ASK Tech

ASK Tech

Share

ASK Tech (Former AIS - ASK IT Solutions) is founded in 2007 and is based in Yangon, Myanmar.

03/03/2026
02/03/2026

𝐀𝐈 မသုံးတဲ့သူတွေ အလုပ်လုပ်နေတုန်း — 𝐀𝐈 သုံးတဲ့သူတွေ 𝐢𝐧𝐜𝐨𝐦𝐞 တိုးနေပြီ 🔥🔥

✅ 𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐈 𝐏𝐫𝐨 𝐀𝐜𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 (𝐓𝐫𝐮𝐬𝐭𝐞𝐝 𝐒𝐞𝐫𝐯𝐢𝐜𝐞)

⚠️ 𝐎𝐧𝐥𝐢𝐧𝐞 မှာ 𝐀𝐈 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 ဝယ်တဲ့အခါ လူများစိုးရိမ်တာ ၃ ခု —
❌ 𝐀𝐜𝐜𝐨𝐮𝐧𝐭 လုံခြုံရေး
❌ 𝐏𝐫𝐨 ပြုတ်သွားမလား
❌ 𝐅𝐚𝐤𝐞 𝐬𝐞𝐫𝐯𝐢𝐜𝐞 များဖြစ်နေမလား

ဒါကြောင့် ကျွန်တော်တို့ service ကို ဒီလို operate လုပ်ထားပါတယ် 👇
✅ သင့်ကိုယ်ပိုင် သုံးနေတဲ့ 𝐆𝐨𝐨𝐠𝐥𝐞 𝐚𝐜𝐜𝐨𝐮𝐧𝐭 နဲ့ ချိတ်ပေးပါတယ်
✅ စရံငွေ ၅၀% သာအရင်ပေးရန်လိုပြီး 𝐀𝐜𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 ပြီးမှ ကျန်ငွေ ၅၀% ပေးချေနိုင်ပါတယ်
✅ 𝐏𝐥𝐚𝐧 ကာလအတွင်း 𝐬𝐮𝐩𝐩𝐨𝐫𝐭 & 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 ၁၀၀% အပြည့်ပေးပါတယ်

💡 လူအများက 𝐀𝐈 ကို “စမ်းကြည့်နေတဲ့အဆင့်” မှာရှိတုန်း
သင်က 𝐀𝐈 ကို 𝐢𝐧𝐜𝐨𝐦𝐞 𝐭𝐨𝐨𝐥 အဖြစ် အသုံးပြုနိုင်ပါတယ်။

*အထူးလျှော့ဈေး*
𝟑 𝐌𝐨𝐧𝐭𝐡: 𝟑𝟎,𝟎𝟎𝟎 𝐊𝐬
𝟔 𝐌𝐨𝐧𝐭𝐡: 𝟓𝟎,𝟎𝟎𝟎 𝐊𝐬
𝟏 𝐘𝐞𝐚𝐫: 𝟗𝟎,𝟎𝟎𝟎 𝐊𝐬
*ပုံမှန်ဈေး*
3 Month: 40,000 Ks
6 Month: 70,000 Ks
1 Year: 125,500 Ks
💬 “AI” လို့ မန့်ခဲ့ရင် detail ပို့ပေးပါမယ်။

ဟုတ်ပါပြီ ဟုတ်ပါပြီ။ ခင်များတို့ဟာတွေက ဈေးများတယ် အာမခံချက် ၁၀၀% လောက်ထိလည်း မလိုပါဘူး ငါတို့က ကိုယ့်ဘာသာ ဆင်ခြင်ပြီးသုံးတတ်တယ်ဆိုရင်လည်း ၁နှစ်အပြည့်ပါသော အသင့်သုံးလို့ရတဲ့ 𝐏𝐫𝐨 𝐀𝐜𝐜𝐨𝐮𝐧𝐭 ကို 𝟒𝟓,𝟎𝟎𝟎 နဲ့ ရချင်တယ်ဆိုရင်တော့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝟏 𝐘𝐞𝐚𝐫 လို့ မန့်ခဲ့ပါ။ ပြန်လည်ရောင်းချလိုသူများအတွက်လည်း အထူးဈေး ရှိပါတယ် 𝐜𝐛 https://bit.ly/ASKTechProSub2 ကို ကြွခဲ့ပါနော်။

𝐆𝐞𝐦𝐢𝐧𝐢 𝐏𝐫𝐨 ၁နှစ်စာကို 𝟒𝟓,𝟎𝟎𝟎𝐊𝐬?? 𝐨𝐫 𝟗𝟎,𝟎𝟎𝟎𝐊𝐬?? ဘာရွေးမှာလဲ ??

𝐏𝐨𝐬𝐭 𝐃𝐢𝐬𝐜𝐥𝐚𝐢𝐦𝐞𝐫
This content is intended for 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 and 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐩𝐮𝐫𝐩𝐨𝐬𝐞𝐬 𝐨𝐧𝐥𝐲.
We are an 𝐢𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐭 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐩𝐫𝐨𝐯𝐢𝐝𝐞𝐫 and have no 𝐟𝐨𝐫𝐦𝐚𝐥 𝐚𝐟𝐟𝐢𝐥𝐢𝐚𝐭𝐢𝐨𝐧 with, 𝐬𝐩𝐨𝐧𝐬𝐨𝐫𝐬𝐡𝐢𝐩 from, or 𝐞𝐧𝐝𝐨𝐫𝐬𝐞𝐦𝐞𝐧𝐭 from any of the 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬𝐞𝐬 or 𝐞𝐧𝐭𝐢𝐭𝐢𝐞𝐬 𝐦𝐞𝐧𝐭𝐢𝐨𝐧𝐞𝐝.
All 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐧𝐚𝐦𝐞𝐬, 𝐥𝐨𝐠𝐨𝐬, 𝐭𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐬, and 𝐜𝐨𝐩𝐲𝐫𝐢𝐠𝐡𝐭𝐬 belong to their 𝐫𝐞𝐬𝐩𝐞𝐜𝐭𝐢𝐯𝐞 𝐨𝐰𝐧𝐞𝐫𝐬 and are used only for 𝐢𝐝𝐞𝐧𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 and 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐩𝐮𝐫𝐩𝐨𝐬𝐞𝐬.

ြန်မာ #နည်းပညာ #အလုပ်မြန်စေမည့်AI ုံးချသူ

17/02/2026

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယလေး ဖြစ်ပါစေ။ 🏮

၂၀၂၆ ခုနှစ် မြင်းနှစ်မှာ မိတ်ဆွေများနဲ့ လုပ်ငန်းရှင်များအားလုံး လုပ်ငန်းဆောင်တာတွေ မြင်းတစ်ကောင်လို လျင်မြန်ဖြတ်လတ်စွာနဲ့ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ရှေ့ဆက် လက်တွဲလုပ်ကိုင်မယ့် လုပ်ငန်းတွေမှာလည်း ဒီထက်မက တိုးတက်အောင်မြင်ပါစေ။ 🐎✨

စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ 🧧

12/02/2026

အားလုံးပဲ မင်္ဂလာရှိသော ပြည်ထောင်စုနေ့လေးပါရှင် 🌿🇲🇲

ဒီနေ့လို (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ရုံးပိတ်ရက်လေးမှာ ဘာတွေလုပ်ဖြစ်ကြလဲ?

တချို့ကတော့ ခရီးထွက်ကြမယ်၊ တချို့ကတော့ အိမ်မှာပဲ မိသားစုနဲ့ နားနားနေနေ နေဖြစ်ကြမယ် ထင်ပါတယ်။

ဘယ်ရောက်ရောက်၊ ဘာလုပ်လုပ် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေနော်။

ဒီနေ့ ပိတ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ Comment မှာ ပြောပြခဲ့ကြပါဦး 👇

22/09/2025

✨ ကျန်ရစ်သူတစ်ယောက် မဖြစ်ရလေအောင် သင့်စိတ်ကူးတွေကို Google AI Pro နဲ့ ဖန်တီးလိုက်ရအောင်! ✨

Gemini Free Version မှာတောင် Nano 🍌 ရဲ့ ပုံထုတ်နိုင်စွမ်း‌တွေကတော့ ဖေ့ဘုတ်တစ်ခွင် ပလူပျံနေလို့ မဖော်ပြတော့ဘူးနော် 😁

🚀 Google AI Pro Subscription ဟာ Gmail မှာ Draft ပြင်ပေး၊ Docs မှာ အကျဉ်းချုပ်ရေးပေး၊ Sheets မှာ Formula တွေ ချက်ချင်းထုတ်ပေးတဲ့အပြင် — 2TB Storage အပါအဝင် 🤯

Google AI Pro Plan မှာ ရနိုင်တဲ့ အကျိုးကျေးဇူးများ –
✅ Gemini 2.5 Pro (Deep Research + Coding အတွက်)
✅ Gemini Veo3 (ကိုယ်လိုချင်သော ဗီဒီယိုအတိုလေးများ ဖန်းတီးခြင်း)
✅ Gmail, Docs, Sheets ထဲမှာ တိုက်ရိုက်သုံးနိုင်မယ့် AI သူငယ်ချင်း
✅ 2TB Google One Storage (ဓာတ်ပုံ၊ ဖိုင်၊ ဗီဒီယို၊ Backup အားလုံး တစ်နေရာထဲမှာ)
✅ လစဉ် 1,000 AI Credits (Flow နှင့် Whisk အပါအဝင် ရုပ်ရှင်ဆန်ဆန် အခန်းဆက်ဗီဒီယိုနဲ့အခြားဖန်တီးမှုများ)
✅ Exclusive Pro Limits (Pro ဆန်တဲ့ Project တွေကို ချောမွေ့စွာ ဖန်တီးဖို့)

Student account တွေက risk များပြီး အာမခံချက် နည်းပါတယ် Student Subscription Account များ မရောင်းပါ။ Subscription Period ကုန်သွားတဲ့ အခါ အဲ့ဒီ Student Account တွေ ဘာဆက်ဖြစ်မလဲ? Account အသစ်ပြောင်းပြီဆိုပါဆို့ Google One/Drive ထဲမှာ ကိုယ်သိမ်းထားတဲ့ Data တွေ၊ Gemini/Flow/Studio/Whisk စသဖြင့် ကိုယ့် Student Account နဲ့ တွဲသိမ်းထားတာတွေ ဘယ်လိုလုပ်ကြမလဲ ဘာဆက်လုပ်ကြမလဲ ဒါတွေက နောက်ဆက်တွဲ စဉ်းစားစရာတွေပါ။ 🤔

❌ထပ်ပြောပါမယ် မင်မင်တို့ရောင်းချသော Plan သည် Student Account/Subscription လုံးဝ(လုံးဝ) မဟုတ်ပါ။ ❌

အခု မင်မင်တို့ဝန်ဆောင်မှုပေးမယ့် Pro Subscription ကတော့ အာမခံချက် ၁၀၀ ရာခိုင်နှုန်းပေးနိုင်ပါတယ်။

မဝယ်ယူခင် Google AI Premium Features အကြောင်း အသေးစိတ်သိလိုပါက
ဒီမှာ 👉 https://bit.ly/GoogleAIPremiumFeatures ဖတ်ပါ။

Google AI Pro Subscription ကို Google မှာ တိုက်ရိုက်သွားဝယ်ပါက တစ်လကို ($19.99 ဒေါ်လာ) ကျသင့်မှာပါ၊ မြန်မာငွေနဲ့မြှောက်ရင် ဘယ်လောက်တောင် ကျသွားမလဲ စဉ်းစားကြည့်ပါဦးလို့။ မင်မင်တို့ရောင်းမယ့် (၁)နှစ်စာက Google မှာ တိုက်ရိုက်သွားဝယ်တာရဲ့ (၁)လစာလောက်နဲ့ရှိပါတယ်။ မင်မင်တို့ရောင်းပေးမယ့် 20% OFF အထူး Promotion ဈေးများကတော့.....

***20% OFF Promotion:***
3 Month: 28,900 Ks (9,633Ks/Month, 321Ks/Day)
6 Month: 50,400 Ks (8,400Ks/Month, 280Ks/Day)
1 Year: 90,000 Ks (7,500Ks/Month, 250Ks/Day)

Normal Price:
3 Month: 36,000 Ks (12,000Ks/Month, 400Ks/Day)
6 Month: 63,000 Ks (10,500Ks/Month, 350Ks/Day)
1 Year: 112,500 Ks (9,375Ks/Month, 313Ks/Day)

အခု Promotion ကတော့ ရက်အကန့်အသတ်ရှိလို့ မြန်မြန်ဝယ်ထားမှ သေချာပါမယ်။

နောက်မကျခင် အခုပဲ Google AI Pro Subscription ကို
👉 https://bit.ly/ASKTechMessengerProSub1 စတင်လိုက်ပါ!

မဝယ်သုံးချင်သေးတဲ့ မိတ်ဆွေတွေအတွက်လဲ မင်မင်တို့ သီတင်းကျွတ် အထူးအစီအစဉ်လေးတစ်ခုအနေနဲ့ Pro Subscription 3 Month Plan (၃)ခုကို မဲဖောက်ပေးမှာပါ။ ဒီအစီအစဉ်မှာ ပါဝင်ဖို့အတွက် အောက်ပါ အချက် (၃)ချက်ကို ပြုလုပ်ပေးရပါမယ်။

၁) ယခု Post ကို မိမိရဲ့ Facebook Account Wall မှာ Public နဲ့ Caption မှာ ရေးပြီး Share ရပါမယ်။
၂) ယခု Post ကို နည်းပညာနဲ့ဆက်စပ်သော မိမိအဆင်ပြေရာ Public Group တစ်ခုခုမှာ Public နဲ့ Caption မှာ ရေးပြီး Share ရပါမယ်။
၃) ၎င်းနေရာတွေ Share ထားကြောင်း ယခု Post ရဲ့ Comment မှာ ရေးပြီး မန့်ရပါမယ်။

သီတင်းကျွတ် မဲဖောက်ပေးတဲ့ အစီအစဉ် ပိတ်မယ့်နေ့ကို မင်မင်တို့ Page မှာ ကြေငြာပေးမှာဖြစ်လို့ Page ကို Follow မလုပ်ရသေးရင် လုပ်ထားပေးဦးနော်၊ အားလုံးပဲ သီတင်းကျွတ်မှာ ကံကောင်းနိုင်ကြပါစေ ❤️

ြန်မာ #နည်းပညာ #အလုပ်မြန်စေမည့်AI ုံးချသူ

22/09/2025

***What are Google AI Premium Features***

Google AI Pro Plan သည် Google ၏ အစွမ်းထက်ဆုံး Artificial Intelligence (AI) နည်းပညာများကို သုံးစွဲသူများထံသို့ အပြည့်အဝ ယူဆောင်လာပေးမည့် အဆင့်မြင့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ရိုးရှင်းသော AI စနစ်များထက် ပိုမိုအစွမ်းထက်သော Gemini 2.5 Pro မော်ဒယ်ကို အခြေခံထားပြီး၊ နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်သုံးအတွက် များစွာအထောက်အကူပြုမည့် အားသာချက်များနှင့် အသုံးဝင်ပုံများကို အသေးစိတ် ဖော်ပြအပ်ပါသည်။

**အဓိက ပါဝင်သော Features များနှင့် အားသာချက်များ**

၁။ စွမ်းအားအမြင့်ဆုံး AI Model - Gemini 2.5 Pro

Google AI Pro Plan ၏ အဓိက အားသာချက်မှာ Google ၏ နောက်ဆုံးပေါ်နှင့် အစွမ်းထက်ဆုံး AI model ဖြစ်သော Gemini 2.5 Pro ကို အသုံးပြုခွင့် ရရှိခြင်းဖြစ်သည်။ ၎င်းသည် သာမန် AI များထက် ပိုမိုရှုပ်ထွေးသော မေးခွန်းများကို နားလည်နိုင်ပြီး၊ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဘာသာစကားမျိုးစုံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်း ရှိသည်။

အသုံးဝင်ပုံများ
• Studying Complex Topics: သိပ္ပံ၊ စီးပွားရေး၊ သမိုင်း စသည့် ရှုပ်ထွေးသော အကြောင်းအရာများကို အသေးစိတ် မေးမြန်းလေ့လာနိုင်သည်။
• Writing and Debugging Code: Developer များအတွက် code များရေးသားရာတွင် အကြံဉာဏ်များ ပေးနိုင်ပြီး၊ အမှားများကို ရှာဖွေပြင်ဆင်ပေးနိုင်သည်။
• Creative Writing: ကဗျာ၊ သီချင်းစာသား၊ ဇာတ်ညွှန်း၊ ကြော်ငြာစာသားများကဲ့သို့သော ဖန်တီးမှုဆိုင်ရာ အရေးအသားများကို ပိုမိုကောင်းမွန်အောင် ကူညီဖန်တီးပေးနိုင်သည်။

၂။ Deep Research

သာမန်ရှာဖွေမှုများထက် ပိုမိုနက်ရှိုင်းသော အချက်အလက်များကို ရှာဖွေစုစည်းပေးနိုင်သည့် Feature ဖြစ်သည်။ မိတ်ဆွေသိလိုသော အကြောင်းအရာတစ်ခုကို မေးလိုက်ရုံဖြင့် အင်တာနက်ပေါ်ရှိ ယုံကြည်စိတ်ချရသော ရင်းမြစ်များစွာမှ အချက်အလက်များကို စုစည်းပြီး ပြီးပြည့်စုံသော အစီရင်ခံစာတစ်စောင်ပုံစံ ပြုလုပ်ပေးနိုင်သည်။

အသုံးဝင်ပုံများ
• Students and Researchers: Project များ၊ စာတမ်းများအတွက် လိုအပ်သော အချက်အလက်များကို အချိန်တိုအတွင်း စုစည်းနိုင်သည်။
• Business Professionals: ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်များအကြောင်းကို အသေးစိတ် အတွင်းကျကျ လေ့လာသုံးသပ်နိုင်သည်။

၃။ Large Context Window (1 Million Tokens)

ဘာကိုဆိုလိုတာလဲဆိုတော့ AI နှင့် စကားပြောဆိုရာတွင် အကြောင်းအရာ အဆက်အစပ်ကို မှတ်မိနိုင်စွမ်းကို ပြောချင်တာပါ။ 1 Million Tokens အထိ မှတ်သားနိုင်သောကြောင့် စာမျက်နှာ ၁,၅၀၀ ခန့်ရှိသော စာအုပ်များ၊ ရှည်လျားသော စာတမ်းများ၊ သို့မဟုတ် email အများအပြားကို တစ်ကြိမ်တည်း ပေးပို့ပြီး ယင်းတို့နှင့် ပတ်သက်၍ ဆက်စပ်မေးခွန်းများ မေးမြန်းနိုင်သည်။
အသုံးဝင်ပုံများ
• Summarizing Long Documents: ရှည်လျားသော report များ၊ ဥပဒေစာရွက်စာတမ်းများကို အချိန်တိုအတွင်း အနှစ်ချုပ် ထုတ်ပေးနိုင်သည်။
• Analyzing Large Amounts of Data at Once: များပြားလှသော အချက်အလက်များ (ဥပမာ- ဘဏ္ဍာရေး report များ) ကို တင်ပြပြီး ခြုံငုံသုံးသပ်ခိုင်းနိုင်သည်။

၄။ Creative Tools and AI Credits

Google AI Pro Plan တွင် အဆင့်မြင့် တီထွင်ဖန်တီးမှုဆိုင်ရာ AI tool များကို အသုံးပြုနိုင်ရန်အတွက် လစဉ် AI Credits 1000 ပါဝင်မည်ဖြစ်သည်။
• Flow: AI နည်းပညာဖြင့် ရုပ်ရှင်ဆန်သော ဗီဒီယိုကလစ်များ၊ ဇာတ်လမ်းတိုများကို လျင်မြန်စွာ ဖန်တီးနိုင်သော filmmaking tool ဖြစ်သည်။
• Whisk: ရုပ်ပုံတစ်ပုံမှ ဗီဒီယိုအဖြစ်သို့ ပြောင်းလဲဖန်တီးပေးနိုင်သော tool ဖြစ်သည်။
• Image Generation: စာသားများမှ အရည်အသွေးမြင့် ရုပ်ပုံများကို ဖန်တီးခြင်း။

Credit အသုံးပြုပုံ: ဤ tool များကို အသုံးပြု၍ ဗီဒီယို၊ ရုပ်ပုံများ ဖန်တီးသည့်အခါတိုင်း သင်ရရှိထားသော AI Credits များထဲမှ အသုံးပြုရမည် ဖြစ်သည်။ လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် credit အသုံးပြုနှုန်းမှာ လုပ်ငန်း၏ ရှုပ်ထွေးမှုနှင့် ဖန်တီးလိုက်သည့် အရာ၏ အရည်အသွေးပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။

[စာကြွင်း]
Veo3 (သို့မဟုတ်) Veo2 ကို Flow ထဲမှာ Quality version နဲ့ ထုတ်လိုက်ရင် 100 credit နုတ်သွားပါတယ်၊ Veo3 ကို Fast version နဲ့ ထုတ်ရင်တော့ 20 credit ပဲ နုတ်သွားပါတယ်၊ Veo2 ကို Fast Version နဲ့ ထုတ်ရင် 10 credit နုတ်သွားပါတယ်။ အခု မြန်မာနိုင်ငံက မိတ်ဆွေတွေ အထုတ်များနေတဲ့ Gemini မှာ ထုတ်တဲ့ Veo3 တွေက မိမိရရှိထားတဲ့ Credit ထဲက နုတ်သွားခြင်း မရှိပါဘူး၊ သိုပေမယ့် တစ်နေ့ကို Video ၃ခုပဲ ထုတ်လို့ရပါတယ်။ Credit ထဲက နုတ်မသွားတဲ့ တော်တော်များများ မသိကြသေးတဲ့ နောက်ထပ် တစ်နေရာရှိပါသေးတယ်၊ အောက်မှာ ဖော်ပြပေးထားပါတယ်။

၅။ Google Workspace နှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း

သင်နေ့စဉ်အသုံးပြုနေသော Google applications များဖြစ်သည့် Gmail, Docs, Slides, Sheets, Meet, နှင့် Vids တို့တွင် Gemini AI ကို တိုက်ရိုက် ထည့်သွင်းအသုံးပြုနိုင်သည်။ (ဤ Workspace feature များ အသုံးပြုခြင်းသည် လစဉ် AI Credit ၁၀၀ နှင့် သက်ဆိုင်ခြင်း မရှိပါ။)
အသုံးဝင်ပုံများ
• Gmail: Email များ အကျဉ်းချုပ်ခြင်း၊ ပြန်စာများ အလိုအလျောက် ရေးသားစေခြင်း။
• Docs: စာစီရာတွင် အကူအညီပေးခြင်း၊ သဒ္ဒါစစ်ဆေးခြင်း၊ အရေးအသား ပိုမိုကောင်းမွန်အောင် အကြံပြုခြင်း။
• Slides: Presentation အတွက် စာသားများ၊ အကြောင်းအရာများကို အကြမ်းရေးဆွဲပေးခြင်း၊ ပုံများ ဖန်တီးပေးခြင်း။
• Sheets: Formula များ အလိုအလျောက် ဖြည့်ဆည်းပေးခြင်း၊ data များကို သုံးသပ်ခိုင်းခြင်း။
• Meet: အစည်းအဝေးမှတ်တမ်းများကို အလိုအလျောက် ရေးမှတ်ပေးခြင်း။
• Vids (Feature အသစ်): လုပ်ငန်းသုံး AI video ဖန်တီးရေး application ဖြစ်သည်။ Project update များ၊ သင်တန်းပေးခြင်းဆိုင်ရာ video များ၊ ကြော်ငြာများကဲ့သို့သော အကြောင်းအရာများအတွက် storyboard, script တို့ကို AI ဖြင့် အကြမ်းရေးဆွဲနိုင်သည်။ ထို့နောက် AI က သင့်တော်သော stock video များ၊ ပုံများ၊ နောက်ခံတေးဂီတနှင့် အသံဖိုင် (AI voiceover) တို့ကို အလိုအလျောက် ပေါင်းစပ်ပေးကာ ပြီးပြည့်စုံသော video တစ်ခုကို အချိန်တိုအတွင်း ဖန်တီးပေးနိုင်သည်။ Feature အသစ်လည်းဖြစ်လို့ တော်တော်များများ မသိကြသေးပါဘူး။

၆။ NotebookLM တွင် အဆင့်မြင့် Features များ
AI အသုံးပြု၍ သုတေသနနှင့် စာရေးသားမှုဆိုင်ရာ အထောက်အကူကောင်းတစ်ခုဖြစ်သော NotebookLM တွင် သာမန်အသုံးပြုသူများထက် ပိုမိုများပြားသော notebook အရေအတွက်၊ source အရေအတွက်နှင့် audio overviews များကို အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။
NotebookLM ရဲ့ အဓိက အလုပ်လုပ်ပုံက Source-grounding ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်တင်ပေးလိုက်တဲ့ စာတွေ၊ ဖိုင်တွေကိုပဲ သူ့ရဲ့ "ဦးနှောက်" အဖြစ် သတ်မှတ်ပြီး အဲ့ဒီအထဲမှာ ရှိတဲ့ အကြောင်းအရာတွေကိုပဲ နားလည်၊ မှတ်သား၊ ပြန်လည်ဖြေကြားပေးတာပါ။ အမေး အဖြေလို အင်တာဗျူးပုံစံတွေလည်း ထုတ်ခိုင်းလို့ရပါတယ်။

မိတ်ဆွေက သူ့ကို PDF ဖိုင်တွေ၊ Google Docs တွေ၊ Text ဖိုင်တွေ၊ ဒါမှမဟုတ် Website လိပ်စာတွေ ပေးလိုက်တာနဲ့၊ သူက အဲ့ဒီစာတွေအားလုံးကို ဖတ်ပြီး ကျွမ်းကျင်သူတစ်ယောက်လို ဖြစ်သွားပါတယ်။ ပြီးတော့ သင်မေးသမျှ မေးခွန်းတွေကို အဲ့ဒီစာတွေထဲက အချက်အလက်တွေနဲ့ပဲ ကိုးကားပြီး ပြန်ဖြေပေးပါတယ်။

၇။ Google One ၏ အခြားသော အကျိုးကျေးဇူးများ

Google AI Pro Plan ကို ဝယ်ယူခြင်းဖြင့် Google One Premium Plan ၏ အကျိုးကျေးဇူးများကိုပါ တစ်ပါတည်း ရရှိမည်ဖြစ်သည်။
• 2 TB Cloud Storage: Google Drive, Gmail, နှင့် Google Photos တို့တွင် အသုံးပြုရန် ကြီးမားသော storage နေရာ ရရှိမည်။
• Google Photos တွင် အဆင့်မြင့် Editing Tools များ: Magic Eraser ကဲ့သို့သော အဆင့်မြင့် ဓာတ်ပုံပြင်ဆင်ခြင်း feature များကို အသုံးပြုနိုင်သည်။ နောက်တစ်ချိန်မှာ အသစ်ထပ်ပါလာမယ့် Google Photo App ထဲမှာ Gemini ကိုပါတွဲသုံးလို့ရလာမှာပါ။
• Google Expert များမှ တိုက်ရိုက်အကူအညီ: Google ထုတ်ကုန်များနှင့် ပတ်သက်၍ အကူအညီလိုပါက Expert နှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည်။

**မည်သူတွေအတွက် အသင့်တော်ဆုံးလဲ? **

Google AI Pro Plan သည်-
• ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသနပညာရှင်များ
• Content Creator များနှင့် Marketing ပညာရှင်များ
• Software Developer များနှင့် Programmer များ
• စီးပွားရေးလုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲသူများ
• AI နည်းပညာကို စိတ်ဝင်စားပြီး နောက်ဆုံးပေါ်နည်းပညာများကို လေ့လာ အသုံးပြုလိုသူတိုင်း အတွက် အထူးသင့်တော်ပါသည်။

Google AI Ultra Plan ကတော့ Google AI Pro နဲ့ ယှဉ်ရင် Features တွေ ထူးထူးခြားခြား ကွဲပြားသွားတာ မရှိပါဘူး။ Credit ပေးထားတဲ့ ပမာဏပဲ ကွာသွားမှာပါ။

ဝယ်ယူလိုပါက 👉 http://m.me/ASKTechMM

မဝယ်ယူခင် Pro Subscription အသေးစိတ် လေ့လာချင်ပါက 👉 https://bit.ly/GoogleAIProSubscription

ြန်မာ #နည်းပညာ #အလုပ်မြန်စေမည့်AI ုံးချသူ

11/09/2025

AI ကို အသုံးပြု၍ ရရှိလာနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ။

🔹 1. AI Product & Business Roles
AI ကို Business အနေနဲ့ လုပ်ဆောင်တဲ့ အလုပ်များ

AI Product Manager → AI product/service တစ်ခု တည်ဆောက်ရာမှာ market research, roadmap, feature planning စီမံခန့်ခွဲခြင်း
AI Consultant (Strategy & Implementation) → ကုမ္ပဏီတွေကို AI နည်းပညာ သုံးပြီး efficiency တိုးတယ်/automation လုပ်နိုင်အောင် အကြံဉာဏ်ပေးခြင်း
AI Business Analyst → AI data-driven insights ကို သုံးပြီး business decision တွေ ချမှတ်ခြင်း
AI Transformation Lead → Traditional business ကို AI-powered business အဖြစ်ပြောင်းလဲပေးခြင်း
AI Solutions Architect (Non-Tech focus) → Customer-facing solution တည်ဆောက်ဖို့ AI integration ကို အထူးသဖြင့် Business side မှထောက်ပံ့ခြင်း

🔹 2. AI Marketing & Sales
AI ကို အသုံးချပြီး marketing / customer side အတွက် ဖန်တီးနိုင်တဲ့အလုပ်များ

AI Marketing Specialist → AI-based campaign automation, personalization, ad targeting
Customer Personalization Manager → AI recommendation system ကို သုံးပြီး tailored experiences ဖန်တီးခြင်း
AI Growth Hacker → AI analytics နဲ့ experiment-based growth strategy တည်ဆောက်ခြင်း
Conversational AI Specialist → Chatbot, virtual assistant တွေကို Marketing & Customer Support မှာ အသုံးချခြင်း

🔹 3. AI + Creative Content
Generative AI (ChatGPT, MidJourney, RunwayML, etc.) ကို အသုံးချပြီး Content ဖန်တီးနိုင်တဲ့အလုပ်များ

Prompt Engineer → Text/Image/Video/Music generative AI ကို optimize လုပ်ဖို့ prompt design ပြင်ဆင်ပေးခြင်း

AI Content Creator → Blog, Script, Video ideas, Ad copy ကို AI tools နဲ့ ဖန်တီးခြင်း

AI Video Editor → Generative AI tools (Runway, Pika Labs, etc.) သုံးပြီး video post-production

AI Graphic Designer → MidJourney / DALL·E / Stable Diffusion နဲ့ design concept & visuals ဖန်တီးခြင်း

AI Game Narrative Designer → AI tools သုံးပြီး game storyline, world-building ဖန်တီးခြင်း

Virtual Influencer Manager → AI-generated avatar / influencer တစ်ယောက်ကို social media မှာ စီမံခန့်ခွဲခြင်း

🔹 4. AI in UX/UI & Design
User-facing design တွေကို AI နဲ့ တိုးတက်အောင်လုပ်တဲ့ အလုပ်များ

AI UX Designer → AI-powered personalization ပါတဲ့ user experience design

Generative Design Specialist → Figma plugins, AI prototyping tools သုံးပြီး UI concept ဖန်တီးခြင်း

AI Interaction Designer → Human-AI interaction (chatbots, voice assistants, AR/VR UI)

🔹 5. AI Education / Community
Creative / Business အတွက် Knowledge-sharing roles

AI Trainer / Workshop Facilitator → Business teams ကို AI tools သုံးပုံသင်ပေးခြင်း

AI Technical Writer (Non-Tech audience) → AI products အတွက် လွယ်လွယ်ကူကူနားလည်နိုင်တဲ့ Documentation / Guide ပြင်ဆင်ပေးခြင်း

AI Community Manager → AI creator community ကို စီမံအုပ်ချုပ်ပေးခြင်း စတဲ့ အလုပ်အကိုင်များပဲ ဖြစ်ပါတယ်။

24/12/2024

𝐏𝐨𝐫𝐭𝐚𝐛𝐥𝐞 𝐏𝐨𝐰𝐞𝐫 𝐒𝐭𝐚𝐭𝐢𝐨𝐧 | 𝐉 𝐒𝐞𝐫𝐢𝐞𝐬

J Series Power Station ကို ဘယ်သူတွေ၀ယ်ကြတာလဲ ??
ဘာကြောင့်၀ယ်ကြတာလဲ ?
ဈေးနှုန်းရောတန်ရဲ့လား ?

🧐ဘယ်သူတွေ၀ယ်ကြတာလဲ ??

အများဆုံး၀ယ်ယူကြသူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ၀န်ထမ်းတွေ၊ Online Shopping ပိုင်ရှင်တွေ၊ ဆရာ/ဆရာမ၊ Online Learning သမားတွေနဲ့ လျှပ်စစ်မီးမရနိုင်တဲ့ Outdoor မှာ အလုပ်လုပ်ကြသူတွေပဲ။

🧐ဘာကြောင့်၀ယ်ကြတာလဲ ??

ဒီကာလမှာ အမေးအများဆုံးက Wi-Fi Router နဲ့ Laptop အတွက် Power Bank တွေပဲ။

မီးတွေပျက်တော့ အလုပ်ပျက်သလို၊ အလုပ်မလုပ်ပဲထိုင်နေလို့လဲမရပြန်တော့ Power Bank တွေ Power Station တွေကိုအားကိုးလာရတယ်။

Wi-Fi Router အတွက် Power Bank တွေရွေးချယ်ဖို့အစုံရှိတော့ ပြဿနာမဟုတ်ဘူး။

ပြဿနာက မီးပျက်ရင် Laptop အားပြန်သွင်းဖို့အတွက် ရွေးချယ်စရာများများစားစားမရှိသလို Type-C Laptop မဟုတ်သူတွေအတွက်က ပိုလို့တောင်ခက်ခဲပါတယ်။

J Series Power Station ကတော့ AC 300W နဲ့ 500W ဆိုပြီး ၂မျိုးရှိပါတယ်။ J Series က ဘာတွေ အားသာလဲဆိုတော့ မူလ charger ပါသလို၊ Car charger နဲ့လည်း အားသွင်းလို့ရသလို Solar နဲ့လည်း အားပြန်သွင်းလို့ရပြန်ပါတယ်၊ ကဲ.. ဘယ်လောက်အဆင်ပြေသလဲ စဉ်းစားကြည့်လေ။

Laptop တင်မဟုတ်ပဲ Wi-Fi Router နဲ့သုံးလို့ရတဲ့အပြင် ပန်ကာ၊ Printer၊ SLR Camera၊ iPad၊ Laptop၊ MacBook၊ SLR Camera၊ Projector၊ Television၊ Lamp၊ Flashlight၊ Lamp၊ Kettle၊ Juicer၊ Rice Cooker နဲ့ Drone လို Device တွေပါအသုံးပြုနိုင်တယ်။

မီးသီး၊ မီးလုံး၊ မီးအိမ်တွေကတော့ မပါမဖြစ်ဆိုတော့ ထည့်စဉ်းစားစရာမလိုဘူးပေါ့။

USB (၆) ပေါက်ပါ၀င်တဲ့အပြင် မီးလုံးဝမှောင်သွားချိန် အမှောင်ထဲမှာ စမ်းတဝါးဝါးမဖြစ်ရအောင် ကိုယ်တိုင်ကလဲ မီးအိမ်အနေနဲ့အသုံးပြုနိုင်ပါသေးတယ်လေ။

ဒါကြောင့် ဒီကာလမီးပျက်ချိန်မှာလဲ အဆင်ပြေပြေ အလုပ်လုပ်ဖို့၊ အလင်းထဲမှာ နေထိုင်ဖို့အတွက် J Series Power Station လေးကို ရွေးချယ်အသုံးပြုလာကြပါတယ်။

🤔ဈေးနှုန်း 650000Ks (300W) နဲ့တန်ရဲ့လား ??
🤔ဈေးနှုန်း 810000Ks (500W) နဲ့တန်ရဲ့လား ??

ဒီမေးခွန်းကိုဖြေရရင်တော့

ကိုယ့်အတွက်သာ အမှန်တကယ်အသုံး၀င်ရင် မတန်စရာမရှိပါဘူး Warranty လည်းပါတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း တန် တန် တန်ပါပဲ။ ကိုယိ့အတွက် အသုံးမဝင်ရင်တော့ ၂သောင်းတန် ပစ္စည်းလေး တစ်ခုတောင် ဝယ်ရတာ မတန်ပါဘူး။

အလုပ်လုပ်နေတုန်း မီးပျက်သွားမယ်။
Laptop ကလဲအားမရှိဘူးဆိုရင် အချိန်ကုန်၊ လူပင်ပန်းဖြစ်မှာကတော့ အသေအချာပဲ။

ဒီအချိန်မှာ J Series နဲ့တွဲဖက်အသုံးပြုနိုင်မယ်ဆိုရင် အလုပ်တွေနှောင့်နှေးတာမျိုးမရှိနိုင်ဘူး။

Laptop နဲ့တွဲဖက်သုံးမယ်ဆိုရင်လဲ ကိုယ်အသုံးပြုမှုအပေါ်မူတည်ပြီး ၅ နာရီကျော်၊ ၆ နာရီ-၇ နာရီ-၈နာရီ ၀န်းကျင်ထိအသုံးခံတယ်။ လူကြီးမင်းတို့ရဲ့ Laptop Battery အားဆွဲနှုန်းပေါ်လည်း မူတည်ပါတယ်။

ဒီတော့ ခဏလေးမီးပျက်တာဖြစ်ဖြစ်၊ အကြာကြီးမီးပျက်တာပဲဖြစ်ဖြစ် J Series က လူကြီးမင်းအတွက် အထောက်အကူဖြစ်စေမှာပါ။

ဒါကြောင့် တန်လားမေးရင်တော့ တန်ပါတယ်။

“ကဲ ... ဒါဆိုရင်တော့ J Series ကို၀ယ်သင့်၊ မ၀ယ်သင့် လူကြီးမင်း ကိုယ်တိုင်ဆုံးဖြတ်လို့ရလောက်ပါပြီ”

Battery : Lithium Battery
Capacity : 300W (277.5Wh)
Capacity : 500W (416 Wh)
AC/Car Charger : 4.5 Hour (300W)
AC/Car Charger : 6.5 Hour (500W)
Input : 12.6V /5A
USB-A Output : 6xUSB 5V/3A
Car Charger Output : 12V/10A Max
DC1 Output : 12V/10A Max
AC Output : 220 +/- 5% 300W_500W
Operating temperature : 10~40C
Weight : 5kg
Size : 26cm * 16cm * 18cm
Color : Black
Warranty: 1 Year 😲
(ကျကွဲတာရယ် ရေဝင်တာရယ် နဲ့ Warranty Seal ပျက်သွားတာရယ်ကိုတော့ Warranty မပေးပါ)

မှာ‌ယူလိုပါက
m.me/ASKTechMM

Hotline
09-765932044

05/12/2024

𝐏𝐨𝐫𝐭𝐚𝐛𝐥𝐞 𝐏𝐨𝐰𝐞𝐫 𝐒𝐭𝐚𝐭𝐢𝐨𝐧 | 𝐂𝐍𝟎𝟏

CN-01 ကို ဘယ်သူတွေ၀ယ်ကြတာလဲ ??
ဘာကြောင့်၀ယ်ကြတာလဲ ?
ဈေးနှုန်းရောတန်ရဲ့လား ?

🧐 ဘယ်သူတွေ၀ယ်ကြတာလဲ ??

အများဆုံး၀ယ်ယူကြသူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ၀န်ထမ်းတွေ၊ Online Shopping ပိုင်ရှင်တွေ၊ ဆရာ/ဆရာမ၊ Online Learning သမားတွေနဲ့ လျှပ်စစ်မီးမရနိုင်တဲ့ Outdoor မှာ အလုပ်လုပ်ကြသူတွေပဲ။

🧐 ဘာကြောင့်၀ယ်ကြတာလဲ ??

ဒီကာလမှာ အမေးအများဆုံးက Wi-Fi Router နဲ့ Laptop အတွက် Power Bank တွေပဲ။

မီးတွေပျက်တော့ အလုပ်ပျက်သလို၊ အလုပ်မလုပ်ပဲထိုင်နေလို့လဲမရပြန်တော့ Power Bank တွေ Power Station တွေကိုအားကိုးလာရတယ်။

Wi-Fi Router အတွက် Power Bank တွေရွေးချယ်ဖို့အစုံရှိတော့ ပြဿနာမဟုတ်ဘူး။

ပြဿနာက မီးပျက်ရင် Laptop သုံးဖို့အတွက် Power Bank ကတော့ ရွေးချယ်ဖို့များများစားစားမရှိသလို Type-C Laptop မဟုတ်သူတွေအတွက်က ပိုလို့တောင်ခက်ခဲပါတယ်။ (စကားမစပ် Solar နဲ့ အားပြန်သွင်းလို့ရတဲ့ CN-01 ထက် mAh/W ပိုများတဲ့ Power Station လည်းရှိပါမယ်နော်😁)

CN-01 ကတော့ AC 150W Output ပါလို့ Type-C Laptop မဟုတ်သူတွေအတွက်လဲ အဆင်ပြေတယ်။

Laptop တင်မဟုတ်ပဲ Wi-Fi Router နဲ့သုံးလို့ရတဲ့အပြင် ပန်ကာ၊ ရေခဲသေတ္တာအငယ်စား၊ SLR Camera နဲ့ Drone လို Device တွေပါအသုံးပြုနိုင်တယ်။

မီးသီး၊ မီးလုံး၊ မီးအိမ်တွေကတော့ မပါမဖြစ်ပေါ့။

ဖုန်းအားသွင်းမယ်ဆိုရင်လဲ 12W, 18W, 60W အထိ အသီးသီး Support ပေးမယ့် USB (၄) ပေါက်ပါ၀င်တဲ့အပြင် သူကိုယ်တိုင်ကလဲ မီးအိမ်အနေနဲ့အသုံးပြုနိုင်တယ်။ SOS Mode ပါ၀င်တယ်။

ဒါကြောင့် ဒီကာလမီးပျက်ချိန်မှာလဲ အဆင်ပြေပြေ အလုပ်လုပ်ဖို့၊ နေထိုင်ဖို့အတွက် CN-01 ကိုရွေးချယ်လာကြတယ်။

ဒီနေရာမှာတစ်ခုရှိတာက AC 150W အထိပဲ Support ပေးတာဖြစ်လို့ သူ့ထက်ကျော်လွန်ပြီးအသုံးပြုလို့တော့မရဘူး။

🤔 ဈေးနှုန်း 650000Ks နဲ့တန်ရဲ့လား ??

ဒီမေးခွန်းကိုဖြေရရင်တော့

ကိုယ့်အတွက်သာ အမှန်တကယ်အသုံး၀င်ရင် မတန်စရာမရှိပါဘူး Warranty လည်းပါတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း တန် တန် တန်ပါပဲ။ ကိုယိ့အတွက် အသုံးမဝင်ရင်တော့ ၂သောင်းတန် ပစ္စည်းလေး တစ်ခုတောင် ဝယ်ရတာ မတန်ပါဘူး။

အလုပ်လုပ်နေတုန်း မီးပျက်သွားမယ်။
Laptop ကလဲအားမရှိဘူးဆိုရင် အချိန်ကုန်၊ လူပင်ပန်းဖြစ်မှာကတော့ အသေအချာပဲ။

ဒီအချိန်မှာ CN-01 နဲ့တွဲဖက်အသုံးပြုနိုင်မယ်ဆိုရင် အလုပ်တွေနှောင့်နှေးတာမျိုးမရှိနိုင်ဘူး။

Laptop နဲ့တွဲဖက်သုံးမယ်ဆိုရင်လဲ ကိုယ်အသုံးပြုမှုအပေါ်မူတည်ပြီး ၅ နာရီကျော်၊ ၆ နာရီ-၇ နာရီ၀န်းကျင်အသုံးခံတယ်။ လူကြီးမင်းတို့ရဲ့ Laptop Battery အားဆွဲနှုန်းပေါ်လည်း မူတည်ပါတယ်။

ဒီတော့ ခဏလေးမီးပျက်တာဖြစ်ဖြစ်၊ အကြာကြီးမီးပျက်တာပဲဖြစ်ဖြစ် CN-01 ကအထောက်အကူဖြစ်စေမှာပါ။

ဒါကြောင့် တန်လားမေးရင်တော့ တန်ပါတယ်။

“ကဲ ... ဒါဆိုရင်တော့ CN-01 ကို၀ယ်သင့်၊ မ၀ယ်သင့် လူကြီးမင်း ကိုယ်တိုင်ဆုံးဖြတ်လို့ရလောက်ပါပြီ”

Model : CN-01
Capacity : 45000mAh
Output 1 : Dual USB DC 5V/2.1A
Output 2 : USB QC 18W
Output 3 : Type-C PD 60W
Output 4 : AC 100-220V
Input : DC 15V
LCD Display
LED Light
Color : White & Black
Price : 650000Ks
Warranty: 1 Year 😲
(ကျကွဲတာရယ် ရေဝင်တာရယ် နဲ့ Warranty Seal ပျက်သွားတာရယ်ကိုတော့ Warranty မပေးပါ)

🛒 မှာ‌ယူလိုပါက
m.me/ASKTechMM

☎️ Hotline
09-765932044

27/11/2023

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သာမညဖလ အခါတော်နေ့
ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်း မင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္ဆာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။

ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါသည်။ ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသော အခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကြွချီတော်မူပါသည်။

ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်သည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်းပင် ဖြစ်သည်။

ကထိန်သင်္ကန်း
တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တခုမှာ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းပင် ဖြစ်သည်။ ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤတွင် အခွင့်သင့်သဖြင့် ကထိန်ခင်းရခြင်း၏ အစပထမဖြစ်ရပ်ကို အကျဉ်းချုပ်၍ တင်ပြလိုပါသေးသည်။ ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ ကိုးကွယ် အားထား မှီခိုဆည်းကပ်ရာဖြစ်သော ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဖြစ်သည်။ ဘုရားရှင်သည် သာဝတ္ထိပြည်၊ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ ကောသလမင်းကြီးနှင့် ညီနောင်များဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မြတ်စွာ ဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ လမ်းခရီး အကြားရှိ 'သာကေတမြို့' ၌ ဝါဆို ဝါကပ်ကြသည်။ သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင် ရှေ့မှောက်အရောက်တွင် ဘုရားရှင် ခွင့်ပြုထားသော သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေး ဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကထိန်ခင်းရခြင်း၏ သမိုင်းအစပင် ဖြစ်သည်ဟု ဆိုသည်။

မသိုးသင်္ကန်း
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာ နိုင်ငံဖြစ်သဖြင့် တန်ဆောင်မုန်းလတွင် ကထိန်ပွဲသာမက မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းသည့် ပွဲတော်များကိုပါ ကျင်းပကြသည်ကို တွေ့ရသည်။ မသိုးသင်္ကန်း ဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ ရှေးအခါက မသိုးသင်္ကန်း ရက်လုပ်ပုံနှင့် မျက်မှောက်ခေတ် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ်ပုံတို့မှာ အနည်းငယ်မျှ ကွဲပြားလာသည်ကို တွေ့ရသည်။ သို့သော် ပြောပလောက်အောင် ကွဲပြားခြားနားမှုမျိုး မရှိသေးပါချေ။ မသိုးသင်္ကန်းကို ကထိန်ကာလဖြစ်သော သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ နေ့စဉ် ရက်ဆက် ရက်လုပ်ခြင်းမရှိပါ။ ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ လဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင်မှ စတင်ရက်လုပ်ကြပြီး လပြည့်နေ့ အရုဏ်မတက်မီ အပြီး ချုပ်လုပ်ကာ ကပ်လှူကြသည်ကို တွေ့ရသည်။ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော် စသော ရန်ကုန်မြို့ရှိ ထင်ရှားသော ဘုရားများတွင် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ် လှူဒါန်းပွဲတော်များကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။

Ref: Wikipedia

05/03/2023

[တပေါင်းလပြည့်နေ့]

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်ကုန် နွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။ ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။ တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အြခွေအရံ တထောင်စီဖြင့်ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလဝတ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလဝတ်ပြည်သို့ ကြွတော်မူခဲ့သည်။

ဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ကြွတော်မူခြင်းကြောင့်နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀ဝ၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်းမဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။ ဗုဒ္ဓဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။ ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။ သားတော်ရာဟုလာ သာမဏေဘဝသို့ ရောက်ရှိသည်။ သာကီဝင်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

Ref: wikipedia



https://asktechmm.com

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


159-A, Shwedagon Pagoda Road
Yangon
11191