Baby K Online Shop
Mommy & Baby's Clothes and Accessories online shop from made in Thailand.
#အိမ်ထောင်သက်ကြာသူများကြည့်သင့်တယ်နော်
အထည်လေးတွေ မတင်ဖြစ်တော့တာ ချုပ်နေကျ အရမ်းအဆင်ပြေတဲ့ချုပ်ရုံ က နေရာပြောင်းသွားပြီ နောက်ထပ်ကလေးဝတ်ရုံရှာတာ လက်ရာ သေသပ်မှုရောက ဘယ်လိုမှစိတ်တိုင်းမကျသေးလို့ အရောင်းလေး ခဏနားထားပါရစေရှင်....
စဉ်ဆက်မပြတ်အားပေးကြတဲ့ ဈေးဝယ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်... နောက်ထပ် ကလေးအဝတ်ပဲဖြစ်ဖြစ် လူကြီးအဝတ်ပဲဖြစ်ဖြစ် ရောင်းရင်လဲ ထပ်ပြီး အားပေးပါဦးနော်... Pageမှာလဲ ဗဟုသုတ ရစရာလေးတွေကို sharingလုပ်ပေးသွားမှာပါရှင်🥰
✅Orderအမှာနဲ့တင်ကုန်သွားတဲ့ baby summerလက်ပြတ်ဝမ်းဆက်လေး
✅ခန့်မှန်းအသက်၃နှစ်ခွဲမှ၄နှစ်ခွဲထိရပါမယ်...
✅၃ထည်ကို ၁၈၀၀၀ကျပ်
28/02/2026
✨အိမ်မှာနေရင်း ဝတ်မလား? အပြင်သွားရင် ဝတ်မလား? အကုန်အိုကေတဲ့ စပန့်ဂျာစီလက်တိုဘီရှည်မေမေတို့ရေ... ကလေးတွေအတွက် ဝတ်ရတာပေါ့ပါးပြီး အသားလဲအေးဖက်ရှင်လဲကျတဲ့ စပန့်ဂျာစီလက်တိုဘီရှည်လေးတွေကို ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါတယ်ရှင်...
✅L size 4yrs to 5yrs - 8,500ks
✅XL size 5yrs to 6yrs - 9,000ks
မှာယူလိုပါက Messenger (သို့မဟုတ်) ဖုန်း ၀၉-၈၉၇၉၉၄၂၄၄ ကို ဆက်သွယ်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်💝
24/02/2026
ဂရုစိုက်ကြပါရှင့်😷
📌လေထုညစ်ညမ်းခြင်းနှင့်ကလေးငယ်များ (Air Pollution)
ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေပါတယ်။ IQAir က real-time လေထုအရည်အသွေးကို ကြည့်မယ်ဆိုရင် Yangon ရဲ့ AQI က 171 လို့ ဖော်ပြထားပါတယ်။
💠AQI 171 ဆိုတာဘာလဲ?
US AQI စံနှုန်းအရ 151–200 အတွင်းဟာ ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ လေထုထဲမှာ ဖုန်မှုန့်သေးသေးလေးတွေ များလာတဲ့အဆင့်ပါ။ ဒီအနေအထားမှာ လူတိုင်းအတွက် အနည်းငယ် ကျန်းမာရေးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။အထူးသဖြင့် High Risk Person(နာတာရှည်ရောဂါရှိသူ)တွေမှာ ပိုအန္တရာယ်ရှိပါတယ်။
💠ဖြစ်နိုင်တဲ့ လက္ခဏာများကတော့
▪️မျက်လုံး၊ လည်ချောင်း ယားယံခြင်း
▪️ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း
▪️အဆုတ်ရောဂါ နဲ့ Asthma (ပန်းနာရင်ကြပ်) ပိုမိုဆိုးရွားနိုင်ခြင်း
▪️ရောဂါအခံရှိသူများမှာ နှလုံးနဲ့ သွေးကြောဖိအားတိုးနိုင်ခြင်းတို့ဖြစ်ပါတယ်။
💠လေထုညစ်ညမ်းချိန်မှာ သတိထားသင့်သူများကတော့
▪️ကိုယ်ဝန်ဆောင်များ
▪️ကလေးငယ်များ
▪️အသက်အရွယ်ကြီးရင့်သူများ
▪️ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူများဖြစ်ပါတယ်။
ဒီလိုနေ့တွေမှာ အားလုံးက
▪️အပြင်လေထုနဲ့ထိတွေ့တာလျှော့သင့်ပါတယ်။ ပြင်ပမှာ အားကစား / လေ့ကျင့်ခန်း မလုပ်တာကောင်းပါတယ်။ အိမ်ပြတင်းပေါက် ပိတ်ထားပြီး အိမ်ထဲမှာ HEPA Air Purifier သုံးသင့်ပါတယ်။
▪️အပြင်ထွက်ရင် N95 / KN95 Mask တပ်ပါ။
▪️ရေများများ သောက်ပါ။
ရန်ကုန်မှာ လေထုညစ်ညမ်းမှုများရတဲ့ အကြောင်းရင်းကတော့ ယာဉ်အသွားအလာများခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဖုန်များထွက်ခြင်း၊အမှိုက်များမီးရှို့ခြင်းတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းတဲ့အချိန် ကလေးတွေကိုပိုဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက လူကြီးတွေထက် အသက်ရှူနှုန်းပိုမြန်တာကြောင့် ဖုန်မှုန့်တွေပိုဝင်နိုင်လို့ပါ။ ဒါ့အပြင် အဆုတ်ကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် နုနယ်နေပြီး ခံနိုင်ရည်ရော ကိုယ်ခံအားရောနည်းနေပါတယ်။
ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေဖြစ်တတ်ပါတယ်။ အသက်ရှူမြန်ခြင်း၊ မောခြင်း၊ မျက်လုံး၊နှာခေါင်းယားယံခြင်း၊ ပန်းနာရင်ကြပ်ပြန်ကြွခြင်းတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် ကလေးတွေနဲ့ Outdoor Play အပြင်ထွက်မှု လျှော့ပါ။ မဖြစ်မနေ အပြင်ထွက်ဖြစ်ရင် အသက် ၂နှစ်အထက်ဆိုရင် Mask အသုံးပြုလို့ရပါတယ်။(Child-size KN95 / N95)။ 2 နှစ်အောက်ကတော့ Mask မတပ်ရပါဘူး။ တတ်နိုင်သမျှ အပြင်မထွက်တာကောင်းပါတယ်။
ကလေးများအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဆက်တိုက်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ မောခြင်း၊ ပြာနှမ်းခြင်းများရှိလာရင်တော့ ချက်ချင်းဆေးရုံသွားရမှာဖြစ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။
📍စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕
ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။
20/02/2026
နွေရာသီရဲ့ အပူဒဏ်ကို အေးအေးလူလူ ကျော်ဖြတ်နိုင်ဖို့ စပန့် လက်တို/ဘီတို ဝမ်းဆက် လှလှလေးတွေ ရောက်ရှိလို့လာပါပြီ။ ☀️🌿
🌸 ပေါ့ပါးလန်းဆန်း စပန့်ဝမ်းဆက်များ 🌸
အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်ခဏသွားရင်းပဲဖြစ်ဖြစ် ဝတ်လိုက်တာနဲ့ အေးမြပြီး နေလို့ကောင်းစေမယ့် Quality အကောင်းစား စပန့်ဝမ်းဆက်လေးတွေက လျှော်ဖွတ်ရလွယ်ကူပြီး အကြိမ်ကြိမ်လျှော်လည်း အရောင်မကျပါဘူး။
💥အနဲဆုံး၂ထည်ကစယူပေးပါရှင်...
📌S size 6500 Ks (ခန့်မှန်း ၃နှစ်မှ၄နှစ်)
ရင် ၁၃ လက်မ / ဘောင်းဘီစက ၁၄ လက်မ/ဂွအကျယ် ၉လက်မ/ခါးရှည် ၁၅လက်မ
📌M size 7000 Ks (ခန့်မှန်း ၄နှစ်မှ၅နှစ်)
ရင် ၁၄ လက်မ / ဘောင်းဘီစက ၁၅.၅ လက်မ/ဂွအကျယ် ၁၀လက်မ / ခါးရှည် ၁၆လက်မ
📌L size 7500 Ks (ခန့်မှန်း ၅/၆နှစ်)
ရင် ၁၅.၅လက်မ / ဘောင်းဘီအရှည် ၁၈ လက်မ/ဂွအကျယ် ၁၁လက်မ/ခါးရှည် ၁၈လက်မ
📌Xl size 8000 Ks (ခန့်မှန်း ၇/၈/၉နှစ်)
ရင် ၁၆.၅လက်မ / ဘောင်းဘီစက ၁၉.၅ လက်မ/ဂွအကျယ် ၁၂လက်မ/ခါးရှည် ၂၀.၅လက်မ
📌2Xl size 8500 Ks (ခန့်မှန်း ၁၀/၁၁နှစ်)
ရင် ၁၇ လက်မ / ဘောင်းဘီစက ၂၀.၅လက်မ/ဂွအကျယ် ၁၃လက်မ/ခါးရှည် ၂၂လက်မ
မှာယူရန်: Messenger (သို့မဟုတ်) ဖုန်း [၀၉-၈၉၇၉၉၄၂၄၄]
နေပူပူမှာ စတိုင်လ်လည်းကျ၊ အေးလည်းအေးစေဖို့ စပန့်ဝမ်းဆက်လေးတွေကို အခုပဲ ရွေးချယ်လိုက်တော့နော်! 💃✨
10/02/2026
ဝန်ထမ်းလုပ်တုန်းကမှ လကုန်ရင် ပိုက်ဆံမြင်ရသေးတယ် ဈေးရောင်းလိုက်မှ ကို ပိုက်ဆံက
လကုန်လဲမမြင် လအစလဲမတွေ့နဲ့ စိုက်တာ စိုက်တာ ဆိုတာ ကောက်စိုက်သမတောင် ငါ့လောက်မစိုက်ရဘူး တောင်ကဝင်တာ မြောက်ကိုလွှဲ မြောက်ကဝင်တာ အရှေ့ကိုလွှဲ အရပ်၈မျက်နှာက ဝင်သမျှပြန်ရင်းရတာ တခါတလေများ တနေကုန်ရောင်းပြီး လက်ထဲငွေမရှိဘူး😮💨တနေ့တနေ့ လှည့်ရတာ အိမ်မှာပန်ကာမလိုဘူး ငါလည်နေတာနဲ့ကို 🫠
09/02/2026
မေမေတို့အတွက် ကလေးအဝတ်အထည် အဝယ်နိုင်ဆုံး ဆု ဘယ်သူတွေရသွားကြလဲရှင့်😁....
#အကယ်ဒမီ
#အဝယ်နိုင်ဆုံးဆု
#မိဘတိုင်း ရှောင်သင့်တဲ့ ကလေး စိတ်ထိခိုက်စေနိုင်သော စကားများ
မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ စိတ်ခံစားချက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဘဝအနာဂတ်ကို သက်ရောက်မှုရှိတဲ့ စကားလုံးတွေကို သေချာရွေးချယ်ဖို့ အရေးကြီးပါတယ်။ အချို့သော စကားများဟာ ကလေးရဲ့ စိတ်ကို နာကျင်စေပြီး ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မိဘတိုင်း ရှောင်သင့်တဲ့ စကားများ (ကလေး စိတ်ထိခိုက်စေနိုင်သော စကားများ) ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ "မင်းက တခြားကလေးတွေလို မတော်ဘူး"
ဒီလိုပြောခြင်းက ကလေးရဲ့ ယုံကြည်မှုကို ချိုးဖျက်ပစ်သလို ဖြစ်စေပါတယ်။ သူတို့ကို "မင်းရဲ့ အစွမ်းအစကို ငါယုံကြည်တယ်" ဆိုတဲ့ အားပေးစကားမျိုး ပြောပါ။
၂။ "ငါ့အတွက် မင်းကို ပြုစုရတာ ပင်ပန်းတယ်"
ဒီစကားက ကလေးကို အပြစ်ရှိသလို ခံစားရစေပြီး မိဘနဲ့ ကလေးကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေနိုင်တယ်။ အဲဒီအစား "မင်းနဲ့အတူရှိနေရတာ ငါပျော်တယ်" လို့ ခံစားချက်ကို ဖော်ပြပါ။
၃။ "ငါပြောတဲ့အတိုင်း လုပ်ပါ၊ ပြန်မေးမနေနဲ့"
ဒီလိုပြောခြင်းက ကလေးရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်စွမ်းကို ဖိနှိပ်သလို ဖြစ်စေတယ်။ "ဘာကြောင့် ဒီလိုလုပ်သင့်တယ်ထင်လဲ?" ဆိုပြီး သူတို့ရဲ့ အမြင်ကို မေးပါ။
၄။ "အရမ်းညံ့တယ်၊ ဘာမှမလုပ်တတ်ဘူး"
ဒီစကားက ကလေးကို အားငယ်စိတ်ဝင်စေပြီး စိတ်ဓာတ်ကျစေတယ်။ "မင်းကြိုးစားတာကို ငါမြင်တယ်၊ နည်းနည်းချင်းတိုးတက်မယ်" ဆိုတဲ့ အားပေးစကားကို ရွေးချယ်ပါ။
၅။ "ကြီးလာရင် ဘာကြီးဖြစ်အောင် ကြိုးစား"
ဒီလိုစကားမျိုးက ကလေးကို စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေ များစေတယ်။ "မင်းဘာဖြစ်ချင်လဲ? ငါကူညီအားပေးမယ်" လို့ မေးပါ။
ကလေးတစ်ယောက်ရဲ့ စိတ်ဟာ အလွန်နုနယ်ပါတယ်။ မိဘတွေရဲ့ စကားလုံးတစ်ခွန်းက သူတို့ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ပါတယ်။
အားပေးစကားများ ပြောပါ။
သူတို့ရဲ့ ခံစားချက်ကို နားထောင်ပါ။
အပြစ်တင်တာထက် နားလည်ပေးပါ။
"ကလေးတစ်ယောက်ရဲ့ စိတ်ကို ပျိုးထောင်ခြင်းဟာ သစ်ပင်ကို ရေလောင်းသလိုပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုက အကောင်းဆုံး အသီးတွေကို သီးစေပါတယ်။"
မိဘတိုင်း ဒီစကားတွေကို ရှောင်ပြီး ကလေးတွေရဲ့ စိတ်ကို အားဖြည့်ပေးနိုင်ပါစေ
&Cing
03/02/2026
်အခုပြထားတဲ့အရောင်ထဲကရပါဦးမယ်ရှင်....
#ကြိုက်နှစ်သက်လို့မှာယူလိုပါကviber_no.09897994244နဲ့ ေလဲမှာယူနိုင်ပါတယ်နော်
#ကျေးဇူးတင်ပါတယ်ရှင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
48qt Northdagon
Yangon
11421