iDEAL Intellectual Development Zone
အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းများ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းများ နှင့် ဥာဏဆိုင်ရာဖွံ့ဖြိုးရေးသင်တန်းကျောင်း
04/01/2026
Hello iDEALs,
4th January 2026 (Sunday) is the Independence Day of Myanmar.
Therefore, all of our regular classes are closed.
See you all next Saturday.
22/12/2025
တီချယ်ရေ YouTube တွေ ကြည့်နေပေမယ့် ဘာတွေကြည့်နေမှန်းလည်းမသိဘူး အင်္ဂလိပ်စာကောင်းအောင် ဘာလေးတွေ ကြည့်ခိုင်းရမလဲဆိုတဲ့သူတွေအတွက်
အောက်မှာပေးထားတဲ့ channel ထဲက videoတွေကို တနေ့တပုဒ်ကြည့်ခိုင်းပေးနော် တပုဒ်ထဲကို ထပ်ခါထပ်ခါ ကြည့်ခိုင်းပေးပါ ခလေးတွေကြည့်ချင်သလောက် ဆက်တိုက်တခုပြီးတခု မကြည့်ခိုင်းပါနဲ့နော်
ကြည့်နေရင်းလဲ စကားပြောလေးတွေကို သူတို့ကြားတဲ့အသံအတိုင်း လိုက်ပြောနေပါစေ
အဓိကကတော့ လုံးဝဘာသာပြန်မပြပါနဲ့နော်
Little Fox - Animated Stories for English Learners Award-winning library of leveled stories and songs to teach English as a second language (ESL) and guided reading, For Kids age 4 to 12 - Quiz, Printable Books, MP3, Games
21/12/2025
Page လေး inactive ဖြစ်သွားတာ ပြန်ရသွားပါပြီ
အမှတ်တရအနေနဲ့
PET တန်းက ကလေးတွေရဲ့ Group Project လုပ်နေတဲ့ပုံလေးတွေတင်လိုက်ပါတယ်
iDEALမှာ သင်တန်းတက်ရင် စာချည်းသက်သက် သင်မှာမဟုတ်ပါဘူး
Group Project တွေ
Presentation တွေ က အသက်ပါ❤️
11/11/2025
သားသားမီးမီးတွေရဲ့ Englishစာတိုးတက်အောင်
အိမ်မှာပုံမှန် လေ့ကျင့်လို့ရမယ် တပတ်စာ activity planလေး မျှဝေပေးပါမယ်ရှင့်
သားသားမီးမီးတို့နဲ့အတူ fun learning timeလေးကို တနေ့ နာရီဝက်လောက် အတူတူ ကုန်ဆုံးကြရအောင်ပါရှင့်
🏡 1-Week English Learning Plan (for Home Use)
အသုံးချချိန်: တနေ့ 20-30 မိနစ်
ရည်ရွယ်ချက်: English ကို ပျော်ရွှင်စွာ အသုံးပြုတတ်အောင် ပြုလုပ်ခြင်း
⸻
🌞 Day 1 – Listening & Speaking (Songs & Action Words)
အကြောင်းအရာ: Daily routines
လုပ်ဆောင်ရမယ့်အရာများ:
• YouTube မှ “Super Simple Songs – Hello! Goodbye!” ကြည့်ပါ။
• သီချင်းနဲ့အတူ အချင်းချင်းပြန်ဆိုပါ။
• Mommy/Daddy က “Wash your hands!” “Brush your teeth!” လို့ ပြောပါ၊ ကလေးက လုပ်ပြပါ။
Vocabulary: wash, brush, eat, sleep, run, jump
Phrase Practice: “I brush my teeth.” / “I wash my hands.”
⸻
📖 Day 2 – Story Time
အကြောင်းအရာ: Animals
လုပ်ဆောင်ရမယ့်အရာများ:
• Picture book (သို့မဟုတ် Oxford Reading Tree e-book) တစ်အုပ်ဖတ်ပါ။
• Animal name ပေါ်တိုင်း အသံအကြီးနဲ့ pronounce လုပ်ပါ။
• ကလေးကို “What animal do you like?” လို့မေးပါ။
Follow-up Activity: Draw your favorite animal and write one sentence — “I like cats.”
⸻
🎨 Day 3 – Vocabulary & Art
အကြောင်းအရာ: Colors & Shapes
လုပ်ဆောင်ရမယ့်အရာများ:
• Color flashcards သုံးပါ။ “Show me red!” “Where is blue?” လို့မေးပါ။
• A4 စာရွက်ပေါ်မှာ circle, square, triangle စသည့် shapes ဆွဲပြီး color လိမ်းပါ။
• Color word ကိုဖျက်ပြီး guessing game လုပ်ပါ။
Phrases: “This is red.” “That is a circle.”
⸻
🎲 Day 4 – English Game Day
အကြောင်းအရာ: Objects in the house
လုပ်ဆောင်ရမယ့်အရာများ:
• “I Spy” game – “I spy something that is yellow”
• “Find and touch” – “Touch the door!”, “Find the spoon!”
• Winner gets sticker ⭐
➡ Listening skill တိုးတက်ပြီး vocabulary လည်း တိုးလာမယ်။
⸻
🧩 Day 5 – Speaking & Role Play
အကြောင်းအရာ: Shopping
လုပ်ဆောင်ရမယ့်အရာများ:
• Toy fruits သို့မဟုတ် real fruits သုံးပြီး pretend shop လုပ်ပါ။
• Parent = Shopkeeper, Child = Customer
Dialog Example:
🧍♀️: “Can I have an apple, please?”
🧍♂️: “Yes, here you are.”
🧍♀️: “Thank you!”
🧍♂️: “You’re welcome!”
➡ Social English practice ဖြစ်ပါတယ်။
⸻
✏️ Day 6 – Writing & Spelling
အကြောင်းအရာ: My Family
လုပ်ဆောင်ရမယ့်အရာများ:
• Family photo မျှော်ပြီး “This is my father. This is my mother.” ဆိုခိုင်းပါ။
• Simple sentences ရေးခိုင်းပါ။
• Name spelling practice (“M-O-M”, “D-A-D”)
➡ Sentence structure နဲ့ handwriting တိုးတက်။
⸻
🎉 Day 7 – Review & Fun Quiz
အကြောင်းအရာ: Review the week
လုပ်ဆောင်ရမယ့်အရာများ:
• Mommy က vocabulary cards ပြပြီး “What is this?” မေးပါ။
• “Say the color I show!” “Act the word I say!”
• အမှန်များများဖြေသူကို small reward ပေးပါ။
➡ Motivation တက်လာပြီး ရက်သတ္တပတ်တစ်လုံးအတွင်း သင်ထားတာ consolidate ဖြစ်ပါတယ်။
⸻
💡
• 📅 တစ်ပတ်ပြီးတိုင်း favorite activity ကို ပြန်ရွေးခိုင်းပါ။
• 🧸 Reward chart သုံးပါ (“5 stickers = small gift”).
• 🎧 Background English music အသုံးပြုပေးပါ။
ချစ်တဲ့တီချယ်စံ❤️
17/10/2025
level 1 ကလေးလေးတွေဖတ်ဖို့
ဖေဖေမေမေတို့အတူဖတ်ပေးပါဦးနော်❤️
03/10/2025
iDEAL ရဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်များပါရှင့်
28/09/2025
KET/PET Exam day အမှတ်တရ Group Photo
15/06/2025
Speaking Activities
Level 3
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
27/05/2025
iDEALရဲ့ weekends တန်းလေးတွေအတွက် ကျောင်းအပ်လက်ခံပါပြီရှင့်
📌အင်္ဂလိပ်စာကြောင့် ကျောင်းမှာစာမလိုက်နိုင်ဘူး
📌International Schoolတွေမှာမထားပေမယ့် International Schoolကလေးတွေလို စာရချင်တယ်
📌အင်္ဂလိပ်စာကို ဘာသာစကားတခုလို ခြေခြေမြစ်မြစ်အသုံးချတတ်ချင်တယ်
📌အရွယ်တစ်ခုရောက်တဲ့အခါ နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ဖို့ရည်ရွယ်ထားသူတွေအတွက် အထူးသင့်လျော်ပါတယ်
⚠️Levelအလိုက်အတန်းခွဲတာမို့လို့ သင်တန်းသားအသစ်တိုင်း
Placement test ဖြေဆိုပေးရပါတယ်ရှင့်⚠️
Eng
11/05/2025
တီချယ့် ကလေးလေးတွေအတွက်
အင်္ဂလိပ်စာတိုးတက်ဖို့ လေ့ကျင့်ရာမှာ အထောက်အကူပြုတဲ့ Websiteလေး နှစ်ခုကို မျှဝေပေးချင်ပါတယ်ရှင့်❤️
နှစ်ခုလုံး Cambridge Website တွေဖြစ်သလို
နှစ်ခုစလုံး Freeပါပဲရှင့်
တခုခုသိချင်တာရှိရင် တီချယ်တို့ကိုမေးပါရှင့်
Digital ခေတ်မှာ လက်ထဲက ဖုန်းတွေ tablet တွေ laptopတွေသုံးပြီး ကိုယ့်ရဲ့ skillsတွေကိုမြင့်ကြမယ်နော်
https://www.cambridgeenglish.org/learning-english/parents-and-children/activities-for-children/
https://www.cambridgeenglish.org/learning-english/free-resources/write-and-improve/
Write & Improve | Cambridge English Practise your English writing skills for free with Write & Improve. Get feedback on your writing in seconds and learn how you can improve.
17/03/2025
Grammar Lesson
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
006/1 Zingama Housing, Zingama Road. 2/North Quarter, Tharkayta Township Yangon
Yangon
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |