Brilliant Language Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brilliant Language Center, Language school, No. 92 (A), Nat Mauk Street, 55 Quarter, South Dagon Township, Yangon.
04/02/2025
သားသားမီးမီးတို့ရေ ဒီနေ့မှာတော့ တီချယ်က Summer ☀️ မှာ ဝတ်ဆင်လေ့ရှိကြတဲ့ “Clothes & Accessories” လေးတွေအကြောင်းကို မျှဝေပေးထားပါတယ်။ 💕
ကလေးတို့ရော နွေရာသီရောက်ရင် ဘယ်လိုအဝတ်အစားလေးတွေ ဝတ်ရတာကြိုက်လဲ❔ Comment မှာ ဖြေပေးသွားပါဦးနော်။ 🥰🌼👗🎽🩳
!
03/02/2025
နွေရာသီကျောင်းပိတ်ရက်မှာ သူငယ်ချင်းအသစ်တွေလဲရ၊ English လိုလဲရချင်တဲ့ သားသားမီးမီးများအတွက် Brilliant Language Center မှ “Summer English Classes” များ ဖွင့်လှစ်ပေးလိုက်ပါပြီ။ ✨😎⛱️
👧🏻 အသက် ၅နှစ်မှ ၁၂နှစ်အရွယ်အထိ သားသားမီးမီးလေးများအတွက်
✅ “General English 4 skills Classes” များ
✅ ငယ်စဉ်ကတည်းက English sentences တွေကို သဒ္ဒါမှန်မှန်ကန်ကန်နဲ့ ရေးတက်ချင်တဲ့ကလေးငယ်များအတွက် “Grammar Only Classes” များအပြင်
👭 ဆယ်ကျော်သက်များနှင့် လူငယ်များအတွက်
✅ “English 4 skills Classes” များကိုပါ Level အလိုက် တက်ရောက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ✨
📍Brilliant Language Center (BLC) ရဲ့ English Classes များမှာ
🌼 သားသားမီးမီးလေးများ စိတ်ဖိစီးမှုမရှိပဲ ပျော်ရွှင်စွာနှင့် အင်္ဂလိပ်စာသင်ယူနိုင်စေရန် Fun Activities များ၊ Projects များပြုလုပ်စေခြင်းဖြင့် သင်ယူရခြင်း
🌼 သင်တန်းသူ၊ သင်တန်းသားတစ်ဦးချင်းဆီကို အသေးစိတ်ဂရုစိုက်နိုင်ရန် Small class size ကိုသာထားရှိထားခြင်း
🌼 စာသင်ခန်းအတွင်း ကောင်းမွန်စွာသင်ယူနိုင်စေရန် Classroom library 📚 အပြင်၊ အခြားသောသင်ထောက်ကူပစ္စည်းများ၊ Facilities များစွာရှိခြင်း
🌼 အတွေ့ကြုံရှိသော Teacher 👩🏻🏫 မှ ခတ်မှီသင်ကြားရေးနည်းစနစ်များကို အသုံးပြုကာ ကလေးငယ်များတစ်ယောက်ချင်းဆီကို အသေးစိတ် သင်ကြားပေးနေတာဖြစ်ပါတယ်။
သင်တန်းကြေးချိုသာသက်သာပြီး Quality English Education တစ်ခုကိုရှာနေတယ်ဆိုရင်တော့ BLC ကိုသာ ရွေးချယ်လိုက်ပါနော်။ 😍🌟
“ကျောင်းနေပျော်ပြီး၊ English စာတော်တဲ့ ကလေးလေးတွေဖြစ်ဖို့” BLC မှ အပြည့်အဝတာဝန်ယူပါတယ်။ 🥰🫶🏻
BLC ရဲ့ English Classes များကို မြန်မာကျပ်ငွေ 30000 ကျပ်မှစတင်ပြီး Level အလိုက်အပ်နှံနိုင်ပါတယ်။
သင်တန်းအပ်မည်ဆိုပါက Level Test အရင်ဖြေဆိုပြီးမှသာ မိမိနှင့်ကိုက်ညီသည့် အတန်းမှ တက်ရောက်ရပါမည်။
“Summer English Classes” များအားလုံးကို March လ ၃ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပါမည်။ 📣📣
◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️
Level Test ဖြေဆိုရန်နှင့် အတန်းတွေအကြောင်း အသေးစိတ်စုံစမ်းရန်
🏫အမှတ် ၉၂(က)၊ နတ်မောက်လမ်း၊ ၅၅ရပ်ကွက်၊ တောင်ဒဂုံ။
☎️ 09967893879, 09962170783 ကို အခုပဲ ဆက်သွယ်လိုက်တော့နော်။ 🌼🌈
!
08/12/2024
It’s Presentation Time! 😍🐢🐘🐣🐍🐶
ဒီတစ်ခေါက်မှာတော့ “Brilliant Language Center” ရဲ့ “Young Learners English Class” မှဘက်စုံထူးချွန်ကြတဲ့ သားသားမီးမီးလေးတွေရဲ့ ပုံရိပ်လေးတွကို အမှတ်တရအဖြစ် တင်ပေးလိုက်ပါတယ်။ 🥰🌟⭐️
ချိုသာတဲ့သင်တန်းကြေးနဲ့ ပျော်စရာကောင်းတဲ့ English Classroom မှ သားသားမီးမီးတို့အားလုံးကို ကြိုဆိုနေပါတယ်။ 💛🌼🌈
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🏫အမှတ် ၉၂(က)၊ နတ်မောက်လမ်း၊ ၅၅ရပ်ကွက်၊ တောင်ဒဂုံ။
☎️ 09967893879, 09962170783
!
23/09/2024
ဒီတစ်ခေါက်မှာတော့ “Brilliant Language Center”ရဲ့ “Young Learners- Level (3) Class”မှ သားသားမီးမီးလေးတို့က “The Lion and the Mouse” ဆိုတဲ့ Story လေးကို Role-play ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ❣️
ဒီ Story လေးက သားသားမီးမီးတို့ရဲ့ (Level 3) ဖတ်စာအုပ်ထဲမှဖြစ်ပြီး Characters တွေအနေနဲ့
-The Lion 🦁
-The Mouse 🐭
-Two Narrators 📖 ဆိုပြီး ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
အခုလိုမျိုး Role-play ပြုလုပ်ခြင်းက သားသားမီးမီးလေးတွေရဲ့ Listening, Speaking, Comprehension Skills တွေကို ပိုမိုကောင်းမွန်လာစေရုံသာမက ကလေးတို့ကိုယ်တိုင် အတူတူ ပူးပေါင်းဆောင်ရွက်၊ ဖန်တီးရခြင်းကြောင့် Creativity နဲ့ Teamwork ကိုပါ အထူး ကောင်းမွန်တိုးတက်လာစေပါတယ်။ ✨
👩🏻🏫 သားသားမီးမီးများ ဘာသာစကားလေ့လာရာမှာပျော်ပျော်ရွှင်ရွှင်နဲ့၊ သေချာနားလည်တတ်မြောက်လာစေဖို့ “Brilliant Language Center”မှ အကောင်းဆုံးတာဝန်ယူသင်ကြားပေးနေပါတယ်။ 🌟
ဒါကြောင့် တောင်ဒဂုံမြို့နယ်အတွင်းရှိ ဖေဖေမေမေတို့ အင်္ဂလိပ်စာသင်တန်းကျောင်း အရွေးအမှားစေရန် “Brilliant Language Center” မှာ အခုပဲ ဆက်သွယ်စုံစမ်းလိုက်တော့နော်။ 🥰💛
အသေးစိတ်စုံစမ်းရန်-
🏫အမှတ် ၉၂(က)၊ နတ်မောက်လမ်း၊ ၅၅ရပ်ကွက်၊ တောင်ဒဂုံ။
☎️ 09967893879, 09962170783
!
11/09/2024
Let’s go to the beach! 🏖️ 🌊🐚☀️🏝️
ဒီနေ့မှာတော့ Brilliant Language Center ရဲ့ Young Learners English Class (Level-1) မှ သားသားမီးမီးတို့က Beach Vocabulary လေးတွေကို လေ့လာခဲ့ကြပါတယ်။
သားသားမီးမီးတို့က သူတို့စိတ်ကူးထဲက Beach ပုံစံလေးတွေကိုရေးဆွဲပြီး ကမ်းခြေမှာတွေ့ရတတ်တဲ့အရာလေးတွေကို English လို ပြန်လည်ပြောပြခဲ့ပါတယ်။ 🥰🩵
📣 အသက် 5နှစ်မှ 12နှစ်အရွယ်အထိ ကလေးတို့အတွက် Quality English Classes လေးတွေစုံစမ်းနေတယ်ဆိုရင်တော့ Brilliant Language Center ရဲ့ “ကျောင်းချိန်လွတ်အင်္ဂလိပ်စာသင်တန်း” များကို အခုပဲစုံစမ်းလိုက်တော့နော်။
ချိုသာတဲ့စျေးနှုန်းနဲ့ ပျော်စရာကောင်းတဲ့စာသင်ခန်းမှ သားသားမီးမီးတို့ အားလုံးကို အမြဲကြိုဆိုနေပါတယ်။ 🥰💛
အသေးစိတ်စုံစမ်းရန်-
🏫အမှတ် ၉၂(က)၊ နတ်မောက်လမ်း၊ ၅၅ရပ်ကွက်၊ တောင်ဒဂုံ။
☎️ 09967893879, 09962170783
!
23/08/2024
"ကျောင်းနေပျော်၍၊ စာတော်ရမည်” ❤️❤️❤️
ဖေဖေမေမေတို့ရေ ကိုယ့်ရဲ့ကလေးလေးတွေကို ကျောင်းလည်းပျော်ပြီး အင်္ဂလိပ်စာလည်းတော်တဲ့ သားသားမီးမီးလေးတွေဖြစ်စေချင်ရင်တော့…
Brilliant Language Center ရဲ့ ကျောင်းချိန်လွတ် English Classes လေးတွေကို အခုပဲစုံစမ်းလိုက်တော့နော်။ 🥰📞
အသေးစိတ်စုံစမ်းရန်-
🏫အမှတ် ၉၂(က)၊ နတ်မောက်လမ်း၊ ၅၅ရပ်ကွက်၊ တောင်ဒဂုံ။
☎️ 09967893879, 09962170783
!
29/06/2024
Good evening, learners! 🙋🏻♀️✨ It’s time to reveal the answer to yesterday’s quiz question!
✈️ The plane flew _____ over the mountains.🏔️
A. high
B. higher
C. highly
D. highliest
👏 Great job if you chose A: high! ✅
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Explanation~
📍”High” (Adj) ကို ‘Adverb’ အနေနဲ့ အသုံးပြုမယ်ဆိုရင် နှစ်မျိုးဖြစ်နိုင်ပါတယ်။
1️⃣ “High” (Adv)- မြင့်မားစွာ။ မြင့်မြင့်။
Example- The plane flew high over the mountains.
(လေယာဉ်က တောင်တန်းတွေပေါ်မှ မြင့်မြင့်ပျံသန်းသွားတယ်။)
📍ဒီနေမှာ “high” သည် adverb ဖြစ်ပြီး physical height ကိုဖော်ပြပါတယ်။
2️⃣ “Highly” (Adv)- လွန်ကဲစွာ။ အလွန်။
Example- He is highly intelligent.
(သူက အရမ်း ညဏ်ကောင်းတယ်။)
📍ဒီနေရာမှာ “highly” သည်လဲ adverb ဖြစ်ပြီး non-physical အရာတစ်ခုရဲ့ degree/ extent ကို ဖော်ပြရာမှာ အသုံးပြုပါတယ်။
ဒီနေ့ကတော့ ဒီလောက်ပါပဲ။
See you next time! 💕
!
28/06/2024
🌤️Good morning, learners!💛
Are you ready to test your grammar skills with a quiz?🫶🏻🔍 Share your answers in the comments! ⬇️
✈️ The plane flew ______ over the mountains.
A. high
B. higher
C. highly
D. highliest
💡အဖြေမှန်နဲ့ ရှင်းလင်းချက်ကို မနက်ဖြန်ည 7 နာရီမှာ ဖတ်ရှုနိုင်ပါတယ်။✨
!
14/06/2024
7️⃣ Time Expressions in English!🕰️🕐
English Conversation တွေ၊ Writing တွေမှာ ကိုယ့်ရဲ့ပြောဆိုရေးသားနေကျ styleတွေ၊ အသုံးအနှုန်းတွေက လွယ်ကူရိုးရှင်းပြီး ပျင်းစရာကောင်းနေပြီလား❓ ကိုယ်ရဲ့ language ကို ပိုပြီးဆွဲဆောင်မှုရှိအောင်၊ အသက်ပါလာအောင် ပြောဆိုရေးသားတတ်ဖို့ဆိုတာ စကားလုံးအသုံးအနှုန်းရွေးချယ်မှုကလဲ အရေးကြီးတယ်နော်။
ဒါကြောင့်.. ဒီနေ့မှာတော့ Learners တွေရဲ့ English ကို next level ရောက်အောင်ပံ့ပိုးပေးနိုင်တဲ့ Time Expressions လေး (7) ခုကို sharing လုပ်ပေးလိုက်ပါတယ်။
⌛Time Expressions တွေဆိုတာ ကိုယ့်ရဲ့ daily life မှာသာမက၊ social situations တွေနဲ့ business contexts တွေအထိပါ ထည့်သွင်းအသုံးပြုနိုင်တာဖြစ်လို့ လေ့ကိုလေ့လာထားသင့်ပါတယ်။
ဒါဆိုရင်တော့ အခုပဲ BLC က sharing လုပ်ပေးမဲ့ Time Expressions လေး (7) ခုကို အဆုံးထိတူတူလေ့လာကြည့်ကြရအောင်နော်။ 💕
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
(1) Behind the times
🟡 Old-fashioned.
(တစ်ယောက်ယောက်၊ တစ်ခုခုက ခေတ်နောက်ကျတယ်လို့ ပြောချင်တဲ့အခါ အသုံးပြုပါတယ်။)
🕰️ Example 🕰️
Our professor is so behind the times. He never uses his laptop to send emails.
ငါတို့ရဲ့ ပါမောက္ခက အရမ်းကိုခေတ်နောက်ကျတာပဲ။ Email ပို့ရင် ဘယ်တော့မှ laptop မသုံးဘူး။
(2) In good time ✅
🟡Early enough, with no risk of being late. (Or) At the right time.
(တစ်ခုခုကိုလောစရာမလိုဘဲ၊ နောက်မကျဘဲ စောစီးစွာပြီးမြောက်သွားတဲ့အခါ အသုံးပြုပါတယ်။)
🕰️ Example 🕰️
We finished the project in good time, so we could relax over the weekend.
ငါတို့ project ကို စောစောလုပ်ပြီးခဲ့တယ်။ ဒါကြောင့် ငါတို့တစ်ပတ်လုံးနားလို့ရပြီ။
(3) In no time ✅
🟡Very quickly or very soon.
(တစ်စုံတစ်ခုကို မြန်မြန်ပြီးအောင်၊ ချက်ချင်းပြီးအောင် လုပ်ဆောင်တဲ့အချိန်မှာ အသုံးပြုပါတယ်။)
🕰️ Example 🕰️
She finished her homework in no time and went out to play.
သူမရဲ့အိမ်စာကိုမြန်မြန်ပြီးအောင်လုပ်ပြီး ကစားဖို့ ထွက်သွားပြီ။
(4) In the nick of time ✅
🟡Just before the last moment when something can be changed or something bad will happen.
(မကောင်းတာတစ်ခုခုမဖြစ်ခင်၊ မပြောင်းလဲခင် အချိန်မှီ၊ အချိန်ကိုက်။)
🕰️ Example 🕰️
The firefighters arrived in the nick of time to save the house from burning down.
တစ်အိမ်လုံးပြာမကျခင် မီးသတ်သမားတွေက အချိန်ကိုက်ရောက်လာပြီး ကယ်တင်ပေးခဲ့တယ်။
(5) A matter of time ✅
🟡Something is certain to happen in the near future, although the exact timing is unknown.
(တစ်စုံတစ်ခုက သိပ်မကြာခင် ဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုတာ သေချာပေမဲ့ အချိန်အတိအကျကိုတော့ မပြောနိုင်တဲ့အခြေအနေမျိုးမှာ အသုံးပြုပါတယ်။)
🕰️ Example 🕰️
It's only a matter of time before he wins.
သူအနိုင်ရဖို့ အချိန်တစ်ခုဘဲလိုတော့တယ်။
(6) At one time ✅
🟡During one period of time in the past. Referring to a past period.
(အတိတ်ကာလအချိန်တစ်ခုခုကို ရည်ညွှန်းချင်တဲ့အခါမှာ အသုံးပြုပါတယ်။)
🕰️ Example 🕰️
She was a nurse at one time.
တစ်ချိန်တုန်းက သူမက သူနာပြုတစ်ယောက်ဖြစ်ခဲ့တယ်။
(7) In the meantime ✅
🟡During the time before something happens, while waiting for something else to happen.
(တစ်ခုခုဖြစ်လာဖို့စောင့်နေတဲ့အချိန်၊ တစ်ခုခုမဖြစ်ခင် ကြားကာလာအချိန်တွေကို ရည်ညွှန်းပြောဆိုချင်တဲ့အခါ အသုံးပြုပါတယ်။)
🕰️ Example 🕰️
The movie starts at 7 PM. In the meantime, let's grab some dinner.
ရုပ်ရှင်က ည7နာရီမှ စမှာ၊ ဒီကြားထဲ ညစာသွားစားကြရအောင်။
Thanks for learning! 💕🌟
!
06/06/2024
🌧️ "Rain" Idioms in English 🌧️
မိုးအေးအေးလေးမှာ မိုး☔️ နဲ့ ပတ်သတ်တဲ့ Idioms လေးတွေ လေ့လာကြရအောင်။
Learners လေးတွေသိပြီးသား Idioms လေးတွေက ဘယ်ဟာလေးတွေဖြစ်မလဲ❔မသိသေးတဲ့ Idioms လေးတွေကရော ဘယ်ဟာလေးတွေလဲဆိုတာ comment ထဲမှာ ရေးပေးသွားပါဦးနော်။ 🥰⬇️
ထပ်ပြီး အသစ်သစ်သော လေ့လာစရာတွေကို လေ့လာနိုင်ဖို့ Brilliant Language Center ကို like & follow လုပ်ကြပါစို့။ 🌟🩵
!
30/05/2024
💛ကြာသပတေးနေ့လေး ပြန်လည်ရောက်ရှိလာပြီဆိုတော့ Vocabulary အသစ်လေးတွေသင်ယူဖို့ အဆင်သင့်ပဲလား Learners တို့❓
🌍 နိုင်ငံရပ်ခြားမှာ ပညာသင်ယူဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် သွားရောက်တဲ့အခါမှာ အရင်ဦးဆုံး Airport ကိုဖြတ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရောက်တဲ့အခါ Airport Vocabulary လေးတွေကို သိထားမှ ပြောဆိုဆက်သွယ်ရတာ လွယ်ကူအဆင်ပြေမှာ ဖြစ်ပါတယ်။
✈️ ဒါကြောင့်မလို့ ဒီနေ့မှာတော့ Learners လေးတွေသိထားသင့်တဲ့ Airport Vocabulary လေး (10)လုံးကို ရှင်းပြပေးသွားပါမယ်။
🎓 English learners လေးတွေအတွက်အကျိုးရှိစေမဲ့ အကြောင်းအရာလေးတွေကို စဉ်ဆက်မပြတ် မျှဝေပေးနေတာဖြစ်လို့ Brilliant Language Center Page လေးကို "Like and Follow" လေးမလုပ်ရသေးရင် အခုပဲလုပ်ထားလိုက်ပါဦးနော်။
🚨 Learners လေးတွေ‼️ နိုင်ငံရပ်ခြားသွားမဲ့အချိန်အခါကျမှ ကောက်ခါငင်ခါလေ့လာတာမျိုးမလုပ်ဘဲ🙅🏼♀အခုကတည်းက တစ်ခါတည်းလေ့လာသွားကြဖို့ ပြောချင်ပါတယ်။ 💁🏼♀️💕
!
25/05/2024
⏳ It's time to check the correct answer!⏳
မနေ့က quiz မေးခွန်းလေးရဲ့အဖြေမှန်ကို တိုက်ကြည့်နိုင်ပါပြီ။
I like that skirt. It really ______ your top.
(A) fits
(B) suits
(C) matches
✅ The correct answer is (C), matches! ✅
==========================================
ရှင်းလင်းချက်
🟡To fit - Something is the correct size.
(Size တော်တာ/ အံကိုက်ဖြစ်တာကို ပြောချင်ရင် `fit´ နဲ့ပြောပါတယ်။)
🔹Example: The jacket fits him very well.
ဒီ jacket က သူနဲ့ကွက်တိပဲ။
🟡To suit - Something looks good on someone.
(တစ်စုံတစ်ယောက်ဝတ်ဆင်ထားတာက သူနဲ့ကြည့်ကောင်းကြောင်း/ လိုက်ဖက်ကြောင်း ပြောချင်ရင် `suit´ ကိုအသုံးပြုပါတယ်။)
🔹Example: This dress really suits you. You look good in red.
ဒီဝတ်စုံက မင်းနဲ့တကယ်လိုက်တယ်။ အနီရောင်နဲ့ ကြည့်ကောင်းတယ်နော်။
🟡To match- Two pieces of clothing go well together.
(အရောင်တွေလိုက်ဖက်တာမျိုး၊ အပေါ်နဲ့အောက် လိုက်ဖက်တာမျိုးဆိုရင်တော့ `match´ ကိုသုံးပါတယ်။)
🔹Example: Your white shirt matches your blue jeans.
မင်းရဲ့ရှပ်အင်္ကျီအဖြူရောင်က ဂျင်းအပြာရောင်နဲ့လိုက်တယ်။
ကဲ.. ဒါဆိုရင်တော့ learners လေးတွေလဲ "Fit/ Suit/ Match" 3လုံးရဲ့ အသုံးပြုပုံလေးတွေကို ရှင်းလင်းသွားပြီလို့ ထင်ပါတယ်။
နောက်တစ်ပတ်တွေမှာလဲ BLC နဲ့အတူ English စာလေ့လာနိုင်ဖို့ အခုပဲ Page လေးကို “Like & Follow” လုပ်ထားလိုက်တော့နော်။ ✨
👋🏻See you in the next posts! Have a lovely weekend to all learners! 💛💛
!
Click here to claim your Sponsored Listing.
Category
Website
Address
No. 92 (A), Nat Mauk Street, 55 Quarter, South Dagon Township
Yangon