PP Food

PP Food

Share

small menu, BIG FLAVOURS! Dumplings, Char Siu, Chicken Rice & Claypot Rice 🥢 Take Away Available

12/03/2026

ကန်တင်း food မတင်တာကြာလို့ပါ။
#မြန်မာ #ရန်ကုန်

09/03/2026

Miss Asia Pacific International Myanmar အတွက် catering ပံ့ပိုးမှု
#မြန်မာ

25/02/2026

Big thanks to Khin Thitsar, May Lay, Chit Soe Moe, May Thu Myint, Drteza Myathtway, Min Thu, ဦးမိုး ညီညီ, Lamin Aye, Nunu Dravis

for all your support! Congrats for being top fans on a streak 🔥!

09/02/2026

Lunch

နေ့လည်စာ

Photos from PP Food's post 03/02/2026

နန်းကြီးသုတ် ပွဲ ၇၀ အော်ဒါ
Catering : Breakfast Nan Gyi Salad for 70 pax order

#နန်းကြီးသုတ်

15/01/2026

💛💛💛 ​PP Food မှ လူကြီးမင်းတို့အား အထူးကျေးဇူးတင်ရှိလွှာ! 💛💛💛

​ဒီတစ်ပတ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ ပီပီ တို့ရဲ့ လစဉ် ချိုင့်ဆွဲ ထမင်းဘူးဝန်ဆောင်မှု (Monthly Meal Plan) ကို အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ မှန်းထားတာထက် ပိုမိုများပြားတဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။

​PP Food အနေနဲ့ ပီပီချစ်သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ကျေနပ်မှုကို အမြဲဦးစားပေးလျက်ရှိပြီး အောက်ပါအချက်တွေကို အထူးအာမခံပါတယ် -
​🌿 ဟင်းခတ်မှုန့် (MSG) လုံးဝ (လုံးဝ) အသုံးမပြုပါ: သဘာဝအရသာအတိုင်း ဖြစ်စေရန် ဟင်းခတ်မှုန့် လုံးဝ အသုံးမပြုဘဲ ချက်ပြုတ်ထားပါတယ်။
​💎 အဆင့်မြင့်ကုန်ကြမ်းများ: လတ်ဆတ်ပြီး အကောင်းဆုံး အရည်အသွေးရှိတဲ့ ကုန်ကြမ်းများကိုသာ စနစ်တကျ ရွေးချယ်အသုံးပြုထားပါတယ်။
​✨ သန့်ရှင်းမှု အဆင့်အတန်း: စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အလွန်သန့်ရှင်းစင်ကြယ်သော ပတ်ဝန်းကျင်မှာ စနစ်တကျ ပြင်ဆင်ချက်ပြုတ်ထားပါတယ်။
​🍱 သပ်ရပ်သော ထုပ်ပိုးမှု: ရုံးခန်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် စားသုံးရ လွယ်ကူစေဖို့အတွက် သန့်ရှင်းသပ်ရပ်ပြီး ခိုင်ခံ့တဲ့ ထုပ်ပိုးမှုစနစ်ကို အသုံးပြုထားပါတယ်။

​PP Food ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပြီး နောင်အပတ်တွေမှာလည်း ပိုမိုကောင်းမွန်တဲ့ အရသာတွေနဲ့ ဆက်လက်ဝန်ဆောင်မှု ပေးသွားပါဦးမယ်။ စိတ်ချယုံကြည်စွာ စားသုံးနိုင်ပါတယ်ရှင့်။ 🙏🏻🙏🏻🙏🏻

Photos from PP Food's post 13/01/2026

Heineken Myanmar အတွက် ၂ နှစ်ဆက်တိုက် Catering Office Party ဝင်ရောက် အားဖြည့်ထားတာလေးတွေ

10/01/2026

International Miss ပွဲကြီးအတွက် ပထမဆုံး ပါဝင်အားဖြည့်ထားပါတယ်။

Miss Asia Pacific International Myanmar ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်ညီမငယ်လေးများအတွက် Camp ကာလအတွင်း အစားအသောက်များကို ကူညီပံ့ပိုးပေးတာကတော့ PP Food မှပံ့ပိုးကူညီထားပါတယ်🤍

အခုလိုပံ့ပိုးကူညီပါဝင်ပေးသည့်အတွက် PP Food အား Miss Asia Pacific International Myanmar Organization မှ အထူးကျေးဇူးအထူးပင်တင်ရှိပါသည်🙏

Thank you PP Food for providing amazing meals to our Miss Asia Pacific International Myanmar candidates during Camp Week. Your food and care keep everyone energized and ready to shine. 🍲

Photos from PP Food's post 09/01/2026

PP Food ရဲ့ အိမ်ချက်လက်ရာစစ်စစ် လစဉ်လစာ ထမင်း ချိုင့်ဆွဲ ဝန်ဆောင်မှု (Monthly Meal Plan) ကို ဆိုင်ခွဲရှိနေတဲ့ ကန်တင်းတွေအပြင် ရန်ကင်း ၊ ဗဟန်း မြို့နယ်များအတွက် delivery or pick up စနစ်နဲ့ စတင် မိတ်ဆက်ပေးလိုက်ပါတယ်။

ရန်ကင်းမြို့နယ် ၊ ဗဟန်းမြို့နယ် အတွင်းမှာရှိတဲ့ ရုံးဝန်ထမ်းများနဲ့ အိမ်မှာ မချက်အား၊ သန့်ရှင်းတဲ့ အဆင်သင့်စားချင်သူများအတွက် အထူးရည်ရွယ်ပြီး Package ၂ မျိုးနဲ့ ပြင်ဆင်ပေးထားပါတယ်။

​PP Food Yankin: လစဉ် ထမင်း ချိုင့်ဆွဲ ဝန်ဆောင်မှု
​၁။ Package အမျိုးအစားများ
PP OG (Standard) - 7,000 ကျပ် / တစ်နပ်
PP Gold (Premium) - 12,000 ကျပ် / တစ်နပ်

PP Surprise ဆိုတာဘာလဲ?
ပီပီတို့ရဲ့ နာမည်ကြီး Dumplings (ဖက်ထုပ်)၊ ပက်ပက်ကြက်ကြော်၊ ပလာတာ (သို့) အထူးအချိုပွဲတွေကို လစဉ်ကြေးသွင်းထားသူများအတွက် အပိုလက်ဆောင်အဖြစ် ထည့်သွင်းပေးသွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။

​၂။ ပို့ဆောင်ခနှင့် အထူးပရိုမိုးရှင်း (Delivery)
​ရန်ကင်းမြို့နယ် နှင့် ဗဟန်းမြို့နယ်များ အတွင်းသာ ပို့ဆောင်ပေးပြီး တစ်ရက်လျှင် ပို့ဆောင်ခ ၂,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
​ရေရှည်အားပေးမယ့်သူများအတွက် အထူးသက်သာခွင့်များ:
​၃ လစာ (Quarterly) ကြိုတင်ပေးချေလျှင်: ပို့ဆောင်ခ ၁ လစာ အခမဲ့ (1 Month Free Delivery)။
​၆ လစာ (Half-Year) ကြိုတင်ပေးချေလျှင်: ပို့ဆောင်ခ ၃ လစာ အခမဲ့ (3 Months Free Delivery)။

​၃။ ဈေးနှုန်းတွက်ချက်ခြင်း ဥပမာ (တစ်လလျှင် ရက်ပေါင်း ၂၀ အတွက်)
​PP OG: ၂၀ ရက်စာ (၁၄၀,၀၀၀ ကျပ်) + ပို့ဆောင်ခ (၄၀,၀၀၀ ကျပ်) = စုစုပေါင်း ၁၈၀,၀၀၀ ကျပ် / တစ်လ
​PP Gold: ၂၀ ရက်စာ (၂၄၀,၀၀၀ ကျပ်) + ပို့ဆောင်ခ (၄၀,၀၀၀ ကျပ်) = စုစုပေါင်း ၂၈၀,၀၀၀ ကျပ် / တစ်လ
​(မှတ်ချက် - ၃ လစာ သို့မဟုတ် ၆ လစာ ကြိုတင်ပေးသွင်းပါက အထက်ပါ ပို့ဆောင်ခများ သက်သာသွားမည် ဖြစ်ပါသည်။)

​၄။ စည်းကမ်းချက်များ
​ငွေပေးချေမှု: ၁၀၀% ကြိုတင်ငွေပေးချေစနစ် (Pre-paid) ဖြစ်ပါတယ်။ (KPay, AYA Pay, CB Pay, CB, AYA, KBZ Banking, ငွေသား အမျိုးမျိုး တို့ဖြင့် ပေးချေနိုင်ပါတယ်။)
​ပို့ဆောင်မှု: ရန်ကင်းမြို့နယ် နှင့် ဗဟန်းမြို့နယ် များအတွင်းသာ စတင် delivery ဝန်ဆောင်မှုပေးပါတယ်။ Pick up လုပ်နိုင်လျှင်လည်း Delivery ခ ထည့်ပေါင်းရန်မလိုပဲ Pick up လုပ်နိုင်ပါတယ်။
​မှာယူရန်: လသစ်အတွက် လသစ်မစတင်မီ ၃ ရက်ကြိုတင်၍ အမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်ပေးပို့ မှာယူရပါမယ်။ ကြားဖြတ်အတွက် မှာယူမယ့်နေ့မတိုင်ခင် ၂ ရက်ကြိုတင်၍ မှာယူပေးရပါမယ်။

​မှာယူရန်နှင့် အသေးစိတ်မေးမြန်းရန်:
Viber ​ဖုန်း: 09 79 307 4422, 09 4500 14714, 09 75 987 3898
​Messenger: မှာ ဆက်သွယ်မှာယူနိုင်ပါတယ်။
​လိပ်စာ: PP Food Yankin
အမှတ် ၂၀၁/၃၊ ရန်ရှင်းလမ်း၊ ၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ (၁၂ လုံးတန်းအနီး) ၊ ရန်ကုန်မြို့။

​ပီပီချစ်သူတို့အတွက် ရှေ့လအတွက် Menu အသေးစိတ် (ဥပမာ - ဘဲသားချက်၊ ပုစွန်ချက် နေ့ရက်များ) ကို ကြိုတင်ပို့ပေးပါသည်။

#ချိုင့်ဆွဲ #ထမင်း #မြန်မာထမင်းဟင်း #ချိုင့်ဆွဲဝန်ဆောင်မှု

02/01/2026

Happy 2026 !

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


R-3, Bldg 201, Yan Shin Road, Yankin Township
Yangon
11082

Opening Hours

Monday 07:30 - 19:30
Tuesday 07:30 - 19:30
Wednesday 07:30 - 19:30
Thursday 07:30 - 19:30
Friday 07:30 - 19:30
Saturday 07:30 - 19:30