်အတွက် ခံစားချက်​တွေကို​မေ့ပြီး လုပ်စရာအလုပ်​တွေကို လုပ်​နေရတာပါပဲ။
💙 အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါ​စေ။

မို့ငြိမ်းသူ

19Sep2020

23/06/2020

💗 ချစ်တယ်
💗 အရာရာတိုင်းကိုချစ်တယ်
💗 ကျွန်မကိုမချစ်လည်း ချစ်တယ်
💗 ကျွန်မကိုချစ်လည်း ချစ်တယ်
💗 ချစ်ခြင်းဆိုတာ ချစ်တတ်ဖို့ပဲလိုတာ​လေ
💗 အပြန်အလှန်မချစ်လည်း ချစ်လို့ရတယ်

မို့ငြိမ်းသူ

23June2020

21/05/2020

☘️ ချစ်သူ
☘️ ပျော်ရွှင်ပါစေ
☘️ အမြဲပျော်ရွှင်ပါစေ
☘️ အချိန်တိုင်း ပျော်ရွှင်ပါစေ

မို့ငြိမ်းသူ

21May2020

12/05/2020

Today Thought

🍀 အရမ်းချစ်ဖူးတဲ့သူတ​ယောက်ကို မုန်းသင့်လား?
ကျွန်မက​တော့ မမုန်းသင့်ဖူးလို့ပဲထင်တယ်။
ဖြူစင်တဲ့အချစ် ၅၂၈ ​​မေတ္တာနဲ့ဆက်ချစ်သွားလို့ရတာပဲ​လေ ဟုတ်တယ်မလား ...
🍀 ကျွန်မက​တော့ ချစ်ဖူးတဲ့သူကိုမမုန်းဖူး ​အေးမြတဲ့ မပူ​လောင်တဲ့ ဘာကိုမှမ​မျော်လင့်တဲ့ အချစ်နဲ့ဆက်ချစ်​နေဆဲပဲ ...

မို့ငြိမ်းသူ

12 May 2020

06/05/2020

Today Thought

လူရဲ့စိတ်က သိပ်ကိုထူးဆန်းတယ်။ တခါတ​လေ ဖြစ်ဖူး ကြုံဖူးကြမယ်ထင်ပါတယ်။

စကား​လေးတခွန်းနှစ်ခွန်း​ပြောဖူးရုံ၊ တချို့ဆို အသံ​လေးကြားဖူးရုံ မျက်နှာ​လေးမြင်ဖူးရုံနဲ့ ချစ်ခင်နှစ်သက်မိ​နေတာမျိုး​လေ။ အရင့်အရင်ဘဝက ​ရေစက်​တွေ​ကြောင့်ဖြစ်မယ်ထင်ပါတယ်။

ကျွန်မဆို သူတို့ကိုမြင်ရတဲ့အခါ အသံ​လေးကြားရတဲ့အခါ ရင်ထဲမှာ​ပေါ်လာတဲ့ ​​မေတ္တာအ​အေးဓါတ်ကိုခံစားရတယ်။ သိပ်ကိုရိုးရှင်းတဲ့ ကြည်လင်တဲ့​​​မေတ္တာပါ။ အဲလို​မေတ္တာမျိုး လူတိုင်းအ​ပေါ်ထားနိုင်ရင် သိပ်​ကောင်းမယ်လို့လဲ​တွေးမိတယ်။

မို့ငြိမ်းသူ
06-05-2020

04/02/2020

ညစ်​ထေး​နေတဲ့အ​တွေး​တွေကို
အဖြူ​ရောင်ခြယ်လိုက်တယ်
နှလုံးသားတခုလုံး သန့်စင်​စေ။

မို့ငြိမ်းသူ
04-02-2020

03/01/2020

ကျွန်မ

တချို့က ကျွန်မကို အ​နေ​အေးသူ၊
တချို့က ကျွန်မကို သွက်လက်ချက်ချာသူ၊

တချို့က ကျွန်မကို ရိုးအသူ၊
တချို့က ကျွန်မကို လည်ဝယ်သူ၊

တချို့က ကျွန်မကို သည်းခံတတ်သူ၊
တချို့က ကျွန်မကို ​ဒေါသကြီးသူ၊

တချို့က ကျွန်မကို ​ကျေးဇူးကန်းသူ၊
တချို့က ကျွန်မကို ​ကျေးဇူးသိတတ်သူ၊

တချို့က ကျွန်မကို ကြင်နာတတ်သူ၊
တချို့က ကျွန်မကို ရက်စက်တတ်သူ၊

တချို့က ကျွန်မကို အဆင့်အတန်းခွဲသူ၊
တချို့က ကျွန်မကို အဆင့်အတန်းမခွဲသူ၊

တချို့က ကျွန်မကို ဥာဏ်အ​မျော်အမြင်ကြီးသူ၊
တချို့က ကျွန်မကို ဥာဏ်နည်းသူ၊

တချို့က ကျွန်မကို ဆက်ဆံ​ရေး​ကောင်းသူ၊
တချို့က ကျွန်မကို ဆက်ဆံ​ရေးညံ့ဖျင်းသူ၊

တချို့က ကျွန်မကို မိခင်​ကောင်းပီသသူ၊
တချို့က ကျွန်မကို ​ငွေ​နောက်လိုက်သူ၊

တချို့က ကျွန်မကို ​လောဘကြီးသူ၊
တချို့က ကျွန်မကို ​လောဘနည်းသူ၊

တချို့က ကျွန်မကို ...
တချို့က ကျွန်မကို ...
တချို့က ကျွန်မကို ...
တချို့က ကျွန်မကို ...

သူတို့ မှန်ပါတယ်။
သူတို့နဲ့ထိ​တွေ့ဆက်ဆံလိုက်ရတဲ့အ​ခြေအ​နေတခုမှာ၊ သူတို့ရဲ့ခံစားချက်​/စဥ်းစားဆင်ခြင်ဥာဏ်က​နေ ဖြစ်​ပေါ်လာတဲ့အမြင်တခုမှာ ကျွန်မက သူတို့​ပြောတဲ့ကျွန်မအဖြစ်တည်ရှိ​နေပါတယ်။

တကယ်​တော့ ကျွန်မက ကျွန်မပါပဲ။
ကျွန်မစိတ်နဲ့ကျွန်မကိုယ် ရပ်တည်​နေသူတ​ယောက်သာ။

​​မို့ငြိမ်းသူ
03-01-2020

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon