Gon Yee - YeeYee

Gon Yee - YeeYee

Share

Personal blog

Photos from Gon Yee - YeeYee's post 03/11/2024

“သူပေးနိုင်တဲ့ အရာတွေ မပေးနိုင်တော့ရင်စွန့်ပစ်တာမှန်ရဲ့လား”
Ma Hta Tha(မထသ) ပန်းချီပြပွဲမှာ ပြခဲ့တဲ့ လေးထောင့်ဖန်ပန်းအိုးထဲက နှင်းဆီအနွမ်းတစ်ပွင့်အကြောင်းရှင်းပါမယ် ။ အလှထားဖို့သက်သက်လို့ ပြပွဲလာသူတွေထင်ကြတယ် ။ အလှထားဖို့ဆို လန်းဆန်းလှပနေတဲ့နှင်းဆီကို ကျွန်တော်ထားမှာပါ။ အခုက ေ-သဆုံး(နွမ်း)နေတဲ့ နှင်းဆီကိုပြထားတာ။

နှင်းဆီပန်းကိုကြိုက်နှစ်သက်သူအတွက် နှင်းဆီတစ်ပွင့်က ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ လန်းဆန်းခြင်း၊ ဝမ်းနည်းခြင်း (ဒါကိုနောက်မှရှင်းပါမယ်)စိတ်ခံစားမှုမျိုးစုံ ပေးစွမ်းနိုင်တယ် ။ ကျွန်တော်က နှင်းဆီအနီကို သိပ်ကြိုက်တယ်။ ကျွန်တော့်အိပ်ယာရဲ့ဘေး စာပွဲပေါ်မှာ တစ်လက်မခွဲပတ်လည်ရှိတဲ့ လေးထောင်ဖန်ပန်းအိုးတစ်လုံးရှိတယ်။ နေရာယူထားသူကတော့ သူပေါ့ ။ဟုတ်ပါတယ် နှင်းဆီအနီတစ်ပွင့်ပါ။ သူ့ကို မြင်တိုင်း Energy ရတယ်။ သူ့အနံ့ကြောင့် စိတ်ကြည်စေတယ်။ သူ့အဆင်းကြောင့် ကြည့်နူးရတယ်။ ပျော်ရွှင်ရတယ်။ ဒီအရာကိုအချိန်အများဆုံးပေးနိုင် တစ်ပတ်နှစ်ပတ်ပေါ့။ မမြဲခြင်းသဘောအရ စပြီးနွမ်းစပြုလာမယ်။ ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဝမ်းနည်းခြင်းက အခုမှစတာပါ။ အခန်းထဲက သူ နွမ်းလာရင်ကျွန်တော်အဆင်မပြေဖြစ်တယ်။ စိတ်မရွှင်တော့၊ ဝမ်းနည်းလာတယ်။ အဲ့ဒါကိုမေမေသိတော့ နှင်းဆီမနွမ်းခင် အသစ်လဲပေးတယ်။ နောက်တော့ ကျွန်တော်စဉ်းစားတယ်။ “သူပေးနိုင်တဲ့ အရာတွေ မပေးနိုင်တော့ရင် စွန့်ပစ်တာမှန်ရဲ့လားပေါ့။” မေမေ့ကို ပန်းမလဲခိုင်းတော့ဘူး။ ကျွန်တော်သူ့ကို နွမ်းတဲ့အထိ ထားခိုင်းတယ်။ ေ-သဆုံးသွားတဲ့အထိ ပန်းအိုးထဲထားတယ်။ ဘာကြောင့်လဲဆို လန်းဆန်းနေချိန်ပေးခဲ့တဲ့ အရာကြောင့် ကျေးဇူးတရားကြောင့်ပါပဲ….။

နောက်တစ်ခုက နွမ်းစပြုလာတဲ့ သူ(နှင်းဆီ)က တစ်နေ့နဲ့တစ်နေ့ သိသိသာသာကို နွမ်းလာတယ်။ ပြောင်းလဲလာတယ် ။ အရင်ကလှခဲ့တဲ့ ပွင့်ဖက်တိုင်းကမလှနိုင်တော့ ၊ သင်းပျံ့တဲ့အနံ့လည်း ပျောက်ကွယ်စပြုနေပြီ ။အနိစ္စ(မမြဲခြင်း) သဘောတရားကို ရှုမှတ်လို့ရတယ်။ ဘယ်အရာမှအမြဲတည်ရှိမနေဘူး။ သက်မဲ့လည်းပျက်စီးရသလို သက်ရှိတွေလည်း ေ-သဆုံးရတာပဲလေ။ ဒါကနွမ်းသွားတဲ့အချိန်မှာတောင် သူကပေးတဲ့ ကြီးမြတ်တဲ့အရာတစ်ခု။

ဂုဏ်ရည်(ရီရီ)

30/10/2024

Playing with opposite color ❤️💚

18”x24”
Oil on canvas

Photos from Gon Yee - YeeYee's post 24/10/2024

“ချစ်ခြင်းနှင့်တွဲ၍ မေတ္တာဖြင့်မြဲပါစေ” Artwork အကြောင်း

ဒီ Artwork အကြောင်းကိုပြောမယ်ဆိုရင် ဘယ်လို Idea ရလာလဲ ၊ ဖန်တီးမှုအပိုင်း ၊ရည်ရွယ်ချက် ၃ပိုင်းခွဲပြောရမယ် ။

•ဘယ်လို Idea ရလာသလဲ
ဒါကိုပြောမယ်ဆိုရင် လွန်ခဲ့တဲ့ ၃လ ၄လ လောက်ကိုပြန်သွားရမှာပေါ့ ။ လက်လွှတ်ပေးလိုက်ရတဲ့အချိန် (စိတ်လိုက်မာန်ပါပြောမိတာတွေရှိပေမဲ့ စိတ်လိုက်မာန်ပါမလုပ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကို တကယ်ကျေးဇူးတင်မိတယ်။) ညဘက်တွေလုံးဝအိပ်လို့မရတဲ့အချိန်တွေ ။ ညဆို Gallery ထဲက ပုံတွေပြန်ပြန်ကြည့်ပြီး ငိုလိုက်ယိုလိုက်ဖြစ်နေချိန် ။Alcohol ဆက်တိုက်သောက်ဖြစ်ခဲ့တယ်။ အချိန်တစ်ခုရောက်မှသိတာက ဒါကအဖြေမဟုတ်ဘူးဆိုတာပဲ။ ညဘက်အိပ်ပျော်ဖို့ကို အများကြီးကြိုးစားနေရချိန်မှာ ပါချုပ်ဆရာတော်တရားကို ညတိုင်းလိုလိုဖွင့်ပြီး အိပ်ရတယ်။ တရားနာတာ မဟုတ်ပါဘူး။ နားထောင်တာပါ။ဆရာတော်ဟောတဲ့ တရားထဲမှာ အချစ် ၊ သံယောဇဉ် နဲ့ မေတ္တာဆိုတာတွေကို သိလိုက်တယ်။ တရားဖြစ်နေလို့ မှန်တယ်ဆိုပြီး မျက်စိမှိတ်ယုံတာမျိုးမဟုတ်ပဲ ကိုယ်လက်ရှိဖြစ်နေတာနဲ့ တိုက်ကြည့်တဲ့အခါ သံယောဇဉ်ကြောင့်ပူလောင်နေရတာကို သတိထားမိလာတာပါ။ Photoတွေအများကြီးထဲမှ လက်သန်းကို ဆွဲထားတဲ့ပုံကို မျက်လုံးထဲမှာစွဲနေတဲ့အတွက် အခြေတည်ပြီး Artwork ဖန်တီးဖို့စဉ်းစားမိတယ်။ Painting နဲ့မဟုတ်ပဲ Sculpture နဲ့ ဖန်တီးဖို့ ပိုပြီး စိတ်အားထက်သန်နေခဲ့တာ။ Title ကိုခေါင်းထဲကအရင်ထွက်လာတယ် ။ Artwork Title က “ချစ်ခြင်းနှင့်တွဲ၍မေတ္တာဖြင့်မြဲပါစေ “ လို့ ဆုတောင်းတဲ့ပုံစံမျိုး ပေးဖြစ်လိုက်တယ်။ပါချုပ်ဆရာတော်တရားနားထောင်ရင်း idea ရတယ်ပဲပြောရမယ်ထင်တယ်။ ဒါကတော့ ဘယ်လိုမျိုး Idea ရခဲ့တာလဲဆိုတာပေါ့။

•ဖန်တီးမှုအပိုင်း
အရင်ဆုံး Body anatomy မှာ အရိုးတွေ၊ နှလုံးရဲ့ အဓိက သွေးကြောတွေပါတဲ့ ပုံတွေကို ရှာတယ်။ Sketch ကိုသေချာရေးတယ်။ အသုံးပြုထားတာက စက္ကူဖာ(Cardboard) recycled paper ပေါ့။ ခန္ဓာကိုယ်ကို တစ်ခြမ်းဘဲ ဖန်တီးရတာက အတွင်းထဲကို မြင်စေချင်တာ။ ကြည့်ရှုသူကို နှလုံးသားကိုပြချင်တာမျိုးကြောင့်ပေါ့။ အတွင်းအရိုးကို Details မဟုတ်ပဲ ပါတယ်ဆိုရုံလောက်ပဲပြထားတယ် ။ အတွင်းပိုင်းမှာ ပြချင်တာကတော့ နှလုံးပေါ့ ။ဘာကြောင့်လဲဆိုရင် လက်ကြီး သက်သက်တွဲခဲ့တာမဟုတ်ဘဲ နှလုံးသားနဲ့တွဲခဲ့တယ် ဘာညာပေါ့ဗျာ ။ အသည်းပုံညှပ်ထားတဲ့ အနီရောင်A4( Dear Mg,………...…, )စာရွက်ကို နှလုံးမှာ ဖြဲပြီးကပ်ထားတယ်(အသုံးမဝင်တော့တဲ့အရာ စွန့်ပစ်ပစ္စည်းဆိုတော့ဒါလည်း recycledပေါ့)။ ပုံအတိုင်း လက်သန်းကို ဆုတ်ကိုင်ရင်း ရှေ့ကိုလှမ်းနေတဲ့ဟန်လုပ်ထားတယ်။ လက်သန်းအကိုင်ခံထား ရတဲ့ မိန်းကလေးရဲ့ လက်ကိုတော့ လက်ကောက်ဝတ်နောက်ပိုင်းကနေ ပျောက်ကွယ်သွားတဲ့ပုံ ဖန်တီးထားပါတယ် ။ စိတ်ထဲမြင်ယောင်ကြည့်ရင်တော့ မိန်းကလေးတစ်ယောက်ရှိနေတယ်ပေါ့ ။ တကယ်တော့ရှိမနေတော့ပါဘူး။ ဘာကိုဆိုလိုချင်တာလဲဆိုရင် အဲ့ဒါကိုပဲ ဆိုလိုချင်တာပါ။

•ရည်ရွယ်ချက်
အဓိက,က ချစ်သူရည်းစား ၊ သူငယ်ချင်း ၊ ဆက်ဆံရေးတစ်ခုခုမှာ အချစ်တစ်ခုထဲနဲ့ မလုံလောက်ဘူးဆိုတာကိုပြချင်တာ။ မေတ္တာဆိုတာကိုသိစေချင်တာ ၊ဟန်ဆောင်မှုမပါတဲ့ပျော်ရွှင်မှု၊ နွေးထွေးမှုကိုခံစားမိစေချင်တာမျိုးပါ။ အချစ်နဲ့မေတ္တာပေါင်းဆက်ပြီး ချစ်ခြင်းမေတ္တာနဲ့ ရှေ့ဆက်ကြစေချင်တဲ့ ရည်ရွယ်ချက်ပါ..။

-ဂုဏ်ရည်(ရီရီ)

23/10/2024

Brainless
ဒီပန်းချီကားဆွဲတုန်းက ခံစားချက်နှစ်ပြီးစုတ်ချက်တိုင်းကို ရေးဆွဲခဲ့တာ ။ နာရီဝက် တစ်နာရီ လောက်ရေးပြီးရင် ဆက်မရေးနိုင်တော့ဘူး ။ လူကတော်တော်ကို အဆင်မပြေတဲ့ emotion ဘက်ကိုရောက်သွားတယ်။ စီးကရက်လေး ထသောက်ပြီး ရေးပြီးသလောက်ကို အစအဆုံး နေရာမလပ်ပြန်ကြည့်တယ် ။ ခဏနေမှ စုတ်တံပြန်ကိုင်ပြီး ကိုယ့်ကိုယ်ကို ပြန်ညှဉ်းစဲခဲ့တာ ။
-Oil on canvas
-36" x 48"

19/10/2024

Title-Brainless
Size-36”x48”
Medium-Oil on canvas

Artwork Statement
ချစ်ခြင်းလမ်းခရီးအစသည် ကိုယ်စီလှပကြ၏။ ချစ်ခြင်း၏အဆုံးအား ရင်ဆိုင်ရသည့်အခါ ဆောက်တည်ရာမရဖြစ်ရလေသည်။ ကျွန်ုပ်၏ အခန်းထောင့်သည် အကျဉ်းထောင်သဖွယ်ဖြစ်၍ ခံစားမှု၏ ကျွန် ပြုခြင်းကို ခန္ဓာကိုယ်မှ ကျေနပ်စွာ ခံယူမိသည်။ ဒြပ်ရှိဒြပ်မဲ့ အမှတ်တရများက ကျွန်ုပ်အား အကြိမ်အကြိမ် ကွပ်မျက်ခြင်းကိုလည်း ခံရ၏။ ထိုအချိန် ကျွန်ုပ်၏ နှလုံးသားမှ လာသော ငိုကြွေးခြင်းသည် မျက်ရည်မဖြစ်နိုင်။ “သွေးမျက်ရည်” သာဖြစ်ရမည်။ မှားသည် ၊မှန်သည်၊ ဖြစ်သင့်၊ မဖြစ်သင့်ကို တွေးတောဆင်ခြင်နိုင်သော ဦးနှောက်သည် ကျွန်ုပ်တွင် ဆိတ်သုဉ်းသွားလေသည်။

The beginning of the journey of love is beautiful in its own way. But when it comes to facing the end of love, it often becomes impossible to find stability. My room’s corner feels like a prison, and I reluctantly embrace the servitude of my emotions within my soul. The memories, whether cherished or burdensome, persist in haunting me time and again. In that moment, the cry emerging from my heart cannot manifest as tears; it must instead be ‘tears of blood.’ The mind, once capable of discerning right from wrong and contemplating what is deserving and undeserving, has fallen silent within me.

18/10/2024

“တကယ်ချစ်ရင်ဆက်လျှောက်ပေါ့
ဘယ်လောက်ပဲခက်ခဲခက်ခဲ ခုဏပြောသလိုပြောင်းပြန်တော့ မလျှောက်နဲ့ပေါ့”

14/10/2024

အများကြီး ကြိုးစားအားထည့်ထားတဲ့ပွဲပါ။
စိတ်ရောလူရော အပင်ပန်းခံထားပြီးArtwork တွေဖန်တီးထားပါတယ်။ ဆီဆေးအပြင် medium အသစ်တစ်ခုကိုကြိုးစားဖန်တီးထားပါတယ် ။ သူငယ်ချင်းမိတ်ဆွေများအားလုံးကို လာရောက်ကြည့်မှုဖို့ ဖိတ်ပါတယ်ဗျ…။
19,20,21 (Saturday,Sunday,Monday) သုံးရက်လုံးပြပွဲမှာရှိနေပါမယ်..။

စုတ်တံတို့ ပြန်လာပါပြီ။
ဘယ်ကပြန်လာလဲသိချင်ရင် စာကိုအဆုံးထိဖတ်ပေးပါဦး။ စတူဒီယို တစ်နှစ်ပြည့်အနေနဲ့ အမှတ်တမဲ့မဟုတ်ဘဲ အမှတ်တရ အဖြစ် ပြပွဲလုပ်ဖို့ရှိပါတယ်။

ပြပွဲနာမည်ကတော့ စုတ်တံလို့ ကြားတာနဲ့ မျက်လုံးထဲမြင်ယောင်စေမယ့် စုတ်တံငါးချောင်းရဲ့ လိုင်းပေါင်းစုံ "မထသ" , "မထသ" လိုင်းပေါင်းစုံကို
အားလုံးကို ပေါင်းစုံတွေ ခံစားချင်စိတ်နဲ့ အတူ
ပေါင်းစုံပြသမယ့် ပွဲတစ်ခုဖြစ်ပါတယ်။

ပြပွဲရက်- 19,20,21-10-2024
အချိန်- 10:00 Am to 5:30 Pm
လိပ်စာ- Kalasa Art Space
No.91 - 93, Seikkantha Street (Lower block), Kyauktada Township, Yangon, Myanmar.

လာပါ ခံစားပါ။ လိုင်းစုံဘဝတွေကို လာထိတွေ့ပါ။

01/10/2024

Commission 🔴
11”x15”
Watercolor on paper

29/08/2024

Bo***ge

-Charcoal
-11”x17”

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon