Future Home Realty

Future Home Realty

Share

We have the best place
right value
best service
You do

Photos from Future Home Realty's post 22/05/2023

ညောင်နှစ်ပင်အထူးဇုန် လုပ်ကိုင်ခွင့်ချထားပေးမှု ပြန်စိစစ်မယ်
စိစစ်မခံရင် လုပ်ကိုင်ခွင့်တွေ ပြန်ရုပ်သိမ်းမယ်လို့ သတိပေး

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွက် ချပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်စိစစ်ပြီး အမှန်တကယ်စိုက်ပျိုးနေသူတွေကို လုပ်ကိုင်ခွင့်ထုတ်ပေးမယ်လို့ အထူးဇုန်လုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက ၁၁၉၁ ဦးကို ချပေးခဲ့တဲ့ လုပ်ပိုင်ခွင့်တွေကို ဇုန်ကြီးကြပ်ရေးကော်မတီက ပြန်လည်ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် လက်လွှဲရောင်းချမှုတချို့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မူလလုပ်ပိုင်ခွင့်ရသူတွေရော လက်လွှဲဝယ်ယူထားသူတွေရော စာရွက်စာတမ်းအထောက်အထားတွေနဲ့အတူ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်လုပ်ငန်းကော်မတီကို ဇွန်လ ၂၃ ရက် နောက်ဆုံးထား ဆက်သွယ်ဖို့ အသိပေးလာတာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်းမှာ မဆက်သွယ်ရင်ဖြစ်ဖြစ်၊ စိစစ်မခံရင်ပဲဖြစ်ဖြစ် လုပ်ကိုင်ခွင့်တွေ ပြန်ရုပ်သိမ်းမယ်လို့ ထုတ်ပြန်ပါတယ်။

ညောင်နှစ်ပင်အထူးဇုန်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မေလ ၂၀ ရက်က သွားရောက်ခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။
ဒီသတင်းအပါအဝင် မေ ၂၂ ရက် နောက်ဆုံးရသတင်းများ

Credit BBC
https://www.bbc.com/burmese/articles/c72zgz2945go
ဘီဘီစီ မြန်မာပိုင်း

Photos from Future Home Realty's post 21/11/2022

ဒီရက်ပိုင်း မြေကွက်ဝယ်ယူပြီး
လက်လွတ်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ
အများကြီးသတင်းတက်လာတာစိတ်မကောင်းစရာတွေတွေ့ရပါတယ်။ဖယ်ရှားခံရမယ့်နေရာတွေအထိကွင်းဆင်းလေ့လာပြီးစစ်ဆေးခဲ့ပါတယ်။
မသိနားမလည်ပဲဝယ်မိသူတွေကို ဂရုဏာဒေါသနဲ့ အမုန်းခံပြောပြတဲ့ ပိုစ့်တွေလည်းတွေ့ရပါတယ်။
ဒီတော့ နောက်နောင်မမှားသင့်တာမမှားရလေအောင် စျေးနည်းနည်းများများ မြေကွက်ဝယ်မယ်ဆိုရင်မဖြစ်မနေ သေချာစစ်ဆေးသင့်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

မြေကွက်ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သေချာစစ်ဆေးပါ

မိမိဝယ်မယ့်မြေဟာ လယ်ယာမြေဆိုလည်း အခြားနည်းသုံးစွဲခွင့် လန(လန၃၀)ကျပြီးသားမြေလား
အရင်ကြည့်ရမယ်

…အခြားနည်းသုံးစွဲခွင့် လန- ၃၀ ကျပြီးသားဆိုရင်….ဘာအတွက်ကျတာလည်း
၁။ သာသနမြေအတွက်လား
၂။ စက်ရုံမြေအတွက်လား
၃။ နှစ်ရှည်အတွက်လား
၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့…အကြောင်းအရာတွေရှိပါတယ်အခြားနည်းသုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့မရပါဘူးပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး.. မြေနယ်နမိတ်သက်မှတ်ချက်နဲ့မြေရာဇဝင်သာဖြစ်ပါတယ်
နောက်ဆုံးပြောချင်တာကတော့…ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့ မိတ်ဆွေများသည်.ကိုယ်ဝယ်ယူမဲ့မြေအကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည်။

တစ်လက်စတည်း မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမယ်။

အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ

မြေပိုင်မြေ ။ ။မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ ‌မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။
လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀ ၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။
မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။
ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။
Credit
ဗဟုသုတအဖြစ်မျှဝေပါသည်
စာတွေ့တင်မကပဲအနီးနားပတ်ဝန်းကျင်မှာ
လည်း ဝယ်ယူမယ့်မြေကွက်အကြောင်း ကိုယ်တိုင်ကွင်းဆင်းပြီး အပင်ပန်းခံ
စုံစမ်းဖို့မမေ့သင့်ကြောင်း အကြံပေးပါရစေ။

Photos from Future Home Realty's post 14/11/2022

ဆော်ဒီအာရေးဗီးယားတွင် ကမ္ဘာ့အကြီးဆုံးရွက်လှေကို "Pangios" ဟု အမည်ပေးထားပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။

လိပ်ပုံသဏ္ဍာန်ရှိသော ရွက်လှေသည် လူပေါင်း 60,000 ဆံ့ရန် မျှော်မှန်းထားပြီး ကမ်းခြေကလပ်များ၊ အိမ်ကြီးများ၊ ကုန်တိုက်များနှင့် လျှပ်စစ်မော်တာ ကိုးလုံးတပ်ဆင်ထား၍ရေပေါ်မြို့တစ်မြို့ကဲ့သို့ဖြစ်မည်။
Credit
#𝕄𝕠𝕙𝕒𝕞𝕞𝕒𝕕𝔸𝕣𝕚𝕗𝕗

Photos from Future Home Realty's post 29/06/2022

အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်‌မြေရိုင်း ပြန်လည်သိမ်းယူမည်

နိုင်ငံတစ်ဝန်းရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်မှ ပြန်လည် သိမ်းယူနိုင်ရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ဇွန်လ (၂၇) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များလည်း တိုင်းဒေ သကြီး ပြည်နယ်အသီးသီး၌ ပေါ်ထွန်းလာမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက် အ ကူ ပြုနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူ လုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ မြေများအား ပြန်လည်သိမ်းဆည်းနိုင်ရေးကို မိမိတို့ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ်ကော်မတီ အဆင့်ဆင့်တို့က စိစစ် ဆောင်ရွက်လျက်ရှိပါတယ်" ဟု ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

ထို့အပြင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် မိမိတို့၏ ရေမြေသဘာဝကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေး ထုတ်ကုန်များ၊ တိရ စ္ဆာန်မွေးမြူ‌ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ တင်ပြမှုများအပေါ် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ထောက်ခံချက်များနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ပြီးဆုံးချိန်အထိ စိုက်ပျိုး ရေးလုပ်ငန်းအတွက် မြေဧက (၆၀၀၀)ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် မြေဧက (၈၀၀)ကျော်၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေဧက (၄၀၀)ခန့်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် မြေဧက (၃၀၀၀) ကျော်၊ စုစုပေါင်း မြေဧရိယာ ဧက (၁၁၀၀၀)ကျော်တို့ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက (၂၂)သိန်းကျော်ကို ခွင့်ပြုပေးခဲ့ရာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် ပြန်လည်သိမ်းဆည်းခဲ့ရသည့် ဧက (၂၄၀၀၀)ကျော် အပါအဝင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့သည့် ဧရိယာစုစုပေါင်းမှာ ဧက (၁၅)သိန်းကျော် ရှိပြီဖြစ်ကြောင်းလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန စာရင်းဇယားများအရ သိရသည်။

ထို့အပြင် ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန် စတင်ကောက် ခံချိန်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းခြင်းမပြုဘဲ ပျက်ကွက်နေမှုများကို စိစစ်ပြီး မြေခွန်များ အပြည့်အဝကောက်ခံရရှိရေး ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။
Credit

Photos from Future Home Realty's post 15/06/2022

💢ပြီးပြီးသားကွန်ဒိုကိုမှ နေထိုင်ရင်း (၁)နှစ်မှ (၄)နှစ်ထိ အတိုးမဲ့အရစ်ကျဖြင့်ပေးချေနိုင်မယ့် 𝗞𝗮𝗻𝗯𝗮𝗲 𝗧𝗼𝘄𝗲𝗿𝘀 𝗖𝗼𝗻𝗱𝗼𝗺𝗶𝗻𝗶𝘂𝗺 🎉

Kanbae Towers ဟာဆိုရင် ရန်ကုန်မြို့ရဲ့ အဓိကမိန်းလမ်းမကြီးနှစ်ခုဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနှင့် ဝေဇယန္တာလမ်းကြား ကန်ဘဲ့ဘူတာရုံလမ်းပေါ်တွင်တည်ရှိပြီး (၂.၂ ဧက) ကျယ်ဝန်းတဲ့မြေပေါ်မှာဆောက်လုပ်ထားတာဖြစ်ပါတယ်.....
Project တစ်ခုလုံး၏ ဒုတိယထပ်ကိုလဲ Compound Area အဖြစ်ထားရှိပေးထားတာဖြစ်ပြီး...

𝗙𝗮𝗰𝗶𝗹𝗶𝘁𝗶𝗲𝘀 အနေနဲ့ 📢

🔸Swimming Pool
🔸Gym
🔸ကျယ်ဝန်းတဲ့ Garden Area
🔸Play Ground Area
🔸Back Up Generator
🔸Car Parking
🔸24th hrs Security .... စတဲ့ အဆင့်မှီ Facilities တွေပါဝင်မှာ ဖြစ်ပါတယ်။

𝗞𝗮𝗻𝗯𝗮𝗲 𝗧𝗼𝘄𝗲𝗿𝘀 ရဲ့အားသာချက်များ👇

💠ရန်ကုန်မြို့ရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကင်းမြို့နယ်တွင်တည်ရှိပြီး အထင်ကရနေရာတခုဖြစ်တဲ့ အင်းယားကန်ဘောင်သို့ မိနစ်အနည်းငယ်ကားမောင်းရုံဖြစ် ရောက်ရှိခြင်း ။

💠Myanmar Plaza , Yankin Center, City Mart စတဲ့ စျေးဝယ်စင်တာတွေကလဲကိုယ့်အိမ်ရဲ့ အနီးအနားမှာပဲဆိုတော့ အိမ်ရှင်မတွေအတွက်လဲအဆင်ပြေခြင်း။

💠သားသမီးတွေရဲ့ပညာရေးအတွက်ဆိုရင်လဲ MYSM International School , ILBC International School , Yankin High School တွေကလဲ ကိုယ့်အိမ်ရဲ့ အနီးဝန်းကျင်မှာပဲဆိုတော့ ကလေးတွေရဲ့ ပညာရေးအတွက်ကိုလဲ စိတ်ပူစရာမလိုခြင်း။

💠ဂရမ်မြေအမျိုးစားပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီးကွန်ဒိုမီနီယံဥပဒေအတိုင်းမြေပိုင်ဆိုင်မှုကိုလဲ အချိုးကျပေးမှာဖြစ်လို့ ပိုင်ဆိုင်မှုခိုင်မာခြင်း။

💠ပထမဆုံးပေါ်ထွက်လာတဲ့ ရန်ကုန်မြို့ရဲ့ First Smart Condo ဖြစ်ခြင်း။

🏙အခန်းတွင်းတပ်ဆင်ထားတဲ့ Smart System များ

🎗Smart Maindoor Lock System (Finger Print, Password and Key)

🎗အိမ်ခန်းတိုင်းမှာ Video Intercom တပ်ဆင်ပေးထားခြင်း။

🛌𝗥𝗼𝗼𝗺 𝗧𝘆𝗽𝗲𝘀
1 Bedroom, 2 bedrooms , 3 Bedrooms ထိကြိုက်နှစ်သက်ရာ အခန်းအမျိုးအစားအလိုက် ရွေးချယ်ဝယ်ယူန်ိုင်မှာဖြစ်ပါတယ်...

𝗣𝗿𝗶𝗰𝗲 - 1550 သိန်း မှ 3300 သိန်းဝန်းကျင်

🎯ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့အတွက် စိတ်ဝင်စားလို့ လာရောက်လေ့လာကြည့်ရှု့ဝယ်ယူချင်တယ်ဆ်ိုရင်တော့ ကြိုတင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 ပြုလုပ်ရျ် Appointment လေးယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ...

🕐အခန်းကောင်းလေးတွေလက်လွတ်မသွားစေဖို့ အမြန်ဆုံးသာ Hello လုပ်ပြီး 𝗔𝗽𝗽𝗼𝗶𝗻𝘁𝗺𝗲𝗻𝘁 ရယူလိုက်ပါနော်...😍

☎️ 09780071797, 09962055622

Photos from Future Home Realty's post 31/05/2022

🔈ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိနိုင်ငံတကာအဆင့်မှီ Luxury Life Style ကိုရရရှိခံစားနိုင်မဲ့ KER Residence မှ အလွှာမြင့်အမိုက်စား အခန်းကောင်း ၂ ခန်းနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ...

Room Details
(1) 2bedrooms
✔️1900sqft, 1Mr, 1Single
✔️7400lakhs

(2) 2 bedrooms
✔️1932sqft , 1Mr,1Single (ထောင့်ခန်း)
✔️7900lakhs

မိမိအိမ်မှနေပြီး ရွှေတီဂုံဘုရားမြင်ကွင်းနဲ့ အင်းယားကန်မြင်ကွင်းကို အပြည့်အဝ ခံစားနိုင်မည့်အပြင် ကိုယ်အိမ်ရဲ့ အနီးနားမှာဆိုရင်လဲ

🔸ကမ္ဘာအေးဘုရား
🔸International Airport
🔶Inya Lake Hotel
🔶Sedona Hotel
🔶ကမ္ဘာအေးဂမုန်းပွင့်
🔶မြန်မာပလာဇာ
စတဲ့နေရာတွေက်ိုလဲမိနှစ်အနည်းငယ်အတွင်းသွားရောက်နိုင်တာကြောင့် နေရာကောင်းကောင်းမှာ လှပတဲ့အိမ်ကောင်းကောင်းတလုံးကိုပိုင်ဆိုင်ချင်သူတွေအတွက် သတင်းကောင်းလေးပါးလိုက်ပါရစေခင်ဗျာ....

☎️ ~ 09780071797

Photos from Future Home Realty's post 28/05/2022

Q
အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မေးသူများ

Ans မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...

တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့်
အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ
ဈေးသက်သာလွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာစိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။
အဲ့ဒါကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာကြပါတယ်။

ဘယ်လိုအသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင်
အခြားနည်း အသုံးပြုခွင့်လျှောက်ထားတာလို့
ဆင်ခြေပေးလို့ရအောင်လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။

အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်းပေးမယ်။
ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီးရောင်းပါတယ်။
အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။ အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး
"မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...

တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားကသင့်သလိုဈေးခေါ်
သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
မြေကွက်အပိုင်ရမှာဆိုတာရယ်...
မြေယာဥပဒေတွေကို မသိနားမလည်းတဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။

ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။

တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို
တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။

ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော
တစ်ကယ်ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ်လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင်လုပ်မယ်။ ဘယ်လောက်ကောင်းလဲ။
စာချုပ်ထဲမှာ
အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ
လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။
အဲ့ဒီလို လုပ်ကြတာပါ။

အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။
ငါးယောက်လောက်စုပြီး
တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။

တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။

တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။
တစ်ချို့ဝယ်သူတွေကြတော့လည်း
ဘာမှနားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို
အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။

မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...

ကိုယ်တိုင်ခံရမှ
အစိုးရမတရားဘူး တို့...
တရားမျှတမှုမရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
စာများများဖတ်ကြ...

Crd > # မူရင်းရေးသားသူ

#အိမ်ခြံမြေအကြောင်း

Photos from Future Home Realty's post 26/05/2022

💢ပါရမီလမ်းပေါ်ရှိ Inya View နှင့် ရွှေတိဂုံဘုရားမြင်ကွင်းပါမြင်ရသည့် Royal Maylikha Condominium

🛤Location ~ ပါရမီလမ်း၊မရမ်းကုန်းမြို့နယ်။(Nearby AD and Pyay Road)

➡️Room Details
✔️1645 sqft (2 masters Bedrooms)
✔️High floor (Inya lake and Shwedagon Pagoda View
✔️ပြင်ဆင်ပြီးအသင့်နေရုံ

💵Price ~ 3600 သိန်း(Negotiate)

Facilities
🔹Swimming Pool and Gym
🔹Lift
🔹ကိုယ်ပိုင်ကားပါကင်
🔹24hrs Security System
🔹Back Up Generator

🔘အနီးနားမှာကတော့ International School, 6မိုင်ခွဲ City Mark, Lotti Service and Apartment, Hotel Yangon, Junction 8,နာမ်မည်ကြီးစားသောက်ဆိုင်များ၊ International Airport တို့ကိုလဲ မိနစ်အနည်းငယ်အတွင်းသွားနိုင်မှာပဲဖြစ်ပါတယ်။ထို့ကြောင့်မို့လို့ ကိုယ်တိုင်နေထိုင်တာပဲဖြစ်ဖြစ် ရင်းနှီးမြှပ်ထားရင်ဖြစ်ဖြစ် Location အရမ်းကောင်းတဲ့ နေရာလေးဖြစ်တာကြောင့် အမြန်ဆုံးသာ Hello လုပ်ပါနော်

💌အခန်းလေးက်ိုလာလောက်ကြည့်ရှု့ချင်တယ်ဆိုရင်တော့ #3နာရီ လောက်ကြိုတင် Appointment ယူပေးပါခင်ဗျာ...

Contact Number ~ 09780071797

Photos from Future Home Realty's post 13/05/2022

❗️1sqft (1သိန်း)ဝန်းကျင်သာကျသင့်မည့် လှိုင်မြို့နယ်ရှိ #သုခချိုကွန်ဒို အရောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ...

🔹Location
လှိုင်မြို့နယ်၊ ဦးချိုးလမ်း(သုခလမ်း)
(အင်းယားကန်ဘောင်,MICT Park,ဈေးဝယ်စင်တာ, စားသောက်ဆိုင်ကောင်းတွေရဲ့အနီးနားရှိတဲ့အတွက် နေရာမကောင်းမှာတော့ပူစရာမလိုပါဘူးနော်)

✅3 Bedrooms
-2000sqft (2Mr, 2single)
-3rd floor
-Living,Dinning ,Kitchen ,ကျွန်းပါကေးခင်းပြီး, ရေပူ၊ရေအေး,ရေသန့်စင်စနစ်ပါပြီး, Kitchen Counter & Cabinets, Aircon 6 လုံး
-အဆင့်မြင့်ပြင်ဆင်ပြီး(အသင့်နေရုံ)
#2200သိန်း(ညှိနိုင်း)

✅Penthouse
-1000 sqft (1Master)
-Living ,Dinning,Kitchen,Aircon 2, ကိုရီးယားပါကေး, ရေပူရေအေး, ရေသန့်စင်စနစ်ပါပြီး, Kitchen Counter & Cabinets, နံရံကပ်ဗီဒို, ဘုရားစင်, TVစင်
-အဆင့်မြင့်ပြင်ဆင်ပြီး (အသင့်နေရုံ)
#1050 သိန်း(ညှိနိုုင်း)

♦️Facilities
-24hrs Security
-Lift
-Generator
-Ground floor Car parking

☎️~ 09780071797, 09420290497 တို့ကိုလဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်...

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
လူကြီးမင်းတို့ရောင်းချလိုသော ကွန်ဒိုတိုက်ခန်းများကိုလဲ ယုံကြည့်စိတ်ချစွာအပ်နှံနိုင်ပါတယ်ခင်ဗျာ...

Photos from Future Home Realty's post 12/05/2022

🗣မြိုလယ်ခေါင်မှကြိုက်တဲ့လူကြီးမင်းတို့အတွက် ထပ်ခိုးပါမီနီကွန်ဒိုအခန်းကျယ်လေးရောင်းပါမည်...

✅Location
ဗိုလ်တထောင်မြိုနယ်, ၄၈ လမ်း(အလယ်ဘလောက်)

✅8th floor

✅1800sqft (40×45)

✅ 3 bedrooms ,Living ,Dining, Kitchen ,Balcony

✅ Lift and 24 hours security

🚘ကားပါကင်သီးသန့်မပါပေမဲ့ လမ်းကျယ်ဖြစ်တဲ့အတွက်ကြောင့် ကားရပ်နားရန်အဆင်ပြေခြင်း။

📌ဈေးနီး၊ ဘဏ်နီး၊ ကျောင်းနီး ၊ စားသောက်ဆိုင်တွေရဲ့အနီးနားမှာရှိတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အဆင်ပြေခြင်း။

💰Price > 2400Lakhs

🎯မြို့လယ်ခေါင်ဖြစ်ပြီး နေရောကောင်းဈေးတန်တဲ့အခန်းလေးမို့ အောက်ပါဖုန်းနံပါတ်တွေကိုခေါ်ဆိုပြီးလာရောက်လေ့လာကြည့်နိုင်ပါတယ်ခင်ဗျာ...😍

Phone ~ 09780071797

Photos from Future Home Realty's post 10/05/2022

ရန်ကင်းကန်ဘဲ့တာဝါရှိ ပြင်ဆင်ပြီးone bedroom အခန်းလေးအမြန်ရောင်းပါမည်...🎉

💢Room Details

🔹Tower A
🔹One Bedroom
🔹High floor (Garden View)
🔹440 sqft

💰Price > 1550Lakhs

🪴Facilities
🔸Swimming pool
🔸GYM
🔸Play Ground Area
🔸Garden Area
🔸Car Parking
🔸Video Intercom System
🔸24th hours Security System
🔸Back Up Generator

🎯 ရှားပါးတဲ့ One Bedroom အခန်းအမျိုးအစားလေးဖြစ်ပြီးတော့ နေထိုင်ရင်း #၃နှစ် အထိရစ်ကျပေးချေလို့ရတဲ့ အခန်းလေးမို့ အမြန်ဆုံး Appointment ယူပြီး လာရောက်လေ့လာကြည့်ရူ့နိုင်ပါတယ်ခင်ဗျာ....

Contact Number ~ 09780071797

Photos from Future Home Realty's post 30/04/2022

💢ပြည်လမ်း ရှိ ရွှေတိဂုံဘုရား နှင့် Inya Lake View အခန်းကောင်းလေးရောင်းမည် 🎉

🛏အခန်းအမျိုးအစား

🔸2 bedrooms (1master, 1single )
🔸High floor (Inya view & Shwedagone Pagoda View

💰Price
2700Lakhs(Negotiate)

🎯ရန်ကုန်မြို့ရဲ့ လူသိများထင်ရှားတဲ့ မိန်းလမ်းမကြီးဖြစ်တဲ့ ပြည်လမ်းမပေါ်မှာဆောက်လုပ်ထားတာဖြစ်ပြီး ပြည်လမ်းရဲ့အကောင်းဆုံး နေရာ တစ်ခုလို့ ပြောလို့ရမယ့် ၇ မိုင် မှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။

🎯ပတ်ဝန်းကျင် အနေအထားကတော့ အနီးဆုံးမှာ 7 Mile Hill Villas (မောင်ဝိတ်လုံးချင်းအိမ်ယာ)နဲ့ ဘေးချင်းကပ်လျက်မှာရှိပြီး ပတ်ဝန်းကျင်မှာအထပ်မြင့်အဆောက်အဦးတွေမရှိဘဲ လုံးချင်းတွေပဲရှိတာကြောင့် လေဝင်လေထွက်မကောင်းမှာ View ပိတ်မှာ စိတ်မပူရဘဲ ရွှေတိဂုံဘုရား မြင်ကွင်း၊ အင်းယားကန်မြင်ကွင်း တွေကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။

🎯မြေအကျယ်အဝန်း - ၁ ဧက နီးပါး ရှိပြီး ရှားပါးဘိုးဘွားပိုင်မြေ ဖြစ်သည့်အတွက် မြေအချိုးကျ ပိုင်ဆိုင်နိုင်မယ့် ကွန်ဒို တစ်ခု ဖြစ်ပါတယ်။

🎯Condo မှာပါမယ့် Facilities များကတော့

♦️ကိုယ်ပိုင်ကားပါကင်
♦️ဓာတ်လှေကား ၅ စင်း
♦️Swimming pool & Gym
♦️BBQ & Garden area
♦️Indoor & Outdoor Playground
♦️24 hours Security System
♦️Back Up Generator
♦️မီးဘေးအန္တရာယ် အချက်ပေးစနစ် တို့လည်းပါဝင်ပါမဲ့ နိုင်ငံတစ်ကာအဆင့်မှီ ကွန်ဒိုပဲဖြစ်ပါတယ် ။

🎯View အရမ်းလှပြီး လက်ရှိပေါက်ဈေးထပ်သက်သာတဲ့အခန်းကောင်းလေးမို့အမြန်ဆုံး Hello လိုက်ပါနော်...😍

🔹ဆက်သွယ်ရန်
📞 09780071797 , 09420290497

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyae Road
Yangon