Essential 72
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Essential 72, Medical and health, Yangon.
19/04/2023
သစ်ပင်ပန်းပင်လေးတွေစိုက်ပျိုးရတာကိုနှစ်သက်ရင် လက်ဆေးဖို့ကိုလဲ မေ့လို့မရပါဘူးနော်
ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်တဲ့အခါ ကိုယ်စိုက်တဲ့အပင်လေးတွေအညွန့်တလူလူတက်လာတာ၊ ပန်းလေးတွေပွင့်လာတာကိုကြည့်ပြီး ကြည်နူးရသလို အမောပြေရမှာလဲ အသေအချာပါပဲ။
ဒါပေမယ့် ဒီလိုရေလောင်းပေါင်းသင်တဲ့အခါမှာတော့ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားလေးတွေက လက်မှာကပ်ပါလာတတ်ပါတယ်။
ဒါ့ကြောင့် ဉယျာဉ်မှူးအဖြစ်နဲ့အပင်လေးတွေစိုက်ပြီးတိုင်း လက်ဆေးသန့်စင်ဖို့အတွက် Essential 72 က အသင့်ရှိနေပါတယ်နော်🥰
သေးငယ်လွန်းတဲ့ဘက်တီးရီးယားတွေကို 99.9% ကာကွယ်ပေးပြီး ချယ်ရီပန်းအဆီအနှစ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့ လက်ဆေးပြီးတိုင်း ချယ်ရီပန်းရနံ့လေးက မွှေးပျံ့လန်းဆန်းနေစေမှာပါ🌸❤️
16/04/2023
နှစ်ဆန်းတစ်ရက်နေ့ရဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအခါသမယလေးမှာ Essential ချစ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ကံကောင်းခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေ၊ ချစ်ရတဲ့သူတွေနဲ့လည်း အေးချမ်းဖွယ်အခိုက်အတန့်လေးတွေကို ရောဂါပိုးမွှားကင်းစင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ Essential 72 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
11/04/2023
နွေရာသီရောက်ပြီဆိုတော့ လေထုထဲမှာ ဖုန်မှုန့်တွေက ပိုပြီးရှိနေတတ်ပါတယ်။
ဒီဖုန့်မှုန့်နဲ့ အညစ်အကြေးတွေက လက်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ကူးစက်ရောဂါတွေကိုဖြစ်စေနိုင်လို့ လက်ကိုဆေးကြောသန့်စင်ဖို့လိုပါတယ်နော်။
Essential 72 လက်ဆေးဆပ်ပြာကတော့ ဗိုင်းရပ်(စ်)နဲ့ ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးပြီး Foam type ဖြစ်တဲ့အတွက် ရိုးရိုးဆပ်ပြာဆီတွေလို အမြှုပ်ထွက်အောင် အချိန်ကုန်ခံစရာမလိုဘဲ အလွယ်တကူလက်ဆေးနိုင်ပါတယ်။
ဒါ့အပြင် ဓာတုဗေဒပစ္စည်းပါဝင်မှု အလွန်နည်းပါးပြီး လက်အရေပြားကိုလည်း ထိခိုက်မှုမဖြစ်တာကြောင့် မကြာခဏလက်ဆေးတတ်တဲ့သူတွေလဲ စိတ်ချစွာသုံးနိုင်ပါတယ်နော်🥰
07/04/2023
ကျန်းမာရေးအတွက်လည်းသင့်တော်ပြီး သဘာဝထုတ်ကုန်တွေရဲ့ အဆီအနှစ်တွေနဲ့ပြုလုပ်ထားတဲ့ Hand Soap အမျိုးအစားကိုရှာနေပြီဆိုရင်တော့ Essential 72 ရဲ့ Foaming Hand Soap ကိုပဲသတိရလိုက်ပါ။
Essential 72 Foaming Hand Soap ဟာ သာမာန်ဆပ်ပြာဆီတွေလိုမဟုတ်ဘဲ Foam Type ဖြစ်တဲ့အတွက် ဆေးကြောရလျှင်မြန်ပြီး အမြှုပ်ထွက်အားကိုကောင်းစေပါတယ်။
သဘာဝအဆီအနှစ်တွေဖြစ်တဲ့ အုန်းဆီပါဝင်တဲ့အတွက် လက်မှာကပ်ငြိနေနိုင်တဲ့ အဆီတွေကိုလည်း အလွယ်တကူ ဖယ်ရှားပေးနိုင်ပြီး သံလွင်ဆီပါဝင်တာကြောင့် လက်ဆေးပြီးတိုင်း လက်ကလေးတွေက စိုပြေနူးညံ့နေမှာပါနော်။ ချယ်ရီအဆီအနှစ်တွေနဲ့ပေါင်းစပ်ထားတာကြောင့် ချယ်ရီရနံ့သင်းနေစေမှာပါ။
သဘာဝရဲ့အုန်းဆီအဓိကပါဝင်တာကြောင့် အိမ်ရှင်မတွေအနေနဲ့လည်း လက်မှာဟင်းအဆီတွေစွဲကျန်နေတာမျိုး မပူရတော့ပါဘူး။
အသားငါးတွေကြောင့်ရတဲ့အနံ့ဆိုးတွေကို မရှိရလေအောင် Essential နဲ့လက်ဆေးလိုက်မယ်ဆိုရင် ချယ်ရီရနံ့သင်းတဲ့ သန့်ရှင်းတဲ့လက်လေးကိုရရှိစေမှာနော်။
လူကြီးတွေသာမက ကလေးငယ်တွေအထိပါသုံးနိုင်တဲ့အထိ ဘေးကင်းတာကြောင့် အခုပဲ Essential 72 ကိုရွေးချယ်လိုက်ပါ
Essential 72 ကိုဝယ်ယူမယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်မှာရှိတဲ့ စိန်ဂေဟာ ကုန်တိုက်တိုင်းမှာဝယ်ယူနိုင်ပါတယ်။
📲 Online ကနေတစ်ဆင့်ဝယ်ယူမယ်ဆိုရင် Shop.com.mm ကနေ မှာယူနိုင်ပါတယ်ရှင့်။
လက်ကားအတွက် ဆက်သွယ်လိုပါက Page Messenger ကနေတဆင့် စုံစမ်းနိုင်ပါတယ်နော် 🥰
25/03/2023
Essential 72 ရဲ့ မြန်မာ့နှစ်သစ်ကူးပရိုမိုးရှင်းကြီး လာပြီနော်🤩
နှစ်သစ်ကူးပရိုမိုးရှင်းမှာတော့ အမြိုမြို့အနယ်နယ်မှာရှိတဲ့ စိန်ဂေဟာကုန်တိုက်ကြီးတိုင်းမှာ
✔️Essential 72 Foaming Hand soap တစ်ဘူးဝယ်ယူရုံနဲ့ Hand Gel 500 ml တစ်ဘူးရရှိမှာဖြစ်ပြီး
✔️Hand Gel နဲ့ Hand Spray တိုင်းကို ဘာဝယ်ဝယ် ၁၅ % လျှော့ဈေးနဲ့ ဝယ်ယူနိုင်မှာပါ🤩
ပရိုမိုးရှင်းကာလလေးကတော့ ( 25.3.2023 မှ 21.4.2023 ) အထိဆိုတော့ ဝယ်ယူဖို့အချိန်အများကြီးရှိသေးတယ်နော်
နှစ်သစ်ကူးကို Essential 72 နဲ့အတူဖြတ်သန်းဖို့ အခုပဲဝယ်ယူလိုက်တော့နော်🥰
20/03/2023
Essential 72 ရဲ့အထူးပရိုမိုးရှင်းရှိတာ သိပြီးပြီလား ??
ယခု ပရိုမိုးရှင်းကြီးမှာတော့ စိန်ဂေဟာကုန်တိုက်တိုင်းမှာ Essential 72 Foaming Hand Soap တစ်ဘူးဝယ်ရုံနဲ့ Hand Gel 500ml တစ်ဘူးကိုရရှိမှာဖြစ်တဲ့အပြင်၊ Essential 72 Hand Gel နဲ့ Hand Spray တိုင်းကို 15% လျှော့စျေးနဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်နော် 😍
ပရိုမိုးရှင်းကာလလေးက ( 11. 3. 2023 မှ 23. 3 . 2023 ) နေ့အထိဆိုတော့ ခုချိန်ဝယ်မယ်ဆို အချိန်မီပါသေးတယ်။
လက်ဆေးဆပ်ပြာရည်ဆိုတာ နေရာတိုင်းအတွက်အလိုအပ်ဆုံးမို့ အတန်ဆုံးပရိုမိုးရှင်းနဲ့အတူ အခုပဲရယူလိုက်ရအောင် 🥰
10/03/2023
Essential ချစ်သူတို့အတွက် အတန်ဆုံးပရိုမိုးရှင်းကြီး လာပြီနော် 📢
💁🏻♀️ အမြို့မြို့အနယ်နယ်မှာရှိတဲ့ စိန်ဂေဟာကုန်တိုက်တိုင်းမှာ Essential 72 Foaming Hand Soap တစ်ဘူးဝယ်ယူရုံနဲ့ Hand Gel 500ml တစ်ဘူးကိုရရှိမှာဖြစ်ပြီး၊
Hand Gel နဲ့ Hand Spray တိုင်းကို 15% လျှော့စျေးနဲ့ဝယ်ယူနိုင်မှာပါ ❤️
ပရိုမိုးရှင်းကာလကလည်း (11. 3. 2023 မှ 23. 3 . 2023) အထိဆိုတော့ဝယ်ယူဖို့ အချိန်တွေအများကြီးတောင်ရှိတယ်နော် 🤩
Essential 72 ရဲ့ Hand Soap , Hand Gel , Hand Spray ထဲက ဘာပဲဝယ်ဝယ် ရှယ်ပရိုမိုးရှင်းကြီးက အသင့်ရှိနေတာကြောင့် လက်မနှေးဘဲ လက်ဆေးဖို့အတွက် အခုပဲ စိန်ဂေဟာမှာ အပြေးသွားဝယ်လိုက်ရအောင် 😎
07/03/2023
ယနေ့ မတ်လ ( ၈ ) ရက်နေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day) ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတိုင်းကို Essential 72 မိသားစုမှ လေးစားဂုဏ်ပြုလိုက်ရပါတယ်။
လျှောက်လှမ်းရမယ့်နေ့သစ်တိုင်းမှာ ပိုးမွှားကင်းနေဖို့ Essential 72 နဲ့ လက်သန့်စင်ဖို့ မမေ့လိုက်နဲ့နော်။
's_Day
22/02/2023
လူတိုင်းကတော့ ကိုယ့်အနားမှာ အမြဲရေရှည်ရှိနိုင်မယ့် အရာတွေကိုပဲ ရွေးချယ်ချင်ကြတာသဘာဝပါ။
ကူးစက်ရောဂါတွေရန်ကနေ ကာကွယ်ပေးနိုင်ပြီး စိတ်ကြိုက်သုံးနိုင်ဖို့ မိသားစုအတွက် အထူးသင့်တော်တဲ့ Essential 72 ရှိနေပြီဆိုမှတော့ ဘာလိုသေးလဲ Essential ချစ်သူတို့ရေ 🙄
ဗိုင်းရပ်(စ်)နဲ့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်ပြီး တာရှည်ခံဘူးအကိတ်ကြီးဖြစ်တာကြောင့် ကြိုက်သလောက်ညှစ်ပြီး ကျသလောက်စိတ်ကြိုက်သုံးလို့ရတယ်နော်။
ဒါကြောင့်ရေရှည်ကိုတွေးပြီး အနားမှာအမြဲရှိနေနိုင်မယ့် ချယ်ရီရနံ့သင်းတဲ့ Essential 72 ကိုသာရွေးချယ်လိုက်ပါ။
လက်ဆေးဖို့အတွက်ပျင်းနေကြတုန်းပဲလား 🧐
ဘယ်သွားသွား ဘာလုပ်လုပ် လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမျိုးမှာဖြစ်စေ၊ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်ရတဲ့အခါမှာပဲဖြစ်စေ ကိုယ့်ရဲ့လက်မှာ ဘက်တီးရီးယားတွေ ကပ်ပါလာတတ်ပါတယ်။
အလွန်သေးငယ်တဲ့ ဘက်တီးရီးယားတွေကို သာမာန်မျက်စိနဲ့မမြင်နိုင်တာကြောင့် လူတိုင်းက လက်ဆေးဖို့အတွက် ပေါ့ဆနေတတ်ကြပါတယ်။
လက်ဆေးတဲ့အခါ လက်မှာကပ်ပါလာတဲ့ ပိုးမွှားတွေက လက်ကနေတဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်လို့ ကူးစက်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။
ကိုယ်တိုင်က လက်ဆေးဖို့ပျင်းနေကြပေမယ့် ဗိုင်းရပ်(စ်)နဲ့ ပိုးမွှားတွေကတော့ ကိုယ့်ဆီမှာ ကပ်ငြိနေဖို့ ဘယ်တော့မှပျင်းနေမှာမဟုတ်ပါဘူး။
မမြင်နိုင်တဲ့ဘက်တီးရီးယားတွေကို 99.9% ကာကွယ်နိုင်တဲ့ Essential 72 Hand Spray နဲ့ လက်ကိုစင်ကြယ်အောင်သန့်စင်လိုက်ပါ။
14/02/2023
ကိုယ့်အနားမှာရှိတဲ့ ချစ်ခင်ရသူတွေကို အမြဲတမ်းဂရုစိုက်ပေးနိုင်ဖို့ဆိုတာ အချိန်တိုင်း ကျန်းမာနေမှဖြစ်မှာပါ။
ကျန်းမာပြီး ဘက်တီးရီးယားတွေ ကပ်ငြိမနေအောင် အရာဝတ္ထုတွေနဲ့ ထိတွေ့ပြီးတဲ့အခါ လက်ကိုသန့်စင်ဖို့လည်း မမေ့လိုက်နဲ့နော်။
ချစ်ရသူတွေကို ကိုယ့်ဘေးမှာလုံခြုံနေဖို့ ဗိုင်းရပ်(စ်) နဲ့ရောဂါပိုးမွှားတွေရန်က ကာကွယ်ပေးမယ့် Essential 72 နဲ့ လက်သန့်စင်ပြီး ဘက်တီးရီးယားကင်းစင်တဲ့ Valentine's Day ကိုဖန်တီးလိုက်ပါ။
's_Day
30/01/2023
Essential 72 Hand Soap ကိုဘာလို့ သုံးစွဲသင့်တာလဲ?
ဘယ်လိုထူးခြားမှုတွေရှိနေလို့လဲ?
လက်ဆေးဆပ်ပြာဆိုတာနဲ့ သာမန်ဆပ်ပြာဆီအရည်တွေကိုပဲ ပြေးမြင်တတ်ကြတယ်ဟုတ်?
Essential 72 လက်ဆေးဆပ်ပြာမြှုပ်ရည်က Foam Type ဖြစ်တဲ့အတွက် ရိုးရိုးဆပ်ပြာဆီတွေလို အမြှုပ်ထွက်အောင် အချိန်ကုန်ခံစရာမလိုဘဲ အမြှုပ်ထွက်အားလည်းကောင်းတာကြောင့် အလွယ်တကူ လက်ဆေးနိုင်ပါတယ်။
ဘူးတစ်ဘူးကို အကြိမ်ရေ (၇၀၀) ထိ အသုံးပြုနိုင်တာကြောင့် တစ်ခါဝယ်ပြီး အကြာကြီး အသုံးပြုနိုင်ပါတယ်။
သဘာဝရဲ့အဆီအနှစ်တွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့ လက်ဆေးပြီးတိုင်း လက်အရေပြားကို ခြောက်သွေ့တာမျိုးမဖြစ်စေဘဲ ချောမွတ်သွားစေနိုင်ပါတယ်။
ဓာတုဗေဒပစ္စည်း ပါဝင်မှု အလွန်နည်းပါးပြီး လက်အရေပြားကိုလည်း ထိခိုက်မှုမဖြစ်တာကြောင့် ကလေးငယ်လေးတွေပါ အသုံးပြုလို့ရတာကလည်း Essential 72 Hand Soap ရဲ့ သူမတူတဲ့ အားသာချက်တစ်ခုပါ။
လက်ဆေးပြီးချိန်တိုင်းလည်း ချယ်ရီပန်းရနံ့လေးကို အမြဲတမ်းသင်းပျံ့စေဖို့အတွက် ချယ်ရီပန်းအဆီအနှစ်တွေကိုပါ ပေါင်းစပ်ထုတ်လုပ်ပေးထားပါသေးတယ်။
ဒါကြောင့် သာမန်သုံးနေကြ လက်ဆေးဆပ်ပြာတွေနဲ့မတူဘဲ တမူထူးခြားတဲ့ အားသာချက်တွေအပြည့်ပါဝင်တဲ့ Essential 72 Hand Soap နဲ့ပဲ အမြဲတစေလက်ဆေးလိုက်ပါ။
#မရှိမဖြစ်_၇၂
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon