Mazda Collection Store

Mazda Collection Store

Share

Selling mazda collection products and accessories.

29/05/2022

Mazda Demio Aircon K**b
Price : 15,000 Ks (Instock)

အရေအတွက် အနည်းငယ်သာပါသည့်အတွက် လိုအပ်သူများ 09 4303 1994 သို့ဆက်သွယ်ဝယ်ယူနိုင်ပါပြီ

Mazda Collection Online Store 26/11/2021

Mazda နဲ့ပက်သတ်တဲ့ Parts & Accessories လေးတွေကို အောက်ပါ Telegram Channel လေးကို Join ထားခြင်းဖြင့် ပစ္စည်းအသစ် နှင့် လက်ကျန် Update တွေကို တင်ပေးသွားမှာမို့ Subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်။

https://t.me/mazdacollection

Mazda Collection Online Store Mazda Parts & Accessories, Universal Car Accessories

29/04/2021

Mazda Demio Rear Wiper Set
Price: 20,000 Ks (Instock)

29/04/2021

Mazda Demio Bonnet Rod Clip
Price: 12,000 Ks (Instock)

Photos from The Diary of a Car Crazy's post 15/04/2021
Photos from Mazda Collection Store's post 31/01/2021

Mazda နဲ့တော့မဆိုင်ဘူး Mazda ချစ်သူတွေထဲမှာ ဘောသမားတွေလဲပါတယ်ဆိုတာ အသေအခြာပါပဲ။ 😁

27/01/2021

မီးသံခေါက်ရခြင်း အကြောင်းရင်း (၈) ချက်
သင့်ကားမှာ လီဗာတင်လိုက်ရင် မီးသံခေါက်တာကို ကြားဖူးပါသလား?

မီးသံခေါက်တာဟာ ပေကပ်ပြီး မောင်းနေလို့ ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မပြင်ဆင်ဘဲထားရင် ကော်နက်တင်းတွေ ကောက်ကုန်တာ Piston တွေ ကျိုးပဲ့ကုန်တာ၊ Ring တွေ ကျိုးကုန်တာ၊ စလစ်တွေ ထိကုန်တာတွေ ဖြစ်နိုင်တဲ့အတွက် အင်ဂျင်ပါ ချရနိုင်ပါတယ်။

ဒါ့ကြောင့် သင့်ကား မီးသံခေါက်နေရင် အကြောင်းရင်းကို ရှာဖွေပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။

အမျိုးတွေရဲ့ ကားလေးအတွက် မီးသံခေါက်ရခြင်း အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မီးသံခေါက်ရတာ အကြောင်းရင်းများစွာ ဖြစ်နိုင်ပါတယ်။

၁။ Combustion Chamber (လောင်ခန်း) ထဲမှာ ကာဗွန်ချိုးတွေ များလာရင်လည်း မီးသံခေါက်တတ်ပါတယ်။ ဂျိုးတွေဟာ Compression ဖိသိပ်ရမယ့် နေရာကို အစားထိုးယူသွားတာမို့ Compression Ratio က ပိုမြင့်လာပါတယ်။

Valve Stem Seals တွေမလုံလို့ Valve Guide တွေကြားက အင်ဂျင်ဝိုင်တွေ ယိုစိမ့်ရင်လည်း Combustion Chamber ထဲမှာ ချိုးတွေ တက်လာပြီး Compression လုပ်တဲ့ Volume ပိုကျုံ့သွားနိုင်ပါတယ်။

ဓါတ်ဆီဟာ ပိုမြင့်တဲ့ compression နဲ့တွေ့ရင် အချိန်မတန်ခင် ပေါက်ကွဲတတ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ ကာဗွန်ချိုးတွေကို ဆေးကြောပေးရပါတယ်။

Liqui Moly Vavle Cleaner နဲ့ Throttle Valve Cleaner နှစ်ခုဟာ Valve တွေနဲ့ Combustion Chamber ထဲမှာရှိတဲ့ carbon တွေကို ဆေးကြောပေးပါတယ်။ Piston Crown ပေါ်က ကာဗွန်ချိုးတွေကိုလည်း သန့်ရှင်းပေးပါတယ်။

Valve Stem Seals တွေ မာ လာလို့ မလုံတာဆိုရင်တော့ Motor Oil Saver ကို အသုံးပြုပြီး အချိန်တစ်ခုအကြာမှာ ပြန်လည် ပျော့လာအောင် လုပ်ဆောင်နိုင်ပါတယ်။

၂။ Spark Plug (ပလပ်) တွေမကောင်းတာ မကိုက်ညီတာ၊ Spark Plug မှ မီးမပေးနိုင်ခြင်း၊ အညစ်အကြေးများ ထူနေခြင်း၊ ကျွမ်းနေခြင်း၊ အရစ်တိုနေခြင်း ရှည်နေခြင်း တို့ဟာလည်း မီးသံခေါက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Spark Plug ဟာ မီးပေါက်ပေးခြင်းအပြင် Combustion Chamber (လောင်ခန်း) ထဲက အပူတွေကို အင်ဂျင် head ထဲကို စုပ်ယူပေးခြင်းအလုပ်ကိုပါ ဆောင်ရွက်ပေးရပါတယ်။ ပလပ်ကြောင့်ဖြစ်တဲ့ မီးသံခေါက်ခြင်းကို ပလပ်လဲပေးခြင်းဖြင့် အလွယ်တစ်ကူဖြေရှင်းနိုင်ပါတယ်။

အရည်အသွေးအမျိုးအစား မကောင်းတဲ့ ပလပ်တွေကို အသုံးပြုမိရင်လည်း မီးသံခေါက်တတ်ပါတယ်။ ဒါ့ကြောင့် ပလပ်တွေကို ဝယ်ယူတဲ့အခါ အရည်အသွေးစစ်မှန်တဲ့ ပလပ်တွေကို ရွေးချယ်အသုံးပြုဖို့လည်း အရေးကြီးပါတယ်။

၃။ အောက်တိန်းအရည်အသွေး နိမ့်နေတာ၊ မိမိ အသုံးပြုတဲ့ Octane အရည်အသွေးနိမ့်နေရင်လည်း မီးသံခေါက်တတ်ပါတယ်။

pre-ignition လို့ခေါ်တဲ့ အချိန်မရောက်ခင် ပေါက်ကွဲမှုကြောင့်မီးသံခေါက်ခြင်းဖြစ်ပါတယ်။ Piston ဟာ Cylinder ထိပ်အမြင့်ဆုံးနေရာရောက်မှ spark plug က မီးရိုက်ပြီး ပေါက်ကွဲရမှာဖြစ်ပါတယ်။

ignition timing က ကားတစ်စီးနဲ့တစ်စီး အနည်းငယ်ကွာနိုင်ပါတယ်။ အောက်တိန်း RON နိမ့်ရင် ကွာလတီ မမီရင် compression ဖိသိပ်မှုကို မခံနိုင်ဘဲ လမ်းတစ်ဝက်မှာတင် air-fuel mixture ဟာ ပေါက်ကွဲတတ်ပါတယ်။

ထိုအခါ crank shaft ကို နှစ်ဘက်ညှပ်ဖိသလိုဖြစ်ပြီး မီးသံခေါက်ရခြင်းဖြစ်ပါတယ်။ အခြေအနေဆိုရင် Connecting Rod တွေပါ ကောက်သွားနိုင်ပါတယ်။ အဲလိုအခြေအနေမျိုးကတော့ အင်ဂျင်ချပြီး ပြင်မှရပါလိမ့်မယ်။

RON မြှင့်ခြင်းဟာ ဆီကို ပိုပြီး Stable ဖြစ်အောင် ထိန်းပေးလိုက်ခြင်းဖြစ်ပါတယ်။ အများစုက RON မြင့်ရင် ပေါက်ကွဲအား များတယ်ထင်ကြပါတယ်။

အောက်တိန်း RON မြင့်တာဟာ အောက်တိန်းပေါက်ကွဲအား များတာကို ပြောတာမဟုတ်ပါဘူး။ Octane RON No. ဆိုတာဟာ iso Octane ကို အမှတ် 100 ပေးထားပြီး Octane တစ်ခုဟာ သူနဲ့ မီးသံခေါက်ခြင်း စွမ်းရည် ဘယ်လောက်အထိ ယှဉ်နိုင်လဲအပေါ်မှာ မူတည်သတ်မှတ်တာဖြစ်ပါတယ်။

ဥပမာOctane တစ်ခုဟာ iso Octane 90% နဲ့ Heptane 10% ရောစပ်ထားတဲ့ လောင်စာဆီနဲ့ မီးသံခေါက်ခြင်းစွမ်းရည် တူညီတယ်ဆိုရင် အဲဒီ Octane ကို Ron No. 90 အဖြစ်သတ်မှတ်ပါတယ်။ iso Octane 95% နဲ့ Heptane 5% အရောနဲ့ မီးသံခေါက်ခြင်းအတိုင်းအတာ တူတယ်ဆိုရင် 95 ဖြစ်မှာဖြစ်ပါတယ်။

တစ်ချို့ Chemical တွေဟာ pure iso Octane ထက် ပိုပြီး မီးသံခေါက်ခြင်းကို မဖြစ်စေတဲ့ စွမ်းရည် ပိုပါတယ်။ ဒါ့ကြောင့် Ron No. ဟာ 100 ကျော်တွေလည်း ရှိပါတယ်။

Ron No. မြင့်လာခြင်းသည် Compression Ratio မြင့်မြင့်နဲ့ ဖိသိပ်မှုဒဏ်ကို ပိုမိုခံနိုင်ရှိလာခြင်းပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လောင်စာဆီဟာ ပိုမိုတည်ငြိမ်သွားခြင်းပဲဖြစ်ပါတယ်။ ပေါက်ကွဲအားပိုပြင်းခြင်းမဟုတ်ပါ။ ဒါ့ကြောင့် နောက်ဆုံးပေါ် Compression Ratio မြင့်တဲ့ ကားတွေမှာ Octane No. အမြင့်တွေ လိုအပ်လာရခြင်းပဲဖြစ်ပါတယ်။

Knock Sensor ပါတဲ့ကားတွေမှာ မီးသံခေါက်ခြင်းကို မူတည်ပြီး လောင်ကျွမ်းမှုထိန်းချုပ်တဲ့ စနစ်တွေ ပါဝင်လာပါတယ်။ အဲဒီ knock sensor တွေဟာ မီးသံခေါက်ခြင်းဖြစ်ပေါ်ပါက အချက်အလက်များကို ကွန်ပျူတာထိန်းချုပ် unit သို့ ပေးပို့ပြီး မီးသံခေါက်ခြင်းနည်းပါးစေရန် ignition timing ကို လိုအပ်သလို ထိန်းညှိပေးပါတယ်။

Octane အရည်အသွေးမပြည့်လို့ မီးသံခေါက်သောကားများအတွက် Octane No. ပိုမိုမြင့်သော ဆီအရည်အသွေးကို ပြောင်းလဲအသုံးပြုခြင်းဖြင့် မီးသံခေါက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Liqui Moly Octane Plus ဟာ Octane No. ကို 4 Points တိုးလာစေပါတယ်။ 92 နဲ့ ရောစပ်ရင် 96 ဖြစ်သွားမှာဖြစ်ပြီး 95 ကို ရောစပ်ရင် 99 ဖြစ်သွားမှာဖြစ်ပါတယ်။

Cadillac မော်ဒယ်အမြင့်တွေနဲ့ Volkswagen ကားမော်ဒယ်မြင့်တွေဟာ Octane RON အမြင့်တွေ လိုအပ်ကြပါတယ်။ အနည်းဆုံး RON 96 အသုံးပြုပေးရပါတယ်။

၄။ ဆီအချိုးလေအချိုး မမှန်တာ
တစ်ချို့ကားတွေမှာ Air-fuel mixture မမှန်တဲ့အတွက် ဆီပို့နှုန်း မမှန်တာဖြစ်ပြီး မီးသံခေါက်နိုင်ပါတယ်။ လေစစ်က ချေးတွေပိတ်ပြီး လေမဝင်တာလည်း ဖြစ်နိုင်သလို၊ ဆီစစ်ထဲမျာ အနည်အနှစ်တွေများပြီး ဆီပို့အား မမှန်လို့ ဆီမှန်မှန်မရောက်နိုင်တာလည်းဖြစ်နိုင်ပါတယ်။

အဲဒီလိုအနေအထားမျိုးမှာ ညစ်ပတ်နေ ပိတ်နေတဲ့ ဆီစစ်တွေကို လဲလှယ်ပေးရပါမယ် သို့မဟုတ် လေစစ်တွေ လဲလှယ် သန့်ရှင်းလိုက်မှ မီးသံခေါက်တာ ပျောက်နိုင်ပါတယ်။

Injector ပိတ်ပြီး ဆီပေးမှု မမှန်ခြင်းတွေအတွက် Liqui Moly Injection Cleaner က ဖြေရှင်းပေးနိုင်ပါတယ်။

Oxygen Sensor တွေ မကောင်းရင်လည်း Sensor က ဖတ်တဲ့အချက်အလက်တွေမှားပြီး ဆီအချိုးလေအချိုး မမှန်တာဖြစ်နိုင်ပါတယ်။ Oxygen Sensor တွေ မကောင်းတော့ရင် အသစ်လဲလှယ်ပေးရပါမယ်။

၅။ လေဝင်နှုန်းတိုင်းတဲ့ Sensor (Mass Airflow Sensor – MAF) မှာ ဖုန်တွေချေးတွေ ကပ်နေတဲ့အတွက် လေဝင်နှုန်းအမှန်ကို ကားရဲ့ ECU က မသိတော့ဘဲ ဆီလေအချိုးမမှန်တော့တဲ့အတွက် မီးသံခေါက်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ MAF ကို ဖြုတ်ပြီး ဆေးကြောပေးမှသာ မီးသံခေါက်တာ ပျောက်ပါလိမ့်မယ်။ တစ်ချို့ MAF တွေဟာ ဆေးကြောခြင်း နည်းစနစ်မမှန်ရင် ပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် နည်းစနစ်မှန်ကန်စွာ ဆေးကြောပေးဖို့ အရေးကြီးပါတယ်။

Airflow Sensor ကို ဓါတ်ဆီနဲ့ မဆေးကြောရပါဘူး။ ဓါတ်ဆီရဲ့ chemical တွေ Sensor ရဲ့ မျက်နှာပြင်ပေါ်မှာ ကျန်ခဲ့မှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ နောက်ပြီး စက်ရပ်ပြီး ဖြုတ်ပြီးပြီးချင်း မဆေးရပါဘူး။

Sensor ရဲ့ မျက်နှာပြင်ဟာ ပူနေမှာဖြစ်တဲ့အတွက် ၁၀ မိနစ် ၁၅ မိနစ်ခန့် အအေးခံပြီးမှသာ သူ့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Airflow Sensor Cleaner နဲ့ ဆေးကြောပြီး ခြောက်သွေ့အောင် စောင့်ပြီးမှသာ ပြန်တပ်ရမှာဖြစ်ပါတယ်။

၆။ အင်ဂျင် Timing မမှန်တာ
4 Stroke engine တွေမှာ ဆီပို့ခြင်း ဖိသိပ်ခြင်း၊ မီးရိုက်ခြင်း၊ အိတ်ဇောငွေ့ထုတ်ခြင်း စတဲ့ အင်ဂျင်တိုင်မင် မမှန်ရင်လည်း မီးသံခေါက်စေနိုင်ပါတယ်။ အင်ဂျင်တိုင်မင် မမှန်တဲ့အတွက် မီးသံခေါက်ခြင်းကိုတော့ Engine Timing ပြန်ချိန်ပေးမှ မီးသံပျောက်ပါလိမ့်မယ်။

၇။ Timing Oil Control Valve မကောင်းတာ၊ ကားအင်ဂျင်အေးခါစအချိန်တွေ သို့မဟုတ် တောင်ပေါ် ပြင်ပလေထုဖိအား နည်းတဲ့အချိန်တွေမှာ engine မီးပေးချိန် မှန်နေစေရန် Timing Oil Control Valve တွေက အထောက်အကူပြုပါတယ်။

TCV မကောင်းရင်လည်း မီးသံခေါက်နိုင်တဲ့အတွက် Timing Oil Control Valve မကောင်းရင် လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၈။ LSPI ကြောင့် မီးသံခေါက်တာ
LSPI ကို Stochastic Pre-ignition (SPI) လို့လည်း ခေါ်ကြပါတယ်။ တစ်ချို့ကလည်း Mega Knock, Super Knock, Deto-Knock လို့ နာမည်ပေးကြပါတယ်။

LSPI ဟာ ကားအရှိန်နည်းနေစဉ် လီဗာနင်းလိုက်တဲ့အချိန်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်ကြောင့် အင်ဂျင်အတွင်းမှာ မလိုအပ်တဲ့ အင်ဂျင်ဖိအားတွေ များလာစေပြီး အင်ဂျင်တွင်း အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ ပညာရှင်အချို့ရဲ့ သုတေသနအရ LSPI ဟာ အခြေအနေအရမ်းဆိုးရင် တစ်ကြိမ်တည်းနဲ့ အင်ဂျင်ကို ပျက်စီးစေနိုင်တဲ့အထိ ဖြစ်သွားစေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

အင်ဂျင်ပျက်စီးတယ်ဆိုရာမှာ Piston တွေ ပဲ့ကုန်တာ၊ ကော်နက်တင်း တွေ ကောက်ကုန်တာ၊ Spark ပလပ်တွေ ကျိုးကုန်တာ၊ အင်ဂျင်ဆိုးရွားစွာ ပျက်စီးသွားတာတွေ အကုန် ပါဝင်နိုင်ပါတယ်။

LSPI ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ တစ်ခုကတော့ လောင်ခန်းထဲကို ရောက်လာတဲ့ အင်ဂျင်ဝိုင်အမှုန်အမွှားလေးတွေဖြစ်ပါတယ်။ အင်ဂျင်ဝိုင်အမှုန်လေးတွေဟာ ဖိအားမြင့် အပူချိန်မြင့်တဲ့ အခြေအနေမှာ မီးစလောင်တဲ့ အရင်းအမြစ်အဖြစ် ပြောင်းသွားနိုင်ပါတယ်။

နောက်တစ်ခုကတော့ လောင်ခန်းထဲကို ကျလာတဲ့ ကာဗွန် ဂျိုးအမှုန်လေးတွေဖြစ်ပါတယ်။ ဒီကာဗွန်မှုန်ငယ်လေးတွေဟာလည်း မြင့်မားတဲ့အပူချိန်တဲ့ ဖိအားအောက်မှာ မီးလောင်ရာအရင်းအမြစ် ဖြစ်သွားနိုင်ပါတယ်။

Direct Injection စနစ်တွေမှာ ဓါတ်ဆီကို လောင်ခန်းထဲကို တိုက်ရိုက်ဖြန်းလိုက်တဲ့အခါ ဓါတ်ဆီဟာ စလစ်သားနံရံမှာ ကပ်နေတဲ့ အင်ဂျင်ဝိုင်အလွှာလေးကိုထိပြီး အလွှာလေးရဲ့ မျက်နှာပြင် တင်းအားကို လျော့ကျစေကာ အင်ဂျင်ဝိုင်ကို ကျဲသွားစေပါတယ်။

အဲ့ဒီအခါ ပစ်စတင်က အထက်အောက် ရွေ့လျားနေချိန်မှာ ကျဲသွားတဲ့ အင်ဂျင်ဝိုင်အလွှာလေးကို ပွတ်မိပြီး ဓါတ်ဆီရယ် အင်ဂျင်ဝိုင်ရောစပ်ထားတဲ့ အမှုန်ငယ်လေးတွေဖြစ်ပေါ်လာကာ အမှုန်ငယ်လေးတွေဟာ ပစ်စတင်ထိပ်မှာ သွားစုလာပါတယ်။ အင်ဂျင်ဖိအားကို ဖြစ်စေတဲ့ Upstroke အချိန်အတွင်းမှာ ပစ်စတင်က ဆီ လေ အရောကို တွန်းတင်တဲ့အခါ တစ်ချို့အမှုန်လေးတွေဟာ အငွေ့ပျံသွားပါတယ်။

အဲ့ဒီ အငွေ့နဲ့ အမှုန် အရောအနှောဟာ Spark ပလပ်က မီး မပွင့်ခင်အချိန်မှာ အချိန်မတန်ဘဲ မီးလောင်ပေါက်ကွဲ ကုန်တဲ့အတွက် ကရိုင်းရှပ်ကို နှစ်ဘက် ဖိညှပ် တွန်းအားပေးသလိုဖြစ်ကာ မီးသံခေါက်ခြင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီ ဆီမှုန်လေးတွေအတွင်းမှာ ဓါတ်ဆီ၊ အင်ဂျင်ဝိုင်၊ ကာဗွန်မှုန်လေးတွေနဲ့ အခြားပစ္စည်းတွေလည်း ပါဝင်သေးတဲ့အတွက် LSPI ကို ဖြေရှင်းဖို့အတွက် အင်ဂျင်ဝိုင် နည်းပညာတွေ၊ ဓါတ်ဆီအရည်အသွေး၊ အင်ဂျင်ဒီဇိုင်းနဲ့ အခြားကိစ္စရပ်များကိုပါ ခြုံငုံအဖြေရှာရမယ်ဆိုတာကို ပညာရှင်တွေအားလုံး သိရှိလက်ခံလာကြပါတယ်။

ဒီအခြေအနေတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် မကြာမီနှစ်တွေမှာ အင်ဂျင်ပျက်စီးခြင်းရဲ့ အဓိက အကြောင်းရင်းဟာ LSPI ပြဿနာတွေ အဓိကဖြစ်လာမှာ ဖြစ်ပါတယ်။ နောင် လေး ငါး နှစ် အတွင်းမှာ တစ်ကမ္ဘာလုံးက ကားထုတ်လုပ်မှုအရေအတွက်ရဲ့ 40% ဟာ ဒီပြဿနာနဲ့ အကျုံးဝင်သွားနိုင်ပါတယ်။

တစ်ချို့ကားထုတ်လုပ်သူတွေက ဒီ LSPI ပြဿနာကို လျော့နည်းစေရန် အင်ဂျင်လောင်းခန်းအတွင်းကို ဆီပိုဖြန်းပြီး အေးစေခြင်းဖြင့် ထိန်းညှိဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဓါတ်ဆီပိုဖြန်းရတဲ့အခါ ဆီစားသက်သာတဲ့နှုန်းလည်း ပြန်ကျသွားတာဖြစ်တဲ့အတွက် ရေရှည်အဖြေတစ်ခုတော့ မဟုတ်သေးပါဘူး။

ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ ဒီ LSPI ပြဿနာမှာ အားလုံးမဟုတ်ပေမယ့် အတော်များများကို အင်ဂျင်ဝိုင် နည်းပညာတွေနဲ့ ကူညီဖြေရှင်းပေးလို့ ရနိုင်တာပဲဖြစ်ပါတယ်။

အောက်ပါ နည်းပညာများဖြင့် LSPI ကို သိသာစွာ လျှော့ချပေးနိုင်ပါတယ်။

- အင်ဂျင်ဝိုင်အတွင်းမှာ ပါဝင်တဲ့ Additives နည်းပညာတွေကို အဆင့်မြှင့်တင်ခြင်း
- အင်ဂျင်ဝိုင်အတွင်း အသုံးပြုသော Detergents နည်းပညာများကို အဆင့်မြှင့်တင်ခြင်း
- စလစ်သားမျက်နှာပြင်မှ ကာဗွန်မှုန်များကို သန့်ရှင်းပေးနိုင်သော နည်းပညာများ အသုံးပြုခြင်း
- Base Oil ကို အဆင့်အမြင့်နည်းပညာများနဲ့ထုတ်လုပ်ပြီး အရည်အသွေး အကောင်းဆုံးကိုသာ အသုံးပြုခြင်း
တို့ပဲဖြစ်ပါတယ်။

မော်ဒယ်မြင့် ဓါတ်ဆီ တာဘို ကားတွေအတွက် ဒီနည်းပညာတွေ အားလုံးပါဝင်တဲ့ အင်ဂျင်ဝိုင်ကို ရှာဖွေဝယ်ယူပြီး အသုံးပြုနိုင်ပါတယ်။

LIQUI MOLY Special Tec AA Series မှာရှိတဲ့
- Special Tec AA 0W20
- Special Tec AA 5W20
- Special Tec AA 5W30
တွေဟာ LSPI ပြဿနာကို ဖြေရှင်းပေးဖို့အတွက် အမြင့်ဆုံး နည်းပညာတွေကို အသုံးပြုပြီး အဆင့်မြှင့်တင် ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ API SN-Plus + RC (Resource Conserving) နည်းပညာကို LIQUI MOLY မှာပဲ ရရှိနိုင်ပါသေးတယ်။

MOS2 Oil Additive ကို အင်ဂျင်ဝိုင်အတွင်းမှာ ပေါင်းထည့်အသုံးပြုခြင်းဟာလည်း ပွတ်တိုက်စားမှုကို ထက်ဝက်လျှော့ချပေးရုံတင်မက LSPI ကိုလည်း လျော့ကျစေပြန်ပါတယ်။

အမျိုးတွေကားလေး မီးသံခေါက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

Credit To : LIQUI MOLY Myanmar

Photos from Mazda Collection Store's post 24/01/2021

Mazda Silicon Key Chain - 6,500 Ks

Out of Stock

24/01/2021

Handbrake လက်ကိုင်အစွပ် - 6,500 Ks

24/01/2021

Mazda Demio အတွက် ကာဗွန် Key Cover

13,000 Ks

Photos from Mazda Collection Store's post 22/01/2021

လက်ဆောင်ပဲပေးပေး ကိုယ်တိုင်ပဲသုံးသုံး ထုပ်ပိုးမှုကအစမိုက်တဲ့ Mazda Vaccum Flask

500 ml : 11,000 Ks
350 ml : 8,500 Ks

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon