BEE

BEE

Share

Creation For Nectar

22/04/2026

အဟမ်း အဟမ်း 🤭
" ခေတ်" လေးက ကလေးနှစ်ယောက် ထပ်မွေးပေးမလို့တဲ့ရှင်🤭
ဒီ ခေါက်အိတ်လေးကို ခေတ်collection ထဲကပဲမို့ နမယ်လေးက "ငွေခေတ်" (အကြီးမလေး) 🤫
Bee ရဲ့ အမျိုးသမီးလေးတွေအတွက် အရည်အသွေးကောင်းကောင်းလေးထုတ်ပေးမှာမို့ အရေအတွက် နည်းနည်းပဲ ရအုန်းမယ်ရှင့် 😖

အငယ်မလေးကိုတော့ နမယ်ပေးဖို့စဥ်းစားအုန်းမယ် 😁
ကူတွေးပေးကြ ကူရွေးပေးကြပါအုန်း 🤭

Photos from BEE's post 21/04/2026

မြန်မာအမျိုးသမီးတိုင်းအတွက် ရည်ရွယ်ပြီးထုတ်ခဲ့တဲ့ "ခေတ်" အိတ်လေးက Batch-5 အထိရောက်လာခဲ့ပါပြီရှင်🥰

အင်းလေးချည်သားကိုမှ တောင့်တောင့်အိအိလေးဖြစ်ဖို့ ထူစေ အိစေမဲ့ ကုန်ကြမ်းလေးနဲ့ တွဲဖက် ချုပ်လုပ်ထားပါတယ်ရှင်🥰

လွယ်ကြိုး ထည့်ပေးထားတာမို့ ကြိုးရှည်လွယ်ချင်သူတွေအတွက်လဲ အဆင်ပြေစေပါတယ်တဲ့ 🤭
အတွင်းဇစ်လေးလဲ အထူးထည့်ချုပ်ထားပေးပါတယ်ရှင် 🥰

Review ကောင်းများစွာရထားတဲ့အိတ်လေးမို့ Batch5 ကိုအမှီ လာယူလိုက်တော့နော် 🥰

20/04/2026

" ခေတ် " ကို color အသစ်လေးထုတ်ထားပါတယ် ချစ်သောလေးတို့ရေ🤫
နောက်အသုတ်မှာ သူလေး ပါလာမှာမို့ ခုထဲက ကြိုမှာထားတော့နော် 😍
ငွေကြိုလွှဲစရာမလိုတာမို့ မြန်မြန်လာယူထားဖို့လိုပါမယ်ရှင်🤭🤗🤗

Photos from BEE's post 18/04/2026

နှစ်သစ်မှာ မင်္ဂလာရှိတာလေးတွေ အရင် Save ရအောင်ရှင်😍
Bee ကို မြန်မာအမျိုးသမီး​လေးတွေအတွက် အားအင်အသစ်တွေနဲ့ ပြန်လည်စတင်ခဲ့တာ ၂လ ပဲရှိပါသေးတယ်ရှင်....
ထွက်ထားတဲ့ Limited အိတ်လေးတွေရော
အဓိက ထုတ်ထားတဲ့ 'နွေး' နဲ့ 'ခေတ်' collectionလေး
တွေကိုရော သဘောကျ နှစ်သက်ပေးတဲ့အပြင်၊ ကောင်းမွန်တဲ့ review လေးတွေ လိုအပ်ချက်လေးတွေ ပြင်ဆင်စရာလေးတွေနဲ့ အမျိုးမျိုး ချစ်ပေး၊ သဘောကျပေး၊ ကောင်းသောအမြင်လေးတွေနဲ့ ဝေဖန်ထောက်ပြပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်🤗

နောက်ပိုင်း အရင်လိုမျိုး အမျိုးသားများအတွက်ပါ နေ့စဥ်သုံးလို့ရမဲ့ အိတ်လေးတွေကို ထပ်တိုး ထုတ်လုပ်ပေးသွားမှာမို့ ဆက်လက်အားပေးကြပါအုံးနော် 🥰

17/04/2026

မင်္ဂလာ မြန်မာနှစ်သစ်မှာ ကံထူးသူလေးပါရှင်🥰
မင်မင့်ကို CB မှာ Kpay account လေး ပေးပေးအုန်းနော်

ပါဝင်ထားတဲ့ သူလေးတွေကိုလဲ အားလုံးရဲ့အဖြေက မှန်တာမို့ april17-18-19-20 အတွင်း ဘယ်အိတ်ဝယ်ဝယ် 3000ကျပ် Cash back ပြန်ယူပါရှင့်🥰

Bee နဲ့အတူ အမြဲရှိနေပေးလို့ ကျေးဇူးတင်ပါတယ်နော်

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆန္ဒနဲ့ဘဝ ထပ်တူကျကြပါစေရှင်🥰🥰

16/04/2026

မနက်ဖြန် နှစ်သစ်မှာ ဘယ်သူက ကံကောင်းသွားမှာလဲ?
မပါဝင်ရသေးရင်ပါဝင်ပေးထားနော် 🤭🤭

ပုံတွင်ပါသော အိတ်လေး အမည်က ....... ဖြစ်ပါသည်။
နှစ်ဆန်းတစ်ရက်နေ့ကျရင် သင်္ကြန်မုန့်ဖိုး ပေးဖို့ ဝင်ဖြေပေးထားသူထဲကနေ ရွေးပေးမယ်နော်🤭

12/04/2026

ပျော်ရွှင်စရာ မင်္ဂလာနှစ်သစ်မှာ 𝐁𝐞𝐞 ရဲ့ 𝐍𝐞𝐜𝐭𝐚𝐫 လေးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အိတ်လေးတွေအပြည့်အလျှံ ငွေဝင်အောင် စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ လို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော် 🤗

ကဲ အားလုံးကို ရေလှမ်းလောင်းလိုက်မယ်နော် 🤭
💦💦💦" ဗွမ်း ဗွမ်း ဗွမ်း "💦💦💦

သင်္ကြန်စတုဒီသာကျွေးကြရင်လဲ ဖုန်းထဲကနေ လှမ်းပစ်လိုက်ပါလို့🤭🤭

12/04/2026

မင်မင်တို့ ပိတ်ရက်လေးအတွင်း စာပြန်ပေးပြီး အော်ဒါလက်ခံပေးသွားပါမယ်ရှင် 😊
ပိတ်ရက်အတွင်းမို့ စာပြန်နောက်ကျမှုများ ရှိနိုင်တာမို့ စာပြန်နောက်ကျရင်တော့သည်းခံပေးပါရှင့်
မင်မင်တို့ သီလရှင်ဝတ်သူဝတ် တရားစခန်းဝင်သူဝင်မို့ တစ်ဖွဲ့လုံးစာပြန်ပေးဖို့မဖြစ်နိုင်လို့ပါနော် 🥰
ပျော်စရာ မင်္ဂလာအချိန်အခါလေး ဖြစ်ပါစေရှင်🥰

11/04/2026

ပုံတွင်ပါသော အိတ်လေး အမည်က ....... ဖြစ်ပါသည်။
နှစ်ဆန်းတစ်ရက်နေ့ကျရင် သင်္ကြန်မုန့်ဖိုး ပေးဖို့ ဝင်ဖြေပေးထားသူထဲကနေ ရွေးပေးမယ်နော်🤭

Photos from BEE's post 10/04/2026

အလှူခံပါဗျို့ 🤭
ဒါကတော့ မင်မင်တို့ ရဲ့ ချစ်သောလေးတွေ ပို့ပေးတဲ့ပုံလေးတွေ😍
ပုံလေးတွေ ရိုက်ဖြစ်ကြရင် မင်မင်တို့ကို ကြွားလှည့်ပါအုံးရှင် မင်မင် အမှတ်တရ save ထားချင်လို့ပါနော်🥰

နောက်အသုတ်အတွက် အော်ဒါလက်ခံနေပြီနော် 🥰
သင်္ကြန်အပြီး april20-23 မှာပို့ပေးမှာပါရှင့်
နှစ်သစ်မှာ အိတ်အသစ်လေးထဲ ငွေအပြည့်အလျှံထည့်ပြီး ကျန်းမာပျော်ရွှင်ကြပါစေရှင်🤗

10/04/2026

မင်မင်တို့ ပြောစရာလေးရှိလို့ပါရှင်
မင်မင်တို့ page က ကိုယ်ပိုင် Production Team နဲ့ အိတ်လေးတွေကို ထုတ်နေတာပါ
မင်မင်တို့ Royal express ရောက်တဲ့နေရာတိုင်း ကို အိမ်အရောက်ငွေချေစနစ်နဲ့ ယုံကြည်စွာ ရောင်းပေးပါတယ် ဒါပေမဲ့ တချို့cus တွေက deli ရောက်တော့ မယူတော့ဘူး ဖုန်းမကိုင်ဘူးလုပ်ပါတယ်

အိတ်လေးတွေကို ဝယ်တဲ့အခါ ထည့်ချင်တဲ့ပစ္စည်းရှိရင် size လေး မေးပေးပါရှင် ကြိုက်တာမေးပါရှင် မင်မင်တို့ဘက်က ဝယ်ဝယ် မဝယ်ဝယ် အကောင်းဆုံး service ပေးနေပါတာပါနော်
(Service ပိုင်းအဆင်မပြေရင် 09764720668 ကိုတိုက်ရိုက်တိုင်ကြားနိုင်ပါတယ်)
အခုက size လဲ မေးတယ် ပို့ပေးရတဲ့နေရာက ရန်ကုန်နဲ့ အတော်ဝေးတဲ့နေရာပါကွယ် ရောက်မှ ထည့်ချင်တဲ့ပစ္စည်းမဆံ့လို့မယူဘူးတဲ့ မင်မင်တို့ပို့ရတာ အဝေးကြီးပါနော် ရန်ကုန်ကနေ ပို့ရတာပါ ကြားထဲက delivery သမားလေးတွေကို စာနာပေးကြပါရှင် နေပူပူနဲ့ပို့ကြရတာပါ

ဒါကြောင့် ပစ္စည်းရောက်လို့ မယူတော့ဘူးဆိုရင် မင်မင်တို့တန်ဖိုးထားရတဲ့အလုပ်အပြင် delivery သမားလေးတွေကို မစာနာ မလေးစားရာရောက်ပါတယ်

မင်မင်တို့ဆီမှ တန်ဖိုးထားထုတ်လုပ်ထားသောအိတ်များကို အဲ့လို ဝယ်သူ account များကို နောက်ထပ်
လုံးဝမရောင်းပေးတော့ပါဘူးရှင်

Sizeကို သေချာ စီစစ်မေးမြန်းပေးပါ မင်မင်တို့ဘက်က size သေချာပြောပြီး ဝယ်သူဘက်က လက်ခံပြီးမှ လိပ်စာဖုန်းနံပါတ်ပေးလို့ မင်မင်တို့က ပို့ရတာပါ ကိုယ်ဝယ်ယူထားတဲ့ ပစ္စည်းကို တာဝန်ယူနိုင်ကြပါစေရှင်
ဒီpost က မင်မင်တို့ စိတ်ဆိုးတာမဟုတ်ပါဘူး စိတ်မကောင်းဖြစ်ရတာပါ ​နေပူပူမှာ ပို့နေရတဲ့ delivery သမားလေးတွေကိုလဲ စာနာပေးကြပါရှင်

မင်မင်တို့နောက်အခေါက်တွေ အခုလို တွေ့ကြုံတဲ့အခါ ဝယ်သူအကောင့်နဲ့တကွ blacklist တင်ပါမယ်ရှင် မင်မင်တို့ကိုလဲ နားလည်ပေးစေချင်ပါတယ်

Bee Founder (Daw Zon Wit Yee Oo)

Photos from BEE's post 08/04/2026

အနီလေး နှစ်လုံးပဲ stock ရှိပါတော့မယ်ရှင် 🥰
သင်္ကြန် အမှီလိုချင်ရင် deli အပ်လို့ရတုန်း လာယူပေးပါအုန်းနော် 😍
24800ks

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Dama Yadanar Road , 88 Quarter, Dagon Seikkan
Yangon
11441