Tr. Nyo

Tr. Nyo

Share

GED Science, G 10-12Biology Teacher

03/12/2025

DNA လေးက mRNA အဖြစ်မပြောင်းခင်မှာ ပါလာတဲ့ information အကုန်ကို copy လုပ်ပါတယ်။ ပြီးမှ single strand ဖြစ်တဲ့ messenger RNA လေးအဖြစ်ပြောင်းပြီး nucleus ကနေထွက်ပါတယ်။ ဒီအဆင့်ကို transcription လုပ်တယ်လို့ခေါ်ပါတယ်။
mRNA လေးက nucleus ကထွက်ပြီး Ribosomes မှာကပ်ပြီး bases (A,U,C,G) လေးသုံးခုကို amino acid တခုဖြစ်လာပြီး amino acids တွေစုပေါင်းပြီး Protein လေးဖြစ်ပါတယ်။ Protein က cell ရဲ့ instructions အကုန်ကိုလက်ခံယူပြီး Structure ကိုဖြစ်ပေါ်စေပါတယ်။ ဒီအဆင့်လေးကတော့ Translation လို့ခေါ်ပါတယ်။
Transcription and Translation နှစ်ဆင့်ပေါင်းပြီး Gene Expression or Central Dogma လို့လဲ ခေါ်ပါတယ်။

03/12/2025

DNA to mRNA ——Trascription (at nucleus)
mRNA to Protein —— Translation (at Ribosme)

30/11/2025
19/09/2025

ဒီနေ့တော့ ဆဲလ်ကွဲပွါးခြင်းလို့ ခေါ်တဲ့ Cell Division လေးအကြောင်း ပြောပြပေးပါ့မယ် ကလေးတို့ရေ။
ဆဲလ်ကွဲပွါးခြင်းဆိုတာ Cell Reproduction ကိုပြောတာနဲ့ အတူတူပါပဲနော်။
Mitosis (ဂုဏ်ရည်တူဆဲလ်ကွဲပွါးခြင်း) နဲ့ Meiosis (ဂုတ်လျော့ဆဲလ်ကွဲပွါးခြင်း) ရယ်လ်ု့ နှစ်မျိုးရှိပါတယ်နော်။
လူခန္ဓာကိုယ်မှာ 23 pairs Chromosome (ခရိုမိုဇုမ်း) ၂၃စုံရှိတဲ့အနက် ၂၂စုံဟာ (Human Body Cells) လူခန္ဓာကိုယ်ဆဲလ်တွေပါ။
တစုံတည်းကသာ S*x cells လို့ခေါ်တဲ့ လိင်အင်္ဂါဆဲလ်ပါ။
1️⃣ ၂၂စုံသောဆဲလ်လေးတွေက Mitosis နည်းနဲ့ပဲကွဲပွါးပါတယ်။
🔥 Asexual Reproduction လို့ခေါ်တဲ့ လိင်မဲ့မျိုးပွါးဖြင်းနဲ့ပါ။
🔥 Parent (မိဘ) တစ်ယောက်တည်းနဲ့ မျိုးပွါးနိုင်တာပါ။
🔥 ဆဲလ်ကွဲပွါးခြင်းအဆုံးမှာ ဆဲလ်အသစ် ၄ လုံးမှာ ခရိုမိုဇုမ်း တစုံစီပါတဲ့ ကွဲပွါးခြင်းပါ။
🔥 မိဘနဲ့ တပုံစံတည်းတူတဲ့ မျိုးဗီဇထပ်တူညီတာ ( genetically identical) တာ Mitosis လေးပါ။

2️⃣ Meiosis Cell Division (ဂုဏ်လျော့ကွဲပွါးခြင်း) ကတော့ တစ်စုံတည်းရှိတဲ့ လိင်ဆဲလ် (S*x Cell/Gametes)မှာကွဲပွါးတာပါ။
🔥 မိဘနှစ်ပါးရှိမှပွါးလို့ရတာမို့ S*xual Reproduction ( လိင်ရှိမျိုးပွါးခြင်း) လို့ခေါ်ပါတယ်။
🔥 အဖေဆီက ခရိုမိုဇုမ်း (Chromosomes )23 ခုနဲ့ အမေဆီက 23ခုပေါင်းပြီးမှာ သားသမီး (offspring) လေးရတာပါ။
🔥 အဆုံးမှာတော့ ခရိုမိုဇုမ်းလေးတစ်ခုစီပါတဲ့ ဆဲလ်အသစ်လေးလေးလုံးရတာက Meiosis ပါနော်။
🔥 သူကတော့ အဖေတစ်ဝက်၊ အမေတစ်ဝက် ခရိုမိုဇုမ်းရယူထားလို့ မျိုးဗီဇကွဲပြားတဲ့ (genetically different) သားသမီးဆဲလ်လေးတွေရတာပေါ့။

ဒီနေ့တော့ ဆဲလ်ကွဲပွါးခြင်း နှစ်နည်းကိုပဲ မှတ်သားကြစိ့နော် ကလေးတို့ 🧠





Photo from Google

17/09/2025

မင်္ဂလာပါ ကလေးတို့ရေ။ စာလေးတွေမတင်ပေးဖြစ်တာ ကြာသွားလို့ တောင်းပန်ပါတယ်နော်။ ဒီနေ့တော့ ကလေးတွေအတွက် GED Life Science မှာပါတဲ့ Human Body System တွေက တခုဖြစ်တဲ့ Skeketal System အကြောင်း ပြောပြမှာပဲဖြစ်ပါတယ်။ အလုံးစုံမပြည်စုံတောင် အထောက်အကူလေးရပြီး အသိလေးတစ်ခုတိုးရင်ကို တင်ပေးရကျိုးနပ်ပါတယ်။

📌 Skeleton System (အရိုးငြမ်း အဖွဲ့အစည်း)

ပင့်ကူ၊ ပုစွန်၊ ကဏန်း၊ ရထားကောင်လိုမျိုးတွေကကျ Exoskeleton လို့ခေါ်တဲ့ ပြင်ပအရိုးငြမ်းအဖွဲ့အစည်းကောင်တွေပါ။
လူနဲ့ သတ္တဝါတော်တော်များများက Endoskeleton လို့ခေါ်တဲ့ အတွင်းအရိုးငြမ်း အဖွဲ့အစည်းကောင်တွေပါ။ organs တွေရဲ့ အပေါ်ကနေ protect လုပ်ပေးပြီး skins ရဲ့အောက်မှာရှိလို့ Endoskeleton vertebrates လို့ခေါ်တာပါ။

အရွယ်ရောက်လာတဲ့လူမှာ အရိုး ၂၀၆ ချောင်းပါရှိတယ်။

Leg bones ခြေထောက်ရိုး၊ Hip bone တင်ပဆုံရိုးနဲ့ Spine ကျောရိုးတို့က stand upright မတ်မတ်ရပ်နိုင်အောင်ကူညီပေးပါတယ်။

Skull ခေါင်းရိုးနဲ့ Rib cage နံရိုးတွေက protect vital organs လုပ်ပေးတယ်။

Tiny ear bones က capture sounds အသံတွေဖမ်းပေးတယ်။

အပြင်ဘက်ကအရိုးတွေက မာကျောပြီး အတွင်းမှာ bone marrow ပါရှိပါတယ်။

Bone marrow ရိုးတွင်းခြင်ဆီက နူးညံ့ပြီး အတွင်းမှာ Red and White Blood cells, Platelets and Plasma တွေပါရှိပါတယ်။

Red blood cell (haemoglobin) oxygen ကို transport လုပ်​ပေးပြီး၊ White blood cell (leukocytes) defend against pathogens ပြင်ပကဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေး antibodies တွေကိုထုတ်ပေးပါတယ်။ Platelets က Blood clot လို့ခေါ်တဲ့ ဒဏ်ရာအနာတရဖြစ်တဲ့အခါ သွေးတိတ်စေပါတယ်။ Plasma မှာ ရေဓာတ် 92% ပါရှိပြီး အရေးပါတဲ့ Proteins တွေ Components တွေပါရှိပါတယ်။

Cartilage (အရိုးနု) က flexible tissue ဖြစ်ပြီး joints တွေမှာ အရိုးတွေကို အတူတကွလာဆက်ပေးတယ်။

Tendens (အကြောမျှင်) ကကျ ကျုံတာဆန့်တာလုပ်မရတဲ့ inelastic connective tissues ဖြစ်ပြီး ကြွက်သားနဲ့အရိုးကိုချိတ်ဆက်ပေးပြီး လှုပ်ရှားမှုကိုလုပ်ဆောင်ပေးပါတယ်။

Ligaments (အရွတ်) က strong inelastic band (သန်မာတဲ့ ကျုံဆန့်မရတဲ့ကွင်း) ဖြစ်ပြီး joints တွေမှာ အရိုးတွေကို တွယ်စပ်ထိန်းပေးပါတယ်။

7 Main Parts of Skeletal System are......

1. Skull (ခေါင်းရိုး)

2. Vertebrae (bones of the spine) ကျောရိုးအဆစ်

3. Ribs and sternum (နံရိုးနဲ့ ရင်ညွှန့်ရိုး)

4. Clavicle and scapula (ညှပ်ရိုးနဲ့ လက်ပြင်ရိုး)

5. Humerus, ulna and radius (arms) (လက်မောင်းရိုး၊ တံတောင်ဆစ်ရိုးနဲ့ လက်ဖျံရိုး)

6. Pelvis (hip bones) (တင်ပဆုံရိုး)

7. Femur, tibia and fibula (legs) (ပေါင်၊ ညို့သကျီး နဲ့ တံကျင်ရိုး) တို့ပဲ ဖြစ်ပါတယ်။

အားလုံးပဲ အစစအဆင်ပြေ လွယ်ကူချောမွေ့ကြပါစေရှင် ❤

photo from google

10/08/2025

FYI

📢 𝐄𝐱𝐜𝐢𝐭𝐢𝐧𝐠 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐨𝐟 𝐎𝐮𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐖𝐞𝐛𝐢𝐧𝐚𝐫‼️

✨ 𝐀 𝐍𝐞𝐰 𝐄𝐫𝐚 𝐎𝐟 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 : 𝐓𝐡𝐞 𝐇𝐲𝐛𝐫𝐢𝐝 𝐌𝐨𝐝𝐞𝐥 𝐅𝐨𝐫 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 ✨

𝐎𝐒𝐒𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို 𝐇𝐲𝐛𝐫𝐢𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞 နဲ့တက်ရောက်ရတာ တကယ် 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 ဖြစ်ရဲ့လား ???

𝐕𝐞𝐫𝐢𝐭𝐚𝐬 𝐀𝐞𝐬𝐜𝐮𝐥𝐚 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 မှ 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့ 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 သင်ကြားရေးနှစ်ခုကိုပေါင်းစပ်ထားတဲ့ 𝐇𝐲𝐛𝐫𝐢𝐝 သင်ကြားရေးစနစ်က 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကိုတက်ရောက်မယ့် ကျောင်းသား/သူတွေအတွက်

✅ ဘယ်လိုမျိူး 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬 တွေရှိနိုင်မလဲ၊
✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 သီးသန့် (𝐨𝐫) 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 သီးသန့် သင်ကြားရတာမျိူးတွေနဲ့ ဘာတွေကွာခြားမှုရှိနိုင်မလဲ?
✅ ကျောင်းသားတွေအတွက် အချိန်ကိုရော ဘယ်လို 𝐦𝐚𝐧𝐚𝐠𝐞 လုပ်လို့ရနိုင်မလဲ?

စတဲ့ အကြောင်းအရာတွေနဲ့ပက်သက်ပြီး ယခုပြုလုပ်ပေးသွားမယ့် 𝐖𝐞𝐛𝐢𝐧𝐚𝐫 မှာအသေးစိတ် ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် 𝐕𝐞𝐫𝐢𝐭𝐚𝐬 𝐀𝐞𝐬𝐜𝐮𝐥𝐚 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 မှာ 👩🏻‍🎓 𝐎𝐒𝐒𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကိုတက်ရောက်လိုတဲ့ကျောင်းသား/သူတွေအတွက် စီစဉ်ပေးထားတဲ့ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေနဲ့
👩🏻‍🎓 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တက်ရောက်ချင်တဲ့သူတွေအတွက် 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐳𝐞𝐝 𝐎𝐒𝐒𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 အကြောင်းကိုပါ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

--------------------------------------

𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐬 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐦

✨ 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐝 𝐒𝐩𝐞𝐚𝐤𝐞𝐫𝐬

🎓 𝐌𝐬. 𝐂𝐨𝐥𝐥𝐞𝐞𝐧 𝐌𝐜𝐌𝐢𝐥𝐥𝐚𝐧 – 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐂𝐚𝐧𝐚𝐰𝐚𝐲 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥

🎓 𝐌𝐬. 𝐏𝐚𝐧𝐧 𝐄𝐢 𝐏𝐡𝐲𝐮 – 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭, 𝐕𝐞𝐫𝐢𝐭𝐚𝐬 𝐀𝐞𝐬𝐜𝐮𝐥𝐚 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞

📅 𝐃𝐚𝐭𝐞: 𝟏𝟓𝐭𝐡 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟓

⏰ 𝐓𝐢𝐦𝐞: 𝟖:𝟑𝟎 𝐏𝐌 – 𝟗:𝟑𝟎 𝐏𝐌 (𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐓𝐢𝐦𝐞), 𝟖:𝟎𝟎 𝐏𝐌 - 𝟗:𝟎𝟎 𝐏𝐌 𝐌𝐌𝐓

💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦

--------------------------------------

ဒါကြောင့် 𝐕𝐀𝐈 မှာ 𝐇𝐲𝐛𝐫𝐢𝐝 သင်ကြားရေးစနစ်နဲ့ 𝐎𝐒𝐒𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 တက်ရောက်ဖို့စိတ်ဝင်စားတဲ့ကျောင်းသား/သူတွေ၊ မိဘ တွေဆိုရင်တော့ မိမိတို့ သိလိုသမျှကို မေးမြန်းနိုင်ဖို့အတွက် ယခု 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 လေးလုပ်ထားလို့ရပါပြီနော်။

🔗 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤 :

https://forms.gle/v9FKjJBj75VK6Gck8

🚨 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐒𝐞𝐚𝐭 ဖြစ်တဲ့အတွက် မြန်မြန်လေး 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 လုပ်ထားမှ စိတ်ချရပါမယ်ရှင်။ 🚨

07/08/2025

မင်္ဂလာပါရှင်…..
ဒီနေ့ ပြောမဲ့အကြောင်းလေးကတော့ GED Life Science ရဲ့ ပထမဆုံးအခန်းလေးဖြစ်တဲ့ Cell အကြောင်းလေးပါ။

၁။ Cell နှစ်မျိုးရှိပါတယ် ။ Prokaryote (bacteria) နဲ့ Eukaryoute (Protists, Plants, Animals and Fungi) တို့ပဲ ဖြစ်ပါတယ်။

၂။ Nucleus မပါတာ၊ ရိုးရှင်းတဲ့ Cell အမျိုးအစားဟာ Prokaryotic တွေဖြစ်ကြပြီး Uni and Multicellular organisms တွေကတော့ Eukaryotic တွေဖြစ်ပါတယ်။ Cell မတူလဲ လုပ်ဆောင်တဲ့ တာဝန် (Functions) တွေကတော့ အတူတူပါပဲနော်။

၃။ Eukaryotic cells အမျိုးအစားထဲက အပင် (plant)နဲ့ တိရစ္ဆာန် (animal) cells တွေမှာ ပါဝင်တဲ့ အင်္ဂါနုတ်(organelles) လေးတွေ တူတာနဲ့ မတူတာလေးပြောပြပါမယ်။ တူတာလေးတွေကတော့ :
1. Cell Membranes (အပြင်က အလွှာပါး) ဆဲလ်ထဲကို ရေ၊ မော်လီကျူးတွေ ဝင်တာထွက်တာကို ကန့်သတ်ပေးပါတယ်။
2.Cytoplasm (ဆဲလ်အတွင်းသား) jelly forms ဖြစ်ပြီး သူ့ထဲမှာ တခြားအင်္ဂါနုတ်တွေရှိပါတယ်။
3. Nucleus (DNA နဲ့ chromosome တို့လို မျိုးဗီဇအချက်အလက်ကို သယ်ဆောင်ပါတယ်။
4.Ribosomes -Protein တည်ဆောက်တဲ့နေရာဖြစ်ပါတယ်။
5. Mitochondria - အင်နာဂျီ (ATP molecules) ထုတ်လုပ်ပေးတဲ့နေရာပါ။

၄။ ခုနောက်ဆုံးပြောမှာကတော့ အပင်ဆဲလ်မှာပဲပါတဲ့
အင်င်္ဂါနုတ် ၃မျိုးပါ။
1.Cell Wall( ဆဲလ်နံရံ) ဆဲလ်အမြှေးပါးရဲ့အပြင်ဘက်ကနေပါရှိပါတယ်။ ဆဲလ်ကို ပိုပြီး တောင်းတင်းခိုင်မာစေပါတယ်။
2. Chloroplast စိမ်းရောင်ခြယ်ပစ္စည်းပါဝင်ပြီး photosynthesis ဆိုတဲ့ အလင်းမှီစုအစာဖွဲ့စည်းခြင်းကို အဓိကလုပ်ဆောင်ပေးတာပါ။
3. Vacuoles ဆိုတဲ့ ဆဲလ်ရေကွက်ပါ။ အပင်ဆဲလ်မှာ အကြီးပါဝင်ပြီး တိရစ္ဆာန်ဆဲလ်မှာတော့ အသေးလေးတွေသာပါဝင်ပါတယ်။ အပင်ဆဲလ်မှာ ရေနဲ့
အာဟာရကို သိုလှောင်ပေးခြင်း၊ အဆိပ်အတောက်နဲ့စွန့်ပစ်ပစ္စည်းများကို ခွဲခြားချေဖျက်ပေးခြင်းနဲ့ ဆဲလ်နံရံပေါ်က်ု ဆဲလ်အင်္ဂါနုတ်တွေရဲ့ဖိအားကို လျော့ချပေးခြင်းများကို အဓိကလုပ်ဆောင်ပေးပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲနော်။




Photo from Google

31/07/2025

Electromagnetic Radiation -လျှပ်စစ်သံလိုက်လှိုင်း

ဘယ်လိုဟာတွေကို လျှပ်စစ်သံလိုက်လှိုင်းခေါ်ပါသလဲ ?

ကလေးတို့သုံးနေတဲ့ phone တွေ၊ ရေဒီယိုတွေ ၊ oven

တွေကနေ ဓာတ်မှန်ရိုက်တဲ့ X-rays , Gramma rays

တွေထိ လျှပ်စစ်သံလိုက်ရောင်စဉ်တန်း

(electromagnetic spectrum) ထဲပါပါတယ်။

လှိုင်းအလျား (wavelength) အရှည်ကနေ လှိုင်းအလျား

အတိုဆုံးထိပါဝင်ပါတယ်။

လှိုင်းအလျားရှည်လေ စွမ်းအင်(energy) နည်းပြီး

ကြိမ်နှုန်း (frequency) နည်းပါတယ်။ ရေဒီယိူလှိုင်း

တွေ၊ မိုက်ခရ်ိဝေ့ဖ်မီးဖိုတွေဟာ လှိုင်းအလျားရှည်လို့

လူတွေကို အန္တာရယ်နည်းပါတယ်။

လှိုင်းအလျားရှည်ရင် စွမ်းအင်များမယ် ကြိမ်နှုန်းလဲမြင့်

ပါတယ်။ X ray , grammar rays, UV rays တွေက

လှိုင်းအလျားတိုလို့ အန္တာရာယ်လဲများပါတယ်။ သက်ရှိ

ဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။

ကမ္ဘာ့ အပေါ်ယံလွှာလို့ဆိုတဲ့ ozone လွှာက နေရောင်

ခြည်က UV rays တွေအကုန် ကမ္ဘ့ာဂြိုဟ်ပေါ် တိုက်

ရိုက်အကုန် မသက်ရောက်အောင် ကာကွယ်ပေးထားတာ

ပါ။ တကယ်လို့များ အိုဇုန်းလွှာသာ မရှိခဲ့ရင် ကမ္ဘာဟာ

နေရောင်ခြည်ရဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ UV တွေ

အကုန်ထိတွေ့ပြီး သက်ရှိတွေလဲ သေကြေပျက်စီး

ကုန်မှာဖြစ်ပါတယ်။

💥Shortest wavelength👉🏻 lowest energy 👉🏻

lowest frequency 💥

💥Longest wavelength👉🏻 highest energy👉🏻

highest frequency 💥

လို့ မှတ်ထားရင် ရပါပြီနော်။

Photo from google

28/07/2025

💥💥Properties of Wave ( လှိုင်းဂုဏ်သတ္တိများ)

Transverse wave(ကန့်လန့်လွဲလှိုင်း)များသည်

ကြိမ်နှုန်း (frequency) ၊လှိုင်းအလျား (wavelength)၊

လွှဲကျယ် (amplitude) ၊ လှိုင်းအလျင် (wave velocity)

နှင့် လွှဲချိန်(period) များပါရှိသည်

၁။ ကြိမ်နှုန်း (frequency)

တစ်စက္ကန့်အတွင်းဖြတ်သွားသော လှိုင်းအလျာ:

(wavelength) များအရေအတွက်ကို ကြိမ်နှုန်းဟု

ခေါ်သည်။ ယူနစ်မှာ hertz(Hz) ဖြစ်သည်။

၂။ လှိုင်းအလျား (wavelength)

ကပ်လျက်ရှိသော လှိုင်းထိပ်(crest) နှစ်ခုကြား သို့ လှိုင်း

ခွက် (trough) နှစ်ခုကြား အကွာအဝေးကို လှိုင်း

အလျားဟုခေါ်သည်။ ယူနစ်မှာ (per second)ဖြစ်သည်။

၃။လွှဲကျယ် (amplitude)

ရေပြင်ညီ (equilibrium position) မှ လှိုင်းထိပ်အမြင့်

သို့ လှိုင်းခွက်အနက် ကို လွှဲကျယ်ဟုခေါ်သည်။

၄။ လှိုင်းအလျင် (wave velocity)

လှိုင်းအလျား(wavelength)နှင့် ကြိမ်နှုန်း (frequency)

တို့၏ မြှောက်လဒ်သည် လှိုင်းအလျင် ဖြစ်သည်။ ယူနစ်

မှာ (m/s or meter per second) ဖြစ်သည်။

၅။ လွှဲချိန် (period T)

လှိိုင်းလုံးတစ်လုံးဖြစ်သွားရန် ကြာချိန်ကို လွှဲချိန်ဟု

ခေါ်သည်။

လွှဲချိန် (T) နှင့် ကြိမ်နှုန်း (frequency) သည် ပြောင်းပြန်

အချိုးကျသည်။

f= 1/T

Photo from google

28/07/2025

အသည်းအဆီဖုံးခြင်းးး🔑
သွေးထဲ ကိုလက်စထရောကို စစ်ကြည့်ခြင်းနဲ့ သိနိုင်ပါတယ်။
Total cholesterol 200mg/dl အောက်ဆိုရင်သာ အသက်ရလာတဲ့သူတွေအတွက် ကောင်းပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် ကောင်းတဲ့ကိုလက်စထရော (HDL) ပိုလိုအပ်ပါတယ်။
ကိုလက်စထရောက အသည်းမှာ အဆီဖုံးစေပါတယ်။
လူ့ခန္ဓာကိုယ်က ကိုလက်စထရော အမျိုးမျိုးကို လိုအပ်ပါတယ်။
CDC (Centers for Disease Control and Prevention) အရဆိုရင် မကောင်းတဲ့ကိုလက်စထရောဖြစ်တဲ့ (Low/density lipoprotein- LDL)က ကျန်းမာရေးကို ထိခိုက်စေပါတယ်။ LDL များရင် သွေးကြောမှာ အဆီခဲ (plaques) တွေပိတ်ပြီး ကြာလာရင် နှလုံးရောဂါဖြစ်တာ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကောင်းတဲ့ကိုလက်စထရော(High-density lipoprotein-HDL ) နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ HDL လို့ခေါ်တဲ့ ကောင်းတဲ့က်ုလက်စထရောက ခန္ဓာကိုယ်က မလိုအပ်တာတွေပြန်လည်စွန့်ထုတ်ပေးတဲ့ အသည်းဆီကို ကိုလက်စထရောတွေ ပို့ဆောင်ပေးတဲ့အလုပ်ကို လုပ်ပါတယ်။

Triglycerides ကတော့ ခန္ဓာကိုယ်မှာပဲ အဆီနောက်ပုံစံတစ်မျိုးပါပဲ။ သူကတော့ ကိုလက်စထရောအတွက် အခြေခံအုတ်မြစ်ပါပဲ။ သူများခဲ့ရင်လဲ နှလုံးရောဂါဖြစ်နိုင်ချေရှိပါတယ်။
အသက် ၂၀ နဲ့အထက် လူတွေမှာဆိုရင်Total cholesterol 200 mg အောက်၊ LDL 100 အောက်၊ HDL 60 နဲ့ Triglycerides 150 အောက်က ကျန်းမာရေးအတွက်အကောင်းဆုံးပါ။
Total cholesterol 240 အထက်၊ LDL 190အထက်၊ HDL 40အောက််နဲ့ Triglycerides 200mg အထက်ဆို Cholesterol မြင့်တက်နေပြီဖြစ်တာမို့ ကျန်းမာရေးအတွက် အစားအသောက်၊ အနေအထိုင်ပြုပြင်ပြီး တနေ့တာအတွက် ကိုယ်လက်လှုပ်ရှားမှု နာရီဝက်အနည်းဆုံးလုပ်ဆောင်သင့်ပါတယ်။
ဆေးလိပ်၊ အရက်ဖြတ်ပြီး ပြည့်ဝဆီတွေဖြစ်တဲ့ အမဲ၊ဝက်အဆီများ၊ စားအုန်းဆီများကို ရှောင်နိုင်သမျှရှောင်ပြီး မပြည့်ဝဆီတွေဖြစ်တဲ့ ငါးအဆီ(omega 3fatty acid) ၊ အပင်ကရတဲ့အဆီများစားသုံးပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်များများစားသုံးသင့်ပါတယ်။ ကိုယ့့်မိဘမျိုးရိုးမှာ ရာဇဝင်ရှိခဲ့ရင်တော့ မပေါ့ဆဘဲ ပိုသတိထားဆင်ခြင်နေသင့်ပါတယ်ရှင် 💥

Photo from Google

#ကိုလက်စထရော
# နှလုံးရောဂါ
#လေဖြတ်

27/07/2025

Mechanical Waves (မဂ္ဂနစ်လှိုင်းများ) သည်

ကြားခံနယ်များ (အခဲ-solid၊ အရည်-liquid၊ အငွေ့-gas) များတွင်

ဖြတ်သွားနိုင်သောလှိုင်းဖြစ်၍

vacuum(လေဟာနယ်) တွင် ဖြတ်မသွားနိူင်ပါ။

ထိုလှိုင်းများတွင် လေ(gas)တွေဖြတ်သောလှိုင်း

များသည် အနှေးဆုံးဖြစ်သည်။

(၁) Longitudinal Wave( အလျားလိုက်လှိုင်း)

သည် ကြားခံနယ်ရှိ molecules များသည် လှိုင်း

ဦးတည်ရာနဲ့အပြိုင်ရွေ့သောလှိုင်းဖြစ်၍ အသံလှိုင်း

များ ၊ စပရိန်များကျုံခြင်း ဆန့်ခြင်း , ငလျင်လှိုင်း

(primary wave)စသည့်လှိုင်း

များဖြစ်ပါသည်။

(၂) Transverse Wave(ကန့်လန့်လွှဲလှိုင်း)သည်

ကြားခံနယ်ရှိ molecules များသည် လှိုင်း

ဦးတည်ရာနှင့် ထောင့်မတ်ကျသောလှိုင်းဖြစ်ည်။

E.g - Electromagnetic waves(radio and light) ,

ရေမျက်နှာပြင်ပေါ်တွင်ဖြစ်သောလှိုင်း(ripples on

water) ၊ ကြိုးတပ်တူရိယာ(stringed instruments)

နှင့် ငလျင်လှိုင်း(secondary wave) များ ဖြစ်ကြ

သည်။

Photo from google

22/07/2025

GED Science , G 10-12 Biology စာအမှန်တကယ်လုပ်ပြီး ငွေကြေးအဆင်မပြေတဲ့သူဆို အားမနာတမ်းဆက်သွယ်ပေးပါ။ zoom နဲ့ သေချာသင်ပေးပါမယ်။
intensive အတွက်သီးသန့်သင်ချင်သူများလဲ ဆက်သွယ်လို့ရပါတယ်။
#ပညာဒါနပါရှင်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon