ESTY Tyre Service
Over 20 Years of successful service
03/05/2026
အာကာသထဲရောက်ခဲ့တဲ့ ကားတစ်စီး
၂၀၁၈ ခုနှစ်မှာ SpaceX ကုမ္ပဏီက Elon Musk ရဲ့ Tesla Roadster ကားကို "Starman" လို့ခေါ်တဲ့ အရုပ်လေးနဲ့အတူ အာကာသထဲ လွှတ်တင်ခဲ့ပါတယ်။ 🚀
SpaceX ကုမ္ပဏီက သူတို့ Falcon Heavy ဆိုတဲ့ ဒုံးပျံအသစ်ရဲ့ သယ်ဆောင်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် ကားကို အလေးချိန် အနေနဲ့ သုံးခဲ့တာပါ။ ရိုးရိုးကွန်ကရစ်တုံး၊ သံတုံးတွေ သုံးမယ့်အစား လူတွေပိုပြီး စိတ်ဝင်စားစရာဖြစ်အောင် ကားကို ပြောင်းလဲအသုံးပြုခဲ့တာ ဖြစ်ပါတယ်။✨
ကားရဲ့ Dashboard စခရင်မှာ "Don't Panic!" (မထိတ်လန့်ပါနဲ့) ❤️ ဆိုတဲ့ စာသားလေးကို ရေးထားပါတယ်။
🎵 ကားထဲမှာ David Bowie ရဲ့ "Life on Mars?" ဆိုတဲ့ သီချင်းကို Loop နဲ့ အဆက်မပြတ် ဖွင့်ထားခဲ့ပါတယ်။ 📻 (အာကာသထဲမှာ လေမရှိလို့ အသံတော့ မကြားရပါဘူးဗျ။)
🏎️ Dashboard ပေါ်မှာလည်း အဆိုပါကားရဲ့ ပုံစံတူ Hot Wheels အရုပ်ကားလေး တစ်စီးကိုပါ တင်ပေးလိုက်ပါသေးတယ်။ 🔍
☀️🌑လက်ရှိမှာတော့ အာကာသထဲက ပြင်းထန်တဲ့ အပူချိန်ပြောင်းလဲမှုတွေကြောင့် ကားလေးက အခုချိန်မှာ အတော်လေးကိုပျက်စီးနေလောက်ပြီလို့ SpaceX ကုမ္ပဏီက ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ 😢
02/05/2026
✨ ကားပြင်ဆင်မှုနဲ့ တာယာလဲလှယ်မှုအတွက် စိတ်ပူနေစရာ မလိုတော့ပါ ❗
လူကြီးမင်းတို့ရဲ့ ကားတွေကို စစ်ဆေးဖို့၊ ပြင်ဆင်ဖို့ ဒါမှမဟုတ် အရည်အသွေးမြင့် တာယာအသစ်တွေ ဝယ်ယူတပ်ဆင်ဖို့ စီစဉ်နေပြီလား။ 🤔
ESTY ရဲ့ ဝန်ဆောင်မှုကောင်းတွေကို ရယူချင်ပေမယ့် ဘယ်ဆိုင်ခွဲက အနီးဆုံးဖြစ်မလဲ၊ ဘယ်လို လာရောက်ရမလဲဆိုတာ စိတ်ရှုပ်ထွေးနေပါသလား။ 🤷
စိတ်ပူစရာမလိုတော့ပါဘူး! ဒီpost လေးက အခက်အခဲတွေကို ဖြေရှင်းပေးမှာပါ။ 😊
ဒီပို့စ်အောက်မှာ ဖော်ပြထားတဲ့ ပုံလေးတွေကို တစ်ပုံချင်းစီ သေချာကြည့်ရှုပြီး လာရောက်ရမယ့် လမ်းညွှန်ချက်တွေကို ဖတ်ကြည့်ပေးပါ ခင်ဗျာ။ လူကြီးမင်းအတွက် အနီးဆုံး ESTY ဆိုင်ခွဲကို အခုပဲ လာရောက်နိုင်ပါပြီ။ 🚗
🛠 ESTY မှာ ခေတ်မီစက်ကိရိယာတွေနဲ့အတူ ကားပြုပြင်ရေးကျွမ်းကျင်သူများ က အသေးစိတ် စစ်ဆေးပြုပြင်ပေးနေပါတယ်။
ဒါ့အပြင် အရည်အသွေးအကောင်းဆုံး တာယာမျိုးစုံကိုလည်း စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ 🤩
လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အကောင်းဆုံး ဝန်ဆောင်မှုနဲ့ ပြန်လည်ပေးဆပ်ဖို့ အသင့်ရှိနေပါတယ်။ ✔️
ESTY မှာ အကောင်းဆုံး စိတ်ကျေနပ်မှုကို ရယူလိုက်ပါ ✨
01/05/2026
လုပ်ငန်းခွင်အသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ကမ္ဘာကြီးကို တိုးတက်အောင် ဖန်တီးပေးနေကြသည့် အလုပ်သမားများကို ESTY မှ ဂုဏ်ပြုပါတယ်ခင်ဗျာ 💪
30/04/2026
ကဆုန်လပြည့် ဗုဒ္ဓနေ့ရဲ့ အေးမြတဲ့ အရိပ်အာဝါသအောက်မှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပြီး ကောင်းမှုကုသိုလ်များ ပြုနိုင်ကြပါစေလို့ ESTY မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ 🙏
29/04/2026
နေပူဒဏ်ကြောင့် ထိခိုက်နိုင်တဲ့ ကားရဲ့အစိတ်အပိုင်း (၅) ခု
☀️ဒီလို အပူချိန်မြင့်မားတဲ့ ရာသီဥတုမှာ ကားကို ပစ်ထားလို့ မရပါဘူး။ အပူဒဏ်ကြောင့် အမြန်ဆုံး ပျက်စီးနိုင်တဲ့ ကားရဲ့ အစိတ်အပိုင်း (၅) ခုကို သိထားပြီး ကြိုတင်ကာကွယ်ကြရပါခင်ဗျာ။
1️⃣ နေပူဒဏ်ကြောင့် တာယာအတွင်းက လေဖိအား မြင့်တက်လာပါတယ်။ တာယာအဟောင်းတွေဆိုရင် ပေါက်ကွဲနိုင်ပါတယ်။
2️⃣ ပြင်းထန်တဲ့ အပူချိန်က ဘက်ထရီအတွင်းက အရည်တွေကို အငွေ့ပျံစေပြီး ဘက်ထရီသက်တမ်းကို လျင်မြန်စွာ လျော့ကျစေသလို ကားစက်နှိုးရ ခက်ခဲစေပါတယ်။
3️⃣ အပူချိန် အရမ်းများတဲ့အခါ အင်ဂျင်ဝိုင်တွေ စောစီးစွာ ပျက်စီး (Breakdown) နိုင်ပါတယ်။ ဒီအခါမှာ အင်ဂျင်အတွင်းပိုင်း ပွတ်တိုက်မှုကို ကာကွယ်ပေးနိုင်စွမ်း နည်းသွားပြီး အင်ဂျင်ကို ထိခိုက်စေပါတယ်။
4️⃣ အင်ဂျင်ကို အေးအောင်လုပ်ပေးတဲ့ Radiator နဲ့ Coolant တွေက အပူချိန်လွန်ကဲတဲ့အခါ အလုပ်ပိုလုပ်ရပါတယ်။ Radiator မကောင်းရင် Engine Overheat (အင်ဂျင်ပူလွန်းခြင်း) ဖြစ်ပြီး ကားလမ်းမှာ ရပ်သွားနိုင်ပါတယ်။
5️⃣ နေရောင်ခြည်က ဝိုက်ပါ (Wipers) နဲ့ ကားတံခါး၊ ပြတင်းပေါက်က ရော်ဘာအကန့်တွေကို ကြွပ်ဆတ်ပြီး အက်ကွဲစေနိုင်ပါတယ်။
🚗 လူကြီးမင်းတို့ရဲ့ ကားတွေကို စစ်ဆေးချင်တယ်၊ ပြုပြင်ချင်တယ်ဆိုရင်တော့ ESTY ဆိုင်ခွဲတွေကို ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ 🤗
🏪 ESTY မှာ အကောင်းဆုံး စိတ်ကျေနပ်မှုကို ရယူလိုက်ပါ ✨
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️
28/04/2026
ESTY ဆိုင်ခွဲတွေမှာ အောက်ပါ အရည်အသွေးကောင်းပြီး စျေးနူန်းသင့်တင့်တဲ့ တာယာများကို ရရှိနိုင်ပါပြီ ခင်ဗျာ ^_^
# Michelin
# BFGoodrich
# KINTO
# YOKOHAMA
# DUNLOP
# PRINX
# CONTENTIAL
# WESTLAKE
# SAILUN
# JK
# FORTUNE
# BRIDGESTONE
# MAXXIS
# DEESTONE
# KENDA
# TOYO
# YANGON
ဆိုင်ခွဲတွေရဲ့ လိပ်စာလေးတွေကတော့ -
ESTY Mishop (1)
အမှတ်(၁၁)၊ ပန်းခြံလမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-250520267
ESTY Mishop (2)
အမှတ် (၆၂) ၊ အောင်ဇေယျလမ်း၊ ၊ ကျောက်ကုန်း ၊ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-2150650 ၊ 09-783838330
ESTY Mishop (3)
အမှတ် (၄/၂) ၊ သံသုမာလမ်းမကြီး ( ခွာညိုလမ်းထိပ် )၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-795997991
ESTY 4
အမှတ်(H1 -6 )၊ သီရိရတနာ လက်လီလက်ကားစျေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-455752832
26/04/2026
ဂျာမနီနိုင်ငံရဲ့ Autobahn အမြန်လမ်းပေါ်မှာ ဆီကုန်လို့ ကားရပ်လိုက်ရတာဟာ သာမန်ကိစ္စမဟုတ်ဘဲ ဥပဒေနဲ့မကင်းတဲ့ လုပ်ရပ် တစ်ခုဖြစ်ပါတယ်။ 🇩🇪
🔺 ဂျာမန်ဥပဒေအရ ဆီကုန်ခြင်းဟာ စက်ချို့ယွင်းချက် (Emergency) မဟုတ်ဘဲ မောင်းနှင်သူရဲ့ "ကြိုတင်ပြင်ဆင်မှုမရှိတဲ့ ပေါ့ဆမှု" လို့ သတ်မှတ်ပါတယ်။
🔺 ဆီသွားဝယ်ဖို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်တာဟာလည်း အလွန်အန္တရာယ်များတဲ့အတွက် တရားမဝင်ပါဘူး။
🔺 အခြေအနေပေါ်မူတည်ပြီး ယူရို ၃၀ မှ ၇၀ ကြား ဒဏ်ရိုက်ခံရနိုင်သလို လိုင်စင်မှာလည်း အပြစ်ပေးမှတ် (Points) အဖြတ်ခံရနိုင်ပါတယ်။
👨⚖️ ဒီလို ဥပဒေကို သက်မှတ်ထားတဲ့ အဓိက အကြောင်းရင်းကတော့ အရှိန်ကန့်သတ်ချက်မရှိတဲ့ လမ်းမပေါ်မှာ ရပ်ထားတဲ့ကားဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ "အတားအဆီး" တစ်ခု ဖြစ်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။
🚘 ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေ နဲ့ အကြံပေးချက်တွေကို အပတ်စဉ် တင်ပေးနေမှာဖြစ်လို့ ESTY Tyre Service page ကို follow လုပ်ထားဖို့ မမေ့ပါနဲ့ခင်ဗျာ 🤗
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️
24/04/2026
🔋 ဘက်ထရီငုတ်တိုင်တွေမှာ တွေ့ရတတ်တဲ့ အဖြူရောင် ဒါမှမဟုတ် အစိမ်းရောင် အမှုန်တွေဟာ ဘက်ထရီအက်ဆစ်ငွေ့နဲ့ သတ္တုဓာတ်ပြုရာကဖြစ်လာတဲ့ "ချေး" တွေဖြစ်ပါတယ်။
⚠️ ဒါတွေကို အချိန်မီ မသန့်ရှင်းရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး (၄) ချက်ကတော့ -
🔴 ချေးတွေက လျှပ်စစ်စီးဆင်းမှုကို ခုခံထားတာကြောင့် စက်နှိုးမော်တာဆီ အားအပြည့်မရောက်တော့ဘဲ စက်နှိုးရခက်ခဲလာပါတယ်။
🔴 အားသွင်းစနစ်ကို အနှောင့်အယှက်ပေးလို့ ဘက်ထရီက အားအပြည့်မရဘဲ အမြဲအားနည်းနေပြီး သတ်မှတ်သက်တမ်းထက် စောပျက်စီးတတ်ပါတယ်။
🔴 ဒိုင်ခွက်ပေါ်က Sensorတွေ Error ပြတာနဲ့ အဲကွန်း ပုံမှန် အလုပ်မလုပ်တာတို့ ဖြစ်နိုင်ပါတယ်။
🔴 အားသွင်းရ ခက်ခဲလေလေ ဒိုင်နမိုက ပိုအလုပ်လုပ်ရလေဖြစ်လို့ ကြာလာရင် ဒိုင်နမိုပါ လဲရတဲ့အထိ ကုန်ကျစရိတ် များနိုင်ပါတယ်။ 🛠️
ကားဘက်ထရီမှာ ဒီလိုအမှုန်တွေ တွေ့နေရပြီဆိုရင် စိတ်ချရအောင် ကျွမ်းကျင်သူနဲ့ စစ်ဆေးဖို့ လိုအပ်ပါတယ် ခင်ဗျာ။ 👨🔧
🚗 လူကြီးမင်းတို့ရဲ့ ကားတွေကို စစ်ဆေးချင်တယ်၊ ပြုပြင်ချင်တယ်ဆိုရင်တော့ ESTY ဆိုင်ခွဲတွေကို ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ 🤗
🏪 ESTY မှာ အကောင်းဆုံး စိတ်ကျေနပ်မှုကို ရယူလိုက်ပါ ✨
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️
22/04/2026
ESTY MI SHOP တာယာဆိုင်မှ ကြိုဆိုပါတယ်ခင်ဗျာ 🙏🙏🙏
📌 တာယာလဲချင်တာလား?
📌 ဘက်ထရီလဲချင်တာလား?
📌 အင်ဂျင်ဝိုင်လဲမလား?
📌 အလိုင်းမင်းချိန်မလား?
📌 ကားအောက်ပိုင်းစစ်မလား၊ ပြုပြင်မလား?
ဘာပဲလိုလို ESTY Mishop တွေမှာ ရရှိနိင်ပါပြီ ခင်ဗျာ 👍
ESTY တာယာဆိုင်များတွင် ဝယ်ယူပါက အောက်ပါ Services များကိုလည်း " အခမဲ့ " ခံစားခွင့် ရရှိနိင်ပါတယ်ခင်ဗျ 😍
👉 နိုက်ထရိုဂျင် ( N2 ) အခမဲ့ထိုးပေးခြင်း၊
👉 တာယာဖြုတ်/တပ် အခမဲ့ဝန်ဆောင်မှုပေးခြင်း၊
👉 တာယာ ရှေ့နောက် ချိန်းပေးခြင်း၊
👉 ကား အောက်ပိုင်းများအား စစ်ဆေးပေးခြင်း၊
👉 Car Alignment အခမဲ့ချိန်ပေးခြင်း
စတဲ့ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ် ခင်ဗျာ။
ဆိုင်ခွဲလိပ်စာများကတော့...
ESTY Mishop (1)
အမှတ်(၁၁)၊ ပန်းခြံလမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-250520267
ESTY Mishop (2)
အမှတ် (၆၂) ၊ အောင်ဇေယျလမ်း၊ ၊ ကျောက်ကုန်း ၊ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-2150650 ၊ 09-783838330
ESTY Mishop (3)
အမှတ် (၄/၂) ၊ သံသုမာလမ်းမကြီး ( ခွာညိုလမ်းထိပ် )၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-795997991
ESTY 4
အမှတ်(H1 -6 )၊ သီရိရတနာ လက်လီလက်ကားစျေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09-455752832
20/04/2026
😪 သင်္ကြန်ပိတ်ရက်ရှည်မှာ ခရီးဝေးတွေမောင်းနှင်ခဲ့တာ၊ ရေပက်ခံထွက်ခဲ့တာတွေကြောင့် လူကြီးမင်းတို့ရဲ့ ကားလေးက လူလိုပဲ ပင်ပန်းနေနိုင်ပါတယ် နော်။
ရုံးပြန်တက်ရတဲ့နေ့တွေ ရောက်လာပြီဆိုတော့ လမ်းမှာ ကားပြဿနာတစ်ခုခုကြောင့် အလုပ်သွား/အိမ်ပြန်နောက်ကျတာတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မရှိရလေအောင် ESTY မှာ လာရောက်စစ်ဆေးကြည့်ပါဦးလို့ တိုက်တွန်းပါရစေ ခင်ဗျာ။ 😊
✅ ESTY မှာ လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ကမ္ဘာကျော် တာယာ Brand ပေါင်းစုံကိုလည်း အရည်အသွေးစိတ်ချရမှုအပြည့်နဲ့ ရရှိနိုင်ပါတယ်။
"လူကြီးမင်းတို့ကားတွေကို စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ဖို့ တာယာအသစ်လဲမလား၊ ကားပဲစစ်ဆေးမလား... အားလုံးအတွက် ESTY က အဆင်သင့်ရှိနေပါပြီ။" 👨🔧
17/04/2026
မြန်မာနှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယမှာ ESTY ရဲ့ Customer များနှင့်တစ်ကွ မြန်မာပြည်သူ/သား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး နှစ်သစ်မှာ သွားလေရာခရီးတိုင်း ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့ပါစေလို့ ESTY မိသားစုက ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ 🥰
Click here to claim your Sponsored Listing.
Category
Website
Address
No 11, Panchan Street, Myaynigoe Township
Yangon
11061