migrate.me

migrate.me

Share

We offer migration, wealth management consulting services.

27/05/2026

Visa Run သွားခါနီးမှ "ဒုက္ခ" မရောက်ရအောင် ဒါလေး အရင်ဖတ်သွားပါ! 🇱🇦🇹🇭

ထိုင်းမှာနေတဲ့သူတွေ ဗီဇာသက်တမ်းတိုးဖို့ ဗီဇာအသစ်လုပ်လို့ (Visa Run) သွားတဲ့အခါ လူအများဆုံး ကြုံရလေ့ရှိတဲ့ တကယ့် Pain Point (ပြဿနာကြီး ၂ ခု) ရှိပါတယ်။

⚠️ ၁။ စာရွက်စာတမ်း မပြည့်စုံတဲ့ပြဿနာ:
အွန်လိုင်းက ကြည့်ပြီး စာရွက်စာတမ်းတွေ အကုန်ပါပြီဆိုပြီး သွားလိုက်ကာမှ သံရုံးရောက်တော့မှ ဖောင်မပြည့်စုံတာ၊ TDAC စနစ် အဆင်မပြေတာ၊ စာရွက်တစ်ရွက် လိုတာနဲ့တင် ဗီဇာ အငြင်းခံရပြီ ရက်အကြာကြီး သောင်တင်သွားတတ်ပါတယ်။

⚠️ ၂။ Border Run အဆင်မပြေတဲ့ပြဿနာ:
နယ်စပ် (Border) ရောက်တဲ့အခါ လဝက စည်းကမ်းချက်တွေ၊ အဝင်အထွက် စာရွက်စာတမ်း အရှုပ်အရှင်းတွေကြောင့် နယ်စပ်ဖြတ်ရတာ အဆင်မပြေဘဲ လှည့်ပြန်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ခဏခဏ ကြုံရတတ်ပါတယ်။

🔥 အဆိုးဆုံးကတော့... ဒါတွေကြောင့် ဗီဇာ အချိန်မီ မရတော့ဘဲ "Visa Overstay" ဖြစ်သွားရင် တကယ် မလွယ်ပါဘူး!
Overstay ရက်ကြာလာရင် ဒဏ်ကြေးအများကြီး ပေးရမယ့်အပြင်၊ အဖမ်းခံရနိုင်ခြေရှိပြီး နောက်နောင် ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့် လုံးဝပိတ်သွားတဲ့ Blacklist (အမည်ပျက်စာရင်း) ထဲအထိ ပါသွားနိုင်ပါတယ်။

ဒါကြောင့် ဘဝနာမယ့် စွန့်စားမှုမျိုး လုံးဝ အဖြစ်မခံပါနဲ့။ migrate.me ရဲ့ "All in One VIP Visa Run Package" နဲ့ သွားမယ်ဆိုရင်တော့ ဒီလိုပြဿနာတွေ လုံးဝ ပူစရာမလိုတော့ပါဘူး။ ✨

📦 ကျွန်ုပ်တို့ migrate.me က ဘာတွေ တာဝန်ယူပေးမှာလဲ?

စာရွက်စာတမ်း ၁၀၀% သေချာစေခြင်း: ထိုင်းလဝက ဥပဒေကျွမ်းကျင်သူတွေက သံရုံးမသွားခင် စာရွက်စာတမ်းတွေကို အစအဆုံး အမှားအယွင်းမရှိအောင် စိစစ်ပြင်ဆင်ပေးပါတယ်။

Border အဆင်ပြေချောမွေ့စေခြင်း: နယ်စပ်မှာ Border Pass ကိစ္စတွေနဲ့ အဝင်အထွက် အားလုံးကို အခက်အခဲမရှိအောင် သေချာ စီစဉ်ပေးပါတယ်။

အပြီးအစီး VIP Package: အသွားအပြန် ကားလက်မှတ်၊ နယ်စပ်အကြိုအပို့၊ ဟိုတယ်တည်းခိုခွင့်နဲ့ TDAC ဖောင်ဖြည့်တာအထိ တစ်နေရာတည်းမှာ ပြီးပြတ်ပါတယ်။

ဗီဇာကိစ္စ အမှားအယွင်းမခံချင်ဘူး၊ Overstay အဖြစ်မခံနိုင်ဘူးဆိုရင် အခုပဲ အချောမွေ့ဆုံးနဲ့ စိတ်အချရဆုံး ဖြစ်စေဖို့ migrate.me ကို ဆက်သွယ်လိုက်ပါ... 🤝

📞 MM: +959 269 010 077
📞 TH: +66 954 480 100
📩 Messenger မှတစ်ဆင့်လည်း အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

26/05/2026

🚨 ထိုင်းက Brand တွေ သတိမထားမိဘဲ လက်လွတ်ခံနေရတဲ့ ဧရာမ မြန်မာဈေးကွက်ကြီး 🚨

လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၄ သန်းကျော် ရောက်ရှိနေထိုင်နေကြပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ သူတို့ဟာ တစ်နှစ်ကို ဘတ် ၂၂၁ ဘီလီယံ လောက်အထိ ထိုင်းနိုင်ငံရဲ့ စီးပွားရေးထဲမှာ ပြန်လည် သုံးစွဲနေကြတာပါပဲ။ ဒါဟာ သူတို့ရှာဖွေနိုင်တဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၆၅% လောက်ကို ပြန်သုံးနေကြတာပါ။ 💸

အရင်တုန်းကဆိုရင် ကုမ္ပဏီတွေက မြန်မာတွေကို "လုပ်အားခသက်သာတဲ့ အလုပ်သမားတွေ" လို့ပဲ မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာတွေဟာ ငွေကြေးသုံးစွဲနိုင်စွမ်း အားကောင်းလာပြီး၊ ကိုယ်ပိုင် Lifestyle နဲ့ နေထိုင်တတ်တဲ့ "အဆင့်မြင့် စားသုံးသူ ဈေးကွက်ကြီး" တစ်ခု ဖြစ်လာနေပါပြီ။ 🛍️✨

ထိုင်းနိုင်ငံရဲ့ ပုံမှန် ဈေးကွက်တွေက ပြည့်ကျပ်လာနေချိန်မှာ ဒီလောက်ကြီးမားတဲ့ မြန်မာစားသုံးသူ ဈေးကွက်ကြီးကို ထိုင်း Brand အတော်များများက သတိမထားမိဘဲ လျစ်လျူရှုထားမိနေကြပါတယ်။

📌 သတင်းအပြည့်အစုံကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော် 👇

https://www.nationthailand.com/business/economy/40066637

Photos from migrate.me's post 24/05/2026

ဗီဇာကိစ္စတွေအတွက် migrate.me ကို ဘာကြောင့် ယုံကြည်စိတ်ချစွာ ရွေးချယ်သင့်တာလဲ? 🤔

လုပ်ငန်းသက်တမ်း (၃) နှစ်ကျော်အတွင်း ယုံကြည်စိတ်ချစွာ အပ်နှံခဲ့တဲ့ Client ပေါင်း ထောင်ချီရှိနေပြီမို့လို့ ဘာများ စိတ်ပူစရာ လိုသေးလို့လဲ? 😎

ပိုက်ဆံပေးရတာတန်ပြီး စိတ်ပူစရာမလိုဘဲရွေ့ပြောင်းနေထိုင်ချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ Agency ကို ရွေးချယ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။

migrate.me ကို ရွေးချယ်တဲ့အခါ...
✅ ခိုင်မာတဲ့ အတွေ့အကြုံ: (၃) နှစ်ကျော် သက်တမ်းတစ်လျှောက် Client ထောင်ချီရဲ့ ဗီဇာကိစ္စတွေကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
✅ ၁၀၀% တာဝန်ယူမှု: စာရွက်စာတမ်းကိစ္စတွေကို အမှားအယွင်းမရှိအောင် ကျွမ်းကျင်သူတွေကိုယ်တိုင် အစအဆုံး သေချာစစ်ဆေး ဆောင်ရွက်ပေးပါတယ်။
✅ ပွင့်လင်းမြင်သာမှု: ပိုလျှံတဲ့ ကုန်ကျစရိတ်တွေ မရှိဘဲ ပေးရတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှု အတိအကျဖြစ်အောင် စီစဉ်ပေးပါတယ်။
✅ တကယ့် Customer Feedback များ: ဝန်ဆောင်မှုရယူခဲ့တဲ့ Customer တိုင်းရဲ့ စိတ်ကျေနပ်မှုနဲ့ တကယ့် Review တွေက ကျွန်ုပ်တို့ရဲ့ အကောင်းဆုံး သက်သေပါပဲ။ (ပုံလေးတွေထဲမှာ ဖတ်ကြည့်လို့ရပါတယ်နော် 💯)

ခေါင်းရှုပ်ခံစရာမလိုဘဲ စိတ်အချရဆုံး ဗီဇာဝန်ဆောင်မှုကို လိုချင်တယ်ဆိုရင် အခုပဲ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးလိုက်ပါ... 🤝

📞 +959 784 045 222 (MM)
📞 +66 954 480 100 (TH)
📩 Messenger မှတစ်ဆင့်လည်း အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

18/05/2026

Founder Approved Content ကြီးလို စာအရှည်ကြီးတွေ မရေးတော့ဘူး... Marketing Team ကတော့ Client တွေ တကယ်သိချင်တဲ့အချက်ကို လိုရင်းတိုရှင်းပဲ ပြောလိုက်တော့မယ်! 🤪👇

ထိုင်းမှာ ရေရှည်နေမယ် / တတိယနိုင်ငံကူးဖို့လည်း Plan ရှိတယ်? ၁၄ ရက် Free Visa နဲ့ပဲလာလာ၊ TR နဲ့ပဲဝင်ဝင် နိုင်ငံပြင်ထွက်စရာမလိုဘဲ ED (Language) Visa ကို အလွယ်တကူ တန်းချိန်းလို့ ရပါတယ်။

✅ တစ်ပတ် (၂) ရက် or (၃) ရက်ပဲ ကျောင်းတက်ရမှာမို့ ကိုယ့်အလုပ် လုံးဝမပျက်ဘူး။
✅ (၆) လ ဗီဇာကနေ (၁၅) ဗီလအထိ ရွေးချယ်လို့ရတယ်။

🔥 အရေးအကြီးဆုံးက: အရင်၆လဗီဇာကို၂၃,၀၀၀ ဘတ် ကနေ အခု Promo ဈေး ၂၁,၀၀၀ ဘတ် ထဲနဲ့ ကျောင်းအပ်တာကစလို့ ဗီဇာရတဲ့အထိ အစအဆုံး တာဝန်ယူပေးသွားမှာပါ! (သတိ-ယခု စျေးနှုန်းတွင် immigration ကို​​ပေးရမည့် Visa Fees မပါဝင်ပါ)

ဈေး ပြန်မတက်ခင် အခုပဲ migrate.me မှာ လာအပ်ထားလိုက်တော့နော် 🏃‍♂️💨

+959 793 292 325 (MM)
+66 623 301 730 (TH)

16/05/2026

Visa ကုန်ခါနီးပြီိဆိုရင် ဘာဆက်လုပ်ရမလဲ အမြဲစိုးရိမ်နေရတဲ့ မိတ်ဆွေများဖတ်ပါ။

အချိန်ကပ်မှ ကမန်းကတန်းနဲ့ လွယ်လွယ် မဆုံးဖြတ်လိုက်ပါနဲ့... ကိုယ့်ရဲ့ လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ ရေရှည်မှာ အရှုပ်အရှင်းကင်းမယ့် လမ်းကြောင်းကို migrate.me နဲ့ အရင်ဆုံး သေချာဆွေးနွေးတိုင်ပင်ပါ။ 🤝

✅ အသေးစိတ် သေချာစိစစ်ပြီး အကြံပေးဆွေးနွေးခြင်း။
✅ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်အောင် စီစဉ်ပေးခြင်း။
✅ ဗီဇာကိစ္စ အစမှအဆုံးတိုင် တာဝန်ယူ ဆောင်ရွက်ပေးခြင်း။

(⚠️ အသိပေးချက် - MOU နှင့် ပန်းရောင်ဘတ် ကိုင်ဆောင်ထားသူများအား ဝန်ဆောင်မှု မပေးပါ။)

📞 +959 784 045 222 (MM)
📞 +66 954 480 100 (TH)
📩 Messenger မှတစ်ဆင့်လည်း အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

16/05/2026

ထိုင်းနိုင်ငံ ဗီဇာ၊ ပညာရေးနှင့် Business Setup ဝန်ဆောင်မှုပေးနေသော Consultancy Firm တွင် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။

၁။ Commercial Manager (၁ ဦး)
တာဝန်များ: အရောင်းဗျူဟာချမှတ်ခြင်း၊ Sales & Operations အဖွဲ့ကို ဦးဆောင်ခြင်းနှင့် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်ခြင်း။

လိုအပ်ချက်များ:

Sales/Marketing အတွေ့အကြုံ (၅ နှစ်မှ ၁၀ နှစ်)။

Team Management အတွေ့အကြုံ (၂ နှစ်မှ ၃ နှစ်)။

အင်္ဂလိပ်စာ C2 Level (အကျွမ်းတဝင် ပြောဆိုနိုင်ရမည်)။

High-ticket sales အတွေ့အကြုံရှိရမည်။

၂။ Sales Executive (၂ ဦး)
လိုအပ်ချက်များ:

အရောင်းပိုင်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။

ဗီဇာနှင့် ကျောင်းလျှောက်ထားမှုဆိုင်ရာ ဗဟုသုတရှိရမည်။

အလုပ်ချိန်: တနင်္လာ မှ စနေ (Full-Time)

💰 အကျိုးခံစားခွင့်များ (ရာထူးနှစ်ခုလုံးအတွက်)
လစာ: ညှိနှိုင်း (Base Salary + Performance Bonus)

အလုပ်နေရာ: သီတာလမ်း၊ ကြည့်မြင်တိုင်၊ရန်ကုန်

📩 How to Apply
Send your CV to: [email protected]

14/05/2026

ထိုင်းအစိုးရက နိုင်ငံခြားသားများအတွက် ကန့်သတ်လုပ်ငန်း (၉) မျိုးကို ဖြေလျှော့ပေးလိုက်ပြီ။ Source - matichon

ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းစဉ်တွေ ပိုမိုလွယ်ကူမြန်ဆန်လာတော့မှာပါ။ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းဥပဒေ (Foreign Business Act - FBA) အရ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့ စာရင်းထဲကနေ လုပ်ငန်း (၉) မျိုးကို ပယ်ဖျက်ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ စည်းကမ်းတွေ အကုန်လွှတ်ပေးလိုက်တာ မဟုတ်ဘဲ၊ ထပ်နေတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းပြီး ရင်းနှီးမြှုပ်နှံမှု အသစ်တွေ အမြန်ဝင်လာအောင် လမ်းဖွင့်ပေးလိုက်တဲ့ သဘောပါ။

ပယ်ဖျက်ပေးလိုက်တဲ့ လုပ်ငန်း (၉) မျိုးကို အောက်ပါအတိုင်း အုပ်စု (၃) စု ခွဲခြားထားပါတယ် —

အုပ်စု (၁) သီးခြားဌာနများမှ ကြီးကြပ်ပြီးသား လုပ်ငန်းများ: (၁) ဆက်သွယ်ရေးဝန်ဆောင်မှု၊ (၂) Treasury Center လုပ်ငန်း၊ (၃) အာမခံနှင့် ငွေချေးလုပ်ငန်း၊ (၄) Over-the-counter derivatives (အနာဂတ်ကုန်သွယ်မှု) ဆိုင်ရာ အကြံပေးလုပ်ငန်း၊ (၅) လယ်ယာထွက်ကုန် အနာဂတ်ကုန်သွယ်မှုလုပ်ငန်း။
(ဒီလုပ်ငန်းတွေက သက်ဆိုင်ရာဌာနတွေက အနီးကပ် ကြီးကြပ်နေပြီးသားဖြစ်လို့ စီးပွားရေးဝန်ကြီးဌာနကနေ ထပ်ဆင့် ခွင့်ပြုချက် ယူစရာ မလိုတော့အောင် ဖြေလျှော့ပေးလိုက်တာပါ။)

အုပ်စု (၂) ကုမ္ပဏီအုပ်စုတွင်း ဝန်ဆောင်မှုများ: (၆) မိမိတို့ ကုမ္ပဏီခွဲများအချင်းချင်း ဝန်ဆောင်မှုပေးသော HR, IT နှင့် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ (၇) ကုမ္ပဏီအချင်းချင်း အကြွေးအာမခံပေးသည့်လုပ်ငန်း။

အုပ်စု (၃) ပြည်တွင်းလုပ်ငန်းများကို မထိခိုက်သော အခြားလုပ်ငန်းများ: (၈) ATM နှင့် အရောင်းစက် (Vending Machine) များ တပ်ဆင်ရန် နေရာငှားရမ်းခြင်း၊ (၉) ရေနံတူးဖော်ရေး ဝန်ဆောင်မှုလုပ်ငန်း။

ဒီလို ဖြေလျှော့လိုက်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဝန်ကြီးဌာနဆီမှာ ထပ်ဆင့်ခွင့်ပြုချက် (FBL) တောင်းရမယ့် အဆင့် လျော့သွားပြီး အချိန်ကုန် အများကြီး သက်သာသွားမှာပါ။ ဒါပေမဲ့ ဗဟိုဘဏ်၊ ကော်မရှင်နဲ့ စွမ်းအင်ဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်တွေကိုတော့ ဆက်လက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံကို ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဗဟိုချက် (Hub) တစ်ခုဖြစ်လာစေဖို့ပါပဲ။

💡 migrate.me Business Consultant ၏ အမြင် (Consultant POV)

ဒီသတင်းဟာ ထိုင်းနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ (Foreign Investors) တွေအတွက် အလွန်အားတက်စရာကောင်းတဲ့ အပြောင်းအလဲတစ်ခုပါ။ အစိုးရကိုယ်တိုင်က "Red-tape" လို့ခေါ်တဲ့ ရုံးကြန့်ကြာမှုတွေကို သိသိသာသာ လျှော့ချပေးနေတာကို မြင်ရပါတယ်။ အထူးသဖြင့် ကုမ္ပဏီခွဲတွေအများကြီး ဖွင့်ထားတဲ့ Corporate တွေကြားမှာ လုပ်ဆောင်ရတဲ့ "Intra-group ဝန်ဆောင်မှုတွေ" (ဥပမာ - HR/IT) ကို FBA စာရင်းကနေ ပယ်ဖျက်ပေးလိုက်တာဟာ လုပ်ငန်းလည်ပတ်မှုကို အများကြီး သွက်လက်စေပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်တွေဘက်က သတိပြုရမယ့် အရေးကြီးဆုံးအချက်က — "FBA ခွင့်ပြုချက် မလိုတော့ဘူး" ဆိုတာ "ဘာလိုင်စင်မှ မလိုတော့ဘူး" လို့ ဆိုလိုတာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ ဌာနတွေရဲ့ Specific License တွေ ယူရမယ့် Process တွေ၊ စည်းမျဉ်းစည်းကမ်းတွေက တင်းကျပ်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့် လုပ်ငန်းက ဖြေလျှော့ပေးတဲ့အထဲ ပါနေသလား၊ ပါခဲ့ရင်တောင် ဘယ်ရုံးတွေဆီမှာ ဘာလိုင်စင်တွေ ဆက်လုပ်ရဦးမလဲ ဆိုတာကို အတိအကျ သိနိုင်ဖို့ လိုပါမယ်။

13/05/2026

ထိုင်းမှာ တရားဝင် အလုပ်ရပြီး (Non-B Visa) နဲ့ ချစ်ရတဲ့ မိသားစုကို ဘယ်လိုခေါ်လို့ရမလဲ? 👨‍👩‍👧‍👦💼

ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေသူ (Non-B Visa နဲ့ Work Permit ကိုင်ဆောင်ထားသူ) တစ်ယောက်ဆိုရင် သင့်ရဲ့ တရားဝင် ဇနီး/ခင်ပွန်း နဲ့ အသက် (၂၀) အောက် သားသမီးတွေကို Non-O Visa (Dependent Visa) လျှောက်ထားပြီး မိသားစုလိုက် အတူတူ ခေါ်ယူနေထိုင်ခွင့် ရှိပါတယ်။

✅ မိသားစုကို ခေါ်ဖို့ ဘာတွေ အဓိက လိုအပ်မလဲ?

၁။ အဓိက ဗီဇာပိုင်ရှင်၏ အထောက်အထားများ:
သင့်ရဲ့ တရားဝင် Non-B Visa၊ အသက်ဝင်နေသော Work Permit စာအုပ်နှင့် ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းများ။

၂။ ခိုင်လုံသော ဆွေမျိုးတော်စပ်ကြောင်း အထောက်အထားများ:

အိမ်ထောင်ဖက်အတွက်ဆိုရင်: တရားဝင် အိမ်ထောင်ရေးသက်သေခံလက်မှတ် (Marriage Certificate) နှင့် အိမ်ထောင်စုစာရင်း။

ကလေးတွေအတွက်ဆိုရင်: တရားဝင် မွေးစာရင်းများ။

⚠️ အရေးကြီးဆုံး သတိပြုရန် (Legalization Process)
မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ အိမ်ထောင်ရေးလက်မှတ်၊ မွေးစာရင်းနဲ့ အိမ်ထောင်စုစာရင်းတွေကို ထိုင်းလဝက (Immigration) မှာ တိုက်ရိုက်တင်ပြလို့ မရပါဘူး။ အောက်ပါ တရားဝင်အဆင့်ဆင့် (Legalization) ကို မဖြစ်မနေ ဖြတ်သန်းထားရပါမယ် -

စာရွက်စာတမ်းများကို အင်္ဂလိပ်ဘာသာသို့ တရားဝင် ပြန်ဆိုခြင်း။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ၏ ထောက်ခံချက် ရယူခြင်း။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး သို့မဟုတ် မြန်မာနိုင်ငံရှိ ထိုင်းသံရုံး၏ တရားဝင် ထောက်ခံချက် (Legalization) ရယူခြင်း။

ဒီဗီဇာဟာ အဓိက ဗီဇာကိုင်ဆောင်ထားသူ ရဲ့ အထောက်အထားတွေနဲ့ တိုက်ရိုက် ချိတ်ဆက်နေတာဖြစ်လို့ လျှောက်ထားတဲ့ အဆင့်တိုင်းမှာ စာရွက်စာတမ်း အမှားအယွင်းမရှိဖို့က အလွန်အရေးကြီးပါတယ်။ စာလုံးပေါင်း တစ်လုံးမှားတာ၊ အဆင့်တစ်ခု လွတ်သွားတာနဲ့ အချိန်တွေ ကြန့်ကြာပြီး မိသားစု ပြန်ဆုံရမယ့်ရက်တွေ နောက်ဆုတ်သွားတတ်ပါတယ်။

ဒီလို ရှုပ်ထွေးပြီး အချိန်ကုန်မယ့် စာရွက်စာတမ်း ဘာသာပြန်ခြင်း၊ သံရုံးထောက်ခံချက်ရယူခြင်း (Legalization) အဆင့်ဆင့်ကစလို့၊ အမှားအယွင်းမရှိ အမြန်ဆုံး ဗီဇာရရှိတဲ့အထိ migrate.me က One-Stop Service အနေနဲ့ အစအဆုံး တာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါတယ်။ 💯

📞 +959 784 045 222 (MM)
📞 +66 954 480 100 (TH)

09/05/2026

ခရီးသွားဖို့ Plan တွေသာ ဆွဲထားလိုက်ပါ 🧳✈️
ဗီဇာကိစ္စ ခေါင်းကိုက်ခံစရာ မလိုအောင် migrate.me က အစအဆုံး တာဝန်ယူပေးပါ့မယ်! 🇹🇭

ဟုတ်ပါတယ်။ ထိုင်းသွားဖို့လုပ်တိုင်း "စာရွက်စာတမ်းတွေ ဘာလိုမလဲ? သံရုံးက Reject လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ?" ဆိုတဲ့ အလုပ်တွေနဲ့ အမြဲရှုပ်နေမှာဆိုးလို့ TR Visa လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းလေးတွေသာ စုံအောင် ပို့ပေးလိုက်ပါ။ ဗီဇာ လက်ဝယ်ရရှိတဲ့အထိ migrate.me က ၁၀၀% တာဝန်ယူ ဆောင်ရွက်ပေးပါမယ်။ 💯

အသေးစိတ်အတွက် ဆက်သွယ်စုံစမ်းရန်။
📞 +959 784 045 222 (MM)
📞 +66 954 480 100 (TH)

08/05/2026

ထိုင်းနိုင်ငံ ပြောင်းရွှေ့ရေးကိစ္စကို "မေးခွန်း ၃ ခု" ထဲနဲ့ အဖြေရှာကြည့်ရအောင်! 🧩✨

မိသားစုလိုက် နိုင်ငံတစ်ခုကို ပြောင်းရွှေ့ဖို့ဆိုတာ ရုပ်ရှင်ကားတွေထဲကလို အိတ်ဆွဲပြီး လေယာဉ်ပေါ် တက်သွားရုံနဲ့ မပြီးပါဘူး။ ဗီဇာကိစ္စ၊ ကလေးတွေ ကျောင်းကိစ္စ၊ ဘဏ်အကောင့်ကနေစလို့ ဥပဒေရေးရာ အရှုပ်အရှင်းတွေက တကယ့်ကို များပြားလွန်းပါတယ်။

အလွယ်တကူ ဖြေရှင်းနိုင်ဖို့ migrate.me ကအဓိက စဉ်းစားရမယ့် အချက် ၃ချက်ကို သာ အကြမ်းဖျင်း စဉ်းစားထားပေးပါ.ကျန်တာ migrate.me တာဝန်ထားပါ။

⏳ ၁. အချိန်: ထိုင်းမှာ မိသားစုလိုက် ဘယ်လောက်ကြာကြာ နေချင်တာလဲ?
💼 ၂. ရည်ရွယ်ချက်: ဘာအလုပ်လုပ်မလဲ? ကလေးတွေ ကျောင်းထားဖို့လား? စီးပွားရေး လုပ်ဖို့လား?
💰 ၃. ဘတ်ဂျက်: တစ်လကို ကုန်ကျစရိတ် ဘယ်လောက် လျာထားလဲ?

ဒီ ၃ ချက်ကို သိတာနဲ့... ကိုယ့်မိသားစုနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Visa အမျိုးအစား၊ နေထိုင်သင့်တဲ့ ပတ်ဝန်းကျင်၊ ကလေးတွေအတွက် အကောင်းဆုံး ပညာရေးနဲ့ လိုအပ်မယ့် စာရွက်စာတမ်းတွေ အားလုံးပါဝင်တဲ့ "Relocation Master Plan" တစ်ခုကို migrate.me က အခမဲ့ (Free) ဆွဲပေးသွားမှာပါ။ 🗺️📍

💬 Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်များမှ ယုံကြည်စွာ ဆက်သွယ်နိုင်ပါတယ် -
📞 +959 784 045 222 (MM)
📞 +66 954 480 100 (TH)

07/05/2026

Visa ကုန်လို့ လာအိုဖြစ်ဖြစ်/ဗီယက်နမ် ဖြစ်ဖြစ် Visa Run လုပ်တဲ့အခါ အဆင်မပြေဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို သိပါသလား? 🤔

ဘယ်နိုင်ငံသွားသွား Border ဖြတ်ပြီး ဗီဇာကိစ္စဖြေရှင်းဖို့ (Visa Run) စဉ်းစားတဲ့အခါတိုင်း...
"လဝက က ဘာတွေမေးမလဲ?"
"စာရွက်စာတမ်း တစ်ခုခု လိုနေရင် ဘယ်လိုလုပ်မလဲ?" ဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်လာတတ်ကြတယ် မဟုတ်လား ?

တကယ်တော့ Border မှာ အဆင်မပြေဖြစ်ရတဲ့ အဓိကတရားခံက "စည်းကမ်းတွေကို သေချာနားမလည်တာနဲ့ ပြင်ဆင်မှု အားနည်းတာ" ကြောင့်ပဲ ဖြစ်ပါတယ်။

💡 စာရွက်စာတမ်း ဘာတွေလိုမလဲ၊ ဘယ်အခြေအနေမှာ ဘာသတိထားရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကိုသာ သေချာသိထားရင် ဒါဟာ ခက်ခဲတဲ့ကိစ္စ လုံးဝ မဟုတ်တော့ပါဘူး။

migrate.me က အဆင်ပြေချောမွေ့စေဖို့ Step-by-Step ကူညီပေးဖို့ နိုင်ပါတယ်။

✅ Step 1: စိတ်ပူနေတဲ့ မိတ်ဆွေများအတွက် Online ကဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အရင်ဆုံး လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
✅ Step 2: လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ပြင်ဆင်မှုတွေကို အချိန်မီ အတိအကျ စီစဉ်ပေးပါတယ်။
✅ Step 3: ခရီးအစမှအဆုံး ဘာကိုမှ စိတ်ပူစရာမလိုဘဲ migrate.me နဲ့အတူ စိတ်အေးချမ်းသာစွာ သွားရောက်နိုင်ပါပြီ။

သင့်ရဲ့ အခြေအနေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် လမ်းညွှန်ချက်တွေကို ရယူဖို့ အချိန်မရွေး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးလိုက်ပါ! 🤝

💬 အခုပဲ Messenger (သို့) ဖုန်းဖြင့် ဆက်သွယ်လိုက်ပါ -
📞 +959 269 101 077 (MM)
📞 +66 954 480 100 (TH)

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thida Street, Kyimyindine Township
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00