Spirits Of Insight
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spirits Of Insight, Astrologist & Psychic, Yangon.
30/04/2026
Hello
Pageကြီးသာဖွင့်ထားတာ adminအကြောင်းတခါမှမိတ်မဆက်ဖူးလို့ postတင်ပေးတာပါ😁
နာမည်က Htet Shine Aungလို့ခေါ်ပါတယ်
အသက်က 20ပါ
ဆရာလို့ခေါ်ဖို့လဲမလိုအပ်ပါဘူး အမည်နာမတွေကအရေးမကြီးတာမလို့ မိတ်ဆွေ/မောင်နှမလိုသဘောထားဆက်ဆံရင်ရပါပီ😆 တချို့တွေဆို မမ/ဆရာမလို့တောင်ခေါ်ကြတော့ နာမည်တွေကကိုယ့်အတွက်အထူးဆန်းမဟုတ်တော့ပါဘူး😅
Adminက ဒေဝီ/နတ်/ဝိဇ္ဇာတွေနဲ့ဆိုင်တဲ့အပိုင်းကိုတာဝန်ယူလုပ်ပါတယ်။အမေရေယဥ်မယ်တော်နဲ့ကတော်လေးပါးကိုအဓိကထားကိုးကွယ်ပါတယ်။
Review တွေကအရင်accမှာတင်ဖူးပါတယ် ဒါပေမဲ့ နောက်ပိုင်းမှာ reviewတွေမတင်ချင်လို့ဘာမှမတင်တာပါ😇။
ဒီpage ဖွင့်ထားတဲ့ရည်ရွယ်ချက်က အဟောအပြောနိမိတ်ဖတ်တာတွေထက်ကိုပိုပါတယ် ပြောရရင် နိမိတ်ဖတ်ဟောပြောတာတော့ ဘယ်ဆရာဖြစ်ဖြစ်သွားမေးလို့ရတာပဲ ဆရာတိုင်းသူ့ပညာသူ့အစွမ်းစနဲ့ဟောနိုင်ပြောနိုင်ကြတာကြည့်ပါပဲ။Adminရှိလာရင်တော့ မေးဖို့သက်သက်နဲ့မလာပါနဲ့ မေးပီးကိုယ့်ဘက်ကလိုက်နာမကျင့်သုံးနိုင်ရင်အလကားပါပဲ။ပိုက်ဆံရပီးရော လုပ်တတ်တဲ့ထဲလဲမပါသလို စကားနားထောင်မှလဲကြိုက်တဲ့လူမလို့ ရှေရှည်ဘဝplan ကိုထည့်တွက်ပီး သေချာဆွေးနွေးတိုင်ပင်ချင်မှသာလာခဲ့ပါ တိုင်ပင်ယုံနဲ့လဲမရဘူးနော် ကိုယ့်ဘက်ကလဲ adminပြောသလိုနေထိုင်နိုင်မှရပါမယ်။
Adminအမုန်းဆုံးအချက်ကပညာစမ်းတာပါပဲ။ပညာစမ်းခြင်းသည်းခံပါ တခြားလူတွေကတော့ကြိုက်ချင်ကြိုက်မယ် adminကတော့လုံးဝမကြိုက်ပါဘူး ယုံမှလာပါ ဘယ်သူဘယ်ဝါကိုမှလဲ လာပါငါ့ကိုအတင်းယုံပါဆိုပီးလဲဆွဲမခေါ်ထားတာမို့ လာစမ်းဖို့တော့မကြိုးစားပါနဲ့။ သတိပေးထားတာကိုမှလုပ်ရက်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲခင်ဗျာ။
Zodiac Signက Scorpioမလို့ ပဒီးပဒါးလာလုပ်တာအာရုံနောက်အောင်လုပ်တာတွေမကြိုက်ပါဘူးနော် but လူကောင်းသူကောင်း ကိုယ့်အပေါ်ကောင်း"မွန်"ဆက်ဆံတယ်ဆိုရင်တော့ ပြန်ရှိခိုးမတက် ပြန်ကောင်းပေးတဲ့လူပါ✌🏻။
လောင်းကစားအစီရင်တွေ/အတိုက်တွေမလုပ်ပေးပါဘူးနော် လောင်းကစားအစီရင်က 2024ကလုပ်ပေးဖူးပါတယ် သိန်း500-1000ထိရသွားဖူးတာလဲရှိပါတယ် ဒါပေမဲ့ ဘယ်လိုပဲရရပါ လောင်းကစားကအသက်မွေးဝမ်းကျောင်းလုပ်လို့ကောင်းတဲ့အရာမဟုတ်လို့ အဲ့ကစပီးခုချိန်ထိမလုပ်ပေးဖြစ်တာပါပဲ လုပ်ဖို့လဲအစီစဥ်မရှိပါဘူး အဲ့2ချက်ကလွဲပီးကျန်တာတွေရပါတယ်။
စိတ်ရင်းမှန်လို့ အကျိုးပေးသန်သူများဖြစ်နိုင်ကြပါစေ🦋
အောက်က fb accပြထားတာပါ addချင်ရင်add မaddချင်လဲရပါတယ် အစစ်မှန်ဖြစ်ကြောင်းပြသခြင်းပါပဲ🤘🏻
အစီရင် ကိစ္စတွေဘက်ပဲလှည့်ချင်လို့ အဟောမဖွင့်သေးတာပါ
pile ကတော့ပုံမှန်တင်ပေးမှာပါ😅
Cbမှာပို့တဲ့စာတွေလဲ မြင်ပါတယ် အဟောမဖွင့်တာမလို့ မပြန်တာပါ reading openရင် postသက်သက်တခုတင်ပေးပါ့မယ်
28/04/2026
အစီရင် post ☀
မင်္ဂလာ ဣစိတံ
လူတိုင်းရဲ့ ဘဝမှာ တစ်ကြိမ်တခါတော့ အပူသောကများ ဘာလုပ်လုပ်အဆင်မပြေဖြစ်တဲ့ ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေ အဆိုးဆုံးအချိန်တွေဖြတ်သန်းခဲ့ကြဖူးမှာပါ
ဒီလို အဘက်ဘက်ကအဖက်ဆယ်မရဖြစ်လာတဲ့အချိန်ကျ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေနဲ့ ထုံမွှန်းထားတဲ့ မင်္ဂလာဣစိတံ ဆိုတဲ့အစီရင်လုပ်သင့်ပါတယ်။
ဒီအစီရင်အပ်သူတွေက တကူးတကကြီးရှောင်ရမဲ့ကန့်သတ်ချက်တွေတော့မရှိပါဘူး ဒါပေမဲ့ နေ့စဥ်နေ့တိုင်း 9ရက်တိတိ ပုတီးမပျက်မကွက်စိတ်တဲ့အဓိဌာန်တော့ပြုလုပ်ပေးဖို့လိုပါမယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော် တန်ခိုးတော်တွေဟာ နှိုင်းဆပြမရအောင် အင်မတန်ကြီးမားတဲ့အတွက်ကြောင့်မလို့ ပြုလုပ်ဆောင်ရွက်သူအနေနဲ့လဲ သီတာရေစင်သွန်းလောင်းသကဲ့သလို အေးချမ်းမှုတွေ မလွဲမသွေကြုံရမယ်ဆိုတာတော့ မလွဲမသွေပါပဲ။
အသေးစိတ်ကို cbမှာမေးပေးပါ✌🏻
27/04/2026
Tarotမေးမလို့လားမသိ Cbမှာစာတွေပို့ထားတာတွေ့တယ် ဒါမဲ့ adminအကြောင်းမသိပဲ မေးရဲတယ်ပေါ့ လူလိမ် ကျားဖြန့်ကြီးဖြစ်နေမှာမကြောက်ဘူးလား😂
27/04/2026
Page က followersတွေအတွက် ကိုယ်စား နံ့သာရေစင် ဆက်ကပ်လှူဒါန်းဆုတောင်း🙏🏻
လောကဒဏ်တွေကြားမှာ ရွှံ့နွံမှကြာပွင့်သကဲ့သို့ ကျန်းမာ ချမ်းသာ လန်းဖြာနိုင်ကြပါစေ✌🏻
26/04/2026
ကိုယ့်မှာ အခိုက်/အညံ့တွေရှိမရှိ တစ်ချက်စစ်ကြည့်ရအောင်🤳🏻
Pile 3ခုရှိတယ် အညံ့တွေရှိရင်ရှိကြောင်းပြောပေးထားတာလဲပါတယ် အားပေးစကားပြောထားတာလဲပါတယ် ဆူတာကတခုပဲပါတယ်😆 အဲ့တာကိုမှတည့်တည့်ကြီးရွေးမိရင်တော့ လုပ်သင့်တာလုပ်ဖို့လိုနေပါပီ👀
ကံကောင်းပါစေ✌🏻
23/04/2026
မြန်မာသက္ကရာဇ် ၁၃၈၈ခု နှစ်အတွက် တစ်နှစ်စာ Pileပါ
General/overallသဘောမျိုးရေးပေးထားတာမလို့ဖတ်ချင်မှဝင်ဖတ်ပါ။
ဘယ်gpထဲမှ shareမထားပါဘူး ထိုက်သောသူသာလျှင်တွေ့ပါလိမ့်မယ်
16/04/2026
မင်္ဂလာ နှစ်သစ်ကူးအခါသမယပါ💗
မနက်ဖြန်ဟာဆိုရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်တဲ့အတွက်ကြောင့် နှစ်သစ်မှစ၍တစ်နှစ်တာကာလပတ်လုံး ကျန်းမာချမ်းသာ လန်းဖြာနိုင်စေဖို့ စိတ်ကြည်လမ်းချမ်းမြေ့စွာဖြင့် ဘာဝနာကောင်းမှု ဒါနကုသိုလ်ပါရမီဖြည့်ဖို့ မမေ့ကြပါနဲ့🙏🏻
လှူဒါန်းဒါနပြုမဲ့နေရာမရွေးရသေးသူတွေအတွက်လဲ adminတို့ဘက်မှာစီစဥ်ထားပါတယ်
မြန်မာနှစ်သစ် packageကို 33000ဖြင့် မေးလို့ရပါတယ်။
တစ်နှစ်တာ အကောင်းအဆိုး နေထိုင်ပြုမှုရမဲ့ကိစ္စတွေကို Guidance သဘောမျိုးအနေနဲ့သာပေးမှာဖြစ်ပါတယ် ဒါကြောင့်မလို့ မေးခွန်းတကူးတကမေးစရာမလိုပါဘူး
ဒီကမေးတဲ့ ပိုက်ဆံမှန်သမျှကို
ဒေဝီနတ်မယ်တော်များအမှူးပြု၍ ၉၆ပါးရောဂါဝေဒနါခံစားနေရတဲ့လူပုဂ္ဂိုလ်တွေရှိ တိုက်ရိုက်လှူဒါန်းပေးသွားမှာဖြစ်တဲ့အတွက်
ကုသိုလ်လဲရ guidance တွေလဲသိရစေတာမို့ အင်မတန်အကျိုးရှိစေပါတယ်💗။
နှစ်သစ်မှစ၍ ဒေဝီနတ်မယ်တော်တို့၏ ချစ်ခင်စောင်မမှုဖြင့် ပဒုမ္မာရွှေကြာကဲ့သို့ လန်းဖြာနိုင်ပါစေ💐
24/01/2026
ကံတွေမပြုပြင်ခင် ကိုယ့်ကိုအရင်ထိန်းသိမ်းပြောင်းလဲကြရအောင်☝🏻
Adminအပါဝင်လူအတော်များများက ကံတွေတော့ပြောင်းချင်ပါတယ် ကံပြောင်းဖို့ကိုအသာထား ကိုယ့်ကိုပြောင်းလဲဖို့ကျ တွန့်ဆုတ်နေကျပြန်ရော်
ကိုယ်ကစပီးမပြောင်းလဲရင်ဘာမှဖြစ်မလာဘူးဆိုတဲ့စကားလဲရှိတာမလို့ ဒီနေ့ကစပီးကိုယ့်ကိုအတူပြောင်းလဲကြမယ်✌🏻
Wallpaperအနေနဲ့လဲထားလို့ရသလို Phone galleryထဲမှာလဲ saveထားလို့ရပါတယ် တစ်ရက်တခါဝင်ကြည့်ဖို့တော့မမေ့ပါနဲ့
အခုတင်ထားတဲ့ပုံလေးကိုမြင်တိုင်း
-နေ့ရက်တိုင်းမှာ ကိုယ့်ကိုကျေးဇူးတင်တတ်ဖို့မမေ့ပါနဲ့(မနက်နိုးထလာခဲ့လို့ ကိုယ့်မျက်လုံးပွင့်နေသေးရင် အသက်ရှင်သန်ခွင့်ပေးတဲ့ခန္ဓာကိုကျေးဇူးတင်လိုက်ပါ)
- မိမိကိုယ့်ကိုစိတ်ဒုက္ခပေးခြင်းမှရှောင်ပါ
- မိမိကြောင့်တစ်ပါးသူ မျက်ရည်ကျရတဲ့အဖြစ်မျိုး လုံးဝမလုပ်မိပါစေနဲ့
-ကိုယ့်ကို ဖျက်စီးနေတဲ့ အမူကျင့်တွေကိုရပ်တန်းကရပ်ပါ
-ရှင်းလင်းတဲ့ အနာဂတ်ရည်ရွယ်ချက်တစ်ခုရှိပါစေ
-ရုပ်ပိုင်းဆိုင်ရာအားကောင်းဖို့ အာဟာရသင့်တင့်မျှတစွာမှီဝဲပါ
-ရုပ်အင်အားကိုဖြည့်တင်းသလို နာမ်အင်အားဖြည့်တင်းဖို့လဲမမေ့ပါနှင့်(5min တရားထိုင်ပါ အလေးအနက်လုပ်ပါ ကြာကြာထိုင်နိုင်တဲ့လူပိုထိုင်ပါ)
-ဓမ္မစွမ်းအင်ဖြည့်တင်းဖို့လဲမမေ့ပါနှင့် သက်ဆိုင်ရာဂါထာအများကြီးရွတ်တာမျိုးထက် ဂါထာတစ်ပုဒ်ကိုပဲစွဲအောင်ရွတ်ပါ
-ဒါနကုသိုလ်ပါရမီအမြဲဖြည့်ပါ
စတဲ့အချက်လေးတွေက ပုံထဲမှာပါဝင်နေမှာဖြစ်တဲ့အတွက် သိမ်းထားသူအနေနဲ့ ပုံမြင်တိုင်း အချက်အလုံးစုံမမှတ်မိသည့်တိုင် အချက်တခုခုကိုတော့ ပုံမြင်တိုင်း ခေါင်းထဲစွဲပီးမှတ်မိနေပါလိမ့်မယ်
အချိန်ကာလ 9ရက်တိတိကြာမှာဖြစ်လို့
2026မှာကိုယ့်ကို trainချင်တဲ့လူတွေအတွက် လိုက်လုပ်လို့ရပါတယ်
မနက်ဖြန် 25.01.2026စမှာပါ
ဒီအဆင့်ပီးရင်နောက်တစ်ဆင့်ထပ်လာပါအုန်းမယ် ကြားဖြတ်ဝင်လုပ်တာမျိုးမလုပ်ပါနဲ့ အခြေခံကောင်းမှအရှေ့တက်လို့ရမှာမလို့ပါ
နေ့ရက်တိုင် ဆင်ခြင်သုံးသပ်ခြင်းဖြင့် ရှေ့သို့တက်လှမ်းနိုင်ကြပါစေ💗
(Note: :တကယ်လို့ကိုယ်က လိုက်လုပ်မိနေပီ try ကြည့်နေပီဆို yess မင်းရဲ့ ကံတရားကကောင်းမွန်တဲ့အရွေ့စီကို ပုံထဲကလို ဆွဲခေါ်နေပါပီ💯⚡)
24/01/2026
Hello 💗
New package လေးတစ်ခုလုပ်ပေးချင်လို့ပါ။
ကိုယ့်ကြုံနေရတဲ့အခက်ခဲတစ်ခုကို cbမှာတိုင်ပင်တဲ့သဘောမျိုးပါပဲ အစီရင်လက်ခံတဲ့postမဟုတ်ပါဘူးနော် admin ပေးတဲ့guidance တွေအတိုင်းလုပ်သွားဖို့ပဲလိုပါတယ်💫။
ဒီpostကို 1ပတ်ပြည့်တာနဲ့ပြန်ဖျက်မှာပါ
ဘာလို့တခါမှမလုပ်ဖူးတာလုပ်ပေးရလဲဆိုရင် လူ3ယောက်ကို အစီရင်မလုပ်ပေးပဲ သက်ဆိုင်ရာနည်းတွေနဲ့အစောင့်ရှောက်တွေအကြောင်းပြောပြရင်း လုပ်ခိုင်းမိတာကနေတစ်ဆင့် သိသာထူးခြားလာလို့ ဒီpostတင်လိုက်တာပါ ကျန်တဲ့လူတွေလဲရှိပါတယ် အဲ့၃ယောက်က အထူးခြားဆုံးမလို့ပါ😁။
Note : :Guidanceနဲ့လုပ်ရမှာကတစ်သက်စာမဟုတ်ပါဘူးနော် အခက်ခဲပေါ်မူတည်ပီးလုပ်သွားဖို့ပါပဲ
သတ်မှတ်ထားတဲ့ fees ကို cbမှာမေးပေးပါခ🦄
ရည်ရွယ်ချက်ကိုယ်စီနဲ့ အမြင့်ဆုံးပျံသန်းနိုင်ပါစေ💗🦚
Click here to claim your Sponsored Listing.