Divine Era

Divine Era

Share

Esports organization

14/03/2025

Never doubt us! 💯

𝐆𝐫𝐞𝐚𝐭 𝐒𝐭𝐚𝐫𝐭, 𝐌𝐨𝐫𝐞 𝐭𝐨 𝐂𝐨𝐦𝐞 🔥

ကျွန်တော်တို့ YG MLBB အသင်းအနေနဲ့ ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ MSL MM Season 1 ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် Ai Esports နှင့် ပွဲစဉ်မှာတော့ အနိုင်ရလဒ်ကိုရယူနိုင်ခဲ့ပါပြီ ⚔

ဒီနေ့မှာအားပေးခဲ့ကြတဲ့ YG ပရိတ်သတ်တစ်ယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး မနက်ဖြန်အုပ်စုပွဲစဉ်မှာလည်း အကောင်းဆုံးဆက်လက်ယှဉ်ပြိုင်သွားပါမယ်ခင်ဗျာ 💜

14/03/2025

𝓗𝓪𝓹𝓹𝔂 𝓛𝓲𝓷𝓪 𝓓𝓪𝔂, 𝓗𝓪𝓹𝓹𝔂 𝓨𝓲𝓷𝓰 𝓓𝓪𝔂 🎂🎂

ဒီနေ့ မတ်လ ၁၄ ရက်နေ့ဟာ Divine Era အဖွဲ့ဝင်ညီအစ်ကို ၂ ယောက်ဖြစ်တဲ့ Lina နဲ့ Ying တို့ရဲ့ မွေးနေ့ဖြစ်ပါတယ်။

မွေးနေ့လည်းတူသလို Team work လည်းညီညာတဲ့ ညီအစ်ကို ၂ ယောက် … ဒီနေ့စတင်မယ့် MLBB Super League - MSL MM Season 1 တစ်လျှောက် အောင်ပွဲတွေ ဆက်တိုက်ရယူပြီး အမြင့်ဆုံးထိရောက်အောင် ပျံသန်းတောက်ပနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် 💛💜

11/03/2025

Let’s go bois!!! 💪

𝐍𝐞𝐱𝐭 𝐬𝐭𝐨𝐩: 𝐏𝐥𝐚𝐲𝐨𝐟𝐟𝐬! 🔥

ကျွန်တော်တို့ YG MLBB အသင်းအနေနဲ့ ဒီနေ့မှာယှဉ်ပြိုင်ကစားခဲ့တဲ့ MESL : Road To WEC25 ပြိုင်ပွဲရဲ့ အုပ်စုဒုတိယမြောက်ပွဲစဉ်မှာလည်း နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ထပ်မံရယူနိုင်ခဲ့ပါပြီ ⚔

ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့ YG MLBB အသင်းအနေနဲ့ MESL : Road To WEC25 ပြိုင်ပွဲရဲ့ Upper Bracket ကိုတက်လှမ်းသွားခဲ့ပြီး အားပေးခဲ့ကြတဲ့ YG ပရိတ်သတ်တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ခင်ဗျာ 🫶

10/03/2025

Han is Cooking! 🧑‍🍳

Let’s go Yangon Galacticos 💜

MESL : Road to WEC25 ရဲ့ ပွဲဦးထွက်အုပ်စုပွဲစဉ်မှာတော့ ကျွန်တော်တို့ YG MLBB အသင်းအနေနဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါပြီ 👊

မနက်ဖြန်မှာလည်း ကျန်ရှိနေသေးတဲ့ပွဲစဉ်တွေကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် YG ပရိတ်သတ်တွေအနေနဲ့ ဆက်လက်အားပေးကြဖို့ ပြောကြားချင်ပါတယ်ခင်ဗျာ 💜

09/03/2025

𝐋𝐞𝐭 𝐭𝐡𝐞 𝐃𝐢𝐯𝐢𝐧𝐞 𝐥𝐢𝐠𝐡𝐭 𝐬𝐡𝐢𝐧𝐞 𝐮𝐩𝐨𝐧 𝐭𝐡𝐞 𝐆𝐚𝐥á𝐜𝐭𝐢𝐜𝐨𝐬 𝐄𝐫𝐚.

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

Phoenix never dies 🐦‍🔥 We just return after 4 Years !

၄ နှစ်တာကြာမြင့်ခဲ့ပြီးတဲ့နောက်မှာတော့ အားလုံးရဲ့ ရှေ့မှောက်ကို ကျွန်တော်တို့ ပြန်လာခဲ့ပါပြီ။

မကြာခင်ကျင်းပသွားမယ့် MSL (MLBB Super League) နဲ့ အခြားသော ပြိုင်ပွဲများကို Divine Era အသင်းနဲ့ ကျွန်တော်တို့ Yangon Galacticos တို့ ပူးပေါင်းပြီး Yangon Galacticos အသင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

👨🏻‍🏫 K Zin
🔫 Stitch
🛡️ Blink
⚔️ Ying
🧙‍♂️Lina
🥷Rixum Leo
🥷Snollak Han

𝐋𝐞𝐭 𝐭𝐡𝐞 𝐃𝐢𝐯𝐢𝐧𝐞 𝐥𝐢𝐠𝐡𝐭 𝐬𝐡𝐢𝐧𝐞 𝐮𝐩𝐨𝐧 𝐭𝐡𝐞 𝐆𝐚𝐥á𝐜𝐭𝐢𝐜𝐨𝐬 𝐄𝐫𝐚.

09/03/2025

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭
𝐃𝐢𝐯𝐢𝐧𝐞 𝐄𝐫𝐚 𝐱 𝐘𝐚𝐧𝐠𝐨𝐧 𝐆𝐚𝐥𝐚𝐜𝐭𝐢𝐜𝐨𝐬

သိပ်မကြာသေးခင်က Divine Era အသင်းရဲ့ ရှေ့ဆက်ရင်ဆိုင်လျှောက်လှမ်းရမယ့် စိန်ခေါ်မှုအသစ်တွေအတွက် အတူတူပူးပေါင်းလက်တွဲဖို့ ကမ်းလှမ်းလာတဲ့ မိတ်ဆွေတွေထဲကမှ ကျွန်တော်တို့ Esport Community ထဲမှာ အားလုံးရင်းနှီးကြပြီးသားဖြစ်တဲ့ Yangon Galacticos အသင်းရဲ့ ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

နှစ်ဦးနှစ်ဘက် အချင်းချင်းလိုအပ်ချက်တွေ ညှိနှိုင်းဖလှယ်အပြီးမှာတော့ အားလုံးရဲ့ သဘောတူညီချက်အရ ကျွန်တော်တို့ Divine Era အသင်းအနေနဲ့ သိပ်မကြာခင် စတင်တော့မယ့်
MSL (MLBB Super League) Season 1 နဲ့
MESL : Road To WEC25 ပြိုင်ပွဲတွေက စပြီး Yangon Galacticos အသင်းအဖြစ် ယှဉ်ပြိုင်ကစားသွားမယ်ဆိုတဲ့ သတင်းကောင်းလေးကို အသိပေးချင်ပါတယ်။

New Chapter, New Era
This is Galacticos Era!!!

08/03/2025

𝓢𝓽𝓪𝔂 𝓣𝓾𝓷𝓮𝓭 𝓯𝓸𝓻 𝓪 𝓑𝓲𝓰 𝓤𝓹𝓭𝓪𝓽𝓮

MESL: Road To WEC25 နဲ့ MSL MM Season 1 ပွဲစဉ်တွေမစခင်မှာ Divine Era ရဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို မကြာခင်မှာ ထုတ်ပြန်ကြေညာပေးသွားဖို့ ရှိနေပါတယ်ခင်ဗျာ

Please Stay Tuned…

07/03/2025

𝓢𝓮𝓮 𝓨𝓸𝓾 𝓪𝓽 𝓽𝓱𝓮 𝓜𝓔𝓢𝓛 : 𝓡𝓸𝓪𝓭 𝓣𝓸 𝓦𝓔𝓒25 🇲🇲

MESL : Road To WEC25 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ နောက်ဆုံးကျန်ရှိတဲ့ Last Chance Qualifier အခွင့်အရေးကို Divine Era အနေနဲ့ အမိအရဆုပ်ကိုင်နိုင်ခဲ့ပြီး MESL : Road To WEC25 ရဲ့ Group Stage ကို တက်ရောက်နိုင်ခဲ့ပါပြီ။

MESL : Road To WEC25 ရဲ့ Group Stage ပွဲစဉ်တွေကိုတော့ မတ်လ ၁၀ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

06/03/2025

🚀 Calling All Esports Enthusiasts & Supporters! 🎮

Divine Era အသင်းရဲ့ ပထဆုံး Comeback Journey အနေနဲ့ မကြာခင်စတင်တော့မယ့် MLBB Super League - MSL MM Season 1 မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

အခမ်းနားဆုံး ပြည်တွင်း League ပြိုင်ပွဲကြီးဖြစ်တဲ့ MSL MM Season 1 အတွက် အသင်းသားတွေအားလုံးလည်း နေ့စဉ် အားသွန်ခွန်စိုက် မနားတမ်းလေ့ကျင့်ပြင်ဆင်လျက်ရှိပါတယ်။

အသင်းရဲ့စွမ်းဆောင်ရည်ကို အခုထက်ပိုမိုတိုးမြှင့်ဖို့၊ လေ့ကျင့်ပြင်ဆင်မှုတွေ ပိုမိုချောမွေ့အဆင်ပြေစေဖို့နဲ့ ရလဒ်ကောင်းတွေရရှိအောင် အကောင်းဆုံးပြင်ဆင်နိုင်ဖို့အတွက် ….
Sponsorship, Partnership နဲ့ Collaboration အင်အားတွေ ပိုမိုလိုအပ်နေပါတယ်။

ဒါကြောင့် Divine Era နဲ့အတူ MLBB Esports ခရီးကို အတူလျှောက်လှမ်းချင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေရှိမယ်ဆိုရင် လာရောက်ပူးပေါင်းလက်တွဲဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။

တူတူပေါင်းလက်တွဲဖို့ စိတ်ဝင်စားတယ်ဆိုရင် Divine Era Page ရဲ့ Messenger (ဒါမှမဟုတ်) [email protected] ကတစ်ဆင့်လည်း ဆက်သွယ်လို့ ရပါတယ်

———————

We are gearing up for our biggest challenges yet, and we need YOUR support! 🫱🏼‍🫲🏻

To stay at the top of our game, we’re looking for helping hands to improve our training facilities, gear, and overall performance. Every bit of support—whether sponsorship, partnerships, or resources—helps us push harder and compete stronger!

Want to be part of our journey? Let’s team up and make waves together! 🌊🔥

📩 DM us or reach out at [email protected]

02/03/2025

𝓦𝓮 𝓪𝓻𝓮 𝓺𝓾𝓪𝓵𝓲𝓯𝓲𝓮𝓭 𝓯𝓸𝓻 𝓜𝓢𝓛 𝓜𝓜 𝓢𝓮𝓪𝓼𝓸𝓷 1 🌟

ဒီနေ့ကစားခဲ့တဲ့ Open Qualifier နောက်ဆုံးအဆင့်ပွဲစဉ်မှာ အနိုင်ရလဒ်ရယူခဲ့ပြီဖြစ်လို့ Divine Era အနေနဲ့ MSL MM Season 1 - Regular Season မှာ ပါဝင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

See you at the MSL MM Season 1 Regular Season !!

01/03/2025

𝓣𝓲𝓶𝓮 𝓯𝓸𝓻 𝓽𝓱𝓮 𝓐𝓬𝓽𝓲𝓸𝓷 ⚔️

Divine Era အနေနဲ့ MLBB Super League - MSL MM Season 1 ရဲ့ Open Qualifier အဆင့်ကို ဒီနေ့ပဲစတင်ယှဉ်ပြိုင်ခဲ့ပါတယ်။

MSL MM Season 1 ရဲ့ Regular Season ကို Qualify ဖြစ်ဖို့အတွက် မနက်ဖြန်မနက် ၁၀ နာရီမှာ GOAT Esports အသင်းနဲ့ Best of 3 ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

25/02/2025

𝓓𝓲𝓿𝓲𝓷𝓮 𝓔𝓻𝓪 𝓸𝓷 𝓣𝓲𝓴𝓣𝓸𝓴 🎵🌟

Divine Era player တွေရဲ့အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေနဲ့အတူ မျှဝေသွားဖို့ Divine Era Esports ရဲ့ TikTok Account လေး ဖန်တီးထားပါတယ်။

Comment မှာပေးထားတဲ့ Link ကတစ်ဆင့် Follow လို့ရသလို လို့ရှာပြီးတော့လည်း Follow ထားလို့ရပါပြီ။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon