VENUS Mobile

VENUS Mobile

Share

အစုံလင်ဆုံး Mobile Phone အမျိုးအစားများနဲ့ Accessoriesများ စု​ဝေးရာ

17/04/2026

🙏နှစ်ဆန်းတစ်ရက်နေ့ဆုတောင်း 🙏

၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့လေးမှာ ဘေးဘယာများဝေးကွာပြီး စိတ်ကြည်နူးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ကြပါစေလို့ VENUS Mobile မှ ဆုတောင်းမေတ္တာများပို့သအပ်ပါတယ် 💓💓

#နှစ်ဆန်းတစ်ရက် #သင်္ကြန်

12/04/2026

💦အတာသင်္ကြန်ဆုတောင်း💦

နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးချိန် ပျော်ရွှင်စရာ သင်္ကြန်ရက်လေးများကို ချစ်ခင်ရသူများနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ပါစေကြောင်း VENUS Moblie မှ ဆုမွန်ကောင်းများတောင်းအပ်ပါသည်။ 🙏🙏🙏

#သင်္ကြန်

10/04/2026

💦သင်္ကြန်မှာ ကိုယ့်ရဲ့ အမိုက်စား Moment တွေကို မှတ်တမ်းတင်ဖို့

သင်္ကြန်မှာကိုယ့်ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ရိုက်ကူးဖို့အတွက် ဆိုရင်တော့ High-Quality Camera ပါတဲ့ ဖုန်းလေးတွေက အဓိကပဲပေါ့။📱

💓Slow-motion နဲ့ ရေပက်တဲ့ပုံလေးတွေ ရိုက်မလား?
💓Padauk ပန်းလေးနဲ့ အလှပြင်ထားတဲ့ Portrait လေးတွေ ရိုက်မလား?

VENUS Mobile မှာ ကင်မရာ အလန်းစား ဖုန်းမျိုးစုံကို စျေးနှုန်းအလိုက် ရွေးချယ်နိုင်လို့ သင်္ကြန်မတိုင်ခင် အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ...

သင်္ကြန်မှာ အလှဆုံးဓာတ်ပုံရိုက်ပေးမယ့် သူရောရှိနေပြီလား mention လေးနဲ့ သတိပေးလိုက်ပါဦးနော် ...

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

06/04/2026

ဖုန်းထဲမှာဘာမှမရှိပဲ Storage ကဘာလို့ ခဏခဏ ပြည့်နေတာလဲ???? 📱📂

ဓာတ်ပုံတွေလည်း အများကြီးမရှိဘူး၊ Game တွေလည်း အကြီးကြီးတွေမဆော့ဘူး... ဒါပေမဲ့ ဖုန်းက Storage Full ဆိုပြီး ခဏခဏ တက်နေလို့ စိတ်ညစ်နေပြီလား?

တကယ်တော့ သင့်ဖုန်းထဲမှာ နေရာအများကြီး ယူထားတဲ့ "တရားခံ" က အမြဲသုံးနေတဲ့ Telegram နဲ့ Viber တို့ ဖြစ်နေတတ်ပါတယ်။

Telegram နဲ့ Viber တွေမှာ Video တွေ ကြည့်တဲ့အခါ၊ File တွေ ဖွင့်ကြည့်တဲ့အခါမှာ အဲဒီ File တွေက ဖုန်းထဲကို အလိုအလျောက် Download ဆွဲပြီးသား ဖြစ်သွားပါတယ်။ ဒါကို "Cache Data" လို့ ခေါ်ပါတယ်။ ကြာလာတဲ့အခါ ဒီအမှိုက်ဖိုင်တွေက GB အများကြီး စုပုံလာပြီး Storage ကို ပြည့်သွားစေတာပါ။

ဒီလိုလေးဖြေရှင်းကြည့်ပါ ..

✅✅Telegram ဆိုရင် Settings > Data and Storage > Storage Usage ထဲက Clear Telegram Cache ကို နှိပ်ပေးပါ။

✅✅ Viberဆိုရင် Settings > Storage > Clear Cache လုပ်ပေးပါ။
ဒီလိုလေးလုပ်ပေးရုံနဲ့ Photo နဲ့ Video တွေပျက်မသွားပဲ Storage နေရာအများကြီးပြန်လွတ်လာပါလိမ့်မယ် ..

Settings ထဲမှာ Automatic Media Download ကို ပိတ်ထားပေးမယ်ဆိုရင်တော့ Video နဲ့ Photo တွေကို ဖုန်းက အလိုအလျောက် Download မဆွဲတော့တဲ့အတွက် Storage ထပ်မပြည့်တော့ပါဘူး။

တစ်လတစ်ခါလောက် ဒီပုံစံလေးအတိုင်း Clear Cache လုပ်ပေးတာက ဖုန်းကို ပေါ့ပါးသွက်လက်စေပါတယ်။

ဒါပေမဲ့ ကိုယ်ရဲ့ ဖုန်းအသုံးပြုတဲ့ ပုံစံအရ Storage အများကြီး လိုအပ်နေပြီဆိုရင်တော့...
✅ Storage ပိုများတဲ့ ဖုန်းအသစ်တစ်လုံးနဲ့ လဲလှယ်ဖို့ စဉ်းစားသင့်ပါပြီ။
✅ ဒါဆိုရင်တော့ VENUS Mobile မှာStorage ပိုများတဲ့ ဖုန်းအမျိုးအစားများစွာကို စိတ်တိုင်းကျရွေးချယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ...

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

20/03/2026

ဖုန်းအသုံးပြုသူတိုင်း မေ့ထားလို့မရတဲ့သတိပြုစရာ အချက်(၃) ချက်

✅ခေါင်းအုံးအောက် ဖုန်းထားအိပ်ခြင်း
ညဘက် ဖုန်းကို ခေါင်းအုံးအောက် ထည့်အိပ်တာက ဖုန်းအပူပြန်ထွက်စရာ လမ်းမရှိလို့ Battery ကို အလွန်အမင်း ပူလာစေပါတယ်။ ဒါဟာ Battery သက်တမ်းကို တိုစေပါတယ်။

🔅လေဝင်လေထွက်ကောင်းတဲ့ စားပွဲခုံပေါ်မှာပဲ တင်အိပ်ပါ။

✅ဖုန်းမျက်နှာပြင်ကို အဝတ်စနဲ့သုတ်ခြင်း
ဖုန်းမှန် မှုန်နေလို့ ကိုယ်ဝတ်ထားတဲ့ အင်္ကျီစ၊ ပုဆိုးစတွေနဲ့ အလွယ်တကူ သုတ်မိနေရင် အဝတ်မှာပါတဲ့ အမျှင်ကြမ်းတွေကြောင့် ဖုန်းမှန်ပေါ်မှာ အခြစ်ရာ (Scratches) လေးတွေ ထင်ကျန်စေနိုင်ပါတယ်။

🔅 မျက်မှန်သုတ်တဲ့ အဝတ်ပျော့ (Microfiber) လေးနဲ့ပဲ အသာအယာသုတ်ပေးပါ။

✅အားသွင်းပေါက်ထဲ ဖုန်ဝင်ခြင်း

အားသွင်းပေါက်ထဲမှာ အဝတ်အမျှင်နဲ့ ဖုန်တွေ ပိတ်နေရင်ဖုန်းအားသွင်းရတာ ချောင်နေတာ၊ အားသိပ်မဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို အတင်းဖိသွင်းရင် အားသွင်းပေါက် လုံးဝ ပျက်စီးသွားနိုင်ပါတယ်။

🔅 အားသွင်းပေါက်ကို Dryer လေးနဲ့လေအေးလေးထားပြီး မှုတ်ပေးပါ။

ကိုယ့်ရဲ့ အဖိုးတန်ဖုန်းလေးကို အသစ်အတိုင်း အမြဲတမ်း လန်းဆန်းနေစေဖို့နဲ့ စိတ်ချရတဲ့ ဝန်ဆောင်မှုတွေ ရယူဖို့ဆိုရင် VENUS Mobile ကို သတိရလိုက်ပါ" ✨

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

Photos from VENUS Mobile's post 18/03/2026

X ဖုန်းမှန်မကွဲတပ်ပြီးမှ လွတ်ကျလို့ အတွင်းဖုန်းမှန်ကွဲသွားရင် ဘာဆက်လုပ်ရမလဲ?

ပုံလေးတွေမှာ အသေးစိတ်ရှင်းပြထားပါတယ်နော်

X မှန်မကွဲကို VENUS Mobile မှာ ဝယ်ယူလို့ရနေပါပြီ ..

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။

☎️09 966 110 141
☎️09 442 233 303

14/03/2026

ဝယ်တုန်းကကြည်နေတဲ့ဖုန်းကင်မရာလေးတွေ ကြာလာရင်မှုန်လာတာဘာကြောင့်လဲ ??

အခုနောက်ပိုင်း ဖုန်းတွေက Camera အလုံးကြီးတွေနဲ့ ထွက်လာတာကြောင့် ဓာတ်ပုံရိုက်ရင် အရမ်းကြည်လင်လှပပါတယ်။

ဒါပေမယ့် သတိမထားမိတဲ့ အချက်လေးတွေကြောင့် ကိုယ့်ဖုန်းရဲ့ Camera Lens လေးတွေမှာ အခြစ်ရာတွေထင်ပြီး ပုံတွေမှုန်သွားတတ်ပါတယ်။

✅မျက်နှာပြင်ကြမ်းတဲ့နေရာတွေမှာ ဖုန်းကို မှောက်ရက်မချပါနဲ့
ဖုန်းကို စားပွဲပေါ်တင်တဲ့အခါ Camera ဘက်ကနေ ချတတ်တဲ့အကျင့်က Lens ကို အခြစ်ရာလေးတွေထင်စေပါတယ်။ Lens မှာ အခြစ်ရာလေး တစ်ကြောင်းထင်ရုံနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အလင်းတွေ ပျံ့ကုန်ပြီး ပုံထွက် မကြည်တော့ပါဘူး။

✅လက်ချောင်းနဲ့ Lens ကို တိုက်ရိုက်မထိပါနဲ့
လက်မှာရှိတဲ့ အဆီနဲ့ချွေးတွေက Lens ပေါ်မှာ အလွှာတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ ဓာတ်ပုံမရိုက်ခင်မှာ အဝတ်ပျော့လေးနဲ့ အမြဲသုတ်ပေးဖို့ လိုပါတယ်။

✅Camera Lens Protector ကပ်ထားပါ
အခုနောက်ပိုင်းမှာ ဖုန်း Camera အတွက် သီးသန့်ထုတ်ထားတဲ့လေးတွေ ရှိပါတယ်။ ဒါလေးတွေက ဖုန်းပြုတ်ကျတဲ့အခါ Camera မှန်မကွဲအောင်ရော၊ အခြစ်ရာမထင်အောင်ပါ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

✅Phone Case ရွေးချယ်မှု မှန်ကန်ပါစေ
ဖုန်း Case ဝယ်တဲ့အခါ Camera ဘောင်ထက် အနည်းငယ် ပိုမြင့်တဲ့ Case မျိုးကို ရွေးချယ်ပါ။ ဒါမှ ဖုန်းကို စားပွဲပေါ်တင်လိုက်တဲ့အခါ Lens နဲ့ စားပွဲမျက်နှာပြင် တိုက်ရိုက်မထိမှာ ဖြစ်ပါတယ်။
သုံးနေကြဖုန်းလေးရဲ့ Camera လေးတွေ အမြဲတမ်း တောက်ပကြည်လင်နေဖို့အတွက် VENUS Mobile မှာ Phone Accessories လေးတွေစုံလင်စွာရွေးချယ်ဝယ်ယူနိုင်ပါပြီ ...

ကြည်လင်ပြတ်သားတဲ့ အမှတ်တရတွေကို သိမ်းဆည်းဖို့ VENUS Mobile နဲ့အတူ ဖုန်းကင်မရာလေးကို ဂရုစိုက်လိုက်ကြရအောင် ...

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

13/03/2026

သုံးနေကျဖုန်းလေးကအရင်လိုမသွက်တော့ပဲ လေးလံနေလို့ စိတ်အမြဲတိုနေရလား ???

ဖုန်းဝယ်တုန်းကတော့ အသစ်စက်စက်နဲ့ အရမ်းသွက်ပေမယ့် သုံးရင်းသုံးရင်းနဲ့မှ "ဟန်း" လာတာ၊ App တွေဖွင့်ရင် ကြာနေတာမျိုး ဖြစ်လာတတ်ပါတယ်။

ဖုန်းလေးစေတဲ့အကြောင်းရင်းတွေကတော့
⚠️System Storage ပြည့်လုနီးပါးဖြစ်ခြင်း
ဖုန်းရဲ့ Storage က အမြဲတမ်း 90% ကျော်နေရင် System က လည်ပတ်ဖို့ နေရာလွတ် (Swap Space) မရှိတော့ပါဘူး။ ဒါကြောင့် ဖုန်းက သိသိသာသာ လေးသွားတတ်ပါတယ်။ မသုံးတဲ့ Apps တွေနဲ့ မလိုတော့တဲ့ ဗီဒီယိုအဟောင်းတွေကို ဖျက်ပေးပါ။

⚠️Cache Data တွေစုပုံနေခြင်း
Facebook, Messenger နဲ့ TikTok လို Apps တွေက သုံးတာကြာလာရင် Cache လို့ခေါ်တဲ့ ယာယီဖိုင်တွေ အများကြီး သိမ်းထားတတ်ပါတယ်။ ဒါတွေက Storage စားရုံတင်မကဘဲ ဖုန်းကို လေးစေပါတယ်။

⚠️ Software Update မတင်ခြင်း
ဖုန်းထုတ်လုပ်တဲ့ Company တွေက ပေးတဲ့ System Updates တွေက Bug တွေကို ပြင်ဆင်ပေးပြီး ဖုန်းကို ပိုသွက်အောင် လုပ်ပေးတာပါ။ ဒါကို မတင်ဘဲ ထားရင် ဖုန်းက တဖြည်းဖြည်း လေးလာပါလိမ့်မယ်။

ကိုယ့်ရဲ့အသဲကျော်ဖုန်းလေးကို အမြဲတမ်း အသစ်အတိုင်း သွက်လက်နေစေဖို့ - ✅ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ဖုန်းကို Restart ချပေးပါ။

✅ မလိုအပ်တဲ့ Background Apps တွေကို အမြဲပိတ်ထားပါ။
✅ အရေးကြီးဆုံးကတော့ ဖုန်းဝယ်ကတည်းက ကိုယ့်အသုံးပြုမှုနဲ့ လုံလောက်နိုင်မယ့် RAM & Storage ကို ရွေးချယ်ဝယ်ယူပါ။

ဖုန်းကအရမ်းလေးပြီးဟောင်းနေလို့ မသုံးချင်တော့ဘူးဆိုရင်တော့ VENUS Mobile မှာ အထာကျကျစိတ်ချမ်းသာစေမယ့် ဖုန်းအသစ်တစ်လုံးကို ဝယ်ယူလိုက်ပါ ...

ဖုန်းအသစ်ဝယ်မယ်ဆိုရင် ရည်အသွေးကောင်း၊ ပစ္စည်းမှန်၊ ဈေးတန်တဲ့ ဖုန်းအမျိုးအစားများစွာကိုတစ်နေရာတည်းမှာစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်မယ့် VENUS Mobile ကိုသတိရလိုက်ပါ။

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

12/03/2026

ဖုန်းရဲ့ Touch System ကိုဖျက်စီးနေတဲ့ အလေ့အကျင့် (၃)မျိုး

ဖုန်းသုံးရင်း ဖုန်း Screen ထစ်ထစ်နေတာ၊ ထိလိုက်တာတစ်ခု ရောက်သွားတာတစ်ခြားဖြစ်ပြီးစိတ်ညစ်ဖူးကြလား ???

ဒါတွေက ဖုန်းဟောင်းလို့မဟုတ်ပဲ ကိုယ့်ဘာသာမသိလိုက်ပဲနေ့စဉ်မှားလုပ်မိနေတဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🔺 ဖုန်းပိုးသတ်ချင်လို့ပဲဖြစ်ဖြစ်၊ သန့်ရှင်းချင်လို့ပဲဖြစ်ဖြစ် (Alcohol) ဒါမှမဟုတ် ရေကို ဖုန်းမှန်ပေါ်တိုက်ရိုက်ဖြန်းမိနေရင် အန္တရာယ်ရှိပါတယ်။ အရည်တွေကမှန်အက်ကြောင်းရှိရင်( ဒါမှမဟုတ်) ဘေးဘောင်တွေထဲကနေ တစ်ဆင့်အတွင်းပိုင်း ထိရောက်သွားပြီး Touch စနစ် အလုပ်မလုပ်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။

✅ အဝတ်ပျော့လေး (Microfiber) ပေါ်ကို အရည်အနည်းငယ်ဆွတ်ပြီးမှ အသာအယာသုတ်ပေးပါ။

🔺သော့တွဲတွေ၊ အကြွေစေ့တွေနဲ့ ဖုန်းကို ရောထည့်ထားမိရင်လဲ ဖုန်းမှန်မှာ မျက်စိနဲ့မမြင်ရတဲ့ အခြစ်ရာလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေက ကြာလာရင် Touch စနစ်ကို ထိခိုက်စေနိုင်ပါတယ်။

🔺လက်မှာပါလာတဲ့ ဆီတွေ၊ ဟင်းအနှစ်တွေနဲ့ဖုန်းကိုင်မိရင် ဖုန်းမှန်ပေါ်မှာ အလွှာတစ်ခုလို ဖုံးသွားတတ်ပါတယ်။ ဒါက Touch စနစ်ကို တုံ့ပြန်မှု နှေးကွေးသွားစေရုံတင်မကပဲ ဖုန်းမှန်ကိုပါ ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ အဖိုးတန်ဖုန်းလေး Touch စနစ် ကောင်းမွန်နေဖို့ဆိုရင် -

✅ အရည်အသွေးကောင်းမွန်တဲ့ Tempered Glass တစ်ခု အမြဲကပ်ထားပါ။
✅ တစ်ပတ်တစ်ခါ ဖုန်းအိတ် (Case) ကိုချွတ်ပြီး ဖုန်းအတွင်းပိုင်း ဖုန်တွေကို သန့်ရှင်းပေးပါ။
✅ တကယ်လို့ Touch စနစ်က ပုံမှန်မဟုတ်တော့ဘူးဆိုရင် ကိုယ့်ဘာသာ Software တွေ လျှောက်မတင်ဘဲ ကျွမ်းကျင်တဲ့ဆိုင်မှာ ပြသပေးပါ။

ကိုယ့်ဖုန်းလေးကို ဘာမှမဖြစ်ခင်ကြိုတင်ကာကွယ်ဖို့ VENUS Mobile မှာဖုန်းလေးတွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ Phone Accessories လေးတွေ ကိုစိတ်ချမ်းသာစွာနဲ့ ရယူနိုင်ပါပြီ။

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

09/03/2026

မှန်ကွဲနေတဲ့ဖုန်းကို ဆက်သုံးနေရင် ဘာဖြစ်နိုင်မလဲ ?? 📱💔

ဖုန်းမှန်ကွဲတာ နည်းနည်းလေးပဲဆိုပြီး ဆက်သုံးနေတာက တကယ်တော့ အန္တရာယ်ရှိပါတယ်။

🔅အက်ကြောင်းထဲကနေ ဖုန်မှုန့်နဲ့ စိုထိုင်းဆ (Moisture) တွေ ဝင်ပြီး အတွင်းပိုင်း ကစက်တွေအထိပျက်စီးစေနိုင်ပါတယ်။

🔅ကွဲနေတဲ့အက်ကြောင်းလေးတွေက အလင်းပြန်မှုကို ကမောက်ကမဖြစ်စေတဲ့အတွက် မျက်စိကို ပိုပင်ပန်းစေပါတယ်။

🔅ဖုန်းရဲ့ Screen Touch ကိုလည်းထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မှန်အက်တာကွဲတာမဖြစ်အောင် မကွဲမှန်လို့ခေါ်တဲ့ Screen Protetor လေးတွေ ကပ်ဖို့မမေ့ပါနဲ့နော် ...

ဖုန်းကအက်တာကွဲတာတွေများနေလို့ အသစ်လဲပြီးပဲသုံးတော့မယ်ဆိုရင်တော့ After Sales Service ကောင်းမွန်ပြီး အာမခံချက်အပြည့်အဝနဲ့ရွေးချယ်စရာဖုန်းအမျိုးအစားများစွာရှိတဲ့ VENUS Mobile ကိုသတိရလိုက်ပါ ..

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

08/03/2026

ညဘက် ဖုန်းသုံးရင် မျက်လုံးကို ဒီလို ကာကွယ်ပါ 👁️🌙

ညဘက် အမှောင်ထဲမှာ ဖုန်းအကြာကြီးကြည့်တာက မျက်လုံးကို အလွန်အမင်း ထိခိုက်စေနိုင်ပါတယ်။

🔅Blue Light Filter / Night Mode: ဖုန်းကထွက်တဲ့ အပြာရောင်အလင်းတန်းကို လျှော့ချဖို့ Night Mode ကို အမြဲဖွင့်ထားပါ။

🔅Brightness ချိန်ညှိပါ: အမှောင်ထဲမှာ ဖုန်းအလင်းကို အနည်းဆုံးအထိ လျှော့သုံးပါ။

🔅20-20-20 Rule: ဖုန်းကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ 20 အကွာအဝေးကို စက္ကန့် 20 ကြာ ကြည့်ပေးပြီး မျက်လုံးကို အနားပေးပါ။

အခုခေတ် ဖုန်းအမြင့်လိုင်းတွေမှာ မျက်လုံးထိခိုက်မှုနည်းစေတဲ့ Eye Care Display တွေ ပါဝင်လာပါပြီ။

ကိုယ့်ကျန်းမာရေးအတွက် Screen Quality ကောင်းတဲ့ဖုန်းလေးတွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ VENUS Mobile မှာ ရွေးချယ်စရာဖုန်းအမျိုးအစားများစွာရှိတဲ့အကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

06/03/2026

အထာကျကျမိမိုက်နေတဲ့ ဖုန်းလေးတွေ အပိုင်ဝယ်သိမ်းဖို့ VENUS Mobile ကို သတိရလိုက်ပါ ..
ဖုန်းတစ်လုံးဆိုတာ ခဏတာသုံးဖို့မဟုတ်ဘဲ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အဖော်မွန်တစ်ခုလို အမြဲရှိနေမှာပါ။

ဒါကြောင့် အသစ်တစ်လုံး ဝယ်တော့မယ်လို့ စဉ်းစားလိုက်တိုင်း စိတ်ထဲမှာ အလိုလိုပေါ်လာရမယ့်နေရာက VENUS Mobile ပါပဲ။

VENUS Mobile မှာ -

📍အစစ်လား၊ အတုလား ဆိုပြီး ခေါင်းစားစရာမလိုဘဲ အာမခံချက်အပြည့်နဲ့ Original စစ်စစ်တွေကိုပဲရောင်းချပေးပါတယ်။

📍ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ Quality က ထပ်တူကျလို့ 100% စိတ်ကျေနပ်မှုရှိစေပါတယ်။

📍Flagship ဖုန်းအမြင့်လိုင်းတွေကနေ Budget friendly ဖြစ်တဲ့ ဖုန်းတွေအထိ ကိုယ့်စိတ်ကြိုက် Color နဲ့ Model အစုံကို တစ်နေရာတည်းမှာဝယ်ယူရရှိနိုင်လို့ ဝယ်ဖူးသူတိုင်း စိတ်ချမ်းကြနေကြတာပေါ့။

✅ ဝယ်ယူပြီးနောက်ပိုင်းမှာလည်း အဆင်မပြေတာရှိရင် အမြဲရှိနေမယ့် နွေးထွေးတဲ့ After Sales Service ဝန်ဆောင်မှု။

✅ ကိုယ့်ရဲ့ သုံးစွဲမှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ဖုန်းကို ရွေးချယ်နိုင်ဖို့ စိတ်ရှည်လက်ရှည် အကြံပေးမှု။
✅ဝယ်ယူသူတိုင်းရဲ့ ကျေနပ်ပီတိစကားသံလေးတွေ

ဒီအချက်လေးတွေက VENUS Mobile မှာ ဖုန်းဝယ်ဖို့အတွက် အကောင်းဆုံးသက်သေတွေပါပဲ။

ဒါဆိုရင် .. အထာကျကျမိမိုက်နေတဲ့ ဖုန်းလေးကိုအပိုင်သိမ်းဖို့ VENUS Mobile ကို အခုပဲလှမ်းခဲ့လိုက်တော့နော် ..

𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 1/2, Pyay Road, ODan Ward, Taikkyi
Yangon
11382

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00