KiWi Learning

KiWi Learning

Share

Make your English language learning journey enjoyable.

16/10/2024

Useful Idioms - On Cloud 9
KiWi Learning - Make your language learning journey enjoyable

16/10/2024

Elon Musk ဦးဆောင်နေတဲ့ SpaceX ရဲ့ Mechazilla လို့ခေါ်တဲ့ giant launch tower ကြီးကတော့ ၅ ကြိမ်မြောက် လွှတ်တင်ခဲ့တဲ့ Starship ရဲ့ booster / rocket engine အာကာသထဲက ပြန်ကျလာတာကို အောင်မြင်စွာ ဖမ်းယူပြနိုင်ခဲ့ပါတယ် ဒီ video ထဲမှာတော့ သမိုင်းတွင်မဲ့ အောင်မြင်မှုနဲ့အတူ 2022 interview တစ်ခုမှာ Elon က လုပ်ဆာင်ပုံအဆင့်ဆင့်ကို ရှင်းပြထားတာကိူ မြင်ရမှာပါ ဒီလိုဖမ်းယူဖို့ အောင်မြင်နိုင်ခြေ က မသေချာပေမဲ့ သုညအထက်မှာ ရှိပါတယ် လို့လဲ ခန့်မှန်းခဲ့ပါတယ် အခုတော့ ၁၀၀% အောင်မြင်ခဲ့ပါပြီ

29/01/2024

Useful idiom no (7)
The law of the jungle
အင်အားအကြီးဆုံးသူတို့သာ ကြီးစိုး/အနိုင်ရနိုင်မဲ့အနေအထားတခု
Or သူတပါးအတွက် ထည့်မစဉ်းစားဘဲ ကိုယ့်ကိုကိုယ်သာ ကာကွယ်စောက်ရှောက်တဲ့ အနေအထားကိုပြောပြနေတဲ့ idiom ပါ

It now promotes the law of the jungle, where every country fends for itself.

The law of the jungle demands: kill or be killed.

Idiom no (8)
Take the law (take matters/things) into your own hands

သူများကို အားမကိုးဘဲ ကိုယ့်ကိစ္စ ကိုယ့်ဘာသာ ဖြေရှင်းဖို့ကြိုးစားခြင်း

Since we can’t rely on police, we had better take things into our own hands and start making preparations to defend ourselves against thieves.

It was only when he threatened to take matters into his own hands and call the newspaper that the management agreed to review the problem.

Idiom no (9)
Give someone/something a new lease of life

အသစ် တဖန်စတင်ခြင်း / ပြန်လည်ပျော်ရွှင် တက်ကြွလာခြင်း

I was hoping that leaving my hometown for a new job would give me a new lease of life.

He was sick but his son’s arrival seemed to give him a new lease of life.

27/01/2024

Useful idiom no (4)
the black sheep of the family
မိသားစုထဲမှာ or group တခုထဲမှာ တခြားသူများထက် ရှက်စရာ ကောင်းသူ / ပို၍ဆိုးသွမ်းသူအဖြစ် သတ်မှတ်ခြင်းခံနေရသူ

Judging by what he told me, I think he was the black sheep of the family.

Because of what he did, he was treated badly by other colleagues - like the black sheep of the family.

Idiom no (5)
Come out of your shell
ကြောက်လန့်မှုတွေ ရှက်ရွံ့မှုတွေ မရှိပဲ ယုံကြည်မှုရှိစွာ ကိုယ့်ရဲ့ အသိုက်အမြုံ ပြင်ပကို ထွက်လာသင့်ကြောင်း ပြောတဲ့ idiom တခုပါ

You need to come out of your shell and spend more time with your teachers and friends.

Idiom no (6)
Be built on sand
အခြေမခိုင်/မကောင်းမွန်တာ
ကြောင့် မအောင်မြင်နိုင်သော/ဆုံးရှုံဖို့သာရှိသော

We won’t send our people to unstable companies or private corporations (that are) built on sand.

A marriage (that is) built on sand is likely to end up in divorce.

25/01/2024
Photos from KiWi Learning's post 23/01/2024

Telling the time in English …

23/01/2024

Input Output Theory

If you want to extract the best possible outcome from your learning journey, you need to create a balance between your learning input and output. If you are consistent with practice and can activate your long term memory, it will become natural to you sooner rather than later.

Language Learning မှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ learning process မှာ
Input(သင်ယူလေ့လာမှု) နဲ့
output (ပြန်လည်အသုံးချမှု) တို့ကို
မျှတဖို့ကြိုးစားရပါမယ် ဒါမှသာ ကိုယ့်လေ့လာထားသမျှကို long term memory အနေနဲ့ ဦးနှောက်က သိမ်းဆည်းထားနိုင်ပြီး English ဟာ ကိုယ့်အတွက် second nature သဖွယ် ဖြစ်လာမှာပါ

23/01/2024

Idiom no (1)
Every cloud has a silver lining
ဆိုတာ ကိစ္စတခုက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိုယ်သာ မြင်အောင်ကြည့်နိုင်မယ်ဆို အကောင်းဘက် ခြမ်းတွေကို တွေနိုင်ကြောင်း မျှော်လင့်ချက် ပေးတဲ့ idiom တခုပါ

Every cloud tends to have its silver lining, and if I am forced out of the team, I will start my own.

(force အတင်းအကျပ် တိုက်တွန်းခံရ
out of the team အသင်းရဲ့ပြင်ပကို

ဒီနေရာမှာ passive verb ကိုသုံးသွားပါတယ်
If I am forced out of the team )

Idiom no(2)
(be) a blessing in disguise
ဆိုတာလဲ အဆိုးထဲမှ အကောင်း ဆိုတဲ့ အဓိပ္ပယ်ပါ

Being fired from the company was a blessing in disguise because I became an entrepreneur at 30.

(passive tense ကို မြင်အောင်ကြည့်ပါ
I was fired from the company )

Idiom no(3)
(be) on cloud nine
လတ်တလော ကိစ္စတခုခုကြောင့် အရမ်းပျော်မိနေတာပါ

When I was told he came back for me, I was on cloud nine.
I was on cloud nine when I heard the news.

23/01/2024

အင်္ဂလိပ်စာ လေ့လာနေသူများ အတွက်….
Adverb clause တွေကို ဘယ်လိုလေ့လာကြမလဲ? ဒီလိုတွေ ခွဲခြားပြီး လေ့လာတာအကျိုးရှိပါသလား? ဒီ post ကိုဖတ်ကြည့်ပြီးရင် ဆုံးဖြတ်လို့ရပါတယ်

Adverb clause ဆိုတာ Adverb အလုပ်ကို လုပ်တဲ့ စကားလုံးအစုအဝေးတခုကို ပြောတာပါ ကိုယ်ပိုင် subject , verb လဲ ရှိပါတယ်

မသိထားဖူးဆိုရင်လဲ စိတ်မရှုပ်သွားပါနဲ့ နားလည်အောင်ရှင်းပြပေးပါမယ်

Adverb , Adverb Phrase , Adverb Clause ကိုယှဉ်ပြထားတဲ့ ဥပမာတွေကိုကြည့်ပါ

Adverb (alarmingly) - The rate of crime has increased alarmingly.

Adverb Phrase (at an alarming rate) - The rate of crime is increasing at an alarming rate.

Adverb Clause (when darkness arises) - Crimes happen when darkness arises.

phrase >>> phrase ဆိုတာလဲ စကားလုံး အစုအဝေး ပါပဲ ဒါပေမဲ့ ကိုယ်ပိုင် Subject , verb မပါရှိပါ
at an alarming rate ဆိုတဲ့ phrase ကို ကြည့်ပါ အစုအဝေးလိုက်ပေမဲ့ sentence ဖြစ်မလာသေးပါဖူး

clause >>> When darkness arises ဆိုတဲ့ clause ကိုကြည့်ပါ

သူဟာ subject , verb တွေနဲ့ sentence တခုလို ဖြစ်နေပါတယ် (အခေါ်အဝေါ် ကွဲတာတွေကိုတော့ စိတ်ရှုပ်မှာစိုးလို့ မေ့ထားလိုက်ပါ)

Verb တွေရဲ့နောက်မှာ Adverb တွေ လိုက်တာမျိုး လိုပါပဲ
သူလဲ အဲလို မျိုး Main Verb - happen ရဲ့နောက်မှာ အချိန်ပြ Adverb သဖွယ်နေပေးနေတာပါ …

ကဲ ဒီလောက်ပါပဲ
Grammar rules တွေဟာ များပြားလွန်းပါတယ် ဒါကြောင့် အဓိကကတော့ ကိုယ် sentence structure တွေ တည်ဆောက်မဲ့ အချိန်မှာ အသုံးဝင်မဲ့ အရာတွေကို ရွေးချယ်မှတ်တတ်ဖို့ပါပဲ …

နားမလည်သေးတာရှိလဲ comment မှာ မေးမြန်းနိုင်ပါတယ်
KiWi Learning - Make your language learning journey enjoyable

22/01/2024

English idiom များဟာ English-speaking population တွင် နေ့စဉ် လူမှုဘဝအတွက် အလွန် အသုံးဝင်သော စကားစု များပဲ ဖြစ်ပါတယ်
ဒါပေမဲ့ များပြားလှတဲ့ English idioms တွေကို ကိုယ်တွေ အကုန်လိုက်ဖတ်နေစရာမလိုပါဖူး ဒီတော့ အသုံးတည့်မဲ့ English Idiom များ ထဲမှ တခုကို ယခု ဖော်ပြပေးပါမယ်

hit / crack the books
စာကြိုးစားပါ စာလုပ်ပါ လေ့လာသင်ယူပါ
(study very hard) လို့ အဓိပ္ပါယ် ရပါတယ်

Hit the books and pass it(exam). ကြိုးစားပြပြီး စာမေးပွဲအောင်အောင်လုပ်လိုက်ပါ

If you want a scholarship, you’d better start hitting the books now. (had better + Vinf ပြုလုပ်သင့်)
Scholarship လိုချင်ရင် အခုကတည်းက စာကြိုးစားရလိမ့်မယ်/သင့်တယ်
Thank you 🙏 kiwi

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11121