MITSU

MITSU

Share

ဆန်၊ပုဇွန်ခြောက်၊လက်ဖက်၊ပြောင်း၊ပဲ၊ကော်ဖီ အရောင်သန့်စင်စက်

04/01/2026

🇲🇲 78th Myanmar Independence Day 🇲🇲

(၇၈) ကြိမ်မြောက် "လွတ်လပ်ရေးနေ့"

ယနေ့ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)ကြိမ်မြောက် "လွတ်လပ်ရေးနေ့" အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

#လွတ်လပ်ရေးနေ့

31/12/2025

"2026 နှစ်သစ်မင်္ဂလာအတွက် ဆုတောင်း"
✨✨✨✨✨✨✨✨✨✨

ပညာပြည့်ဝ နှလုံးလှစွာဖြင့် သက်ရှည် ကျန်းမာ ချမ်းသာ ပျော်ရွှင်အေးချမ်း၍ အောင်မြင်မှုအပေါင်း သရဖူဆောင်းကာ - ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းလွှတ်နိုင်ကြပါစေကြောင်း MITSU - တောင်ပေါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီလီမိတက်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်


#တောင်ပေါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီလီမိတက်

25/12/2025

𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 𝙩𝙤 𝙮𝙤𝙪 𝙖𝙡𝙡 ☃️
❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️

☃️🎄တစ်နှစ်မှာတစ်ခါ 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 လမှာကျရောက်သော 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 အချိန်အခါမှစ၍ အေးချမ်းသာယာခြင်းများ နှင့် ပြည့်စုံကြပါစေလို့ MITSU - တောင်ပါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီ မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🙏

18/12/2025

ကရင်နှစ်သစ်ကူး ဆုတောင်း
⇜⁍ —————————————⇜⁍

( 19.12.2024 ) သောကြာနေ့" ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည် 🙏

ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးမှသည်
ကရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ
ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏

#ကရင်နှစ်သစ်ကူးဆုတောင်း

14/11/2025

🇲🇲 အမျိုးသားနေ့ တို့မမေ့ 🇲🇲

၂၀၂၅ခုနစ်၊ နိုဝင်ဘာလ(၁၄)ရက်၊ သောကြာနေ့တွင် ကျရောက်သော (၁၀၅)ကြိမ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#အမျိုးသားနေ့

05/11/2025

MITSU Coffee Color Sorter (RC*4) Testing ပြုလုပ်ပေးနေခြင်းအား စက်ပိုင်ကြီးများ သေချာစွာအသုံးပြုတတ်စေရန် ကျွမ်းကျင် Engineer များမှ စမ်းသပ်မောင်းနှင်ပြသပေးခဲ့ပါပြီ 🤝

MITSU Coffee Color Sorter (RC*4) စက်အား Service Team မှ စက်မောင်းနှင်အသုံးပြုပုံအား Training ပေးခြင်းနှင့် စမ်းသပ်မောင်းနှင်ပြသပေးခြင်းအား ပြုလုပ်ပေးခဲ့တဲ့ ပုံရိပ်များအား တင်ဆက်ပေးလိုက်ပါတယ် …

Color Sorter နဲ့ပတ်သက်ရင် စိတ်ချမ်းသာရမယ်၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ရင် လှည့်ကြည့်စရာမလိုအောင် စိတ်ချရဖို့ဆို MITSU Color Sorter များကို ရွေးချယ်ဝယ်ယူလိုက်တော့နော် ✅✅✅

MITSU မှာ Coffee Color Sorter ဝယ်ယူမည်ဆိုပါက အရောင်းတစ်ခုထဲကိုသာ အားထားတာမဟုတ်ဘဲ Customer များ စိတ်တိုင်းကျဖြစ်စေဖို့၊ အံဝင်ခွင်ကျဖြစ်စေဖို့၊ Quality ပြည့်မီတဲ့စက်တွေဖြစ်စေဖို့၊ ထုတ်လုပ်မှုစွမ်းအားတွေ တိုးတက်စေဖို့၊ ပေးရတာထက် ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့၊ After sale service အား စိတ်ကျေနပ်စေရဖို့ အမြဲမပြတ်ကြိုးစားအားထုတ် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ 🙏🏻



*4Series

03/11/2025

🙏🏻တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလအခါတော်နေ့ 🙏🏻

ပျော်စရာ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးဖြစ်ပါစေ။

သာမညဖလ အခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာ၍ ကုသိုလ်တရားများပွါးများနိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရွှင်လန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများပို့သအပ်ပါသည်။ 🙏🏻

#သာမညဖလအခါတော်နေ့

20/10/2025

❝ ဆီမီးရောင်စုံ ထိန်ထိန်ဖြာ ဒီပါဝလီနေ့ အချိန်အခါ ❞

🪔 ဒီနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဒီပါဝလီနေ့ပဲ ဖြစ်ပါတယ်။

“ဒီပ” ဆိုတာ မီးအလင်းရောင်ဖြစ်ပြီး “ဒီပါဝလီ” ဆိုတာကတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

မီးရဲ့ အလင်းရောင်ဟာ အမှောင်ကို ထိုးခွင်းနိုင်သလို ဒီပါဝလီနေ့မှာ ဆီမီးထွန်းကာ ပူဇော်ရတဲ့ အကျိုးကြောင့် ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်တွေ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် …🙏

🪔🪔🪔
#ဒီပါဝလီနေ့ဆုတောင်း

06/10/2025

✨🙏🏻 သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ✨🙏🏻

❝ သီတင်းကျွတ် လပြည့်နေ့ ❞ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသလို… မြတ်စွာဘုရား ဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပကြလေ့ ရှိပါတယ်။

ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🏻🙏🏻🙏🏻

01/10/2025

✨ကျေးဇူးတင်လွှာ✨
============

ခရမ်းမြို့၊ မောင်းမကျေးရွာမှ ကိုဇော်မိုးအောင် မိသားစုမှ "MITSU RG Series - RG 8 Color Sorter (ဆန်အရောင်ရွေးစက်) အား ယုံကြည်စိတ်ချစွာဖြင့် တောင်ပေါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီမှ ရွေးချယ်မှု မှန်ကန်စွာ ဝယ်ယူအားပေးသွားတဲ့အတွက် အထူးပင်ဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် စီးပွားရေး လုပ်ငန်းများ၊ အရောင်းအဝယ်များ ပိုမိုသွက်လက် မြန်ဆန်ကာ တိုးတက်အောင်မြင်ပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏

ဆန်စက်လုပ်ငန်းရှင်များအနေဖြင့်လည်း Model- RG Series
( မစ်စူ ) အမှတ်တံဆိပ်ပါ Color Sorter ( ဆန်အရောင်ရွေးစက် ) များကို ထပ်မံဝယ်ယူ တပ်ဆင်လိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်နော် …

Yangon Hotline 📲 (09) 882549986 / (09) 882549978
(09) 882549978 သို့ မှ တစ်ဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်
🏢 အမှတ် ၉/၁၀ ဘေဂျင်းလမ်း၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့

15/09/2025

✨ကျေးဇူးတင်လွှာ✨
============

ဟိုပုံးမြို့ “Green Gold Coffee Farming General Co-Operative Society Limited ” မိသားစုမှ "MITSU RC 4 Coffee Color Sorter (ကော်ဖီအရောင်ရွေးစက်) အား ယုံကြည်စိတ်ချစွာဖြင့် တောင်ပေါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီမှ ရွေးချယ်မှု မှန်ကန်စွာ ဝယ်ယူအားပေးသွားတဲ့အတွက် အထူးပင်ဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါသည်။

“Green Gold Coffee Farming General Co-Operative Society Limited ” မိသားစု “ လည်း စီးပွားရေး လုပ်ငန်းများ၊ အရောင်းအဝယ်များ ပိုမိုသွက်လက် မြန်ဆန်ကာ တိုးတက်အောင်မြင်ပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏

ဆန်စက်လုပ်ငန်းရှင်များ၊ သီးနှံစုံလုပ်ငန်းသုံးပွဲရုံများသာမက ကော်ဖီလုပ်ငန်းရှင်များအနေဖြင့်လည်း Model- RC Series ( မစ်စူ ) အမှတ်တံဆိပ်ပါ Color Sorter ( အရောင်ရွေးစက် ) များကို ဝယ်ယူ တပ်ဆင်လိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်နော် …

Yangon Hotline 📲 (09) 882549986 / (09) 882549978
(09) 882549978 သို့ မှ တစ်ဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်
🏢 အမှတ် ၉/၁၀ ဘေဂျင်းလမ်း၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့

06/09/2025

❝ တော်သလင်း လပြည့်နေ့ ❞
🙏🏻 ဂရုဓမ္မအခါတော်နေ့ 🙏🏻

တော်သလင်း လပြည့်နေ့ဟူသည်မှာ ဂေါတမမြတ်စွာဘုရားရှင်သည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ❝ ဂရုဓမ္မအခါတော်နေ့ ❞ အဖြစ် ဗုဒ္ဓဘာသာဝင်များက သတ်မှတ်ကျင်းပကြလေ့ရှိကြပါတယ်။ဂရုဓမ္မ၏အဓိပ္ပာယ်မှာ ငါးပါးသီလ စောင့်ထိန်းခြင်းဟု အဓိပ္ပာယ်ရပါတယ်။

မြန်မာ့ဆယ့်နှစ်ရာသီလများအနက် တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ်ဖြစ်သော ❝ တော်သလင်း လပြည့်နေ့ ❞ ဖြစ်သဖြင့် ဂရုဓမ္မအခါတော်နေ့ကိုကျင်းပကြပြီး ဘုရားကျောင်းကန်များတွင် ငါးပါးသီလ ဥပုသ်သီတင်းများကို စောင့်ထိန်းကြလေ့ရှိကြပါတယ်။

ငါးပါးသီလဟူသည် “သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးသားမယားတို့ကို ကာမဂုဏ်ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း” ဟူသည့် ဂရုဓမ္မငါးပါးသီလကို ကောင်းစွာစောင့်ထိန်းနိုင်၍ လုံခြုံအောင်ပြုမှုနေထိုင်ကြရင်း …

ဓမ္မမိတ်ဆွေများအားလုံး ကပ်ကြီးသုံးပါးအန္တရာယ်မှ ကင်းဝေးနိုင်ကြစေပြီး တရားဓမ္မများကို ကောင်းစွာအားထုတ်နိုင်ကြ၍ သံသရာဝဋ်ဆင်းရဲဒုက္ခများမှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည်။

#တော်သလင်းလပြည့်နေ့ #ဂရုဓမ္မအခါတော်နေ့

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (9/10), Bejing Street, Bayintnaung Road, West GyoGone, Insein
Yangon