Hla Win Pa
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hla Win Pa, Vintage Store, Maung Magan Road, Yangon.
23/10/2022
အချိန်ကောင်းအခါကောင်းတွေ စောင့်နေရင်း ဘဝမှာ ကိုယ်ပိုင်ဆိုင်တဲ့အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားခဲ့ရပြီလဲ ပြန်စဥ်းစားကြည့်ပါ။
ဘဝမှာ တန်ဖိုးရှိတဲ့အရာတိုင်းဟာ လွယ်လွယ်နဲ့ရလာလေ့ ရောက်လာလေ့မရှိဘူး။
အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေအများစုမှာ အထူးသဖြင့်တွေ့ရတတ်တယ်။
Milton Berli ပြောခဲ့တာလေးတစ်ခုရှိတယ် သေချာမှတ်ထားပါ။ "ဘဝမှာ ဘယ်အခွင့်အလမ်းမှ မင်းကိုလာမရှာပါဘူး။ မင်းကိုယ်တိုင် ဖန်တီးယူရတာမျိုးပါ" တဲ့။
ဒါကြောင့်ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကို ဘယ်တော့မှ သူ့ဘာသာသူမကုန်ဆုံးပါစေနဲ့ ။
အခွင့်ခါကောင်းတွေ ရှာမတွေ့သေးရင်းတောင် အခွင့်အခါကောင်းတွေရောက်လာမယ့်အချိန်အတွက် ကြိုတင်ပြင်ဆင်နေပါလို့ ပြောချင်ပါတယ် ShweNoter တို့ရေ။
#၃၀မိနစ်တက္ကသိုလ်
23/10/2022
23/10/2022
"အပ်ချုပ်စက်တစ်လုံးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ"
1. ဘယ်သူ့အတွက်ဝယ်မှာလဲ?
အပ်ချုပ်စက်တစ်လုံးဝယ်ယူရာမှာ ဘယ်သူ့အတွက်ဝယ်မှာလဲဆိုတာ သိပ်ကိုအရေးပါပါတယ်၊ မိမိအတွက် ဝယ်မှာလား? ဒါမှမဟုတ် အခြား မိမိသူငယ်ချင်း ဆွေမျိုးတွေအတွက်ဝယ်မှာလား? အသုံးပြုမယ့်လူက Beginner Level လား စက်ချုပ်တတ်တဲ့သူလား စက်ချုပ်ကျွမ်းကျင်လား Designer လား စသဖြင့် အသုံးပြုသူနဲ့ ကိုက်ညီတဲ့စက်ကို အမျိုးအစားကို ဝယ်ယူရပါတယ်
2. ဘာတွေသုံးမှာလဲ?
အပ်ချုပ်စက်ဝယ်ယူရာမှာ ကိုယ်က ဘယ်လိုအသုံးပြုချင်တာလဲဆိုတာ ပေါ်မှာ အများကြီးမူတည်ပါတယ်၊ ဥပမာ - တစ်ကြောင်းချုပ်မှာလား၊ Zig Zag ချုပ်မှာလား၊ ကြယ်သီးပေါက်ဖောက်မှာလား၊ ပန်းထိုးမှာလား၊ စသဖြင့် ရွေးချယ်ဝယ်ယူရပါတယ်။
3. ဘယ်လောက်သုံးမှာလဲ?
အပ်ချုပ်စက်တွေဟာ အခြားသော ပစ္စည်းတွေနဲ့အလားတူ Price Rage ပေါ်မူတည်ပြီး Quality နဲ့ Function တွေ အမျိုးမျိုး ကွဲပြားပါတယ်။ ဒါကြောင့် ကိုယ်နိုင်တဲ့ Budget အတွင်းမှာ အကောင်းဆုံးကိုရွေး ချယ် ဝယ်ယူရပါတယ်။
4. ဘယ်လို အစ တွေကိုချုပ်မှာလဲ?
အပ်ချုပ်စက်ဝယ်ယူရာမှာ ဘယ်လိုအစမျိုးတွေကို ချုပ်မှာလဲဆိုတာကလဲ အရမ်းအရေးကြီးပါတယ်၊ ဥပမာ နတ်သမီးဇာလား၊ အထူစလား၊ အပါးစလား၊ Leather လား၊ ချည်သားလား စသဖြင့်ကိုယ်ချုပ်မယ့် အဝတ်အစနဲ့ ကိုက်ညီတဲ့ စက်ကို ဝယ်ယူရမှာပါ။
5. ဘယ်လို Project အတွက်လဲ?
အပ်ချုပ်စက်ဝယ်ယူရာမှာ ကိုယ်ကအိမ်ချုပ်မှာလား၊ အပ်ချုပ်ဆိုင်လား၊ စက်ရုံသုံး (အလုပ်ရုံ)အတွက်လား၊ သင်တန်းဖွင့်ဖို့အတွက်လား စသဖြင့် ရွေးချယ်ပြီး Heavy Duty ဝယ်မှာလား ရိုးရိုးစက်ဝယ်မှာလားဆိုတာကို ဆုံးဖြတ်ရပါတယ်
6. ကိုယ်ဝယ်မယ့်စက်က ဘယ်လို Accessories မျိုးတွေနဲ့ တွဲဖက်အသုံးပြုရတာလဲ? အဲ့ Accessories တွေကရော ဝယ်ယူရတာ လွယ်ကူမှုရှိရဲ့လား?
ကိုယ်ဝယ်ယူမယ့်စက်ဟာ ဘယ်လို Accessories တွေနဲ့ တွဲဖက်အသုံးပြုရလဲ ဆိုတာ (ဥပမာ ဘယ်ဘိတွေကိုသုံးလို့ရလဲ၊ ဘယ်လို အပ် size လဲ၊ ဘယ်လို လွန်းဆံလဲ၊ ဘယ်လိုလွမ်းအိမ်လဲ၊ ဘယ်လိုမော်တာကြိုးလဲ၊ ဘယ်လိုမှန်ပြင် ဘယ်လိုခွေးသွားလဲ) စသဖြင့် သိရမှာ ဖြစ်ပြီး အဲ့ Accessories တွေကို အလွယ်တကူ ဝယ်ဖို့ လွယ်ပါ့မလားဆိုတာကိုလဲ သိရှိရမှာဖြစ်ပါတယ်။
အပ်ချုပ်စက် ဝယ်ယူမယ့် Customer များအနေဖြင့် အထက်ပါအချက်အလက်များအား ရွေးချယ်ဝယ်ယူနိုင်ဖို့ မျှော်လင့်လျက် စက်ဝယ်ယူမှု မှန်ကန်ပါစေလို့ Singer Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Maung Magan Road
Yangon