CAD Prime

CAD Prime

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CAD Prime, 科学・技術・エンジニアリング, Yangon.

23/01/2026
30/12/2025

2020 ကတည်းက
စာတွေသင်လာခဲ့တာ
ဒီနှစ်ဆို ဘာလိုလိုနဲ့
၅နှစ်ထဲရောက်လာခဲ့ပြီး

30/07/2025

သူကသေသွားလည်း ကိစ္စမရှိဘူး ရတယ်တဲ့ 😍

ဒီနေ့ရုံးမှာ meeting ရှိတာ meeting လို့ဆိုတာထက် design review ပေးကြတာ ကိုယ်တွေဌာနကပုံဆွဲထားတာကို တခြာဌာနအသီးသီးကလူတွေက review ဝိုင်းပေးကြတာ (ဉပမာ ထုတ်လုပ်မယ့်သူတွေ ဘာတွေပါနေလို့ ထုတ်ရခက်တယ်
ဖြတ်မယ်သူ့ကဘာဖြစ်တယ် တပ်ဆင်မယ့်သူကဘယ်လိုတပ်ဆင်ရခက်တယ် အစရှိသဖြင့် အမျိုးမျိုးပြောကြတာ) ကိုယ်တွေဌာနက ဘာလို့ဘာကိုသုံးပြီးဆွဲထားတယ် ဘာအတွက်အပေါက်ဖောက်ထားတယ် အဲ့တာတွေရှင်းပြပေးတာ အဲ့ဒါတွေကို section head ကရှင်းပြ ဒီနေ့ရှင်းပြတဲ့ပုံက ကိုယ်တွေ၂လလောက်ဆွဲထားတာ မေးရင်းမသိရင်းရှာရင်းဖွေရင်းဆွဲထားတာ meeting က၂နာရီခွဲလောက်ကြာတယ် လူကတော်တော်ကိုးအိပ်ချင်နေတာ နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ မထုတ်သေးဘဲနဲ့ design change ဖို့ဖြစ်သွားတာ အဲ့ဒါနဲ့ကိုယ့်ကို ကောက်မေးတာ အဲ့ဒါ change လို့အဆင်ပြေလားတဲ့ ကိုယ်ကကောက်ပြောလိုက်တာ သူကသေသွားလည်းကိစ္စမရှိဘူးတဲ့ (မြန်မာလိုကြီး) သူတို့လေးတွေ မျက်လုံးလည်းကလည်ကလည်တွေဖြစ်နေတာ ပြီးမှအိပ်ချင်ပြေသွားတာ😁

23/07/2025

CATIA နဲ့အလုပ်ခေါ်စာလေး

06/07/2025

ဒီနေ့အတွက် ဆုတောင်းလေးပါ။

05/07/2025

စိတ်ကူးထဲတော့ post တွေအများကြီး

တင်နေပင်မယ့် တကယ်လက်တွေ့မတင်

ဖြစ်ဖူးဖြစ်နေတာ page active သိမ့်မဖြစ်ပင်မယ့်

Online class တွေကတော့ ဆက်သင်နေပါတယ်

တခုခုသိချင်တာရှိခဲ့ရင် cbလာမေးလည်းရတယ်နော်။

29/06/2025

အသက်မွေးဝမ်းကြောင်းပညာရပ်တွေအများကြီးရှိတဲ့ထဲမှာ

Engineer ဆိုတဲ့ သက်မွေးပညာရပ်အကြောင်းပြောပြပါရစေ

ကျောင်းမှာသင်လာခဲ့တာအများစုက Practical လက်တွေ့ထက် Theory စာတွေ့ပိုများတယ် ၊ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တော့လဲ ရွေးချယ်စရာလမ်းကျောင်းတွေများတော့ အများစုက ဝါသနာနောက်လိုက်ကြတာများပါတယ် ၊ အချို့ကလဲ ဘာဝါသနာပါလို့ပါမှန်းမသိပဲ ရှိတတ်တယ်

✨ရုံးထဲထိုင်ပြီး အလုပ်လုပ်ရတာမကြိုက်ရင် Site Engineer လုပ်မလား
✨ပုံဆွဲဝါသနာပါရင် Drafter လုပ်မလား
✨တွက်ချက်ရတာကြိုက်ရင် Quantity Surveyor လုပ်မလား
✨Quality မှန်မမှန်စစ်ဆေးရတာ ၊ ပြစ်ချက်ရှာရတာကြိုက်ရင် QA/QC လုပ်မလား
✨Theory တွေနဲ့ တွက်ထုတ်ရတာ ဝါသနာပါရင် Designer လုပ်မလား

စသဖြင့် ရွေးချယ်စရာ လမ်းကြောင်းတွေအများကြီးရှိပါသေးတယ်

ကျောင်းပြီးတာနဲ့ အလုပ်ချက်ချင်းဝင်လို့ရတဲ့ သက်မွေးပညာရပ် ၁ခုပါပဲ

Social skill ကောင်းတဲ့သူဆို ကျောင်းတက်ရင်း အတွေ့အကြုံယူရင်း လစာရကြသလို ၊ ကျောင်းပြီးတာနဲ့ ချိတ်ဆက်ပြီး အလုပ်ချက်ချင်းဝင်ကြတာလဲ ရှိပါတယ်

အချို့က လမ်းကြောင်း ၁ခုကိုလုပ်နေရင်း အခြားလမ်းကြောင်းကို ကူးပြောင်းသွားတာလဲရှိတယ်

အချို့က ကျောင်းပြီးတည်းက လမ်းကြောင်း၁ခုတည်းမှာလုပ်နေရင်း အတွေ့ကြုံများလေ ရာထူးတွေတက် လစာတွေပိုများလာတာလဲရှိတယ်

Full time ဝန်ထမ်းဘဝ စိတ်ကုန်ပြီး Freelancer လုပ်နေသူတွေလဲရှိတယ်

ဝန်ထမ်းဘဝမှာ အတွေ့အကြုံရပြီးနောက် ကိုယ်ပိုင် company တည်ထောင်ပြီး Service ပေးသူတွေလဲရှိတယ်

ကိုယ်ကကျ ဝန်ထမ်းဘဝမှာ လမ်းကြောင်းမျိုးစုံပြောင်းခဲ့တဲ့သူထဲပါတယ် (Generalist ပေါ့ )

ကိုယ့်အမျိုးသားကကျ ကျောင်းပြီးထဲက Site field ထဲမှာပဲ လုပ်လာတော့ လမ်းကြောင်း ၁ခုတည်းလျှောက်သူထဲပါတယ် ( Specialist ပေါ့ )

ဘွဲ့ရတဲ့မေဂျာတူ ၊ ကျောင်းတူ ၊ အသက်တူတာတောင် ခံယူချက်ချင်းမတူကြဘူး

၂ယောက်သား ဝန်ထမ်းဘဝကထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုတော့ ငွေကြေးအရင်းနှီးလဲမထုတ်ရတဲ့ Service ပေးရတဲ့အလုပ်ပဲရွေးဖြစ်တယ်

ကိုယ်တွေသင်ထားတဲ့ပညာရယ် အလုပ်ကသင်ပေးတဲ့ ပညာတွေနဲ့ပဲ Service ပေးလာတာ အရင်းအနှီးဆိုလို့ စကားတွေပြောရတာရယ် ၊ ခေါင်းသုံးရတာပဲရှိတယ် ၊ ငွေကြေးတော့ ခုထိ မစိုက်ထုတ်ရသေးဘူး

သက်မွေးပညာရပ် ဆိုတဲ့အတိုင်းပဲ ဘယ်နေရာရောက်ရောက် ၊ ဘယ်အခြေနေရောက်ရောက် ၊ ဘယ်နိုင်ငံရောက်ရောက် စားဝတ်နေရေးအတွက် မပူရဘူး ၊ တကယ်လုပ်ချင်ရင် အလုပ်ကမရှားပါဘူး

☘️ဝန်ထမ်းဘဝ လုပ်ရတဲ့အခါ☘️

မြန်မာပြည်မှာတော့ ရာထူး၁ခုပေးထားပြီး အစုံလုပ်ရတတ်ပြီး လစာရတာနည်းပေမဲ့

နိုင်ငံခြားမှာဆို ရာထူး ၁ခုကို သေချာတာဝန်ယူလုပ်ပေးရပြီး လစာလဲ အများကြီးရနိုင်တဲ့ သက်မွေးပညာရပ် ၁ခုပါ

☘️ကိုယ်ပိုင် Company တည်ထောင်ပြီး Service ပေးတဲ့ အလုပ်လုပ်ရတဲ့အခါ☘️

✨ကံ ၊ ညဏ် ၊ ဝီရိယ ရှိဖို့တော့ လိုအပ်ပါတယ်
✨ရိုးသားပြီး ကြိုးစားဖို့လဲလိုတယ်
✨အလုပ်ကိုလေးစားပြီး အလုပ်အပ်တဲ့ Client တွေကိုလဲ လေးစားဖို့လိုတယ်
✨အလုပ်တွေအများကြီးရဖို့ထက် ရတဲ့အလုပ်လေးတွေကိုအဆုံးထိပြီးအောင် တာဝန်ယူလုပ်ဆောင်ပေးဖို့လိုတယ်
✨အလုပ် ၁ခု ပြီးတဲ့အခါမှာလဲ နာမည်ကောင်းကျန်ခဲ့ဖို့လိုပါတယ် ဒါမှ ပြီးခဲ့တဲ့အလုပ်နဲ့ ပတ်သတ်ပြီး အလုပ်သစ်တွေ ထပ်ပေါ်လာမှာပါ

ကိုယ့်ရဲ့ Junior Engineers တွေအတွက် အတွေး၁ခုတော့ ရမယ်ထင်ပါတယ်

ကိုယ့်သား ၊ သမီး ၊ တူ ၊ တူမ တွေထဲမှာ Engineer ဖြစ်ချင်တဲ့သူတွေရှိရင်လဲ ဗဟုသုတအနေနဲ့ ရှင်းပြပေးလို့ရအောင်ပါ

အားလုံးပဲ ဝါသနာနဲ့ဘဝ ထပ်တူကျကြပါစေ 🙏🏼

Sharing by Saw 👷🏻‍♀️

25/06/2025

TU တက်ခဲ့တဲ့ ကျောင်းသားမှန်ရင်

Calculator နဲ့လည်း ရအောင်ကြူးတယ်🤣

photo crd

21/06/2025

ဂျပန်လုပ်ငန်းခွင်အထာ (မိမိတစ်ဦးတည်းအမြင်ဖြင့်ရေးသားခြင်း)

အလုပ်စစဝင်ခြင်း၆လလောက်က ဘာလုပ်၊ဘာလုပ်

မပြီးရင် OT တွေလည်းဆင်းခိုင်းတယ်

ပြီးတော့ ကိုယ့်ဌာနမှာကိုယ်လည်းစစရောက်ခြင်းဆို

တော့ တခြားသူတွေရော ဘာလုပ်နေလဲလို့ ဘေဘီ

ကြည့်လိုက်မိတော့ ကိုယ်ဘာလုပ်နေလဲကြည့်နေတဲ့

သူရှိတယ်( ဘာလို့လဲဆိုရင် အကြည့်ချင်းဆုံသွားလို့)

၆လလောက်ကျော်သွားတော့ ယုံကြည်မှု့ရသွား

တယ်လို့ပြောရမလား လုပ်စရာရှိတာကိုဘဲ email က

နေပို့တော့တာ ကိုယ်လည်းလုပ်စရာရှိတာလုပ် လုပ်

စရာမရှိရင်internetမှာကိုယ်ရှာချင်တာရှာဖတ်

ကိုယ်လုပ်ချင်တာလုပ်နေတာ။

အဲ့တော့အနှစ်ချုပ်ပြောရမယ်ဆိုရင် ၆လလောက်ကစောင့်ကြည့်ကာလမို့ သေချာလေးကြိုးစားဖို့အကြံပေးချင်ပါတယ်😁။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon