Tech Hub

Tech Hub

Share

This is a one stop technology news page to provide the latest technology news from many sources. We

27/08/2026

Apple က မကြာသေးခင်ကပဲ တိတ်တိတ်လေးနဲ့ M6 Mac mini ရယ် M5 Ultra Mac Studio တို့ကိုကြေညာလိုက်တယ်။ အခုတော့ iPhone 18 Family ကိုကြေညာမဲ့ ပွဲကိုလဲ ကြေညာလိုက်ပါပြီ။

နာမည်ကတော့ Surprise and shine လို့တော့ပေးထားတာပဲ၊ ကျွန်တော်ကြားထားသလို Foldable iPhone ထွက်လာရုံပဲလား တခြား leaks မဖြစ်သေးတဲ့ Products တွေကို surprise ပေးမှာလားစောင့်ကြည့်ရတာပေါ့....

Photos from Tech Hub's post 19/08/2026

ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ အားကစားသမားတွေနည်းတူ အမြင့်ဆုံး Durability စွမ်းဆောင်ရည် ပါရှိတဲ့ OPPO A6s Pro နဲ့အတူ ပူး‌ပေါင်းပါဝင်ခဲ့တဲ့ OPPO Myanmar AED

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဩဂုတ် ၁၅ နဲ့ ဩဂုတ် ၁၆ ရက်နေ့တွေက ရန်ကုန်မြို့ရှိ Junction Square Outdoor Area မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ Title Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းအစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဂိမ်းအစီအစဉ်တွေအနေနဲ့ လူငယ်တွေ ရင်ခုန်စိတ်လှုပ်ရှားစေမဲ့အစီအစဉ်တွေကို ဖန်တီးထားပြီး ပထမအစီအစဉ်အနေနဲ့ အမှတ်တရတိုင်းကို အကောင်းဆုံး ပုံဖော်မှတ်တမ်းတင်နိုင်မဲ့အပြင် အစွမ်းထက်ဆုံး 100-degree မြင်ကွင်းကျယ်နှင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား မြင်ကွင်းအကျယ်ဆုံး တစ်ခုတည်းသော 0.6x Ultra Wide Selfie Camera နဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်အောင် စီစဉ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒုတိယအစီအစဉ်အနေနဲ့ OPPO Myanmar AED ဘက်က စီစဉ်ထားတဲ့ အသေးစားရေကန်ထဲ OPPO A6s Pro ဖုန်းကို ပစ်ထည့်ကာ ထိပ်တန်းအဆင့်ရှိ IP69K Dust & Water Resistance ဖြင့် ရေ၊ ဖုန်ကာကွယ်မှုကို စမ်းသပ်ခံစားနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။ တတိယအစီအစဉ်အနေနဲ့ OPPO A6s Pro ရဲ့ ထိပ်တန်းအကြမ်းခံနိုင်မှုစွမ်းရည် Military-grade Shock Resistance ကို စမ်းသပ်နိုင်စေရန် ဘတ်စ်ကတ်ဘော ဂိုးတိုင်တွေမှာ OPPO A6s Pro ဖုန်းကို ကပ်ထားမှာဖြစ်ပြီး ပါဝင်သူတွေအနေနဲ့ အဆိုပါ ဂိုးတိုင်ထဲကို ဂိုး (၃) ဂိုးဝင်အောင် ပစ်သွင်းယူရမှာဖြစ်ပါတယ်။ အခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့အတူ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ OPPO Myanmar AED က ပါဝင်ထားသလို လာရောက်ကြည့်ရှုသူ ပရိသတ်တွေပျော်ရွှင်စေနိုင်ဖို့အတွက် တခြားသော ဓာတ်ပုံရိုက်စရာ နေရာအလှတွေနဲ့ အတူ ထပ်မံ အားစိုက်ဖန်တီးထားတာကြောင့် လူငယ်တွေ၊ လာရောက်ကြည့်ရှုသူတွေအကြား အတော်လေး ရေပန်းစားခဲ့တာဖြစ်ပါတယ်။

OPPO Myanmar AED အနေနဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်အားထက်သန်မှုတွေကို အမြဲတမ်း အားပေးကူညီလျက်ရှိပြီး ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ လူငယ်တိုင်းရဲ့ စိန်ခေါ်မှုမှန်သမျှမှာ ခိုင်မာတဲ့ အဖော်မွန်အဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်။ ရှေ့လျှောက်မှာလဲ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကောင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းပညာ ထုတ်ကုန်တွေ၊ အဓိပ္ပာယ်ရှိတဲ့ အစီအစဉ်တွေနဲ့အတူ လူငယ်တွေနဲ့ထပ်တူ အမြဲရှိနေမှာဖြစ်ပါတယ်။

မြင်ကွင်းကျယ်ကျယ်ဖမ်းယူနိုင်တဲ့ 0.6x Ultra Wide Selfie Camera နဲ့အတူ ဘက်ထရီ အားခံပြီး စွမ်းဆောင်ရည် ပါ အထူးမြင့်မားတဲ့ နောက်ဆုံးပေါ် OPPO A6s Pro နဲ့ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official page - http://bit.ly/45Q2UQz ၊ Website - http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram - https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် လေ့လာ ကြည်ရှုနိုင်မှာဖြစ်ပါတယ်။

#အချိန်ကြာကြာကြမ်းကြမ်းသုံးPowerfulAIဖုန်း

05/08/2026

ATOM က ပေးတာနည်းပေမဲ့ ဘေးသင့်ပြည်သူတွေတော့ မြန်တော့မြန်တယ်...

02/08/2026

ပရီမီယံအဆင့်မီ အကြမ်းခံနိုင်ရည်ဒီဇိုင်း၊ စွမ်းအားမြင့် 6500 mAh BuleVolt ဘတ်ထရီတို့ ပါဝင်သည့် vivo Y11d ကို ဗားရှင်း (၂)မျိုးဖြင့် စတင်ဝယ်ယူနိုင်ပါပြီ

နည်းပညာထိပ်တန်းကုမ္ပဏီဖြစ်သော vivo သည် နောက်ဆုံးထွက် Y စီးရီးတစ်ခုဖြစ်သော vivo Y11d ကို ဗားရှင်း (၂)မျိုးဖြင့် စတင်မိတ်ဆက်လိုက်သည်။ Y စီးရီး ၏ ဆောင်ပုဒ်ဖြစ်သော “Y So Powerful. Y So Cool” ဆိုသည့်အတိုင်း စတိုင်ကျလှပပြီး အကြမ်းခံနိုင်သော ဒီဇိုင်းနှင့် တစ်နေ့တာလုံး အသုံးခံနိုင်မည့် ဘတ်ထရီကို Y11d တွင် ပေါင်းစပ်ထားသည်။ နေ့စဉ်ဘဝတွင် တစ်နေ့တာလုံး ဖုန်းအသုံးပြု၍ အလုပ်လုပ်ကိုင်နေရသောသူများအတွက် စိတ်ချယုံကြည်ရသော လုပ်ဆောင်ချက်၊ သပ်ရပ်စတိုင်ကျသော ဒီဇိုင်း နှင့် ချောမွေ့မြန်ဆန်သောအတွေ့အကြုံများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

နေ့စဉ်ဘဝအတွက် စိတ်ချယုံကြည်ရသော ကြာရှည်ခံနိုင်သည့် စွမ်းဆောင်ရည်ပြည့် ဘတ်ထရီ
စွမ်းအားမြင့် 6500 mAh BlueVolt ဘတ်ထရီပါဝင်သောကြောင့် တစ်နေ့တာလုံးကို ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊လုပ်ငန်းတာဝန်လုပ်ဆောင်ရာတွင် အတားအဆီးမရှိပဲ လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ (၄၈) နာရီကျော် ဗီဒီယိုကြည့်နိုင်ခြင်း၊ နာရီ (၇၀) ကျော် သီချင်းနားထောင်နိုင်ခြင်း၊ ဆိုရှယ်မီဒီယာကို (၃၈) နာရီကျော်အသုံးပြုနိုင်ခြင်းနှင့် လမ်းညွှန်အသုံးပြုခြင်းအတွက် (၉)နာရီကျော် ကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ စွမ်းအင်မြင့်မားသောဒီဇိုင်းနှင့် အဆင့်မြင့်ဘတ်ထရီကျန်းမာရေး စောင့်ကြည့်သည့်စနစ်တို့ကြောင့် ကြာရှည်ခံနိုင် သော ဘတ်ထရီလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးသည်။

လက်တွေ့ကျသောလုပ်ဆောင်ချက်များအတွက် အကြမ်းခံနိုင်သော ဒီဇိုင်း
နေ့စဉ်ဘဝရဲ့လုပ်ဆောင်ချက်တိုင်းအတွက် စိတ်ချရသော ဒီဇိုင်းကို တည်ဆောက်ထားပြီး ဖုန်ဒဏ်နှင့် ရေဒဏ် ခံနိုင်ရည် IP 65 rating ပါဝင်သည့်အပြင် Military Grade Shock Resistance အကြမ်းခံနိုင်ရည်အဆင့်နှင့် SGS 5-Star Drop Resistance အသိအမှတ်ပြုလက်မှတ်တို့ရရှိထားသည်။ ကျစ်လျစ်ပြီး အသုံးဝင်သည့် ဒီဇိုင်းလုပ်ဆောင်ချက်အပြင် ဘေးဘက်တွင် လုံခြုံမြန်ဆန်သောလက်‌ဗွေစနစ်တပ်ဆင်ထားသည်။ အနောက်ဘက်ဒီဇိုင်းကို အကြမ်းခံနိုင်ရည်ဒီဇိုင်းနှင့် လက်ထဲတွင် သက်သောင့်သက်သာရှိစေရန် ပေါင်းစပ်ထုတ်လုပ်ထားသည်။

ကြည့်ရှုမှုအတွေ့အကြုံတွေအတွက် ရှင်းလင်းချောမွေ့သည့် မျက်နှာပြင်
Y11d ၏ မျက်နှာပြင်သည် ၆.၇၄ လက်မရှိပြီး 120Hz refresh rate ပါဝင်သောကြောင့် အက်ပလီကေးရှင်းများ အသုံးပြုရာတွင် ချောမွေ့မြန်ဆန်စေသည့် အတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။ 1200nits အလင်းအားသည် နေရောင်အောက်ဖုန်းသုံးစွဲရာမှာလည်း ကြည်လင်ရှင်းလင်းသော ဖုန်းမျက်နှာပြင်ကို ထိန်းထားပေးသည်။ မျက်စိထိခိုက်မှုမှကာကွယ်ပေးသည့် TÜV Rheinland Low Blue Light Certification ကို ရရှိထားသောကြောင့် အချိန်ကြာကြာဖုန်းသုံးစွဲမှုများအတွက်လည်း မျက်လုံးကို သက်သောင့်သက်သာ ဖြစ်စေမည်။

နေ့ရက်တိုင်းရဲ့အခိုက်အတန့်များကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်စေမည့် 50MP ကင်မရာ
vivo Y11d တွင် ပါဝင်သော 50MP ပင်မကင်မရာသည် တစ်နေ့တာရဲ့ အခိုက်အတန့်များကို ကြည်လင်ပြတ်သား သော ပုံရိပ်များအဖြစ် အမိအရ မှတ်တမ်းတင်ထားနိုင်မည်ဖြစ်သည်။ ထို့အပြင် Night ၊ Portrait ၊ Pro ၊ Time-lapse နှင့် Live Photo တို့ကဲ့သို့သော လုပ်ဆောင်ချက်စနစ်များသည် မတူညီသောအခြေအနေ အမျိုးမျိုးအတွက် အားစိုက်စရာမလိုပဲ လွယ်ကူမြန်ဆန်စွာ ပေါ့ပေါ့ပါးပါးရိုက်ကူးနိုင်မည်ဖြစ်သည်။

ဝယ်ယူရရှိနိုင်မည့်သတင်းအချက်အလက်
vivo Y11d ကို‌ အရောင်အနေဖြင့် တောင်ထိပ်တွေ မနက်ခင်းနေရောင်ခြည်ဖြာကျနေသောအသွင်နှင့် ပလက်တီနမ်၏ ဝင်းလက်ကျော့ရှင်းမှုကို ပေါင်းစပ်ထားသည့် Platinum White အရောင်နှင့် နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသည့် ပင်လယ်ပြင်အနက်ပိုင်း၏ အသွင်ကို ပုံဖော်ထားသည့် Voyage Black အရောင်၊ အရောင် (၂) ရောင်ဖြင့်ရရှိမည်ဖြစ်သည်။

vivo Y11d ကို သိုလှောင်ပမာဏ (4+128) GB ကို မြန်မာငွေ ၉၉၉,၈၀၀ ကျပ်၊ (6+128) GB ကို မြန်မာငွေ ၁,၁၉၉,၈၀၀ ကျပ် ဗားရှင်း (၂)မျိုးဖြင့် ဩဂုတ်လ(၁)ရက် နေ့မှ စတင်၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo အရောင်းကောင်တာရှိသော မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

26/07/2026

vivo V70 Review: Flagship နီးနီးရှိလာတဲ့ Mid-range ဖုန်း

Mid-range စမတ်ဖုန်းတွေဟာဆိုရင် အချင်းချင်းပြိုင်ဆိုင်နေတဲ့အဆင့်ကို ကျော်ပြီး Flagship ဖုန်းတွေနဲ့ပါ ယှဉ်ပြိုင်လာနိုင်တဲ့အဆင့်ကို ရောက်လာပြီလို့ပြောလို့ရပါတယ်။ SOC ရဲ့ limitation ကြောင့် mid-range အနေနဲ့ရှိနေကြတဲ့ဖုန်းတွေဖြစ်နေကြတာပါ။

ဒီနေ့ Review လုပ်ပေးမယ့် vivo V70 ကတော့ Flagship ဖုန်းတွေမှာသာ တွေ့ရလေ့ရှိတဲ့ ZEISS Camera System, Ultrasonic Fingerprint Sensor နဲ့ IP68/IP69 Rating တွေထည့်ပေးထားတာကြောင့် mid-range စမတ်ဖုန်းတစ်လုံးထက် ပို ပြီး flagship စမတ်ဖုန်း နီးနီးကို ပေးနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဒါဆို vivo V70 က သူ့ဈေးတန်းထဲမှာ တကယ်ရော ဝယ်သင့်တဲ့ဖုန်းလားဆိုတာ ကြည့်လိုက်ကြရအောင်။

Design & Display
vivo V70 က 6.5 လက်မ AMOLED Display ကို 120Hz Refresh Rate သုံးပေးထားပါတယ်။ OLED Display ရဲ့ အရောင်ထွက်ပိုင်းက ကောင်းသလို Refresh Rate မြင့်တာကြောင့် Social Media အသုံးပြုတာ၊ ဂိမ်းဆော့တာနဲ့ Video ကြည့်တဲ့အချိန်တွေမှာ တကယ်ကောင်းတဲ့ Experience တစ်ခုကို ပေးနိုင်ပါတယ်။

Design ပိုင်းမှာတော့ vivo V70 က Premium Feel ကို အဓိကထားဖန်တီးထားတဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ ပါးလွှာတဲ့ ကိုယ်ထည်နဲ့ ပေါ့ပါးတဲ့ အလေးချိန်ကြောင့် လက်ထဲမှာ ကိုင်ရတာ သက်တောင့်သက်သာရှိပြီး flagship ဖုန်းတချို့လို အရမ်းထူပြီး အလေးချိန်များတာမျိုး မခံစားရပါဘူး။

ဒါပေမယ့် display ဘေးဘောင်တွေကတော့ premium mid-range ဖုန်းတစ်လုံးအနေနဲ့ ပါးလာတာမှန်ပေမယ့် flagship ဖုန်းတွေလို လေးဘက်ညီညီ Uniform Bezel မဟုတ်တာတော့ အဆင်မပြေဘူးလို့မြင်တယ်။ Nothing Phone (3a) လို ဖုန်းတောင် Uniform Bezel ကို လုပ်ပေးနိုင်တဲ့အချိန်မှာ vivo က ဒီ premium ဖုန်းမျိုးကိုပါ လုပ်ပေးသင့်တယ်လို့ထင်တယ်။

ဒါ့အပြင် IP68/IP69 Rating ပါဝင်တာကြောင့် ဖုန်ဝင်ခြင်းနဲ့ ရေစိုခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိုးရေထဲမှာ အသုံးပြုရတာပဲဖြစ်ဖြစ်၊ မတော်တဆ ရေစိုသွားတာမျိုးပဲဖြစ်ဖြစ် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

ဒီ vivo V70 က Samsung mid-range ဖုန်းတွေလို Gorilla Glass ကို တိုက်ရိုက်အသုံးမပြုတာများပေမယ့် Gorilla Glass 7i နဲ့ အလားတူအဆင့်ရှိတဲ့ Glass Protection ကို အသုံးပြုပေးထားပါသေးတယ်။ Gorilla Glass Victus သုံးထားတဲ့ Samsung Galaxy A Series နဲ့ ယှဉ်ရင်တော့ ဒီတစ်ချက်မှာ Samsung က အနည်းငယ် ပိုအားသာပါတယ်။

Camera
Camera ကတော့ vivo V70 ရဲ့ အကြီးမားဆုံးအားသာချက်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ vivo ရဲ့ Flagship X Series တွေမှာသာ တွေ့ရလေ့ရှိတဲ့ ZEISS Camera System ကို V Series မှာပါ ထည့်သွင်းပေးလာတာကြောင့် Mid-range ဖုန်းမှာ ပြိုင်ဘက်တွေထက် သာသွားပါတယ်။

Camera သုံးလုံး ပါဝင်ပေမယ့် သူများတွေလို Macro Camera ကို ထည့်ပေးထားတာမဟုတ်ပဲ Main Camera၊ Ultra-wide Camera နဲ့ Telephoto Camera တို့ကိုထည့်ပေးထားတာက အားရစရာပါပဲ။

Performance
vivo V70 မှာက တခြား mid-range တွေလို Media Tek chipset ကိုမသုံးပေးပဲ Snapdragon 7 Gen 4 Chipset ကို အသုံးပြုထားပါတယ်။ ပြီးတော့ မြန်မာပြည်ဈေးကွက်အတွက် 12/256GB ကို တင်သွင်းရောင်းချထားတာကြောင့် Multitasking လုပ်တာ၊ App အများကြီးဖွင့်ထားတာနဲ့ Storage အတွက်လည်း စိတ်ပူစရာမလိုပါဘူး။

Benchmark Score အရတော့ တန်းတူ Mid-range Chipset တွေနဲ့ Performance က သိပ်မကွာပေမယ့် Snapdragon ဖြစ်တာကြောင့် Game Optimization နဲ့ App Compatibility ပိုင်းမှာ အားသာချက်ရှိတာပေါ့။

Stereo Speaker ပါဝင်တာကြောင့် Gaming နဲ့ Movie ကြည့်တဲ့အချိန်မှာ အသံထွက်က ပိုပြီးအားကောင်းပြီး Entertainment Experience ကိုလဲ မြှင့်တင်ပေးပါသေးတယ်။

Security & Software
vivo V70 ရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ Ultrasonic Fingerprint Sensor ပါ။

ဒီ Feature ကို Mid-range ဖုန်းတွေမှာ တွေ့ရခဲပြီး Flagship ဖုန်းတွေမှာသာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ Optical Fingerprint Sensor နဲ့ ယှဉ်ရင် Unlock လုပ်တဲ့အချိန်မှာ ပိုမြန်သလို၊ လက်ချောင်းရေစိုနေတာမျိုးမှာလည်း ပိုပြီးတိကျစွာ အလုပ်လုပ်နိုင်ပါတယ်။

Software အနေနဲ့ Android 16 ကို OriginOS နဲ့ တွဲဖက်အသုံးပြုပေးထားပြီး Major Android Update 4 နှစ် ရရှိတဲ့အပြင် Security Update ကလဲ 6 နှစ် ရရှိဦးမှာဖြစ်ပါတယ်။

Battery & Charging
ကျွန်တော် သဘောကျတဲ့အချက်ကတော့ ဒီလိုပါးလွှာတဲ့ Design ကို 6,500mAh Battery ကို ထည့်ပေးထားတာပါပဲ။ Battery ကြီးတဲ့ဖုန်းတွေက အများအားဖြင့် ထူပြီးလေးတတ်ပေမယ့် vivo V70 ကတော့ ပေါ့ပေါ့ပါးပါးရှိတဲ့ဖုန်းပါပဲ။

အားသွင်းပိုင်းမှာလည်း 90W Fast Charging ကို Support ပေးရုံသာမက Charger ကိုပါ ဗူးထဲမှာ တစ်ခါတည်း ထည့်ပေးထားတာက အားရစရာကောင်းတဲ့အချက်ပါ။

အချုပ်ပြောရရင် vivo V70 က mid-range စမတ်ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးဆိုပေမယ့် သူမှာပါတဲ့ features တွေဖြစ်တဲ့ ZEISS Camera၊ Ultrasonic Fingerprint Sensor၊ IP68/IP69 Rating၊ Snapdragon Chipset၊ 12GB RAM + 256GB Storage နဲ့ 90W Fast Charging တို့ကတော့ လက်ရှိ premium mid-range စမတ်ဖုန်းထဲမှာ ပေးရတာနဲ့တန်တယ်လို့ပြောလို့ရပါတဲ့ဖုန်းပါပဲ။ ဒီ 2026 ရဲ့ နှစ်လယ်အထိမှာတော့ အရွေးချယ်သင့်ဆုံး premium mid-range စမတ်ဖုန်းဆိုလဲမမှားပါဘူး။

Photos from Tech Hub's post 22/07/2026

Design သုံးမျိုးနဲ့လာတဲ့ Samsung Galaxy Z series: First Impression

2026 ရဲ့ နှစ်လယ်ရောက်ပြီဆိုတော့ Samsung ကလဲ သူ့ရဲ့ နောက် flagship တစ်ခုဖြစ်တဲ့ Galaxy Z series ကိုကြေညာတဲ့အချိန်လဲ ရောက်လာတာပေါ့။ ဒီနှစ်မှာတော့ Samsung က Z series ကို Z Fold နဲ့ Z Flip ဆိုပြီး နှစ်မျိုးထဲမဟုတ်တော့ပဲ Z Fold Ultra ဆိုပြီး Ultra ဖုန်းတစ်လုံးပါထပ်ထုတ်လာပါတယ်။ Z Fold Ultra ထွက်လာတယ်ဆိုပေမဲ့ ဒီ Z Fold Ultra က ကျွန်တော်တို့ ပုံမှန်မြင်တွေ့ရတဲ့ Z Fold ကို Ultra ပြောင်းလိုက်ပြီး ပုပုသေးသေးဖုန်းကိုတော့ Z Fold လို့ခေါ်လိုက်ပါတယ်။ ဒီ Samsung Galaxy Z 8 series က မြန်မာနိုင်ငံမှာ ဘယ်တော့ဝယ်လို့ရမလဲနဲ့ ဘယ်လောက်ကျမလဲတော့ မသိရသေးပေမဲ့ ဘာတွေကွာသွားလဲဆိုတာ အရင်ကြည့်ရတာပေါ့။

Samsung Galaxy Z Fold 8
Samsung Galaxy Z Fold 8 ကတော့ ပုံမှန်တွေ့နေကျ Samsung Galaxy Z Fold မျိုးမဟုတ်တော့ပဲ Huawei Pura X Max လို ပုပုကျယ်ကျယ် ဒီဇိုင်းနဲ့လာပါတယ်။ ဒီဇိုင်းက ပုပုလေးဖြစ်သွားတာရယ်၊ နောက်ပြီး Ultraလဲ ထွက်လာတော့ ဒီ Galaxy Z Fold 8 က Z Flip လိုပဲ ကင်မရာ နှစ်လုံးပဲပါလာတယ်။ ထုံးစံတိုင်းပဲ telephoto မပါဘူးပေါ့။ ဒါပေမဲ့ အဲ့ကင်မရာ နှစ်လုံးလုံးကတော့ 50 MP နဲ့လာပါတယ်။ သူက ဒီဇိုင်းမှာ ပုပုလေးဖြစ်သွားပေမဲ့ Galaxy Z Fold 7 ထက် ဘက်ထရီပိုများတယ်(4,800 mAh ပါတယ်ပြောတယ်) ၊ ပိုလဲပေါ့သေးတယ်။ အထူကတော့ ဖြန့်ထားလိုက်ရင် Galaxy Z Fold 7 ထက် 0.3mm လောက် မသိမသာလေး ပိုထူသွားပါတယ်။ ကိုင်ရတာတော့လေ ဒီ Galaxy Z Fold 8 က Galaxy Z Fold 8 Ultra ထက်တော့ ပိုကိုင်လို့ကောင်းတယ်။ ပြီးတော့ ကျန်တဲ့သူတွေအမြင်တော့မသိဘူး ကျွန်တော်ကိုင်ကြည့်တာ ဒီ Z Fold 8 ရဲ့ ခေါက်ရာကလဲ Z Fold 8 Ultra လောက်မမြင်ရသလို ခေါက်ရာကိုကိုင်ရင်လဲ Z Fold 8 Ultra လောက်မသိသာဘူး။ Fold 8 ဆိုတော့ Snapdragon 8 Elite Gen 5 for Galaxy နဲ့လာပြီး အရင် Fold နဲ့ Flip လိုပဲ IP48 ရေစိုခံလဲ ပါပါသေးတယ်။

Samsung Galaxy Z Fold 8 Ultra
Samsung Galaxy Z Fold 8 Ultra ကတော့ Samsung Galaxy Z Fold 7 နဲ့မကွာဘူး ကြားမှာ model အသစ်လာတော့ သူက Ultra ဖြစ်သွားတာပေါ့။ ဘာတွေကွာသွားလဲဆိုတော့ ဖုန်းအသစ်ဖြစ်သွားလို့ Snapdragon 8 Elite Gen 5 for Galaxy ဖြစ်သွားတယ်။ ကင်မရာပိုင်းမှာကတော့ ultra wide ကို 50MP ပြောင်းပေးလာတယ်။ ဖုန်းကတော့ Z Fold 7 ထက်ပိုပါးသွားပေမယ့် ဘက်ထရီကတော့ 5,000 mAh ပါလာပါတယ်။ ပြီးတော့ ခေါက်ရာကလဲ သိပ်မသိသာတော့သလို hinge လို့ခေါ်တဲ့ ပတ္တာ ကလဲ Z Fold 7 လိုအရမ်းကြပ်တာမျိုးမရှိတော့ဘူး။ ကျန်တာကတော့ software ပိုင်းမှာ Galaxy S26 Ultra ရဲ့ AI တို့ ကင်မရာ feature အသစ်တွေပါလာတာပေါ့။ Z Fold 8 လိုမျိုးတော့ ကြီးကြီးမားမားတော့ ပြောင်းလဲမှုမရှိသေးဖူးတော့ပြောလို့ရပါတယ်။

Samsung Galaxy Z Flip 8
Samsung Galaxy Z Flip 8 ကလဲပဲ သိသိသာသာ ပြောင်းလဲမှုတော့မရှိတဲ့အပြင် chipset ကလဲ မနှစ်က Z Flip 7 လိုပဲ Exynos နဲ့ပဲလာပါတယ်။ Z Fold 8 နဲ့ Z Fold 8 Ultra လိုပဲ ခေါက်ရာက Z Flip 7 လို သိပ်မသိသာတော့ဘူး။ ပြီးတော့ hinge ကလဲ Z Flip 7 ထက်ပေါ့သွားတယ်။ Z Flip 7 မှာ hinge က ပိုခိုင်အောင်လုပ်လိုက်လို့လားမသိဘူး ဖွင့်ရတာ နည်းနည်းကြပ်သလိုဖြစ်တယ်။ အထူးသဖြင့် လက်တစ်ဖက်နဲ့ ဖွင့်တဲ့အခါပေါ့။ software ပိုင်းမှာ Galaxy S26 လို AI တို့ ကင်မရာ feature အသစ်တွေပါလာပေမယ့် ကျန်တာတော့ သိသိသာသာပြောင်းလဲမှု မရှိပါဘူး။

ဒီ Samsung Galaxy Z 8 series ရဲ့ အသေးစိတ်တွေကိုတော့ review ကြရင်ပြန်လည်ပြောပေးသွားပါမယ်။

Photos from Tech Hub's post 21/07/2026

အသုံးဝင်တဲ့ စွမ်းအားပြည့် AI လုပ်‌ဆောင်ချက်တွေ ပါဝင်မှုကြောင့် တစ်နေ့တာလုံး ကြည့်ရှုအသုံးပြုရင်တောင် သက်သောင့်သက်သာဖြစ်စေမဲ့ OPPO Pad Air 5

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က ဒီနေ့မှာတော့ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေပါရှိသလို ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်၊ မြင့်မားလှတဲ့ အရည်အသွေး ပါရှိတဲ့ ရုပ်ထွက်ပိုင်း နဲ့ အသံပိုင်းအခြေအနေ၊ စွမ်းအားပြည့် AI လုပ်ဆောင်ချက်တွေကို အသုံးပြုလာနိုင်မဲ့ မှတ်စုမှတ်သားခြင်းစနစ်နဲ့ ပိုမိုထိရောက်တဲ့ အချက်အလက်လွှဲပြောင်းကူးယူမှု အစရှိတဲ့ နေ့စဉ်သုံး စွမ်းရည်တွေအတွက် အထူး အဆင်ပြေအောင် ဖန်တီးထားတဲ့ OPPO Pad Air 5 ကို ၂,၇၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။

၁၂.၁ လက်မ ရှိပြီး 2.8K Eye-Comfort Display ပါရှိလာတဲ့ OPPO Pad Air 5 ဟာ Screen Time ကြာရှည်မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်စိညောင်းညာပင်ပန်းမှုတွေကို လျှော့ချပေးကာ ရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ကိုပါ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် 10,050mAh အရွယ်အစားရှိ ကြီးမားကာ ကြာရှည်ခံတဲ့ ဘက်ထရီနဲ့ Quad-Speaker Immersive Sound System တို့ ပါဝင်တဲ့အတွက် စာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းနှင့် ဖျော်ဖြေရေးအတွက် အချိန်ကြာမြင့်စွာ အနှောင့်အယှက်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် Cross-Platform Connectivity စွမ်းရည်ဖြင့် OPPO နဲ့ iOS device တွေအကြား အချက်အလက်ဒေတာတွေကို အချိန်နဲ့ တစ်ပြေးညီ ချောမွေ့စွာ လွှဲပြောင်းအသုံးပြုနိုင်တာကြောင့် ဘယ်လိုနေရာမျိုးမှာမဆို ချိတ်ဆက်အသုံးပြုနိုင်ပြီး လုပ်ငန်းဆောင်တာတွေကိုလဲ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အသက်သာဆုံးခံစားမှုကို‌ပေးစွမ်းနိုင်မဲ့ ကြည့်ရှုနိုင်မှုအသွင်အပြင်နဲ့ တစ်နေ့တာလုံး အသုံးပြုနိုင်မဲ့ ဘက်ထရီစွမ်းဆောင်ရည်
စာဖတ်ခြင်း၊ Video Streaming ကြည့်ရှုခြင်းနဲ့ အချိန်ကြာမြင့်စွာ စာလေ့လာခြင်းတို့အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ OPPO Pad Air 5 မှာ ၁၂.၁ လက်မ ပါရှိတဲ့ 2.8K Eye-Comfort Display အပြင် စာအုပ်တစ်အုပ်ရဲ့ အချိုးအစားနဲ့ ဆင်တူတဲ့ 7:5 Aspect Ratio ကို အသုံးပြုထားတာကြောင့် အဆင့်မြင့် ကြည့်ရှုခံစားနိုင်မှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Hardware အဆင့် Low Blue Light နည်းပညာနဲ့ Flicker-Free Display စွမ်းဆောင်ရည်တို့ ပါဝင်တဲ့အတွက် OPPO Pad Air 5 ဟာ ကမ္ဘာတစ်ဝန်းမှာဆိုရင် TÜV Rheinland Intelligent Eye Care 4.0 Certification ကို ရရှိထားတဲ့ OPPO ရဲ့ ပထမဆုံး Tablet ဖြစ်ပြီး၊ အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမှာတောင် မျက်စိပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် OPPO Pad Air 5 မှာ ပါရှိတဲ့ Pastel Mode ကို ရွေးချယ်အသုံးပြုနိုင်ပြီး မြင်တွေ့နေရဲ့ အရောင်တွေကို ပိုမိုနူးညံ့တဲ့အသွင်ကို ပြောင်းလဲစေနိုင်ကာ စာရွက်ပေါ်မှာ ဖတ်ရှုနေရသလိုမျိုးကို သဘာဝကျတဲ့ အတွေ့အကြုံကို ခံစားရရှိနိုင်စေမှာဖြစ်ပါတယ်။

ဖျော်ဖြေရေးအတွေ့အကြုံကို ပိုမိုပြည့်စုံစေနိုင်ဖို့အတွက် Speaker ၄ လုံးပါရှိတဲ့ Quad-Speaker Immersive Sound System က ကြည်လင်ပြည့်ဝငြိမ်သက်တဲ့ အသံထွက် အရည်အသွေးကို ပေးစွမ်းပြီး Dolby Vision နည်းပညာကလဲ အသံထွက်စနစ်နဲ့ လိုက်ဖက်ညီကာ ပိုမိုအသက်ဝင်တဲ့ ရုပ်ထွက်အရည်အသွေးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေ၊ Series တွေသာမက Online ကနေ ပို့ချတဲ့ သင်ခန်းစာတွေကို အိမ်မှာ ဖြစ်စေ၊ ကျောင်းဝင်းအတွင်းမှာ ဖြစ်စေ၊ သွားလာနေစဉ်အချိန်မှာပဲ ဖြစ်စေ ကြည်လင်ပြတ်သားတဲ့ ရုပ်သံတင်သာမက အသံအရည်အသွေးဖြင့်ပါ ခံစားနိုင်မှာဖြစ်ပါတယ်။

ဒါတင်သာမက ကြီးမားတဲ့ ဘက်ထရီနဲ့ အမြန်အားသွင်းစနစ်တို့ ပါရှိလာတဲ့ OPPO Pad Air 5 ဟာ စာဖတ်ခြင်း၊ Video ကြည့်ရှုခြင်းနဲ့ အခြားသော ခေတ်မီ ဖန်တီးမှုလုပ်ငန်းအပိုင်းတွေမှာ စိတ်ချယုံကြည်စွာနဲ့ အချိန်ကြာမြင့်စွာ ဆောင်ရွက်နိုင်ရန် ဒီဇိုင်းထုတ်ဖန်တီးထားတာဖြစ်ပါတယ်။ 10,050mAh အထိ ပါရှိလာတဲ့ ဘက်ထရီဟာ ဗီဒီယို ကြည့်ရှုနှုန်းကို ၁၅ နာရီကျော် ဆက်တိုက်ကြည့်ရှုနိုင်ပြီး၊ အသံနားထောင်ဖို့ဆိုရင် ၅၃ နာရီအထိ ဆက်တိုက် အသုံးပြုနိုင်ရုံသာမက ဆက်တိုက် အသုံးပြုမယ်ဆိုရင်တောင် ရက်ပေါင်း ၆၀ အထိ အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် TÜV SÜD 48-Month Class A Fluency Certification ကိုလဲ ရရှိထားတာကြောင့် OPPO Pad Air 5 ဟာ လေးနှစ်တာကာလအတွင်း ချောမွေ့တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။

AI စွမ်းရည်နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း
OPPO Pad Air 5 ဟာ နေ့စဉ် စာသင်ယူခြင်းနဲ့ အလုပ်လုပ်ခြင်းတွေကို ပိုမိုထိရောက်စေဖို့အတွက် AI ကို အသုံးပြုပြီး မိမိရဲ့ မှတ်စုကို ပြန်လည် ရေးသားပြုစုနိုင်မဲ့ AI-Powered Note-Taking စွမ်းရည်တွေကို ထည့်သွင်းပေးထားပြီး၊ သုံးစွဲသူတွေရဲ့ စိတ်ကူးအကြံဉာဏ်တွေကို လွယ်ကူလျင်မြန်စွာ မှတ်တမ်းတင်ပြီးနောက် ပိုမို အသုံးဝင်တဲ့ အကြောင်းအရာတွေ ဖြစ်လာအောင် ပြောင်းလဲတဲ့နေရာမှာ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် အသံသွင်းထားတဲ့ အသံသွင်းမှတ်တမ်းပေါ် မူတည်ပြီး အတိုချုံးဖြစ်စဉ်ကို ပြန်လည်ဖော်ပြပေးတဲ့ AI Recording Summary ၊ ဘေးက ဆူညံသံတွေကို လျှော့ချပေးတဲ့ AI Noise Reduction ၊ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ခြင်းကို အမှန်ကန်ဆုံးဆောင်ရွက်ပေးနိုင်မဲ့ Real-Time Role-Based Transcription ၊ ယနေ့ခေတ် လူမှုကွန်ရက်မှာ ပိုအသုံးဝင်လာမဲ့ Smart Title Generation နဲ့ မတူညီတဲ့ အမျိုးမျိုးသော Multiple Summary အစရှိတဲ့ လက်တွေ့ဘဝမှာ အမှန်တကယ်အသုံးဝင်တဲ့ AI လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ပေးထားတာကြောင့် ကြာရှည်ချိန် ရှည်လျားတဲ့ သင်ခန်းစာတွေနဲ့ အစည်းအဝေးတွေကိုတောင် အချိန်တိုအတွင်း အကျဉ်းချုပ်ပြီး လွယ်ကူစွာ ပြန်လည်မှတ်တမ်းတင်နိုင်မဲ့ မှတ်တမ်းတွေအဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့လဲ လေ့လာနေစဉ်အတွင်းမှာတင်ပဲ မိမိအတွက် လိုအပ်တဲ့အချက်အလက်တွေကို ပိုမိုမြန်ဆန်စွာ ရှာဖွေနိုင်သလို မိမိရဲ့ အာရုံစူးစိုက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် OPPO Pad Air 5 ဟာ AI Search အမည်ရ AI လုပ်ဆောင်ချက်ကိုပါ ပံ့ပိုးပေးထားပြီး လက်ဖြင့်ရေးသားထားတဲ့ မှတ်စုတွေ တင်သာမက မိမိရဲ့ စမတ်ဖုန်းတွေထဲ မှတ်ထားတဲ့ မှတ်စုတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို အတိကျဆုံး ရှာဖွေဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။

အ‌ချောမွေ့ဆုံး ချိတ်ဆက် ဆက်သွယ်မှုများဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်စေမဲ့ OPPO Pad Air 5
OPPO Ecosystem အတွင်းသာမက iPhone ၊ Mac ၊ Windows PC ၊ Insta360 တို့နဲ့ပါ ချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်မဲ့ OPPO Pad Air 5 ဟာ ခေတ်မီတဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ရုံသာမက နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလဲ ယခင်ကထက် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ် ကွန်ရက်မျှဝေသုံးစွဲခြင်း OPPO Pad Air 5 နဲ့ OPPO စမတ်ဖုန်းတို့ကို တူညီတဲ့ OPPO Account ဖြင့် ဝင်ရောက်အသုံးပြုထားမယ်ဆိုပါက စက်နှစ်ခု နီးကပ်နေတဲ့အချိန်မှာ OPPO Pad Air 5 ဟာ OPPO စမတ်ဖုန်းက Mobile Data ကို ကိုယ်တိုင်ပင် Hotspot ဖွင့်ရန် မလိုအပ်ဘဲ အလိုအလျောက် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားနေစဉ်၊ ကျောင်းစာသင်ခန်းအတွင်း သို့မဟုတ် သွားလာနေချိန်တွေမှာလဲ အင်တာနက်ချိတ်ဆက်မှုကို အဆက်မပြတ် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် အချောမွေ့ဆုံး ချိတ်ဆက်ဆက်သွယ်အသုံးပြုနိုင်တဲ့ ကွန်ရက်ရှိခြင်းကြောင့် မှတ်စုရေးသား မှတ်သားခြင်းအတွေ့အကြုံကို ပိုမိုလွယ်ကူစေနိုင်ပြီး OPPO ဖုန်းဖြင့် ရိုက်ကူးထားသော စာသင်ခန်း မှတ်တမ်းပုံရိပ်တွေ ၊ အစည်းအဝေးမှတ်တမ်းတွေနဲ့ အခြားဓာတ်ပုံတွေကို OPPO Pad Air 5 မှာ ပါရှိလာတဲ့ Notes Application ထဲသို့ တစ်ချက်နှိပ်ရုံဖြင့် တိုက်ရိုက် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ အကြောင်းအရာများတွေကို စနစ်တကျ စုစည်းထားနိုင်ပြီး ကြီးမားတဲ့ မျက်နှာပြင်ပေါ်မှာ ပိုမိုအာရုံစိုက်ကာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

အချောမွေ့ဆုံး ချိတ်ဆက်ဆက်သွယ်အသုံးပြုနိုင်တဲ့ ကွန်ရက်နဲ့အတူ OPPO Pad Air 5 ဟာ iPhone သို့မဟုတ် iPad တို့အကြား ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ စာရွက်စာတမ်းတွေကို လွယ်ကူလျင်မြန်စွာ လွှဲပြောင်းနိုင်တာကြောင့် Ecosystem တစ်ခုတည်းအပေါ် မီခို အားပြု‌နေစရာမလိုဘဲ ဖိုင်တွေကို လွယ်ကူစွာ မျှဝေအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ခရီးသွား Vlog များ ဖန်တီးခြင်းနှင့် အချိန်တိုအတွင်း အမြန်ဆုံး ဗီဒီယို တည်းဖြတ်လိုသူတွေအတွက်လဲ Insta360 နဲ့ ရိုက်ကူးထားတဲ့မှတ်တမ်းတွေကို OPPO Pad Air 5 သို့ တိုက်ရိုက် လွှဲပြောင်းကာ OPPO Pad Air 5 ရဲ့ မျက်နှာပြင်ပေါ်တွမှာ ပြန်လည်စစ်ဆေးကြည့်ရှုခြင်း၊ ပြုပြင်ခြင်းနှင့် အချိန်တိုအတွင်း အမြန်ဆုံး ဗီဒီယို တည်းဖြတ်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေအားလုံးကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ကျစ်လစ်ရုံသာမက ပေါ့ပါးလှပတဲ့အပြင် ‌နေ့စဉ်တာဝန်တွေအတွက် အထူးတလည် ပိုပြီး အသုံးဝင်စေနိုင်မဲ့ AI လုပ်‌ဆောင်ချက်တွေပါဝင်မဲ့ OPPO Pad Air 5 ကို စမတ်ကျကျနဲ့ နေရာမရွေး လှပကာ ကျက်သရေ ရှိနေစေမဲ့ Starlight Black အရောင်ဖြင့် ထွက်ရှိလာပြီဖြစ်ပါတယ်။ သုံးစွဲသူတွေ စိတ်တိုင်းကျစေနိုင်မဲ့အပြင် ၂,၇၉၉,၉၀၀ ကျပ်ဖြင့် ရောင်းချသွားမှာဖြစ်တဲ့ OPPO Pad Air 5 နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official page - http://bit.ly/45Q2UQz ၊ Website -http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

07/07/2026

City Mart မှာ ဈေးဝယ်ပြီး စုထားတဲ့ City Rewards Points တွေက City Mart မှာ ပြန်သုံးရုံမဟုတ်ပဲ MPT ဖုန်းအတွက် data ပြန်ဝယ်သုံးလို့ရသေးတယ်နော်...

ဒါမျိုး membership reward points တွေကို တခြားသုံးလို့ရအောင် များများလုပ်ပေးကြရင်ပိုကောင်းမယ်...

Photos from Tech Hub's post 01/07/2026

ChatGPT ကို Viber တွင် စတင်အသုံးပြုနိုင်ပြီ

Rakuten Viber သည် ChatGPT လုပ်ဆောင်ချက်ကို လက်တစ်ကမ်းတွင် အလွယ်တကူ အသုံးပြုနိုင်အောင် ယူဆောင်ပေးလာပြီ ဖြစ်ပါသည်။ OpenAI နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများသည် Viber အက်ပလီကေးရှင်း (App) ထဲမှာပင် တိုက်ရိုက် ChatGPT ၏ AI စွမ်းဆောင်ရည်သုံး လုပ်ဆောင်ချက်များကို အခမဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

အဆိုပါလုပ်ဆောင်ချက်များကို Viber တွင် အသုံးပြုရန် နည်းပညာကျွမ်းကျင်သူဖြစ်ရန်မလိုအပ်ပဲ AI အကူအညီပေးစနစ်ကို တစ်ကြိမ်တစ်ခါမှမသုံးဖူးသူများအပါအဝင် မည်သူမဆို AI ကို အလွယ်တကူ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ ဓာတ်ပုံပြင်ဆင်ရန်ဖြစ်စေ၊ ကောင်းမွန်ပြည့်စုံသောစာတိုပေးပို့မှုတစ်ခု ရေးသားရန်ဖြစ်စေ သို့မဟုတ် ဟင်းချက်နည်းအသစ်များအတွက် စိတ်ကူးစိတ်သန်း ရှာဖွေရန်ဖြစ်စေ ဤလုပ်ဆောင်ချက်အသစ်များကို တစ်ချက်နှိပ်ရုံမျှဖြင့် အလွယ်တကူ အသုံးပြုနိုင်ပြီ ဖြစ်သည် (အသုံးပြုမှု အကြိမ်အရေအတွက် ကန့်သတ်ချက်များ ရှိပါသည်)။

နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမည့် လုပ်ဆောင်ချက်များ

ChatGPT ၏ AI စွမ်းဆောင်ရည်သုံး အောက်ပါလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံရှိ Viber အသုံးပြုသူအားလုံးအတွက် iOS နှင့် Android တို့တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး၊ ကွန်ပျူတာ (Desktop) ဗားရှင်းအတွက်လည်း မကြာမီ ရရှိနိုင်တော့မည် ဖြစ်ပါသည်-
ChatGPT ကို သီးသန့် Contact နှင့် Tab တစ်ခုအနေနှင့် Viber တွင် ရရှိနိုင်ခြင်း - ChatGPT ကို သီးသန့် Viber chat တစ်ခုအနေနှင့် အသုံးပြုနိုင်မည် ဖြစ်ပြီး သိလိုသည်များကို မေးမြန်းခြင်း၊ အချက်အလက်ရှာဖွေခြင်း၊ လုပ်ငန်းဆောင်တာများတွင် အကူအညီရယူခြင်း သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အသေးစိတ် စဉ်းစားတွေးတောခြင်းများအတွက် အခြား App တစ်ခုဖွင့်စရာမလိုဘဲ အသုံးပြုနိုင်ပါသည်။ စတင်အသုံးပြုရန် ChatGPT အကောင့် မလိုအပ်သော်လည်း အကောင့်အသစ်ဖွင့်ခြင်း သို့မဟုတ် Login ဝင်ခြင်းဖြင့် ပိုမိုမြင့်မားသော အသုံးပြုခွင့် ကန့်သတ်ချက်များကို တိုးမြှင့်ရယူနိုင်ပါသည်။
ChatGPT ကို မည်သည့် စကားပြောဆိုမှု (Conversation) တွင်မဆို Tag ပြုလုပ်၍ ဆွဲခေါ်အသုံးပြုနိုင်ခြင်း - စကားပြောဆို ဆွေးနွေးမှုများအတွင်း ChatGPT ကို ပါဝင်စေပြီး အကြံပြုချက်များ ရယူနိုင်ပါသည်။ ဥပမာ - အားကစားပွဲကြည့်ရန် နေရာကောင်းများအတွက် အကြံဉာဏ်လိုအပ်ပါက Private Chat သို့မဟုတ် Group Chat အတွင်း ကို ခေါ်ယူ၍ မေးမြန်းနိုင်ပါသည်။ မေးခွန်းများမေးမြန်းရန် “@” ကို ရိုက်ထည့်ပြီး Menu တွင် ပထမဆုံးပြသမည့် ChatGPT ကို ရွေးချယ်ရုံနှင့် အသုံးပြုနိုင်ပါသည်။ Chat အတွင်းရှိ မည်သူမဆို ChatGPT ၏ တုံ့ပြန်မှုကို ပြန်လည်ဖြေကြား (Reply) နိုင်သောကြောင့် စကားပြောဆိုမှုများ ပြတ်တောက်သွားခြင်းမရှိဘဲ ဆက်လက်ပြောဆိုနိုင်မည် ဖြစ်သည်။ ChatGPT ၏ တုံ့ပြန်မှုများကို အခြားသူများ၏ စာတိုပေးပို့မှုများနှင့် မတူညီအောင် ကွဲပြားစွာ ဖော်ပြပေးထားသောကြောင့် ChatGPT မှ ပေးပို့ထားခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပါသည်။ ထိုသို့ Tag ပြုလုပ်၍ ပေးပို့လိုက်သော မက်ဆေ့ဂျ်ကိုသာ ChatGPT နှင့် မျှဝေမည်ဖြစ်ပြီး စကားပြောဆိုမှု Chat အတွင်းရှိ အခြားအချက်အလက်များအား မျှဝေမည်မဟုတ်ပါ။
Image Remix လုပ်ဆောင်ချက်: ဤလုပ်ဆောင်ချက်ဖြင့် ဓာတ်ပုံများကို ပုံစံအသစ်အဖြစ် ပြန်လည်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ChatGPT Images လုပ်ဆောင်ချက်ဖြင့် ဓာတ်ပုံများကို တိုက်ရိုက် ပြင်ဆင်ခြင်းနှင့် စိတ်ကြိုက် ပြောင်းလဲခြင်းများကို တစ်ဦးချင်းနှင့် အဖွဲ့လိုက် Chat များအတွင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံ၏ စတိုင်ကို ပြောင်းလဲခြင်း၊ ထူးခြားဆန်းသစ်သော ပုံစံများ ထည့်သွင်းခြင်းများပြုလုပ်နိုင်ရုံသာမက သာမန်ဓာတ်ပုံတစ်ပုံကို ထူးခြားတဲ့ အထိမ်းအမှတ်နေ့ အမှတ်တရပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးနိုင်ပါသည်။ Viber တွင် အသင့်ဖန်တီးထားသော Template များကိုလည်း ထည့်သွင်းပေးထားသောကြောင့် ချက်ချင်းစတင်အသုံးပြုနိုင်ပါသည်။ Remix Button ကို နှိပ်ပြီး စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ဖန်တီးနိုင်မည်ဖြစ်သည်။
Link Summary လုပ်ဆောင်ချက် - မျှဝေထားသော Article၊ Blog Post သို့မဟုတ် Document တစ်ခု၏ အဓိကအချက်အလက်များကို ChatGPT က အကျဉ်းချုပ်ဖော်ပြပေးနိုင်ပါသည်။ မျှဝေထားသော Link အောက်ရှိ Button ကို နှိပ်ရုံဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး လုပ်ဆောင်ချက် ကို Group Chat အားလုံးတွင် Default အနေဖြင့် အလိုအလျောက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပြီးသား ဖြစ်သည်။
Chat Summary လုပ်ဆောင်ချက် - စာတိုပေးပို့မှုများပြားလှသော Group Chat များကို လွယ်ကူလျင်မြန်စွာ အမီလိုက် ဖတ်ရှုနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ တစ်ချက်နှိပ်ရုံဖြင့် ပြောဆိုထားသော အကြောင်းအရာများ၏ အကျဉ်းချုပ် (Private Summary) ကို ရရှိနိုင်ပြီး ထိုအကျဉ်းချုပ်ကို သုံးစွဲသူတစ်ဦးတည်းသာ မြင်နိုင်ပါသည်။ ကျောင်းခရီးစဉ် စီစဉ်ခြင်း သို့မဟုတ် လုပ်ငန်းတိုးတက်မှု နောက်ဆုံးအခြေအနေတင်ပြချက်များကို ပြန်လည်ကြည့်ရှုခြင်းကဲ့သို့သော လုပ်ဆောင်ချက်များတွင် အရေးကြီးအချက်အလက်များနှင့် သဘောတူညီထားသော လုပ်ဆောင်ချက်များကို လွဲချော်မှုမရှိစေရန် အနီးကပ် စောင့်ကြည့်နိုင်စေမည်ဖြစ်ပါသည်။
စာတိုများကို ကူညီအချောသတ်ပေးမည့် Polish Messages လုပ်ဆောင်ချက် - အရေးကြီးသည့်အကြောင်းအရာတစ်ခုကို မည်သို့ပြောဆိုရမည် မသေချာပါက Chat၊ Community သို့မဟုတ် Channel (Comment Thread များ မပါဝင်) အတွင်းရှိ Pen Icon ကို နှိပ်၍ ရေးသားထားသော အကြောင်းအရာကို ပိုမိုသင့်လျော်သော Tone ဖြစ်အောင် ပြုပြင်နိုင်ပြီး ရှင်းလင်းပြတ်သားမှုရှိအောင် ပြန်လည်ရေးသားနိုင်ပါသည်။ ဤလုပ်ဆောင်ချက် ကို အသုံးပြုထားကြောင်း အခြားသူများ မြင်နိုင်မည် မဟုတ်သောကြောင့် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
စာတိုပေးပို့မှုများကို ဘာသာပြန်ပေးမည့် Translate Message လုပ်ဆောင်ချက် - ဤလုပ်ဆောင်ချက်ဖြင့် ဘာသာစကား အတားအဆီးများကို ချက်ချင်းကျော်လွှားနိုင်ပါသည်။ အားလပ်ရက်ခရီးစဉ်အတွင်း ဒေသခံလုပ်ငန်းတစ်ခုနှင့် ဆက်သွယ်ရာတွင်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ၎င်း၏ မိခင်ဘာသာစကားဖြင့် မွေးနေ့ဆုတောင်းပေးလိုသည်ဖြစ်စေ၊ Pen Icon ကို နှိပ်ရုံဖြင့် ဘာသာပြန်သည့်လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။

အဆိုပါလုပ်ဆောင်ချက်များကို အသုံးပြုရန် Viber App ကို နောက်ဆုံးဗားရှင်း သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ Image Remix လုပ်ဆောင်ချက် ကို အသုံးပြုလိုပါက App အတွင်းမှ ChatGPT အကောင့်သို့ Login ဝင်နိုင်သလို၊ အခမဲ့ အကောင့်အသစ်တစ်ခုကို လွယ်ကူမြန်ဆန်သော တစ်ကြိမ်တည်း လုပ်ငန်းစဉ်ဖြင့် ဖွင့်ပြီးအသုံးပြုနိုင်ပါသည် (အခကြေးငွေပေးသွင်းရသော စာရင်းသွင်းအသုံးပြုမှု ပြုလုပ်ရန် မလိုအပ်ပါ)။ အခြား လုပ်ဆောင်ချက်များအားလုံးကိုလည်း အကောင့်အသစ် Registration သို့မဟုတ် Sign-up ပြုလုပ်စရာမလိုဘဲ ချက်ချင်းအသုံးပြုနိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နေ့စဉ် ဆက်သွယ်ပြောဆိုမှုတွေကို ပိုမိုလွယ်ကူစေပြီး စိတ်ကူးစိတ်သန်းတွေအတိုင်း ပိုမိုဖန်တီးနိုင်အောင် ဖော်ဆောင်ပေးချင်တာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။ “OpenAI နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံက အသုံးပြုသူများဆီ ChatGPT ကို ယူဆောင်လာနိုင်ခဲ့ပါပြီ။ အသုံးပြုသူတွေအနေနဲ့ ကိုယ်တိုင် တကူးတက ရှာဖွေအသုံးပြုမှု မလုပ်ဖြစ်ရင်တောင်မှ နေ့စဉ်ဘဝအတွက် အမှန်တကယ် အသုံးဝင်စေမယ့် အဖိုးတန်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တော့မှာပါ။ ပြီးပြည့်စုံတဲ့ Message တစ်စောင်ရေးဖို့ပဲဖြစ်ဖြစ်၊ ပုံတစ်ပုံကို Remix ပြုလုပ် ပြုပြင်ဖို့ပဲဖြစ်ဖြစ် အကြံဉာဏ်သစ်တွေကို ရှာဖွေချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုသူတွေနေ့တိုင်း သုံးနေတဲ့ App ထဲမှာတင် အသင့် စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

OpenAI ၏ VP and Head of Global Business Development ဖြစ်သူ Torben Severson ကလည်း “ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများက မက်ဆေ့ဂျ်ပေးပို့ ဆက်သွယ်မှုတွေမှာ ရှိနေတာပါ။ “ChatGPT in Viber” လုပ်ဆောင်ချက်နဲ့အတူ အသုံးပြုသူတွေအနေနဲ့ သင့်လျော်တဲ့ စကားအသုံးအနှုန်းတွေ ရွေးချယ်ရာမှစလို့ စာတိုတွေ အဆက်မပြတ်ပို့နေတဲ့ Chat တွေကို အမီလိုက် ဖတ်ရှုနိုင်ဖို့ကနေ ဓာတ်ပုံတွေ ပြုပြင်ဖို့အထိ အချိန်နှင့်တပြေးညီ အကူအညီတွေ ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကို လူများနေ့စဉ်အသုံးပြုနေတဲ့ App တစ်ခုဆီ ယူဆောင်လာနိုင်ဖို့ Rakuten Viber နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။” ဟု ပြောကြားခဲ့သည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် AI နည်းပညာကို အသုံးပြု၍ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူချောမွေ့စေရန် Rakuten Viber ၏ စဉ်ဆက်မပြတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ထို့အပြင် AI ကို အသုံးပြု၍ ဝန်ဆောင်မှုများ ထိရောက်မှု တိုးတက်စေရန်နှင့် ကမ္ဘာတစ်ဝှမ်းမှ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးအပ်ရန် ရည်ရွယ်သော Rakuten Group ၏ "Triple 20" Initiative ကိုလည်း အထောက်အကူပြုလျက်ရှိပါသည်။

26/06/2026

Apple ကလဲ Memory Chip ဈေးတွေတက်တာကြောင့် Apple products တွေ အကုန် iPhone ကလွဲလို့ ဈေးစတက်နေပါပြီ။ လက်ရှိ ဒီကလက်ကျန် ပစ္စည်းလေးတွေကတော့ ဈေးတက်တာမတွေ့သေးဖူး ဒါပေမဲ့ မကြာခင် ဒီမှာလဲ ဈေးတက်တော့မှာဖြစ်လို့ လိုအပ်ရင် အမြန်ဝယ်ဖို့တော့အကြံပေးပါတယ်။

photo crd: macrumors

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon