Precious Paws

Precious Paws

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Precious Paws, Pet service, Yangon.

Photos from Precious Paws's post 21/03/2023

သမီး​လေးကိုဒီ​နေ့လှည်း​လေးစကျင့်​ပေးဖြစ်တယ်...သူ​ပျော်​နေတာ...ဝမ်းသာလိူက်တာ...
​တောင်ကြီးကမှာတာပါ

Photos from Precious Paws's post 19/03/2023

ရွှေပြည်သစ်ကွန်ဒိုကသား​လေး...​လောက်​တွေများ​တော့သူ့ခမျာခံရရှာတာ...ခု​လောက်ထုတ်ပြီးမှ​​အေး​အေးချမ်းချမ်းအိပ်ရရှာတာ...

Photos from Precious Paws's post 19/03/2023

လှိုင်သာယာကျန်စစ်သားအိမ်ယာကသမီး​လေးလုလု....
လုလု​လေးက​ကျောက်ဖြစ်​နေတာပါ။ဒီ​နေ့ကယ်​ပေးပါလို့ဖုန်းလာ​တော့​မေ့ဆေးဆရာ​ခေါ်ပြီးကယ်​ပေးဖြစ်တယ်။ ဆရာ့​ဆေးခန်း​ရောက်​တော့ဆရာကမဖြစ်နိုင်​တော့ဘူး​နောက်ကျနေပြီတဲ့။
ကျမရဲ့​ဂေဟာ​လေးမှာ​ကျောက်က​လေး​တွေဖြစ်နိုင်ရင်မကယ်ချင်ပါဘူး။တခြားက​လေး​တွေကိုကူးမှာစိုးရိမ်ပါတယ်။လုလု​လေးကိုလမ်း​ဘေးမှာပြန်ထားလိုက်ရင်​ခွေးရူးဆိုပြီး၀ိုက်သတ်ခံရမှာစိုးရိမ်လိူ့လက်ခံလိုက်ရပါတယ်။
လုလု​လေးကသခင်ဘယ်လောက်ချစ်သလဲဆိုရင်..သူ့မမပြန်ပြီး၁၅မိနစ်အတွင်းမှာငြင်သာစွာအသက်ရူရပ်သွားပါတယ်။
သိတတ်လွန်းတဲ့လုလု​လေး...တိရိစ္ဆာန်ဘဝ​နောက်ဆုံးဖြစ်ပါ​စေ... ဖြစ်​လေရာဘဝသရဏဂုံတည်ပါ​စေ...
လုလုရဲ့မမကလုလုအတွက်ရည်စူးပြီးတိ​လေးများအတွက်၁၀၀၀၀ိ/-လှူဒါန်း​ပေးပါတယ်ရှင့်

17/03/2023

သူ​လေးက​တော​ကျောက်ဖြစ်ပြီးအာရုံ​ကြောထိထားတဲ့က​လေး.... သူ​လေးကပြန်မ​ကောင်းနိုင်​တော့ပါဘူး...ဒါ​ပေမဲ့သူ့ရဲ့နောက်ဆုံးအချိန်​လေးမှာ​မေတ္တာ​တွေရပြီးကြင်နာမှုကိုခံစားရ​စေချင်လို့ပြုစု​ပေး​နေတာ...
သူ့ကိုကယ်တဲ့မမက​တော့ Dr.Beauty Tunပါ။ စိတ်ထားလှတဲ့ဆရာဝန်မလှလှ​လေး..လိုရာဆန္ဒပြည့်ဝပါ​စေ

Photos from Precious Paws's post 17/03/2023

စမ်း​ချောင်းကြံ့ခင်းလမ်းသားဂွတို....
​လေဖြတ်ထားတယ်နားကအရိုက်ခံရတယ် ထင်ပါရဲ့နားအတွင်းမှာအနာနဲ့...ကိုယ်လုံး​ပေါ်မှာလဲအနာကဟိုတကွက်ဒီတကွက်.. ..​နေ့​နေ့ညည​အော်​နေရသ်သိပ်သနားထို့​ကောင်းတာဘဲ..သူ့ကိုဒီ​နေ့​ဆေးထည့်​နေတာ...
သူ​လေးရဲ့​ကျေးဇူးရှင်က​​တော့...ထုံစံအတိုင်း... မစ Su Thet Hnin ဘဲ​ပေါ့...
ဒီက​လေးအနာ​တွေ​ပျောက်ကင်းလာသလိုမစုမိသားစုအနာ​ရောဂါကင်း​ဝေးပါ​စေ

Photos from Precious Paws's post 13/03/2023

ဒီ​နေ့ကယ်ဖြစ်တဲ့​မြောက်ဥက္ကလာ​ကျောက်​ရေတွင်းဂုံးတံတားနားကက​လေး...ခုညဘဲ​ရေ​ဖောက်ထုတ်ရတယ်။ သူအ​မောသက်သာမှာပါ....
ဒီက​လေးကိုတိ​တွေကိုအမြဲကယ်တဲ့မစုကအစစတာဝန်ယူပါတယ်....
တိ​တွေရဲ့ပင်တိုင်အလှူရှင်...မစု...ကျန်းမာချမ်းသာ​အေးချမ်းပါ​စေ

Photos from Precious Paws's post 13/03/2023

ဒီ​လောကိများတဲ့​လောက်တွေ...က​လေးရယ်ဘယ်​လောက်ခံစား​နေရမလဲ....
ဒီက​လေးအတွက်အစစတာဝန်ယူ​ပေးပါ​သောသမီး အင်ကြင်း...စိတ်ချမ်းသာကိုယ်ကျန်းမာပါ​စေ....

Photos from Precious Paws's post 06/03/2023

မြောက်ဥက္ကလာသုနန္ဒာ၅လမ်းကဓါးနဲ့အခုတ်ခံရတဲ့က​လေးပါ...
ဦး​နှောက်ကိုပါမြင်​နေရပြီး​လောက်​တွေကလဲ​ဖွေး​ဖွေးလှုပ်...
က​လေးကနာလွန်းလို့​အော်တာ​ရောအနံ့​တွေ​ရော​ကြောင့်ပတ်ဝန်းကျင်ကလက်မခံလို့အကူအညီ​တောင်းလာပါတယ်။
သူ့ကိုကယ်မဲ့အလှူရှင်မရှိလို့ကျမဘဲကယ်လိုက်ပါတယ်။ Precious Paws မှာလာ​နေတဲ့က​လေးများကုသိုလ်ပါ။
ခု​တော့ဆရာဝင်းစိုးအောင်​ရဲ့Healthy Petမှာ​ဆေးရုံတင်ထားပါတယ်။
အသက်လု​နေရတဲ့အ​ခြေအ​နေပါ...

Photos from Precious Paws's post 05/03/2023

လမ်း​ဘေးကကူကယ်ရာမဲ့က​လေးတို့အတွက်ကြိုးပမ်းမှု​လေး....
Healthy Pet Veterinary Clinic နဲ့ Precious Paws တို့ပူးပေါင်း၍သားဆက်ခြားအစီအစဥ်​လေးလုပ်ချင်ပါတယ်။ ၁၂/၃/၂၀၂၃ မှစတင်ပြီး လစဥ်တလလျင်၁၀ ကောင်အခမဲ့သားဆက်ခြား​ပေးပါမည်။
ထည့်သွင်းစဥ်းစားမည့်က​လေးများမှာ
၁) လမ်း​​နေက​လေးဖြစ်ရပါမည်။
၂)အ​ခြေခံမိသားစုမှသားဆက်ခြားမလုပ်​ပေးနိုင်​သောက​လေးဖြစ်ရပါမည်။
၃) ​ဆေးခန်းကိုလာပို့နိုင်ရပါမည်။(မလာမပို့နိုင်လျင်ကြိုတင်ညှိနှိုင်းနိုင်ပါသည်)
၃) messenger မှကြိုတင်စာရင်း​ပေးသွင်းထားရပါမည်။
၄) မိမိတို့အလှည့်ကိုတရက်ကြိုတင်အ​ကြောင်းကြားပါမည်။
၅) Pyometra ဖြစ်​​သောက​လေးများအား​ရှေးဦးစွာထည့်သွင်းစဥ်းစားမည်ဖြစ်ပါ​သည်။
အမှန်တကယ်လိုအပ်​နေသူများအတွက် share ​ပေးခြင်းဖြင့်ကူညီပါ....
https://www.facebook.com/225225229451242/posts/591942386112856/

https://www.facebook.com/profile.php?id=100087825496474

Photos from Precious Paws's post 24/02/2023

မွေးစားမိဘရှာ-၂

ဒဂုံဆိပ်ကမ်းကပါ။ဘာသာခြားတွေကသတ်မယ်ဆိုလို့ကယ်ထားရတာပါ။ကာကွယ်​ဆေးစုံပါပြီ။သားအိမ်ထုတ်​ပြီးမှပေးပါမယ်။သား​ဖောက်မဲ့လူများအဆင်မ​ပြေပါ။ မကိုက်တတ်ပါ။လူအရမ်းခင်ပါတယ်
တကယ်ချစ်​ပေးနိုင်မဲ့မိဘ​စောင့်​နေပါတယ်။
ကျမရဲ့စည်းကမ်းများနဲ့ကိုက်ညီရင်​မွေးစားခွင့်​လျောက်နိုင်ပါတယ်
၁)သား​ဖောက်သူမဖြစ်ရပါ
၂)လက်ဆင့်ကမ်းမ​ပေးရပါ။
၃)ကျန်းမာ​​ရေး​စောင့်​ရှောက်မှု​ပေးနိုင်သူဖြစ်ရမည်။
၄)နှစ်စဥ်မှန်မှန်ကာကွယ်​ဆေးထိုး​ပေးရမည်။
၅)တအိမ်ထဲတွင်အိမ်​ထောင်စုများများ​ပေါင်း​နေသူမဖြစ်ရပါ။
၆)ကျမတို့မှလာကြည့်ခွင့်​တောင်းလျှင်ခွင့်ပြု​ပေးနိုင်ရမည်။
၇) စာချုပ်စာတမ်းဖြင့်သာ​ပေးပါမည်။
Precious Paws
Care and Enrichment
09-442470098

Photos from Precious Paws's post 24/02/2023

ဖြူမ​လေးရဲ့အိမ်ပြန်ချိန်

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon