U&Me Shoe Collection

U&Me Shoe Collection

Share

Footwear Store

31/12/2023

ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ မကြာခင်ရောက်ရှိလာမယ့် 2024 ခုနစ်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ U&Me Shoe Collection မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....🎆🎇🌠




&Me Shoe Collection

Photos from U&Me Shoe Collection's post 29/10/2023

"𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭"🎆🎇

မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားပါစေကြောင်း U&Me Shoe Collection မှ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🙏🙏

Photos from U&Me Shoe Collection's post 25/10/2023

Congratulations 👏🎉 ကမ္ဘာ့စင်မြင့်ထက်ကြီးမှာ မြန်မာဟေ့လို့ ဂုဏ်ယူဟစ်ကြွားနိုင်ခဲ့ပြီ...🥺🇲🇲
Miss Grand International 2023 1st runner up is miss grand Myanmar - Ni Ni Lin Eain

တကယ်ကို ထိုက်တန်တယ်ဆိုတာထက်ကိုပိုပါတယ်ကောင်မလေးရေ✨

1st Runner Up ဆိုတဲ့အရာကြီးကလည်း ငါတို့လို Pageants မှာ weak ဖြစ်တဲ့ နိုင်ငံအနေနဲ့ အောင်မြင်မှုကြီး တစ်ခုပါပဲ

ဂုဏ်ယူပါတယ် နီနီရေ💞

ကြိုးစားမှုတွေအရာထင်သွားပါပြီ

1st Runner Up Miss Grand International 2023

Photos from U&Me Shoe Collection's post 01/08/2023

#ဝါဆိုလပြည့်နေ့ 🙏🙏🙏
ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ

ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

“သန္ဓေ တောထွက် ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို” တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့

ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျမ်းမာချမ်းသာကြပါစေ 🙏🙏🙏

30/05/2023

သူဌေးသား ဘောင်းဘီအပြဲဝတ်ထားရင်
စတိုင်လ်ပေါ့.
ဆင်းရဲသား အပြဲဝတ်တော့
စုတ်ပြတ်နေတာပေါ့..

မင်းသား မျက်လုံးနီနေတော့
အိပ်ရေးပျက်ရှာတယ်ပေါ့..
လူရွှင်တော် မကြျလုံးနီနတေော့
အရက်သောက်လို့ပေါ့..

စာတော်တဲ့ကျောင်းသား
ပုစ္ဆာအမှားကြီးတွက်ထားတော့
လျှံသွားတယ်ပေါ့
စာညံ့တဲ့ကလေး မှားတွက်တော့
ညံ့လွန်းတယ်ပေါ့..

ပိုက်ဆံရှိတဲ့သူဝတ်ထားတဲ့လက်စွပ်က
ရွှေအစစ်ပေါ့
ပလတ်စတစ်ကောက်တဲ့သူဝတ်ထားတဲ့
လက်စွပ်ကရွှေအတုပေါ့..

ခေါင်းပေါင်းဝတ်ထားရင်
အသိညဏ်ရှိတဲ့သူဖြစ်ပြီး
ဆိုက်ကားသမားက
အသိညဏ်နည်း စာမတတ်သူပေါ့..

စာရတဲ့ကျောင်းသားရဲ့စာစီစာကုံးကို
အဆုံးထိစိတ်ရှည်လက်ရှည်ဖတ်ပြီး
very good လို့မှတ်ချက်ပေးတယ်ပေါ့
စာမရတဲ့ကလေးရဲ့စာစီစာကုံးကို
နိဒါန်းနဲ့နိဂုံး နှစ်ကြောင်းလေးဖတ်ပြီး
ဆက်ကြိုးစားရန်လိုသေးသည်လို့
မှတ်ချက်ချတယ်ပေါ့.

သမီးအရင်း ချက်တဲ့ထမင်းပျော့ရင်
ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့
ချွေးမ ချက်တဲ့ထမင်းပျော့ရင်
အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့..

တခါတခါ အထင်မကြီးတဲ့မျက်လုံးနဲ့
ကြည့်လိုက်ရင် အရာအားလုံးက
အပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..
ခင်များတို့ကျုပ်တို့လွှင့်ပစ်မိလိုက်တဲ့
အမှိုက်ပုံးထဲက အမှန်တရားတွေဟာ
သိပ်နှမြောဖို့ကောင်းနေတတ်တယ်။

ဘယ်လိုပြောရမလဲဆိုတော့
မချစ်ရင် အပြစ်ကြီးဘဲ ပေါ့ဗျာ။

အပြစ်တင်ခြင်း မဟုတ်ပါ
လူ့သဘော လူ့မနောရဲ့ အခြေခံမှာကိုက
အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်လို့ပဲ
ဆိုပါရစေ. .

တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါခင်ဗျာ. . .

ခဏတာ ကြုံတွေ့ရတတ်တဲ့ လောကဓံရဲ့ ရိုက်ခတ်ခတ်မှုတွေကြား တစ်ဖက်စောင်းနင်း ဖြစ်မနေစေဖို့ မိမိကိုယ်ကို ပြုပြင်ယူရမယ် မဟုတ်လားခင်ဗျာ. . .

မိတ်ဆွေသူငယ်ချင်းများပါ ဖတ်နိုင်အောင် ဝေါထဲရှဲလ်ထားနိုင်ပါတယ်❤️

Photos from U&Me Shoe Collection's post 29/05/2023

‼️လစာ ပျောက်သူ‼️
ဂျပန်မှာ လစာ ကောင်းတယ်လေ
၁လ ၂၅သိန်း သိန်း၃၀လောက် ရတာ
ဟုတ်တာပေါ့ အဲ့လောက်ရတာပေါ့
နေထိုင်စားရိတ် ❗️စားသောက်စာရိတ်❗️ဘယ်လောက်ကုန်လဲ ဘယ်သူမှ
မမေးကြဘူး
တစ်နေ့ ❗️ဘယ်နှစ်နာရီ အလုပ်လုပ်ရလဲ❗️
တစ်နေ့❗️ထမင်းဘယ်နှစ်နပ် စားရလဲ❗️
တစ်နေ့ ❗️ဘယ်နှစ်နာရီ အိပ်ရလဲ ❗️ဘယ်သူမှ
မမေးဘူး
ဂျပန် မှာ အလကား ရတာဆိုလို့ ပန်းခြံထဲမှာ ထားပေးထားတဲ့ ရေဘုံ ဘိုင်က ရေနဲ့ အိမ်သာ တက်ရင် ပိုက်ဆံ မပေးရတာပဲ ရှိတယ်
မနက်မိုးမလင်းခင်ထဲက အိပ်စုံ မှူံမွှားနဲ့ မျက်နှာသစ် သွားတိုက်ပီး အလုပ်ပြေး🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️
မြန်မာပြည်က လူတွေ အနည်းဆုံး ထမင်းကြမ်းခဲ
ငပိရည်နဲ့ စားနေချိန်မှာ ဗိုက်ဟောင်းလောင်းနဲ့
တစ်ဂွီဂွီ မြည်နေတဲ့ ဗိုက်ကို အသံမထွက်အောင် မနက်စာ ❗️ရေသောက်ပီး အလုပ် လုပ်နေရတဲ့ ဘဝတွေ❗️
နေ့လယ် ၊နေ့ခင်း နင်တို့ နင်တို့တွေ တစ်ရေးတစ်မော အိပ်နေကြချိန် အစာမရှိ ဗိုက်ဟောင်းလောင်းနဲ့ ရေချည်းသောက်နေရလို့ အိမ်သာ သွားချင်ရင်တောင် မအားလို့ အောင့်ထားရတဲ့ ဘဝတွေ
မနက်စာကို ညနေ ၄နာရီ ၅နာရီလောက်မှ စားရပီး
ညစာကို ည ၁၂ကျော် မှစားရတဲ့ ဘဝတွေ

မိသားစုကို ပေးနိုင်ဖို့ ထမင်းတစ်နပ် လျှော့စားရတယ်ဆို ရင်လည်း မမှားဘူးပေါ့
မနက်စာအတွက် ကော်ဖီတစ်ခွက် 100¥တောင်နှမျောလို့ မဝယ်သောက် တဲ့ လူတွေမှ အများကြီး

‼️နင်တို့ကတော့ မုန့်ဖိုးလေး ၁သိန်းလောက်ဆိုပီး တောင်းတယ် အဲ့၁သိန်း ရဖို့အနည်းဆုံး ၇နာရီလောက် မတ်တပ် ရပ်ရတယ် ‼️
ကိုယ့် ဝမ်းကိုယ် ကြတော့ 100¥ကော်ဖီတစ်ခွက်တောင် နှမျောလို့ မသောက်တဲ့ လူက ၁သိန်း၂သိန်းတောင်းလဲ ပေးလိုက်တာပဲ
အလကားရတဲ့ ပိုက်ဆံလို့ ထင်နေရင် ကိုယ်ကိုတိုင်၁သိန်းရဖို့ ၇နာရီကြာတောင် မတ်တပ် ရပ်ကြည့်လိုက် ကိုယ်ချင်းစာ တက်လိမ့်မယ်

‼️ခြေကောင်းလက်ကောင်း ခန္ဓာကိုယ် သန်သန်စွမ်းစွမ်း ရှိပါ လျှက်နဲ့ မိဘပိုက်ဆံ ညီအကို မောင်နှမ ပိုက်ဆံ ခိုကပ် စားနေတာ သိပ်ရှက်ဖို့ ကောင်းတယ်‼️

အလုပ်ကြတော့ ဟို အလုပ်မို့ မလုပ်ချင် ဒီ အလုပ်မို့မလုပ်ချင် လူကသာ ဘာမှမဟုတ်တာ ကိုယ့်ကိုကိုယ် ကြ အထင်သိပ်ကြီးကြတာ
ဂျပန်ကိုလာရင်လေ နင်ဟာနင် ဘာဘွဲ့ပဲ ရရ အိမ်သာဆေးရမယ် ပန်းကန်ဆေးရတယ် ကြမ်းတိုက်ရမယ် အမှိုက်သိမ်းရမယ်
¥ငွေဆိုတာ ဘယ်နေရာမှာမှအလကားမရဘူး တန်အောင် လုပ်ပေးမှ ရလာတာ ချဉ်းပဲ
နင်တို့ပြောတဲ့ မုန့်ဖိုးဆိုတာ ထမင်းတစ်နပ် အငတ်ခံပီး ပန်းကန်ဆေး ကြမ်းတိုက် တစ်နေကုန် မတ်တပ် ရပ်ပီးမှ ရလာတဲ့ ပိုက်ဆံဟဲ့‼️‼️‼️‼️
အသုံးနဲ့အဖြုန်းခွဲခြားသိပါစေ
ရှိတုန်းမဖြုန်းနဲ့ ။။။

Credit To Original writer

Photos from U&Me Shoe Collection's post 26/05/2023

🚨Breaking News🚨

"ဗန်းမော်ဆရာတော်ဘုရားကြီး မေလ ၂၅ ရက်နေ့၊ ည ၁၁နာရီ ၁၁မိနစ်တွင် ပျံလွန်တော်မူ"

နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဌ
အဘိဓဇမဟာရဋ္ဌဂုရု ၊
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရား
မေလ ၂၅ရက်နေ့ ၊ ည ၁၁:၁၁ နာရီအချိန်တွင် မန္တလေးမြို့၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်သည်။

ဆရာတော်ဘုရားကြီးအား စိတ်တွင်ရည်မျှော်၍ ဦးခိုက်ပူဇော်ကန်တော့ပါ၏
ကောင်းရာသုဂတိလားပါစေ ဆရာတော်ဘုရား
🙏🙏🙏
#ဗန်းမော်ဆရာတော်ဘုရား

ဗန်မော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်သည်၊ (နဝမမြောက်) ဗန်းမော်ဆရာတော်ဟူ၍လည်း သိရှိကြသည်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှဖွားမြင်ခဲ့သည်။ မွေးချင်းရှစ်ယောက်ရှိရာတွင် စတုတ္ထမြောက်သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။

ကောဇာ ၁၃၂၄ ခုနှစ် ဝါဆိုလမှစ၍ မစိုးရိမ်တိုက်သစ် ပထမဆရာတော် ဦးသူရိယာဘိဝံသ၏ မိန့်ကြားချက်အရ ဗန်းမော်တိုက်တွင် စတင်သီတင်းသုံးခဲ့ပြီး ထိုစဉ်အခါ မထေရ်မြတ် ရောက်စ၌ ရှေးကျောင်းဆောင်ကြီး တစ်ဆောင်သာရှိခဲ့၏။ စတင်သီတင်းသုံးစဉ်က ဆရာတော်၏ အသက်အရွယ်မှာ(၃၃)နှစ်သာ ရှိသေး၏။ ကြမ်းဆွေးကျောင်းအို၊ လက်ရမ်းပြို၊ အမောင်ဘယ်လို လျှောက်မှာနည်း။ ရဟန်းပျိုပျို၊ ကျောင်းအိုအို၊ အမောင် မည်သို့ နေမည်နည်း ဟု ပြောရမလို ကျောင်းအို ကျောင်းဆွေးကြီးမှာ နှစ်ပေါင်းများစွာ သာသနာ ပြုခဲ့ရ၏။

ယနေ့အချိန်မှာတော့ ဆရာတော် သီတင်းသုံးသည့်ကာလတလျောက် တိုးတက်ဖြစ်ထွန်းလာသော ကျောင်းဆောင်များမှ လက်ချောင်း ခြေချောင်းမက များပြားလှတော၏။ ယခုအခါ ဆရာတော်သည် မန္တလေးမြို့၊ မဟာအောင်မြမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရင်း ပြည်တွင်း၊ ပြည်ပ သာသာနာပြုတာဝန်များကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူလျက် ရှိသည်။

ဆက်ကပ်ပူဇော်ခြင်းခံရသောဘွဲ့တံဆိပ်တော်များ။

-၁၉၉၂-ခုနှစ်၊ အဂ္ဂမဟာဂန္တဝါစကာ ပဏ္ဍိတဘွဲ့
-၁၉၉၉-ခုနှစ်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့
-၂၀၀၃-ခုနှစ်၊ရန်ကုန်တက္ကသိုလ်မှ ဒီလစ် ဘွဲ့
-၂၀၀၅-ခုနှစ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
-၂၀၀၉-ခုနှစ်၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့
-၂၀၁၀-ခုနှစ်၊ အဘိဓဇမဟာရဌဂုရုဘွဲ့

ရေးသားခဲ့သော ကျမ်းများ

-သိမ်တောင်သာသနာဝင်ကျမ်း(မြန်မာဘာသာ)
-နိုင်ငံတော်အစိုးရ၏ လျောက်ထားချက်အရ ပြုစုသော တိပိဋက ပါဠိပဒ ကျမ်းညွှန်း
-တိပိဋက ပါဠိ+မြန်မာအဘိဓာန် (အ)ဝဂ် (၄)အုပ်
-မောဂ္ဂလာန် သဒ္ဒါကျမ်းကြီး၏ ပယောဂသိဒ္ဓိ နိဿယ ပထမပိုင်း
-မောဂ္ဂလာန် သဒ္ဒါကျမ်းကြီး၏ ပယောဂသိဒ္ဓိ နိဿယ ဒုတိယပိုင်း
-မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခြင်း ပထမပိုင်း
-မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခြင်း ဒုတိယပိုင်း
-မန္တလေး ရတနာမဉ္စူ ဘုရားသမိုင်း
ထေရီ အပဒါနဒီပနီ (ပါဠိဘာသာ)
-တိပိဋကပါရာဇိကဏ် ဝိသဇ္ဇနာကျမ်း (၂၈)နှစ်စာ
-တိပိဋက ပါစိတ် ဝိသဇ္ဇနာကျမ်း (၂၈)နှစ်စာ
-တိပိဋက မဟာဝါ စူဠဝါ ပရိဝါ ဝိသဇ္ဇနာကျမ်း
-အောက်ယမိုက်ပါဠိတော် (၅) ကျမ်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခြင်း(ဘဒ္ဒန္တ နာရဒနှင့် ဘဒ္ဒန္တ ကုမာရာဘိဝံသ)
-အထက်ယမိုက်ပါဠိတော် (၅) ကျမ်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခြင်း
-ပဋ္ဌာန်းတရားတော်
-သမ္ဗုဒ္ဓေဂါထာတော်အကြောင်း
ပဋ္ဌာန်း(၂၄)ပစ္စည်း ရုပ်ပြစုံ
-ကမ္မဌာန်းလေးဆယ်အားထုတ်နည်း
-နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်စဉ်

၂၅.၅.၂၀၂၃

11:11 pm 🙏🙏🙏😞

Photos from U&Me Shoe Collection's post 22/05/2023

လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ🤣🤣😂

14/05/2023

❤️ "Happy Mother's Day " ❤️

❤️ အဖြူစင်ဆုံးနဲ့ အလေးနက်ဆုံး ဘာနဲ့မှတိုင်းတာလို့မရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ 🤱အမေ့ရဲ့ဘာ‌မျှော်လင့်ချက်မှမထားတဲ့ ပေးဆပ်မူ၊ အနစ်နာခံမှုအပြည့်နဲ့ ချစ်ခြင်းမေတ္တာပါပဲ၊

❤️ 2023 ခုနှစ် မေလ (14) ရက်မှာကျရောက်တဲ့
🤰အမေများနေ့မှာ ကမ္ဘာတဝန်းမှာရှိတဲ့ မိခင်များအားလုံး 🤱 ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း
U&Me Shoe Collection မှဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏

29/04/2023

ခြေဖဝါးက ပြောတဲ့ ကျန်းမာရေးအကြောင်း 👣
******************************************

ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်‌ေတာ်တို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့( ၂၅% )ပါဝင်နေပြီး အဆစ်ပေါင်း ( ၃၃ )ခု၊ အရွတ်ပေါင်း( ၁ဝဝ )၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ကြွက်သားတွေပါဝင်ပါတယ်။

ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။

ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်‌ေတာ်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။

၁ - ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း

~ လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး အကြောမလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။

၂ - ခြေမအရွယ်အစားကြီးလာခြင်း

~ ဂေါက် (Gout) လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်မကောင်းသူ၊ အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဂေါက်ရောဂါက ဆီးကျောက်တည်နိုင် ခြေကိုလည်း မြင့်မားစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃ - ခြေဖျားအေးစက်ခြင်း

~ သွေးလည်ပတ်မှုမကောင်းခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ခြေဖဝါးက အနီရောင်ကနေ ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး ခြေဖျားတွေအေးစက်စေတဲ့ ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။

၄ - ခြေထောက်ဖူးရောင်ခြင်း

~ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်မှုမရှိဘဲ ဖူးယောင်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုရခြင်းကြောင့် ဖူးရောင်တာဖြစ်ပါတယ်။

၅ - ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း

~ အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။

၆ - ခြေသည်းအရောင်ပြောင်းခြင်း

~ ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း ခြေသည်းက အဝါရောင်ပြောင်းတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကို ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

၇ - ခြေထောက် တဆစ်ဆစ်ကိုက်ခြင်းနှင့် ထုံကျင်ခြင်း

~ ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။ သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

၈ - ခြေဆစ်နာကျင်ခြင်း

~ အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

၉ - ကာလကြာရှည်စွာ အနာဖြစ်ခြင်း

~ ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့ သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်။ ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။ ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေ။

အကယ်လို့သင့်ရဲ့ခြေဖဝါးတစ်စုံကိုသေချာဂရုစိုက်ပေးမယ်ဆိုရင်ဖြင့် ကျန်းမာလန်းဆန်းသွက်သေးခန္ဓာကိုယ်ကိုအမြဲပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

31/12/2022

happy new year 2023🎉
နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်
ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ...
ယနေ့ရောက်လာ နှစ်သစ်အခါ
ရောဂါတွေဝေး သောကကင်း၍
အေးချမ်းတည်ငြိမ်စွာ ကမ္ဘာသူ
ကမ္ဘာသားများ လိုအင်ဆန္ဒပြည့်ပါစေလို့ U&Me Shoe Collection မှဆုတောင်းပေးလိုက်ပါတယ်။🙏

25/12/2022

Merry Christmas to you all!☃️🎄✨

ယနေ့ကျရောက်တဲ့ ခရစ္စမတ်အချိန်အခါမှာအားလုံးပဲ ကောင်းချီးမင်္ဂလာတွေနဲ့ ပြည့်စုံပါစေလို့ U&Me Shoe Collection မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ❤❤❤

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon