CFG

CFG

Share

TRUST THE TIME OF YOUR LIFE
SOMETIME YOU WIN
SOMETIME YOU LEARN
LIFE IS NOTHING. CFG😉

27/08/2026

စိတ်သဘောထား တအားအရေးကြီးတယ်။

မကောင်းတာ တွေး
မကောင်းတာ ကြံ
မဟုတ်တာ လုပ်တော့
ပျက်စီးဖို့ အကြောင်းတွေ ဖြစ်လာရော

မြတ်စွာဘုရားတောင်
အရာအားလုံး သိမြင်ပေမယ့်လူတိုင်းကို အချိန်တိုင်း လိုက်ပြုပြင် ကယ်နေတာ မဟုတ်ဘူး။ဥပကာ ပြုထားလိုက်ရတဲ့ အချိန်တွေရှိတယ်။

မကြာခင် အဲ့ လူ ပျက်စီးကွယ်ပျောက်သွားတယ်။

25/08/2026

ပိသုဏဝါစာ…။

လူတချို့က ပြောကြတယ်။
"ငါက စေတနာနဲ့
သတင်းလာပေးတာပါ" တဲ့…။

စေတနာဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဆိပ်လူးထားတဲ့ မြားတစ်စင်း
ပါလာတတ်တာကိုတော့ မသိချင်ယောင် ဆောင်ထားကြတာပဲ။

ပိသုဏဝါစာ ဆိုတာ
တည့်တည့်ပြောရရင် ချစ်ခင်နေတဲ့သူတွေကို မတဲ့အောင်၊
အခင်မင်ပျက်အောင် ကုန်းတိုက် ကုန်းချောခြင်း ပေါ့ဗျာ။

ဒီဘက်ကလူကို ဟိုဘက်ကလူအကြောင်း သွားပုတ်လေလွင့်
ပြောမယ်၊ ဟိုဘက်ကလူဆီ သွားပြီးလည်း ဒီဘက်ကလူရဲ့
မကောင်းကြောင်းကို သွားတို့မယ်။ နောက်ဆုံးတော့ နှစ်ယောက်စလုံး ကြားထဲမှာ မီးတောက်သွားအောင် လေမှုတ်ပေးလိုက်တာမျိုးပေါ့။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
ဒီလိုလူမျိုးတွေကို တွေ့ဖူးကြမှာပါ။
သူတို့ရဲ့ မျက်နှာမှာ အမြဲတမ်း ပူပန်ပြ၊ ဂရုစိုက်ပြတတ်တဲ့ အမူအယာလေးတွေ ရှိတတ်ကြတယ်။
"မင်းကို ချစ်လို့ ပြောတာနော်..."
"သူများ မသိစေနဲ့ဦး၊
မင်းတစ်ယောက်တည်းကိုပဲ
ပြောတာ..."
အဲဒီ "မင်းတစ်ယောက်တည်းကိုပဲ ပြောတာ" ဆိုတဲ့
စကားလုံးရဲ့ နောက်ကွယ်မှာ
အခြားလူပေါင်း ငါးဆယ်မက
ကြားဖူးပြီးသား သတင်းဆိုးကြီး
ရှိနေတတ်တာ…။

သူတို့က ချစ်ခင်ကြည်နူးရေး မီးအိမ်တွေကို ရိုက်ခွဲရတာကို ဝါသနာပါကြတယ်။
သူတစ်ပါး ချစ်ခင်နေကြတာကို
မကြည့်နိုင်ဘူး။

သမီးရည်းစား ကြားထဲ၊
သူငယ်ချင်း ကြားထဲ၊ လုပ်ဖော်ကိုင်ဖက်ထဲ၊
မောင်နှမ ဆွေမျိုးတွေ
ကြားထဲမှာ
စကားတို စကားစလေးတွေနဲ့ အက်ကြောင်းထအောင် ဓါးတစ်လက်နဲ့ မွှန်းပေးလိုက်ရမှ၊အက်ကြောင်းကနေ သွေးထွက်လာတာကို မြင်ရမှ သူတို့ရင်ထဲမှာ ကျေနပ်သွားတာမျိုး…။

ပိသုဏဝါစာဆိုတာ ကောက်ကျစ်ခြင်းရဲ့ အနုပညာတစ်မျိုးပဲ။
ဓားမပါဘဲ လူသတ်တဲ့
နည်းလမ်းပေါ့…။

စကားတစ်ခွန်းက လူနှစ်ယောက်ရဲ့ သံယောဇဉ်ကို ချက်ချင်း
ပြာကျသွားစေနိုင်တယ်။
အဆိုးဆုံးက ဘာလဲဆိုတော့
အဲဒီလို ချောက်တွန်းစကားမျိုးကို ကြားလိုက်ရတဲ့သူကလည်း သေချာ
မစဉ်းစားဘဲ ယုံလွယ်သွားတတ်တာပဲ။
လူရင်းက ထိုးတဲ့ ဓားပေါ့…။

ချောက်တွန်းတဲ့သူထက် ပိုဆိုးတာကတော့ အဲဒီ ချောက်တွန်းစကားကို အဟုတ်ကြီးမှတ်ပြီး မီးလောင်ရာ လေပင့်လိုက်တဲ့ စိတ္တဇမျိုးပဲ မဟုတ်လား။

ဒါကြောင့်မို့ ပတ်ဝန်းကျင်မှာ
"မင်းအကြောင်း သူ ဘာပြောလဲ
သိလား" ဆိုပြီး အပြုံးတုလေးနဲ့
လာပြောတဲ့သူမျိုးတွေ့ရင်
သတိထားပါ။
သတင်းလာပေးတာ မဟုတ်ပါဘူး၊ မင်းတို့ရဲ့ ဆက်ဆံရေးကို
ဖျက်ဆီးဖို့ အဆိပ်အတောက်
လာကျွေးနေတာပါ။

စကားဆိုတာ ပစ်လိုက်ရင်
ပြန်ကောက်လို့မရတဲ့
မြားတစ်စင်းပါပဲ။
အဲဒီမြားမှာ အဆိပ်လူးပြီး
အချစ်ကို ဖျက်ဆီးမလား၊
ဒါမှမဟုတ်
ငြိမ်းချမ်းရေးအတွက် အသုံးချမလားဆိုတာကတော့ ပစ်တဲ့သူရဲ့ စိတ်ဓာတ်
အဆင့်အတန်းပေါ်ပဲ
မူတည်တာပေါ့…။

အချို့သော စကားစမြည်တွေဟာ
လေထဲမှာ ပျောက်ကွယ်
မသွားဘဲ တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ အဆိပ်ဆူးအဖြစ် စိုက်ဝင်ကျန်ရစ်ခဲ့တတ်ပါတယ်။

လူအများစုက "ပိသုဏဝါစာ" ဆိုတဲ့ စကားလုံးကို ကင်းကင်းရှင်းရှင်းကြီး ခေါင်းစဉ်တပ်ထားကြပေမဲ့၊ တကယ်တော့ အဲဒါဟာ
မေတ္တာတုတွေနဲ့ ဖုံးအုပ်ထားတဲ့ ကောက်ကျစ်မှုတစ်မျိုးပါပဲ။

နှစ်ယောက်ကြားက သံယောဇဉ်ကို
ပါးပါးလေး လှီးဖြတ်လိုက်တဲ့
စကားတစ်ခွန်း၊ မြတ်နိုးမှုတွေကို ပြာကျသွားစေတဲ့ သတင်းစကားတစ်ခု...။

အဲဒီစကားတွေကို စေတနာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုးရိုးသားသားကြီး ပါးစပ်ဖျားတင်ပြီး ပါးပါးနပ်နပ် လှည့်စားပြောဆိုတတ်ကြတယ်။

"သူမင်းကို ဒီလိုပြောနေတာ...
မင်းဝမ်းနည်းမှာစိုးလို့ ငါမပြောဘဲ
နေမလို့ပဲ..." တဲ့။

ဒီလို စကားမျိုးတွေရဲ့ နောက်ကွယ်မှာ နှလုံးသားကို အေးစက်သွားစေတဲ့ အရိပ်မည်းကြီး ရှိနေတတ်ပါတယ်။

သူတို့က ချစ်ခြင်းတံတိုင်းတွေကို တဖြည်းဖြည်း
အက်ကြောင်းထစေတာ…၊
သံယောဇဉ်တံတားတွေကို
လေမတိုက်ဘဲ
ပြိုကျသွားစေတာကို
သာယာတတ်ကြတယ်။

တခြားသူနှစ်ယောက်ကြားက ယုံကြည်မှုတိမ်တိုက်လေး
မိုးမှောင်ကျသွားတဲ့အခါ၊ အဲဒီ မိုးမှောင်ထဲမှာ သူတို့ရဲ့
ငြူစူခြင်းတွေကို
အောင်ပွဲခံတတ်ကြတာပါ။

ဓားဒဏ်ရာထက် စကားဒဏ်ရာက
ပိုနက်ရှိုင်းပါတယ်။
ဓားရှတဲ့ ဒဏ်ရာက သွေးထွက်ပြီး ကျက်သွားနိုင်ပေမဲ့၊ ဂြိုဟ်တုလို ပတ်ချာလည်နေတဲ့ ကလိန်ကကျစ် စကားတစ်ခွန်းကတော့ ရင်ဘတ်တစ်ခုလုံးကို သက်မဲ့ သင်္ချိုင်းဖြစ်သွားစေနိုင်တယ် မဟုတ်လား။

သင့်ဆီကို အပြုံးတုလေးနဲ့ လာပြီး အခြားတစ်ယောက်ရဲ့ မကောင်းကြောင်း၊ ဒါမှမဟုတ် သင့်အကြောင်း သူတို့ ဘယ်လိုအတင်းပြောနေသလဲဆိုတာကို သတင်းလာပေးနေသူတွေကို သတိထားပါ။
သူတို့ဟာ သတင်းလာပေးတာ မဟုတ်ပါဘူး၊ သင့်ရဲ့ ငြိမ်းချမ်းနေတဲ့ ကမ္ဘာငယ်လေးထဲကို အဆိပ်ခွက်
လာချပေးနေတာပါ။

ဘဝမှာ အရေးကြီးဆုံးက ကိုယ့်နားထင်ဆီ စီးဝင်လာတဲ့ စကားတွေကို ဆန်းစစ်နိုင်ဖို့ပါပဲ။ ချောက်တွန်းတတ်တဲ့ စကားတွေကို ငြင်းပယ်လိုက်ပါ၊ ယုံကြည်မှုကို ချောက်ထဲ တွန်းမချပါနဲ့။

အချစ်နဲ့ ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ နှစ်နဲ့ချီကြာပေမဲ့၊ ပိသုဏဝါစာ စကားတစ်
ခွန်းနဲ့တင် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်လို့ပါပဲ။

ဓားဒဏ်ရာသည် အသားကိုသာ
ရှစေသော်လည်း၊ မစဉ်းစားဘဲ ယုံလွယ်စေသော စကားတစ်ခွန်းကတော့ နှလုံးသားတစ်ခုလုံးရဲ့ သံယောဇဉ်ကို
ပြာကျစေနိူင်ပါတယ်….။

စာဖတ်သူများ ပညာသတိဖြင့် ရှောင်ရှားနိူင်ကြပါစေ….။🙏🏾

ချစ်ခြင်းအားဖြင့်….

24/08/2026

အိမ်ခြံမြေ တော့ အေးသွားပြီ
သင့်လက်ထဲ ငွေရှိရင် ဘာလုပ်မလဲ

ကိုယ်တော့ ငါးပွက်ရာ ငါးစာချလိုက်ပြီ

တိမ်ညှိတွေ အုံမှိုင်းတဲ့ရာသီ 😉

24/08/2026

❝ လူတိုင်းမှာ… မမြင်ရတဲ့ ညတစ်ညတော့ ရှိတယ် ❞

Facebook ပေါ်မှာ မြင်ရတဲ့ ဘဝတွေဟာ…
ရုပ်ရှင် Trailer လေးတွေလိုပါပဲ။

အလှဆုံးအခန်း။
အောင်မြင်ဆုံးအချိန်။
အပြုံးအလှဆုံးပုံတစ်ပုံ။

အဲဒီနောက်ကွယ်က…
အိပ်မပျော်ခဲ့တဲ့ ညတွေ၊
ငိုခဲ့တဲ့ မနက်တွေ၊
တိတ်တိတ်လေး မျိုချခဲ့ရတဲ့ နာကျင်မှုတွေကိုတော့
ဘယ်သူမှ မတင်ကြဘူး။

ဒါပေမယ့်…
ကျွန်တော်တို့က Trailer ကိုကြည့်ပြီး
ရုပ်ရှင်တစ်ကားလုံးကို ဆုံးဖြတ်ချင်နေကြတယ်။

ဘဝဆိုတာ…
တချို့က ငွေမရှိလို့ ပင်ပန်းရတယ်။

တချို့က ငွေရှိလို့ ပိုပင်ပန်းရတယ်။

ပြဿနာပုံစံပဲ ကွာသွားတာ…
ပြဿနာမရှိတဲ့ လူဆိုတာတော့
မရှိသလောက်ရှားတယ်။

⸝

အဝေးကနေ ကြည့်ရင်…

လူတိုင်းရဲ့ ဘဝက
လှပတဲ့ ပန်းချီကားတစ်ချပ်လိုပဲ။

ဒါပေမယ့်…

အနီးကပ်သွားကြည့်လိုက်ရင်
အရောင်တိုင်းမှာ ခြစ်ရာရှိတယ်။
မျဉ်းတိုင်းမှာ တုန်ခါမှုရှိတယ်။

အပြုံးတိုင်းရဲ့ နောက်မှာ
မပြောဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်စီ ရှိနေတတ်တယ်။

⸝

ဒါကြောင့်…

သူများရဲ့ Highlight ကို
ကိုယ့်ရဲ့ Everyday နဲ့
မနှိုင်းပါနဲ့။

သူများရဲ့ အောင်မြင်တဲ့ တစ်မိနစ်ကို
ကိုယ့်ရဲ့ ရုန်းကန်ခဲ့တဲ့ နှစ်ပေါင်းများစွာနဲ့
မချိန်ပါနဲ့။

လူတိုင်းမှာ…

မမြင်ရတဲ့ စစ်ပွဲတွေရှိတယ်။
မပြောချင်တဲ့ ဒဏ်ရာတွေရှိတယ်။
မငိုချင်လို့ ပြုံးနေတဲ့ နေ့တွေရှိတယ်။

⸝

တကယ်တော့…

ချမ်းသာခြင်းဆိုတာ
ကားဘယ်နှစ်စီးရှိလဲ မဟုတ်ဘူး။

အောင်မြင်ခြင်းဆိုတာ
အိမ်ဘယ်နှစ်လုံးပိုင်လဲ မဟုတ်ဘူး။

နှိုင်းယှဉ်စိတ်ကို ချထားနိုင်ပြီး…ကိုယ့်လမ်းကိုယ်
အေးအေးလေး ဆက်လျှောက်နိုင်တဲ့နေ့ကစပြီး…

လူတစ်ယောက်ဟာ
တခြားသူကို မနိုင်သေးရင်တောင်…ကိုယ့်စိတ်ကိုတော့ အနိုင်ရသွားပြီ။

24/08/2026

Exit

ဘဝမှာ သော့သုံးချောင်းရှိတယ်။

လက်ခံခြင်း၊ ပြောင်းလဲခြင်း၊
ထွက်ခွာခြင်း တဲ့။

လက်မခံနိုင်ရင် ပြောင်းလဲပါ၊
ပြောင်းလဲလို့မရရင် ထွက်ခွာပါ။

လက်ခံနိုင်ရင် စိတ်အေးအေးသာသာ လက်ခံပါ။
မကျေနပ်ရင် ပိုကောင်းအောင် ပြောင်းလဲဖို့ ကြိုးစားပါ။ပြောင်းလဲလို့မရသလို လက်လည်းမခံနိုင်ရင်
ရဲရဲဝံ့ဝံ့ ထွက်ခွာပါ။

တစ်ခါတလေမှာ ထွက်ခွာတာကထွက်ပြေးတာ မဟုတ်ပါဘူး။

ကိုယ့်ဘဝအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခုကိုလုပ်တာ ဖြစ်ပါတယ်။

ဘဝမှာ လွှတ်ချသင့်တာကို လွှတ်ချတာ၊
ထွက်ခွာသင့်တဲ့အချိန်မှာ ထွက်ခွာတာဟာလည်း ဉာဏ်ပညာတစ်မျိုးဖြစ်ပါတယ်။

သော့သုံးချောင်းနဲ့ ထွက်ပေါက်တွေကို ရှာနိုင်ပါတယ်။


Nine Nine Sanay

22/08/2026

ကိုယ်သာ စာ လာလာ ဖတ်ကြတာ .....

မုန့်ဟင်းခါး နဲ့ ထမင်းကြော်တောင် $ ဖြစ်ရှိအောင် မရောင်းတတ်ဘူး။

အရင်းတွေကို ပြုတ်လို့😂😂

22/08/2026

အခုချိန်က အချစ်‌ဈေးနဲ့ပေးနေတာနော်

22/08/2026

၁ ။ချမ်းသာနေပြီဆိုရင်
ဆင်းရဲတုန်းက ကူညီခဲ့ဖူးသူတွေကို မမေ့ပါနဲ့ ။

၂ ။ပျော်ရွှင် နေပြီဆိုရင်
ငိုခဲ့တုန်းက မျက်ရည်သုတ်ပေးတဲ့သူတွေကို မမေ့ပါနဲ့ ။

၃ ။အောင်မြင်နေပြီဆိုရင်ကျရှုံးခဲ့တုန်းက တီးပေးခဲ့တဲ့အားပေးလက်ခုပ်သံတွေကို မမေ့ပါနဲ့ ။

22/08/2026

ဖြည်းဖြည်းလေးတော့ တက်နေတယ်

ဖြည်းဖြည်းလေးပဲ ကောင်းပါတယ်

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


The Secretariat Yangon. Thein Phyu Road
Yangon