The Corner
Office Laptops, Gaming Laptops, Computer Accessories စတဲ့ ပစ္စည်းတွေကို စျေးနှုန်းသက်သာစွာ ရရှိနိုင်ပါတယ်။ Brand New သီးသန့်ပဲ ရောင်းချပါတယ်ခင်ဗျာ။
ကျွန်တော်တို့ The corner မှာ Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုတာနဲ့ Software သွင်းပေးရုံတင်မက ဘဲ Triple A Title Games တွေကို Game ပေါင်း ၂၀၀ ကျော် Service Charges Free နဲ့သွင်းပေးပါတယ်။
ဆိုင်ဘောင်ချာနဲ့ Hardisk တစ်လုံးရှိရင် အသစ်သစ် သော Game တွေကို ရာသက်ပန် သွင်းနိုင်မှာမလို့ Laptop တစ်လုံးကို ဝယ်ယူလိုက်ရတဲ့ ဈေးထက်အများကြီးပိုတန်စေမှာပါ။
ဆိုင်မှာသွင်းပေးနေတဲ့ Games တွေက ကျွန်တော်တို့ကိုယ်တိုင် စမ်းသပ်ပြီး ဆော့ထားတာမလို့ Virus ပြသနာ တွေလည်း စိတ်ပူနေဖို့မလိုတော့ပါဘူး။ Ready To Play ဖြစ်သည့်တိုင်အောင် သေချာပြင်ဆင်ပေးထားတာမလို့ ကျွန်တော်တို့ The cornerမှာ လက်တော့ တစ်လုံးလောက် လာဝယ်ထားဖို့ဘဲလိုတော့တယ်ဗျာ....
Games တွေရွေးချယ်ရ အဆင်ပြေလွယ်ကူစေအောင် Telegram Channel လေးပါလုပ်ပေးထားပါတယ်။
Telegram Channel Link - https://t.me/thecornergamelist
ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ နှင့် BRB မှတ်တိုင်အနီး)၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို။
☎️Sale - 09881111092
☎️Service - 09881111093
❗️အပတ်စဥ် Monday တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
OLED Display နဲ့ အရမ်းမိုက်ပြီး ပေးရတဲ့စျေးနဲ့ အရမ်းတန်တဲ့ Lenovo Legion 5 တွေ ပစ္စည်းအနည်းငယ် ပြန်ရောက်ထားပါတယ်ခင်ဗျာ။
စျေးတန်ဆို ပုံမှန်ဆို သိန်း ၈၀ ဝန်းကျင်ကို The Corner မှာ ၇၄ သိိန်းနဲ့ ရနိုင်မှာမလို့ပါ။
Gaming နဲ့ Content creation အပြင် Engineering အတွက် အဆင်ပြေတဲ့ Ryzen 7 260 CPU နဲ့ အတူ TGP အပြည့် 115W အထိ ရှိတဲ့ RTX 5060 နဲ့ တွဲဖက်ပေးထားပြီး SSD က လဲ 1TB မလို့ အဖက်ဖက်ကပြည့်စုံနေတဲ့ Gaming laptop ဖြစ်ပါတယ်။ အချိုပေါ်ကို သကာလောင်းလိုက်သလို ရှယ်အတန်ဆုံးကတော့ OLED Display နဲ့ အမိုက်ဆုံးဖြစ်နေတာပါပဲ။
Lenovo ရဲ့ Legion series က တကယ့်ကို နာမည်ကြီးပြီးသား Build quality, performance ပိုင်းကလဲ လုံးဝကိုရှယ်ပါပဲ။
ဆိုတော့ ဒီလို မတရားမိုက်ပြီး စျေးလဲ တကယ်တန်တဲ့ Legion 5 လေးကို ပိုင်ဆိုင်ချင်ရင်တော့ Stock အရေအတွက်က အနည်းငယ်ပဲ ရှိတာမလို့ ကျွန်တော်တို့ The Corner ကို အမြန်ဆုံးသာ လှမ်းလာခဲ့လိုက်တော့ဗျာ။
Brand New, Lenovo ရဲ့ Original seal ကို ကိုယ်တိုင်ပါကင်ဖောက်ရမှာပါခင်ဗျာ။
ကျွန်တော်တို့ The Corner မှာ 2021 ကတည်းက Brand New ကိုမှ စက်ရုံက ထွက်လာတဲ့ factory seal ကို ကိုယ်တိုင် ပထမဆုံး unboxing လုပ်ရမယ့် ပါကင်ပိတ် Laptop အသစ်တွေကိုပဲ ရောင်းချတာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ခင်ဗျာ။
ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ နှင့် BRB မှတ်တိုင်အနီး)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Sale - 09881111092
Service - 09881111093
အပတ်စဥ် Monday တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
Copyright Disclaimer: Under Section 107 of the Copyright Act: This video uses royalty-free audio intended for commercial and non-commercial creative use.
02/06/2026
Brand New ပါကင်ပိိတ် ဝယ်ယူရရှိနိုင်မယ့် Update price list ပါခင်ဗျာ။
လောလောဆယ် မိတ်ဆွေ customer တွေရဲ့ အားပေးကြမ်းမှုကြောင့် stock တော်တော်များများ ကုန်နေပါတယ်။ အားလုံးကြိုက်ကြတဲ့ Legion OLED တွေ၊ Asus TUF A16 တွေနဲ့ LOQ RTX 5050 တွေ ပစ္စည်းအနည်းငယ် ပြန်ရောက်ပါတယ်ခင်ဗျာ။
✅ကျွန်တော်တို့ The Corner မှာ 2021 ကတည်းက ယနေ့အထိ ၅ နှစ်လုံးလုံး Brand New ကိုမှ စက်ရုံက ထွက်လာတဲ့ factory seal ပါကင်ကို ကိုယ်တိုင် ပထမဆုံး unboxing လုပ်ရမယ့် ပါကင်ပိတ် အသစ်တွေကိုပဲ ရောင်းချတာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ခင်ဗျာ။
✅စျေးတော့သက်သာပါရဲ့၊ after sale မကောင်းဘူးလားလို့ တွေးထင်နေတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်တို့ ဆိုင်သက်တမ်း ၅ နှစ်အတွင်း customers တွေရဲ့ honest reviews တွေကို page ရဲ့ review section မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မဝယ်ခင်မှာရော၊ ဝယ်အပြီးမှာရော အကောင်းဆုံး service တွေ ရရှိစေဖို့ အာမခံပါတယ်ခင်ဗျာ။
Software error အစ hardware error အဆုံး ဘာပြသနာပဲဖြစ်ဖြစ် ဆိုင်ကိုချက်ချင်းပြန်လာမပြနိုင်သေးရင်တောင် online ကနေ ညပိုင်း ၁၀ နာရီ အထိ admin တွေ အချိန်ပြည့်ရှိပြီး aftersale service ပေးနေတာမလို့ ယုံယုံကြည်ကြည် ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။
စျေးချထားတဲ့ အချိန်မလို့ ချက်ချင်းလာမဝယ်နိုင်သေးရင် စရံ 10% နဲ့ Reserved လုပ်ထားမှ စိတ်ချရပါမယ်။ စရံမချထားရင် ပစ္စည်းချန်ထားပေးလို့ အဆင်မပြေတာ နားလည်ပေးပါခင်ဗျ။
Instock မော်ဒယ်တွေက အကုန်မြန်တာကြောင့် လာဝယ်မယ်ဆိုရင် လက်ကျန် ရှိ၊ မရှိကို ဖုန်းလေး ကြိုဆက်ပေးပါခင်ဗျာ။
#ပါကင်အသစ်
⛔️စျေးနှုန်းအပြောင်းအလဲ အချိန်မရွေးရှိနိုင်ပါသည်။
▶️ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ)၊ BRB မှတ်တိုင်အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
▶️Sale Phone - 09881111092 (Viber)
▶️Service Phone - 09881111093 (Viber)
▶️ဆိုင်ဖွင့်ချိန် - မနက် ၁၀ - ညနေ ၆:၀၀
‼️အပတ်စဉ် တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
မင်္ဂလာပါခင်ဗျာ ... ယနေ့ တနင်္ဂနွေနေ့ May 31 ရက် ညနေပိုင်းမှာ ကျွန်တော်တို့ ဆိုင်ရဲ့ team meeting လေး ရှိတာကြောင့် နေ့လည် ၃ နာရီမှာ ဆိုင်လေး စောပိတ်ပါမယ်ခင်ဗျ။
Monday ကတော့ ထုံးစံအတိုင်း အပတ်စဉ် ဆိုင်ပိတ်ရက် ဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမယ်ခင်ဗျာ။
မိတ်ဆွေများအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါခင်ဗျာ။
30/05/2026
The Corner Team နဲ့ လက်တွဲလုပ်ကိုင်နိုင်မယ့် Junior Sale position ကျား ၂ ဦး အလိုရှိပါသည်ခင်ဗျာ။
- တက္ကသိုလ်ဝင်တန်းအောင် (သို့မဟုတ်) ဘွဲ့ရဖြစ်ရမည်။
- English reading ပိုင်း အတော်အသင့်ကောင်းရပါမည်။
- ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး Teamwork ဖြင့် အလုပ်လုပ် နိုင်သူဖြစ်ရပါမည်။
- Computer knowledge အခြေခံများကို စိတ်ဝင်စားပြီး အသစ်ထွက်နည်းပညာများကို လေ့လာသင်ယူချင်စိတ်ရှိရပါမည်။
- Laptop အရောင်းပိုင်း နှင့် ပတ်သတ်၍ အတွေ့အကြုံ မရှိပါက သင်ပေးသွားပါမည်။ အတွေ့အကြုံအတန်သင့်ရှိပါက လစာ ညှိနှိုင်းပေးပါမည်။
အလုပ်ချိန် - မနက် ၁၀ နာရီမှ ညနေ ၆ နာရီ
ပိတ်ရက် - ၁ ပတ် ပိတ်ရက် ၁ ရက် ရှိပါသည်။
အလုပ်လုပ်ရမည့်နေရာ - လှည်းတန်း၊ ကမာရွတ်၊ ရန်ကုန်မြို့။
(ကမာရွတ် လှည်းတန်းနှင့် နီးသူ ဦးစားပေးပါမည်)
💵Salary 350,000Ks to 500,000Ks
အတွေ့အကြုံ နှင့် ကျွမ်းကျင်မှု အပေါ်မူတည်ပြီး ညှိနိူင်းပေးပါမည်။
အစမ်းခန့်ကာလ ၁ လ ပြီးလျှင် ရက်မှန်ကြေးနှင့် Bonus များ ရှိပါသည်။
✅Interview ရှိပါသည်။
CV form များကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
လူကိုယ်တိုင်လာရောက် လျှောက်ထားရန်
▶️ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း (လှည်းတန်း)၊ BRB မှတ်တိုင်အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
▶️Sale Phone - 09881111092 (Viber)
▶️Service Phone - 09881111093 (Viber)
▶️ဆိုင်ဖွင့်ချိန် - မနက် ၁၀ - ညနေ ၆:၀၀
Ram ဖြုတ်ရောင်းရင်တောင် သိန်း၂၀ ကျော်ရမယ့် Acer Nitro V15 Model ကို ၃၈ သိန်း ဆိုတဲ့ ဈေးနဲ့ ရမယ်ဆို စိတ်ဝင်စားကြလားဗျ။ အခုလို ရှယ်တန်တဲ့ Acer Nitro V15 Gaming Laptop ကို Ryzen 5 6600H + RTX 3050 6GB ဆိုတဲ့ အတွဲလေးနဲ့ ကျွန်တော်တို့ ဆိုင်မှာရနေပါပြီ။ Factory Seal Packing စစ်စစ်ကိုမှ ပစ္စည်းမှန်ပြီး ဈေးတန်မယ့် ကျွန်တော်တို့ The corner ဆိုင်မှာ စိတ်ကြိုက် ရွေးချယ်ဝယ်ယူလို့ ရပါတယ်ဗျာ။
❗️Stock အရေအတွက်နည်းတာကြောင့် ဆိုင်မှာလာကြည့်မယ့် မိတ်ဆွေတွေအနေနဲ့ ဖုန်းလေးကြိုတင်ဆက်ပေးဖို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။
❗️ဈေးနူန်းနဲ့ stock က အချိန်တိုင်းအပြောင်းအလဲရှိနိုင်ပါတယ်။
✅ကျွန်တော်တို The Corner မှာ 2021 ကတည်းက အခုလို Brand New ကိုမှ စက်ရုံက ထွက်လာတဲ့ factory seal ကို ကိုယ်တိုင် ပထမဆုံး unboxing လုပ်ရမယ့် ပါကင်ပိတ် အသစ်တွေကိုပဲ ရောင်းချတာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ခင်ဗျာ။
ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ နှင့် BRB မှတ်တိုင်အနီး)၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို။
☎️Sale - 09881111092
☎️Service - 09881111093
❗️အပတ်စဥ် Monday တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
Copyright Disclaimer: Under Section 107 of the Copyright Act: This video uses royalty-free audio intended for commercial and non-commercial creative use.
27/05/2026
MSI Gaming laptop မဝယ်ခင် ဒီ post ကို အရင်ဖတ်ပါ။
MSI ဆိုတာက စျေးအသက်သာဆုံး Budget ကနေ လုံးဝ High-end model အထိ Gaming laptop တွေ အမျိုးစုံ ထုပ်လုပ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ သူ့ရဲ့ Dragon logo နဲ့ အတူ နာမည်ကြီး လူကြိုက်များကြတဲ့ brand ပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ MSI မကြိုက်ဘူး၊ MSI တွေက build quality ညံ့လို့ အခြား brand ပိုကြိုက်တယ် စသဖြင့် ပြောကြတာလေးတွေ ရှိပါတယ်။ တကယ်တော့ ဒီပြသနာက ကိုယ်တိုင်က MSI budget အနိမ့် model ကို သုံးမိပြီး စျေးနှုန်းလဲကွာသလို series, lineup ချင်းလဲ မတူတဲ့ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အခြား Brand ရဲ့ Mid range တွေ၊ Flagship laptop တွေနဲ့ သွားနှိုင်းယှဉ်မိတာကြောင့်ပါ။
Laptop တွေမှာ ပေးရတဲ့ စျေးအလိုက် lineup ကွာတယ်ဆိုတာရှိပါတယ်။ အနီးစပ်ဆုံး ဥပမာဆိုရင် iPhone တွေမှာ ရိုးရိုးဂဏန်း iPhone 17 နဲ့ 17 Pro/ Pro Max တွေ မတူကြသလို Laptop တွေမှာလဲ ဒီလိုပဲ ပေးရတဲ့စျေးပေါ်မူတည်ပြီး lineup တွေ ကွာခြားသွားပါတယ်။
ဆိုတော့ ဒီနေ့ Article က MSI ရဲ့ Gaming laptop series တွေကို ရှင်းပြပေးသွားမှာပါ။ ဒါမှသူတို့ ရည်ရွယ်ထုပ်လုပ်ထားတဲ့ series တွေကို ကိုယ်က ဘယ်နေရာမှာ သုံးဖို့ ရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
▶️MSI Thin series (အရင်က MSI GF) ✅Entry Level
MSI ရဲ့ စျေးအသက်သာဆုံး Entry Level, Budget Gaming Laptop ပါ၊ weight ပေါ့ပါးအောင်၊ portable ဖြစ်အောင် ထုပ်လုပ်ထားပြီး performance နိမ့်တဲ့ CPU နဲ့ GPU တွေကို သုံးပါတယ်။ အညံ့တွေကို သုံးတယ်ဆိုလိုတာမဟုတ်ပါဘူး။ RTX 3050/ 4050 လို Entry level GPU ကိုပဲ သုံးပြီး 5070/ 5080 စတဲ့ Powerful GPU တွေ မသုံးတာကို ဆိုလိုတာပါ။ စျေးသက်သက်သာသာနဲ့ Gaming performance ရဖို့ ရည်ရွယ်ပြီး weight ပေါ့တာကြောင့် ကျောင်းသားတွေ၊ laptop ကို အမြဲသယ်သွားရတဲ့ သူတွေနဲ့ အဆင်ပြေပါတယ်။
▶️MSI Cyborg ✅Entry Level
သူလဲ MSI ရဲ့ Thin series လိုပဲ Thin and Light ဖြစ်ရမယ်၊ portable ဖြစ်ရမယ်ဆိုတာကို ဦးစားပေးထားပြီး RTX 5050/5060 တွေလောက်အထိ သုံးပါတယ်။ RTX 5070/5080 လို powerful GPU တွေ မသုံးပါဘူး။ Performance ပိုင်းမှာ MSI Thin တွေနဲ့ သိပ်မကွာပေမယ့် တည်ဆောက်ထားတဲ့ build quality အသားအနားတွေကတော့ MSI Thin ထက် ပိုကောင်းလာပါပြီ။
▶️MSI Katana/Sword ✅Mid-range
MSI ရဲ့ performance ဆိုတာ ဘာလဲ စပြီး မေးခွန်းထုတ်တဲ့ series ဖြစ်လာပါပြီ၊ i7, i9 ကနေ RTX 5070/5080 လို တကယ့် powerful GPU တွေကိုပါ wattage အပြည့်နဲ့ cooling system ကောင်းကောင်းနဲ့ သုံးလာပြီး တကယ့် Gaming laptop စစ်စစ် စဖြစ်လာတဲ့ series ပါ။ Asus TUF/ Lenovo LOQ/ Acer Predator Neo စတဲ့ အခြား brand တွေရဲ့ Entry Level Gaming တွေနဲ့ ကောင်းကောင်းစတင်ယှဉ်ပြိုင်နိုင်တဲ့ series ပါ။ ကိုယ်က MSI Katana လောက် မကိုင်ပဲ စျေးသက်သာတဲ့ MSI Thin လိုကောင်ကို ကိုင်ထားပြီး Asus TUF, LOQ တွေနဲ့ သွားယှဉ်ရင်တော့ MSI က ညံ့တယ်ဆိုတာမျိုး ခံစားရမှာဖြစ်ပါတယ်။ ဒီ series က MSI ရဲ့ Mainstream, Powerhouse စဖြစ်လာပြီး performance ပိုင်းမှာ ကောင်းလာပေမယ့် build quality ပိုင်းမှာတော့ အနည်းငယ် အားနည်းတာတွေ ရှိပါတယ်။ ဆိုလိုတာက Asus TUF, Lenovo LOQ စတာတွေနဲ့ ယှဉ်နိုင်ပေမယ့် ROG, Legion တွေနဲ့ တန်းမတူတာကိုပြောတာပါ။
▶️ MSI Crosshair / Pulse ✅Upper Mid-range
Katana တွေလို performance ကောင်းရုံတင်မကပဲ Build quality တဆင့်စမြင့်လာတဲ့ series ဖြစ်ပါတယ်။ Legion 5 တို့ ROG Strix G တို့နဲ့ level တန်းတူလာတဲ့ series ပါ။
▶️ MSI Vector (GP Series) ✅High-End
လုံးဝ Pure performance series ပါ core i9 တွေ 5080/ 5090 အထိ တက်သုံးတဲ့ series ဖြစ်ပါတယ်။ Build quality ကောင်းတယ်ဆိုတာ ဘာလဲဆိုတာ စ ခံစားရတဲ့ series ပါ။
▶️MSI Stealth ✅Premium High-End
ဒီကောင်က ROG Zephyrus တွေလိုမျိုး Thin and light လဲ ဖြစ်ရမယ်၊ performance လဲ ကောင်းရမယ်ဆိုတဲ့ series ပါ။ အပေါ်က MSI Crosshair တွေ၊ Vector တွေလို ထူထူလေးလေး လုံးဝ Gaming အကိတ်ကြီးတွေ မဟုတ်ပဲ ထိုက်သင့်တဲ့ performance နဲ့အတူ ပေါ့ပေါ့ပါးပါး premium ဆန်ရမယ်ဆိုတဲ့ series ဖြစ်ပါတယ်။ Mercedes နဲ့ ပေါင်းပြီး ထုပ်လုပ်တဲ့အထိ Premium ဆန်တဲ့ series တစ်ခုပါ။
▶️MSI Raider ✅Flagship
MSI ရဲ့ Laptop series အားလုံးထဲ သူ့ အပေါ်မှာ Titan တစ်ခုပဲ ကျန်ပါတော့တယ်။ Performance ရှယ်၊ Build quality ရှယ်၊ Premium ဖြစ်မှု ရှယ် အကုန်ရှယ်ဆိုတာတွေချည်း၊ ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့ တည်ဆောက်ထားတဲ့ series ပါ။ Legion 7 တို့ Legion Pro 7 တို့နဲ့ တန်းတူပါတယ်။
▶️MSI Titan ✅Ultra-Flagship
ဒီကောင့်မှာ မိတ်ဆွေ တော်ရုံ စဉ်းစားမိမှာ မဟုတ်တဲ့ အကောင်းဆုံးဆိုတဲ့ အရာတွေ အကုန်ပါဝင်တယ်။ အကောင်းဆုံး CPU, GPU တွေ သုံးတယ် MSI ရဲ့ နောက်ဆုံးပေါ်ဆိုတဲ့ နည်းပညာတွေ ထည့်ထားတယ်။ Titan 18 HX Norse Myth Dragon edition ဆိုရင် သူရဲ့ Lid ကို တည်ဆောက်ထားတဲ့ build quality က အရမ်းကို လှပြီး တကယ့် အနုပညာမြောက် နည်းပညာပစ္စည်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒီ Titan series က စျေးလဲ အရမ်းကြီးလွန်းလို့ တော်ရုံလူတွေလဲ မဝယ်ကြတဲ့ ကောင်ပေါ့ဗျာ။
ဒါဆိုရင် အတိုချုပ်ပြန်ပြောမယ်ဗျာ …
✅Thin
26/05/2026
သိန်း ၂၀ အောက် Laptop ဆိုတာ ရွှေလိုရှားနေတဲ့ကာလမှာ သုံးလိုက်ရတဲ့ဈေးအတိုင်း ပြန်ရမယ့် Quality နဲ့ Performance ကို Balance ဖြစ်စေမယ့် Acer Aspire လေးတွေ ကျွန်တော်တို့ The Corner မှာ အတန်ဆုံးဈေးနဲ့ ရောက်ထားပါတယ်ခင်ဗျာ။
RAM နဲ့ SSD ပြတ်လက်မှုကြောင့် Laptop တွေဈေးတွေတက်လာနေတာ အခုဆို သိန်း ၂၀ ဝန်းကျင်မှာ Laptop အသစ်ရဖို့ဆိုတာ အတော်လေးကို ခက်ခဲနေပြီပြောရမှာပါ။
Acer Aspire Lite တွေက အခုနောက်ပိုင်းကျစ်လစ်တဲ့ Design နဲ့ Build Quality ကို တော်တော်လေးဂရုစိုက်ထားတာမလို့ သူ့ဈေးတန်းဝန်းကျင် Lenovo V15 Series ထက် Build Quality ပိုကောင်းသလို Asus Vivobook Go Model အများစုမှာသုံးတဲ့ Display ထက်လည်းပိုကောင်းပါတယ်။ 14 လက်မ IPS Pannel Acer ComfyView မှာ Viewing Angle ကောင်းသလို အလင်းပြန်တာ (Mirror Effect) တွေကိုလျော့ချပေးတဲ့ Anti-Glare (Matte Finish) နည်းပညာ ကိုအသုံးပြုထားတဲ့အတွက် အလင်းပြန်တာတွေကို ကာကွယ်ပေးသလို Viewing Angle လည်းကောင်းသွားပါတယ်။
ဒီကောင်လေးမှာ Ryzen 3 5300U ဆိုတဲ့ CPU နဲ့ 8GB RAM + SSD 512GB ဖြစ်တာကြောင့် Office ပိုင်းဆိုင်ရာ Task တွေအတွက်ကတော့ လုံလောက်မှုရှိပါတယ်။ Laptop နဲ့ Online Learning လုပ်မယ်၊ Programming စသင်မယ့်ကလေးတွေနဲ့ Social Media, Web Broswing တွေသုံးဖို့ သင့်တော်ပါတယ်။
14 လက်မ Display နဲ့ ကျစ်လစ်တဲ့ Design မှာ Build Quality ကောင်းပြီး Weight အနေနဲ့ 1.3KG သာလေးပေမယ့် Battery ကို 58WH လိုသုံးပေးထားတာက အတော်ကို သဘောကျစရာအချက်တစ်ခုပါဘဲ။ ဒါ့အပြင် Battery Life ပိုရချင်ရင် PD Supprt ပေးတဲ့ Type C လည်းပါသေးတော့ တစ်နေကုန် Zoom Meeting ထိုင်နေလို့ မီးပျက်ခဲ့ရင်တောင် Power Bank နဲ့ Battery Life ကို အသက်ဆက်လို့ရပါမယ်။
ဒီကောင့်ကို အရမ်းတန်သွားစေတာကတော့ ပုံမှန်ဝယ်ရရင် ၂ သိန်းဝန်းကျင်ရှိတဲ့ Office license တရားဝင်ပါဝင်လာတာဖြစ်ပါတယ်။ Microsoft office (Word/ Excel/ Powerpoint) Home & Student 2024 version ကို တစ်သက်တာ လိုင်စင်ရရှိမှာပါ။
✅ဒီ Model လေးကို မှုရင်းဈေး Discount 100,000 ချပေးထားတာဖြစ်လို့ Stock မကုန်ခင် အရယူထားဖို့ အသိလာပေးလိုက်ရပါတယ်ဗျာ။
❗️Stock အရေအတွက်နည်းတာကြောင့် ဆိုင်မှာလာကြည့်မယ့် မိတ်ဆွေတွေအနေနဲ့ ဖုန်းလေးကြိုတင်ဆက်ပေးဖို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။
❗️ဈေးနူန်းနဲ့ stock က အချိန်တိုင်းအပြောင်းအလဲရှိနိုင်ပါတယ်။
✅ကျွန်တော်တို The Corner မှာ 2021 ကတည်းက အခုလို Brand New ကိုမှ စက်ရုံက ထွက်လာတဲ့ factory seal ကို ကိုယ်တိုင် ပထမဆုံး unboxing လုပ်ရမယ့် ပါကင်ပိတ် အသစ်တွေကိုပဲ ရောင်းချတာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ခင်ဗျာ။
ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ နှင့် BRB မှတ်တိုင်အနီး)၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို။
☎️Sale - 09881111092
☎️Service - 09881111093
❗️အပတ်စဥ် Monday တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
23/05/2026
ကျွန်တော်တို့ Laptop တွေ ပျက်ရင် ဘယ်မှာပြင်လဲ ?
ကျွန်တော်တို့ဆီက ဝယ်ယူထားတဲ့ laptops တွေ warranty ကာလ အတွင်းမှာ ချို့ယွင်းချက်ဖြစ်ခဲ့ရင် သူ့မူရင်းနိုင်ငံက သက်ဆိုင်ရာ official service center ကို ပြန်ပို့ပြီး ပြင်ဆင်ပါတယ်။ ပြန်ပို့၊ ပြင်ဆင်၊ ရန်ကုန်ကို ပြန်သယ်စတဲ့ process တစ်ခုလုံးရဲ့ ကုန်ကျငွေကို ဆိုင်ဘက်ကပဲ ကျခံပါတယ်၊ customer ဘက်က တစ်ပြားမှ ပေးဖို့မလိုပါဘူးခင်ဗျာ။
(ဒီ process တစ်ခုလုံးက ဘယ်လောက်ကုန်ကျလဲဆိုရင် ခန့်မှန်း ၃ သိန်း ဝန်းကျင်လောက် ကျသင့်ပါတယ်)
ပြသနာသေးသေးလေး ဥပမာ Cooling fan လေး တစ်လုံးပျက်တယ်ဆိုပါစို့။ Cooling fan လေးတစ်ခုက ၁ သိန်းဝန်းကျင်ပဲ ရှိတာကို ပြန်ပို့ခ၊ ပြန်ယူခ ၃ သိန်းအကုန်မခံပဲ ရန်ကုန်မှာပဲ အစားထိုးလဲပေးလိုက်ပါလား၊ ကုန်ကျစရိတ် သက်သာတာပေါ့လို့ တချို့မိတ်ဆွေတွေက အကြံပေးတတ်ကြပါတယ်။
ကျွန်တော်တို့ laptops တွေနောက်ဖုံးကို ဖွင့်လို့ရတယ်၊ RAM, SSD တွေ လဲလို့ရတယ် ဒါပေမယ့် တချို့ laptop အမျိုးအစားတွေမှာ cooling fan တွေရဲ့ screw တွေမှာ QR seal လေးတွေ ကပ်ထားတတ်ပါတယ်။ အဲ့ seal လေးတွေ ခွါလိုက်ရင် စက်တစ်ခုလုံး warranty ပျက်သွားမှာပါ။ အကုန်အကျသက်သာချင်လို့ cooling fan ပြသနာကို ရေတိုနည်းနဲ့ ဖြေရှင်းလိုက်လို့ရပေမယ့် ရေရှည်မှာ အခြားအစိတ်အပိုင်းတစ်ခုခု ပြသနာတက်ခဲ့ရင် warranty claim လို့ မရတော့ပါဘူး။
⛔️customer အတွက် အများကြီး နစ်နာသလို နှစ်ရှည်လများတည်ဆောက်ထားရတဲ့ ကျွန်တော်တို့လဲ နာမည်ပျက်ရမယ့် ကိစ္စမျိုးပါ။
ဒါကြောင့် ကျွန်တော်တို့ရဲ့ warranty policy က တော့ ရှင်းပါတယ်။ User fault မဟုတ်တဲ့ error အားလုံးအတွက် official service မှာပဲ ပြင်တယ်၊ အဲ့ဒါမှပဲ official အစိတ်အပိုင်းတွေကိုပဲ ပြန်ရနိုင်ပါတယ်။
ဆိုတော့ customer တွေဘက်ကလဲ စိတ်အေးချမ်းသာစွာနဲ့ အသုံးပြုနိုင်မှာပါ။
အကုန်အကျ သက်သာအောင် ရေတိုနည်းနဲ့ official service မဟုတ်တဲ့ ဘယ်နေရာမှာမှ မပြင်ဆင်ပါဘူးလို့ ဒီနေရာကနေ ထပ်လောင်း ပြောကြားလိုပါတယ်။
အခု ပုံထဲက service report စာရွက်လေးကတော့ customer တစ်ယောက်ရဲ့ HP laptop လေး no power ဖြစ်သွားတာကို HP Thailand official service မှာ သွားရောက် ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။
✅HP မှာ ပြင်ဆင်ထားပါတယ်လို့ စကားနဲ့တင်မပြောပဲ official service center ဘက်က ပေးတဲ့ သူတို့ရဲ့ letter head ပါတဲ့ service report စာရွက်ကို customer ဆီ ပို့ပေးပါတယ်။
ပြင်ဆင်လို့ ပြီးသွားပြီဆိုရင် test တွေ အားလုံးသေချာအောင် စမ်းသပ်ပြီးမှ customer လက်ထဲကို product ကို ပြန်အပ်ပေးလိုက်တာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ရဲ့ warranty claim process ပြီးဆုံးပါတယ်။
✅တချို့က ကျွန်တော်တို့ဆီက ပစ္စည်းတွေ စျေးသက်သာနေတာက aftersale service မကောင်းလို့လား၊ brand new ပါကင်တွေ မဟုတ်လို့လား စသည်ဖြင့် မေးတတ်ကြတာမျိုးရှိလို့ warranty claim process လေးကို ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာ။
✅ကျွန်တော်တို့ The Corner မှာ 2021 ကတည်းက Brand New ကိုမှ စက်ရုံက ထွက်လာတဲ့ factory seal ကို ကိုယ်တိုင် ပထမဆုံး unboxing လုပ်ရမယ့် ပါကင်ပိတ် အသစ်တွေကိုပဲ ရောင်းချတာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ခင်ဗျာ။
ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ နှင့် BRB မှတ်တိုင်အနီး)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☎️Sale - 09881111092
☎️Service - 09881111093
❗️အပတ်စဥ် Monday တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
၃၅ သိန်းနဲ့ သိန်း ၄၀ အောက်မှာ Engineering နဲ့ Gaming အတွက် လူအကြိုက်အများဆုံးဖြစ်တဲ့ Gaming Laptop ၃ မျိုးကို ပြပေးထားပါတယ်ခဗျာ။
❗️Stock အရေအတွက်နည်းတာကြောင့် ဆိုင်မှာလာကြည့်မယ့် မိတ်ဆွေတွေအနေနဲ့ ဖုန်းလေးကြိုတင်ဆက်ပေးဖို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။
❗️ဈေးနူန်းနဲ့ stock က အချိန်တိုင်းအပြောင်းအလဲရှိနိုင်ပါတယ်။
✅ကျွန်တော်တို The Corner မှာ 2021 ကတည်းက အခုလို Brand New ကိုမှ စက်ရုံက ထွက်လာတဲ့ factory seal ကို ကိုယ်တိုင် ပထမဆုံး unboxing လုပ်ရမယ့် ပါကင်ပိတ် အသစ်တွေကိုပဲ ရောင်းချတာကြောင့် ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ခင်ဗျာ။
ဆိုင်လိပ်စာ - အမှတ် ၈၉၊ ဗဟိုလမ်း လှည်းတန်း (ခိုင်ရွှေဝါ နှင့် BRB မှတ်တိုင်အနီး)၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို။
☎️Sale - 09881111092
☎️Service - 09881111093
❗️အပတ်စဥ် Monday တိုင်း ဆိုင်ပိတ်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 89, Baho Road Khine Shwe War, Kamaryut Tsp
Yangon
11041
Opening Hours
| Tuesday | 10:00 - 18:30 |
| Wednesday | 10:00 - 18:30 |
| Thursday | 10:00 - 18:30 |
| Friday | 10:00 - 18:30 |
| Saturday | 10:00 - 18:30 |
| Sunday | 10:00 - 18:30 |