Digital Outlet

Digital Outlet

Share

Fast, Reliable and Trustworthy Service Provider in Myanmar…

22/04/2024

လူကြီးမင်းတို့အားလုံးရှင် Reply တာနောက်ကျခဲ့ရင် ညီမတို့ဘက်ကနေပြီး အနူးအညွှတ်တောင်းပန်ပါတယ်ရှင့် Reply ကအရမ်းများတော့ အောက်ဆုံးကနေ စာပြန်ပေးနေတာမလို့ သည်းခံပြီးစောင့်ဆိုင်းပေးပါဦးနော် အားလုံးကို အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီကိုစာပြန်ပေးသွားမှာဖြစ်လို့ သည်းခံစောင့်ဆိုင်းပေးပါဦးနော်။

04/03/2024
13/09/2023

ိဝိညာဉ်ခေါ်တဲ့ လက်ပြတ်တစ်ခုကနေ ပရလောကနဲ့ ဆက်သွယ်ပြီး ဝိညာဉ်တွေကို
ခန္ဓာကိုယ်ထဲ ဝင်ခွင့်ပေးခဲ့ကြတယ် ဒါပေမယ့် စက္ကန့် 90 ထက်ကျော်လို့မရဘူး....

Talk to me (2023) - InstaTech review
Streaming - prime video
IMDB - 7.3/10

ပထမဆုံး ပြောချင်တာက Talk to me ဟာ Hollywood ရုပ်ရှင်တစ်ခုမဟုတ်ခဲ့ပဲ Australian ဒါရိုက်တာတွေ ရိုက်ကူးခဲ့ကြတဲ့ Australian supernatural horror film တစ်ခုပဲ ဖြစ်ပါတယ်
Australia နိုင်ငံမှာ 2022 ခုနှစ်ထဲက ရုံတင်ပြသခဲ့ပြီး ဖြစ်ပေမယ့် နိုင်ငံတစ်ကာ ရုပ်ရှင်ပွဲတော်မှာ ဒီ ရုပ်ရှင်ကို ဝင်ရောက် ပြသရင်း universal studio , A24 တို့က အမေရိကားမှာ ပြသခွင့်အတွက် အပြိုင်အဆိုင် လေလံဆွဲခဲ့ကြတာပါ
A24 က ရုပ်ရှင် ပြသခွင့် ရရှိခဲ့ပြီး ရုံတင်ပြသရင်း box office မှာလဲ အောင်မြင်ခဲ့ပြန်ပါတယ်
ဒါ့ကြောင့် ဒီ ရုပ်ရှင်ဟာ originally A24 ရုပ်ရှင်တစ်ခု မဟုတ်ပါဘူး အများက ဒါကို A24 ရုပ်ရှင်ဆိုပြီး ထင်နေကြတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်

အဲ့တော့ ရုပ်ရှင် အကြောင်းကို သွားလိုက်ကြရအောင်ပါ
အပေါ်မှာ ပြောခဲ့သလို ကျောင်းသားလူငယ်တစ်စု ဘယ်သူတွေဆီက လက်ဆင့်ကမ်းလာမှန်း မသိတဲ့ ဝိညာဉ်ခေါ်တဲ့ လက်ပြတ်ကြီးနဲ့ ဝိညာဉ်တွေခေါ် ခန္ဓာကိုယ်ထဲ အပူးခံ စက္ကန့် 90 ပြည့်တာနဲ့ ပြန်ဖြုတ် ဝိညာဉ်ပူးခံနေရစဉ်မှာ video ရိုက်ထား ကစားနည်း တစ်ခုလို ကျောင်းသား လူငယ်လေးတွေကြား ပြန့်နှံ့ပြီး popular ဖြစ်နေတဲ့ အရာတစ်ခုပါပဲ

ဒီကစားနည်းကို မီယာတို့ အဖွဲ့ကလဲ စမ်းကြည့်ခဲ့ပြီး ကြိုက်နှစ်သက်ခဲ့ကြပါတယ်
ဒါပေမယ့် ဒီကစားနည်းကို ဆော့ဖူးကြတဲ့ သူတိုင်း နောက်ပိုင်းမှာ ပုံမှန် မဟုတ်တဲ့ ကိစ္စတွေ ပုံမှန် မဟုတ်တဲ့ အရာတွေကို မြင်လာရတာပါပဲ
အဲ့ဒီကနေ အခြေနေတွေ ထိန်းမရတဲ့ထိ ဆိုးဝါးသွားတယ်
ဒါပါပဲ plot က အဲ့လောက်ကို ရိုးစင်းပါတယ်
ဒီလို ရုပ်ရှင်မျိုးတွေကို ရှေ့မှာ ပရိတ်သတ်တွေ ဖန်တရာထေ မြင်ဖူး ပီးသားဖြစ်မှာပါ

ဒါပေမယ့် ဘာတွေက ကောင်းနေလို့ Hollywood ရဲ့ studio ကြီးတွေက ပြသခွင့်တွေ ဝယ်ခဲ့ကြတာလဲ ?
Talk to me မှာ အထူးချီးကျူးစရာတွေကတော့ horror sequences တွေ practical effects တွေဆို တော်တော်လေးကို အသေးစိတ် ပြုလုပ်ထားပါတယ် ဒါကတော့ ရုပ်ရှင်ငယ်လေး အနေနဲ့ ဘယ်လောက်ထိ ကြိုးစားထားကြတယ်ဆိုတာ ပေါ်လွင်လှပါတယ် နောက်ပြီး sound design အရမ်းမိုက်ပါတယ် နောက်ဆုံး သရုပ်ဆောင်တွေရဲ့ performance တွေ အကောင်းဆုံးပါပဲ
ဒါတွေက Talk to me ကို တစ်ခြား horror ရုပ်ရှင်တွေကြား ပေါ်လွင်ကောင်းမွန်စေခဲ့တဲ့ အချက်တွေပါပဲ
Critics တွေကလဲ ဒီအချက်တွေကို ဦးစားပေး positive review တွေ ပေးထားကြပါတယ်
စာရေးသူ ကိုယ်တိုင်လဲ အဲ့လိုပဲ ထင်မြင်မိပါတယ်

Jump scare တွေ သုံးမထားပဲ reality ဆန်တဲ့ horror sequences လေးတွေ သုံးထားတယ်ပေါ့
သင်က horror ကားတွေ ကြည့်နေကြသူဆိုရင်တော့ ဒီရုပ်ရှင်က ကြောက်ဖို့တော့ ကောင်းမှာ မဟုတ်ပါဘူး
runtime ကတော့ 1 နာရီခွဲပဲ ရှိပါတယ်
Prime video မှာ ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်

10/06/2023

ရိုးရိုး camera ရိုက်ချက်လေး တစ်ခုကနေ သင့်ဘဝထဲက သင် ပျောက်ကွယ်သွား စေချင်တဲ့သူကို ဖျောက်ဖျက်ပေးနိုင်ရင်....?

Netflix က ထွက်ရှိလာမယ့် ထိုင်းရုပ်ရှင် " Delete " ရဲ့ official trailer ပဲ ဖြစ်ပါတယ်
ဒီလ 29 ရက်နေ့ Netflix ကနေ စောင့်မျှော် ကြည့်ရှူနိုင်မှာပါ
Trailer ကြည့်ရသလောက်တော့ တကယ်ကို မျှော်လင့်ထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ

Photos from Digital Outlet's post 08/06/2023

Apple TV plus ရဲ့ " The crowded Room " ရိုက်ကူးစဉ်က စိတ်ပင်ပန်းမှုတွေကြောင့် ရုပ်ရှင် ရိုက်ကူးမှုတွေ ရပ်နားသွားမယ့် Tom Holland....

Spider man မင်းသားလေး Tom Holland ကတော့ ရုပ်ရှင်ရိုက်ကူးမှုတွေ နှစ်အနည်းငယ် ရပ်နားသွားမှာ ဖြစ်ကြောင်း ပြောလာခဲ့ပါတယ်
အကြောင်းအရင်းကတော့ AppleTV+ ကနေ ထွက်ရှိလာမယ့် " The Crowded room " series ရိုက်ကူး အပြီး သူ့ရဲ့ စိတ်ကျန်းမာရေး အတွက် break ယူလိုက်ရတဲ့ သဘောပဲ ဖြစ်ပါတယ်

Holland ပြောခဲ့တာကတော့ " အလုပ်ကြိုးစားရတာ ကျတော့်အတွက် စိမ်းတဲ့ အရာတော့ မဟုတ်ပါဘူး
ကြိုစားအားထုတ်မှုဟာ ကောင်းတဲ့ အလုပ်ဆိုတဲ့ အတွေးနဲ့ ကျတော့်ဘဝတစ်လျှောက်လုံး နေထိုင်လာခဲ့တာပါ
ဒါမဲ့ ဒီ series ကတော့ ကျတော့်ဆီက အများကြီး ယူသွားတယ်လို့ ခံစားရတယ်
ဒီ show ရိုက်အပြီးမှာ ငါ နားသင့်တယ် အေးအေးဆေးဆေးလေး လူသူကွယ်ရာမှာ နေသင့်တယ်လို့ နက်နက်ရိှုင်းရိှုင်းခံစားခဲ့ရတယ်
ဒီလောက်ဆို ဒီ show က ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ အားလုံးပဲ သိကြမှာပါ
ဒီ show မှာ ကျတော်တို့ ကြိုးစားခဲ့တာတွေ အလကား မဖြစ်ဖို့ပဲ ကျတော် မျှော်လင့်ပါတယ်ဆိုပြီး " ပြောသွားခဲ့ပါတယ်

ပြင်ပဘဝမှာ တကယ်ရှိတဲ့ psychopath တစ်ယောက်ဖြစ်တဲ့ Billy Milligan အကြောင်းကို "The crowded room " က ရိုက်ကူးပြသထားတာ ဖြစ်ပြီး
မင်းသား Tom Holland က ဘဏ်ဓားပြတိုက်တာတွေ ပြန်ပေးဆွဲတာတွေ မုဒိန်းကျင့်တာတွေ စတာတွေကို ကျူးလွန်ခဲ့သူ စိတ်မျိုးကွဲပေါင်း 24 မျိုးထိရှိနေတဲ့ စိတ်ရောဂါသည် တစ်ယောက် Billy Milligan နေရာကနေပါဝင်ထားပါတယ်
ဒီလို အမှုတွေကို ကျူးလွန်ခဲ့ပေမယ့် စိတ်ရောဂါသည်တစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အချက်နဲ့ အမေရိကန်သမိုင်းမှာ ပထမ​ဆုံး အပြစ်မရှိဘူးဆိုပြီး အမိန့်ချခံခဲ့ရတဲ့ သူတစ်ယောက်ပါ

The crowded room ဟာ မနက်ဖြန်မှာပဲ Apple TV+ ကနေ ထွက်ရှိလာတော့မှာ ပဲ ဖြစ်ပါတယ် ...

07/06/2023

Hello Angels 🔥
(မှတ်ချက်) The weeknd လေသံလေးနဲ့ဖတ်ရန်xD

Photos from Digital Outlet's post 05/06/2023

HBO max ရဲ့အဆိုးဆုံး show တစ်ခုဆိုပြီး ဝေဖန်ခံနေရတဲ့ အပြင် Jennie Kim ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ပါ ဝေဖန်သံတွေ ညံနေခဲ့တဲ့ The Idol first episode....

ကမ္ဘာကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ The Weeknd ကိုယ်တိုင် ဒီ show ကို produce လုပ်ထားတဲ့ အပြင် ကိုယ်တိုင်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ show ဟာ မထွက်လာခင်ထဲက ပရိတ်သတ်တွေ စိတ်ဝင်စားမှုကို ရရှိနေတဲ့ series တစ်ခုပါ

ဒီ series ကို မနေ့က HBOmax မှာ ပထမပိုင်း စတင်ပြသခဲ့ပြီး ပရိတ်သတ်တွေ ဆီက ဝေဖန်မှုတွေ ရရှိလာခဲ့ပါတယ်
အဆိုးဆုံးတော့ လိင်အသားပေးလွန်းပြီး ဘာ plot မှ ရှိမနေတဲ့ series တစ်ခုဖြစ်နေတာပါပဲ
ဒီလို series မျိုး HBO ကနေ ထွက်ရှိလာတာကို လုံးဝ မယုံကြည်နိုင်ဘူးလို့တောင် ပရိတ်သတ်တွေက ဆိုနေကြပါတယ်

ဒီ series မှာ Black pink အဖွဲ့ရဲ့ အဆိုတော်မလေး Jennie Kim ပါ ပါဝင်ထားပြီး သူမရဲ့sexy dance scene တွေနဲ့ ပတ်သတ်ပီးလဲ ဝေဖန်မှုတွေ ပိုပြီး ရှိလာခဲ့ပါတယ်

ပထမပိုင်း ထွက်လာအပြီးမှာတော့ rating တွေ စုတ်ပြတ်နေခဲ့ပြီး နောက်ထပ် အပိုင်း 5 ပိုင်း
ထပ်ထွက်လာဖို့ ရှိနေပါသေးတယ်
ပရိတ်သတ်တွေ ဝေဖန်နေသလို ဒီ series က အဲ့လောက် ဆိုးဝါးနေလားဆိုတာတော့ အားလုံးပဲ ကြည့်ပီး ဆုံးဖြတ်လိုက်ကြပါဦး...

👉 ရုပ်ရှင်နဲ့ စီးရီးကြိုက်နှစ်သက်သူတွေအတွက်
𝙉𝙚𝙩𝙛𝙡𝙞𝙭,𝘿𝙞𝙨𝙣𝙚𝙮+,𝙈𝙖𝙭,𝙖𝙥𝙥𝙡𝙚 𝙏𝙑+,𝘼𝙢𝙖𝙯𝙤𝙣 𝙥𝙧𝙞𝙢𝙚 𝙫𝙞𝙙𝙚𝙤
👉ဗဟုသုတအစုံအလင် ခံစားကြည့်ရှူနိုင်ဖို့ 𝙔𝙤𝙪𝙏𝙪𝙗𝙚 𝙥𝙧𝙚𝙢𝙞𝙪𝙢
👉သီချင်း ချစ်သူတွေအတွက် Music ပေါင်းများစွာကို တစ်နေရာထဲမှာ ခံစားနားဆင်နိုင်မယ့် 𝙎𝙥𝙤𝙩𝙞𝙛𝙮,𝙖𝙥𝙥𝙡𝙚 𝙈𝙪𝙨𝙞𝙘
👉လိုင်းဆွဲအားကောင်းပီး အလွန်မြန်ဆန်တဲ့ speed နဲ့ 𝙒𝙞𝙣𝙙𝙨𝙘𝙧𝙞𝙗𝙚 𝙑𝙋𝙉 , 𝙎𝙪𝙧𝙛𝙨𝙝𝙖𝙧𝙠 𝙑𝙋𝙉
👉လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဒီဇိုင်းရေးဆွဲရာမှာ မရှိမဖြစ် 𝘾𝙖𝙣𝙫𝙖 𝙥𝙧𝙤
👉ကမ္ဘာကျော် anime show တွေ ကြည့်ရှူနိုင်ဖို့အတွက် 𝘾𝙧𝙪𝙣𝙘𝙝𝙮𝙧𝙤𝙡𝙡,𝙁𝙪𝙣𝙞𝙢𝙖𝙩𝙞𝙤𝙣
ဒီလို 𝙨𝙚𝙧𝙫𝙞𝙘𝙚 ပေါင်းများစွာကို admin တို့ 𝙄𝙣𝙨𝙩𝙖𝙏𝙚𝙘𝙝 ကနေ 24 နာရီ after service များနဲ့ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးနေပါတယ်

04/06/2023

ကမ္ဘာကျော် Pop အဆိုတော်တွေ များစွာ ပါဝင်ထားတဲ့ The idol ကို မနက်ဖြန် HBOmax မှာ စတင် ကြည့်ရှူနိုင်တော့မှာနော်
အားလုံး မေ့နေမှာဆိုးလို့ remind လာလုပ်တာ 😙

02/06/2023

မင်မင်တို့ရဲ့main pageဖြစ်တဲ့ Insta Tech

page ရုတ်တရက် unpublished ဖြစ်သွား

တဲ့အတွက် Insta Tech pageက

customerကြီးများကို Digital Outlet

messenger မှာ service များဆက်လက်

ပေးဆောင်သွားပါမယ်ခင်ဗျ။

Insta Tech pageမှာ ဝယ်ယူထားသော

message screenshot လေးများကိုပြပြီး

account errorများ သတ်တမ်းတိုး service

များကို Digital Outlet messenger မှာလာ

ရောက် ရယူနိုင်ပါတယ်ခင်ဗျ ။

အဆင်မပြေမှုမျအတွက်အနှူးအညွတ်

တောင်းပန်ပါတယ်ခင်ဗျ🙇🙇

20/06/2022

Apple Music 6 Months ကို 15000 ကျပ်နဲ့ ဝယ်ယူပြီး Netflix Premium Plan 1 month စာပါ free ရရှိမယ့် အခွင့်အရေး ....

Wowww 😱

ဒေါ်လာ 60$ (မြန်မာငွေ 100000 ကျော်) တန်ဖိုးရှိ Apple Music 6 Month Plan ကို
15000 ကျပ်ထဲနဲ့ ရရှိနိုင်မယ့်အပြင် မေတ္တာလက်ဆောင်အနေနဲ့
👉 icloud 50GB
👉5000တန် Netflix Premium Plan
၁လစာပါရရှိနိုင်မယ့် အခွင့်အရေးလေးကို ကျတော်တို့ DigitalOutlet team ကနေ စီစဉ်ပေးထားပါတယ်ဗျာ့ 😁

ဒီPromotionလေးမှာပါဝင်ချင်ရင်တော့ ယခု post​လေးကို publicနဲ့ share ၊ အဲ့ဒီ screenshot လေးကို pageမှာ လာရောက်ပြသပီး ဝယ်ယူရင်း ပါဝင်လို့ရပါတယ်ခင်ဗျာ။

09/04/2022

💁‍♀️ ဘာပဲယူယူ မြန်မာငွေ 1000 ကျပ် 😱

Wow.....အားလုံးပဲ လန့်မသွားကြပါနဲ့နော် 🤭

💥ဒီ promotion ကတော့ ညီမတို့ Digital Outlet ကနေ
ချစ်ရတဲ့ ကာကာ လူကြီးမင်းတို့အတွက် အထူးပြုလုပ်ပေးမယ့် သင်္ကြန်တွင်း promotion လေးပဲ ဖြစ်ပါတယ် ❤️

💥 နှစ်သစ်ကူး ရုံးပိတ်ရက် တွေမှာ မြန်မာငွေ ကျပ်တစ်ထောင် ထဲနဲ့
နာမည်ကြီး streaming service တွေနဲ့ chill လုပ်နိုင်မယ့် အခွင့်အရေးကြီးမို့ ကာကာတို့ လက်မလွှတ်ဖို့တော့ လိုတယ်နော်..

🚨 promotion ကာလ လေးကတော့ April 9 ရက်ကနေ 15 ရက်နေ့ထိသာ ဖြစ်တဲ့ အတွက် ဒီချိန် ကာလအတွင်းမှာ ကာကာလူကြီးမင်းတို့ မြန်မြန်လာရောက် ဝယ်ယူဖို့တော့ လိုတယ်နော် 🚨

💥promotion လေး မှာပါဝင်မယ့် service တွေကတော့...

✔️Netflix
✔Disney
✔️Spotify
✔️Tidal
✔️Prime
✔️Windscribe
✔️canva
✔️YouTube တို့ပဲ ဖြစ်ပါတယ် ။

💥ဒီ service တွေကို ငွေကျပ် တစ်ထောင်ထဲနဲ့ 1 months အသုံးပြုခွင့် ရရှိ မှာပဲ ဖြစ်ပါတယ်

💥 တကယ့် အတန်တကာ့အတန်ဆုံး " မြန်မာငွေ တစ်ထောင်ကျပ် " promotion လေးမို့ အမြန်လာရောက်ဝယ်ယူလိုက်ပါရှင့်

အားလုံးပဲ မြန်မာ့နှစ်သစ် သင်္ကြန်တွင်းလေးမှာ အပူတွေအားလုံးကင်းပြီး စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာနဲ့ ဖြတ်သန်း နိုင်ဖို့ ညီမတို့ Digital Outlet team ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့် 🙏


#မြန်မာငွေတစ်ထောင်ကျပ်ပရိုမိုးရှင်း

24/03/2022

Doctor strange in the multiverse of madness ရုပ်ရှင်ဟာ No way Home ရုပ်ရှင်ထက် ပိုမိုကြီးမားမယ်လို့ ပြောခဲ့တဲ့ မင်းသား Benedict Cumberbatch.....

================================

Empire မဂ္ဂဇင်းနှင့် online interview တစ်ခု မှာ မင်းသား Benedict က multiverse of madness ဟာ တကယ်ကို ကြီးမားတဲ့ ရုပ်ရှင်တစ်ခုပါ ဆိုပြီး ပြောခဲ့ပြီး ဒီရုပ်ရှင်က ပရိတ်သတ်​တွေကို လုံးဝ အုတ်အောသောင်းနင်း ဖြစ်စေလိ်မ့်မယ် အောင်မြင်မှုမှာလဲ No way home level လောက်ထိ အောင်မြင်မှု ရရှိလိမ့်မယ်ဆိုပြီး ပြောခဲ့ပါတယ်

ဒါရိုက်တာ Sam Raimi ကတော့ ဒီရုပ်ရှင်မှာ Strange က သူ No way home မှာ လုပ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် Multiverse နဲ့ ပတ်သတ်တဲ့ သီအိုရီတွေကို ဆက်လက်အဖြေရှာလေ့လာနေဆဲပါ ဆိုပြီး ရုပ်ရှင်နဲ့ ပတ်သတ်ပြီး အမြည်းလေး ပြောပြခဲ့ပါတယ်

Multiverse of madness ရုပ်ရှင်ဟာ Runtime 2 hours နဲ့ 28 min ရှိမှာ ဖြစ်ပြီး May 6 မှာ တစ်ကမ္ဘာလုံးမှာ ရုံတင်ပြသသွားတော့မှာပါ.....

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon