Chue
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chue, Public Figure, Yangon.
12/07/2026
ငှက်ပျောသီး စားခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ🍌
ငှက်ပျောသီးဟာ မြန်မာနိုင်ငံမှာ အလွယ်တကူရပြီး
လူကြိုက်များတဲ့ အသီးတစ်မျိုးပါ။ ဗီတာမင်နဲ့
သတ္တုဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်
လည်း ကောင်းကျိုးများစွာရှိပါတယ်။ ဒါပေမဲ့
အချို့သော အခြေအနေတွေမှာတော့ ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။
👉 ငှက်ပျောသီးရဲ့ ကောင်းကျိုးများ
(၁) စွမ်းအင်ကို မြန်မြန်ဆန်ဆန် ပြည့်ဝစေခြင်း
သဘာဝသကြားဓာတ် (Glucose, Fructose, Sucrose) တွေ ပါဝင်လို့ စားလိုက်တာနဲ့ ခန္ဓာကိုယ်ကို ချက်ချင်း လန်းဆန်းတက်ကြွစေပါတယ်။
(၂) နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးခြင်း
ပိုတက်စီယမ် (Potassium) ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုးကျစေပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။
(၃) အစာခြေစနစ် ကောင်းမွန်စေခြင်း
အမျှင်ဓာတ် (Fiber) ပါဝင်မှု မြင့်မားလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
(၄) သွေးအားကောင်းစေခြင်း
သံဓာတ် (Iron) ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၅) ကြွက် တက်ခြင်းမှ ကာကွယ် ပေးခြင်း
ပိုတက်စီယမ် (Potassium) ကြွယ်ဝခြင်း
ပိုတက်စီယမ်က ကြွက်သားတွေ ကျုံ့တာ၊ ဆန့်တာကို စနစ်တကျ ဖြစ်အောင် ထိန်းညှိပေးတဲ့ အဓိကဓာတ်ပါ။ ခန္ဓာကိုယ်မှာ ပိုတက်စီယမ် နည်းလာရင် ကြွက်တက်ဖို့ ရာခိုင်နှုန်း သိပ်များပါတယ်။ ငှက်ပျောသီးက ဒါကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ပါတယ်။
မဂ္ဂနီစီယမ် (Magnesium) ပါဝင်ခြင်း မဂ္ဂနီစီယမ်က ကြွက်သားတွေကို ပြေလျော့စေပြီး တောင့်တင်းမနေအောင် ကူညီပေးပါတယ်။
ကာဗိုဟိုက်ဒရိတ် (Carbohydrates) ပါဝင်ခြင်း: လေ့ကျင့်ခန်း လုပ်လို့ ကြွက်သားထဲက စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့အခါ ကြွက်တက်တတ်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ သဘာဝသကြားဓာတ်က ကြွက်သားတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ချက်ချင်း ပြန်ဖြည့်ပေးပါတယ်။
👉 ငှက်ပျောသီးရဲ့ ဆိုးကျိုးများ
(၁) သွေးတွင်းသကြားဓာတ် တက်နိုင်ခြင်း
အထူးသဖြင့် မှည့်လွန်းတဲ့ ငှက်ပျောသီးတွေမှာ သကြားဓာတ် များတာကြောင့် ဆီးချိုသမားတွေအတွက် သွေးတွင်းသကြားဓာတ် ရုတ်တရက် တက်သွားနိုင်ပါတယ်။
(၂) သွားပိုးစားခြင်း
သဘာဝသကြားဓာတ် မြင့်မားတာကြောင့် စားပြီး သွားသေချာမသန့်စင်ရင် သွားပိုးစားနိုင်ခြေ ရှိပါတယ်။
👉 ငှက်ပျောသီး စားသင့်သောလူ
(၁) အားကစားသမားများနှင့် ကိုယ်လက်လှုပ်ရှားမှုများသူများ
စွမ်းအင် ချက်ချင်း လိုအပ်သူတွေအတွက် အကောင်းဆုံးပါ။
(၂) သွေးတိုးရောဂါ ရှိသူများ
ပိုတက်စီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
(၃) ဝမ်းချုပ်တတ်သူများ
အမျှင်ဓာတ်က ဝမ်းမှန်စေဖို့ ကူညီပေးပါတယ်။
(၄) စိတ်ဖိစီးမှုများသူများနှင့် အိပ်မပျော်သူများ
စိတ်ကို တည်ငြိမ်စေပြီး အိပ်ပျော်ရလွယ်ကူစေပါတယ်။
(၅) ကိုယ်ဝန်ဆောင်မိခင်များ
ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6 က ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကို သက်သာစေပါတယ်။
👉 ငှက်ပျော်သီး (အလွန်အကျွံ) မစားသင့်သောလူ / ဆင်ခြင်သင့်သောလူ
❌ သတိပြုရန်
မစားရဟု ဆိုလိုခြင်းမဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိ ကန့်သတ်စားသုံးရန် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ရန် ဖြစ်ပါတယ်။
(၁) ကျောက်ကပ်ရောဂါ အပြင်းအထန်ရှိသူများ
ကျောက်ကပ်မကောင်းရင် ခန္ဓာကိုယ်ထဲက ပိုတက်စီယမ်ဓာတ်တွေကို ကောင်းကောင်း မစွန့်ထုတ်နိုင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် များတာကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေ ဆင်ခြင်ရပါမယ်။
(၂) ဆီးချိုရောဂါ ရှိသူများ
ငှက်ပျောသီးမှာ သဘာဝအချို ဓာတ် များစွာပါဝင်ဒါကြောင့် ဆီးချို ရောဂါရှိသူများ မစားသင့်ပါ။
(၃) ရင်ကျပ်/ပန်းနာရင်ကျပ် ရှိသူများ
အချို့သူတွေမှာ ငှက်ပျောသီးစားရင် သလိပ်ထတာ၊ ချောင်းဆိုးတာ ပိုဖြစ်တတ်ပါတယ်။
(၄) ထိပ်ကပ်နာ (Sinus) ရှိသူများ
ငှက်ပျောသီးက ခန္ဓာကိုယ်ထဲမှာ အချွဲ (Mucus) ပိုထွက်စေတတ်တာကြောင့် ထိပ်ကပ်နာရှိချိန်မှာ အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။
အနှစ်ချုပ်အနေနဲ့ကတော့ ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ငှက်ပျောသီး ၁ လုံးကနေ ၂ လုံး အထိ စားပေးတာဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
ဗဟုသတ အနေဖြင့်
အစာလည်းဆေး ဆေးလည်းအစာ
Naw Chue Chue 🖌
29/06/2026
" ဆီးချို ရောဂါ
ကစီဓာတ် (Carbohydrate) နှင့် အချို လွန်ကဲ ခြင်း......."
စာလေးနည်းနည်း ရှည်ပါမည်။
ဆီးချို ရောဂါရှိသူများနှင့် ကျန်းမာရေး ဗဟုသုတ ရရှိ ချင်သူများသာလျှင်ဖတ်ပါ။
လူတွေ က အချစ်နဲ့တွေ့ရင် ပျော်ရွှင်ကြတယ်တဲ့ ဒါက 100% မှန်ချင်မှ မှန်မယ်။
အစားအစာနဲ့ တွေ့ကြရင် တော့ ကျွန်တော် အပါအဝင် လူတိုင်း ပျော်ရွှင် ကြတယ်ဟုတ်😍
ဒါပေမဲ့ လူကြီးမင်းတို့ဆီမှာ ဆီချိုရောဂါရှိနေပြီးဆိုရင် အစားအစာတွေ့တိုင်း ပျော်နိုင်ပါ့အုန်းမလား?
ဒါလေးကတော့ ငါ့နဲ့မတည့်ဘူး.......
ဆရာဝန်က ရှောင်ခိုင်းတယ်.......
ဆီးချို၊ သွေးချိုရောဂါဟာ ကြိုတင်ကာကွယ်လို့ရသလို၊ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း စနစ်တကျ နေထိုင်စားသောက်ရင် ရောဂါအခြေအနေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပါတယ်။
(A) ဒါဆို ဆီချိုရောဂါ မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ်ရလဲ?
ဆီးချိုရောဂါ (အထူးသဖြင့် အမျိုးအစား-၂ ဆီးချို) မဖြစ်အောင် အဓိကအားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။
(1) ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ
အချိုလွန်ကဲသော အစားအစာများ၊သကြားလုံး၊ အချိုရည်များနှင့် သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (ဆန်ဖြူ၊ ပေါင်မုန့်ဖြူ) စားသုံးမှုကို လျှော့ချပါ။ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခုလုံး (ညိုသောဆန်၊ ဂျုံကြမ်း) တို့ကို ပိုစားပေးပါ။
(2) ကိုယ်အလေးချိန် ထိန်းသိမ်းပါ
ကိုယ်အလေးချိန် အလွန်အကျွံ တက်လာရင် အင်ဆူလင်ဟော်မုန်း အာနိသင် ပြရ ခက်ခဲပြီး ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။
(3) ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် (တစ်ရက်လျှင် နာရီဝက်ခန့်ဖြင့် ၅ ရက်) လမ်းသွက်သွက်သွလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။
(4) ရေများများသောက်ပါ
အချိုရည်များအစား ရေကို အဓိက သောက်သုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။
(B) ဆီးချိုဖြစ်လာခဲ့ရင် စနစ်တကျ ဆောင်ရန်ရှောင်ရန်များ.......
တကယ်လို့ ဆီးချိုရောဂါ ရှိနေပြီဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်ဖို့က အဓိက ပန်းတိုင်ဖြစ်ပါတယ်။
ဆောင်ရန်များ (ပြုလုပ်ရမည့်အရာများ)
(1) အစားအသောက်ကို အချိန်မှန်စားပါ.......
အစားအသောက်ကို အချိန်မှန်၊ ပမာဏမှန် စားသုံးခြင်းက သွေးတွင်းသကြားဓာတ် ရုတ်တရက် တက်ခြင်း၊ ကျခြင်းတို့မှ ကာကွယ်ပေးပါတယ်။
(2) အမျှင်ဓာတ်နှင့် ပရိုတင်းကို ဦးစားပေးပါ
ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဂေါ်ဖီထုပ် စတဲ့ အရွက်များများ စားပေးပါ။ ကြက်သား (အရေခွံမပါ)၊ ငါး၊ ပဲအမျိုးမျိုးတို့ကဲ့သို့ အဆီနည်းသော ပရိုတင်းများကို စားသုံးပါ။
(3) ခြေထောက်ကို ဂရုစိုက်ပါ၊ အနာ တရ မဖြစ်ပါစေနဲ့.......
ဆီးချိုရောဂါ ရှိသူများသည် ခြေထောက်ဒဏ်ရာ ရပါက အနာပျောက် ရန် ခက်ခဲပါသဖြင့် ခြေထောက်ကို နေ့စဉ် စစ်ဆေးပါ၊ သန့်ရှင်းအောင်ထားပါ၊ အပြင်ထွက်လျှင် ဖိနပ်အမြဲစီးပါ။
(4) သွေးချို ပုံမှန်စစ်ဆေးပါ
မိမိအိမ်မှာပဲ သွေးချိုတိုင်းစက် (Glucometer) ဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန် တိုင်းတာမှတ်တမ်းတင်ပါ။
(C) ရှောင်ရန်များ (ရှောင်ကြဉ်ရမည့်အရာများ)
(1) ဆီးချို ချက်ချင်းတက်စေသော အချိုများ ရှောင်ပါ.......
သကြား၊ နို့ဆီ၊ ပျားရည်၊ ကိတ်မုန့်၊ ရေခဲမုန့်၊ အချိုရည်ဘူးများ၊ ကော်ဖီ ၊ လက်ဖက်ရည်နှင့် ကြံရည်တို့ကို အထူးရှောင်ကြဉ်ရပါမယ်။
(2) ကစီဓာတ် (Carbohydrate) လွန်ကဲခြင်းကို ရှောင်ပါ
ထမင်းအများကြီး စားခြင်း၊ အာလူး၊ ကပ်စပါးဥ (ပိန်းဥ)၊ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲတို့ကို ပမာဏအများကြီး စားခြင်းမှ ရှောင်ကြဉ်ပါ။
(3) အဆီများသော အစားအစာများ ရှောင်ပါ
ဝက်ဆီ၊ အကြော်အလှော်များနှင့် ပြည့်ဝဆီများသော အစားအစာများသည် နှလုံးနှင့် သွေးကြောပိတ်နိုင်ခြေကို မြင့်တက်စေပါတယ်။
(4) ဆေးလိပ်နှင့် အရက် ရှောင်ပါ
ဆီးချိုနောက်ဆက်တွဲ ရောဂါများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(D) ဆီးချိုရောဂါနှင့် ဆေးဝါးများအကြောင်း
အရေးကြီးသော သတိပေးချက်
ဆီးချိုရောဂါသည် လူတစ်ဦးချင်းစီ၏ သွေးချိုပမာဏ၊ ကျောက်ကပ်၊ အသည်းနှင့် နှလုံးကျန်းမာရေးအခြေအနေပေါ် မူတည်၍ ဆေးအမျိုးအစားနှင့် ပမာဏ ကွာခြားမှု ရှိပါသည်။
ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားချက်အတိုင်းသာ သောက်သုံးရပါမည်။ မိမိသဘောဖြင့် ဆေးဝါးများ ဝယ်ယူသောက်သုံးခြင်းသည် သွေးချိုရုတ်တရက် အလွန်အမင်းကျဆင်းခြင်း (Hypoglycemia) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။
အသုံးများသော ဆီးချိုသောက်ဆေး အချို့မှာ အောက်ပါအတိုင်း ဖြစ်ကြပါတယ် (ဗဟုသုတအလို့ငှာ ဖော်ပြခြင်းဖြစ်ပါသည်)။
Metformin (မက်ဖော်မင်)
အမျိုးအစား-၂ ဆီးချိုရောဂါအတွက် အခြေခံအကျဆုံးနှင့် အသုံးအများဆုံး ဆေးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။
Sulfonylureas (ဥပမာ - Gliclazide, Glimepiride): မုန့်ချိုအိတ်ကနေ အင်ဆူလင်ဟော်မုန်း ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ ဆေးများ ဖြစ်ပါတယ်။
SGLT2 inhibitors (ဥပမာ - Empagliflozin, Dapagliflozin)
သွေးတွင်းရှိ ပိုလျှံနေသော သကြားဓာတ်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးတဲ့ ဆေးအမျိုးအစား ဖြစ်ပြီး နှလုံးနဲ့ ကျောက်ကပ်ကိုပါ အထောက်အကူပြုပါတယ်။
Insulin (အင်ဆူလင် ထိုးဆေး): သောက်ဆေးဖြင့် သွေးချိုမထိန်းနိုင်တော့သူများ သို့မဟုတ် အမျိုးအစား-၁ ဆီးချိုရောဂါရှိသူများအတွက် နေ့စဉ် စနစ်တကျ မှတ်ချက်ပြုထိုးနှံရသော ဆေးဖြစ်ပါတယ်။
အကြံပြုချက်
ဆီးချိုရှိ၊ မရှိ သေချာစေရန်နှင့် ဆေးပမာဏ မှန်ကန်စေရန် အနီးစပ်ဆုံး ဆေးခန်း သို့မဟုတ် ဆရာဝန်နှင့် သေချာ ပြသ၍ သွေးစစ်ကာ လိုအပ်သော ဆေးဝါးကို စနစ်တကျ စတင်သောက်သုံးရန် တိုက်တွန်းလိုပါသည်။
ကျန်းမာရေး ဗဟုသုတ အစားလည်းဆေး
ဆေးလည်း အစာ Naw Chue Chue🖌
ယိုးဒယား သဘော်သီးအထောင်း🥗
Very delicious👍
😍 @ #
26/05/2026
❌ ဒညင်းသီးနှင့် ကျောက်ကပ်ပြသနာ❌
မြန်မာလူမျိုး တစ်ချို့ ဒညင်းသီး ကို သိပ်ကြိုက်ကြပါတယ်။ တစ်ချိန်က ကျွန်မ အပါအဝင်ပေါ့😊
ကိုယ့်ပတ်ဝန်းကျင်က၊ ကိုယ်ချစ်ရတဲ့သူတွေ ဒညင်းသီးဝယ်စားတာတွေ့ရင် မစားပါနဲ့ ကျောက်ကပ်ထိမယ် ပြောရင် စျေးရောင်းသူက မျက်စောင်းကြီး ထိုးပြီးကြည့်တာ 😆 ဟုတ်ပါရဲ့ သူ့စီးပွား ဒုတ်နဲ့ သွားထိုးတာကိုး....... 😆
ဒညင်းသီး ကို အမျိုးမျိုး လုပ်စားကြပါတယ်။ ချက်စားမလား ၊ ပြုတ်စားမလား၊ဆားရေစိမ်ထားမလား ၊ အစိမ်းစားမလား အမျိုးမျိုးလုပ်စားကြပါတယ်။စားလို့လည်း သိပ်ကောင်းတာကိုး😆
👉 ဒညင်း သီးမှာ ကျန်းမာ ရေးအတွက် ဘာတွေများ ကောင်းကျိုးပြုသလဲ?
👉 ဒညင်းသီး ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးလုံးဝ မရှိပါဘူးရှင့်.......
👉 ဒါဆို ကောင်းကျိုး မရှိရင်၊ ဆိုးကျိုးတွေပဲ ရှိတာပေါ့ သိပ်မှန်ပါတယ်။
👉 ဒါဆို ဒညင်းသီးစားခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါ့မယ်🖊📣
👉 ဒညင်းသီးရဲ့ အကြီးမားဆုံး ဆိုးကျိုးကတော့ အဆိပ်သင့်ခြင်း (Danyin-thee poisoning သို့မဟုတ် Djenkolism) ပဲ ဖြစ်ပါတယ်။
🔺 ကျောက်ကပ်ပျက်စီးခြင်း (အဓိက အန္တရာယ်): ဒညင်းသီးမှာ ဂျန်ကောလစ်အက်ဆစ် (Djenkolic Acid) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုး ပါဝင်ပါတယ်။
ဒီအက်ဆစ်ဟာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းထဲမှာ ပုံဆောင်ခဲ (Crystals) လေးတွေအဖြစ် ပြောင်းလဲသွားပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့ကာ ကျောက်ကပ်အလုပ်မလုပ်တော့ဘဲ ရုတ်တရက် ပျက်စီးခြင်း (Acute Kidney Injury) ကို ဖြစ်စေနိုင်ပါတယ်။
👉 ဒညင်းသီး အဆိပ်သင့်ခြင်း လက္ခဏာများ
ဒညင်းသီးစားပြီး နာရီပိုင်းအတွင်း သို့မဟုတ် ရက်ပိုင်းအတွင်း အောက်ပါလက္ခဏာများ ပြသတတ်ပါတယ်.......
(1) ခါးနောက်ကျော သို့မဟုတ် ဆီးစပ် အလွန်အမင်း ကိုက်ခဲခြင်း
(2) ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း
ဆီးသွားရခက်ခြင်း၊ ဆီးနည်းသွားခြင်း သို့မဟုတ် ဆီး လုံးဝမထွက်တော့ခြင်း
(3) ဆီးထဲတွင် သွေးပါခြင်း (သို့မဟုတ် ဆီးအရောင် နောက်ကျိကျိ ဖြစ်ခြင်း)
(4) ဆီးသွားရင် ဒညင်းသီးနံ့ ပြင်းထန်စွာ ရခြင်း
🔺 သတိပြုရန်
ဒညင်းသီး အဆိပ်သင့်ခြင်းဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်အပေါ် မူတည်ပါတယ်။ အချို့သူတွေ အများကြီးစားလည်း ဘာမှမဖြစ်ပေမဲ့၊ အချို့သူတွေမှာတော့ တစ်လုံးနှစ်လုံး စားရုံနဲ့တင် ကျောက်ကပ်ပျက်စီးတဲ့အထိ အပြင်းအထန် အဆိပ်သင့်တတ်ပါတယ်။
အကယ်၍ သင်ဟာ ဒညင်းသီး စားမိတယ်ဆို ရေများများ ပြန်သောက်ပေးဖို့မမေ့ပါနဲ့🥛
မှတ်ချက် 👉 ဖြစ်နိုင်ရင်တော့ ဒညင်းသီးမစားပါနဲ့
ရှင့်🥰
ဆရာဝန် တစ်ယောက်က လူနာ တစ်ဦးကို မေးဖူး
တယ် ဒညင်းသီးစားမလား ကျောက်ကပ် ပျက်ခံမလား ?
အစာလည်းဆေး၊ဆေးလည်းအစာ
မေတ္တာဖြင့် Naw Chue Chue🖊
🥭 သရက်သီးစားခြင်း ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ👇
13/05/2026
အခု အချိန် က သရက်သီး လှိုင်လှိုင်🥭 ပေါတဲ့
အချိန် ဖြစ်တဲ့အတွက် သရက်သီးအမှည့်စားခြင်းရဲ့
ကောင်းကျိုးလေးတွေကို ပြောပြပေးပါ့မယ်🥭
🥭 သရက်သီးအမှည့် စားခြင်း၏ ကောင်းကျိုးများ
(1) ကိုယ်ခံစွမ်းအား မြင့်တင်ပေးခြင်း
သရက်သီးတွင် Vitamin A နှင့် Vitamin C ကြွယ်ဝ
စွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို
ကောင်းမွန်စေပြီး ရောဂါဘယများမှ ကာကွယ်
ပေးသည်။
(2) အစာခြေစနစ် ကောင်းမွန်စေခြင်း
အမျှင်ဓာတ် (Fiber) နှင့် အစာခြေအင်ဇိုင်းများ
ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး
ပြီး အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာစေသည်။
(3) မျက်စိကျန်းမာရေး
Vitamin A ကြွယ်ဝမှုကြောင့် အမြင်အာရုံကို
ကြည်လင်စေပြီး မျက်စိကွယ်ခြင်းနှင့် ညဘက်
မျက်စိမှုန်ခြင်းတို့ကို သက်သာစေနိုင်သည်။
(4) အသားအရေနှင့် ဆံကေသာ:
Vitamin C သည် ကော်လာဂျင် (Collagen)
ထုတ်လုပ်မှုကို အားပေးသောကြောင့် အသားအရေ
ကို တင်းရင်းစေပြီး ဆံပင်ကျန်းမာရေးအတွက်
လည်း အထောက်အကူပြုသည်။
(5) နှလုံးကျန်းမာရေး
သရက်သီးတွင် ပါဝင်သော ပိုတက်စီယမ်
(Potassium) နှင့် မဂ္ဂနီစီယမ် (Magnesium)
တို့သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး
ကျန်းမာရေးကို ကောင်းမွန်စေသည်။
👉 (သတိပြုရန်အချက်များ)
👉 သွေးတွင်းသကြားဓာတ် တက်နိုင်ခြင်း: သရက်
သီးအမှည့်တွင် သဘာဝသကြားဓာတ် (Fructose)
မြင့်မားစွာ ပါဝင်ပါသည်။ ထို့ကြောင့် ဆီးချိုရောဂါ
ရှိသူများအနေဖြင့် အလွန်အကျွံစားသုံးခြင်းကို
ရှောင်ကြဉ်သင့်သည်။
👉 ကိုယ်အလေးချိန် တက်နိုင်ခြင်း
ကယ်လိုရီ ပါဝင်မှု မြင့်မားသောကြောင့် ဝိတ်ချနေ
သူများအနေဖြင့် အချိုးအစားကို ချင့်ချိန်စားသုံးရန်
လိုအပ်သည်။
👉 အစာအိမ် ပြဿနာ
အလွန်အကျွံ စားသုံးပါက ဝမ်းပျက်ဝမ်းလျှောခြင်း
သို့မဟုတ် ဗိုက်ကယ်ခြင်းတို့ ဖြစ်တတ်သည်။
💎 အကြံပြုချက်:
မည်သည့်အရာမဆို တန်ဆေး လွန်ဘေး ဖြစ်တတ်
သည့်အတွက် တစ်ရက်လျှင် သရက်သီးအမှည့်
တစ်လုံး (သို့မဟုတ်) နှစ်လုံး စားသုံးခြင်းကသာ
ကျန်းမာရေးအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။
အစာလည်းဆေး၊ဆေးလည်းအစာ🥭🥭🥭🥭
🖊
28/04/2026
ပူပြင်းလှတဲ့ နွေရာသီ ကို အံတုရင်း
ဖရဲသီးစားခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများ🍉နှင့် ဆိုးကျိုးများ 👇
(1)🍉 ဖရဲသီးမှာ ရေဓာတ် ၉၂% ပါဝင်တာကြောင့် ခန္ဓာကိုယ် ရေဓာတ် မခမ်းခြောက်အောင် ကူညီပေးပါတယ်။
(2)🍉 Vitamin Aနှင့် Vitamin C ကြွယ်ဝတာကြောင့် အရေပြားကို ကြည်လင်စေပြီး မျက်စိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
(3)🍉 ဖရဲသီး မှာ အမျှင်များစွာပါဝင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ၊ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးခြင်း
(4)🍉 ဖရဲသီးမှာ ပါဝင်တဲ့ Lycopene ဓာတ်ဟာ သွေးဖိအားနှင့် Cholesterol လျော့ကျစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(5)🍉 အသားအရေ လှပ စေပြီး ၊ ဝိတ်ချနေသူများအတွက် အထူးသင့်တော်ခြင်း.......
(6)🍉 အမူး၊ အမောပြေခြင်း.......
(7) 🍉 ဖရဲသီးမှာ အချိုဓာတ်နဲ့ ရေဓာတ်များစွာပါဝင်တဲ့အတွက် စိတ်ကြည်လင် လန်းစမ်း စေပါတယ်။
(8) ကြွက်သား နာကျင်မှု သက်သာစေခြင်း 💪: ဖရဲသီးမှာ ပါဝင်တဲ့ Citruilline လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဟာ လေ့ကျင့်ခန်း လုပ်ပြီးနောက် ဖြစ်တတ်တဲ့ ကြွက်သား နာကျင်မှုကို သက်သာစေပါတယ်။
💡 သတိထားရမယ့် အချက်များ (ဆိုးကျိုးများ)
(1) သကြားဓာတ် ပါဝင်မှု 🍬: ဖရဲသီးမှာ သဘာဝအတိုင်း ပါဝင်တဲ့ သကြားဓာတ် များတာကြောင့် ဆီးချို ဝေဒနာရှင်တွေ အလွန်အကျွံ စားမိရင် သွေးတွင်း သကြားဓာတ်ကို တက်စေနိုင်ပါတယ်။
(2) အစာခြေစနစ် ပြဿနာ 🤢: တစ်ခါတည်းနဲ့ အများကြီး စားမိရင် ဗိုက်ပွတာ၊ ဝမ်းလျှောတာမျိုး ဖြစ်တတ်ပါတယ်။
(3) ညဘက် စားသုံးခြင်း 🌙: ရေဓာတ် များတာကြောင့် ညဘက်မှာ စားရင် ဆီးခဏခဏ သွားရတတ်ပြီး အိပ်ရေး ပျက်စေနိုင်ပါတယ်။
ကဲ ဖရဲသီး🍉 စားပြီး ပူပြင်း လှတဲ့ နွေရာသီကို အံတု ကြပါစို့🥰 🍉
Naw Chue Chue
I got over 50 reactions on my posts last week! Thanks everyone for your support! 🎉
31/01/2026
Folic acid💊 ဆိုတာဘာလဲ?
Folic Acid (ဖောလစ်အက်ဆစ်) ဆိုတာ ဗီတာမင် B9 တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။
အဓိကအားဖြင့်တော့ ဆဲလ်အသစ်တွေ တည်ဆောက်ဖို့နဲ့ သွေးနီဥတွေ🩸 ထုတ်လုပ်ဖို့ အတွက် လိုအပ်တာ ဖြစ်ပါတယ်။
သူ့ရဲ့ အဓိက အကျိုးကျေးဇူးတွေကို အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်-
၁။ သွေးအားကောင်းစေခြင်း🩸
သွေးနီဥတွေ ဖြစ်ပေါ်ဖို့အတွက် Folic Acid က မရှိမဖြစ် လိုအပ်ပါတယ်။ Folic acidချို့တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လို့ သွေးအားကောင်းစေဖို့ ဒီဆေးကို တိုက်ကျွေးလေ့ရှိပါတယ်။
၂။ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အတွက်
ဒါက Folic acid ရဲ့ အကျော်ကြားဆုံး အသုံးဝင်ပုံပါ။
ကလေးငယ်: သန္ဓေသားရဲ့ ဦးနှောက်နဲ့ ခါးရိုးအာရုံကြောမကြီး ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေ (ဥပမာ- ခါးရိုးပွင့်တာ) မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မိခင်: ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။
အကြံပြုချက်: ကလေးယူဖို့ ပြင်ဆင်နေချိန်ကတည်းက သောက်ထားရင် ပိုထိရောက်ပါတယ်။
၃။ နှလုံးကျန်းမာရေး❤
သွေးထဲမှာရှိတဲ့ Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် ပမာဏကို လျှော့ချပေးလို့ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။
၄။ ရာသီလာချိန်နှင့် Folic acid
ရာသီသွေး အဆင်းများတဲ့ အမျိုးသမီးတွေမှာ သွေးအားနည်းတာ၊ နုံးချိတာတွေ ဖြစ်တတ်ပါတယ်။ ဖောလစ်အက်ဆစ် သောက်ပေးခြင်းဖြင့် သွေးဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ဘယ်လိုသူတွေ သောက်သင့်သလဲ?
ကလေးယူရန် ပြင်ဆင်နေသူများနှင့် ကိုယ်ဝန်ဆောင်များ။
သွေးအားနည်းရောဂါ ရှိသူများ။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် စားသုံးမှု နည်းသူများ။
သဘာဝအတိုင်း ရရှိနိုင်တဲ့ အစားအစာများ
ဆေးအပြင် အောက်ပါ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်-
🥬🥦 ဟင်းနုနွယ်၊ ကန်စွန်းရွက် (အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ)
🥜 ပဲအမျိုးမျိုး
🥚ဥအမျိုးမျိုး
🍋လိမ္မော်သီး၊ ရှောက်သီး
❤အသည်း
သတိပြုရန်:
Folic acid ကို သောက်မယ်ဆိုရင် တစ်ရက်ကို တစ်လုံးပဲ သောက်သင့်ပါတယ်ရှင့်။
(အထူးသဖြင့် ရောဂါအခံရှိသူများ ဆရာဝန်နှင့် တိုင်ပင် ပြီးမှသောက်ပါ)
စာဖတ် မိတ်ဆွေများအတွက် အကျိုးကျေးဇူး တစ်ခုခု ရ ရှိ သွား ပါက like & share လေး လုပ်ပေးပါရှင့်
သိလိုရာ ကျန်းမာရေး ဗဟု သုတကို Comment တွင် ရေးခဲ့ပါ ဖြေပေးပါမယ်ရှင့်
Naw Chue Chue
31/01/2026
အမျိုးသမီးများနှင့် ကျန်းမာရေး ဗဟုသုတ
👉 အမျိုးသမီးလေးများဖတ်ရန်👈
ရာသီလာစဉ် ကိုက်ခဲတာကို သက်သာစေမယ့် အိမ်
တွင်းကုထုံးတွေနဲ့ ရာသီသွေး အခဲလိုက်ဆင်းရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပေးပါမယ်။
၁။ ရာသီသွေး အခဲလိုက် ဘာကြောင့်ဆင်းတာလဲ?
ရာသီသွေးဆိုတာ သွေးသက်သက်တင်မဟုတ်ဘဲ သားအိမ်နံရံက တစ်ရှူးတွေနဲ့ အကျိအချွဲတွေ ရောနှောနေတာပါ။ အခဲဆင်းရတဲ့ အဓိက အကြောင်းရင်းကတော့-
Anticoagulants (သွေးမခဲစေတဲ့ဓာတ်) မနိုင်တော့ခြင်း: ပုံမှန်အားဖြင့် ခန္ဓာကိုယ်က ရာသီသွေးတွေကို အပြင်ထွက်ရလွယ်အောင် သွေးမခဲစေတဲ့ အင်ဇိုင်းဓာတ်တွေ ထုတ်ပေးပါတယ်။ ဒါပေမဲ့ သွေးဆင်းတာ အရမ်းများတဲ့အခါ ခန္ဓာကိုယ်က ဒီဓာတ်ကို အလုံအလောက် မထုတ်ပေးနိုင်တော့ဘဲ သွေးတွေက အခဲလိုက် ထွက်လာတတ်ပါတယ်။
သားအိမ်ထဲမှာ သွေးအိုင်နေခြင်း: အိပ်နေတဲ့အချိန် ဒါမှမဟုတ် အထိုင်များတဲ့အချိန်မှာ သွေးတွေက သားအိမ်ထဲမှာ ခဏကြာ စုနေတတ်ပါတယ်။ အဲဒီအခါ သွေးတွေက သဘာဝအတိုင်း ခဲသွားပြီး လှုပ်ရှားလိုက်တဲ့အခါ အခဲလိုက် ထွက်လာတတ်တာမျိုးပါ။
ဘယ်အချိန်မှာ စိုးရိမ်ရမလဲ?
အကယ်၍ သွေးခဲတွေက ငါးမတ်စေ့ (သို့မဟုတ်) ၂ စင်တီမီတာထက် ပိုကြီးနေရင်၊ သွေးခဲတွေ အများကြီး ခဏခဏဆင်းနေရင်တော့ သားအိမ်အကျိတ် (Fibroids) ဒါမှမဟုတ် ဟော်မုန်းမမျှတတာမျိုး ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၂။ ကိုက်ခဲတာ သက်သာစေဖို့ အိမ်တွင်းကုထုံးများ
ဆေးသောက်တာအပြင် အောက်ပါနည်းလမ်းလေးတွေက တကယ်ထိရောက်ပါတယ်။
ချင်းပြုတ်ရည် (Ginger ) ချင်း (ဂျင်း) မှာ ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ အာနိသင်ရှိပါတယ်။ ချင်းပြုတ်ရည်ကို ထန်းလျက် လေးထည့်ပြီး သောက်ပေးရင် ကိုက်ခဲတာကို သိသိသာသာ လျော့ကျစေပါတယ်။
အပူပေးခြင်း (Heat Therapy): ရေနွေးအိတ်ကပ်တာက ဆေးသောက်သလိုပဲ ထိရောက်ပါတယ်။ သားအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။
Magnesium ကြွယ်ဝသော အစားအစာများ: ငှက်ပျောသီး၊ ဗာဒံစေ့ (Almond) နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ မဂ္ဂနီစီယမ်က ကြွက်တက်တာနဲ့ ဗိုက်အောင့်တာကို သက်သာစေပါတယ်။
ရေများများသောက်ပါ: ရေဓာတ်ပြည့်ဝနေခြင်းက ဗိုက်ပွတာကို သက်သာစေပြီး ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
အနားယူပါ: ခန္ဓာကိုယ်က အရမ်းပင်ပန်းနေရင် နာကျင်မှုကို ပိုခံစားရတတ်ပါတယ်။ အိပ်စက်ခြင်းက အကောင်းဆုံး ကုထုံးတစ်ခုပါ။
၃။ ဘာတွေကို ရှောင်ရမလဲ?
ကဖင်း (Caffeine): ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေက သွေးကြောတွေကို ကျဉ်းစေပြီး ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။
အငန်ဓာတ်: ဆားများတာ စားရင် ရေဓာတ်စုပြီး ဗိုက်ပွ (Bloating) ဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှု: စိတ်ရှုပ်ထွေးတာက နာကျင်မှုကို ပိုခံစားရစေတဲ့အတွက် စိတ်အပန်းဖြေဖို့ လိုပါတယ်။
ဖြည့်စွက်အချက်
အကယ်၍ ဗိုက်အောင့်တာက အရမ်းပြင်းထန်ပြီး သွေးခဲတွေကလည်း ပုံမှန်ထက် ပိုကြီးနေတယ်ဆိုရင် သွေးအားနည်းရောဂါ (Anemia) ဖြစ်မဖြစ် စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
ဆောင်ရန်၊ရှောင်ရန်
ရာသီလာစဉ်မှာ စားသောက်တဲ့ ပုံစံက ကိုက်ခဲမှုကို လျှော့ချဖို့နဲ့ စိတ်ခံစားချက် ကောင်းမွန်ဖို့အတွက် အများကြီး အထောက်အကူပြုပါတယ်။ စားသင့်တာနဲ့ ရှောင်သင့်တာတွေကို အလွယ်မှတ်လို့ရအောင် ခွဲခြားပေးလိုက်ပါတယ်ရှင်။
၁။ စားပေးသင့်သော အစားအစာများ (ဆောင်ရန်)
သံဓာတ်ကြွယ်ဝသော အစားအစာများ: ရာသီသွေးဆင်းတဲ့အခါ သံဓာတ်ဆုံးရှုံးမှုရှိလို့ အသား (အမဲသား၊ ကြက်သား)၊ အသည်း၊ ဟင်းနုနွယ်နဲ့ ပဲအမျိုးမျိုးကို စားပေးပါ။
ငှက်ပျောသီး: မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ် ကြွယ်ဝလို့ ကြွက်တက်တာနဲ့ ဗိုက်အောင့်တာကို သက်သာစေပါတယ်။(ဖီးကြမ်း၊သီးမွှေးစားပေးပါ)
(ရခိုင်ငှက်ပျောသီး၊ ငှက်ပျောချဥ်မစားပါနှင့် ချုပ်တက်သည်)
ချင်း (ဂျင်း): ချင်းပြုတ်ရည် သောက်ပေးခြင်းက ရောင်ရမ်းမှုကို လျော့ကျစေပြီး ပျို့အန်ချင်တာနဲ့ ဗိုက်အောင့်တာကို သက်သာစေပါတယ်။
ရေနွေး အဖြူ ရေဓာတ်ပြည့်ဝနေမှ ခေါင်းကိုက်တာနဲ့ ဗိုက်ပွတာ လျော့နည်းမှာပါ။
ဒိန်ချဉ်: ကယ်လ်စီယမ်နဲ့ ပရိုဘိုင်အိုတစ် (Probiotics) ပါဝင်လို့ ဗိုက်အောင့်တာကို သက်သာစေပြီး မှိုပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ: ဗီတာမင်ဓာတ်တွေ ပြည့်ဝစွာ ရရှိစေပါတယ်။
၂။ မစားသင့်သော အစားအစာများ (ရှောင်ရန်)
အငန်ဓာတ်များသော အစားအစာများ: အာလူးကြော်၊ မုန့်ထုပ်နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေက ရေဓာတ်ကို ခန္ဓာကိုယ်မှာ စုမိစေပြီး ဗိုက်ပွ (Bloating) ဖြစ်စေပါတယ်။
ကဖင်း (Caffeine): ကော်ဖီနဲ့ လက်ဖက်ရည် ပြင်းပြင်းတွေက သွေးကြောတွေကို ကျဉ်းစေပြီး သားအိမ်ကို ပိုညှစ်စေတဲ့အတွက် ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။
အချိုလွန်ကဲသော အစားအစာများ: သကြားဓာတ်က စွမ်းအင်ကို ခဏပဲ တက်စေပြီး ပြန်ကျသွားတဲ့အခါ စိတ်ကြည်လင်မှု မရှိတော့ဘဲ စိတ်ဆတ်တာ (Mood swings) ဖြစ်စေပါတယ်။
အစပ်များသော အစားအစာများ: အစာအိမ်ကို ဒုက္ခပေးပြီး ဝမ်းလျှောတာ ဒါမှမဟုတ် ဗိုက်နာတာကို ပိုဖြစ်စေတတ်ပါတယ်။
အရက်: ရေဓာတ်ခန်းခြောက်စေပြီး ကိုက်ခဲမှုကို ပိုဆိုးစေပါတယ်။
၃။ နေထိုင်မှုပုံစံ (အထွေထွေ ဆောင်ရန်/ရှောင်ရန်)
ဆောင်ရန် ရှောင်ရန်
ရေနွေးအိတ် ကပ်ပေးပါ
ရေအေးချိုးခြင်း (သို့) ရေခဲရေသောက်ခြင်း (ရှောင်နိုင်ရင် ပိုကောင်းပါတယ်)
အိပ်ရေးဝဝ အိပ်စက်ပါ
ပင်ပန်းလွန်းသော အလုပ်များ/ အလေးအပင် မခြင်းရှောင်ပါ
ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပါ
စိတ်ဖိစီးမှုများသော ကိစ္စများ စဉ်းစားခြင်းကိုရှောင်ပါ
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
လစဉ်သုံး ဂွမ်းကို အချိန်ကြာကြီး မလဲဘဲ ထားခြင်းရှောင်ပါ ၄နာရီခြား တစ်ခါ လစဥ်သုံးဂွမ်း လဲပေးပါ။
အကြံပြုချက်
ရာသီလာစဉ်မှာ သွေးအားနည်းသလို ခံစားရရင် (သို့မဟုတ်) အရမ်းနုံးနေရင် သံဓာတ်အားဆေး (Iron Supplement) ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်နိုင်ပါတယ်။
Naw Chue Chue
Category
Website
Address
Yangon