Pacific Gateway

Pacific Gateway

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pacific Gateway, Travel Agency, Yangon.

Photos from Pacific Gateway's post 01/03/2018

🙏🙏မဂၤလာပါရွင္🙏🙏

ကၽြန္မတို႔ Pacific Gateway မွ လူႀကီးမင္းတို႔အတြက္စိတ္ဝင္စားစရာ အစီအစဥ္ေလးတစ္ခုနဲ႔ မိတ္ဆက္ေပးပါရေစ
ခရီးသြားေဖာ္ကလည္း ႏွစ္ေယာက္တည္းရွိတယ္
အမ်ားအားတဲ့ရက္လည္းကိုယ္ကမအား
မေရာက္ဘူးတဲ့ နယ္ေျမစိမ္းေတြက်ေတာ့လည္း ကိုယ္ကမကၽြမ္း
ေရာက္ဖူးၿပီးသားေနရာေတြက်ေတာ့လည္း မသြားခ်င္
ကားေပၚမွာလည္း အခ်ိန္ေတြအၾကာႀကီးမကုန္ခ်င္
နီးနီးနားနားက်ေတာ့လည္း စိတ္မဝင္စား ....... အို လိုအင္ေတြမ်ား သိပ္မ်ားသြားလား
မပူပါနဲ႔ ...
" Pacific Gateway Travel & Tour ႏွင့္ Hotel Yadanar Aung Ban" တို႔၏ပူးေပါင္းစီစဥ္မွု
အရမ္းကို မိုက္တဲ့ ရွမ္းျပည္ေတာင္ပိုင္း ( အင္းေလး ကေလာ ပင္းတယ ေတာင္ႀကီး ) ခရီးစဥ္
ၾကာျမင့္ခ်ိန္ကလည္း ၂ ညအိပ္ ၃ ရက္ခရီးစဥ္ သြားခ်င္တဲ့ေန႔သာ ဖုန္းဆက္လိုက္ အဲ အနည္းဆုံးေတာ့ ႏွစ္ေယာက္ရွိရမယ္ေနာ္ (FA ေတြလည္း သူငယ္ခ်င္းနဲ႔ သြားေပါ့ )
ဟာ ႏွစ္ည အိပ္ ဆိုမွ ဟိုင္းေဝးကားေပၚမွာတင္ အခ်ိန္ကုန္ၿပီေတာ့ .... အဲ့ဒီလိုထင္ရင္ မွားသြားမွာေပါ့
ရန္ကုန္ ကေန ဟဲဟိုးအထိက ေလယာဥ္ပ်ံ နဲ႔ ေအးရာေအးေၾကာင္းေနာ္ ကဲဗ်ာ သက္ေသာင့္သက္သာေလးနဲ႔ မိသားစုသီးသန႔္ဘဲ ျဖစ္ျဖစ္ ခ်စ္ခ်စ္နဲ႔ ႏွစ္ေယာက္တည္း ျဖစ္ျဖစ္ ေဘာ္ဒါေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးဘဲ ျဖစ္ျဖစ္ ဟိုင္းေဝးကားေပၚမွာ ေစာင္ႀကီးျခဳံၿပီး ေကြးေနစရာမလိုေတာ့ဘူး ။
ေနကာမ်က္မွန္ေလးတပ္ၿပီး ေလယာဥ္မယ္ေလး လာခ်ေပးမယ္ orange juice ေလးကို သာသာယာယာ စတိုင္အျပည့္နဲ႔ ေသာက္ရင္း ကဲကဲ
ေအာ္ ေလဆိပ္ကို လာဖို႔လား စိတ္မပူပါနဲ႔ ဘာ Taxi မွာ ငွားေနစရာမလိုသလို ဘယ္သူငယ္ခ်င္းကိုမွလည္း လိုက္ပို႔ခိုင္းစရာမလိုဘူးဗ် အိမ္က ကားကို ျခင္ေထာင္ခ်ထားခဲ့
ကၽြန္မတို႔က လူႀကီးမင္းတို႔ အိမ္တိုင္ယာေရာက္အထိ လာေရာက္ ႀကိဳဆိုေခၚေဆာင္ေပးမွာ ကဲ အျပန္ ကိစၥပါ တစ္ခါတည္းေျပာရရင္လည္း အိမ္အထိ လိုက္ပို႔ေပးအုံးမွာရွင့္။

‼️ ‼️ကိုယ္သြားခ်င္တဲ့ရက္အတြက္ စိတ္ေအးရေအာင္ ေလယာဥ္လက္မွတ္ေသခ်ာဖို႔ အနည္းဆုံး ၃ ရက္ေလာက္ေတာ့ ဖုန္းႀကိဳဆက္ေပးေနာ္
ဟုတ္ပါၿပီ ရွမ္းျပည္ကိုေရာက္ရင္ ဘာေတြလုပ္ရမလဲဆိုတာေလးလည္း ဖတ္ၾကည့္ေပးပါအုံး

🔹Trip Schedule
🛫 🚘 🚤 Day 1
⁃ ရန္ကုန္ မဂၤလာဒုံေလဆိပ္မွ ရွမ္းျပည္နယ္ေတာင္ပိုင္း ဟဲဟိုးေလဆိပ္သို႔ ထြက္ခြာမွာျဖစ္ၿပီး အင္းေလးကန္၏သဘာဝအလွအပမ်ားကိုခံစားရင္း ေဖာင္ေတာ္ဦးဘုရားသို႔ ဖူးေမၽွာ္မွာျဖစ္ပါတယ္
ဘုရားမွအျပန္တြင္ ကေလာၿမိဳ႕ ေရႊဥမွင္ဘုရားႏွင့္ ႏွီးဘုရားသို႔ ဝင္ေရာက္ဖူးေမၽွာ္၍ ေအာင္ပန္းၿမိဳ႕ ရတနာေအာင္ပန္းဟိုတယ္မွာ ညအိပ္မွာျဖစ္ပါတယ္

🚘 Day 2
⁃ ဟိုတယ္တြင္ Breakfast သုံးေဆာင္ၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္းရဲ့နာမည္ႀကီး ဘဝသံသရာတံတားတြင္ သာယာလွပေသာရွုေမၽွာ္ခင္းမ်ားခံစားရင္း ေတာင္ႀကီးၿမိဳ႕နယ္မွ ေရွးေဟာင္းသမိုင္းဝင္ ေမြေတာ္ကကၠဴသို႔ သြားေရာက္ဖူးေမၽွာ္၍ ေတာင္ႀကီးၿမိဳ႕မေဈး စူဠာမုနိဘုရား ႏွင့္ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ေစတီ ဘုရားမ်ားသို႔ ဖူးေမၽွာၾကည္ညိဳကာ ရတနာေအာင္ပန္းဟိုတယ္သို႔ ျပန္လည္ထြက္ခြာမွာျဖစ္ပါတယ္

🚘 🛬 Day 3
⁃ Breakfast ကို ရတနာေအာင္ပန္းဟိုတယ္တြင္သုံးေဆာင္ကာ ရြာငံၿမိဳ႕နယ္ရွိ မိန္းမရဲသခင္မ ေရျပာအိုင္ ေတာက်ယ္ေရတံခြန္ ပင္းတယ ကုံလုံသို႔သြားေရာက္လည္ပတ္ကာ ဟဲဟိုးေလဆိပ္မွတဆင့္ ရန္ကုန္သို႔ ျပန္လည္ထြက္ခြာမွာျဖစ္ပါတယ္
ခရီးစဥ္တစ္ေလၽွာက္ကေတာ့ စိတ္ဝင္စားစရာေတြအျပည့္ဘဲေနာ္
ဒီ Package ေလးပါဝင္မယ့္ ဝင္ေဆာင္မွုေတြကလည္း အလန္းေနာ္
~ ရန္ကုန္ - ဟဲဟိုး - ရန္ကုန္ ေလယာဥ္လက္မွတ္
~ ေနအိမ္မွေလယာဥ္ကြင္းသို႔ အႀကိဳအပို႔
~ ေအာင္ပန္းၿမိဳ႕ ရတနာေအာင္ပန္းဟိုတယ္ ( Deluxe Room ) တြင္ ၂ ညတာတးေဖာ္ကည္းခိုခြင့္ ( မနက္စာအပါအဝင္ )
~ အင္းေလး ေဖာင္ေတာ္ဦးဘုရားသို႔ သီးသန႔္စက္ေလွ
~ A/C သီးသန႔္ေမာ္ေတာ္ယာဥ္ ( Toyota Fielder or Similar )
ကၽြန္မတို႔ရဲ့ Package ထဲမွာ ဒီအခ်က္ေလးေတြကေတာ့ မပါဝင္ပါဘူးရွင့္
~ ေန႔စဥ္ေန႔လည္စာႏွင့္ညစာ
ကဲအရမ္းမိုက္ေနၿပီမလား
ေအာ္ေစ်းႏွုန္းလား ၂ေယာက္တည္း ဆို တေယာက္အတြက္ ၂၀၀,၀၀၀က်ပ္
၄ေယာက္ႏွင့္အထက္ဆို တေယာက္အတြက္ ၁၈၀,၀၀၀ က်ပ္
ဇိမ္က်က် စိတ္ေအးခ်မ္းသာစြာ လြတ္လြတ္လပ္လပ္ ခရီးသြားလိုသူေတြအတြက္ က်ေနာ္တို႔ PG မွ အျမဲအဆင္သင့္ေစာင့္ႀကိဳေနလ်က္ပါ။
အေပၚက အခ်က္ေတြအျပင္ မိတ္ေဆြတို႔ရဲ့ ခရီးစဥ္ထဲမွာ ေအာက္ေဖာ္ျပပါ ဝန္ေဆာင္မွုေလးေတြကို ထပ္တိုးအေနနဲ႔ ေပါင္းထည့္လို႔လဲရပါေသးတယ္။

🔹ခရီးစဥ္အတြင္း ထပ္ေဆာင္းဝန္ေဆာင္မွုမ်ား
~ Day 1 တြင္ ကေလာၿမိဳ႕နယ္ ျမင္းမထိလွိုဏ္ဂူသို႔သြားေရာက္လည္ပတ္လိုပါက ၁၀,၀၀၀က်ပ္ ( ၂ ဦးမွ ၄ဦးအထိ ) ထပ္မံေပးေဆာင္ရမွာျဖစ္ၿပီး ရန္ကုန္ - ဟဲဟိုးေလယာဥ္ခ်ိန္ေပၚတြင္မူတည္၍ အခ်ိန္အကန႔္အသန႔္ရွိနိုင္ပါသည္
~ Day 2 အတြက္ ထမ္ဆမ္းဂူသို႔ သြားေရာက္လည္ပတ္လိုပါက ၃၀,၀၀၀ က်ပ္ ( ၂ ဦးမွ ၄ ဦးအထိ ) ထပ္မံေပးေဆာင္ရမွာျဖစ္ပါတယ္
~ ေဈးႏွုန္းမွာ ျမန္မာနိုင္ငံသားမ်ားအတြက္သာျဖစ္ၿပီး နိုင္ငံျခားသားမ်ားအတြက္ ေလယာဥ္လက္မွတ္ႏွင့္ဟိုတယ္အခန္းခေပၚမူတည္၍ အေျပာင္းအလဲရွိပါသည္
~ သၾကၤန္ကာလႏွင့္ေတာင္ႀကီးမီးပုံပ်ံပြဲေတာ္ရက္( အျခားပြဲေတာ္ရက္မ်ားအတြက္ ) ေဈးႏွုန္းအေျပာင္းအလဲရွိပါသည္
~ ဟိုတယ္အခန္း ( Deluxe room မွ Bungalow room သို႔ ) upgrade လုပ္မည္ဆိုပါက ၁ ညအတြက္ ၁၀,၀၀၀ က်ပ္ ( ၂ ဦးအတြက္ ) ထပ္မံေပးေဆာင္ရမွာျဖစ္ပါတယ္
👉🏻👉🏻 Package price အားလုံးအတြက္ အခြန္ ၅% ကိုထပ္မံေပးေဆာင္ရမွာျဖစ္ပါတယ္👈🏻👈🏻
---
Why PG (Pacific Gateway)?
PG နဲ႔ ဘာလို႔ ခရီးသြားဖို႔ စီစဥ္သင့္တယ္ ထင္ပါသလဲ။
PG က ရန္ကုန္ အေျခစိုက္တင္ မဟုတ္ပါဘူး ေဒသခံ ခရီးသြားလုပ္ငန္းေတြနဲ႔ ခ်ိတ္ဆက္ထားတာ ျဖစ္လို႔ နယ္ေျမကၽြမ္းက်င္မွုနဲ႔ စိတ္ခ်ရမွုမွာ အာမခံေပးနိုင္ပါတယ္။
အေၾကာင္းႀကီးငယ္ ကိစၥရွိရင္လည္း အျမန္ဆုံး ခ်ိတ္ဆက္ေျဖရွင္းေပးနိုင္တာမို႔ အကၽြမ္းမဝင္တဲ့ ေဒသ ခရီးသြားရတာ ျဖစ္လည္း စိုးရိမ္စရာ မရွိပါဘူးရွင္။
----

👬 👭 👪 👫

ကုမၸဏီမ်ား၊ သူငယ္ခ်င္းအဖြဲ႕မ်ား၊မိသားစုအဖြဲ႕မ်ားစသည္ျဖင့္ အသင္းအဖြဲ႕မ်ားအတြက္လည္း (၂ ေယာက္) မွစၿပီး group လိုက္ ခရီးစဥ္မ်ားလည္း မိမိတို႔သြားလိုေသာ ရက္အတိုင္း စီစဥ္ေပးပါတယ္ရွင့္။
ကဲဖတ္ၿပီးသြားၿပီေနာ္ ဘဝမွာ ထိုင္ေနရတဲ့အခ်ိန္ေတြကမ်ားတယ္ လာပါ ေပ်ာ္ေပ်ာ္ပါးပါး ကၽြန္မတို႔နဲ႔ ခရီးသြားရေအာင္ ေအာက္မွာေဖာ္ျပထားတဲ့ ဖုန္နံပါတ္ေလးကို အခုဆက္ရင္း စာရင္းေပးလိုက္ပါေနာ္လို႔
ဆက္သြယ္ရန္
Hot Line : 📞09 791633557, 09 967678488, 09 262683539, 09 421171063

( Unicode )
🙏🙏မင်္ဂလာပါရှင်🙏🙏

ကျွန်မတို့ Pacific Gateway မှ လူကြီးမင်းတို့အတွက်စိတ်ဝင်စားစရာ အစီအစဉ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
ခရီးသွားဖော်ကလည်း နှစ်ယောက်တည်းရှိတယ်
အများအားတဲ့ရက်လည်းကိုယ်ကမအား
မရောက်ဘူးတဲ့ နယ်မြေစိမ်းတွေကျတော့လည်း ကိုယ်ကမကျွမ်း
ရောက်ဖူးပြီးသားနေရာတွေကျတော့လည်း မသွားချင်
ကားပေါ်မှာလည်း အချိန်တွေအကြာကြီးမကုန်ချင်
နီးနီးနားနားကျတော့လည်း စိတ်မဝင်စား ....... အို လိုအင်တွေများ သိပ်များသွားလား
မပူပါနဲ့ ...
" Pacific Gateway Travel & Tour နှင့် Hotel Yadanar Aung Ban" တို့၏ပူးပေါင်းစီစဉ်မှု
အရမ်းကို မိုက်တဲ့ ရှမ်းပြည်တောင်ပိုင်း ( အင်းလေး ကလော ပင်းတယ တောင်ကြီး ) ခရီးစဉ်
ကြာမြင့်ချိန်ကလည်း ၂ ညအိပ် ၃ ရက်ခရီးစဉ် သွားချင်တဲ့နေ့သာ ဖုန်းဆက်လိုက် အဲ အနည်းဆုံးတော့ နှစ်ယောက်ရှိရမယ်နော် (FA တွေလည်း သူငယ်ချင်းနဲ့ သွားပေါ့ )
ဟာ နှစ်ည အိပ် ဆိုမှ ဟိုင်းဝေးကားပေါ်မှာတင် အချိန်ကုန်ပြီတော့ .... အဲ့ဒီလိုထင်ရင် မှားသွားမှာပေါ့
ရန်ကုန် ကနေ ဟဲဟိုးအထိက လေယာဉ်ပျံ နဲ့ အေးရာအေးကြောင်းနော် ကဲဗျာ သက်သောင့်သက်သာလေးနဲ့ မိသားစုသီးသန့်ဘဲ ဖြစ်ဖြစ် ချစ်ချစ်နဲ့ နှစ်ယောက်တည်း ဖြစ်ဖြစ် ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါးဘဲ ဖြစ်ဖြစ် ဟိုင်းဝေးကားပေါ်မှာ စောင်ကြီးခြုံပြီး ကွေးနေစရာမလိုတော့ဘူး ။
နေကာမျက်မှန်လေးတပ်ပြီး လေယာဉ်မယ်လေး လာချပေးမယ် orange juice လေးကို သာသာယာယာ စတိုင်အပြည့်နဲ့ သောက်ရင်း ကဲကဲ
အော် လေဆိပ်ကို လာဖို့လား စိတ်မပူပါနဲ့ ဘာ Taxi မှာ ငှားနေစရာမလိုသလို ဘယ်သူငယ်ချင်းကိုမှလည်း လိုက်ပို့ခိုင်းစရာမလိုဘူးဗျ အိမ်က ကားကို ခြင်ထောင်ချထားခဲ့
ကျွန်မတို့က လူကြီးမင်းတို့ အိမ်တိုင်ယာရောက်အထိ လာရောက် ကြိုဆိုခေါ်ဆောင်ပေးမှာ ကဲ အပြန် ကိစ္စပါ တစ်ခါတည်းပြောရရင်လည်း အိမ်အထိ လိုက်ပို့ပေးအုံးမှာရှင့်။

‼️ ‼️ကိုယ်သွားချင်တဲ့ရက်အတွက် စိတ်အေးရအောင် လေယာဉ်လက်မှတ်သေချာဖို့ အနည်းဆုံး ၃ ရက်လောက်တော့ ဖုန်းကြိုဆက်ပေးနော်
ဟုတ်ပါပြီ ရှမ်းပြည်ကိုရောက်ရင် ဘာတွေလုပ်ရမလဲဆိုတာလေးလည်း ဖတ်ကြည့်ပေးပါအုံး

🔹Trip Schedule
🛫 🚘 🚤 Day 1
⁃ ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးလေဆိပ်သို့ ထွက်ခွာမှာဖြစ်ပြီး အင်းလေးကန်၏သဘာဝအလှအပများကိုခံစားရင်း ဖောင်တော်ဦးဘုရားသို့ ဖူးမျှော်မှာဖြစ်ပါတယ်
ဘုရားမှအပြန်တွင် ကလောမြို့ ရွှေဥမှင်ဘုရားနှင့် နှီးဘုရားသို့ ဝင်ရောက်ဖူးမျှော်၍ အောင်ပန်းမြို့ ရတနာအောင်ပန်းဟိုတယ်မှာ ညအိပ်မှာဖြစ်ပါတယ်

🚘 Day 2
⁃ ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရဲ့နာမည်ကြီး ဘဝသံသရာတံတားတွင် သာယာလှပသောရှုမျှော်ခင်းများခံစားရင်း တောင်ကြီးမြို့နယ်မှ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူသို့ သွားရောက်ဖူးမျှော်၍ တောင်ကြီးမြို့မဈေး စူဠာမုနိဘုရား နှင့် တောင်ကြီးမြို့ပေါ်ရှိ စေတီ ဘုရားများသို့ ဖူးမျှောကြည်ညိုကာ ရတနာအောင်ပန်းဟိုတယ်သို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်

🚘 🛬 Day 3
⁃ Breakfast ကို ရတနာအောင်ပန်းဟိုတယ်တွင်သုံးဆောင်ကာ ရွာငံမြို့နယ်ရှိ မိန်းမရဲသခင်မ ရေပြာအိုင် တောကျယ်ရေတံခွန် ပင်းတယ ကုံလုံသို့သွားရောက်လည်ပတ်ကာ ဟဲဟိုးလေဆိပ်မှတဆင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်
ခရီးစဉ်တစ်လျှောက်ကတော့ စိတ်ဝင်စားစရာတွေအပြည့်ဘဲနော်
ဒီ Package လေးပါဝင်မယ့် ဝင်ဆောင်မှုတွေကလည်း အလန်းနော်
~ ရန်ကုန် - ဟဲဟိုး - ရန်ကုန် လေယာဉ်လက်မှတ်
~ နေအိမ်မှလေယာဉ်ကွင်းသို့ အကြိုအပို့
~ အောင်ပန်းမြို့ ရတနာအောင်ပန်းဟိုတယ် ( Deluxe Room ) တွင် ၂ ညတာတးဖော်ကည်းခိုခွင့် ( မနက်စာအပါအဝင် )
~ အင်းလေး ဖောင်တော်ဦးဘုရားသို့ သီးသန့်စက်လှေ
~ A/C သီးသန့်မော်တော်ယာဉ် ( Toyota Fielder or Similar )
ကျွန်မတို့ရဲ့ Package ထဲမှာ ဒီအချက်လေးတွေကတော့ မပါဝင်ပါဘူးရှင့်
~ နေ့စဉ်နေ့လည်စာနှင့်ညစာ
ကဲအရမ်းမိုက်နေပြီမလား
အော်စျေးနှုန်းလား ၂ယောက်တည်း ဆို တယောက်အတွက် ၂၀၀,၀၀၀ကျပ်
၄ယောက်နှင့်အထက်ဆို တယောက်အတွက် ၁၈၀,၀၀၀ ကျပ်
ဇိမ်ကျကျ စိတ်အေးချမ်းသာစွာ လွတ်လွတ်လပ်လပ် ခရီးသွားလိုသူတွေအတွက် ကျနော်တို့ PG မှ အမြဲအဆင်သင့်စောင့်ကြိုနေလျက်ပါ။
အပေါ်က အချက်တွေအပြင် မိတ်ဆွေတို့ရဲ့ ခရီးစဉ်ထဲမှာ အောက်ဖော်ပြပါ ဝန်ဆောင်မှုလေးတွေကို ထပ်တိုးအနေနဲ့ ပေါင်းထည့်လို့လဲရပါသေးတယ်။

🔹ခရီးစဉ်အတွင်း ထပ်ဆောင်းဝန်ဆောင်မှုများ
~ Day 1 တွင် ကလောမြို့နယ် မြင်းမထိလှိုဏ်ဂူသို့သွားရောက်လည်ပတ်လိုပါက ၁၀,၀၀၀ကျပ် ( ၂ ဦးမှ ၄ဦးအထိ ) ထပ်မံပေးဆောင်ရမှာဖြစ်ပြီး ရန်ကုန် - ဟဲဟိုးလေယာဉ်ချိန်ပေါ်တွင်မူတည်၍ အချိန်အကန့်အသန့်ရှိနိုင်ပါသည်
~ Day 2 အတွက် ထမ်ဆမ်းဂူသို့ သွားရောက်လည်ပတ်လိုပါက ၃၀,၀၀၀ ကျပ် ( ၂ ဦးမှ ၄ ဦးအထိ ) ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်
~ ဈေးနှုန်းမှာ မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပြီး နိုင်ငံခြားသားများအတွက် လေယာဉ်လက်မှတ်နှင့်ဟိုတယ်အခန်းခပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်
~ သင်္ကြန်ကာလနှင့်တောင်ကြီးမီးပုံပျံပွဲတော်ရက်( အခြားပွဲတော်ရက်များအတွက် ) ဈေးနှုန်းအပြောင်းအလဲရှိပါသည်
~ ဟိုတယ်အခန်း ( Deluxe room မှ Bungalow room သို့ ) upgrade လုပ်မည်ဆိုပါက ၁ ညအတွက် ၁၀,၀၀၀ ကျပ် ( ၂ ဦးအတွက် ) ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်
👉🏻👉🏻 Package price အားလုံးအတွက် အခွန် ၅% ကိုထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်👈🏻👈🏻
---
Why PG (Pacific Gateway)?
PG နဲ့ ဘာလို့ ခရီးသွားဖို့ စီစဉ်သင့်တယ် ထင်ပါသလဲ။
PG က ရန်ကုန် အခြေစိုက်တင် မဟုတ်ပါဘူး ဒေသခံ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ နယ်မြေကျွမ်းကျင်မှုနဲ့ စိတ်ချရမှုမှာ အာမခံပေးနိုင်ပါတယ်။
အကြောင်းကြီးငယ် ကိစ္စရှိရင်လည်း အမြန်ဆုံး ချိတ်ဆက်ဖြေရှင်းပေးနိုင်တာမို့ အကျွမ်းမဝင်တဲ့ ဒေသ ခရီးသွားရတာ ဖြစ်လည်း စိုးရိမ်စရာ မရှိပါဘူးရှင်။
----

👬 👭 👪 👫

ကုမ္ပဏီများ၊ သူငယ်ချင်းအဖွဲ့များ၊မိသားစုအဖွဲ့များစသည်ဖြင့် အသင်းအဖွဲ့များအတွက်လည်း (၂ ယောက်) မှစပြီး group လိုက် ခရီးစဉ်များလည်း မိမိတို့သွားလိုသော ရက်အတိုင်း စီစဉ်ပေးပါတယ်ရှင့်။
ကဲဖတ်ပြီးသွားပြီနော် ဘဝမှာ ထိုင်နေရတဲ့အချိန်တွေကများတယ် လာပါ ပျော်ပျော်ပါးပါး ကျွန်မတို့နဲ့ ခရီးသွားရအောင် အောက်မှာဖော်ပြထားတဲ့ ဖုန်နံပါတ်လေးကို အခုဆက်ရင်း စာရင်းပေးလိုက်ပါနော်လို့
ဆက်သွယ်ရန်
Hot Line : 📞09 791633557, 09 967678488, 09 262683539, 09 421171063

Photos from Pacific Gateway's post 17/10/2017

Nov 2 ရက္ေန႔ထြက္မယ့္ ခရီးစဥ္ကေတာ့ ျပည့္သြားပါျပီရွင့္။ ဒီဇင္ဘာလထဲအတြက္သာ ၾကိဳတင္စာရင္းေပးနိုင္ပါတယ္။ ေက်းဇူးတင္ပါတယ္ရွင့္။

Photos from Pacific Gateway's post 08/10/2017

ျမန္မာနိုင္ငံရဲ႕ ေတာင္ဖ်ား Hidden Gems ေဒသေလးျဖစ္တဲ့ ေကာင့္ေသာင္းျမိဳ႕နဲ႕ အနီးတ၀ိုက္က ကၽြန္းစုမ်ားဆီ အလည္သြားရင္း Snorkeling လုပ္မယ္၊ သဘာ၀ အလွအပမ်ား တ၀ၾကီးခံစားမယ္ ဆိုရင္ အနည္းဆံုး လူ ႏွစ္ေယာက္က စျပီး package မ်ိဳးစံု ကၽြန္မတို႔ PG က စီစဥ္ေပးေနပါျပီ။
🏖🏖🏖🏖🏖
ေကာ့ေသာင္းျမိဳ႕ကေန ေညာင္ဦးဖီး ကၽြန္းပတ္ခရီးစဥ္၊ ၾကက္ေမာက္ကၽြန္း၊ အသဲပံုကၽြန္း၊ ျမင္းခြာကၽြန္း၊ ဇာဒတ္ၾကီးကၽြန္း၊ ေစတန္ကၽြန္းနဲ႕ ရေနာင္း၊ လန္ပိ - မၾကံဳဂလပ္(ဘိုခ်ိဳကၽြန္း)-လင္းရူးကၽြန္း - ငါးမန္းကၽြန္း အစရွိသျဖင့္ အစံုအလင္ စီစဥ္ေပးပါတယ္။ ရရွိနိုင္မယ့္ ကၽြန္းပတ္ ခရီးစဥ္ေတြကေတာ့ -

📌 Code: PG 01-KWT
ေကာ့ေသာင္း - ေညာင္ဦးဖီး ကၽြန္းပတ္ ခရီးစဥ္ (၂ ည အိပ္ ၃ ရက္ )
396,000 Kyats (Min 2 pax)

📌 Code: PG 02-KWT
ေကာ့ေသာင္း- အသဲပံုက်ြန္း- ျမင္းခြာက်ြန္း-ဇာဒတ္ၾကီးက်ြန္း-ေစတန္က်ြန္း--ရေနာင္း
၃ ညအိပ္ /၄ ရက္ခရီးစဥ္
549,000 Kyats (Min 2 pax)

📌 Code: PG 03-KWT
ေကာ့ေသာင္း- က်ြန္ေလးက်ြန္းခရီးစဥ္
(ၾကက္ေမာက္က်ြန္း၊ ျမင္းခြာက်ြန္း၊ ဇာဒတ္ၾကီးက်ြန္း၊ ေစတန္က်ြန္း)
၂ ညအိပ္ /၃ ရက္ခရီးစဥ္
396,000 Kyats (Min 2 pax)

📌 Code: PG 04 –KWT
ေကာ့ေသာင္း- ကၽြန္းပတ္ ခရီးစဥ္
လန္ပိ - မၾကံဳဂလပ္(ဘိုခ်ိဳက်ြန္း)-လင္းရူးက်ြန္း , ငါးမန္းက်ြန္း -115 (Honey Moon Island)
၂ ညအိပ္ /၃ ရက္ခရီးစဥ္
390,000 Kyats (Min 2 pax)

📌 Code: PG 05 -KWT
ေကာ့ေသာင္း- လန္ပိကၽြန္း -မၾကံဳဂလပ္-ငါးမန္က်ြန္း-115(Honey Moon Island)- ရေနာင္း
၄ ညအိပ္ /၅ ရက္ခရီးစဥ္
610,000 Kyats (Min 2 pax)

📌 Code: PG 06-KWT
ေကာ့ေသာင္း- သူေဌးကၽြန္း - ၾကက္ေမာက္ကၽြန္း - ေညာင္ဦးဖီီးကၽြန္း
ၾကာခ်ိန္ : ၄ ညအိပ္ /၅ ရက္ခရီးစဥ္
846,000 Kyats (Min 2 pax)

📌 Code: PG 07-KWT
ေကာ့ေသာင္း-လန္ပိ -မၾကံဳကလပ္-115 (Honey Moon Island) ငါးမန္းက်ြန္း-ဂ်လန္း-ေညာင္၀ွီး
၃ ညအိပ္ / ၄ ရက္ခရီးစဥ္
567,000 Kyats (Min 2 pax)

အထက္ပါ ခရီးစဥ္စရိတ္မ်ားမွာ တစ္ေယာက္စာ က်သင့္ေငြ ျဖစ္ပါတယ္။ (ရန္ကုန္ - ေကာ့ေသာင္း (အသြားအျပန္) ခရီးစရိတ္ မပါ၀င္ပါဘူး။)
ေကာ့ေသာင္းမွ စျပီး ဟိုတယ္ (3 star)၊ မနက္စာ၊ ေန႔လည္စာ၊ ညစာ၊ ကားခမ်ား အျပီးအစီး ပါ၀င္ျပီး ျဖစ္ျပီး Tour leader ႏွင့္ Marine Trainers မ်ား၊ Life Jacket၊ snorkeling equipment မ်ားအတြက္ပါ အျပည့္အစံု ပါပါတယ္။ 3 Star မဟုတ္ဘဲ 5 Star ဟိုတယ္ မွာမွ တည္းခ်င္တယ္ဆိုရင္လည္း ေစ်းအနည္းငယ္ အေျပာင္းအလဲနဲ႕ စီစဥ္ေပးပါတယ္ရွင့္။

(အထက္ပါ Tour package ေစ်းႏႈန္းေတြက ၂၀၁၇ ဒီဇင္ဘာလကုန္အထိ အက်ံဳး၀င္ပါတယ္။)
ကုိယ့္ မိသားစု၊ သူငယ္ခ်င္း အုပ္စုလိုက္ Company လိုက္ သြားရင္ လူအေရအတြက္ မ်ားပါက စရိတ္ ပို သက္သာ လာမွာပါ။ အဲဒီအတြက္ လူအေရအတြက္နဲ႔လည္း ေစ်းနႈန္း ထပ္မံစံုစမ္းႏိုင္ပါတယ္ရွင္။
-
Why PG (Pacific Gateway)?
PG နဲ႕ ဘာလို႔ ခရီးသြားဖို႔ စီစဥ္သင့္တယ္ ထင္ပါသလဲ။
PG က ရန္ကုန္ အေျခစိုက္တင္ မဟုတ္ပါဘူး ေဒသခံ ခရီးသြားလုပ္ငန္းေတြနဲ႕ ခ်ိတ္ဆက္ထားတာ ျဖစ္လို႔ နယ္ေျမကၽြမ္းက်င္မႈနဲ႕ စိတ္ခ်ရမႈမွာ အာမခံေပးနိုင္ပါတယ္။ အေၾကာင္းၾကီးငယ္ ကိစၥရွိရင္လည္း အျမန္ဆံုး ခ်ိတ္ဆက္ေျဖရွင္းေပးနိုင္တာမို႔ အကၽြမ္းမ၀င္တဲ့ ေဒသ ခရီးသြားရတာ ျဖစ္လည္း စိုးရိမ္စရာ မရွိပါဘူးရွင္။
-

မိမိ စိတ္၀င္စားရာ ခရီးစဥ္ တစ္ခုခ်င္းစီ အေသးစိတ္ သိရွိလိုရင္ပဲ ျဖစ္ျဖစ္ သြားလုိတဲ့ရက္ ဆက္သြယ္ စာရင္းေပးခ်င္ရင္ပဲ ျဖစ္ျဖစ္

Hot Line: 📞09 791633557, 09 967678488, 09 262683539, 09 421171063 သို႔ ဆက္သြယ္ေမးျမန္းနိုင္ပါျပီရွင္။

( Unicode Version )
မြန်မာနိုင်ငံရဲ့ တောင်ဖျား Hidden Gems ဒေသလေးဖြစ်တဲ့ ကောင့်သောင်းမြို့နဲ့ အနီးတဝိုက်က ကျွန်းစုများဆီ အလည်သွားရင်း Snorkeling လုပ်မယ်၊ သဘာ၀ အလှအပများ တဝကြီးခံစားမယ် ဆိုရင် အနည်းဆုံး လူ နှစ်ယောက်က စပြီး package မျိုးစုံ ကျွန်မတို့ PG က စီစဉ်ပေးနေပါပြီ။
🏖🏖🏖🏖🏖
ကော့သောင်းမြို့ကနေ ညောင်ဦးဖီး ကျွန်းပတ်ခရီးစဉ်၊ ကြက်မောက်ကျွန်း၊ အသဲပုံကျွန်း၊ မြင်းခွာကျွန်း၊ ဇာဒတ်ကြီးကျွန်း၊ စေတန်ကျွန်းနဲ့ ရနောင်း၊ လန်ပိ - မကြုံဂလပ်(ဘိုချိုကျွန်း)-လင်းရူးကျွန်း - ငါးမန်းကျွန်း အစရှိသဖြင့် အစုံအလင် စီစဉ်ပေးပါတယ်။ ရရှိနိုင်မယ့် ကျွန်းပတ် ခရီးစဉ်တွေကတော့ -

📌 Code: PG 01-KWT
ကော့သောင်း - ညောင်ဦးဖီး ကျွန်းပတ် ခရီးစဉ် (၂ ည အိပ် ၃ ရက် )
396,000 Kyats (Min 2 pax)

📌 Code: PG 02-KWT
ကော့သောင်း- အသဲပုံကျွန်း- မြင်းခွာကျွန်း-ဇာဒတ်ကြီးကျွန်း-စေတန်ကျွန်း--ရနောင်း
၃ ညအိပ် /၄ ရက်ခရီးစဉ်
549,000 Kyats (Min 2 pax)

📌 Code: PG 03-KWT
ကော့သောင်း- ကျွန်လေးကျွန်းခရီးစဉ်
(ကြက်မောက်ကျွန်း၊ မြင်းခွာကျွန်း၊ ဇာဒတ်ကြီးကျွန်း၊ စေတန်ကျွန်း)
၂ ညအိပ် /၃ ရက်ခရီးစဉ်
396,000 Kyats (Min 2 pax)

📌 Code: PG 04 –KWT
ကော့သောင်း- ကျွန်းပတ် ခရီးစဉ်
လန်ပိ - မကြုံဂလပ်(ဘိုချိုကျွန်း)-လင်းရူးကျွန်း , ငါးမန်းကျွန်း -115 (Honey Moon Island)
၂ ညအိပ် /၃ ရက်ခရီးစဉ်
390,000 Kyats (Min 2 pax)

📌 Code: PG 05 -KWT
ကော့သောင်း- လန်ပိကျွန်း -မကြုံဂလပ်-ငါးမန်ကျွန်း-115(Honey Moon Island)- ရနောင်း
၄ ညအိပ် /၅ ရက်ခရီးစဉ်
610,000 Kyats (Min 2 pax)

📌 Code: PG 06-KWT
ကော့သောင်း- သူဌေးကျွန်း - ကြက်မောက်ကျွန်း - ညောင်ဦးဖီီးကျွန်း
ကြာချိန် : ၄ ညအိပ် /၅ ရက်ခရီးစဉ်
846,000 Kyats (Min 2 pax)

📌 Code: PG 07-KWT
ကော့သောင်း-လန်ပိ -မကြုံကလပ်-115 (Honey Moon Island) ငါးမန်းကျွန်း-ဂျလန်း-ညောင်ဝှီး
၃ ညအိပ် / ၄ ရက်ခရီးစဉ်
567,000 Kyats (Min 2 pax)

အထက်ပါ ခရီးစဉ်စရိတ်များမှာ တစ်ယောက်စာ ကျသင့်ငွေ ဖြစ်ပါတယ်။ (ရန်ကုန် - ကော့သောင်း (အသွားအပြန်) ခရီးစရိတ် မပါ၀င်ပါဘူး။)
ကော့သောင်းမှ စပြီး ဟိုတယ် (3 star)၊ မနက်စာ၊ နေ့လည်စာ၊ ညစာ၊ ကားခများ အပြီးအစီး ပါ၀င်ပြီး ဖြစ်ပြီး Tour leader နှင့် Marine Trainers များ၊ Life Jacket၊ snorkeling equipment များအတွက်ပါ အပြည့်အစုံ ပါပါတယ်။ 3 Star မဟုတ်ဘဲ 5 Star ဟိုတယ် မှာမှ တည်းချင်တယ်ဆိုရင်လည်း စျေးအနည်းငယ် အပြောင်းအလဲနဲ့ စီစဉ်ပေးပါတယ်ရှင့်။

(အထက်ပါ Tour package စျေးနှုန်းတွေက ၂၀၁ရ ဒီဇင်ဘာလကုန်အထိ အကျုံးဝင်ပါတယ်။)
ကိုယ့် မိသားစု၊ သူငယ်ချင်း အုပ်စုလိုက် Company လိုက် သွားရင် လူအရေအတွက် များပါက စရိတ် ပို သက်သာ လာမှာပါ။ အဲဒီအတွက် လူအရေအတွက်နဲ့လည်း စျေးနှုန်း ထပ်မံစုံစမ်းနိုင်ပါတယ်ရှင်။
-
Why PG (Pacific Gateway)?
PG နဲ့ ဘာလို့ ခရီးသွားဖို့ စီစဉ်သင့်တယ် ထင်ပါသလဲ။
PG က ရန်ကုန် အခြေစိုက်တင် မဟုတ်ပါဘူး ဒေသခံ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ နယ်မြေကျွမ်းကျင်မှုနဲ့ စိတ်ချရမှုမှာ အာမခံပေးနိုင်ပါတယ်။ အကြောင်းကြီးငယ် ကိစ္စရှိရင်လည်း အမြန်ဆုံး ချိတ်ဆက်ဖြေရှင်းပေးနိုင်တာမို့ အကျွမ်းမဝင်တဲ့ ဒေသ ခရီးသွားရတာ ဖြစ်လည်း စိုးရိမ်စရာ မရှိပါဘူးရှင်။
-

မိမိ စိတ်ဝင်စားရာ ခရီးစဉ် တစ်ခုချင်းစီ အသေးစိတ် သိရှိလိုရင်ပဲ ဖြစ်ဖြစ် သွားလိုတဲ့ရက် ဆက်သွယ် စာရင်းပေးချင်ရင်ပဲ ဖြစ်ဖြစ်

Hot Line: 📞09 791633557, 09 967678488, 09 262683539, 09 421171063 သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်။

Photos from Pacific Gateway's post 07/10/2017

🌺🌺 မဂၤလာပါရွင္
🌺🌺 နို၀င္ဘာလ တန္ေဆာင္တိုင္ ပိတ္ရက္ေတြမွာလည္းနားခ်င္ ခရီးလဲသြားခ်င္ တဲ့ ဦးဦး ေဒၚေဒၚ ကိုကိုမမ တို႔ အတြက ကၽြန္မတို႕ PG မွ ခရီးစဥ္ေလးတစ္ခုနဲ႕ မိတ္ဆက္ေပးပါရေစ။
ဒီခရီးစဥ္ေလးကေတာ့ ႏိုဝင္ဘာ ၂ ရက္ (Public Holiday) ၾကာသပေတးည သြား ၆ ရက္ေန႔ တနလၤာမနက္အေစာ ျပန္ေရာက္မယ့္ ခ်င္းျပည္နယ္ ကန္ပက္လက္ နတ္မေတာင္ - မင္းတပ္ ခရီးစဥ္ေလးဘဲျဖစ္ပါတယ္။ သဘာ၀တရားၾကီးဟာ ကိုယ္ေတြဆီမွ ထြက္ေျပးေနတဲ့ကာလထဲ ကၽြန္မတို႕ သဘာ၀တရားၾကီးဆီ အေရာက္သြားၾကရေအာင္လားရွင္။

⛰⛰⛰⛰⛰
ခ်င္းျပည္နယ္ ကန္ပက္လက္ (နတ္မေတာင္) - မင္းတပ္ ခရီးစဥ္ ( ၃ ည အိပ္ - ၄ ရက္ )
ခရီးစဥ္ ( ၁ ) - နိုဝင္ဘာ ၂ရက္ေန႔ ညထြက္ နိုဝင္ဘာ ၆ ရက္ေန႔ မနက္ ရန္ကုန္ ျပန္ေရာက္
ခရီးစဥ္ ( ၂ ) - ဒီဇင္ဘာ ၁၅ ရက္ေန႔ညထြက္ ဒီဇင္ဘာ ၁၉ ရက္ေန႔မနက္ ရန္ကုန္ျပန္ေရာက္
ခရီးစဥ္ ( ၃ ) - ဒီဇင္ဘာ ၂၂ ရက္ေန႔ညထြက္ ဒီဇင္ဘာ ၂၆ ရက္ေန႔မနက္ ရန္ကုန္ျပန္ေရာက္
တစ္ဦးလၽွင္ - ၁၉၀၀၀၀က်ပ္သာ 💰💰
(Breakfast, lunch, dinner မ်ား၊ ကားခမ်ား အၿပီးအစီး)
⛰⛰⛰⛰⛰

တစ္ဦးလ်ွင္ ၁၉၀၀၀၀က်ပ္ တည္းနဲ႔ ခ်င္းျပည္နယ္ ၀ိတိုရိယ (ေခၚ) ေခၚႏုသုမ္(ေခၚ) နတ္မေတာင္နဲ႔ ကန္ပက္လက္ၿမိဳ႕မွာ ေအးေအးေဆးေဆး ေတာင္တက္ရင္း လည္ပတ္ၾကမယ္။ ခ်င္းေဒသ အစားစာမ်ားကို ျမည္းစမ္းၿပီး ခ်င္းရြာမ်ားဆီ လည္ပတ္ေလ့လာၾကမယ္။ အဲဒီေနာက္ မင္းတပ္ျမိဳ႕ဆီ ဆက္သြားျပီး မင္းတပ္ေစ်းမွာ ခ်င္းထည္ လွလွေလးေတြ ရိုးရာပစၥည္းေလးေတြ လက္ေဆာင္ေပးဖို႔ ၀ယ္ၾကမယ္။ ေတာင္ပုလုဘုန္းၾကီးေက်ာင္းနဲ႕ ရိုးရာျပတိုက္ကိုလည္း ၀င္ေရာက္ေလ့လာၾကမယ္။ ခ်င္း၀တ္စံုလွလွေလး၀တ္ျပီး အမွတ္တရ ဓာတ္ပံုရိုက္ခြင့္ပါ ရဦးမွာေနာ္။

🙋‍♂️ ေဒသခံ လမ္းျပ Guide တစ္ေယာက္လဲ ထည့္ေပးထားတာမို႔ သိလိုသမွ်ေမးဖို႔ တစ္ခုခုဆိုရင္ေတာင္ ေဒသခံျဖစ္လို႔ စိတ္မပူရဘူးေပါ့ေနာ္။
Budget ခရီးေလး ျဖစ္တာေၾကာင့္ ရန္ကုန္ကေန ေညာင္ဦးကို Express ကားႀကီးနဲ႔ လိုက္ပါဖို႔ စီစဥ္ထားၿပီး VIP မို႔ သက္ေတာင့္သက္သာရွိဖို႔နဲ႔ စုရပ္ေတြကို လာႀကိဳေပးမွာလည္း ျဖစ္လို႔ အဆင္မေျပမွာ မစိုးရိမ္ရပါဘူးရွင္။

နတ္မေတာင္
••••••••••
နတ္မေတာင္ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း ၁၀၅၀၀ ေပ (၃၀၅၃ မီတာ) ျမင့္ပါတယ္ ။
အမည္အားျဖင့္ ပါဠိလုိ "ေဇယ်ပဗၺဋ" ၊ ကိုလိုနီေခာတ္ကေတာ့ (၀ိတိုရိယေတာင္၊ Mt. Victoria) ၊ ျမန္မာနာမည္ နတ္မေတာင္၊ ခ်င္းဘာသာစကားနဲ႔ (ေခၚႏုသုမ္ = ေတာင္တို႔ရဲ႕မိခင္) လို႔အမည္ရပါတယ္။
ျမန္မာႏိုင္ငံမွာ ရွိတဲ့ ေျမသားေတာင္ေတြထဲ အျမင့္ဆံုးေတာင္ ျဖစ္တယ္ ။
🏔ဒီလို ကမ႓ာ့ တတိယအျမင့္ဆံုး ေျမသားေတာင္ျဖစ္တဲ့ နတ္မေတာင္ထိပ္ကိုတက္မယ့္အခြင့္အလန္းတစ္ခုရွိတယ္ဆိုရင္ စိတ္၀င္စားၾကမလားမသိဘူး။ ( စိတ္၀င္စားလို႕လည္း ဒီအထိ ဖတ္လာတာေပါ့ေနာ္ 😛 )
ဒီထက္စိတ္၀င္စားစရာေလးေတြ က ထပ္ပါလာဦးမွာမလို႕ အခုေလာက္နဲ႕တင္ရပ္မပစ္ရဘူးေနာ္ ။
လမ္းတေလ်ာက္က သဘာဝအလွအပေတြကို တဝႀကီး ခံစားဖို႔ အခ်ိန္ တစ္ရက္ေပးၿပီး ေျခလ်င္နဲ႔ ေအးေအးေဆးေဆး တက္ၾကဖို႔ စီစဥ္ထားပါတယ္။ အျပန္မွာ မဆင္းႏိုင္ၾကသူေတြအတြက္ေတာ့ ဆိုင္ကယ္နဲ႔ စီစဥ္ေပးပါ့မယ္ရွင့္။
အျမင့္ေပ ၁ေသာင္းေက်ာ္ ေတာင္ထိပ္ေပၚကေန ရင္သပ္ရွဳေမာဖြယ္ တိမ္ေတြေတာင္ေတြရဲ႕ သဘာဝအလွတရားႀကီးကို တဝႀကီးခံစားၾကမယ္။ ေအးေအးလူလူ ေပ်ာ္ပြဲစားပံုစံ ေန႔လည္စာ ေတာင္ထိပ္မွာ စားၾကမယ္။ အမိႈက္ေတြလဲ ျပန္ရွင္းခဲ့ၾကမယ္ေလ ေပ်ာ္ေပ်ာ္ပါးပါးေပါ့ 🤗
ဒီခရီးစဥ္မွာ -
🌺ကန္ပက္လက္ၿမိဳ႕အေၾကာင္းနဲ႔ရိုးသားတဲ့ခ်င္းတိုင္းရင္းသားေတြအေၾကာင္းေလ့လာၾကမယ္။ ညမီးပံုပြဲနဲ႕ ႐ိုးရာေခါင္ရည္လဲ စီစဥ္ထားတယ္ေနာ္။

🌺 နားေနတည္းခိုဖို႕အတြက္လည္း ကန္ပက္လက္ၿမိဳ႕က Mount Oasis Resort မွာ ႏွစ္ညတိတိ အထာက်က် တည္းဖို႔ စီစဥ္ထားပါတယ္။ ေတာင္ေပၚေလ လတ္လတ္ဆတ္ဆတ္နဲ႔ တိမ္ေတြေတာင္ေတြၾကား သာသာယာယာေလးေနာ္။

🌺ခ်င္းရိုးရာေဒသထြက္ကုန္မ်ား၊ ႐ိုးရာဆင္ အဝတ္အထည္မ်ားနဲ႔ နာမည္ႀကီး ေဒသထြက္ အရသာရွိလွတဲ့ သဘာ၀ ေထာပတ္သီးစစ္စစ္ေတြလည္း ဝယ္ၾကမယ္။ ( ေကာင္းလြန္းလို႕ ေဆြမ်ိဳးေတြေမ့သြားရင္ေတာ့ PG ကတာ၀န္မယူဘူးေနာ့ 😛 )

🌺 ကန္ပက္လက္တင္မဟုတ္ဘဲ မင္းတပ္ျမိဳ႕ထိပါ ခရီးဆန္႔မွာမို႔ ခ်င္းျပည္နယ္ရဲ႕ ေတာင္တန္းေတြ တိမ္ေတာင္ေတြၾကား ရင္သပ္ရွႈေမာျဖစ္ရမွာ အမွန္အကန္။ အခ်မ္းပိုမယ့္ရာသီမို႕ အေႏြးထည္ထူထူေလးေတာ့သယ္လာေစခ်င္တယ္ ။ တစ္ကယ္လို႕မ်ား အေႏြးထည္ သယ္လာရမွာ ပ်င္းတယ္ဆိုရင္လည္း ခ်စ္သူေလးေတာ့ ေခၚလာခဲ့ေနာ္။ ေပြ႕ဖက္ျခင္းဟာ အေကာင္းဆံုးေသာေႏြးေထြးမႈဆိုတဲ့ လက္တင္ စကားေလးလိုေပါ့ ။ 😛

ကဲ .. ေဒသခံတို႔ရဲ႕ သက္သာမွ်တတဲ့ ေစ်းနႈန္း၊ ႐ိုးသားပ်ဴငွာတဲ့ ဝန္ေဆာင္မႈေတြနဲ႔ အမွတ္တရ ျဖစ္ေနမယ့္ခရီးေလးမို႔လက္လႊတ္မခံသင့္တဲ့အခြင့္အေရးေလးပါေနာ္။
‼️‼️ေအာက္တိုဘာ ၂ဝ ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးနုိင္ျပီး ေစာေစာ စာရင္းေပးထားမွ စိတ္ခ်ရမွာမို႔ အခုပဲ လက္မွတ္ေလးေတြအေျပး မွာထားရေအာင္.. ဖုန္းေလးတခ်က္သာ ဆက္လိုက္ပါရွင့္။
PG မွ ရင္းႏွီးပ်ဴငွာစြာျဖင့္ ေစာင့္ၾကိဳလ်က္ပါ။

---
Why PG (Pacific Gateway)?
PG နဲ႕ ဘာလို႔ ခရီးသြားဖို႔ စီစဥ္သင့္တယ္ ထင္ပါသလဲ။
PG က ရန္ကုန္ အေျခစိုက္တင္ မဟုတ္ပါဘူး ေဒသခံ ခရီးသြားလုပ္ငန္းေတြနဲ႕ ခ်ိတ္ဆက္ထားတာ ျဖစ္လို႔ နယ္ေျမကၽြမ္းက်င္မႈနဲ႕ စိတ္ခ်ရမႈမွာ အာမခံေပးနိုင္ပါတယ္။
အေၾကာင္းၾကီးငယ္ ကိစၥရွိရင္လည္း အျမန္ဆံုး ခ်ိတ္ဆက္ေျဖရွင္းေပးနိုင္တာမို႔ အကၽြမ္းမ၀င္တဲ့ ေဒသ ခရီးသြားရတာ ျဖစ္လည္း စိုးရိမ္စရာ မရွိပါဘူးရွင္။

----
👬 👭 👪 👫
ကုမၸဏီမ်ား၊ သူငယ္ခ်င္းအဖြဲ႕မ်ား၊မိသားစုအဖြဲ႕မ်ားစသည္ျဖင့္ အသင္းအဖြဲ႕မ်ားအတြက္လည္း (၈ ေယာက္) မွစၿပီး group လိုက္ ခရီးစဥ္မ်ားလည္း မိမိတို႔သြားလိုေသာ ရက္အတိုင္း စီစဥ္ေပးပါတယ္ရွင့္။

ကဲဖတ္ျပီးသြားျပီေနာ္ ဘ၀မွာ ထိုင္ေနရတဲ့အခ်ိန္ေတြကမ်ားတယ္ လာပါ ေပ်ာ္ေပ်ာ္ပါးပါး ကၽြန္မတို႕နဲ႕ ခရီးသြားရေအာင္ ေအာက္မွာေဖာ္ျပထားတဲ့ ဖုန္နံပါတ္ေလးကို အခုဆက္ရင္း စာရင္းေပးလိုက္ပါေနာ္လို႕

ဆက္သြယ္ရန္
Ph: 📞09 791633557, 09 967678488, 09 262683539, 09 421171063

( Unicode Version )
🌺🌺 မင်္ဂလာပါရှင်
🌺🌺 နိုဝင်ဘာလ တန်ဆောင်တိုင် ပိတ်ရက်တွေမှာလည်းနားချင် ခရီးလဲသွားချင် တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကိုမမ တို့ အတွက ကျွန်မတို့ PG မှ ခရီးစဉ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီခရီးစဉ်လေးကတော့ နိုဝင်ဘာ ၂ ရက် (Public Holiday) ကြာသပတေးည သွား ၆ ရက်နေ့ တနင်္လာမနက်အစော ပြန်ရောက်မယ့် ချင်းပြည်နယ် ကန်ပက်လက် နတ်မတောင် - မင်းတပ် ခရီးစဉ်လေးဘဲဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ ကိုယ်တွေဆီမှ ထွက်ပြေးနေတဲ့ကာလထဲ ကျွန်မတို့ သဘာဝတရားကြီးဆီ အရောက်သွားကြရအောင်လားရှင်။

⛰⛰⛰⛰⛰
ချင်းပြည်နယ် ကန်ပက်လက် (နတ်မတောင်) - မင်းတပ် ခရီးစဉ် ( ၃ ည အိပ် - ၄ ရက် )
ခရီးစဉ် ( ၁ ) - နိုဝင်ဘာ ၂ရက်နေ့ ညထွက် နိုဝင်ဘာ ၆ ရက်နေ့ မနက် ရန်ကုန် ပြန်ရောက်
ခရီးစဉ် ( ၂ ) - ဒီဇင်ဘာ ၁၅ ရက်နေ့ညထွက် ဒီဇင်ဘာ ၁၉ ရက်နေ့မနက် ရန်ကုန်ပြန်ရောက်
ခရီးစဉ် ( ၃ ) - ဒီဇင်ဘာ ၂၂ ရက်နေ့ညထွက် ဒီဇင်ဘာ ၂၆ ရက်နေ့မနက် ရန်ကုန်ပြန်ရောက်
တစ်ဦးလျှင် - ၁၉၀၀၀၀ကျပ်သာ 💰💰
(Breakfast, lunch, dinner များ၊ ကားခများ အပြီးအစီး)

⛰⛰⛰⛰⛰
တစ်ဦးလျှင် ၁၉၀၀၀၀ကျပ် တည်းနဲ့ ချင်းပြည်နယ် ၀ိတိုရိယ (ခေါ်) ခေါ်နုသုမ်(ခေါ်) နတ်မတောင်နဲ့ ကန်ပက်လက်မြို့မှာ အေးအေးဆေးဆေး တောင်တက်ရင်း လည်ပတ်ကြမယ်။ ချင်းဒေသ အစားစာများကို မြည်းစမ်းပြီး ချင်းရွာများဆီ လည်ပတ်လေ့လာကြမယ်။ အဲဒီနောက် မင်းတပ်မြို့ဆီ ဆက်သွားပြီး မင်းတပ်စျေးမှာ ချင်းထည် လှလှလေးတွေ ရိုးရာပစ္စည်းလေးတွေ လက်ဆောင်ပေးဖို့ ၀ယ်ကြမယ်။ တောင်ပုလုဘုန်းကြီးကျောင်းနဲ့ ရိုးရာပြတိုက်ကိုလည်း ၀င်ရောက်လေ့လာကြမယ်။ ချင်းဝတ်စုံလှလှလေးဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခွင့်ပါ ရဦးမှာနော်။

🙋‍♂️ ဒေသခံ လမ်းပြ Guide တစ်ယောက်လဲ ထည့်ပေးထားတာမို့ သိလိုသမျှမေးဖို့ တစ်ခုခုဆိုရင်တောင် ဒေသခံဖြစ်လို့ စိတ်မပူရဘူးပေါ့နော်။
Budget ခရီးလေး ဖြစ်တာကြောင့် ရန်ကုန်ကနေ ညောင်ဦးကို Express ကားကြီးနဲ့ လိုက်ပါဖို့ စီစဉ်ထားပြီး VIP မို့ သက်တောင့်သက်သာရှိဖို့နဲ့ စုရပ်တွေကို လာကြိုပေးမှာလည်း ဖြစ်လို့ အဆင်မပြေမှာ မစိုးရိမ်ရပါဘူးရှင်။

နတ်မတောင်
••••••••••
နတ်မတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀၅၀၀ ပေ (၃၀၅၃ မီတာ) မြင့်ပါတယ် ။
အမည်အားဖြင့် ပါဠိလို "ဇေယျပဗ္ဗဋ" ၊ ကိုလိုနီခောတ်ကတော့ (၀ိတိုရိယတောင်၊ Mt. Victoria) ၊ မြန်မာနာမည် နတ်မတောင်၊ ချင်းဘာသာစကားနဲ့ (ခေါ်နုသုမ် = တောင်တို့ရဲ့မိခင်) လို့အမည်ရပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ မြေသားတောင်တွေထဲ အမြင့်ဆုံးတောင် ဖြစ်တယ် ။
🏔ဒီလို ကမ႓ာ့ တတိယအမြင့်ဆုံး မြေသားတောင်ဖြစ်တဲ့ နတ်မတောင်ထိပ်ကိုတက်မယ့်အခွင့်အလန်းတစ်ခုရှိတယ်ဆိုရင် စိတ်ဝင်စားကြမလားမသိဘူး။ ( စိတ်ဝင်စားလို့လည်း ဒီအထိ ဖတ်လာတာပေါ့နော် 😛 )
ဒီထက်စိတ်ဝင်စားစရာလေးတွေ က ထပ်ပါလာဦးမှာမလို့ အခုလောက်နဲ့တင်ရပ်မပစ်ရဘူးနော် ။
လမ်းတလျောက်က သဘာဝအလှအပတွေကို တဝကြီး ခံစားဖို့ အချိန် တစ်ရက်ပေးပြီး ခြေလျင်နဲ့ အေးအေးဆေးဆေး တက်ကြဖို့ စီစဉ်ထားပါတယ်။ အပြန်မှာ မဆင်းနိုင်ကြသူတွေအတွက်တော့ ဆိုင်ကယ်နဲ့ စီစဉ်ပေးပါ့မယ်ရှင့်။
အမြင့်ပေ ၁သောင်းကျော် တောင်ထိပ်ပေါ်ကနေ ရင်သပ်ရှုမောဖွယ် တိမ်တွေတောင်တွေရဲ့ သဘာဝအလှတရားကြီးကို တဝကြီးခံစားကြမယ်။ အေးအေးလူလူ ပျော်ပွဲစားပုံစံ နေ့လည်စာ တောင်ထိပ်မှာ စားကြမယ်။ အမှိုက်တွေလဲ ပြန်ရှင်းခဲ့ကြမယ်လေ ပျော်ပျော်ပါးပါးပေါ့ 🤗
ဒီခရီးစဉ်မှာ -
🌺ကန်ပက်လက်မြို့အကြောင်းနဲ့ရိုးသားတဲ့ချင်းတိုင်းရင်းသားတွေအကြောင်းလေ့လာကြမယ်။ ညမီးပုံပွဲနဲ့ ရိုးရာခေါင်ရည်လဲ စီစဉ်ထားတယ်နော်။

🌺 နားနေတည်းခိုဖို့အတွက်လည်း ကန်ပက်လက်မြို့က Mount Oasis Resort မှာ နှစ်ညတိတိ အထာကျကျ တည်းဖို့ စီစဉ်ထားပါတယ်။ တောင်ပေါ်လေ လတ်လတ်ဆတ်ဆတ်နဲ့ တိမ်တွေတောင်တွေကြား သာသာယာယာလေးနော်။

🌺ချင်းရိုးရာဒေသထွက်ကုန်များ၊ ရိုးရာဆင် အဝတ်အထည်များနဲ့ နာမည်ကြီး ဒေသထွက် အရသာရှိလှတဲ့ သဘာ၀ ထောပတ်သီးစစ်စစ်တွေလည်း ဝယ်ကြမယ်။ ( ကောင်းလွန်းလို့ ဆွေမျိုးတွေမေ့သွားရင်တော့ PG ကတာဝန်မယူဘူးနော့ 😛 )

🌺 ကန်ပက်လက်တင်မဟုတ်ဘဲ မင်းတပ်မြို့ထိပါ ခရီးဆန့်မှာမို့ ချင်းပြည်နယ်ရဲ့ တောင်တန်းတွေ တိမ်တောင်တွေကြား ရင်သပ်ရှှုမောဖြစ်ရမှာ အမှန်အကန်။ အချမ်းပိုမယ့်ရာသီမို့ အနွေးထည်ထူထူလေးတော့သယ်လာစေချင်တယ် ။ တစ်ကယ်လို့များ အနွေးထည် သယ်လာရမှာ ပျင်းတယ်ဆိုရင်လည်း ချစ်သူလေးတော့ ခေါ်လာခဲ့နော်။ ပွေ့ဖက်ခြင်းဟာ အကောင်းဆုံးသောနွေးထွေးမှုဆိုတဲ့ လက်တင် စကားလေးလိုပေါ့ ။ 😛

ကဲ .. ဒေသခံတို့ရဲ့ သက်သာမျှတတဲ့ စျေးနှုန်း၊ ရိုးသားပျူငှာတဲ့ ဝန်ဆောင်မှုတွေနဲ့ အမှတ်တရ ဖြစ်နေမယ့်ခရီးလေးမို့လက်လွှတ်မခံသင့်တဲ့အခွင့်အရေးလေးပါနော်။
‼️‼️အောက်တိုဘာ ၂ဝ ရက်နေ့ နောက်ဆုံးထား စာရင်းပေးနိုင်ပြီး စောစော စာရင်းပေးထားမှ စိတ်ချရမှာမို့ အခုပဲ လက်မှတ်လေးတွေအပြေး မှာထားရအောင်.. ဖုန်းလေးတချက်သာ ဆက်လိုက်ပါရှင့်။
PG မှ ရင်းနှီးပျူငှာစွာဖြင့် စောင့်ကြိုလျက်ပါ။

---
Why PG (Pacific Gateway)?
PG နဲ့ ဘာလို့ ခရီးသွားဖို့ စီစဉ်သင့်တယ် ထင်ပါသလဲ။
PG က ရန်ကုန် အခြေစိုက်တင် မဟုတ်ပါဘူး ဒေသခံ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ နယ်မြေကျွမ်းကျင်မှုနဲ့ စိတ်ချရမှုမှာ အာမခံပေးနိုင်ပါတယ်။
အကြောင်းကြီးငယ် ကိစ္စရှိရင်လည်း အမြန်ဆုံး ချိတ်ဆက်ဖြေရှင်းပေးနိုင်တာမို့ အကျွမ်းမဝင်တဲ့ ဒေသ ခရီးသွားရတာ ဖြစ်လည်း စိုးရိမ်စရာ မရှိပါဘူးရှင်။

----
👬 👭 👪 👫
ကုမ္ပဏီများ၊ သူငယ်ချင်းအဖွဲ့များ၊မိသားစုအဖွဲ့များစသည်ဖြင့် အသင်းအဖွဲ့များအတွက်လည်း (၈ ယောက်) မှစပြီး group လိုက် ခရီးစဉ်များလည်း မိမိတို့သွားလိုသော ရက်အတိုင်း စီစဉ်ပေးပါတယ်ရှင့်။

ကဲဖတ်ပြီးသွားပြီနော် ဘဝမှာ ထိုင်နေရတဲ့အချိန်တွေကများတယ် လာပါ ပျော်ပျော်ပါးပါး ကျွန်မတို့နဲ့ ခရီးသွားရအောင် အောက်မှာဖော်ပြထားတဲ့ ဖုန်နံပါတ်လေးကို အခုဆက်ရင်း စာရင်းပေးလိုက်ပါနော်လို့

ဆက်သွယ်ရန်
Ph: 📞09 791633557, 09 967678488, 09 262683539, 09 421171063

Photos from Pacific Gateway's post 28/09/2017

သီတင္းကၽြတ္ ပိတ္ရက္မွာျဖစ္ျဖစ္၊ စေနတနဂၤေႏြ weekend ေတြမွာျဖစ္ျဖစ္ က်ိဳက္ထီးရိုးကို မိသားစု သီးသန္႔ ဘုရားဖူးခ်င္ အနားယူခ်င္ရင္ ဟိုတယ္နဲ႕ ကားအတြက္ PG မွ တာ၀န္ယူ စီစဥ္ေပးပါရေစ။ က်ိဳက္ထီးရိုးအျပင္ အနီးနားက ေဆာင္နိုင္ၾကီး ေရတံခြန္သို႔ပါ ခရီးဆက္နုိင္ပါတယ္ေနာ္။

သြားလိုတဲ့ရက္၊ လူအေရအတြက္ကို HOT LINE နံပါတ္မ်ားသို႔ စာရင္းေပး ဆက္သြယ္ေမးျမန္းနိုင္ပါျပီ။

HOTLINE: 09 798964077, 09 791633557, 09 967678488

Photos from Pacific Gateway's post 28/09/2017

ခ်င္းျပည္နယ္ ကန္ပက္လက္က နတ္မေတာင္ (ေခၚ) ေခါႏူးစုမ္ ခရီးကို သြားေနက် လမ္းေၾကာင္းမဟုတ္ဘဲ ခ်င္းျပည္နယ္ထဲ ပိုေျခဆန္႔မယ့္ ခရီးစဥ္ေလး မၾကာခင္ လာမယ္ေနာ္။ 🤗

Photos 29/06/2017

Domestic Tour Leader ရာထူးမ်ား အတြက္
(Freelance/ Project Based)
••••••••••••••••••••••
– ျပည္တြင္း ခရီးသြားေနရာေဒသ ဗဟုသုတမ်ားရွိသူ ျဖစ္ရမည္။
– ခရီးသြားျခင္းကို အထူး၀ါသနာပါၿပီး က်န္းမာေရး ေကာင္းမြန္သူ ျဖစ္ရမည္။
– Tour Service ကို အျပည့္အ၀ ေပးႏိုင္သူ ခရီးစဥ္တေလ်ာက္လံုး ဦးေဆာင္နိုင္သူ ျဖစ္ရမည္။
– သြယ္လက္ထက္ျမက္၍ ယဥ္ေက်းေဖာ္ေရြစြာ ေျပာဆုိတတ္သူ ျဖစ္ရမည္။
– လုပ္ငန္းအေတြ႕အၾကဳံ ၁ ႏွစ္ အနည္းဆုံးရွိရမည္။

How to Apply
•••••••••••••
ကိုယ္ေရးအက်ဥ္း၊ လုပ္ငန္းအေတြ႕အၾကံဳ၊ ခရီးစဥ္တစ္ခုစာ ေမွ်ာ္မွန္း လုပ္ခလစာ၊ ဆက္သြယ္ရန္ အျပည့္အစံုျဖင့္ [email protected] သို႔ ေပးပို႔ ေလွ်ာက္ထားနုိင္ပါသည္။

Photos from Pacific Gateway's post 27/06/2017

မိုးတြင္းျဖစ္လို႔ ခရီးသြား မေကာင္းလွဘူး ဆိုေပမယ့္ ဒီအခ်ိန္က ဘားအံ ဆဒၵန္ဂူမွာ အလွဆံုးအခ်ိန္ပါ။
ပတ္ဝန္းက်င္တစ္ခုလံုး စိမ္းစိုေနၿပီး ေရျပည့္ေနပါၿပီ။

မိသားစုလိုက္ျဖစ္ျဖစ္ အဖြဲ႕အစည္းလိုက္ျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္ ခ်စ္ရသူေလးနဲ႔ ႏွစ္ေယာက္တည္းျဖစ္ျဖစ္ တသီးတသန္႔ ေအးေအးေဆးေဆး သြားလည္ခ်င္တယ္ဆိုရင္ PG ကို ဆက္သြယ္လိုက္ပါခင္ဗ်ာ။

PG မွ အေကာင္းဆံုးေသာ စိတ္ဝင္စားဖြယ္ အစီအစဥ္မ်ားျဖင့္ ေစာင့္ႀကိဳေနပါတယ္ ခင္ဗ်။

Photo by Crystal Lighthouse

Photos 31/03/2017

ေႏြရာသီမွာ အပူေရွာင္ၿပီး ခရီးသြားမယ့္သူေတြအတြက္ အသင့္ေတာ္ဆံုး ၅ ေနရာ
By lodggy blog

ေဆာင္းအကုန္ ေႏြအကူးကာလကေတာ့ ေရာက္ရွိလုိ႔ လာျပန္ပါၿပီ။ ဒီလုိပူျပင္းတဲ့ ရာသီဥတုမွာ အပူေရွာင္တဲ့ အေနနဲ႔ ေအးခ်မ္းတဲ့ ေဒသေလးေတြကုိ ခရီးသြားမယ့္ အစီအစဥ္မ်ား ရွိၾကမလား မသိဘူး။

ဒီလုိမ်ဳိးခရီး ေလးကုိ မိသားစုနဲ႔ အတူသြားျဖစ္မယ္ဆုိရင္ အရမ္းကုိ ေပ်ာ္ဖုိ႔ေကာင္းမွာ ေသခ်ာပါတယ္။ ဒီဧၿပီ ေမမွာ အပူေရွာင္ဖုိ႔ ျမန္မာႏုိင္ငံရဲ႕ အေရွ႕ဘက္နဲ႔အေနာက္ဘက္ ေတာင္တန္းေတြထဲက သင္ဘာကုိ ေရြးခ်ယ္မလဲ။ သင္ေရြးရခက္မွာေတာ့ အေသအခ်ာပါပဲ။

၁။ ျပင္ဦးလြင္

ေႏြရာသီ အပန္းေျဖမယ္လုိ႔ စဥ္းစားလုိက္တုိင္း ပထမဆံုးျမင္မိတာကေတာ့ ျပင္ဦးလြင္ပါပဲ။ ေမလမွာ လာဖုိ႔ အေကာင္းဆံုး ၿမိဳ႕လုိ႔ တင္စားရေအာင္ပဲ ေမလ ဝန္းက်င္မွာ ရာသီဥတု အရမ္းေကာင္းလွပါတယ္။ ကုိလုိနီေခတ္အေငြ႕အသက္မ်ား လႊမ္းျခံဳထားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အမ်ဳိးသားကန္ေတာ္ႀကီးဥယ်ာဥ္ေၾကာင့္လည္း နာမည္ႀကီးပါတယ္။ အနီးစခန္းေရတံခြန္၊ ဓာတ္ေတာ္ခ်ဳိင့္ေရတံခြန္၊ ပြဲေကာက္ေရတံခြန္၊ ရန္ကုန္ေက်ာင္းေရတံခြန္ စတဲ့ လွပတဲ့ ေရတံခြန္ေတြဟာ သင္ျပင္ဦးလြင္ေရာက္တာနဲ႔ ၾကည့္ကုိၾကည့္ရမယ့္ အလွပဆံုး ေရတံခြန္ေတြပါ။

၂။ သီေပါ

သီေပါၿမိဳ႕ဟာ တစ္ခ်ိန္က ေစာ္ဘြားတုိ႔ရဲ႕ ဌာနီျဖစ္ခဲ့ၿပီး ရွမ္းျပည္နယ္ရဲ႕ အခ်မ္းသာဆံုး နယ္တစ္ခုလဲ ျဖစ္ခဲ့ပါတယ္။ သီေပါကုိသြားမယ္ဆုိရင္ေတာ့ နာမည္ေက်ာ္ ဂုတ္ထိပ္တံတားရွိတဲ့ ျပင္ဦးလြင္-လား႐ႈိး ရထားလမ္း ကသြားတာ အေကာင္းဆံုးပါပဲ။ ဂုတ္ထိပ္တံတား႐ႈခင္းပါၾကည့္ရလုိ႔ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲေပါ့။
သီေပါၿမိဳ႕မွာေတာ့ ဘာမွလည္စရာ သိပ္မရွိေပမယ့္ အနီးပတ္ဝန္းက်င္မွာေတာ့ လည္စရာ အမ်ားအျပားရွိပါတယ္။ အနီးအနားေတာင္တန္းေတြဆီကုိ ၁ညအိပ္ပဲျဖစ္ျဖစ္၊ ႏွစ္ညအိပ္ပဲျဖစ္ျဖစ္ ေျခလ်င္ခရီးသြားလုိ႔ ရသလုိ နာမည္ေက်ာ္ ေစာ္ဘြားေဟာ္နန္း၊ နမၼတူနဲ႔ နတ္မျမစ္ဆံု၊ ေရွးေဟာင္း ေစတီပုထုိးမ်ားရွိရာ little bagan ကုိလည္း သြားေရာက္လည္ပတ္ႏုိင္ပါတယ္။

၃။ ခ်င္းျပည္နယ္ နတ္မေတာင္

ေမာင့္ဗစ္တုိးရီးယား ေခၚ နတ္မေတာင္ဟာ ေဒသအေခၚ ေခါႏုစြမ္ လုိ႔ အမည္ရၿပီး ခ်င္းျပည္နယ္ေတာင္ပုိင္း နတ္မေတာင္ အမ်ဳိးသားဥယ်ာဥ္မွာ တည္ရွိပါတယ္။ ပင္လယ္ ေရမ်က္ႏွာျပင္အထက္ ၁၀,၂၀၀ ေပအျမင့္မွာ တည္ရွိၿပီး ျမန္မာႏုိင္ငံရဲ႕ တတိယ အျမင့္ဆံုး ေတာင္ထိပ္လဲျဖစ္ပါတယ္။ နတ္မေတာင္ကုိ ေျခလ်င္တက္မယ္ဆုိ ကန္ပက္လက္ကေန စတက္ႏုိင္ၿပီး အသြားအျပန္ ၅နာရီခန္႔ ၾကာပါတယ္။ ညအခါမွာဆုိရင္ ၾကယ္ေရာင္စံုလင္းလက္ေနတဲ့ ေကာင္းကင္ယံအလွကုိ ၾကည့္႐ႈခံစားႏုိင္မွာျဖစ္ၿပီး သင္ေတြ႕ေနက် ျမင္ကြင္းမ်ဳိး မဟုတ္တ အေသအခ်ာပါပဲ။

၄။ ခ်င္းျပည္နယ္ ရိေရကန္

နာမည္ေက်ာ္ အသည္းပံု ရိေရကန္ဟာ ခ်င္းျပည္နယ္ေျမာက္ပုိင္းမွာ ရွိၿပီး ခ်င္းျပည္နယ္ ရဲ႕ ဒုတိယအျမင့္ဆံုးေတာင္ထိပ္ျဖစ္တဲ့ ကေနဒီေတာင္ထိပ္ကုိလဲ ေျခလ်င္တက္ႏုိင္ပါတယ္။ ဒုတိယကမၻာစစ္အတြင္း တုိက္ပြဲက်ခဲ့တဲ့ စစ္သားေတြရဲ႕ အုတ္ဂူမ်ားကုိ သြားေရာက္လည္ပတ္ႏုိင္လုိ႔ စိတ္လႈပ္ရွားစရာ ေကာင္းေနအံုးမွာပါ။ ေတာင္ေပၚေဒသေလးကုိ အလည္တစ္ေခါက္ သြားၿပီး ခ်င္းတုိင္းရင္းသားတုိ႔ရဲ႕ ေနထုိင္မႈဘဝေလးေတြကုိ ေလ့လာၾကည့္တာဟာ ဒီေႏြမွာေပ်ာ္စရာအေကာင္းဆံုးခရီးစဥ္တစ္ခုအျဖစ္ သင့္ကုိေပးစြမ္းမွာပါ။

၅။ ကေလာ/အင္းေလး

ေနာက္ဆံုးကေတာ့ ထင္းရွဴးၿမိဳ႕ေတာ္လုိ႔ တင္စားၾကတဲ့ ကေလာၿမိဳ႕ပဲ ျဖစ္ပါတယ္။ ကေလာကေန အင္းေလးကုိ ၂ညအိပ္ ၃ရက္ခရီး ေျခလ်င္သြားလုိ႔ရၿပီး ေဒသခံ ပအုိ၀္၊ ဓႏုနဲ႔ ရွမ္းလူမ်ဳိးမ်ား ရဲ႕ ေန႔စဥ္ဘဝကုိေလ့လာႏုိင္မွာပါ။

အင္းေလးကုိ ေရာက္သြားၿပီဆုိရင္ ေဖာင္ေတာ္ဦးဘုရား၊ ကကၠဴဘုရား၊ ေငြထည္ပစၥည္း အလုပ္ရံုမ်ား၊ စတာေတြကုိ သြားေရာက္လည္ပတ္ႏုိင္ၿပီး ေညာင္ေရႊက စပ်စ္ဝုိင္ျခံကုိလည္း သြားေရာက္လည္ပတ္ႏုိင္မွာပါ။

Credit & thanks to lodggy.com

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon