Nora Outlet

Nora Outlet

Share

🍀ပုလဲ အလှအပများ စုစည်းရာ Nora🍀

15/06/2026

Akoya နားဆွဲ အလှဆုံးလေးပါ
ရေငံပုလဲမို့ လှချက်က ပြောဖွယ်မရှိ
ပုလဲဖိုးနဲ့တင် ရှယ်တန်ပါမယ်။

တစ်စုံပဲရပါမယ်ရှင်။

55000

15/06/2026

အသက် ၃၀ အမျိုးသမီးတစ်ယောက်ရဲ့
စိတ်အတတ်ကျဆိုတာ သိပ်မရှုပ်ထွေးပါဘူး

ငွေဝင်နေရင် တတ်တယ်
ငွေမဝင်တော့ရင် ကျတယ် ဒါပါပဲ 🤭

15/06/2026

တွေ့တဲ့သူတိုင်းကြည့်ကောင်းခဲ့တယ်လို့ပြောရလောက်တဲ့အထိ Daily routine အဖြစ်ကျင့်သုံးသင့်တဲ့အရာ

၁.သကြားလျော့လို့ရရင်လျော့
၂.ဆီကြော်အရာမှန်သမျှလျော့စားလို့ရရင်လျော့

၃.လေ့ကျင့်ခန်းလုပ်/ ပျင်းနေရင်တောင်တစ်နေ့တစ်နာရီလောက်ရအောင်လှုပ်ရှား

၄.အိပ်ချိန်ပျောက်လောက်တဲ့အထိ ဘီယာသောက်/ အပျော်ပါးလိုက်စားတာဖျောက်

၅.နေ့တိုင်း မျက်နှာအစိုဓါတ်ပြည့်လျှံနေအောင်mask ကပ်

၆.(၆-၈ နာရီ)ပြည့်အောင်အိပ်ပေး

၇.အစားအသောက်ရွေးချယ်ပြီးစားသောက်တတ်အောင်ကျင့်

၈.မွေ့ယာခင်း/ခေါင်းဥိးစွပ် ကိုတစ်လ အနည်းဆုံး ၂ ကြိမ်လောက်ရအောင်လျော်/လဲပေး

၉.အိမ်မှာဘဲနေ/ အိမ်ပြင်မထွက်ရင်တောင်
တစ်နေ့ ရေ၂ ကြိမ် မနက်/ ညချိူးပေး

၁၀.ကိုယ့်ကိုကိုယ် နေ့တိုင်းချီးကျူးစကား/ကြိုးစားမှူတိုင်းအတွက် ကျေးဇူးတင်စကား/အားပေးစကားပြော

၁၁.toxic ဖြစ်တဲ့အရာမှန်သမျှအကုန်လွှတ်ချ။ သူဘာသာသူဘာကြီးဖြစ်နေနေ toxic ဆိုတာနဲ့လွှတ်ချလိုက်။ လှပခြင်းဆိုတာ inner beauty ကစတာ။ ခံစားချက်ကောင်းခြင်းကစတာ

၁၂.ဘာကိုမှာ ဂရုမစိုက်ဘဲဘဝကျော်ဖြတ်

၁၃.ကိုယ့်ကိုကိုယ်သူများအခြားသူနဲ့သွားမယှဉ်နဲ့
သူဘဝကသူဘဝ ။ကိုယ့်ဘဝကကိိုယ့်ဘဝ။ ဘဝချင်းမတူသလို ကံ/ ဘဝအရင်းမြစ်/ အထောက်ပံ့/ ဘဝစမှတ်လဲမတူကြလို့

၁၄.body ကျစ်လစ်နေရမယ် လှနေရမယိ ဘယ်သူဘယ်ဝါကြည့်ဖို့အတွက်မဟုတ်ဘဲ ကိုယ့်ကိုကိုယ်မှန်ကြည့်တဲ့အခါ မာန်တက်နေဖို့ဘဲ

၁၅.ကိုယ်က အရာရာတိုင်းမှာတော်တဲ့သူမဟတ်ခဲ့ရင်
လူတိုင်းသူကျွမ်းကျင်မှူနဲ့သူရှိတယ်ဆိုတာသိထားပါ

၁၆.မိန်ကလေးပေမဲ့လဲ ယာဉ်မောင်းတတ်အောင်လုပ်ပါ။
ကား/ဆိုငိကယ်တစ်ခုခု၊ တတ်ထားရင်ဘယ်သူကိုမှအားကိုးနေစရားစောင်နေစရာမလိုတော့ဘူး

၁၇.ငွေကြောင့်အခတ်မရစေအောင်နေပါ

၁၈.skin မနက်/ ည နေ့တိုင်းမပျက် careပါ။ နုနေ ဉနေမှဖြစ်မယ်

၁၉.suncream လိမ်းဖို့မမေ့ပါနဲ့

၂၀.aesthetic clinic တွေခဏခဏမသွာရချင် ငွေမကုန်ချင်ရင် ကျေးဇူးပြုပြီးအစားသောက်ရွေးစားပါ။လေ့ကျင့်ခန်းလုပ်ပါ။

၂၁.အိပ်ခန်း မရှူပ်ပွစေနဲ့။ အိမ်သာအမြဲသန့်နေအောင်ထားပါ

15/06/2026

တနေ့တာလုံး ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေ🍀

14/06/2026

မအိပ်သေးတဲ့သူယူ
ရွှေပွါး ငွေပွါး ပုလဲပွါး
ထပ်တူမရှိသော ပုလဲပွါး
ဒီပုံစံ ဒီတစ်ခုပဲ ရှိတယ်ရှင်

100000

Photos from Nora Outlet's post 14/06/2026

မင်မင့်ဆီက ပုလဲလေးတွေကို
ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေးကြတဲ့
ချစ်သော ကာကာများအားလုံးကို
ရင်ထဲကနေ တကယ်ကျေးဇူးတင်ပါတယ်❤️

မင်မင်နဲ့ထပ်တူ ပုလဲလေးကို မြတ်နိုးပေးကြလို့
ပိုပြီးတောင် ကျေးဇူးတင်ပါတယ်နော်🙏

ပုလဲချစ်သူများအားလုံး
မရှိစကားမကြားရကြွယ်ဝသူများဖြစ်ကြပါစေ
မြတ်နိုးသာ ရတနာ ဒီရေအလားတိုးပွါးနိုင်ပါစေရှင်။

14/06/2026

ကိုယ့်ကိုယ်ကိုယ် အာဟာရဖြည့်ပါ၊
လှလာပါလိမ့်မယ်

အရင်တုန်းက အလှအပဆိုတာ ဆံပင်ပုံပြောင်းတာ၊ အဝတ်အစား အသစ်ဝယ်တာလို့ ထင်ခဲ့ဖူးတယ်။

နောက်မှ တဖြည်းဖြည်း နားလည်လာတာက စစ်မှန်တဲ့အလှတရားဆိုတာ "ပြုစုပျိုးထောင်ရတဲ့အရာ" ဆိုတာပါ။

စိတ်ခံစားချက်ကို ပြုစုပျိုးထောင်တယ်၊
အိပ်ချိန် နားချိန်ကို ပြုစုပျိုးထောင်တယ်၊
ကိုယ့်အရှိန်အဝါကို ပြုစုပျိုးထောင်တယ်။

ဒါဟာ တခြားသူအတွက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာရှိဖို့ဖြစ်တယ်။

ယုံကြည်မှုနဲ့အတူ ကိုယ်ရှိနေဖို့ဖြစ်တယ်။

****

🔹 အတိတ်ကို ဆုပ်ကိုင်မထားမှ မျက်နှာက ကြည်နေမှာပါ

လွှတ်ချလို့မရတဲ့ အရာတွေဟာ နောက်ဆုံးမှာ ကိုယ့်မျက်နှာပေါ် လာပေါ်ပါတယ်။

မျက်မှောင်ကြုတ်နေတာ၊ တင်းမာနေတာတွေဟာ တစ်ညတည်းနဲ့ ဖြစ်လာတဲ့အရာ မဟုတ်ပါဘူး။

စိတ်ရှုပ်စရာတစ်ခုနဲ့ ကြုံတဲ့အခါ ပထမဆုံး "ဒီအရာကို ငါပြောင်းလဲနိုင်မလား" လို့ မေးကြည့်ပါ။

မပြောင်းလဲနိုင်ရင် လွှတ်ချတတ်အောင် သင်ယူပါ။

ဒါမှမဟုတ် "လွှတ်ချရမယ့်စိတ်ရှုပ်စရာ" စာရင်းကို အပတ်စဉ် ရေးမှတ်ပြီး ဆုတ်ဖြဲပစ်ပါ။

ကိုယ့်ကို ပျော်ရွှင်စေတဲ့သူတွေနဲ့ အချိန်ပိုပေးပြီး ကိုယ့်ကို ဝမ်းနည်းစေတဲ့အရာကို အတွေးထဲ ဝင်မလာစေပါနဲ့။

စိတ် ကြည်တဲ့အခါ မျက်လုံးတွေလည်း အလိုလို အရောင်တောက်လာပါတယ်။

****

🔹အာဟာရရှိရှိ စားတာက ကျန်းမာရေးကို ထိန်းဖို့ အယုံကြည်ရဆုံး နည်းလမ်းဖြစ်တယ်။

ကိုယ်စားလိုက်တဲ့ အရာက ကိုယ့်ကို အာဟာရဖြစ်စေလား ... ကိုယ့်အရင်းအမြစ်ကို ကုန်ဆုံးနေစေလား...

မနက်စာကို နွေးတဲ့အစားအစာတွေ စားပါ- ကန်စွန်းဥ၊ ကြက်ဥနဲ့ ဆန်ပြုတ်လည်း သိပ်ကောင်းပါတယ်။

ဗိုက်ဗလာဖြစ်နေချိန် အအေးသောက်တာကို ရှောင်ပါ။

နေ့လယ်စာအတွက် ရိုးရှင်းတဲ့ စည်းမျဉ်းတစ်ခုကို မှတ်ထားနိုင်ပါတယ်။

အဓိကအစားအစာတစ်ပွဲ (ထမင်း) +
ပရိုတင်းဓာတ်ပါတဲ့ အစားအစာတစ်ပွဲ +
ဟင်းသီးဟင်းရွက်နှစ်ပွဲ။

ညစာကို အလွန်အကျွံ မစားပါနဲ့။
ခန္ဓာကိုယ်အနားယူဖို့ အချိန်ရအောင် စောစောစားပါ။

အသားအရေတွေ ပိုကောင်းလာတယ်ဆိုတာ ဘာလိမ်းလို့ မဟုတ်ဘဲ
မှန်မှန်ကန်ကန် စားတဲ့အပေါ် မူတည်ပါတယ်။

****

🔹 သိပ်မကြည့်တာက ကိုယ့်ကိုယ်ကိုယ် နူးညံ့တဲ့ကာကွယ်မှု တစ်မျိုးပါပဲ။

ကိုယ့်ကို စိုးရိမ်ပူပန်စေတဲ့ အကြောင်းအရာ၊ ကိုယ့်ကို တခြားသူနဲ့ နှိုင်းယှဉ်စေတဲ့ ရုပ်ပုံတွေ၊ ကိုယ့်စိတ်ကို မသက်မသာဖြစ်စေတဲ့ အရာတွေက တကယ်တော့ ကိုယ့်စွမ်းအင်ကို တဖြည်းဖြည်း ဆုံးရှုံးနေစေပါတယ်။

ဒါတွေကို သိပ်မကြည့်ဖို့ ဖြည်းဖြည်းချင်း လေ့ကျင့်နိုင်ပါတယ်။ အတင်း၊ သတင်း အားလုံးကို သိနေဖို့ မလိုပါဘူး။

ဖုန်းမပွတ်၊ မက်ဆေ့မပြန်တဲ့အချိန်တစ်ခု နေ့တိုင်း နည်းနည်း ခွဲထားပေးပါ။

တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်က သိပ် သက်သောင့်သက်သာရှိတာကို တွေ့ရပါလိမ့်မယ်။

****

🔹 နေရာ ရှင်းလေ လူက ပို စိတ်လက်ပေါ့ပါးလေပါ

အခန်းရှုပ်ပွနေရင် စိတ်ငြိမ်းချမ်းမှုကို ရှာရ ခက်ပါတယ်။

အရာအားလုံးကို သပ်ရပ်အောင် တစ်ကြိမ်တည်း လုပ်ဖို့ မလိုပါဘူး။ ဖြည်းဖြည်းချင်း ရှင်းလို့ ရပါတယ်။

မသုံးတဲ့ပစ္စည်းကို စွန့်ပစ်ပါ။
တကယ်အသုံးပြုပြီး နှစ်သက်တဲ့အရာတွေကိုပဲ သိမ်းဆည်းထားပါ။

စားပွဲခုံပေါ် ပစ္စည်းနည်းလေ သန့်ရှင်းလေ နေ့ရက်တွေလည်း ပေါ့ပါးလေပါ။

ဖိနပ်တွေကို သပ်သပ်ရပ်ရပ် စီထားတာ၊ အိပ်ရာခင်းကို သန့်သန့်ရှင်းရှင်း ခင်းထားတာကလည်း "တည်ငြိမ်တဲ့ခံစားချက်" ကို ပြန်ရစေနိုင်ပါတယ်။

****

🔹 ကိုယ့်ကိုယ်ကိုယ် "အချိန်နည်းနည်း ပေးဖြုန်း" ပါ။

အချိန်တိုင်း အကျိုးရှိနေရမှာ မဟုတ်သလို နေ့ရက်တိုင်းလည်း ထူးကဲနေဖို့ မလိုပါဘူး။

တစ်နေရာရာကို ငေးတာ ဒါမှမဟုတ် ကောင်းကင်ကို မော့ကြည့်ရုံပါ။

ဘာမှမလုပ်ဘဲ ၁၅ မိနစ်ဆိုလည်း အဆင်ပြေပါတယ်။

ဒါဟာ အချိန်ဖြုန်းတာ မဟုတ်ဘဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့ နည်းလမ်းတစ်ခုဆိုတာ တဖြည်းဖြည်း တွေ့လာပါလိမ့်မယ်။

အမြဲအလျင်စလို လုပ်တာကို ရပ်လိုက်တဲ့အခါ ပိုပြီး ဆွဲဆောင်မှုရှိလာ၊ အကြည့်ခံလာ၊ တည်ငြိမ်လာပါတယ်။

🍃

ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်တာဟာ အံ့သြစရာကောင်းတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ နေ့တိုင်း နည်းနည်းချင်းစီ လုပ်ဆောင်ရုံပါပဲ။

ဖြည်းဖြည်းချင်း ပုံမှန်လုပ်ရင်း
တစ်နှစ်အကြာမှာ ပြန်ကြည့်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်ရှိခဲ့တဲ့ ကိုယ့်ကို
ကိုယ်ကျေးဇူးတင်နေမှာပါ။


-- ဘာသာပြန် မျှဝေပါတယ်

14/06/2026

ရေချိုပုလဲနဲ့ ရေငံပုလဲ ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ မေးခွန်းက ပုလဲတစ်ခုချင်းစီရဲ့ အရည်အသွေးပေါ် မူတည်တာကြောင့် အတိအကျ ပြောဖို့ ခက်ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကို
သိထားမယ်ဆိုရင် ကြိုက်နှစ်သက်တဲ့
ပုလဲအမျိုးအစားကို ရွေးချယ်နိုင်ပါလိမ့်မယ်ရှင်။

အဓိက ကွာခြားချက်တွေကတော့

၁။ မွေးမြူပုံနှင့် ပမာဏ
• ရေချိုပုလဲ (Freshwater Pearls) ကို ရေချိုနေရာတွေဖြစ်တဲ့ မြစ်၊ ရေကန်တွေမှာ မွေးမြူကြပြီး
ရေငံပုလဲ (Saltwater Pearls) ကိုတော့ ပင်လယ်၊ သမုဒ္ဒရာတွေထဲမှာ မွေးမြူကြပါတယ်။

• ရေချိုပုလဲကို ပုလဲအလုံးရေ များများ (အလုံး ၅၀ ထိ) ရနိုင်ပေမယ့်၊ ရေငံပုလဲကိုတော့ တစ်လုံး (သို့) နှစ်လုံးလောက်သာ ရရှိပါတယ်။ ဒါကြောင့် ရေငံပုလဲက ပိုရှားပြီး ဈေးလည်း ပိုကြီးပါတယ်။

၂။ အရည်အသွေးနှင့် တောက်ပမှု
• ရေငံပုလဲတွေက ပုံမှန်အားဖြင့် ပိုတောက်ပ (Luster)ပါတယ်။ သူ့ရဲ့အပေါ်ယံလွှာ (Nacre) ဟာ
ပါးလွှာပေမယ့် တောက်ပတဲ့အလင်းပြန်မှုရှိတာကြောင့် မှန်လို ပြောင်လက်နေတတ်ပါတယ်။
• ရေချိုပုလဲရဲ့ တောက်ပမှုကတော့ နူးညံ့ပြီး ပိုပြီး
"နု" တဲ့အသွင်အပြင်ကို ပေးပါတယ်။ ဒါပေမဲ့ အဆင့်မြင့် ရေချိုပုလဲတွေဟာ ရေငံပုလဲလောက် နီးနီး အရည်အသွေး ကောင်းလာကြပါပြီ။

၃။ ပုံသဏ္ဌာန်နှင့် အရောင်
• ရေချိုပုလဲတွေက အသွင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး (ဥပမာ- ဘဲဥပုံ၊ ဆန်စေ့ပုံ) ရှိကြပါတယ်။ အရောင်ကလည်း ပုံမှန်အားဖြင့် အဖြူ၊ ပန်းရောင်၊ ခရမ်းရောင်နဲ့ မက်မွန်ရောင် စတာတွေ ရှိပါတယ်။
• ရေငံပုလဲကတော့ ပုံစံ ပိုပြီး ပုံမှန်ဖြစ်ကာ လုံးဝန်းတဲ့ ပုံစံမျိုးကို ပိုတွေ့ရပါတယ်။ အရောင်ကတော့ အဖြူ၊ ရွှေရောင်နဲ့ အနက်ရောင်တို့လို အဓိက အရောင်တွေ ရှိပါတယ်။

၄။ ဈေးနှုန်း
• ယေဘုယျအားဖြင့် ရေငံပုလဲက ရေချိုပုလဲထက် ဈေးပိုကြီး ပါတယ်။ ရေငံပုလဲဟာ ရှားပါးပြီး မွေးမြူချိန်လည်း ပိုကြာတဲ့အတွက် ဈေးပိုမြင့်ပါတယ်။
ဒါ့အပြင် အရည်အသွေးမြင့်တဲ့ ရေငံပုလဲတွေက ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတစ်ခုလိုတောင် သတ်မှတ်နိုင်ပါတယ်။

ဘယ်ဟာ ပိုကောင်းလဲ?
ဘယ်ဟာ ပိုကောင်းတယ်ဆိုတာက ကိုယ့်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပါတယ်။
• တန်ဖိုးရှိပြီး တောက်ပတဲ့ အရာမျိုး လိုချင်ရင်၊ ဈေးနှုန်းကိုလည်း အဓိက မထားဘူးဆိုရင် ရေငံပုလဲ ကို ရွေးချယ်သင့်ပါတယ်။ သူက ရှားပါးပြီး ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်နိုင်ပါတယ်။

• အရောင်အသွေးနဲ့ ပုံစံ အမျိုးမျိုးကို ကြိုက်နှစ်သက်ပြီး ဈေးနှုန်းသက်သာတာကို
လိုချင်ရင်တော့ ရေချိုပုလဲ က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ နေ့စဉ်သုံး လက်ဝတ်ရတနာအတွက်လည်း သင့်တော်ပါတယ်။
ဒါကြောင့် ကိုယ်ဝယ်မယ့် ပုလဲရဲ့ တောက်ပမှု၊ ပုံသဏ္ဌာန်၊ အရောင်နဲ့ ဈေးနှုန်း စတာတွေကို
စဉ်းစားပြီး အကောင်းဆုံး ဆုံးဖြတ်နိုင်ပါတယ်ရှင်🙏

14/06/2026

ရေချိုထဲမှာ ရွှေရောင်ဆိုတာ ရှားမှရှား
တစ်ခါတလေမှ ရတာ
ဒါမျိုးဘိတ်ပုလဲဆို ၂သိန်းကျော် ၃သိန်းရှိမယ်

ရေချိုပုလဲ ရွှေရောင်
925 ကြိုးအပါ 130000နဲ့ယူ
တစ်ကုံးပဲ ရပါတော့မယ်ရှင့်

130000

14/06/2026

ပုလဲ ထိန်းသိမ်းနည်းကို
မင်မင် မကြာခဏ မျှဝေပေးဖြစ်ပါတယ်။
ပုလဲကိုတော့ သဘောကျတယ်။ ဒါမဲ့ ဘယ်လိုသိမ်းရ
မလဲ မသိဘူးဆိုတဲ့ ပုလဲချစ်သူများအတွက်ပါရှင့်♥️

ပုလဲ ထိန်းသိမ်းနည်းလေးပါရှင့် ♥️♥️

ပုလဲဟာ.....
ရေမွေး၊ lotion ၊ ချွေးတို့ကိုကြောက်ပါတယ်။
ရေမွေး၊ lotion တို့ အသုံးပြုပြီးမှ ဝတ်ဆင်ပါနော်။

ပုလဲကို အခြားသော ရတနာများနဲ့ တွဲမထားစေချင်ဘူး..
ပုလဲဟာနူးညံ့လို့ ပွတ်တိုက်မိမှာဆိုးပါတယ်။

ပုလဲကို သိမ်းဆည်မယ်ဆို ဝတ်ဆင်ပြီးပါက
ရေစိုဝတ်လေးနဲ့ ပွတ်တိုက်ပါ။အခြောက်ပြန်သုတ်ပြီးမှ ဗူးလေး တစ်ခုထဲပါ ဂွမ်း မခံပဲ သိမ်းဆည်းဖို့ မမေ့ပါနဲ့နော်.... 💝

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Address


Mayangone Township
Yangon