AM Laptop Center

AM Laptop Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AM Laptop Center, Computer shop, အမှတ် ( 58 )/ပထမထပ်/( 123 ) လမ်း/မင်္ဂလာတောင်ညွှန့်မြို့နယ်/မင်္ဂလာဈေးအနီး/ရန်ကုန်မြို့ ။, Yangon.

Grade A Good Second Laptop အစုံအလင်ကို ယုံကြည်စိတ်ချစွာ ဝယ်ယူချင်တယ်ဆိုရင်တော့ ပစ္စည်းမှန်/ဈေးတန် အာမခံ ( ၁ ) နှစ်အပြင် ( ၁၄ ) ရက် အစမ်းသုံးခွင့်ပေးပြီး ရောင်းချပေးနေတဲ့ AM LAPTOP CENTER သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။

01/06/2026

အသုံးမဝင်သလို ခံစားရပေမဲ့ တကယ်တော့ အသုံးဝဝင်နေတဲ့ လန်းလွန်းတဲ့ AI Website ၃၀

1. raphael. ai — AI နဲ့ ပုံတွေ အလကား စိတ်ကြိုက်ဆွဲလို့ရတယ်။ ပုံထွက်က Midjourney နီးပါး လန်းတယ်။
2. krea.ai — Live AI ပုံဆွဲတာ။ ကိုယ်က တစ်ဖက်က ဆွဲနေရင်း အချိန်နဲ့တပြေးညီ ပုံထွက်လာတာ။
3. magnific.ai — AI နဲ့ ပုံတွေကို အနုစိတ် အကြီးကြီးချဲ့တာ။ ပျောက်နေတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ အလိုအလျောက် ဖြည့်ပေးတယ်။
4. clipdrop.co — AI သုံးပြီး Background ဖြတ်မလား၊ အလင်းအမှောင်ပြင်မလား၊ မလိုတာတွေ ဖျက်မလား... တစ်ချက်နှိပ်ရုံပဲ။
5. elevenlabs.io — AI အသံတုလုပ်တာ။ ဘယ်သူ့အသံမဆို ၅ စက္ကန့်လောက် နားထောင်ပြီးတာနဲ့ လိုက်တုပေးနိုင်တယ်။
6. suno.com — သီချင်းစာသားလေး ရိုက်ထည့်လိုက်ရုံနဲ့ သီချင်းတစ်ပုဒ်လုံး အလိုအလျောက် လုပ်ပေးတာ။
7. runwayml.com — AI Video လောကရဲ့ ဆရာကြီး။ Gen-3 ကို အလကား စမ်းသုံးလို့ရတယ်။
8. klingai.com — Kuaishou ရဲ့ Kling AI။ တရုတ်စာနဲ့ Video ထုတ်ရင် အချောဆုံးပဲ။
9. hedra.com — ဓာတ်ပုံတစ်ပုံရယ်၊ အသံဖိုင်တစ်ခုရယ် ရှိရင် စကားပြောတဲ့ Digital လူသားအဖြစ် ပြောင်းပေးတယ်။
10. sadtalker. ai — ငြိမ်နေတဲ့ ဓာတ်ပုံတွေကို စကားပြောတဲ့ Video ဖြစ်အောင် လုပ်ပေးတာ။
11. cursor.sh — AI နဲ့ Code ရေးတာ။ နေ့စဉ်သုံးဖို့ Free quota က အလုံအလောက်ပဲ။
12. bolt.new — စကားပြောရုံနဲ့ Website ဆောက်ပေးတာ။ Code ရေးစရာ လုံးဝမလိုဘူး။
13. v0.dev — Vercel ရဲ့ AI Frontend ဆောက်ပေးတဲ့ကောင်။ ကိုယ်လိုချင်တာ ပြောလိုက်တာနဲ့ Page ထွက်လာရော။
14. replit.com — Browser ထဲမှာတင် Code ရေး၊ AI အကူအညီယူပြီး တစ်ချက်တည်းနဲ့ Deploy လုပ်လို့ရတယ်။
15. napkin.ai — စာတွေကို Copy-Paste လုပ်လိုက်ရုံနဲ့ Infographic (အချက်အလက်ပြပုံရိပ်) အလှလေးတွေ ပြောင်းပေးတာ။
16. gamma.app — AI နဲ့ PPT တွေကို တစ်ချက်တည်းနဲ့ ဆွဲပေးတာ။ Presentation လုပ်ရတဲ့ ဒုက္ခကနေ ဝေးဝေးပြေးလို့ရပြီ။
17. notion.so/product/ai — Notion AI က အလကား စာရေးပေးတယ်၊ အနှစ်ချုပ်ပေးတယ်၊ ဘာသာပြန်ပေးတယ်။
18. tldraw.com/make-real — ပုံကြမ်းလေး ဆွဲလိုက်တာနဲ့ AI က တကယ့် Website အစစ်အဖြစ် ပြောင်းပေးတာ။
19. perplexity.ai — AI Search Engine။ ဘာမေးမေး စက္ကန့်ပိုင်းအတွင်း အဖြေရော၊ သတင်းမြစ် (Source) ပါ ရှာပေးတယ်။
20. phind.com — Developer တွေအတွက် သီးသန့် AI Search။ Code ပြဿနာတွေကို ရှာလိုက်တာနဲ့ ချက်ချင်း ရှင်းပေးတယ်။
21. otter.ai — Meeting လုပ်နေတုန်း အသံကို စာသားအဖြစ် တိုက်ရိုက်ပြောင်းပေးတာ။ တစ်လကို မိနစ် ၃၀၀ Free ရတယ်။
22. opus.pro — AI နဲ့ Video အတို (Shorts) ဖြတ်တာ။ Quality အကောင်းဆုံး အပိုင်းတွေကို အလိုအလျောက် ရှာပေးတယ်။
23. poe.com — Website တစ်ခုတည်းမှာတင် GPT-4o၊ Claude၊ Gemini အကုန်လုံးကို အလကား သုံးလို့ရတယ်။
24. huggingface.co/spaces — Open source AI Model တွေကို အလကား ဝင်ဆော့လို့ရတဲ့ ကွင်းပြင်ကြီး။
25. remove.bg — AI နဲ့ နောက်ခံ (Background) ကို ၁ စက္ကန့်အတွင်း ဖျက်ပေးတာ။
26. cleanup.pictures — ဓာတ်ပုံထဲက မလိုချင်တဲ့ အရာမှန်သမျှကို AI နဲ့ အစအနပျောက် ဖျက်ပစ်တာ။
27. deepswap .ai — AI မျက်နှာပြောင်းတာ (Face swap)။ ၁ မိနစ်အတွင်း ပုံအသစ် ထွက်လာမယ်။
28. musiio.com — AI သီချင်း Tag ပေးတာနဲ့ သီချင်းညွှန်းပေးတဲ့စနစ်။
29. jasper.ai/free — AI စာရေးလက်ထောက်။ Free version နဲ့တင် နေ့စဉ်သုံးဖို့ အဆင်ပြေတယ်။
30. claude.ai — Anthropic ရဲ့ Free AI လက်ထောက်။ စာရှည်ကြီးတွေ ဖတ်ပြီး အလုပ်လုပ်တဲ့နေရာမှာတော့ ဆရာကြီးပဲ။

Photos from AM Laptop Center's post 31/05/2026

ကျွန်တော်တို့ဆီက Laptop တွေကို Quality ရော၊ Service ရော ယုံကြည်လို့ စိတ်ကြိုက်ရွေးချယ် ဝယ်ယူသွားကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

​Laptop အသုံးပြုတဲ့အခါမှာပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ မေးမြန်းချင်တာပဲဖြစ်ဖြစ် ရောင်းချပေးရုံတင်မဟုတ်ဘဲ ဝယ်ယူပြီးနောက်ပိုင်းမှာပါ အမြဲအနားမှာရှိနေပေးမှာမို့ လုံးဝ စိတ်အေးလက်အေး အသုံးပြုနိုင်ပါတယ်ခင်ဗျာ။

​အခုလို ယုံကြည်မှုအပြည့်နဲ့ အားပေးခဲ့တဲ့အတွက် တန်ဖိုးထားဂုဏ်ယူရပါတယ်။ ဝယ်ယူသွားတဲ့ Laptop လေးနဲ့အတူ စီးပွားရေး၊ လူမှုရေး လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းပါစေခင်ဗျာ။ 🙏💻

Photos from AM Laptop Center's post 30/05/2026

🔥 Stock အကုန်အမြန်ဆုံးနဲ့ လူကြိုက်အများဆုံး Dell Latitude 5490! 💻✨
​လက်ရှိမှာ လူကြိုက်အလွန်များနေပြီး Stock အကုန်အမြန်ဆုံးစာရင်းထဲမှာ ပါဝင်နေတဲ့ Dell Latitude 5490 လေး ရောက်ရှိလို့နေပါပြီ ✨။

ဒီ Laptop က Performance ပိုင်းမှာရော ကိုယ်ထည်အကြမ်းခံမှုပိုင်းမှာပါ စိတ်ချရတာကြောင့် ရုံးလုပ်ငန်းသုံးဖို့ပဲဖြစ်ဖြစ်၊ ကျောင်းစာလုပ်ဖို့ပဲဖြစ်ဖြစ် တကယ့်ကို ကွက်တိဖြစ်စေမယ့် အမျိုးအစားပဲဖြစ်ပါတယ် 💼🎓။
ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူသလို Battery Life ကလည်း တောင့်တင်းတာကြောင့် အလုပ်ခွင်မှာဖြစ်စေ၊ စာသင်ခန်းထဲမှာဖြစ်စေ အဆင်ပြေပြေနဲ့ အလုပ်တွင်စေမှာပါ 🔋💻။

💻 Dell Latitude 5490
▫️Intel Core i5 - 8 th Gen
▫️RAM - 16 GB_DDR4
▫️SSD - 256 GB NVme
▫️Intel UHD Graphics - 8 GB
▫️Resolution - ( 1920 × 1080 ) FHD
▫️Wi-Fi , HD Camera , Bluetooth
▫️HDMI , LAN , VGA , Type-C Port , EarPods
▫️Windows 10 Pro ( 64 Bit )
▫️Screen size - 14"
▫️Colour - Black
▫️( 1 ) Year Warranty
▫️Lifetime Free Service Warranty
▫️Free Software Installation
☑️ Promotion Price - 1,069,000 Ks

အခုလို လူကြိုက်များလွန်းတဲ့ Model မျိုးက ပစ္စည်းပြတ်လပ်တာ အရမ်းမြန်တတ်လို့ လက်မနှေးဘဲ အမြန်ဆုံး အပိုင်ယူထားဖို့ တိုက်တွန်းချင်ပါတယ် bruh! 😉🚀

Photos from AM Laptop Center's post 27/05/2026

🔥 Lenovo V14 G4 (Intel Core i7 - 13th Gen) — အမိုက်စား စွမ်းဆောင်ရည်ကို ဈေးနှုန်းအသင့်အတင့်နဲ့ ရယူပါ 🔥

High performance ရချင်တယ်၊ စျေးနှုန်းလည်း အရမ်းမများစေချင်ဘူးဆိုရင်တော့ ဒီကောင်လေးက အကောင်းဆုံး ရွေးချယ်မှုပါပဲ။ အားကောင်းတဲ့ i7 13th Gen အပြင် RAM 16GB နဲ့ HDD 1TB + SSD 256GB ပါဝင်လို့ Storage ပိုင်းကော အမြန်နှုန်းပိုင်းကော စိတ်ကြိုက်ဖြစ်စေရမယ်။

🌟 Specifications:
CPU: Intel Core i7 13th Gen
RAM: 16 GB DDR4
Storage: SSD 256 GB + HDD 1 TB
Graphics: Intel Iris XE Graphics 8 GB
Display: 14” FHD (1920*1080)
Warranty: 1 Year Warranty
🎁 လက်ဆောင် (၆) မျိုး ပါဝင်ပါသည်
💵 Promotion Price: 2,399,000 Ks

ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery ရှိသလို နယ်မှ ဝယ်ယူလိုသော လူကြီးမင်းများကိုလည်း ကားဂိတ်အထိ သေချာထုပ်ပိုးပြီး ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

📍 ဆိုင်လိပ်စာ: No.58, First Floor, 123st, Mingalar Taung Nyunt, Yangon.
📞 ဖုန်းနံပါတ်: 09 427788848, 09 51443464

26/05/2026

💻 Laptop တစ်လုံးဝယ်တော့မယ်ဆိုရင်
“Generation” ကြည့်သင့်လား❓
“Intel Core” ကြည့်သင့်လား❓

တကယ်တော့…
၂ ခုလုံးကြည့်ရပါတယ်။ ဒါပေမယ့် “ဘယ်ဟာပိုအရေးကြီးလဲ” ဆိုတာ သိထားရင် Laptop ရွေးတဲ့အချိန် အမှားနည်းသွားမယ် 👌

📌 Intel Core ဆိုတာဘာလဲ?
ဒါက CPU Level / Power Level ပါ။

ဥပမာ👇
• Core i3 = Basic Use
• Core i5 = Normal / Office / Gaming / Editing
• Core i7 = Heavy Work / High Performance
• Core i9 = Professional Level 🔥

အဲ့တော့ “Core” က Laptop ရဲ့ အင်အားကိုပြတာ 💪

━━━━━━━━━━━━━━━

📌 Generation ဆိုတာဘာလဲ?
Generation က “ဘယ်နှစ်ခုမြောက် Technology” လဲဆိုတာပြတာပါ။

ဥပမာ👇
i5-7th Gen
i5-10th Gen
i5-12th Gen

ဒီထဲမှာ “12th Gen” က ပိုသစ်ပြီး
ပိုမြန်၊ Battery ပိုကောင်း၊ Heat ပိုသက်သာတတ်ပါတယ် ⚡

━━━━━━━━━━━━━━━

🔥 အရေးကြီးတာက…

i5-12th Gen > i7-7th Gen ဖြစ်နိုင်ပါတယ် 😳

ဘာလို့လဲဆိုတော့
Generation အသစ်တွေက Technology ပိုမြင့်လာလို့ပါ။

ဒါကြောင့် Core ကြီးတိုင်း မကောင်းနိုင်ဘူး❌
Generation အသစ်လည်း ကြည့်ဖို့လိုတယ်✅

━━━━━━━━━━━━━━━

📌 Laptop ဝယ်တဲ့အခါ ဒီလိုရွေး👇

🎓 Student / Office Use
➡️ i5 8th Gen အထက်

🎨 Editing / Design / Gaming
➡️ i5/i7 10th Gen အထက်

🚀 Heavy Multitasking / Professional Use
➡️ i7 /New Gen

━━━━━━━━━━━━━━━

💡 အဆုံးသတ် Advice

“Intel Core” က Performance Level
“Generation” က Technology Age

၂ ခုလုံး Balance ဖြစ်မှ
Laptop တစ်လုံးက တန်ပြီး အသုံးခံမှာပါ 💯

Laptop ဝယ်ခါနီး Confuse ဖြစ်နေတဲ့သူတွေ Save ထားပါ 📌

#သိထားသင့်

Photos from AM Laptop Center's post 25/05/2026

Premium 2-in-1 Laptop - HP Elitebook x360 830 G8 ✨
High Performance နဲ့ Luxury Design ကိုမှ ရှာနေတဲ့သူတွေအတွက် ပါးပါးလျလျနဲ့ အထာကျတဲ့ HP Elitebook x360 ကို မိတ်ဆက်ပေးပါရစေ။

ဒီ Laptop က 360° Foldable ဖြစ်လို့ အလုပ်လုပ်တဲ့အခါ Laptop အဖြစ်သုံးမလား၊ အပန်းဖြေတဲ့အခါ Tablet အဖြစ်သုံးမလား... ကိုယ့်စိတ်ကြိုက် ပုံစံပြောင်းသုံးလို့ရပါတယ်။ အထူးခြားဆုံးအချက်ကတော့ HP Original Pen ပါဝင်လာတာကြောင့် Drawing ဆွဲတာပဲဖြစ်ဖြစ်၊ Meeting တွေမှာ မှတ်စုရေးတာပဲဖြစ်ဖြစ် လက်ချောင်းလေးတွေထက် ပိုမိုတိကျတဲ့ အထိအတွေ့ကို ပေးစွမ်းနိုင်မှာပါ။

🔥 Key Specifications

Processor: Intel Core i7 11th Gen (Performance ပိုင်း အလန်းစား)

Memory: 16GB DDR4 RAM (Multi-tasking အတွက် အေးဆေးပဲ)

Storage: 512GB NVMe SSD (အဖွင့်အပိတ် မြန်ဆန်မှုရဲ့ ထိပ်တန်း)

Display: 13.3" FHD (1920*1080) Touch Screen

Special: HP Original Pen ပါဝင်ပြီးသား (သီးသန့်ဝယ်စရာမလို)

Graphics: Intel Iris XE Graphics 8GB

💰 စျေးနှုန်:

Promotion Price: 2,069,000 Ks
Normal Price - 2,199,000 Ks

🎁 အထူးလက်ဆောင်များ

အသုံးဝင်မယ့် လက်ဆောင် (၆) မျိုး လက်ငင်းရရှိမှာဖြစ်ပြီး Warranty (၁) နှစ် အပြည့်ပါဝင်လို့ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ပါတယ်။

📍 ဆိုင်လိပ်စာ:

အမှတ် (၅၈)၊ ပထမထပ်၊ ၁၂၃ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

📞 အသေးစိတ်မေးမြန်းရန်:

09 427788848, 09 951443464

23/05/2026

🔥 မြင်သူတိုင်း ငေးစေမယ့် "Design" နဲ့ ကိုင်သူတိုင်း ကြွေစေမယ့် "Quality" - Dell Latitude 7330 💎

​အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ Professional ဖြစ်တဲ့ ပုံရိပ် ကို အပြည့်အဝ ပံ့ပိုးပေးမယ့် Laptop ကောင်းကောင်းတစ်လုံး ရှာနေတယ်ဆိုရင်တော့ ဒီ Dell Latitude 7330 က အဖြေပါပဲ။ 💼✨

​သူ့ရဲ့ Body တစ်ခုလုံးကို Aluminium နဲ့ Carbon Fiber 🛡️ တို့လို အဆင့်မြင့်ပစ္စည်းတွေနဲ့ပဲ တည်ဆောက်ထားလို့ ခိုင်ခံ့မှုရှိရုံတင်မကဘဲ ကိုင်လိုက်တာနဲ့ တကယ့်ကို ထူးခြားတဲ့ Premium အထိအတွေ့ကို ခံစားရမှာပါ။ 🙌
ပါးပါးကျစ်ကျစ်နဲ့ Sleek ဖြစ်တဲ့ ဒီဇိုင်းကြောင့် ဘယ်သွားသွား ကိုယ့်ရဲ့ စတိုင်ကို ပိုပြီး ပေါ်လွင်စေမှာ အသေအချာပါပဲ။ ✨

​အထူးခြားဆုံးကတော့ မြင်သူတိုင်း ငေးလောက်တဲ့ သူ့ရဲ့ Display ပါပဲ။အရောင်အသွေး စိုစိုပြည်ပြည်နဲ့ ကြည်လင်တောက်ပ 💎 လွန်းတာကြောင့် အလုပ်လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်တဲ့အခါမှာပဲဖြစ်ဖြစ် အရင်ကထက် ပိုမိုကောင်းမွန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ 🎬

💻 Dell Latitude 7330
▫️Intel Core i5 - 12th Gen
▫️RAM - 16 GB_DDR4
▫️SSD - 256 GB NVme
▫️Intel Iris XE Graphics - 8 GB
▫️Resolution - ( 1920 × 1080 ) FHD
▫️Wi-Fi , HD Camera , Bluetooth
▫️HDMI , Type-C Port , EarPods
▫️Keyboard Light
▫️Windows 11 Pro ( 64 Bit )
▫️Screen size - 13.3"
▫️Colour - Gray
▫️( 1 ) Year Warranty
▫️Lifetime Free Service Warranty
▫️Free Software Installation
☑️ Promotion Price - 1,729,000 Ks

ခရီးသွားရင်း အလုပ်လုပ်တတ်သူတွေအတွက်လည်း သယ်ရတာ ပေါ့ပါးလွန်းလို့ အဆင်ပြေဆုံးဖြစ်မှာနော်။ 🚀
​စွမ်းဆောင်ရည်ရော၊ အမြင်အာရုံမှာပါ စွဲမက်စရာကောင်းတဲ့ Laptop တစ်လုံးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ လှမ်းခဲ့လိုက်တော့နော်! 🔥💯

23/05/2026

🚀 RAM ဆိုတာ ဘာလဲ?

ဖုန်း သိုမဟုတ် ကွန်ပျူတာ ဝယ်တဲ့အခါ RAM ဘယ်လောက်ပါလဲဆိုတာကို အမြဲကြည့်ကြပါတယ်။ ဒါပေမဲ့ RAM က တကယ်တမ်း ဘာလုပ်ပေးတာလဲ? 🧐

၁။ သူက "ယာယီ" မှတ်ဉာဏ်ပါ ⏳
RAM ဆိုတာ Random Access Memory ရဲ့ အတိုကောက်ပါ။ သူက စက်ပွင့်နေစဉ်အတွင်းမှာပဲ အလုပ်လုပ်ပါတယ်။ စက်ပိတ်လိုက်ရင် သူ့ထဲက အချက်အလက်တွေ အကုန်ပျက်သွားတာမို့ "ယာယီမှတ်ဉာဏ်" လို့ ခေါ်တာပါ။

၂။ စားပွဲခုံနဲ့ တူပါတယ် 🛋
RAM ကို အလုပ်လုပ်တဲ့ စားပွဲခုံလို မြင်ကြည့်ပါ။ Storage (SSD/HDD) ကတော့ ပစ္စည်းတွေသိမ်းတဲ့ ဗီရိုပါ။ ဗီရိုထဲက ပစ္စည်းကို ထုတ်သုံးဖို့က ကြာပါတယ်။ ဒါကြောင့် ခဏခဏ သုံးမယ့် ပစ္စည်းတွေကို စားပွဲပေါ် (RAM) တင်ထားလိုက်ရင် အလုပ်လုပ်ရတာ ပိုမြန်သွားပါတယ်။ စားပွဲခုံ ကျယ်လေလေ (RAM များလေလေ) အလုပ်တွေ အများကြီး တစ်ပြိုင်တည်း တင်လုပ်နိုင်လေလေပါပဲ။

၃။ Multitasking ရဲ့ ဘုရင် 👑
App တွေ တစ်ခုပြီးတစ်ခု ကူးသုံးတာ၊ Browser မှာ Tab တွေ အများကြီး ဖွင့်ထားတာမျိုးတွေက RAM ပေါ်မှာ မူတည်ပါတယ်။ RAM နည်းရင်တော့ စက်က ထစ်လာမယ်၊ App တွေ ပိတ်ကျသွားမယ် (Crash ဖြစ်မယ်)။

💡သိထားသင့်တဲ့ အချက်အလက်များ:

Mobile: ပုံမှန်သုံးဖို့ 8GB က အခုခေတ်မှာ Standard ဖြစ်နေပါပြီ။

PC: အခြေခံအတွက် 8GB၊ ပိုကောင်းကောင်း သုံးချင်ရင် 16GB ရှိထားတာ စိတ်အချရဆုံးပါ။

Tech Tips တွေနဲ့ Shortcut တွေကို အမြဲဖတ်ဖို့ Channel ကို Pin ထားလိုက်ဦးနော်! ✅

Photos from AM Laptop Center's post 21/05/2026

ရုံးသုံး၊ ကျောင်းသုံးအတွက် အကြမ်းခံပြီး စွမ်းဆောင်ရည်လန်းတဲ့ Laptop ရှာနေလား? 🤔
ဒီမှာ... ဒီဇိုင်းပိုင်းရော စွမ်းဆောင်ရည်ပိုင်းမှာပါ နာမည်ကြီးပြီးသား Dell Latitude 5430 ကို Promotion ဈေးနှုန်းအပြင် လက်ဆောင်တွေနဲ့ပါ အမိုက်စား ရောင်းချပေးနေပါပြီ။ 💯
Core i5 12th Gen အပြင် RAM 16GB တောင်ပါဝင်လို့ စက်ဟန်းမှာ လုံးဝပူစရာမလိုတဲ့အပြင် 14” FHD မျက်နှာပြင်မို့ ရုပ်ထွက်လည်း ကြည်လင်ပြတ်သားပါတယ်။ ညဘက် အလုပ်လုပ်ရင်လည်း Keyboard Light ပါလို့ အဆင်ပြေสุดပဲနော်။ 🥰
✨ Specification:
Processor: Intel Core i5 12th Gen
Memory: RAM 16 GB DDR4
Storage: SSD 512 GB NVMe (အဖွင့်အပိတ် အရမ်းမြန်)
Graphics: Intel UHD Graphics 8 GB
Display: 14” FHD (1920*1080)
Feature: Keyboard Light
Warranty: 1 Year Warranty စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
🎁 အထူးလက်ဆောင်: လက်ဆောင် (၆) မျိုး တောင် ထပ်ဆောင်းပေးဦးမှာနော်။
💰 Promotion Price: 1,769,000 Ks (အမြန်ဆုံး လက်ဦးထားမှ စိတ်ချရမယ်နော်)

📍 ဆိုင်လိပ်စာ:
အမှတ် ၅၈၊ ပထမထပ်၊ ၁၂၃ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
(No.58, First Floor, 123st, Mingalar Taung Nyunt, Yangon)
☎️ ဖုန်းနံပါတ်:
09 427788848, 09 51443464

Photos from AM Laptop Center's post 20/05/2026

📚 စာအုပ်တစ်အုပ်စာ အရွယ်အစားနဲ့ Premium အကျဆုံး Dell Latitude 7330 ✨

​Premium ဆန်တဲ့ အလူမီနီယံ Frame နဲ့ တည်ဆောက်ထားလို့ ခိုင်ခံ့မှုရှိပြီး၊ စာအုပ်တစ်အုပ်စာပဲ ရှိတဲ့ Size အပြင် ပေါ့ပါးမှုကြောင့် ဘယ်သွားသွား သယ်ရတာ အဆင်ပြေဆုံးဖြစ်မယ့် Laptop ကောင်းတစ်ခု ဖြစ်ပါတယ်။

​12th Generation Processor နဲ့ RAM 16 GB ပါဝင်လို့ ရုံးလုပ်ငန်းသုံး၊ ကျောင်းသုံးအပြင် Multitasking ပိုင်းတွေမှာပါ သွက်လက်မြန်ဆန်တဲ့ Performance ကို ပေးစွမ်းနိုင်မှာပါ။

​Key Specifications
🔹​CPU: Intel Core i5-12th Gen
🔹​RAM: 16 GB DDR4
🔹​Storage: 256 GB NVMe SSD
🔹​Display: 13.3" FHD (1920*1080)
🔹​Graphics: Intel UHD Graphics 8 GB
🔹​Feature: Keyboard Backlight ပါဝင်လို့ အမှောင်ထဲမှာပါ အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါတယ်။
​🎁 Special Promotion
💸​Promotion Price: 1,729,000 Ks💸
​Warranty: 1 Year Warranty
​လက်ဆောင် ( ၆ ) မျိုး အပြင် အခြားသော အထူးအစီအစဉ်များပါ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

​📞 ဆက်သွယ်ရန်နှင့် လူကိုယ်တိုင် လာရောက်ကြည့်ရှုရန်
​လိပ်စာ: အမှတ် (၅၈)၊ ပထမထပ်၊ ၁၂၃ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
​ဖုန်းနံပါတ်: 09 427788848, 09 951443464

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


အမှတ် ( 58 )/ပထမထပ်/( 123 ) လမ်း/မင်္ဂလာတောင်ညွှန့်မြို့နယ်/မင်္ဂလာဈေးအနီး/ရန်ကုန်မြို့ ။
Yangon
11221

Opening Hours

Monday 09:30 - 18:30
Tuesday 09:30 - 18:30
Wednesday 09:30 - 18:30
Thursday 09:30 - 18:30
Friday 09:30 - 18:30
Saturday 09:30 - 18:30
Sunday 09:30 - 18:30