Computer Science Academy by Virtual PhD
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Computer Science Academy by Virtual PhD, Educational consultant, Yangon.
*We offer computer science foundation; all encompassing computer technology and literacy, math and science exploration, creativity, design thinking and more; for young learners.
*Our students are kept engaged, challenged and entertained.
15/09/2022
✨ ဒေတာအများကြီးပါဝင်တဲ့ သုတေသနတွေမှာ analysis လုပ်ရန်အချိန်တစ်နှစ် တစ်နှစ်ခွဲခန့်ကြာလေ့ရှိတာကို ကြည့်ရင် ယခုစာဖတ်သူ researcher များအနေနဲ့ မိမိသုတေသနအတိမ်အနက်၊ မေးခွန်းအရေအတွက်၊ မေးခွန်းပါဝင်ဖြေဆိုသူအရေအတွက်၊ ဒေတာအနည်းအများပေါ်မူတည်ပြီး analysis (Reliabilty, validity, correlation test အစရှိသည်) ကို အနည်းဆုံး တစ်လမှ ၃ လခန့် အချိန်ပေး၍ စနစ်တကျလုပ်စေချင်ပါသည်။
✨ သုတေသနတိုင်းသည် research methodology ကိုလိုက်နာပြီး စနစ်တကျလုပ်ဆောင်ပါက interested study area အတွက်၊ အများအတွက် အကျိုးကျေးဇူးများတဲ့အတွက် researcher များ မိမိသုတေသနအပေါ်တန်ဖိုးထား လုပ်ဆောင်စေလိုသော စေတနာစိတ်ဆန္ဒဖြင့် ...
16/06/2022
လက်ရှိမှာ မြန်မာနိုင်ငံမှ ၁၀တန်း၊ ၁၁တန်း၊ ကျောင်းသားကျောင်းသူများနဲ့ တက္ကသိုလ် ဒုတိယနှစ်အထိတက်ရောက်ဆဲ ကျောင်းသားကျောင်းသူများအတွက် ထိုင်းနိုင်ငံမှာ တက္ကသိုလ်ဆက်တက်ချင်တယ်ဆိုရင် Sirindhorn International Institute of Technology (SIIT) ရဲ့ Engineering and Management နဲ့ IT program ကို join လို့ရပါတယ်။
လာမယ့် June 23, 2022 မှာ အဲ့ဒီဘွဲ့တွေအကြောင်း အသေးစိပ်ကို knowledge sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားလို့ နားထောင်ချင်သူများ၊ မေးမြန်းလိုသူများ ဒီ link ကနေ register လုပ်ပြီး အဲ့ဒီအစီအစဉ်မှာ ပါဝင်လို့ရပါတယ်။
https://docs.google.com/forms/d/e/1FAIpQLScgAQSXYBByPivd4fCMvhn9ysvEqgHdk3QiMYltYljNZG9x6A/viewform
03/06/2022
Teaching နဲ့ presentation skill ကျွမ်းကျင်မယ်။ Microsoft Office ကိုလည်း ကျွမ်းကျင်စွာအသုံးပြုတတ်မယ်။ အင်္ဂလိပ်စာလည်း ထူးချွန်တယ်ဆိုတဲ့ လူငယ်တွေအတွက် စိတ်ဝင်စားရင် SISU မှ trainer အလုပ်ခေါ်နေပါတယ်။
လူငယ်တွေအတွက် အထောက်အကူဖြစ်ဖို့ ကူ share ပေးခြင်းဖြစ်ပါတယ်။ Job agency မဟုတ်ပါရှင်။
17/03/2022
🌟 Computer Science for Kids (online class) 🌟
🏆 အသက် ၉ နှစ်မှ ၁၃နှစ်အထိ ကလေးငယ်များအတွက်
🏆 Computer science ဆိုတာ ၂၁ ရာစု ရဲ့ ပညာရပ်၊ဘာသာရပ်များအားလုံးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
🏆 Computer science ဆိုတာ coding/computer programming language ထပ်အများကြီးကျယ်ပြန့်ပါတယ်။
🏆 Computer science ဘာသာရပ်အောက်မှာ computer, computer games, computer programs, software, hardware, mobile applications, robotics, programming language, information technology, digital literacy, web computing, cyber security and cryptography, mathematics, statistics စတဲ့ များစွာသော အသိပညာ၊ အတတ်ပညာရပ်များ ပါဝင်ပါတယ်။
✅ Computer science ပညာရပ်များကို ကလေးများ ငယ်ရွယ်တဲ့အချိန်ကတည်းကစပြီး လေ့လာသင်ကြားစေခြင်းသည် သားသား၊မီးမီးတို့အတွက် အနာဂတ် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေဖို့ မိဘများရဲ့ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။
🎯 ဘာကြောင့် CSA ကိုရွေးချယ်သင့်ပါသလဲ။
ℹ️ ကလေးငယ်များကို ပညာသင်ကြားတဲ့အခါ ကောင်းမွန်ပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းသည် အလွန်အရေးပါပါတယ်။
ℹ️ နိုင်ငံတကာမှာ သင်ရိုးညွှန်းတမ်းရေးစွဲတဲ့အခါ လက်ရှိသင်ကြားတဲ့ ဘာသာရပ်ကို ကျွမ်းကျင်စွာတတ်မြောက်စေဖို့အပြင် ကလေးငယ်များရဲ့ ပင်ကိုအရည်အသွေးကို မြှင့်တင်ပေးခြင်း၊ အနာဂတ်ပညာရေး နဲ့ ကောင်းမွန်တဲ့ အသက်မွေးလမ်းကြောင်းအလုပ်များ ကိုလမ်းညွှန်ခေါ်ဆောင်ပေးခြင်း၊ creativity, critical thinking, problem solving, social skills စတဲ့ soft skills များကိုဘာသာရပ်သင်ကြားရင်းတပြိုင်တည်းလေ့ကျင့်ပေးနိုင်ခြင်း စတဲ့ အချက်များစွာ ထည့်သွင်းစဉ်းစားရပါတယ်။
✅ CSA ရဲ့ ပဲ့ကိုင်ရှင် ဆရာ၊ဆရာမများမှာ သင်ရိုးညွှန်းတမ်းရေးဆွဲရာမှာ ကျွမ်းကျင်သူပညာရှင်များဖြစ်သည့်အတွက် ကလေးများ computer science ပညာရပ်ကို စနစ်တကျ အစပျိုးနိုင်ဖို့နဲ့ future-ready ဖြစ်စေဖို့ ဒီသင်တန်းက မျိုးစေ့ချပေးမှာဖြစ်ပါတယ်။
⭐️ ထပ်ဆောင်းအားသာချက်များ
✅ CSA မှ crash course series များသည် သင်တန်းပုံစံမဟုတ်ဘဲ continusous education ပုံစံသင်ကြားမှာဖြစ်တဲ့အတွက် မိမိနှစ်သက်တဲ့အချိန်တက်လို့ရသလို တစ်လချင်းတက်လို့ရပါတယ်။
📣 ကလေးငယ်များ တစ်ရက်ကို တစ်နာရီအချိန်ပေးရုံသာလိုပါတယ်။
🌟 တစ်ဦးချင်း၊ အုပ်စုလိုက် အချိန်ညှိလို့ရပါတယ်။
📣 Weekend နဲ့ Weekday သင်တန်း ၂မျိုးရှိပါတယ်။
🌟⭐️ International school တက်နေသောကလေးများနဲ့ အင်္ဂလိပ်စာတိုးတက်လိုသော ကလေးများအတွက် အထူးအစီအစဉ်အနေနဲ့ Computer Science for Kids (English Language Track) ကိုရွေးချယ်နိုင်ပြီး ဒီ track မှာ အခမဲ့ တစ်ချိန် အစမ်းတက်ရောက်ခွင့် ပါရှိပါတယ်။
☎️ အသေးစိပ်ကို messenger နဲ့ 09 42932 3731 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
Yangon
01