CELL

CELL

Share

Our goal "CELL as an alternative healthy lifestyle drinks that everyone can enjoy daily"

At CELL, we produce Perfect Organic Probiotic foods & beverages, Live,-Raw-Naturally fermented, that would gives a big boost to the health of our beloved community.

24/07/2025

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ (Constipation and colorectal cancer)

အူမကြီးကင်ဆာဟုဆိုရာတွင် ကိုလုံ (Colon) နှင့် မစင်အိမ် (Re**um) နှစ်ခု စလုံးပါဝင်ပါသည်။ အထူးသဖြင့် မစင်များသိုလှောင်ထားရသည့် မစင်အိမ်တွင် ပို၍အဖြစ်များသည်။ ကျွန်တော်တို့စားလိုက်သော အစားအစာများထဲတွင် မူလကတည်းက ပါဝင်လာသည့်ကင်ဆာဖြစ်စေနိုင်သောဓာတ်ပစ္စည်းများသည် အစာအိမ် နှင့် အူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းပြီးနောက် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူဝင်ရောက် နိုင်ခြင်းမရှိပါက နောက်ဆုံး မစင်အိမ်ခေါ် မစင်များသိုလှောင်သည့်နေရာ စုပုံထားရှိပါသည်။ ထိုအခါ မစင်အိမ်၏ နံရံနှင့် အဆိုပါ ဓာတ်ပစ္စည်းများထိတွေ့ကာ ကင်ဆာဖြစ်အောင် လှုံ့ဆော်ပေးပါသည်။ ထိတွေ့ချိန်ကြာမြင့် လေလေ၊ ကင်ဆာ ဖြစ်စေရန် လှုံ့ဆော်ချိန် ပိုမိုကြာရှည်လေလေဖြစ်ပါသည်။ ဝမ်းကို နေ့စဥ်ပုံမှန်သွားလိုက်ပါက အဆိုပါ ထိတွေ့မှုကို ဖယ်ရှားလိုက်သလိုဖြစ်ကာ ကင်ဆာဖြစ်စေမှု အလားအလာလည်း လျော့နည်းသွားပါမည်။ ဝမ်းချုပ် သူများတွင်မူ အဆိုပါ မစင်အိမ်ထဲမစင်များ ကြာရှည်စွာတည်ရှိနေခွင့်ရသဖြင့် မစင်အိမ်နံရံများမှာ ကင်ဆာအဖြစ် သို့ ပြောင်းလဲ ရောက်ရှိသွားပါတော့သည်။

အူမကြီးကင်ဆာဖြစ်ပါက ဝမ်းထဲ သွေးစများ၊ ချွဲစများ ပါလာတတ်ပါသည်။ အဆိုပါသွေးမှာ တစ်နေ့လျှင် အနည်းငယ်စီထွက်နေမှုကြောင့် သွေးအားနည်းလာကာ အားအင်ကုန်ခမ်းခြင်း၊ မလှုပ်ချင်မရှားချင်ဖြစ်ခြင်းနှင့် မောပန်းလွယ်ခြင်းတို့မှာ အဖြစ်များသောလက္ခဏာများဖြစ်သည်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများ၊ နာတာရှည်ဝမ်းချုပ်လေ့ရှိ သူများ၊ ဆေးလိပ်သောက်သူများ၊ အရက်သောက်သူများ၊ ဟင်းသီးဟင်းရွက် အစားနည်းပြီး အနီရောင်အသားများ အစားများသူများ၊ အဝလွန်သူများ၊ လှုပ်ရှားမှုနည်းသူများနှင့် ကင်ဆာ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိသည်။

အူမကြီးကင်ဆာမှန်း သေချာ စေရန် အူမကြီးအတွင်း မှန်ပြောင်းဖြင့် ကြည့်၍ အလုံးအကျိတ် သို့မဟုတ် အနာ တွေ့ပါက အသားစနမူနာယူကာ စစ်ဆေး ခြင်းဖြင့် သိရှိနိုင်ပါသည်။ စောစီးစွာသိရှိပါက ကုသ ပျောက်ကင်း နိုင်သောရောဂါ ဖြစ်၍ ဝမ်းချုပ်သူများအနေနှင့် စောစီးစွာ ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

ဒေါက်တာခင်မောင်လွင်(FAME)

ကိုးကားချက်- "ဝမ်းချုပ်ခြင်းပြဿနာ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

19/07/2025

#အာဇာနည်နေ့ဒို့မမေ့

ယနေ့ (၇၈) ကြိမ်မြောက် ကျရောက်သော အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ၊ အများ‌ကောင်းကျိုးပြည်သူ့အကျိုးအတွက် စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့ကြသော အာဇာနည်အပေါင်းအား ဤနေရာမှ လေးစားစွာ ဦးညွတ်ဂါရ၀ပြုအပ်ပါသည်။

CELL Management Team

09/07/2025

"မင်္ဂလာရှိသော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်"

CELL Management Team

10/05/2025

We're BACK!!!
------------------

CELL ချစ်ရသောမိဘပြည်သူများရှင့်

အစာအိမ်သမားများအားအထားရဆုံး သန့်ရှင်းလတ်ဆတ်ပြီး အရသာပိုမိုကောင်းမွန်တဲ့ CELL ကီဖာနဲ့ အသီးအင်ဇိုင်းဖျော်ရည်လေးတွေကို၊ မေလ 1 ရက်နေ့မှစ၍ ယခင်အတိုင်း အမြို့မြို့အနယ်နယ်မှ မှာယူသောက်သုံးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

ဒါ့အပြင် မိုးရာသီအကြို PROMOTION လေးတွေကိုလဲအရင်အတိုင်း ပြန်လည်ပြုလုပ်သွားမှာဖြစ်တဲ့အတွက် CELL page လေးကိုလဲ Like & Follow လုပ်ဖို့မမေ့ကြနဲ့နော်"

17/04/2025

နှစ်သစ်ဆုတောင်း

ယနေ့ကျရောက်သော အတာသင်္ကြန် နှစ်သစ်အခါသမယတွင် မိဘပြည်သူအပေါင်း ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာပြီး စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေလိူ့ မေတ္တာပို့သ ဆုမွန်ကောင်းတောင်းအပ်ပါသည်

CELL Management Team

04/04/2025

ရက်ရှည်ပိတ်ရက် အသိပေး‌ကြေငြာခြင်း
----------------------------------------

CELL ချစ်သောမိဘပြည်သူများရှင့်

လက်ရှိ မြေငလျင်ကာလအပြီးအခြေအနေများကြောင့် CELL မိသားစု၀င် ၀န်ထမ်းများနေရပ်ပြန်နိုင်ရေး၊ မိသားစု မိတ်သင်္ဂဟများကို ဖေးမကူညီနိုင်ရေးအတွက် မဟာသင်္ကြန်ကာလရက်ရှည်အပြီးအထိ CELL ကီဖာနှင့် အသီးအင်ဇိုင်း ရောင်းချပို့ဆောင်ခြင်းအား ဧပြီလကုန်အထိ ရက်ရှည်ပိတ်ရက်အဖြစ်သတ်မှတ်လိုက်ကြောင်း အသိပေးအပ်ပါသည်။

မိဘပြည်သူများ အစာအိမ်ကျန်းမာရေးနှင့် ပက်သက်သော သိလိုသည်များကို Chat box မှတဆင့် ယခင်အတိုင်း အချိန်မရွေး အခမဲ့ မေးမြန်းစုံစမ်းနိုင်ကြောင်းလည်း အသိပေးအပ်ပါသည်။

မိဘပြည်သူများ ကျန်းမာရွှင်လန်းနိုင်ပါစေလိူ အစဉ်ဆုတောင်းလျှက်

CELL Management Team

29/03/2025

မိဘပြည်သူများနှင့်အတူ ထပ်တူ၀မ်းနည်းပူဆွေးလျှက်ရှိကြောင်း

"၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်၊ ငလျင်ဘေးသင့်သူ မိဘပြည်သူအ‌ပေါင်း၊ မိတ်ဆွေများ၊ မိသားစုများအားလုံးနှင့်အတူ ထပ်တူထပ်မျှ၀မ်းနည်းပူ‌ဆွေးမိပါကြောင်းနှင့်၊ ပျောက်ဆုံးနေသောသူများအမြန်ဆုံးပြန်လည်ရှာတွေ့နိုင်ကြပါစေကြောင်း ဆုတောင်း‌မေတ္တာပို့သလျှက်'

WE ARE SO SORRY FOR YOUR LOSS! Please accept our deepest condolences 🙏

01/03/2025

Deep Healing with Kaffir Lime Enzyme စိတ်နဲ့ ခန္ဓာကိုယ်‌အား အနက်ရှိင်းဆုံး ပြန်လည်အားဖြည့်ကုစားပေးနိုင်မယ့် ရှောက်သီးအင်ဇိုင်း 🍀🍀🍀
**************************************************



#‌ရှောက်သီးအင်ဇိုင်း

Spread the Health Knowledge to the loved ones, 👍 like and ❤️ share it 🌼🌼🌼

ကိုယ်ချစ်ရတဲ့သူတွေအတွက် Like & Share လုပ်ခြင်းဖြင့် ကျန်းမာရေးဗဟုသုတတွေကို အခုပဲ မျှဝေလိုက်ပါ။ ❤️❤️❤️

မြန်မာ၊ ထိုင်း၊ လာအိုနှင့် အရှေ့တောင်အာရှတစ်၀ိုက်မှာ ပေါက်လေ့ရှိတဲ့ ရှောက်ပင်ဟာ သဘာ၀ဆေးဖက်၀င်အပင် တစ်မျိုးဖြစ်ပါတယ်။ ရှောက်သီးနဲ့ ရှောက်ရွက်ကို ရှေးဘုရင်များလက်ထက်ကတည်းကစ၍ မြန်မာ့တိုင်းရင်းဆေးလောကမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။

ရှောက်သီးအင်ဇိုင်းဟာ လေ‌ရောဂါအမျိုးမျိုးအတွက် အင်မတန်အစွမ်းထက်တဲ့ သဘာ၀ဖြည့်စွက်စာတစ်မျိုးဖြစ်ပြီး၊ သွေးတွင်းအဆိပ်ကိုပြေစေကာ၊ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး၊ အာရုံစူးစိုက်မှုကိုအားကောင်းစေပါတယ်။

ခေတ်အဆက်ဆက်မှ အကောင်းဆုံး အစာကြေ လေကြေစေတဲ့ ဓါတ်စာ 🍋🍋🍋
*****************************************************

ရှောက်သီးကို အစာကြေလေနိုင်ဆေးအဖြစ်
မြန်မာ့တိုင်းရင်းဆေးလောကမှာ ခေတ်အဆက်ဆက်ကတည်းက အသုံးပြုခဲ့ကြပါတယ်။

ရှောက်သီးမှာ အမြှင်ဓါတ်ပေါကြွယ်၀ပြီး Citric Acid ပါ၀င်တဲ့အတွက် အစာကိုကောင်းစွာခြေဖျက်ပေးပြီး၊ အစာမှာပါ၀င်တဲ့ အာဟာရများကို အူနံရံများက လွယ်လွယ်ကူကူ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

ဒါကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ လေပွခြင်း အစရှိတဲ့ အစာမကြေခြင်းလက္ခဏာတွေကို သိသိသာသာသက်သာစေပါတယ်။

ရှောက်သီးအရည်ဟာ အရည်ကြဲကြဲမဟုတ်ပဲ၊ Citric Oil ခေါ် အချဉ်ဓါတ်ပါတဲ့အဆီတစ်မျိုးပါ၀င်ပါတယ်။ ၎င်းအဆီဟာ အူနံရံကြွက်သားတွေတင်းမာတာကို လျှော့ချပေးပြီး အစာအိမ်အူလမ်းကြောင်းထဲမှာ လေ၀င်လေထွက်ချောချူစေတာကြောင့် လေထိုးလေအောင့်ကို အင်မတန်နိုင်ပါတယ်။

အ၀လွန်သူများ၊ ဝိတ်ချ/ထိန်းလိုသူများ၊ ဗိုက်ထဲလေပွ‌တတ်သူများ၊ လေတဆို့ဖြစ်တတ်သူများ၊ ဗိုက်မကောင်း၍ ခေါင်းခဏခဏ ကိုက်တတ်သူများ၊ လေချုပ်၀မ်းချုပ် ဖြစ်တတ်သူများ၊ အစာမကြေလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်တတ်သူများအတွက်အထူးသင့်လျော်ပြီး၊ အသက်ကြီးသူ ဖိုးဖိုးဖွားဖွားတွေလည်း အစားအသောက်ကောင်းဖို့နဲ့ ၀မ်းမှန်‌ဖို့အတွက်လဲ အစွမ်းထက်ဆုံး သဘာ၀ဓါတ်စာတစ်မျိုးဖြစ်ပါတယ်။

Deep Cleansing for Body & Mind ခန္ဓာကိုယ်နဲ့စိတ်အတွက် အထူးအဆိပ်ဖြေဆေး
**************************************************

ရှောက်အင်ဇိုင်းမှာ Polyphenols ခေါ် သဘာ၀ဓါတ်ပေါင်းများစွာပါ၀င်တဲ့အတွက် သွေးတွင်းမှာပါလာတတ်တဲ့ အဆိပ်အတောက်များနဲ့ မလိုလားအပ်တဲ့ အဆီများကို ကောင်းစွာဖယ်ရှားပေးပြီး သွေးကိုသန့်စင်စေပါတယ်။

အသည်းနဲ့ ကျောက်ကပ်ကိုသန့်ရှင်းစေပြီး ခန္ဓာကိုယ်စွမ်းအင် အချိန်ကြာကြာသုံးနိုင်အောင်ထိန်းထားပေးပြီး ရေဓါတ်ကိုလဲထိန်းထားပေးတာကြောင့် တနေ့တာဖြတ်သန်းရာမှာ ပင်ပန်းမှုကိုလျှော့ချပေးပြီး စွမ်းအင်ပြည့်၀နေစေမှာဖြစ်ပါတယ်။

ဒါ့ပြင် ဦးနှောက်တွင်းသွေးလည်ပတ်မှုကိုလဲ မြှင့်တင်ပေးတဲ့အတွက် Anxiety စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး၊ တနေ့လုံးခေါင်းကြည်နေပြီး စိတ်‌ရောကိုယ်ပါ လန်းဆန်း‌နေစေပါတယ်။

Anti Aging စိတ်ရောကိုယ်ပါနုပျိုစေဖို့
*****************************************************

ရှောက်သီးအင်ဇိုင်းမှာ Antioxidant များစွာပါ၀င်တဲ့အတွက် အရေပြားကို Free Radicals ခေါ် ဥပါဒ်ဖြစ်စေတဲ့ ဓါတ်တွန်းပစ္စည်းများမှ ထိရောက်စွာကာကွယ်ပေးပါတယ်။

ရှောက်သီးအင်ဇိုင်းမှာပါ၀င်တဲ့ Antibacterial ဓါတ်ကြောင့် ဘက်တီးရီးယားရန်မှ ထိရောက်စွာကာကွယ်ပေးပြီး ၀က်ခြံအစရှိသည့် အရေပြားရောဂါများကို တားဆီးပေးပါတယ်။

Vitamin C ပါ၀င်မှု အလွန်မြင့်မားသဖြင့် နေကြောင့် အသားအရေ မညီတာတွေကို ညှိပေးခြင်း၊ မှဲ့ခြောက်‌နဲ့ အညိုအမဲကွက်များ လျော့နည်းသွားစေမယ့်အပြင် အသားအရေလည်း သိသိသာသာကြည်လင်လာစေပါတယ်။

၎င်းအပြင် Vitamin C ကြောင့် ခန္ဓာကိုယ်တွင်း Collagen ကော်လဂျင် ထုတ်လုပ်မှုကိုအားပေးတဲ့တွက် အသက်အရွယ်အရ အသားအရေလျော့ခြင်းကို သိသိသာသာကာကွယ်ပေးပါတယ်။

ရှောက်အင်ဇိုင်းဟာ ဆံပင်ကျွတ်ခြင်း၊ ဖြူခြင်းများ ကိုကာကွယ်ပေးတဲ့သလို၊ ဦးရေပြားကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

Deep Healing with Kaffir Lime Enzyme ရှောက်သီးအင်ဇိုင်းဖြင့် စိတ်နဲ့ ခန္ဓာကိုယ်‌အား အနက်ရှိင်းဆုံး ပြန်လည်အားဖြည့်ကုစားခြင်း 🍀🍀🍀
**************************************************

ရှောက်သီးအင်ဇိုင်းကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့်

👍 အစာကြေ၊ ၀မ်းမှန်စေခြင်း၊ လေချုပ်ခြင်းကင်းဝေးစေခြင်း၊
👍 စိတ်ဖိစီးမှု‌လျော့ကျပြီး၊ ခေါင်းကြည်၍၊ အာရုံစူးစိုက်မှုကောင်းခြင်း၊
👍 လူရောစိတ်ပါ တစ်နေ့လုံးလန်းဆန်းစွာဖြင့် အလုပ်လုပ်နိုင်ခြင်း၊
👍 ကိုယ်ခံအား Immunity ကောင်းပြီး၊ ဖျားနာချောင်းဆိုးပျောက်ကင်းစေခြင်း၊
👍 သွေးတွင်း၊ အသည်းနှင့် ကျောက်ကပ်
အဆိပ်အတောက်နည်းခြင်း၊
👍အသားအ‌ရေကြည်ခြင်းနှင့် ဆံပင်ကောင်းခြင်း၊
👍 ခန္ဓာကိုယ် Alkalinity ကိုမြင့်‌စေပြီး PH ထိန်းညှိပေးခြင်းဖြင့် ပြင်ပရောဂါ၀င်ရောက်မှုနှင့် ဆဲလ်နှင့်ကလပ်ဆီးများ ဖောက်ပြန်သည့်‌ရောဂါများကို၊ ထိရောက်စွာ တားဆီးပေးပြီး ခန္ဓာကိုယ်ကျန်းမာရေးကို အသေးဆုံး ဆဲလ်အဆင့်မှစတင်စ၍ မြှင့်တင်ပေးခြင်း၊
👍 Antioxidant ကြောင့် ကိုယ်တွင်းကလီစာနှင့် ခန္ဓာကိုယ်ရောင်ကိုင်းမှုများ‌ လျော့ကျခြင်း၊

- စသည့် ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်ပြီး သင့်ခန္ဓာကိုယ် အတွင်းအပြင်နှစ်ခုလုံး တစ်စတစ်စ သန့်ရှင်းကျန်းမာလာစေမှာဖြစ်ပါတယ်။

❤️❤️❤️ CELL မှ ကျန်းမာရေးထောက်ခံချက်ရ သဘာ၀အသီးအင်ဇိုင်း‌ဖျော်ရည်လေးများကို မိဘပြည်သူများ သုံးဆောင်နိုင်‌‌ရန်အတွက်၊ သဘာ၀အသီးခြံများမှ စနစ်တကျစိုက်ပျိုးထားသော အရည်အသွေးမြင့် အသီးများကို မှာယူတင်သွင်း၍၊ သဘာဝကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုပြီး၊ သန့်ရှင်းလတ်ဆတ်ပြီး အရသာပိုကောင်းအောင် စီမံထုတ်လုပ်ထားတဲ့အတွက် လူမျိုးမရွေး ဘာသာမရွေး၊ ဖိုးဖိုးဖွားဖွားတို့ပါ စိတ်ချစွာ‌သောက် သုံးနိုင်တဲ့အပြင်၊ သက်သက်လွတ်သမားများပါ မှာယူသောက်သုံးနိုင်ပါသည်။
(❌❌❌ ဓါတုပစ္စည်း၊ အရောင်ဆိုးဆေး၊ အနည်ထိုင်ဆေး၊ တား‌ဆေးနှင့် တာရှည်ခံဆေးများ လုံး၀လုံး၀ မပါ၀င်ပါ။)

အသေးစိတ်သိရှိလိုသည်များနှင့် မှာယူလိုသည်များကို

Contact - 09421176617 (Phone, Viber, WhatsApp) သို့မဟုတ် (Facebook) Chat Box မှတဆင့် ဆက်သွယ်မှာယူနိုင်ပါသည်။

ရန်ကုန်မြို့အတွင်း - Kpay/ Wave/ ပစ္စည်းရောက်ငွေချေစနစ်ဖြင့် အိမ်တိုင်ရာရောက်မှာယူသောက်သုံးနိုင်ပါပြီ။ ရပ်ဝေးမှ မိတ်ဆွေများအတွက်လဲ ကားဂိတ်တင်ပေးနေပါပြီ။

မိတ်ဟောင်းမိတ်သစ်များအားလုံးကို အထူးကျေးဇူးတင်လျှက် 🙏🙏🙏

(CELL Management Team)

01/03/2025

Get Healthy at Cellular Level with Pineapple Enzyme သင့်ခန္ဓာကိုယ်ကို ကျန်းမာရုံတင်မက လှပလာစေမယ့် နာနတ်သီးအင်ဇိုင်းဖျော်ရည် 🍍🍍🍍
**************************************************



#‌နာနတ်သီးအင်ဇိုင်း

Spread the Health Knowledge to the loved ones, 👍 like and ❤️ share it 🌼🌼🌼

ကိုယ်ချစ်ရတဲ့သူတွေအတွက် Like & Share လုပ်ခြင်းဖြင့် ကျန်းမာရေးဗဟုသုတတွေကို အခုပဲ မျှဝေလိုက်ပါ။ ❤️❤️❤️

အသီးအင်ဇိုင်းတွေဟာ သဘာ၀ကပေးတဲ့ အလွန်အစွမ်းထက်တဲ့ သဘာ၀ဖြည့်စွက်စာတွေပါ။ အသီးအင်ဇိုင်းတွေကို အဓိကအားဖြင့် အစာခြေ၀မ်းမှန်စေတဲ့ ဓါတ်စာအနေနဲ့ နိုင်ငံတကာမှာ လူသိအများဆုံးဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ အဲ့ဒီအရောင်ခပ်မှိန်မှိန်၊ ချိုချဉ်အရသာလေးတွေနဲ့ အနံ့သင်းသင်း အသီးအင်ဇိုင်းလေးတွေမှာ Polyphenols တွေ၊ ကင်ဆာကာကွယ်ပေးတဲ့ Antioxidant တွေ၊ ကိုယ်ခံအားကောင်းစေတဲ့ Vitamin C တွေ၊ ကိုယ်တွင်းအဆီကို ဖျော်ပေးတဲ့ဓါတ်တွေ၊ သွေးကြောတွေအတွက် Micro Cleanser သဘာ၀သန့်ရှင်းရေးဓါတ်တွေ၊ အသားအရေနဲ့ ဆံပင်အတွက်အကောင်းဆုံး Vitamin B တွေ၊ ဦးနှောက်နဲ့အာရုံကြောကောင်းစေတဲ့ဓါတ် စတာတွေ အများမှအများကြီးကို ပါ၀င်တဲ့အတွက် သဘာ၀အသက်ရှည်ဆေးတွေပါပဲ။

အဲဒီအသီးအင်ဇိုင်းတွေထဲက မိမိတို့ခန္ဓာကိုယ် ကျန်းမာရုံတင်မက လှပလာစေမယ့် နာနတ်သီးအင်ဇိုင်းဖျော်ရည်အကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေပါ့မယ်။

Miracle Gut Food အစာအိမ်အူလမ်းကြောင်းအတွက် အကောင်းဆုံးဓါတ်စာ ❤️❤️❤️
*****************************************************

နာနတ်သီးအင်ဇိုင်းမှာပါ၀င်တဲ့ Bromelain ဟာအစာမျိုးစုံကို‌ခြေဖျက်နိုင်တဲ့ အကောင်းဆုံးသဘာ၀ အစာခြေအင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။

အမြှင်ဓါတ်နဲ့ ရေဓါတ်အလွန်ကြွယ်၀တဲ့အတွက် အူတွင်းသန့်ရှင်းစေပြီး ၀မ်းသွားရအလွန်လွယ်ကူစေပါတယ်။ Antioxidant ပါ၀င်မှုအလွန်မြင့်မားတဲ့အတွက် ခန္ဓာကိုယ်တွင်းရောင်ကိုင်းခြင်းကို လျှော့ချပေးနိုင်တဲ့အတွက် အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်နာ‌ကို အချိန်တိုအတွင်းလျော့ကျစေပါတယ်။

၎င်းအပြင် အစာမကြေရင်ကယ်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အစာအိမ်အက်ဆစ်‌ပြန်ရောဂါလက္ခဏာများဖြစ်တဲ့၊ ရင်ပူခြင်း၊ လည်ပင်းတစ်ဆိုတစ်ဆို့ဖြစ်ခြင်းနဲ့ အစာကြောင့် ခေါင်းခဲ‌ခေါင်းအုံနေတာတွေကို အမြန်ဆုံးသက်သာစေပါတယ်။

နာနတ်သီးအင်ဇိုင်းလို သဘာ၀အသီးအင်ဇိုင်း တစ်မျိုးမျိုးနဲ့၊ ကီဖာလို သဘာ၀ Probiotic ပရိုဘိုင်အိုးတစ်ခ် တစ်မျိုးမျိုးကိုတွဲသောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းအတွက် နေစဉ်မှီဝဲသင့်တဲ့ အစွမ်းထက်နတ်ဆေးတစ်ခွက်ဖြစ်ပါတယ်။

နာနတ်အင်ဇိုင်းဖျော်ရည်ကို ဝိတ်ချ/ဝိတ်ထိန်းလိုသူတွေ၊ ဘာစားစား အစာမကြေရင်ကယ်ဖြစ်နေတတ်သူတွေ၊ အသက်အရွယ်အရ ၀မ်းနှုတ်ဆေးအမြဲမှီ၀ဲနေရသူတွေ၊ ခရီးအသွားများပြီး ၀မ်းမမှန်တဲ့လူတွေ၊ အထိုင်များပြီး အညောင်းမိနေတတ်သူတွေ၊ အစာအိမ်ရောဂါသမားများအတွက် အထူးသင့်လျော်ပြီး၊ အသက်ကြီးသူ ဖိုးဖိုးဖွားဖွားတွေလည်း အစားအသောက်ကောင်းဖို့နဲ့ ၀မ်းမှန်‌ဖို့အတွက်လဲ အစွမ်းထက်ဆုံး သဘာ၀ဓါတ်စာတစ်မျိုးဖြစ်ပါတယ်။

Super Detox အစာ‌ကြေ၀မ်းမှန်မယ်၊ ဝိတ်ကျမယ်၊ ဗိုက်ချပ်မယ် 🍀🍀🍀
**************************************************

နာနတ်သီးအင်ဇိုင်းမှာ အဓိကပါ၀င်တဲ့ Bromelain ဟာ ပရိုတင်းဓါတ်အပါအ၀င် အစာအများစုကို ကောင်းကောင်းခြေဖျက်ပေးနိုင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ မချက်နိုင်လို့ကျန်ခဲ့မယ့် အစာဟောင်းအစာကြွင်းတွေကို သိသိသာသာ လျှော့ချပေးပါတယ်။

တစ်ကယ်တော့ ဗိုက်ပူတယ်ဆိုတာ ဗိုက်တစ်ဝိုက်‌အောက်က
အဆီပြင်ကြီး သီးသန့်ထူလာတာမဟုတ်ပဲ၊ ၀မ်းတွင်းကလီစာတွေပါ အစာကြွင်းအစာကျန်တွေကြောင့် သာမန်ရှိရမယ့် အရွယ်အစားထက် ပို‌ကြီးလာပြီး၊ ကလီစာပတ်ချာလည်မှာလဲ အဆီပိုတွေစုနေတာကြောင့် ဖြစ်ပါတယ်။

နာနတ်သီးအင်ဇိုင်းမှာ Bromelain အပြင် အမျှင်ဓါတ်တွေအများကြီး ပါ၀င်တာကြောင့် အူနံရံတွေထဲရှိ မကြေပဲကျန်‌နေတဲ့ အစာ‌ဟောင်းတွေကို တိုက်ချလိုက်သလိုရှင်းသွားစေတာကြောင့်၊ ၀မ်းဗိုက်တွင်းရှိ အူတွေဟာသာမန်အရွယ်အစားအတိုင်းပြန်ကြုံ့သွားမှာဖြစ်သလို၊ ၀မ်းမှန်ပြီး ၀မ်းမကျန်စေပါဘူး။

ဒါ့ပြင် Vitamin C အများကြီးပါ၀င်တဲ့အတွက် သွေးထဲအဆီပို‌တွေကို ချေဖျက်ပေးတဲ့အတွက်၊ တစ်စတစ်စ တကိုယ်လုံးကအဆီပိုတွေ၊ အထူးသဖြင့် ၀မ်းဗိုက်တစ်ဝိုက်က အဆီပြင်ကြီးကို သိသိသာသာကျသွားပြီး ချပ်ချပ်ရပ်ရပ်ရှိတဲ့ဗိုက်ကလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Beauty from Within မိန်းကလေးများခန္ဓာကိုယ်အတွင်းအပြင် ကျန်းမာလှပစေမယ် 🌻🌻🌻
*****************************************************

နာနတ်သီးအင်ဇိုင်းမှာပါ၀င်တဲ့ Bromelain နဲ့ Citric Acid ဟာ အရေပြားပေါ်မှ ဆဲလ်အသေတွေကို ညင်သာစွာဖယ်ရှားပေးနိုင်ပြီး Vitamin C အလွန်ကြွယ်၀တဲ့အတွက် မျက်နှာအရေပြားကို၀င်းပလာစေတဲ့ အတွက် နာနတ်သီးအင်ဇိုင်းကိုအမှုန့်အနေနဲ့ ကမ္ဘာ့နံမည်ကြီး Skin Care Products အလှကုန်တွေမှာ သုံးဆွဲကြပါတယ်။

Vitamin C ဟာ ခန္ဓာကိုယ်တွင်း Collagen ထုတ်လုပ်မှုကိုအားပေးပြီး အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးပါတယ်။ ၎င်းအပြင် နာနာတ်သီးအင်ဇိုင်းမှာ Antibacterial ဓါတ်ပါ၀င်တာ‌ကြောင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားရောဂါများကာကွယ်ပေးပြီး၊ Antioxidant ပါ၀င်မှုကြောင့် အရောင်ကျစေတဲ့အတွက် ၀က်ခြံထွက်တာကိုကာကွယ်သက်သာပျောက်ကင်းစေပါတယ်။

Vitamin C ပါ၀င်မှု အလွန်မြင့်မားသဖြင့် နေကြောင့် အသားအရေ မညီတာတွေကို ညှိပေးခြင်း၊ မှဲ့ခြောက်‌နဲ့ အညိုအမဲကွက်များ လျော့နည်းသွားစေမယ့်အပြင်၊ Vitamin B အများအပြားပါ၀င်တာကြောင့် အရေပြားကို အတွင်းမှ အားဖြည့်ပေးပြီး ၀င်းဝါစိုပြေတဲ့မျက်နှာနဲ့ အသားအရေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

နာနတ်သီးအင်ဇိုင်းဟာ အမျိုးသမီးများ မိန်းမကိုယ်အနံ့အသက်ကို ကောင်းမွန်စေပြီး၊ အမျိုးသမီးများ လစဉ်ဓမ္မတာလာစဉ် ကိုက်ခဲသည့်ဝေဒနာ (Dysmenorrhea) ကိုလည်း သက်သာစေပါတယ်။

Elevate Health at Cellular Level with Pineapple Enzyme နာနတ်သီးအင်ဇိုင်းဖြင့် မိမိခန္ဓာကိုယ်ကို ဆဲလ်လေးတွေအဆင့်ကစပြီး ကျန်းမာ‌ရေးမြှင့်တင်ခြင်း ❤️❤️❤️
**************************************************

နာနတ်သီးအင်ဇိုင်းကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့်
👍 အစာကြေ၊ ၀မ်းမှန်စေခြင်း၊
👍 ခန္ဓာကိုယ် Alkalinity ကိုမြင့်‌စေပြီး PH ထိန်းညှိပေးခြင်းဖြင့် ပြင်ပရောဂါ၀င်ရောက်မှုနှင့် ဆဲလ်နှင့်ကလပ်ဆီးများ ဖောက်ပြန်သည့်‌ရောဂါများကို၊ ထိရောက်စွာ တားဆီးပေးပြီး ခန္ဓာကိုယ်ကျန်းမာရေးကို အသေးဆုံး ဆဲလ်အဆင့်မှစတင်စ၍ မြှင့်တင်ပေးခြင်း၊
👍 အဆီကျ၊ ဗိုက်ချပ်၊ ဝိတ်ထိန်းပေးခြင်း၊
👍 မျက်နှာနှင့်အရေပြား ကြည်လင်ပြီး စိုပြေလှပစေခြင်း၊
👍 Antioxidant ကြောင့် ကိုယ်တွင်းကလီစာနှင့် ခန္ဓာကိုယ်ရောင်ကိုင်းမှုများ‌ လျော့ကျခြင်း၊
👍 ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်း (Carcinogen) များကို တံမြက်စည်းလှည်းသကဲ့သို့ တိုက်ချသွားနိုင်ခြင်း၊
👍 ကိုယ်ခံအား Immunity ကောင်းလာခြင်း၊
👍 အနာကျက်မြန်လာခြင်း၊ မတော်တဆထိခိုက်ခြင်းကြောင့် အညိုအမည်းစွဲနှင့် အမာရွတ်‌ပျောက်နှုန်းမြန်လာခြင်း၊
- စသည့် ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်ပြီး သင့်ခန္ဓာကိုယ်ကို Cellular Level ဆဲလ်လေးတွေအဆင့်ကစပြီး ကျန်းမာလာစေမှာဖြစ်ပါတယ်။

❤️❤️❤️ CELL မှ ကျန်းမာရေးထောက်ခံချက်ရ သဘာ၀အသီးအင်ဇိုင်း‌ဖျော်ရည်လေးများကို မိဘပြည်သူများ သုံးဆောင်နိုင်‌‌ရန်အတွက်၊ သဘာ၀အသီးခြံများမှ စနစ်တကျစိုက်ပျိုးထားသော အရည်အသွေးမြင့် အသီးများကို မှာယူတင်သွင်း၍၊ သဘာဝကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုပြီး၊ သန့်ရှင်းလတ်ဆတ်ပြီး အရသာပိုကောင်းအောင် စီမံထုတ်လုပ်ထားတဲ့အတွက် လူမျိုးမရွေး ဘာသာမရွေး၊ ဖိုးဖိုးဖွားဖွားတို့ပါ စိတ်ချစွာ‌သောက် သုံးနိုင်တဲ့အပြင်၊ သက်သက်လွတ်သမားများပါ မှာယူသောက်သုံးနိုင်ပါသည်။
(❌❌❌ ဓါတုပစ္စည်း၊ အရောင်ဆိုးဆေး၊ အနည်ထိုင်ဆေး၊ တား‌ဆေးနှင့် တာရှည်ခံဆေးများ လုံး၀လုံး၀ မပါ၀င်ပါ။)

အသေးစိတ်သိရှိလိုသည်များနှင့် မှာယူလိုသည်များကို

Contact - 09421176617 (Phone, Viber, WhatsApp) သို့မဟုတ် (Facebook) Chat Box မှတဆင့် ဆက်သွယ်မှာယူနိုင်ပါသည်။

ရန်ကုန်မြို့အတွင်း - Kpay/ Wave/ ပစ္စည်းရောက်ငွေချေစနစ်ဖြင့် အိမ်တိုင်ရာရောက်မှာယူသောက်သုံးနိုင်ပါပြီ။ ရပ်ဝေးမှ မိတ်ဆွေများအတွက်လဲ ကားဂိတ်တင်ပေးနေပါပြီ။

မိတ်ဟောင်းမိတ်သစ်များအားလုံးကို အထူးကျေးဇူးတင်လျှက် 🙏🙏🙏

(CELL Management Team)

Photos from CELL's post 14/01/2025

WATER KEFIR (ကီဖာ)

မိတ်ဆွေများရှင်

Star City မှာ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် Probiotic drink လေးရပါပြီနော်။ Water Kefir ကို နိုင်ငံတကာမှာ အချိုရည်အစားထိုး ကျန်းမာရေး အအေးအနေနဲ့ သောက်ကြပါတယ်။

ကီဖာကို အခုမှစသောက်မယ် ဆိုရင်တော့ တစ်နေ့ ၁ခွက် (1cup =250ml) အမနက်စောစော အစာမစားခင် သို့ ညအိပ်ရာဝင်ခါနီး သောက်ပါ။ probiotic ကို တပတ်လောက်အစာအိမ်က ကျင့်သားရသွားပြီဆိုရင်တော့
မိမိကြိုက်နှစ်သက်တဲ့အချိန် အချိုရည်အစားထိုးသောက်နိုင်ပါတယ်။

ကီဖာနဲ့အတူ အစာအိမ်ကျန်းမာရေးအတွက် အများဆုံးသောက်ကြတာကတော့ အင်ဇိုင်း (Enzyme) ပါ။ နံနတ်အင်ဇိုင်း နဲ့ ရှောက်အင်ဇိုင်း ၂မျိုးရှိပါတယ်။ အင်ဇိုင်း အာနိသင်များကတော့ ဝမ်းမှန်စေခြင်း၊ အစာခြေစနစ် အထောက်အကူ ပြုခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း နှင့် သွေးတွင်း အဆီများကို ချေဖြတ်ပေးပါတယ်။

အင်ဇိုင်းကအနှစ်ဘူးပါ။ အင်ဇိုင်း ၃ဇွန်း သို့ ၄ဇွန်းကို ရေတခွက် (1cup =250ml) နဲ့ ရောပြီး မနက်စောစော အစာမစားမီ သောက်ပါရှင်။

အသေးစိတ်ကို CELL ကီဖာ page မှာ ဝင်လေ့လာနိုင်ပါတယ်ရှင်။

Water kefir 500ml ဘူးသေး- ၂၀၀၀ကျပ်

Water kefir 1.75L ဘူးကြီး- ၅၀၀၀ကျပ်

အင်ဇိုင်း (Enzyme) 700ml- ၁၅၀၀၀ကျပ်ပါ။

Star City ဝင်းအတွင်း Free Delievery ပါရှင်။
Phone, Viber, page messenger နဲ့မှာလို့ရပါတယ်။

09421176617

https://www.facebook.com/108569375140354/posts/111969298133695/?d=n

https://m.facebook.com/story.php?story_fbid=259444213500368&id=100083043745530

https://m.facebook.com/story.php?story_fbid=259442646833858&id=100083043745530

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


11-1116, A4, Star City, Thanlyn Twsp.
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00