The Marion Rooftop Bar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Marion Rooftop Bar, Restaurant, 28 B phoe sein Road, Yangon.
19/04/2026
သကြင်္န်လဲပြီးပြီဆိုတော့ ရုံးတွေပြန်တက်ရပြီဟုတ် 🙄
ဒီလိုချိန်မျိုးမှာ ပျော်ခဲ့ရတဲ့ အငွေ့အသက်တွေက မကုန်သေးတော့ အလုပ်ထဲ စိတ်သွင်းဖို့ ခက်နေတာ သဘာဝဘဲဟုတ် !
သကြင်္န်ပြီးသွားပေမယ့် အမှတ်တရတွေကတော့ ရင်ထဲမှာ ကျန်နေတုန်းပဲဆိုတော့ ရုံးပြန်တက်ရလို့ ပင်ပန်းနေတဲ့ စိတ်တွေကို Marion ရဲ့ Rooftop မှာ ဘော်ဒါတွေတူတူဆုံပြီး ပြန်ကုစားကြမယ်လေ ၊
၉ လွှာအထက်က City View ရဲ့ အလှကိုတူတူခံစားရင်း အရသာရှိရှိ Menu တွေနဲ့အတူ Cocktails လေးတွေသောက်ပြီး Cheer ဖို့ Ready ဘဲလား🍻
ဘော်ဒါတို့ရေ ဒီနေ့တော့ ရုံးဆင်းရင် အိမ်တန်းမပြန်နဲ့ဦး Marion မှာ တူတူဆုံလိုက်ရအောင် !
The Marion Rooftop Bar
📞 Hotline: 09 770 300 888 | 09 763 456 345
📍 Location: No.28B, Phoe Sein Road, Tamwe Township, Yangon.
17/04/2026
မြန်မာနှစ်သစ်ကူး ''နှစ်ဆန်းတစ်ရက်နေ့'' 🌿
ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊မြန်မာနှစ်သစ်ကူး ''နှစ်ဆန်းတစ်ရက်နေ့'' မှစတင်ပြီး တစ်နှစ်ပတ်လုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ကျွန်တော်များ “Marion Rooftop Bar “ မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ ။
#နှစ်ဆန်းတစ်ရက်နေ့
အတက်နေ့မှာ အားလုံးပျော်ရမယ့် အစီအစဉ်တွေနဲ့ 🤎
Marion သင်္ကြန် 🙆♂️
📞 𝐏𝐡𝐨𝐧𝐞: 09 770 300 888, 09 400 979 110, 09 763 456 345
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: No.28B, Phoe Sein Road Tamwe Township (One Stop Mart အသေးနဲ့မျက်နှာချင်းဆိုင်)
#သင်္ကြန်
ဘာလုပ်မှာလဲ….😉
13/04/2026
⚽️ Man U ပရိသတ်လား? Leeds ပရိသတ်လား?
မနက်ဖြန်ည ပွဲကြီးပွဲကောင်းအတွက် ရင်ခုန်နေပြီလား ညီအစ်ကိုတို့...
ကျွန်တော်တို့ The Marion Rooftop Bar မှာ ပွဲကြည့်ရင်း ပိုပျော်သွားအောင် အစီအစဉ်လေးတစ်ခု လုပ်ထားပေးပါတယ်။ ပွဲပြီးလို့ ထွက်လာမယ့် Goal Score ကိုသာ မှန်အောင် ခန့်မှန်းနိုင်ရင် ကျွန်တော်တို့ ပွဲဈေးတန်းမှာ စိတ်ကြိုက်သုံးလို့ရမယ့် ၁၀,၀၀၀ တန် Coupon ကို လက်ဆောင်ပေးမှာနော်။
သူငယ်ချင်းတွေနဲ့အတူ Rooftop မှာ ဘောလုံးကြည့်ရင်း အပန်းဖြေဖို့ အခုကတည်းက Reserve လှမ်းတင်ထားမှ စိတ်ချရမယ်ဗျို့။
📞 𝐏𝐡𝐨𝐧𝐞: 09 770 300 888, 09 400 979 110, 09 763 456 345
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: No.28B, Phoe Sein Road, Tamwe Township (One Stop Mart အသေးနဲ့ မျက်နှာချင်းဆိုင်)
မနက်ဖြန်အတွက် အမြည်းလေး🙆♂️
13/04/2026
သကြင်္န်တွင်းဆိုင်တွေပိတ်လို့ စိတ်ညစ်နေပြီလား !!
ဘာ Plan မှ မရှိရင် Marion သာလာခဲ့ ပျော်စေရမယ်ဆိုတာယုံဗျာ ၊
၉ လွှာအထက်က Rooftop မှာ ဘော်ဒါတွေစုံပြီး Chill ရင်း မြို့ပြရဲ့ မွန်းကြပ်မှု့တွေကနေ ခနတာရုန်းထွက်ပြီး ဘီယာအေးအေးလေးကိုတစ်ခွက်တစ်ဖလားသောက်ပြီး လာပျော်လိုက်တော့နော် 🍻
Mini Pool နဲ့ ရေပန်းတွေ စီစဉ်ထားသလို ကလေးတွေအတွက်လည်း ရေသေနတ်နဲ့ ရေပူဖောင်းတွေ 🔫🎈 အစုံရှိလို့ မိသားစုလိုက်လာဖို့ သိပ်အဆင်ပြေတာပေါ့။ မနက် ၁၀:၃၀ ကနေ ည ၆:၃၀ အထိ DJ MIXI, DJ VIRUS တို့ရဲ့ Music တွေနဲ့ အပြတ်ကဲလို့ရပြီဗျာ။ 🎧🔥
ဆော့ရင်းဗိုက်ဆာလာရင် စိတ်တိုင်းကျရွေးစားလို့ရမယ့် Food Stalls လေးတွေလည်း ရှိတယ်ဗျ..
🍲 မုန့်စျေးတန်း
• 🍢 ဝက်သားဒုတ်ထိုး၊ ဒင်ဆမ်း၊ B.B.Q၊ ငါးခဲပတ်
• 🍗 ကြက်ကောင်လုံးကင်၊ ဘဲကင်၊ အခေါက်ကင်
• 🍜 ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်
• 🥘 Hot Wok (ဖတ်ထိုင်း၊ မြိတ်ကတ်ကြေးကိုက်၊ ဝက်နံရိုးနုတန်ပူရာကြော်)
• 🍲 အကြော်စုံမုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ ခိုတောင်မုန့်တီသုတ်၊ နန်းကြီးသုတ်၊ ရခိုင်မုန့်တီ၊ ထားဝယ်ခေါက်ဆွဲသုတ်
• 🌮 Mexican Food
• 🍹 Bar Counter (Fruit Punch, Cocktail, Mocktail, Traditional Whisky, Fresh Juice, Frappe)
🎮 ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များ 🏀
Boxing / Basket Ball machines, Mini Football , Marion Arcade , Spin Wheel တွေအပြင် ဘီယာသောက်ပြိုင်ပွဲ 🍻၊ ဘီယာခွက်ပင်ပေါင်၊ မြှားပစ်ပူဖောင်းဖောက် ၊ အုပ်စုလိုက်ရေပုလင်းထောင် ကြက်ကြော်စားပြိုင်ပွဲနဲ့ ကာရာအိုကေ 🎤 အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ည ၇ နာရီကနေ ၁၀ နာရီအထိ Music Band နဲ့ ဆက်ပြီး Chill လို့ရသေးတယ်နော်။ 🎸✨
ကျွန်တော်တို့ ဟိုတယ်ဧည့်သည်တွေအတွက် ဝင်ကြေး Free ဖြစ်ပြီး အပြင်ကနေ လာရောက်ဆင်နွှဲမယ့် ဧည့်သည်တွေအတွက်က တစ်ယောက်မှ ၃၀,၀၀၀ ကျပ်တည်းနဲ့ Free Fruit Punch သောက်၊ စတုဒီသာတွေစားပြီး ရေကူးကန်မှာပါ အဝကဲလို့ရပါပြီဆိုတော့ ဘာလိုသေးလဲပြော 🤫
ကဲ … တစ်နှစ်မှတစ်ခါသာကျရောက်မယ့် မြန်မာရိုးရာ အတာသကြင်္န်ပွဲတော်ချိန်ခါမှာ တူတူဆင်နွှဲနိုင်ဖို့ အိမ်တွင်းမအောင်းဘဲ Marion မှာ လာ Chill ဖို့ ဖိတ်ခေါ်ပါတယ်ဗျို့ 🥳
The Marion Rooftop Bar
📞 Hotline: 09 770 300 888 | 09 763 456 345
📍 Location: No.28B, Phoe Sein Road, Tamwe Township, Yangon.
13/04/2026
ချစ်ရတဲ့ ဧည့်သည်တော်များအားလုံး ဒီနှစ်သင်္ကြန်မှာ အပူအပင်တွေကင်းပြီး စိတ်ရောကိုယ်ပါ အေးချမ်းကြပါစေခင်ဗျာ။
ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာ နှစ်သစ်ကူးလေးဖြစ်ဖို့ The Marion Rooftop Bar မိသားစုကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။
𝐏𝐡𝐨𝐧𝐞: 09 770 300 888, 09 400 979 110 , 09 763 456 345
𝐀𝐝𝐝𝐫𝐞𝐬𝐬: No.28B, Phoe Sein Road Tamwe Township (One Stop Mart အသေးနဲ့မျက်နှာချင်းဆိုင်)
12/04/2026
💦 ဒီနှစ်သင်္ကြန်... The Marion Rooftop Bar မှာ အေးအေးလူလူ Chill ကြမယ်
သင်္ကြန်ဆိုတာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေရမယ့်အချိန်ပါ။ 🎊 ဒီနှစ်တော့ အပြင်မှာ လူတိုးရတာတွေ၊ ပင်ပန်းရတာတွေ ခေတ္တနားပြီး ကျွန်တော်တို့ The Marion Rooftop Bar မှာ Premium ဆန်ဆန်လေး အတူတူ ဖြတ်သန်းကြည့်ရအောင်။ ✨
မနက်ပိုင်း ၁၀ နာရီကစပြီး DJ တီးလုံးတွေ၊ မော်ဒယ်လ်အလှလေးတွေနဲ့အတူ Rooftop ပေါ်မှာ ရေပက်ခံထွက်လို့ရသလို၊ Portable Pool နဲ့ ရေပန်းတွေအောက်မှာလည်း စိတ်ကြိုက်အေးစိမ့်သွားအောင် စိမ်လို့ရတယ်နော်။ 🌊 နေ့လည်ဘက် ဗိုက်ဆာလာရင်လည်း ပွဲဈေးတန်းမှာ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကန်စွန်းဥသာကူတို့လို စတုဒီသာရိုးရာမုန့်တွေအပြင် BBQ, Hot Wok ဟင်းလျာတွေနဲ့ Cocktail/Mocktail အေးအေးလေးတွေကလည်း ရှိနေဦးမှာနော်။ 🍡🍹
ညနေဘက်ဆိုရင်တော့ The Marion Rooftop Bar မှာ Live Band ရဲ့ သီချင်းသံလေးတွေနဲ့အတူ တစ်နေ့တာကို အေးအေးဆေးဆေး အဆုံးသတ်ရုံပါပဲ။ 🎸 ကြားထဲမှာ ပျင်းသွားမှာလည်း စိတ်မပူနဲ့ဦးနော်... Boxing Machine တွေ၊ Spin Wheel တွေနဲ့ ကံစမ်းလို့ရတဲ့ ဂိမ်းတွေလည်း အများကြီး ပြင်ဆင်ပေးထားပါတယ်။ 🎡
လာသမျှဧည့်သည်တော်တိုင်း စိတ်ချမ်းသာပြီး ပျော်ပျော်ပါးပါး အနားယူနိုင်အောင် စေတနာအပြည့်နဲ့ အကောင်းဆုံး ပြင်ဆင်ထားတာမို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗
📞 Phone: 09 770 300 888, 09 400 979 110, 09 763 456 345
📍 Address: No.28B, Phoe Sein Road, Tamwe Township (One Stop Mart အသေးနဲ့ မျက်နှာချင်းဆိုင်)
12/04/2026
Hotel Royal Vista
မဟာင်္သကြန်အကျနေ့မှ အတက်နေ့အထိ
အစီအစဉ်များ
နေ့စဉ် မနက် ၁၀:၃၀ နာရီ မှ ည ၆း၃၀ နာရီ အထိ
DJ MIXI. DJ VIRUS ၊ DJ Pitt Tine Htg တို့ အပြင်
ဟိုတယ် မိသားစုရဲ့ သင်္ကြန် အကစုံစုံနဲ့
စုံစုံလင်လင် ပျော်ပျော်ပါးပါး ရေကစားကြဖို့စီစဉ်ထားပါတယ်နော်
ဒီနှစ် ရေကစားဖို့ ၉ လွှာမှာရှိတဲ့
Marion Rooftop Bar တင်မက အောက်ဆုံးထပ်က The Moment Cafe ဖိုးစိန်လမ်းဘေးမှာလဲ မိသားစုရေကစားမဏ္ဌပ်ထိုးထားပါသေးတယ်
ရေတိုင်ကီတွေချပေးထားရုံမက မျက်နှာကျက်က ရေပန်းဖွားများဆင်ပေးထားတာမို့ ရေမစိုမှာမပူရဘူးလေနော်။ 🤭
၁၀ လွှာမှာရေကူးကန်ကြီး ရှိရက်နဲ့ ၉ လွှာမှာလဲ ရေကူးဖို့ ရေကူးကန်တွေလုပ်ပေးထားတဲ့အပြင်
ခလေးတွေအတွက် ရေသေနတ် ရေပူပေါင်းစုံစုံလင်လင်ပြင်ထားတယ်နော်။
နေ့ခင်းနားချိန်လဲ မပူရဘူးနော်။
စားချင်ဖွယ်စျေးဆိုင်လေးများမှာဆိုရင်
ဝက်သားဒုတ်ထိုး၊ကြာဇံကြော်၊ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ကြက်ကောင်လုံးကင်၊ ဘဲကင်၊အခေါက်ကင်၊ ဒင်ဆမ်း ၊ B.B.Q / ငါးခဲပတ်
Hot plate(Hot Wok) ဖတ်ထိုင်း၊ မြိတ်ကတ်ကြေးကိုက်၊ ဝက်နံရိုးနုတန်ပူရာကြော်/ အကြော်စုံမုန့်ဟင်းခါး/ညှပ်ခေါက်ဆွဲ/ခိုတောင်မုန့်တီသုတ်/ နန်းကြီးသုတ်၊ ရခိုင်မုန့်တီ/ ထားဝယ်ခေါက်ဆွဲသုတ် အချိုရည်/Juice/Frappe၊ မက္ကစီကန်အစားအစာ
Bar Counter/Fruit Punch /Cocktail/ Mocktail/ Traditional Whisky/Fresh Juice
တွေအပြင် ဖရီးလွေးရမဲ့ စတုဒီသာအစီအစဥ်
မုန့်လုံးရေပေါ်၊ရွှေရင်အေး၊ ကဇွန်းဥ သာကူ တနေ့တမျိုးမရိုးစေရ
ပျော်ရွှင်စရာဂိမ်းများ မှာဆိုရင်လဲ
Boxing machine နဲ့ ဗောက်စင်းပြိုင်ထိုးမလား Basket Ball Machine၊ မီနီ ဖွတ်ဘော
Marion Arcade (Game အမျိုးမျိုး) ၊ Spin Wheel
ဘီယာသောက်ပြိုင်ပွဲ
မြှားပစ်ပူပေါင်းဝေါလ်
ဘီယာခွက်ပင်ပေါင်
အုပ်စုလိုက်ရေပုလင်းထောင် ကြက်ကြော်စားခြင်း
ကာရာအိုကေ သီဆိုခြင်း
ညပိုင်း ၇ နာရီမှ ၁၀ နာရီ အထိ Music Band ကဆက်ဖြေဖျောအုံးမှာနော်။
ဟိုတယ်ဧည့်သည်တွေအတွက်ဝင်ကြေးမရှိဘူးနော်။ အပြင်ကလာ join ဖို့လဲ သိပ် ကုန်ကျစရာမလို တစ်ယောက်မှ ၃၀၀၀၀ ထဲ။
Free Fruit Punch သောက်ပြီးမူးလို့ရတယ်။
🍹🍹🍹🍹🍹🍹🍹🍹🍹🍹
စတုဒီသာစားဗိုက်ကားမယ် 🤘🏻
ကဲ ဖုန်းဆက်လိုက်တော့
09421733777
ဒါမှမဟုတ် 09400979110
11/04/2026
⚽ Arsenal vs Aston Villa ပွဲကို Marion မှာ တူတူကြည့်ရအောင်!
ဘောလုံးပွဲကြည့်ရင် အိမ်မှာတစ်ယောက်တည်း အားမရတာမျိုး ဖြစ်နေလား? ဒါဆိုရင်တော့ လာမယ့် တနင်္ဂနွေညမှာ ကျွန်တော်တို့ The Marion Rooftop Bar ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျ။ လေတဖြူးဖြူးနဲ့ Rooftop မှာ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး Beer လေးသောက်ရင်း အားပေးရတာ ပိုအရသာရှိတာပေါ့။
ထူးခြားတာက ဒီတစ်ခေါက်မှာ ပွဲကြည့်ရင်း ဂိုးရလဒ် (Goal Score) ခန့်မှန်းပေးရုံနဲ့ ၁၀,၀၀၀ တန် Coupon လက်ဆောင်ပေးမယ့် အစီအစဉ်လေးလည်း ရှိတယ်နော်။ ပွဲလည်းနိုင်၊ လက်ဆောင်လည်းရရင် ဘယ်လောက်မိုက်မလဲဗျာ။
ဧပြီ ၁၂ ရက်၊ ည ၁၀:၀၀ နာရီမှာ ဆုံကြမယ်လေ။ ဘယ်အသင်းနိုင်မလဲဆိုတာ Marion မှာ အဖြေရှာကြည့်ရအောင်!
📞 𝐏𝐡𝐨𝐧𝐞: 09 770 300 888, 09 400 979 110, 09 763 456 345
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: No.28B, Phoe Sein Road, Tamwe Township (One Stop Mart အသေးနဲ့မျက်နှာချင်းဆိုင်)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
28 B Phoe Sein Road
Yangon
11211